← Chapters

အမျိုးသား အမှတ်တံဆိပ်

Vol. 20 Ch. 295

အမျိုးသား အမှတ်တံဆိပ်

Vol. 20 Ch. 295

နောက်တစ်နေ့အစည်းအဝေးတွင် လက်ထောက်မြို့တော်ဝန်ရှုသည် ထိုအစီအစဉ်ကို ဆန့်ကျင်ဆဲ ဖြစ်သည်။ သူ့အနေဖြင့် ယင်းက အလွန်ပင် ရည်မှန်းချက် ထားလွန်းသည်ဟု ကောက်ချက်ချမိ၏။ အကယ်၍ ဖုန်းယွီသည် ရင်းနှီးမြှုပ်နှံလိုပါက သူ့အနေဖြင့် အခြားသော လုပ်ငန်းများကို ရင်းနှီးမြှပ်နှံနိုင်သည့်အပြင် မြို့တော်ကိုလည်း လှူဒါန်နိုင်ပေ၏။

မြို့တော်ဝန်သည်လည်း ရပ်တည်ချက်ကို ပြောင်းခဲ့သည်။ သူ့အနေဖြင့် မော်တော်ဆိုင်ကယ် ပရောဂျက် ချဲ့ထွင်ခြင်းက အကျိုးဖြစ်မည်ဟု ခံစားရသည်။ သို့သော် ကားပရောဂျက်ကိုတော့ မသိပေ။ သူတို့သည် ကျန်းရွေ့ချင်အား ဖုန်းယွီကို သူတို့၏ ဆုံးဖြတ်ချက်ကို ပြောပြရန် ညွှန်ကြားလိုက်သည်။ မြို့တော်ဝန်သည် ကားထုတ်လုပ်ရေး ပရောဂျက်ကို ဖုန်းယွီဆီကို ရောင်းချပြီး ဖုန်းယွီအနေဖြင့် ကားများ ထုတ်လုပ်ရန် စက်ရုံများ တည်ထောင်နိုင်ပေသည်။ သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီတွင် ဆက်လက် ရင်းနှီးမြှပ်နှံရန် မလိုအပ်တော့ပေ။

မြို့တော်ဝန်၏ ရည်ရွှယ်ချက်က ထင်ရှားလွန်းပေသည်။ သူ့အနေဖြင့် ဖုန်းယွီကို ရင်းနှီးမြှပ်နှံစေချင်သည်။ သို့သော် သူ့အနေဖြင့် မြို့တော် ရှယ်ယာများကို လျော့ချခြင်းကို မလိုလားပေ။ ထို့အတွက် လက်ထောက်မြို့တော်ဝန်ရှု ပြောသလို ကျန်းရွေ့ချင်သည် လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

......

“ဘာ မြို့တော်က ကျွန်တော်ဆီ စက်ယန္တရားကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေး ပရောဂျက်ကို ရောင်းချမယ်ဆိုတာ တကယ်လား”

အများပြည်သူများအနေဖြင့် ကိုယ်ပိုင် ကားထုတ်လုပ်သည့် ကုမ္ပဏီကို တည်ထောင်ရန် မှတ်ပုံတင်ခွင့် မရှိသေးပေ။ ထို့အတွက်ကြောင့် ဖုန်းယွီသည် ထိုပရောဂျက်အတွက် စက်ယန္တရားကုမ္ပဏိကို သုံးရန် ဆုံးဖြတ်ချက် ချခဲ့သည်။ အကယ်၍ မြို့တော်အနေဖြင့် သူ့အား ထိုပရောဂျက် ရောင်းချလျှင် သူ့အနေဖြင့် ကောင်းကောင်းစဉ်းစားရန် လိုအပ်ပေသည်။

“ဒါက ယာယီ ပုံစံမျိုးပါပဲ။ ဒါပေမဲ့ ငါတို့အနေနဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့အတွက် လိုဦးမယ်။ မြို့တော်က မော်တော်ဆိုင်ကယ်စက်ရုံ ခွဲတွေ တည်ဆောက်ဖို့အတွက် သဘောတူထားတယ်။ ပြီးတော့ ငါတို့ကလည်း ထောက်ပံ့ပေးမှာ။ ဒါပေမဲ့ မင်းအနေနဲ့ ငါတို့ရဲ့ ဘင်းမြို့တော်ကို ကြော်ငြာပေးရမယ်။ ပြီးတော့ စက်ယန္တရားကုမ္ပဏီရဲ့ ရုံးချုပ်ကလည်း ဘင်းမြို့တော်မှာပဲ ရှိရမယ်”

ကျန်းရွေ့ချင်သည်လည်း မြို့တော်ဝန်၏ ဆုံးဖြတ်ချက်သည် ဖြစ်နိုင်သည်ဟု ခံစားမိသည်။ ထိုပရောဂျက်ကို နှစ်ပိုင်းခွဲခြင်းက သူတို့အနေဖြင့် အမှတ်များ ရနိုင်မည် ဖြစ်ကာ သူတို့၏ အန္တရာယ်ကိုလည်း လျော့ချနိုင်ပေသည်။ သို့သော် ထိုပရောဂျက်ခွဲခြင်းကလည်း ဖုန်းယွီအပေါ် သူလက်ခံ မခံပေါ်လည်း မူတည်နေသေးသည်။ သို့သော် ဖုန်းယွီအနေဖြင့် ယင်း ဆုံးဖြတ်ချက်ကို ချထားပုံပေါ်သည်။

ကျန်းရွေ့ချင်သည် မြို့တော်အစိုးရထဲမှ ဖုန်းယွီအကြောင်း ကောင်းကောင်းနားလည်သည့် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ကျန်းရွေ့ချင်သည် မြို့တော်ဝန်၏ ခွင့်ပြုချက် မပါပါက ကားထုတ်လုပ်သည့် ပရောဂျက်ကို မစတင်နိုင်ကြောင်း ချက်ခြင်း သတိပြုမိသည်။ ထို့အတွက်ကြောင့်သာ မဟုတ်ပါက ဖုန်းယွီအနေဖြင့် မြို့တော်အစိုးရကို ထိုပရောဂျက်ထဲ ပါဝင်စေခြင်း ရှိမည် မဟုတ်ပေ။

မြို့တော် အစိုးရသည် သူတို့၏ အဆက်အသွယ်များကို အသုံးချကာ သူတို့၏ ကားထုတ်လုပ်ရေး ပရောဂျက်အတွက် ခွင့်ပြုချက် ရရန် တောင်းဆိုနိုင်ပေသည်။ ပြည်နယ်အစိုးရ နံပါတ်၁ ဆီမှတောင် အကူအညီများ ရယူနိုင်ပေသည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် ထိုအရာများ အားလုံးထဲတွင် အမြတ်ထွက်သူ ဖြစ်ပုံပေါ်၏။ ကားပရောဂျက်အတွက် ရောင်းချခွင့်ရှိသူမှာ ရှယ်ယာရှင်များ ဖြစ်သည်။ ယင်းမှ မြို့တော်အနေဖြင့် ဘာမျှ အကျိုးအမြတ် ရမည် မဟုတ်ပေ။

“မြို့တော်ဝန်ကျန်း မြို့တော်ရဲ့ သတ်မှတ်ချက်တွေကို ကျွန်တော် သဘောတူပါတယ်။ ကျွန်တော် အခု ပြန်သွားပြီး လီမင်တနဲ့ ဒီပရောဂျက် ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်လိုက်ပါဦးမဘ်”

ဖုန်းယွီသည် အလျင်အမြန်ဖြင့် လက်ခံပြီးနောက် တခါတည်း ထွက်ခဲ့တော့သည်။

“ခဏနေပါဦး။ မင်းအနေနဲ့ ဒီပရောဂျက် ကောင်းကောင်း အလုပ်ဖြစ်မယ်လို့ တကယ်ပဲ တွေးတာလား။ စလွန်းကားဈေးကွက်က တကယ်ပဲ ကြီးလို့လား”

ကျန်းရွေ့ချင်က ဖုန်းယွီအား မေးလိုက်သည်။

“အနာဂတ်ရောက်မှပဲ ကျွန်တော် ဒါကို ပြောပြနိုင်မယ်။ အဲ့ဈေးကွက်က ကြီးကြီးလာတယ်။ ဒါပေမဲ့ ဒီပရောဂျက် အောင်မြင် မအောင်မြင်ကတော့ ကျွန်တော်လည်း ယုံကြည်ချက်တော့ သိပ်မရှိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်။ ကျွန်တော်သာ ဒီပရေားဂျက် မစဘူးဆိုရင် တရုတ်မှာ ကိုယ်ပိုင် ကားအမှတ်တံဆိပ် ရှိလာမှာ မဟုတ်ဘူး။ ကျွန်တော် လုပ်နေတာတွေ အကုန်လုံးက တိုင်းပြည်အတွက်ပဲ”

ဖုန်းယွီသည် မြင့်မြတ်သည့် ပုံစံဖြင့် ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ ပြောတာ ရပ်လိုက်တော့။ မင်းဘယ်ကတည်းက မြင့်မြတ်သွားတာလား။ ထပ်ပြောရမယ်ဆိုရင် အခုလက်ရှိမှာ လွန်ခဲ့တဲ့ နှစ်နှစ်ကထက်စာရင် ပြည်ပကနေ တင်သွင်းတဲ့ ကားတွေက တော်တော်လေး လျော့နည်းလာပြီ ပြီးတော့ ဘယ်လိုလုပ် တရုတ်နိုင်ငံရဲ့ ကားဈေးကွက်ကို နိုင်ငံခြား ကုမ္ပဏီတွေက လာပြီး ထိန်းချုပ်မယ်ဆိုတာ ဖြစ်နိုင်မှာလဲ”

“မြို့တော်ဝန်ကျန်း။ ကျွန်တော်က အချက်တစ်ချက်ကိုပဲ ထုတ်ပြတာပါ။ ဘာကြောင့် တရုတ်နိုင်ငံမှာ နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေက လျော့နည်းလာတာလဲ။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးတွေက များလာလို့ပဲ။ ဒါပေမဲ့ များလာတဲ့ အပိုင်းက ဘယ်ကလဲ။ မိတ်ဖက် ပူးပေါင်းထားတဲ့ စက်ရုံတွေက ကားတွေကြောင့် မဟုတ်ဘူးလား။ အဲ့ကားတွေရဲ့ အမှတ်တံဆိပ်က ဘာလဲ။ အဲ့တာတွေက ရောင်းအား အကောင်းဆုံး ဖြစ်တဲ့ Volkswagenနဲ့ တိုယိုတာ ကားတွေပဲ။ အဲ့ကားတွေက နိုင်ငံခြား အမှတ်တံဆိပ်ပဲ။ မြို့တော်က ဝယ်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘက်စ်ကားတွေကိုပဲ ကြည့်လိုက်။ သူတို့တွေ အကုန်လုံးက နိုင်ငံခြား တံဆိပ်တွေ မဟုတ်ဘူးလား။ အဲ့တာဆိုရင် ကျွန်တော်တို့ရဲ့ ရှန်ဟိုင်းအမှတ်တံဆိပ် ကားတွေကကော ဘာဖြစ်သွားပြီလဲ”

ကျန်းရွေ့ချင်သည် ထိတ်လန့်နေ၏။ ယင်းက အမှန်တရားပင် ဖြစ်သည်။ ရှန်ဟိုင်းသည် အရင်က တိုင်းပြည်၏ ဂုဏ်ဆောင် ဖြစ်ခဲ့သည်။ ယခု သူတို့ ဘယ်ကို ရောက်နေသနည်း။

SAIC ကားထုတ်လုပ်ရေးသည် ယခုလက်ရှိတွင် သူတို့၏ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ထားသည့် စက်ရုံများမှ Volkswagen ကားများကို ရောင်းချနေသည်။ ရောင်းအား တိုးတက်လာပြီး တရုတ်နိုင်ငံသို့ တင်သွင်းသည့်ကားများသည် နည်းလာသော်ငြား ရှန်ဟိုင်း အမှတ်တံဆိပ် ကားများက တဖြည်းဖြည်း နည်းလာသည်။

ဖုန်းယွီ၏ အရင်ဘဝတွင် ရှန်ဟိုင်းကားအမှတ်တံဆိပ်သာမကာ ဟုန်ချီ(ဖောမှ ထုတ်လုပ်သည့် အလံနီကားများ)နှင့် အခြားသော တရုတ်အမှတ်တံဆိပ်ကားများသည် ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံ၏ တရုတ်အမှတ်တံဆိပ်များကို ပြန်ပြီး တိုးတက်အောင် လုပ်သည့် အချိန်တွင် သူတို့သည် ကားဈေးကွက်တွင် နိုင်ငံခြား အမှတ်တံဆိပ်များ နေရာယူထားသည်ကို တွေ့လိုက်ရသည်။

“မြို့တော်ဝန်ကျန်း အမှတ်တံဆိပ် တစ်ခုရဲ့ အရေးပါမှုကို သိလား။ ကျွန်တော်က အဲ့နည်းလမ်းအတိုင်း လုပ်နေတာ။ တကယ်လို့ နိုင်ငံခြား ကုမ္ပဏီက ကျွန်တော်ရဲ့ လေနှင့်မိုး အမှတ်တံဆိပ်ကိုပဲ ဝယ်ယူမယ်ဆိုရင်တောင် သူတို့ ဘယ်လောက်အထိ ကမ်းလှမ်းမယ်လို့ ထင်လဲ”

ဖုန်းယွီသည် ကြွားဝါနေခြင်းမဟုတ်ပေ။ ဥရောပနှင့် အမေရိကမှ ကုမ္ပဏီများသည် လေနှင့်မိုး အမှတ်တံဆိပ်ကို ဝယ်ယူချင်ကြသည်။ ထိုကုမ္ပဏီများက လေနှင့်မိုး အမှတ်တံဆိပ်သည် နည်းပညာမြင့် ထုတ်ကုန်များကို ကိုယ်စားပြုသည်ဟု ခံစားရပြီး သူတို့သည် ထိုအမှတ်တံဆိပ်ကို သူတို့ ထုတ်ကုန်များတွင် အသုံးပြုပါက သူတို့၏ ကြော်ငြာစရိတ်ကို လျော့ချနိုင်မည်ဟု ခံစားရပြီး သူတို့ကို ကောင်းမွန်သည့် ရလဒ်များကိုပေးစွမ်းနိုင်မည် ဖြစ်သည်။ အကြောင်းမှာ ဝယ်ယူသူများအနေဖြင့် လေနှင့်မိုးအမှတ်တံဆိပ်ဆိုလျှင် တီထွင်မှုနှင့် နည်းပညာမြင့်ဆိုသည်အချက်နှင့် တွဲပြီး ဖြစ်သည့်အတွက် ဖြ်စသည်။

“ဘယ်လောက်လဲ”

“အမေရိကန်ဒေါ်လာ သန်း ၁၀၀”

ထိုအမေရိကန်ဒေါ်လာ သန်း၁၀၀သည် လေနှင့်မိုး အမှတ်တံဆိပ်တာမက ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများ၏ မူပိုင်ခွင့် တုန့်ကွမ်းတွင် ရှိသည့် စက်ရုံလည်း ပါဝင်ပေသည်။ အမှတ်တံဆိပ်သည် ဈေးကြီးသော်လည်း ဖုန်းယွီ ပြောသလောက်တော့ မကြီးပေ။

ချီး

ကျန်းရွေ့ချင်သည် ဖုန်းယွီကို မှင်သက်မှုကြောင့် ကြည့်လိုက်သည်။

“အမေရိကန်ဒေါ်လာ သန်း ၁၀၀လား။ အမှတ်တံဆိပ် တစ်ခုက ဒီလောက်အထိ အရေးပါတာလား”

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။

“ကျွန်တော်တို့ရဲ့ ဘီယာစက်ရုံ ဘင်းမြို့တော် ဘီယာကိုပဲ ကြည့်လိုက်လေ။ ဘင်းမြို့တော်မှာ ရှိတဲ့သူတွေနဲ့ ပတ်ဝန်းကျင်က လူတွေက ဒီဘီယာကို သောက်ကြတယ်။ လင်းပြည်နယ်မှာ ယီယာ ရှိသေးလို့လား။ လင်းပြည်နယ်က သူတို့ရဲ့ ဘီယာ လက်ကားဈေးကို ဈေးချိုချိုနဲ့ ရောင်းမယ်ဆိုရင်တောင် ဆိုင်သေးလေးတွေက သူတို့ရဲ့ ဘီယာကို တင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘင်းမြို့တော်က လူတွေက ဘင်းမြို့တော်ဘီယာကိုပဲ သောက်သုံးကြတာလေ။ ဒါကို အမှတ်တံဆိပ် သိရှိမှုလို့ ခေါ်ပြီး အမှတ်တံဆိပ်ရဲ့ တန်ဖိုးလို့ ပြောကြတယ်”

“ကောင်းပြီလေ။ ကျွန်တော် ဘာမှ ထပ်မပြောတော့ဘူး။ ကျွန်တော်က ကိုယ်ပိုင် မော်တော်ဆိုင်ကယ် စတင် လုပ်ဆောင်နေပြီ ဆိုကတည်းက စုန့်ကျန်းကားလို့ ထပ်အသုံးပြုစရာ မလိုတော့ဘူး။ ဘာကြောင့် မြို့တော်ကို မြို့တော်ဝန်အနေနဲ့ စုန့်ကျန်းအမှတ်တံဆိပ်နဲ့ မော်တော်ဆိုင်ကယ် ပရောဂျက်ကို ရောင်းပေးနိုင်မယ်လို့ မပြောပေးနိုင်ရမှာလဲ”

ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်ပြီး

“ဒီအကြောင်း ထပ်ပြောဖို့ မစဉ်းစားနဲ့တော့”

မြို့တော်အနေဖြင့် ကားထုတ်လုပ်ရေး ပရောဂျက် ကောင်းကောင်း အလုပ်ဖြစ်မည်မဟုတ်ဟု မတွေးခဲ့ပေ။ သို့သော် သူတို့သည် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ပရောဂျက်အတွက် အများကြီး မျှော်လင့်ထားသည်။ ဘင်းမြို့တော်တွင် မော်တော်ဆိုင်ကယ်များကိုတောင် ဆောင်းရာသီတွင်တောင် စီးသည်ကို မြင်နိုင်သည်။ စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ ပထမ လေးလပတ်တွင် ရောင်းအား တိုးတက်လာခဲ့သည်။ မြို့တော်၏ ခန့်မှန်းတွက်ချက်မှုအရ ယခုနှစ် ရောင်းအားသည် အစီးရေ နှစ်သိန်းထက် ကျော်မည်ဖြစ်သည်။

မကြာမီတွင် ကျင်းလင်တွင် စက်ရုံခွဲ ဖွင့်ပြီး လည်ပတ်မှုစတင်မည် ဖြစ်ကာ လိုအပ်ချက် များပြားသည့် အချိန်နှင့် အံကိုက် ဖြစ်မည်ပင်။ မော်တော်ဆိုင်ကယ် ပရောဂျက်တွင်လည်း ၁၀၀စီစီ မော်တော်ဆိုင်ကယ်များကို မိတ်ဆက်မည် ဖြစ်သည်။ ဈေးနှုန်းသည်လည်း နည်းပေမည်။ ရောင်းအားသည်လည်း မခန့်မှန်းနိုင်လောက်အောင် ရောင်းရမည် ဖြ်စသည်။ မော်ဒယ်များများ ရောင်းချပါက သူတို့အနေဖြင့် မော်တော်ဆိုင်ကယ်မှ ရောင်းချမည့် အကျိုးအမြတ်များကို မြင်နိုင်မည် ဖြစ်သည်။

သတိူု့သည် စက်ရုံများစွာကို တစ်ပြိုင်နက်တည်း တည်ဆောက်မည် ဖြစ်သော်လည်း အရေအတွက်သည် များမည် မဟုတ်ပေ။ အစီးရေ ငါးသောင်းခန့်သာ ရှိမည် ဖြစ်သည်။ အစပိုင်းတွင် အလုပ်သမားများအနေဖြင့် လေ့ကျင့်မှုမျိုး လိုအပ်သေးသည်။ သူတို့၏ ထုတ်လုပ်နိုင်မှုသည် များမည် မဟုတ်သေးပေ။ သို့သော် နှစ်နှစ်မှ သုံးနှစ်ကြာပြီးနောက် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုသည်လည်း တိုးလာမည် ဖြစ်သည်။ ယင်းက ငန်းအတွင်း ရွှေဉ ရှိနေသည်ဟု ဆိုလိုခြင်း ဖြ်သည်။

ယင်း စုန့်ကျန်းမော်တော်ဆိုင်ကယ်အမှတ်တံဆိပ်သည် နှစ်နှစ် မှ သုံးနှစ်အတွင်း တန်ဖိုးတက်လာမည် ဖြစ်သည်။ ယခုလက်ရှိတွင် ဖုန်းယွီကို ရောင်းချရမည်လော။ ယင်းက မဖြစ်နိုင်ပေ။

ဖုန်းယွီသည် ရုတ်တရက် ကျန်းရွေ့ချင်ကို အမှတ်တံဆိပ်အကြောင်း ပြောမိသည်ကို ရုတ်တရုတ် နော်တရမိသည်။ သူ့အနေဖြင့် လေနှင့်မိုးအမှတ်တံဆိပ် အကြောင်းကို အများကြီး မကြွားဝါသင့်ပေ။

ယခုလက်ရှိတွင် သူ့အနေဖြင့် ကားအမှတ်တံဆိပ် အသစ် ထောင်ရတော့မည် ဖြစ်သည်။ ပြီးနောက် ပုံကြမ်းမှ စရတော့မည်ပင်။ ယင်းက ခက်ခဲပေ၏။

အကယ်၍ ယင်းက ခက်ခဲလျှင်တောင် ဖုန်းယွီက လုပ်မည် ဖြစ်သည်။ ၁၉၉၁မှ ၁၉၉၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် တဟုန်ထိုး ဖြစ်သည်။ လူများ၏ ဝယ်နိုင်စွမ်းသည်လည်း မြင့်မားလာကြသည်။ ပြီးနောက် အနာဂတ် သူဌေးလောင်းများသည်လည်း ထိုကာလတွင် သူတို့၏ စီးပွားရေးကို စတင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထို့ပြင် အစိုးရ၏ ထိုကာလအတွင်း သတ်မှတ်ချက်များက အလွန်ပင် ပြေလျော့သည်။ ပြီးနောက် ဖုန်းဘွီသည် နှစ်အနည်းငယ်မှ စလျှင်တောင် သူ့အနေဖြင့် အနာဂတ် နှစ်များနှင့် အလုပ်သမားများအတိုင်း အတူတူပင် ဖြစ်ပေမည်။ ဖုန်းယွီအနေဖြင့် ယင်းကို မကျေနပ်ပဲ နေမည်နည်း။

မြို့တော်က တင်းကြပ်သည့် အချက်အလက်များ ဖြစ်လျှင်တောင် ဖုန်းယွီအနေဖြင့် လက်ခံဦးမည် ဖြစ်သည်။

All Chapters