မြို့တော် မားကတ်တင်း
Vol. 20 Ch. 293
“တစ်ချိန်တည်းမှာ စက်ရုံ အများကြီးဆောက်ဖို့အတွက် ဘယ်လောက် ရင်းနှီးမြှပ်နှံဖို့လိုလည်းဆိုတာ တွက်ချက်ပြီးပြီလား”
ကျန်းရွေ့ချင်က မေးလိုက်သည်။ ယင်းက ပမာဏ တော်တော်လေးကို များမည်ပင် ဖြစ်သည်။
“ကျွန်တော် တွက်ချက်ပြီးပါပြီ။ စက်ရုံ တစ်ရုံကို ယွမ် သန်း ၁၀၀လောက် ကုန်ကျနိုင်တယ်။ ကျွန်တော်က ကားစက်ရုံ ငါးရုံနဲ့ မော်တော်ဆိုင်ကယ် ငါးရုံအတွက် ယွမ် သန်းတစ်ထောင် ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားပါတယ်။ စက်ရုံတွေက တရုတ်ရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ ရှိမှာပါ။ ဒီနည်းလမ်းနဲ့ အလယ်ပိုင်းကို ဝိုင်းထားပြီး တရုတ်တစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးကွက်တွေကို ဖြန့်ချီသွားမှာပါ.....”
ကျန်းရွေ့ချင်ကို ဖုန်းယွီက မှင်သက်အောင် လုပ်လိုက်ပြန်သည်။ ဖုန်းယွီသည် ကားပရောဂျက်ကို စတင်ချင်ရုံသာမက မော်တော်ဆိုင်ကယ် ဈေးကွက်ကိုလည်း ချဲ့ထွင်ရန် စီစဉ်ထားည်။ ဖုန်းယွီသည် ထိုအကြောင်းကို အရင်က တစ်ခါမျှ မပြောဘူးပေ။
ဒါ့ပြင် ဖုန်းယွီက ယွမ် သန်းတစ်ထောင် ရင်းနှီးမြှပ်နှံမှာလား။ သူဘယ်ကနေ ဒီလောက် ပိုက်ဆံတွေ ရတာလဲ။ ယွမ် သန်း တစ်ထောင် ဘင်းမြို့တော် တစ်မြို့လုံးရဲ့ နှစ်စဉ်ဝင်ငွေတောင် အဲ့လောက် မရှိဘူး။
“မင်းမှာ ယွမ် သန်းတစ်ထောင် ရှိတာလား။ သန်းတစ်ထောင်နဲ့ လုံလောက်တယ်လို့ မင်း အတည်ပြုလား။ မင်းအနေနဲ့ စက်ရုံ လည်ပတ်ဖို့ ကုန်ကျစရိတ်တွေကိုကော မစဉ်းစားဘူးလား။မင်းအနေနဲ့ အနည်းဆုံး ယွမ် ရာဂဏန်းလောက်က ကုန်ကြမ်း၊ အလုပ်သမားတွေရဲ့ လုပ်ခ လစာနဲ့ အပိုရံပုံငွေအဖြစ် ချန်ရဦးမှာ”
ကျန်းရွေ့ချင်သည် နိုင်ငံပိုင်စက်ရုံများ ပြန်လည်ဖွဲ့စည်းရာတွင် အရေးပါသည့်သူ ဖြစ်သည်။ ပြီးနောက် သူသည် ထိုအရာများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီ ကောင်းကောင်း မစီစဉ်ထားဟု ခံစားမိသည်။
“ယွမ် သန်းတစ်ထောင်က ပထမအပိုင်းရဲ့ ကနဦး ရင်းနှီးမြှပ်နှံမှုပဲ။ ကျွန်တော်အနေနဲ့ ဒုတိယပိုင်းမှာ ပိုပြီး ရင်းနှီးမြှပ်နှံမှု များများ လုပ်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ကာလတိုအတွင်းတော့ ပြန်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကာလကြာသွားရင် ဒါမှမဟုတ် ၅နှစ်အတွင်း ဒီရင်းနှီးမြှပ်နှံမှုက လိုအပ်လိာမှာ။ မနှစ်က စုန့်ကျန်းမော်တော်ဆိုင်ကယ် ရောင်းကောင်းမှာ မဟုတ်ဘူးလို့ တွေးခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆိုင်ကယ် ဈေးကွက်ထဲ ဝင်သွားတော့ ဘယ်လို ဖြစ်သွားသလဲ။ ကျွန်တော်တို့ မော်တော်ဆိုင်ကယ် ကောင်းကောင်း ရောင်းရလား။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ်တိုင်း ရောင်းရတဘ်။ ကျွန်တော်တို့တွေ ဒီရောင်းချမှုကနေပြီးတော့ အကျိုးအမြတ်များများ ရှာနိုင်ခဲ့တယ်။ ကားကလည်း အတူတူပဲ။ ကားလိုအပ်ချက်က သိသိတာတာကို တိုးလာခဲ့တာ။ ပြီးတော့ ထပ်ပြောရရင် ကျွန်တော်တို့ရဲ့ ကားစက်ရုံ အသစ်တွေက ပြီးဖို့အတွက် အနည်းဆုံး ၁နှစ်ကနေ ၂နှစ်အထိ လိုတယ်။ ကားစက်ရုံတွေက မော်တော်ဆိုင်ကယ် စက်ရုံတွေလောက် မလွယ်ကူဘူး။ ကျွန်တော်ကား ထုတ်လုပ်တဲ့အချိန်က နောက်နှစ်မှပဲ ဖြစ်လိမ့်မယ်”
ယွမ် သန်းတစ်ထောင်က မင်းရဲ့ ကနဦး ရင်းနှီးမြှပ်နှံမှုပဲလား။ ထပ်ပြီးတော့ ရင်းနှီးမြှပ်နှံဦးမှာလား။
ကျန်းရွေ့ချင်၏ မျက်လုံးမျာ ပြူးကျယ်သွားကာ
“အခုလက်ရှိ မင်းမှာ ပိုက်ဆံ ဘယ်လောက်များများ ရှိလဲ”
“ကျွန်တော်က ဆိုဗီယက် ပြည်ထောင်စုမှာ ချေးငွေတွေ ယူထားတယ်။ ပြီးတော့ ဟောင်ကောင်ဘဏ်မှာလည်း အာမခံထားထားတယ်။ ငွေအတွက်တော့ မပူပါနဲ့။ ဒီရင်းနှီးမြှပ်နှံမှုက တကယ်တန်တယ်ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်”
ကျန်းရွေ့ချင်သည် ဖုန်းယွီ တစ္ဆေသရဲ ဝင်ပူးနေသည်ဟု ခံစားမိသည်။ သူတွင် ငွေများစွာ ရှိသည်။ ပြီးနောက် သူ့သည် တစ်ခုခုကို အမြဲတမ်းလုပ်နေသည်ပင်။ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကားများသည် ရောင်းကောင်းသည်။ ပြီးနောက် ပြိုင်ဖက်လည်း မရှိပေ။ အဘယ်ကြောင့် ဖုန်းယွီသည် ကားဈေးကွက်အတွင်း ဝင်ရန် ဆန္ဒရှိနေသနည်း။
တရုတ်နိုင်ငံတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီများစွာ ရှိသည်။ အဘယ်ကြောင့် သူတို့ကို ယှဉ်ပြိုင်ပြီး အနိုင်ယူနိုင်လိမ့်မည်ဟု သေချာနေသနည်း။ သို့သော် ကျန်းရွေ့ချင် ဝင်ခံရမည်ကား ဖုန်းယွီ၏ ရင်းနှီးမြှပ်နှံမှုသည် အစပိုင်းတွင် အလုပ်ဖြစ်မည်မဟုတ်ဟု လူများစွာ တွေးမိကြမည် မဟုတ်ပေ။ သို့သော် အဆုံးတွင် ဖုန်းယွီသည် အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်သည်။
ထို့ပြင် ဖုန်းယွီသည် ဈေးကွက်အကြောင်း ကောင်းကောင်းနားလည်သည်။ မော်တော်ဆိုင်ကယ် ပရောဂျက် အစပိုင်းတွင် ဖုန်းယွီသည် အပြင်ပိုင်း ဒီဇိုင်းကို ပြင်ခဲ့ပြီး ထုတ်ကုန်နေရာနှင့် မော်တော်ဆိုင်ကယ် အရောင်းပြဿနာများကို မြန်မြန် ဖြေရှင်းနိုင်ခဲ့သည်။ ထို့ပြင် ကိုယ်စားလှယ် စနစ်ကလည်း စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို တစ်နိုင်ငံလုံးတွင် ဖြန့်ချီနိုင်အောင် ကူညီပေးခဲ့သည်။
ဖုန်းယွီသည် ကျန်းရွေ့ချင် ငြိမ်နေသည်ကိုမြင်သည့်အခါ သူက ဆက်ပြောလိုက်၏။
“မြို့တော်ဝန်ကျန်း အနာဂတ်ကျ တရုတ်နိုင်ငံ တစ်ခုလုံးမှာစက်ရုံခွဲတွေ ရှိလာမယ် ပြီးတော့ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ စက်ရုံအခွဲ XX လို့ အမည်တပ်ကြမယ်လို့ တွေးဖူးလား။ မြို့တော်ဝန်အနေနဲ့ အဲ့အမည်တပ်တာကနေ အကျိုးအမြတ်ရမယ်လို့ မတွေးကြည့်ဘူးလား”
ကျန်းရွေ့ချင်သည် ပဟေဠိ ဖြစ်သွားတော့သည်။ စက်ရုံများ ထိုကဲ့သို့ အမည်တပ်သည်မှာ သာမန်သာ ဖြစ်သည်။ ဒီဟာကနေ ဘာများ အကျိုးအမြတ်ရမှာ မို့လို့လဲ။
“မြို့တော်ရဲ့ ဝါဒဖြန့်မှု။ မြို့တော်တစ်ခုကို မာကတ်တင်းဆင်းဖို့လည်း လိုသေးတယ်။ ဉပမာအနေနဲ့ ဘေကျင်းလို့ ပြောလိုက်တဲ့အခါ မဟာတံတိုင်း၊ တားမြစ်နန်းတော်နဲ့ နွေရာသီ နန်းတော်ကို မြင်ကြတယ်။ ကျွန်တော်တို့တွေ ချန်ဒူးလို့ ပြောလိုက်ရင်လည်း ပန်ဒါတွေ အကြောင်း တွေးကြတယ်။ ကျွန်တော်တို့တွေ ချန်အမ်းလို့ ပြောလိုက်ရင် ပထမချင်မင်းဆက်ရဲ့ ဂူဗိမာန်က စိတ်ထဲပေါ်လာတယ်။ အဲ့အတိုင်း ဆန့်ကျင်ဖက်အနေနဲ့ ပြောရရင် ကျွန်တော်တို့တွေ မဟာတံတိုင်း၊ တားမြစ်နန်းတော်၊ ပန်ဒါနဲ့ ပထမ ချင်မင်းဆက်လို့ ပြောတဲ့အခါ ဘေကျင်း၊ ချန်ဒူးနဲ့ ချန်အမ်းက ကျွန်တော်တို့ စိတ်ထဲ မြင်လာတယ် ဟုတ်တယ်မလား”
ကျန်းရွေ့ချင်က ခေါင်းညိတ်လိုက်သည်။ တကယ်ပင် တွေးမိပေသည်။ သူ့အနေဖြင့် အတိတ်က ယင်းကို သတိမပြုမိခဲ့ပေ။ သို့သော် ဖုန်းယွီကို မည်သည့်အကြောင်းကို ပြောရန် ကြိုးစားနေသနည်း။ ဘင်းမြို့တော်တွင် သမိုင်းဝင် နေရာ မရှိသကဲ့သို့ ကာကွယ်ထားသည့် တိရိစ္ဆာများလည်း မရှိပေ။
“အဲတာဆို ကျွန်တော် ဖောကို ပြောမယ်ဆိုရင် ကျီလင်းဆိုတာ အတွေးထဲ ပေါ်လာတယ်မလား။ ကျွန်တော် ရှန်ဟိုင်းအမှတ်တံဆိပ် ကားပြောတယ်ဆိုရင် ရှန်ဟိုင်းအကြောင်း တွေးမိကြတယ် မဟုတ်လား”
ကျန်းရွေ့ချင်၏ မျက်လုံးများ တောက်ပသွားပြီးနောက်
“မင်းက စုန့်ကျန်းအမှတ်တံဆိပ်ကို ဘင်းမြို့တော် အမှတ်တံဆိပ်အဖြစ် ပြောင်းမလို့လား”
ဖုန်းယွီက”.......”
အိပ်မက်မက်နေလိုက် ဘင်းမြို့တော် ဆိုတဲ့ တံဆိပ်က အားနည်းလွန်းတယ်။ တကယ်လို့ မင်းသာ ရေခဲမုန့် ထုတ်လုပ်မယ်ဆိုရင် ဘင်းမြို့တော်ဆိုတဲ့ နာမည်နဲ့ လိုက်လိမ့်မယ်။ စုန့်ကျန်းမော်တာဆိုတဲ့ နာမည်က ကားအတွက် လိုက်တဲ့ နာမည် တစ်ခုပဲ။
“ကျွန်တော်က အဲ့လို ပြောချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့ စက်ရုံ တစ်နိုင်ငံလုံးမှာ လွှမ်းခြုံမယ်ပြီးတော့ ကျွန်တော်တို့ ကားဆိုင်ကယ်တွေကို နိုင်ငံအနှံ့မှာ ရောင်းတဲ့အခါကို ပြောချင်တာ။ မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ ရှိတဲ့ လူတိုင်းက ဘင်းမြို့တော်မှာ အကောင်းဆုံး ကားကုမ္ပဏီ ရှိတယ်ဆိုတာ သိလာကြမယ်။ သူတို့ ကားဒါမှမဟုတ် ဆိုင်ကယ်မောင်းမယ်ဆိုရင် သူတို့ပထမဆုံး စိတ်ထဲမှာ ပေါ်မှာက ဘင်းမြို့တော်ပဲ။ ဒါကို မြို့တော်မာကတ်တင်းလို့ ခေါ်တယ်။ သေချာတာပေါ့။ မြို့တော်နာမည်ကို အစိတ်အပိုင်း တစ်ခုခုမှာ ထည့်မယ်ဆိုရင် ကြော်ငြာစရိတ်ကို မြို့တော်က ပေးရမှာပေါ့။ ကျွန်တော်အနေနဲ့ ကျွန်တော်ရဲ့ ကြော်ငြာ အားလုံးမှာ ဘင်းမြို့တော်မှ ထုတ်လုပ်သည် ဆိုပြီး ထည့်မှာပေါ့”
“မဖြစ်နိုင်တာ။ မင်းတို့ ကုမ္ပဏီက ကြော်ငြာချင်သေးတယ်။ ပြီးတော့ မင်းက မြို့တော်ကို ပေးစေချင်သေးတာလား။ အိပ်မက်မက်တာ ရပ်လိုက်တော့”
ကျန်းရွေ့ချင်က စိတ်ဆိုးပြီး သူ့လက်ကို ယမ်းလိုက်တော့သည်။ မင်းက ယွမ် သန်းတစ်ထောင်ကို ရင်းနှီးမြှပ်နှံနိုင်တာတောင် မြို့တော်ဆီကနေ ငွေလိုချင်သေးတာလား။
ဖုန်းယွီ မင်းအရမ်း လွန်နေပြီ။
ကျန်းရွေ့ချင် မသိသည်ကား သူ့အတွေးများသည် တဖြည်းဖြည်း ဖုန်းယွီ၏ ခေါ်ဆောင်မှု နောက်သို့ ပါသွားသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ယခုလက်ရှိ သူ့အတွေးတွင် စက်ရုံ အသစ်တည်ဆောက်ရေးသာမက မြို့တော်ကို မာကတ်တင်း ဆင်းဖို့ပါ စဉ်းစားနေသည်။
“မြို့တော်ဝန်ကျန်း ဘင်းမြို့တော်လည်း တစ်နေ့မှာ ဘေကျင်းလို ကမ္ဘာက သိလာမယ်လို့ စိတ်ကူးဖူးလား။ မကြာသေးခင်က ဘေကျင်းမှာ အာရှ အားကစားပွဲတော် လက်ခံ ကျင်းပခဲ့တာ။ ပြီးတော့ အာရှမှာရှိတဲ့ လူများစွာက ဘေကျင်းကိုအမှတ်ရနေတုန်းပဲ။ အခုလက်ရှိမှာ ကျွန်တော်က အရောင်းကောင်းဆုံး ပစ္စည်းနှစ်မျိုးရဲ့ မူပိုင်ခွင့်ကို ပိုင်ထားတယ်။ နောက်ထပ် ၇နှစ်ကနေ ၈နှစ်အထိ တစ်ကမ္ဘာလုံးမှာ ရောင်းကောင်းမှာ။ တကယ်လို့ ကျွန်တော်ရဲ့ ထုတ်ကုန်တွေမှာ ဘင်းမြို့တော်က ထုတ်လုပ်သည် ဆိုတဲ့ စာသားကို ထည့်ရင်ကော ဘယ်လိုလဲ”
ကျန်းရွေ့ချင်၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်း မြန်လာသည်။ အကယ်၍ ထိုကဲသို့ ဖြစ်ပါက ဘင်းမြို့တော်သည်လည်း နာမည် ကျော်ကြားလာမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ ဘင်းမြို့တော် အဆင့်အတန်းသည်လည်း တိုးတက်လာမည် ဖြစ်သည်။
နှစ်နှစ်အတွင်း ဘင်းမြို့တော်၏ ပါတီ အတွင်းရေးမှူးသည် အနားယူမည် ဖြစ်သည်။ ပြီးနောက် ယခုလက်ရှိ မြို့တော်ဝန်က ထိုနေရာကို ဆက်ခံမည် ဖြစ်သည်။ မြို့တော်ဝန် နေရာသည် လွတ်လပ်နေမည် ဖြစ်သည်ပြီးောနက် သူသည် ထိုနေရာကို ယူရန်အတွက် အခွင့်အရေး အများဆုံး ဖြစ်လာမည်ပင် ဖြစ်၏။
အကယ်၍ ဘင်းမြို့တော်၏ အဆင့်အတန်း မြင့်မားလာပါက သူ့အနေဖြင့် အဆင့်မြင့် ရာထူးများအထိ ရာထူးတိုးနိုင်ပေသည်။ ကျန်းရွေ့ချင်သည်လည်း ရည်မှန်းချက် ကြီးသည့်သူ ဖြစ်သည်။ ပြီးနောက် သူ့တွင် အခွင့်အရေး ရှိပါက ယင်းကို လက်လွှတ်မည် မဟုတ်ပေ။
ဖုန်းယွီက မြို့တော်ဝန် ကျန်းကို မြူဆွယ်လိုက်သည်။
“မြို့တော်ဝန်ကျန်း မြို့တော်ဝန် အစည်းအဝေးမှာ ကျွန်တော်ရဲ့ အစီအစဉ်ကို ထောက်ခံဖို့အတွက် မြို့တော်ဝန်ကို လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့တွေ မြို့တော်ကို အခွန်အများကြီး ပေးဆောင်နိုင်မှာ။ တကယ်လို့ ဘင်းမြို့တော် အစိုးရက ၁၀ရာခိုင်နှုန်းပဲ ကျန်ရင်တောင် မြို့တော်ရဲ့ ဝင်ငွေက အရမ်းကို များပြားလာလိမ့်မယ်။ ဒါအပြင် ကားကုမ္ပဏီကလည်း ပထမဆုံး တရုတ်အစိုးရနဲ့ ပုဂ္ဂလိက အတူပူးပေါင်းတဲ့ ကုမ္ပဏီ ဖြစ်လာလိမ့်မယ်။ အချိုးအဆအရလည်း ထိပ်တန်း ကုမ္ပဏီ သုံးခုထဲမှာ တစ်ခုပါဝင်လိမ့်ယ်။ အဆင့်မြင့်အရာရှိတွေက မြို့တော်ဝန်ကို ဘယ်လို စဉ်းစားမလဲ။ မြို့တော်ဝန် တစ်ယောက်တည်းကပဲ ဒီကုမ္ပဏီကို အောင်မြင်အောင် ကူညီပေးနိုင်တာ”
ကျန်းရွေ့ချင်က လက်ယမ်းလိုက်ကာ
“တော်လောက်ပြီ။ အခုတော့ သွားလိုက်တော့ ငါ့အနေနဲ့ ဒီအကြောင်းကို စဉ်းစားဖို့ လိုသေးတယ်”
_____