← Chapters

လက်ရှိ တရုတ်နိုင်ငံ၏ ကားဈေးကွက် အကြောင်း

Vol. 20 Ch. 292

လက်ရှိ တရုတ်နိုင်ငံ၏ ကားဈေးကွက် အကြောင်း

Vol. 20 Ch. 292

ကီရီလန်ကိုသည် ဖုန်းယွီထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု ရခဲ့သည်။ ဖုန်းယွီသည် မော်တော်ဆိုင်ကယ်နှင့် ကားထုတ်လုပ်ရေး လမ်းကြောင်းများစွာပမာဏ များများ အပါအဝင် ထရပ်ကားများ ထုတ်လုပ်ရန်အတွက် ထရပ်ကား ထုတ်လုပ်ရေး လမ်းကြောင်းပါ မှာခဲ့သည်။

ဖုန်းယွီ ဘာတွေ လုပ်နေတာလဲ။ သူက ဆိုဗီယက် ပြည်ထောင်စုက လုပ်ငန်းတွေကို အပိုင် သိမ်းချင်နေတာလား။ ယခုလက်ရှိတွင် ထိုပစ္စည်းများသည် တန်ဖိုး မရှိလျှင်တောင် သူတို့အနေဖြင့် အလကားပေးမည် မဟုတ်ပေ။ တရုတ်နိုင်ငံမှာ တစ်နှစ်ကို ကားဘယ်လောက် များများ ရောင်းနိုင်မှာမို့လဲ။ ဘာကြောင့် မင်းပိုက်ဆံတွေကို ဖြုန်းပြီး ကားထုတ်လုပ်ရေး လမ်းကြောင်းတွေ အများကြီး ဝယ်ရတာလဲ။

သို့သော် ဖုန်းယွီသည် နေ့စဉ် လိုအပ်သည့် ပစ္စည်းများနှင့် ထုတ်လုပ်ရေး လမ်းကြောင်းများ လဲလှယ်မည်ဟု ပြောသည့်အခါ ကီရီလန်ကိုသည် ယင်း ယခုကမ်းလှမ်းမှုကို မငြင်းဆိုတော့ပေ။ ဖုန်းယွီသည် သူ့အား မိုင်းထုတ်လုပ်မှုကို လျော့ချထားရန် ပြောထားပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမှသာ ပုံမှန်အတိုင်း ထုတ်လုပ်ရန် ပြောလိုက်သည်။ အကြောင်းမှာ ယခုလက်ရှိ မိုင်းတွင်းလုပ်ငန်းမှ ငွေများ ရရှိမည် မဟုတ်သည့်အတွက် ဖြစ်သည်။

အကယ်၍ ဖုန်းယွီသာ ထိုကုမ္ပဏီထဲ ငွေကြေးပမာဏ များများကိုသာ မထည့်ဝင်လျှင် ကီရီလန်ကိုအနေဖြင့် ထိန်းချုပ်ခွင့် ရမည် မဟုတ်ပေ။ ကီရီလန်ကိုသည် သူ့တွင် ရှိသမျှ ငွေများ အားလုံးကို ထိုကုမ္ပဏီကို ဝယ်ရန်အတွက် အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် သူ့၏ လူနေမှုဘဝစည်းစိမ်သည် လျော့ကျသွားခဲ့သည်။

ဖုန်းယွီ၏ ထုတ်လုပ်ရေး လမ်းကြောင်းများ မှာယူမှုကား သူ့အတွက် ဝင်ငွေရစေသည့် အခွင့်အရေး တစ်ခု ဖြစ်သည်။ သူ့အနေဖြင့် ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မည်နည်း။

ကီရီလန်ကိုသည် ပန်းတိုင် တစ်ခုကို တွေ့ထားသည်။ သူ့အနေဖြင့် မော်တော်ဆိုင်ကယ်နှင့် ကားစက်ရုံများကို ဆက်သွယ်မည် ဖြစ်သည်။ ထိုစက်ရုံများသည် ဖြတ်သိမ်းလုနီးပါးတွင် ရှိရမည်ပင်။ ယခုလက်ရှိတွင် ကီရီလန်ကိုသည် ပိုအတွေ့အကြံ ရှိလာပြီ ဖြစ်သည်။ သူသည် ရုရှားအပြင်ဖက်မှ စက်ရုံများကို ရွေးချယ်တော့သည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမည်ကား အသေအချာပင်။ ကီရီလန်ကို၏ အဖေသည် ယက်ဆင်ထံမှ အတည်ပြုမှုကို ရထားသည်။ ပြီးနောက် ယင်းက ဖုန်းယွီ ခန့်မှန်းထားသည့်အတိုင်းသာ ဖြစ်သည်။ ယခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည်ပင်။

ဖုန်းယွီက ကီရီလန်ကိုကို အောက်တိုဘာနှင့် ဒီဇင်ဘာတွင် ယင်းက ဖြစ်ပွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူ့အဖေသည် ယင်းကို အတည်မပြုနိုင်သေးသော်ငြား ကီရီလန်ကိုသည် ယုံကြည်ဆဲ ဖြစ်သည်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည် ဆိုကတည်းက သူ့အဖေသည် သေချာပေါက် ယက်ဆင်နား ကပ်ထားမည် ဖြစ်သည်။ အကယ်၍ သူသည် ရုရှား၏ စက်မှုလုပ်ငန်း ပစ္စည်းများကို ရောင်းချပါ သူ့အဖေ၏ နာမည်အတွက် ကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ပြည်ထောင်စုဝင် နိုင်ငံများကို ရွေးချယ်ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ပိုက်ဆံ များများ ပေးရလျှင်တောင် သူ့အနေဖြင့် စိတ်ထဲ ထားမည် မဟုတ်ပေ။

ကီရီလန်ကိုသည် ဖုန်းယွီ သူ့အနား ချည်းကပ်လာပြီး ချေးငွေများ ရယူလိုသည့် အချိန်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ဖုန်းယွီသည် ပြည်ထောင်စုဝင် နိုင်ငံများမှ ဘဏ်များကို ဆက်သွယ်ခိုင်းတာ ဖြစ်သည်။ ရုရှားသည် ကီရီလန်ကို၏ အိမ်ဖြစ်သည်။ ယင်းအကြောင်းကို ဖုန်းယွီသည် စိတ်ထဲတွင် မှတ်ထားသည်။

ဖုန်းယွီသည် သူ့ကို ဂရုစိုက်သည် ဆိုကတည်းက ကီရီလန်ကိုသည် ယခုတစ်ခေါက်တွင် အမြတ်နည်းနည်းယူရန် ဆုံးဖြတ်ခဲ့သည်။ ယင်းက ဖုန်းယွီကို ပေးရမည်အရာ တစ်ခု အတွက် ပြန်ပေးခြင်းဟု သတ်မှတ်ခြင်း ဖြစ်သည်။

စက်ပစ္စည်းများကို မှာယူပြီးနောက် ကီရီလန်ကိုသည် ဖုန်းယွီကို သူလိုချင်သည့် အရာများကို ရယူပေးမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဖုန်းယွီသည် ဘင်းမြို့တော် အစိုးရဆီ သွားတော့၏။

.....

“မြို့တော်ဝန်ကျန်း ကျွန်တော်ရဲ့ အစီအစဉ်က ကျွန်တော်တို့ တိုင်းပြည် အနာဂတ် တိုးတက်ဖို့အတွက်ကို လွှမ်းခြုံနိုင်စွမ်းရှိတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံ ဂျပန်နိုင်ငံနဲ့ အနောက်ကို အမှီလိုက်နိုင်တယ်။ ဒါက ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ကိစ္စပြလေ။ ဘာကြောင့် သဘောမတူရတာလဲ”

“မင်းက အရမ်းကို ရည်မှန်းချက် ကြီးလွန်းတယ်။ ပထမဆုံးအနေနဲ့ မင်းရဲ့ ကားပရောဂျက်က အောင်မြင်မယ်လို့ ငါမထင်ဘူး။ ပြီးတော့ အခု မင်းက နောက်ထပ် ကားစက်ရုံ ငါးရုံ ဆောက်ချင်နေတာလား။ မင်းရူးနေတာလား”

“ဒီ စက်ရုံခွဲတွေ တည်ဆောက်ဖို့အတွက် မြို့တော်အနနဲ့ တစ်ပြားမှ စိုက်စရာ မလိုအပ်ပါဘူး။ ကျွန်တော် ရင်းနှီးမြှုပ်နှံမှု၊ ဒေသအစိုးရတွေနဲ့ ဆွေးနွေးမှု၊ စက်ပစ္စည်း၊ မြေ၊ စက်ရုံတွေအတွက် ဆောက်လုပ်ရေးနဲ့ အလုပ်သမားတွေ လေ့ကျင့်တာ အကုန်လုံးကို လုပ်နိုင်ပါတယ်။ မြို့တော်ဝန် ဘာတွေ စိတ်ပူနေတာလဲ”

“မင်း ဘယ်ကနေ ဒီလောက် ငွေတွေ အများကြီး ရတာလဲ”

ကျန်းရွေ့ချင်က မေးလိုက်သည်။

“ကျွန်တော် ငွေတွေရတယ်လေ။ တစ်ပြားကစ ရတာကို မြို့တော်ဝန်က စုံစမ်းချင်တာလား။ ကျွန်တော်အနေနဲ့ ငွေတွေ ရဖို့အတွက် တရားမဝင် နည်းလမ်းတွေ အသုံးပြုဖို့အတွက် လိုသေးလို့လား”

ဖုန်းယွီသည် ကျန်းရွေ့ချင်၏ မေးခွန်းသည် လွန်လွန်းသည်ဟု ခံစားမိသည်။

“မင်းကိုယ်တိုင် ရှာလာတာလား။ မင်းရတဲ့ ငွေတွေက အလုပ်သမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရလာတာ။ မင်း ဈေးကွက် သုတေသနပြုချက်တောင် လုပ်လို့လား။ ဒါက ပရောဂျက် အကြီးကြီးပဲ။ ပြီးတော့ မင်းရဲ့ ထုတ်တာက ရောင်းမကောင်းဘူးဆိုရင် ဒါက အမှိုက် ဖြစ်သွားမှာ။ မင်းရဲ့ ပိုက်ဆံတွေက အမှိုက်ဖြစ်သွားမဲ့ အပြင်ကို အလုပ်သမား တစ်ယောက်ချင်းဆီရဲ့ အားထုတ်မှုကို ဖြုန်းတီးတာနဲ့ အတူတူပဲ။ အဲ့အခါ ဘာဆက်ဖြစ်မလဲ။ စက်ရုံကို ပိတ်လိုက်ရမယ်။ ပြီးတော့ ပြဿနာတွေ ပေါ်ပေါက်လိမ့်မယ်”

ကျန်းရွေ့ချင်က စားပွဲကို ပုတ်ကာ အော်လိုက်တော့၏။

ဖုန်းယွီက ကျန်းရွေ့ချင်ကို ကြည့်ကာ

“မြို့တော်ဝန်က ကားထုတ်လုပ်မှာ သေချာပေါက် ကျရှုံးမယ်လို့ ပြောနေတာပဲ။ ပြီးတော့ စက်ရုံတွေက ဒေဝါလီ ခံရမှာလား။ အဲ့တာက စီးပွားရေးကို သက်ရောက်မှု ဖြစ်စေပြီး အမှိုက်တွေ ဖြစ်သွားမှာလား”

“ငါပြောတာ မှားလို့လား။ ယခုလက်ရှိ တရုတ်နိုင်ငံမှာ တစ်နှစ်ကို ကားဘယ်လောက် ထုတ်လုပ်နေလဲ။ အခုလက်ရှိ တရုတ်နိုင်ငံမှာ ကားဘယ်လောက်ရှိလဲပြီးတော့ ဒီကားတွေထဲက ကိုယ်ပိုင်ကားက ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား”

ဖုန်းယွီက အလေးအနက်ဖြင့် ပြောလိုက်သည်။

“အခုလက်ရှိ တရုတ်နိုင်ငံမှာ ကားပေါင်း သုံးသန်းသုံးသိန်းရှိပြီး ထရပ်ကား နှစ်သန်းတစ်သိန်းရှိတယ်။ ပြီးတော့ ကားက တစ်သန်းနဲ့ နှစ်သိန်းလောက်ရှိတယ်။ ကျွန်တော် သုသေတန ပြုလုပ်ပြီးပါပြီ”

ဖုန်းယွီသည် ထိုပရောဂျက်ကိ ဆင်မျက်ကမ်း တောတိုးသလို မလုပ်ပေ။ သူသည် သုသေသန ပြုလုပ်ထားပြီး ထိုထက်တောင် အသေးစိတ် ကျကျသိသည်။

“တစ်သန်းနဲ့ ၂သိန်းပဲ ရှိတာလေ။ မင်းက တစ်နှစ်ကို အစီးရေ နှစ်သိန်း ထုတ်လုပ်ချင်တာလား။ ဒါက ရည်မှန်းချက် အရမ်းကြီးမနေဘူးလား”

ကျန်းရွေ့ချင်က ဖုန်းယွီပြောတာ ကြားသည့်အခါ ပိုစိတ်တိုသွားသည်။ မင်းက မင်းကိုယ်တိုင် သုတေသန လုပ်ပြီးသွားပြီ။ ပြီးတော့ မင်းက ဒီပရောဂျက်ကို စလုပ်ချင်ပြီလား။ မင်း ရူးနေပြီလား။

ဖုန်းယွီက ရယ်ကာ ဆက်ပြောလိုက်သည်။

“ကျွန်တော်ပြောတာက မှတ်ပုံတင်ထားတဲ့ အရေအတွက်ကိုပဲ ပြောသေးတာ။ ဒီပမာဏရဲ့ ၁၀ရာခိုင်နှုန်းကျော်က မှတ်ပုံမတင်ရသေးဘူး။ ဉပမာအနေနဲ့ လုံကျန်းပြည်နယ်မှာ Landa ဘယ်လောက်များများ မှောင်ခိုသွင်းနေလဲ။ ဒါ့အပြင် ၁၉၈၄ခုနှစ်ကနေ ၁၉၈၇အတွင်း ကျွန်တော်တို့ နိုင်ငံက ကား ခြောက်သိန်းလေးသောင်းကျော် တင်သွင်းခဲ့တယ်။ ဒါက ကားလိုအပ်ချက် တိုးလာတယ်ဆိုတာကို ပြနေတာပဲ။ လိုအပ်ချက် ပြည့်ဖို့အတွက် SAIC Motors, ဖောနဲ့ ကွမ်ကျိုးမော်တာတို့က ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ရင်းနှီးမြှပ်နှံမှုအတွက် ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ အကျိုးအမြတ်ရတဲ့သူက ကျွန်တော်တို့တွေ မဟုတ်ဘူး။ နိုင်ငံခြား ရင်းနှီးမြှပ်နှံတဲ့သူတွေက သူတို့ရဲ့ နည်းပညာတွေကို ထိုကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံဖို့ အသုံးပြုတယ်။ အခုလက်ရှိမှာ ကျွန်တော်တို့က ကိုယ်ပိုင် အမှတ်တံဆိပ်ကို ထူထောင်ဖို့ လုပ်နေတာ။ ပြီးတော့ အဲ့ဒီ နိုင်ငံခြား ရင်းနှီးမြှပ်နှံတဲ့သူတွေကို ကျွန်တော်တို့ကိုအမြတ်ထုတ်တာ တားဖို့ လုပ်နေတာ”

တရုတ်နိုင်ငံတွင် ကားထုတ်လုပ်ရေးသည် အများအပြား မရှိသော်ငြား လွန်ခဲ့သည့် နှစ်များတွင် ကားများ၏ အရေအတွက်မှာ တိုးတက်လာခဲသည်။ ကားများ၏ လိုအပ်ချက်မှာလည်း တက်လာခဲသည်။ ပြီးနောက် ဖုန်းယွီ၏ အရင်ဘဝတွင် ယခုအချိန်၌ ဂျာမန်နှင့် ဂျပန် ကုမ္ပဏီများသည် တရုတ် ကားထုတ်လုပ်ရေးများနှင် ပူးပေါင်းဆောင်ရွက်မှု စာချုပ် ထိုးခဲ့သည်။ သူတို့ တရုတ်ဈေးကွက်ထဲ ဝင်လာသည့် ကားများသည် အရေအတွက် အလွန်များပေသည်။ ပြီးနောက် ဝမ်းနည်းရဆုံး အပိုင်းမှာ တရုတ်ကုမ္ပဏီများတောင် သူတို့၏ အမှတ်တံဆိပ်များကို အသုံးပြုခြင်း ဖြစ်သည်။ ယင်းက တရုတ်တွင် တရုတ်ကိုယ်ပိုင် အမှတ်တံဆိပ် မရှိခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းက ဂျာမန်၊ ဂျပန်မှကားများကို တင်သွင်းခွင့် ပြုခဲ့ပြီး တရုတ်ကားဈေးကွက်ကို ထိန်းချုပ်စေသွားခြင်းပင် ဖြစ်သည်။

“ငါတို့မှာ မိတ်ဖက်စက်ရုံတွေ အများအပြားရှိတယ်ဆိုတာ မင်းလည်း သိမှာပဲ။ ပြီးတော့ အဲ့စက်ရုံတွေက အစိုးရရဲ့ ပေါ်လစီတွေရဲ့ ထောက်ပံ့မှုကို ရထားတယ်ဆိုတာလည်း မင်းသိထားတယ်။ ဘယ်လိုလုပ် မင်းက သူတို့နဲ့ ပြိုင်မှာလဲ။ မင်းကို ဒီနယ်ပယ်မျာ ရှင်သန်နိုင်ပြီး အသတ်မခံရဘူးဆိုတဲ့ ယုံကြည်ချက်ကို မင်းကို ဘယ်အချက်က လုပ်လိုက်တာလဲ”

ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ ခေါင်းမာမှုကို ဒေါသထွက်မိသည်။ အခြားသူများသာဆိုလျှင် သူ့အနေဖြင့် ဆူလိမ့်မည် မဟုတ်ပေ။ သို့သော် ဖုန်းယွီသည် သူအများကြီး တွေးထားသည့်သူ ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ဖုန်းယွီအား လမ်းလွဲကို မရောက်သွားစေချင်ပေ။

“ဂျာမန်နဲ့ ဂျပန်ရဲ့ စက်မှုလုပ်ငန်း နည်းပညာတွေက ကောင်းပါတယ်။ ဒါပေမဲ့ ဆိုဗီယက်က စက်မှုနိုင်ငံဆိုတာလည်း မေ့လို့မရဘူး။ ကျွန်တော်တို့တွေက စက်ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ရရုံသာ မကသေးဘူး။ ကျွန်တော်တို့တွေအနေနဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေ အတွက် သူတို့ရဲ့ အင်ဂျင်နီယာတွေကို ခန့်အပ်နိုင်တယ်။ ပြီးတော့ နည်းပညာအသစ်တွေကို ဖန်တီးလို့ ရတယ်။ ဒီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေအတွက် ရုံချုပ်က ဘင်းမြို့တော်မှာ အခြေစိုက်လိမ့်မယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေကလည်း ကောင်းတယ်။ ဒါပေမဲ့ သူတို့မှာ လုံလောက်တဲ့ ငွေကြေးပမာဏ မရှိတဲ့အတွက် ကိုယ်ပိုင် သုတေသနတွေ မလုပ်နိုင်ဘူး။ ကျွန်တော်အနေနဲ့ သူတို့ကို ငွေထုတ်ပေးပြီး နည်းပညာအသစ်တွေကို သုတေသန ပြုလုပ်ခိုင်းလို့ရတယ်။ ဒီနည်းလမ်းက ကျွန်တော်တို့ကို နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုတွေနဲ့ အလုပ် တွဲလုပ်စရာ မလိုတော့ဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့တွေအတွက် အလုပ် တွဲလုပ်ဖို့ မလိုတော့ဘူး ပြီးတော့ သူတို့ အမှတ်တံဆိပ်ကို ကူပြီး ကြော်ငြာပေးစရာ မလိုတော့ဘူး။ ထပ်ပြောရမယ်ဆိုရင် ၁၉၈၅ရဲ့ ၅နှစ်အစီအစဉ်မှာ ကားထုတ်လုပ်ရေး လုပ်ငန်းကလည်း တိုင်းပြည်က ထောက်ပံ့တဲ့ လုပ်ငန်းတစ်ခုပဲ ။ အဲ့တာကို တရုတ်နိုင်ငံရဲ့ ပင်တိုင် စက်မှုလုပ်ငန်းလို့တောင် အမည်တပ်ထားတာ။ တရုတ်နိုင်ငံရဲ့ ပင်တိုင်စက်မှုလုပ်ငန်းက နိုင်ငံခြားသားတွေ မှီခိုပြီး အတူတကွ ပူးပေါင်းလုပ်နေတာ ဖြစ်သင့်ရဲ့လား”

“စက်မှုလုပ်ငန်းတွေကို တိုင်းပြည်က ထောက်ပံ့တယ်လို့ မင်း ဘယ်ကကြားတာလဲ။ ပုဂ္ဂလိကကုမ္ပဏီတွေကို ဝင်ခွင့် ပေးပြီ မို့လို့လား”

ကျန်းရွေ့ချင်သည် ဖုန်းယွီကို ကြည့်လိုက်သည်။

ဖုန်းယွီက အပြစ်ကင်းသည့် အမူအရာဖြင့်

“ဒါပေမဲ့ စက်ယန္တရားကုမ္ပဏီက ပုဂ္ဂလိကပိုင် ကုမ္ပဏီ လုံးဝ မဖြစ်သေးဘူးလေ။ ဒီပူးပေါင်းဆောင်ရွက်မှုကလည်း ပုဂ္ဂလိကနဲ့ အစိုးရ ပေါင်းထားတာလေ။ အစုရှယ်ယာ ကုမ္ပဏီလေ”

ကျန်းရွေ့ချင်သည် ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ ဖုန်းယွီအနေဖြင့် ဟာကွက်ကို တွေ့ထားပုံ ပေါက်၏။

All Chapters