← Chapters

ဘင်းမြို့တော် အစိုးရ အဖွဲ့ အစည်းအဝေး

Vol. 20 Ch. 294

ဘင်းမြို့တော် အစိုးရ အဖွဲ့ အစည်းအဝေး

Vol. 20 Ch. 294

ဘင်းမြို့တော် အစိုးရ အစည်းအဝေးပွဲတွင် မြို့တော်ဝန်သည် ပြည်နယ်အစိုးရထံမှ ညွှန်ကြားချက်များကို ပြောကြားပြီး ဖြစ်ကာ ပြီးနောက် အခြားသူများအနေဖြင့် ဆွေးနွေးလိုသည့် အကြောင်းအရာများ ရှိပါက ဆွေးနွေးရန် ဖိတ်ခေါ်၏။ ယင်းက သူ့အနေဖြင့် အစည်းအဝေးသိမ်းလိုကြောင်းကို ပြသည့် အချက်ပေးချက်ပင် ဖြစ်သည်။

သို့သော် ယနေ့တွင်တော့ မတူပေ။ ကျန်းရွေ့ချင်သည် လက်မြှောက်လိုက်ပြီေးနာက် ပြောလိုက်၏။

“မြို့တော်ဝန် ကျွန်တော်မှာ အကြံပေးချက် တစ်ခု ရှိပါတယ်”

အစိုးရ အဖွဲ့ဝင်တိုင်း အထူးသဖြင့် မြို့တော်ဝန်က သူ့အား စိုက်ကြည့်၏။ ပုံမှန် အခြေအနေမျိုးတွင် သူတို့သည် အစည်းအဝေးအတွင်း ပြောဆိုကြမည် ဖြစ်ကာ လက်ထောက်မြို့တော်ဝန်များသည် အစည်းအဝေး မစမှီ ဆွေးနွေးရမည် ဖြစ်သည်။ သို့သော် ယနေ့တွင် ကျန်းရွေ့ချင်သည် မည်သူ့ကိုမျှ အသိပေးခဲ့ခြင်း မရှိပေ။

မြို့တော်ဝန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“လက်ထောက်မြို့တော်ဝန်ကျန်း ဘာပြောချင်တာလဲ”

“ဒီမှာရှိတဲ့ လူတိုင်း စက်ယန္တရားကုမ္ပဏီအနေနဲ့ ကားပရောဂျက်ကို စတင်တော့မယ်ဆိုတာ သိပြီး ဖြစ်မှာပါ။ ပြီးတော့ အရာရာတိုင်းကို ချောမွေ့နေပြီး ထုတ်လုပ်မှုကို ဒီနှစ်ကုန်ပိုင်းမှာ စတင်နိုင်မှာ ဖြစ်ပါတဘ်။ ပြီးတော့ ကားတွေက နောက်နှစ် နှစ်ဆန်းပိုင်းအတွင်းမှာ ဈေးကွက်ထဲကို ရောက်မှာပါ။ ဒီနေ့မနက် စောစောက ကျွန်တော် စက်ယန္တရားကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်တဲ့ ဖုန်းယွီဆီကနေ သတင်းအချို့ ရခဲ့တယ်။ သူ့အနေနဲ့ စက်ရုံခွဲတွေ ဆက်ပြီး တည်ထောင်ဖို့အတွက် ငွေတွေ ထပ်ပြီး ရင်းနှီးမြှပ်နှံသွားမှာပါ.....”

“တစ်မိနစ်လောက် စောင့်ဦး။ လက်ထောက်မြို့တော်ဝန်ကျန်း ငါက ဘင်းမြို့တော်ရဲ့ စက်မှုလုပ်ငန်းပါမှာ တာဝန်ရှိတဲ့လူလေ။ ဘာကြောင့် ငါ ဒီအကြောင်းကို မသိရတာလဲ။ ဘာကြောင့် စက်ယန္တရားကုမ္ပဏီရဲ့ လီမင်တက ငါ့ကို ဒီအကြောင်း အစီရင်ခံစာ မတင်ရတာလဲ”

လက်ထောက်မြို့တော်ဝန်ရှုသည် ကျန်းရွေ့ချင်ပြောနေ့သည့်ကြား ရိုင်းရိုင်းစိုင်းစိုင်းဖြင့် ဖြတ်ပြောလိုက်သည်။

လက်ထောက်မြို့တော်ဝန်တိုင်းတွင် မတူညီသည့် တာဝန်များ ရှိပေသည်။ ပြီးနောက် မည်သူမျှ သူတို့၏ ကိစ္စတွင် ပါဝင် စွက်ဖက်သည်ကို မနှစ်သက်ကြပေ။ အကယ်၍ မြို့တော်ဝန်ကသာ ထိုစကားများကို ပြောပါက လက်ထောက်မြို့တော်ဝန်ရှုသည်လည်း ဖြတ်ပြောမည် မဟုတ်ပေ။ သို့သော် ပြောသည့်သူက ကျန်းရွေ့ချင် ဖြစ်နေကာ သူတို့ နှစ်ယောက်က မတည့်ကြပေ။ ထို့အချိန်တွင် လက်ထောက်မြို့တော်ဝန်ရှုက ကျန်းရွေ့ချင်သည့် သူ့ဆီမှ အထူးမြို့တော်ဝန် ရာထူးကို ဆွဲယူသွားသည်ဟု ခံစားမိသည်။

“ကျွန်တော် ဒီလို ပြောရတာက ဖုန်းယွီက ကျွန်တော်ကို ဒီအကြောင်း ပြောလို့ပဲ။ ကျွန်တော်က အဖွဲ့အစည်း ပြန်လည်ဖွဲ့စည်းရေးတွေမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ပြီးတော့ စက်ယန္တရားကုမ္ပဏီဆိုတာကလည်း ပြန်လည်ဖွဲ့စည်းထားတဲ့ ကုမ္ပဏီ တစ်ခု သူ ကျွန်တော်ကို အစီရင်ခံစာ တင်တာ ဘာမှားလို့လဲ”

ကျန်းရွေ့ချင်က ပြန်ပြောလိုက်သည်။

ကျန်းရွေ့ချင်သည် နောက်တက်မည့် မြို့တော်ဝန် ဖြစ်ချင်သည်။ ပြီးနောက် အကယ်၍ သူ့အောက်ရှိ သူကိုတောင် မပြောနိုင်လျှင် အထက်အရာရှိများက သူ့အား စွမ်းဆောင်ရည် မရှိသူဟု ထင်ကြပေမည်။ ထပ်ပြောရပါက သူသည် အထူးလက်ထောက် ဖြစ်ကာ သူ့အတွင် အခြားသော လက်ထောက်များ၏ တရားမျှတမှုအတွက် ကြည့်ရန်လည်း အခွင့်အာဏာ ရှိပေသည်။

“လက်ထောက်မြို့တော်ဝန်ရှု လက်ထောက်မြို့တော်ဝန်ကျန်း ပြောချင်တာကို ဆက်ပြောပါစေ”

မြို့တော်ဝန်က မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ့ရှေ့တွင်တောင် ထိုလက်ထောက် နှစ်ယောက်သည် အချင်းများချင်သည်လော။

ကျန်းရွေ့ချင်က ဆက်ပြောလိုက်၏။

“ဖုန်းယွီပြောတဲ့ အကြောင်းအရာက သူ့အနေနဲ့ စက်ရုံ ၁၀ရုံ ထပ်ဆောက်မယ်။ မော်တော်ဆိုင်ကယ် စက်ရုံ ၅ရုံနဲ့ စလွန်းကားစက်ရုံ ၄ရုံ ထရပ်ကား စက်ရုံ ၁ရုံ။ သူ့ရဲ့ ကနဦး ရင်းနှီးမြှပ်နှံမှုက ယွမ် သန်းတစ်ထောင်ပါ”

ချီး

လူတိုင်းက အသက်ပြင်းပြင်း ရှုနေကြ၏။ ကနဦး ရင်းနှီးမြှပ်နှံမှုသည် ယွမ် သန်း တစ်ထောင် ဖြစ်သည်။ ယင်းအဓိပ္ပာယ်သည် သန်းတစ်ထောင်သည် အစပိုင်းအတွက်သာ ဖြစ်ပြီး ထိုပရောဂျက်အတွက် သူ့အနေဖြင့် နောက်ထပ် ရင်းနှီးမြှပ်နှံမည်လော။

သူတို့သည် ထိုကဲ့သို့သော ရင်းနှီးမြှပ်နှံမှုမျိုးကို ကမ်းရိုးတန်းဒေသများတွင် ကြားဖူးကာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ ဖြစ်သည်။ ကုန်းတွင်းပိတ်မြို့တော်များ အထူးသဖြင့် နယ်စပ်တွင် ရှိသည့် ဘင်းမြို့တော်တွင် ထို့ကဲ့သို့သော ကြီးမားသည့် ရင်းနှီးမြှပ်နှံမှုမျိုး မရှိပေ။ ပြောစရာမလိုဘဲ ရင်းနှီးမြှပ်နှံသူသည် တရုတ်လူမျိုး ဖြစ်သည်။

“ယွမ် သန်းတစ်ထောင်လား။ လက်ထောက်မြို့တော်ဝန်ကြား ကျွန်တော် ကြားတာ မှန်ရဲ့လား”

လက်ထောက်မြို့တော်ဝန် ရှုက ပြောလိုက်သည်။

“ဟုတ်ပါတယ် ယွမ် သန်း တစ်ထောင်ပါ။ ဒါက ကနဦး ရင်းနှီးမြှပ်နှံမှုပဲ ရှိသေးတယ်။ ပြီးတော့ ဖုန်းယွီပြောတာတော့ ဒီပိုက်ဆံတွေကို စက်ယန္တရားကုမ္ပဏီထဲ ထည့်မယ်ပြောတယ်။ သူ့အနေနဲ့ ဆိုဗီယက် ပြည်ထောင်စုကနေ ကားနဲ့ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လမ်းကြောင်းတွေကို ဆက်ပြီး မှာယူမယ်။ သူ့အနေနဲ့ စက်ရုံ အကုန်လုံးရဲ့ ရာနှုန်းပြည့် ထုတ်လုပ်နိုင်စွမ်းကို နှစ်နှစ်အတွင်း ပြည့်မှီအောင် လုပ်မယ်လို့ ပြောတယ်။.....”

“ခဏလေး နေပါဦး။ စက်ယန္တရားကုမ္ပဏီရဲ့ ဈေးကွက်ပေါက်ဈေးက ဘယ်လောက်လဲ။ ငါသိသလောက်ဆိုရင် သန်းရာဂဏန်းပဲ တန်ဖိုးရှိတယ်လို့ပဲ သိထားတာ။ ဖုန်းယွီက ကုမ္ပဏီထဲ ယွမ် သန်းတစ်ထောင် ရင်းနှီးမြှပ်နှံချင်တာလား။ သူ ဒီလောက်များတဲ့ငွေတွေ ဘယ်ကနေ ရလဲဆိုတာ မင်းတွေးကြည့်ဖူးလား။ သူစက်ယန္တရားကုမ္ပဏီရဲ့ ရှယ်ယာတွေကို အသုံးပြုပြီး ဘဏ်မှာ ပေါင်နှံ ပစ္စည်းအဖြစ် အပ်ပြီး ပိုက်ဆံတွေ ချေးနေတာလား။ ဒါက လုပ်ငန်းနော်။ အရမ်းကြီး ချဲ့မယ်ဆိုရင် ဒေဝါလီ ခံတာမျိုး ဖြစ်နိုင်တယ်။ အဲ့အခါကျ ဘင်းမြို့တော်မှာ လုပ်ငန်းနည်းသွားမယ်။ အလုပ်သမားတွေ အတွက်ကော”

လက်ထောက်မြို့တော်ဝန်ရှုသည် ငြင်းတွားလိုက်သည်။

ကျန်းရွေ့ချင်သည် လက်ထောက်မြို့တော်ဝန် ရှုကို တစ်ချက် ကြည့်လိုက်ပြီးနောက် မြို့တော်ဝန်ဖက်ကို လှည့်ကာ

“ဖုန်းယွီက စက်ယန္တရားကုမ္ပဏီက ရှယ်ယာတွေ အသုံးပြုပြီး ချေးငွေတွေ မယူထားဘူးလို့ ကတိပေးထားတယ်။ သူ့ရဲ့ ထိုက်ဟွကုမ္ပဏီရဲ့ ဘဏ်အကောင့်မှာကို သန်းတစ်ထောင် ရှိတာပါ”

ဘာ... ထိုက်ဟွကုန်သွယ်ရေးမှာ သန်း တစ်ထောင် ရှိတာလား။

အစိုးရခေါင်းဆောင်များ၏ မျက်နှာထက်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် အမူအရာ ပေါ်နေတော့၏။ သူတို့သည် ထိုက်ဟွ ကုန်သွယ်ရေးကို သိသည်။ သို့သော် ထိုကုမ္ပဏီတွင် ယွမ် သန်း တစ်ထောင် ရှိသည်မှာ ဖြစ်နိုင်သည်လော။

“လက်ထောက်မြို့တော်ဝန်ကျန်း။ မင်း ဒီအကြောင်းကို ဘဏ်မှာ အတည်ပြုပြီးပြီလား”

“ကျွန်တော် ICBCနဲ့ ဆက်သွယ်ပြီးပါပြီ။ သူတို့တွေကလည်း အတည်ပြုထားပါတယ်။ ဖုန်းယွီကလည်း အခု အစီအစဉ်ကို အတည်ပြုပြီးတာနဲ့ အဲ့ သန်းတစ်ထောင်ကို ထိုက်ဟွကုန်သွယ်ရေးက မထိတော့ဘူးဆိုတာကိုလည်း ပြောထားပါပြီ”

မြို့တော်ဝန်သည် အပျော်လွန်သွားသည်။ ရင်းနှီးမြှပ်နှံမှု သန်း တစ်ထောင်။ ယင်းအဓိပ္ပာယ်ကား စက်ယန္တရားကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် သန်းတစ်ထောင်ထက် များလာသည်ဟု ဆိုခြင်း ဖြစ်သည်လော။ ထိုကုမ္ပဏီသည် အလွန်ပင် ကြီးမားသည့် လုပ်ငန်း တစ်ခု ဖြစ်လာသည်။

ယင်းက သူ မြို့တော်ဝန် ရထူးရယူထားသည့် အခါမှ ဖြစ်လာခြင်း ဖြစ်သည်။ သူ့မြို့တော်မှ ကုမ္ပဏီ တစ်ခုသည် နှစ်အနည်းငယ်အတွင်း သန်းရာဂဏန်းမှ သန်းထောင်ဂဏန်းအထိ တိုးတက်လာခြင်း ဖြစ်သည်။ ယင်းက သူ့အတွက် နိုင်ငံရေးအရ အောင်မြင်ခြင်းဟု ဖြစ်နိုင်ပေသည်။

သို့သော် တစ်ချိန်တည်းတွင် သူ့အနေဖြင့် လက်ထောက်မြို့တော်ဝန်ရှု၏ စကားကိုလည်း စဉ်းစားရပေမည်။ စက်ယန္တရားကုမ္ပဏီသည် ယခုလက်ရှိတွင် တန်ကြေးကား သန်းရာဂဏန်းမျှသာ ရှိသည်။ အကယ်၍ သန်း တစ်ထောင် ရင်းနှီးမြှပ်နှံပါက မြို့တော်၏ ရှယ်ယာများသည်လည်း ဆက်လျော့ချခံရမည် ဖြစ်သည်။

“လက်ထောက်မြို့တော်ဝန်ရှု အခု စက်ယန္တရားကုမ္ပဏီက ဘယ်လောက် တန်ကြေးရှိလဲ”

“သန်းလေးရာလောက် ရှိတယ်။ ထပ်ပြီးတော့ တိုးတက်နေတုန်းပဲ။ မြို့တော်က ရှယ်ယာ ၂၈ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်”

၂၈ရာခိုင်နှုန်း ယွမ် သန်းလေးရာ တကယ်လို့ ရင်းနှီးမြှပ်နှံမှုက သန်းတစ်ထောင်ထက်များမယ်ဆိုရင် မြို့တော် အစိုးရရဲ့ ရှယ်ယာက သုံးပုံပုံ နှစ်ပုံအထိ လျော့ချခံရမှာပဲ။ ဒီအဓိပ္ပာယ်က ၁၀ရာခိုင်နှုန်းထက်တောင် နည်းတော့မယ်လို့ ဆိုလိုတာလား။

“မြို့တော်ဝန်ကျန်း ရင်းနှီးမြှပ်နှံမှု အကုန်က တစ်ပြိုင်နက်တည်း လုပ်မှာလား။ ကုမ္ပဏီထဲ ရင်းနှီးမြှပ်နှံမှုကို ဖြည်းဖြည်းချင်း လုပ်လို့ မရဘူးလား”

မြို့တော်ဝန်က မေးလိုက်သည်။ အကယ်၍ ထိုပမာဏကို နှစ်နှစ် သုံးနှစ်ကျော်မှ လုပ်လျှင် မြို့တော်အနေဖြင့် သူတို့ရသည့် အချိုးကို တိုးမြင့်နိုင်သေးသည်။ ယင်းနည်းလမ်းက သူ့တို့လျော့ချခံရမည့် ရှယ်ယာများကို ဆိုးဆိုးဝါးဝါး လျော့ချခံရမျိုး မဖြစ်နိုင်ပေ။

“မြို့တော်ဝန်။ ဒါကစီးပွားရေးဗျူဟာ တစ်ခုပါ။ နိုင်ငံခြားကုမ္ပဏီတွေကလည်း ဒီဗျူဟာကိုပဲ အသုံးပြုနေကြတာ။ အခုလက်ရှိမှာ မော်တော်ဆိုင်ကယ်နဲ့ ကားဈေးကွက်က ကျယ်ပြန့်လာပြီ။ ပြီးတော့ ဂျပန်နဲ့ ဂျာမန် ကားတွေကလည်း ဈေးကွက်ကို ရယူနေကြတယ်။ ကျွန်တော်တို့တွေက ကျွန်တော်တို့ ကိုယ်ပိုင် ကားတံဆိပ်ကို ထုတ်လုပ်ဖို့ပဲ ပြီးတော့ ဒါက ၁၉၈၅ ငါးနှစ်တာ အစီအစဉ်နဲ့လည်း ထပ်တူကြတယ်”

“ရှန့်ဟိုင်းက SAIC ကားထုတ်လုပ်ရေး အကြောင်း ပြောဖို့ မလိုဘူးလား။ အခုတင် လင်းပြည်နယ်က ဖောကားထုတ်လုပ်ရေးက အစိုးရဲ့ ကြီးမားတဲ့ လုပ်ငန်း အစိုးရရဲ့ ထောက်ပံ့မှု ကောင်းကောင်းရထားတယ်။ သူတို့တွေကလည်း သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းကို အများကြီး မတိုးထုတ်ရဲဘူး။ ဟုတ်တယ်။ ဖုန်းယွီက အဲ့ကန့်သတ်ချက်ကို ကျော်လွန်ဖို့ လုပ်နေတာလား။ အဲ့ကလေးက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး ပြီးတော့ အထက်တန်းကျောင်းတောင် မဆင်းရသေးလူး။ လူငယ်လေးတွေက ရည်မှန်းချက် ကြီးတာက ပုံမှန်ပဲ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်း မင်းအနေနဲ့ ဒီလူငယ်လေး လုပ်သလို လိုက်မလုပ်သင့်ဘူး”

ထိုစကားလုံးများက လက်ထောက်မြို့တော်ဝန်ရှုထံမှ ထွက်လာခြင်း ဖြစ်ကာ ကျန်းရွေ့ချင်ကို ငေါက်သည်ဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။

လက်ထောက်မြို့တော်ဝင် ရှုသည် အတွေ့အကြုံရှိသည်။ ပြီးနောက် ကျန်းရွေ့ချင်သည် ပြည်နယ်အစိုးရ နံပါတ်၁ဆီမှ ထောက်ခံမှုကိုလည်း ဆုံးရှုံးထားသည်။ ကျန်းရွေ့ချင်သည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အကြောင်း ရေးထားသည့် ဆောင်းပါးကို ထုတ်ဝေရန် တောင်းဆိုခဲ့သည်။ ပြည်နယ်အစိုးရ နံပါတ် ၁သည် ကန့်ကွက်သော်လည်း အထက်ပိုင်း အုပ်ချုပ်ရေးများတောင် ဆိုဗီယက် ပြည်ထောင်စုက ကောက်ချက် မချနိုင်ပေ။ ပြီးနောက် ကျန်းရွေ့ချင်သည် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို ပွင့်ပွင့်လင်းလင်း တောင်းဆိုရဲ့သည်။ ထို့အတွက်ကြောင့် ပြည်နယ်အစိုးရ နံပါတ်၁သည် သူ့အား ဆက်လက် မထောက်ခံတော့ခြင်း ဖြစ်သည်။

အစိုးရ နံပါတ်၁၏ ထောက်ခံမှုနှင့် ဆိုပါက ကျန်းရွေ့ချင် ဘာဆက်ဖြစ်နိုင်မည်နည်း။ အထူးလက်ထောက်မြို့တော်ဝန်သည် ကျန်းရွေ့ချင်အတွက် အမြင့်ဆုံးရာထူးပင် ဖြစ်ပေမည်။ ကျန်းရွေ့ချင်သည် ယခု နှစ်ကုန်တွင် ဟာသ တစ်ခု ဖြစ်နေလိမ့်မည်။ သူ့အနေဖြင့် ယခုလက်ရှိ အထူးလက်ထောက်မြို့တော်ဝန် ရာထူးကိုတောင် ဆုံးရှုံးနိုင်ပေသည်။ လက်ထောက်မြို့တော်ဝန်ရှုသည် ထိုနေရာကို ရရန် အခွင့်အရေး ဆက်ရှိနေမည် ဖြစ်သည်။

“လူငယ်လေးလား။ ကလေးလေးလား။ လက်ထောက်မြို့တော်ဝန်ရှု...... လက်ထောက်မြို့တော်ဝန်ရှု ၁၈နှစ်တုန်းက ဘာတွေ လုပ်နေလဲ။ ဘင်းမြို့တော်ကို ဆိုဗီယက် ပြည်ထောင်စုကနေ အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ နည်းပညာကို ဈေးချိုချိုနဲ့ တင်သွင်းဘူးလား။ စက်ယန္တရားကုမ္ပဏီမှာ တာဝန် ရှိသူ တစ်ယောက် ဖြစ်တုန်းက အမြတ် ဘယ်လောက် ရလို့လဲ။ မြို့တော်အတွက် အခွန်ဘယ်လောက် ရအောင် လုပ်ပေးနိုင်ခဲ့လဲ။ အလုပ်သမားတွေရဲ့ လခလစာကကော ဘယ်လောက်လဲ။ အမျိုးသားအဆင့် ပျှမ်းမျှလစာထက် ကျော်လွန်ရဲ့လား”

ကျန်းရွေ့ချင်၏ တလက်ဆက်မေးခွန်းများသည် လက်ထောက်မြို့တော်ဝန်ရှုပါးစပ်ကို ပိတ်သွားစေသည်။

သူတို့နှစ်ယောက် ငြင်းခုံနေကြတာကို ကြည့်ရင်း မြို့တော်ဝန်သည် စားပွဲကို ခေါက်လိုက်ပြီးနောက် ပြောလိုက်သည်။

“ အခု အရမ်းနောက်ကျနေပြီ။ မင်းတို့မှာလည်း တခြား သွားဖို့ နေရာတွေ ရှိဦးမှာပဲ။ ဒီနေ့အစည်းအဝေးတော့ ဒီလောက်ပဲ။ ပြီးတော့ မနက်ဖြန် မနက် ၁၀နာရီမှ ဆက်ပြောကြမယ်”

မြို့တော်ဝန်သည် ယင်းအကြောင်းကို မြို့တော်၏ ပါတီအတွင်းရေးမှူးကို ပြောပြရန် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့အနေဖြင့် ပြည်နယ်အစိုးရ ၂ဆီ ယင်းကိစ္စကို အစီရင်ခံရဦးမည် ဖြစ်သည်။ နောက်ဆုံး ဆုံးဖြတ်ချက် မချခင် ကျန်းရွေ့ချင်အား အကုန် ထောက်ပံ့ရမည်ပင်။

___

All Chapters