သဘောထား ပြောင်းခြင်း
Vol. 20 Ch. 296
လီမင်တသည် ဖုန်းယွီ၏ အချက်ပေးချက်ကို လက်ခံ ရရှိပြီးနောက် ကားစက်ရုံ၏ ဈေးကွက်ပေါက်ဆေးကို တွက်ချက်တော့သည်။ လီမင်တသည် ပဟေဠိ ဖြစ်နေသည်။ ယင်းကားစက်ရုံကား စတင် မလည်ပတ်ရသေးပေ။ ပြီးနောက် ဆောက်လုပ်ရေးကာ စတင်ကာစသာ ဖြစ်နေသေးသည်။ ဖုန်းယွီအနေဖြင့် ဆောက်လုပ်ရေးအတွက် သုံးငွေကို တစ်စုံ တစ်ယောက်က သုံးစွဲနေသည်ကို ရှာတွေ့သွားသည့် အတွက်လော။
သို့သော် ကားစက်ရုံ၏ ဒါရိုက်တာကို ဖုန်းယွီကိုယ်တိုင် ခန့်အပ်ထားခြင်း ဖြစ်ကာ စက်ရုံသည်လည်း အုတ်မြစ်သာ ချရသေးသည်။ ထိုသူအနေဖြင့် ပိုက်ဆံ ဘယ်လောက်များများ သုံးစွဲနေသနည်း။ ပထမအပိုင်း၏ ဆောက်လုပ်ရေး ကုန်ကျစရိတ်ကို မြို့တော်ကိုတောင် အစီရင်ခံစာ မတင်ရသေးပေ။
မကြာမီတွင် လီမင်တသည် လက်ထောက်မြို့တော်ဝန်ရှုဆီမှ ဖုန်းခေါ်ဆိုမှုတ တစ်ခု လက်ခံ ရရှိခဲ့ကာ သူ့အား ကားစက်ရုံ၏ လက်ရှိ တန်ဖိုးကို တွက်ချက်ပြီး သူ့ဆီ အစီရင်ခံစာ တင်ရန် ပြောခဲ့သည်။
ဟ မြို့တော်ကကော ဒီစက်ရုံကို တစ်ခုခု လုပ်မလို့လား။
လီမင်တသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို မေးကြည့်လိုက်ရာ ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီတွင် သူ့ရင်းနှီးမြှုပ်နှံမှုကို တိုးချင်ပြီး ကားစက်ရုံများကို ဆက်လည် တည်ဆောက်လိုသည်။ သူ့သည် ဖုန်းယွီ၏ ချမ်းသာကြွယ်ဝမှုကို အံ့အားသင့် မှင်သက်နေတော့၏။
သို့သော် ထိုကားပရောဂျက်သည် အစပိုင်းတွင် ရလဒ်ကောင်းမည်ဟု မစဉ်းစားနိုင်ပေ။ မြို့တော်အနေဖြင့် ယင်းဆုံးဖြတ်ချက် ချမှတ်သည့်အတွက် ယင်းက ကောင်းသည့် ကိစ္စ တစ်ရပ် ဖြစ်ရမည်ပင်။
လီမင်တသည် သူ့လူများ အကူအညီဖြင့် သူ့တာဝန်အား ပြီးဆုံးအောင် လုပ်လိုက်တော့သည်။ ဆောက်လုပ်ရေးသည် အမြန်ဆောက်လျှင်တောင် မပြီးနိုင်သေးသည့်အတွက် သူ့အနေဖြင့် မြေကွက်၊ အသုံးအဆောင်၊ နည်းပညာနှင့် စက်ရုံ အလုပ်သမားများ၏ ကုန်ကျစရိတ်သာ တွက်ချက်ရန် လိုအပ်သည်။
တစ်ချိန်တည်းတွင် ပြဿနာ အချို့လည်း ရှိနေသေးသည်း။ စက်ယန္တရားကုမ္ပဏီမှ အလုပ်သမားများသည် ပြန်ပြောင်းရွေ့ရေးပင် ဖြစ်သည်။ ထိုအလုပ်သမားများအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုတွင် အလုပ် လုပ်ကိုင်လိုခြင်း မရှိပေ။ လီမင်တသည် ဖောစက်ရုံမှ ခန့်အပ်ထားသည့် ဝန်ထမ်းများအတွက် ဂရုစိုက်စရာ မလိုပေ။ ဖုန်းယွီသည် သူတို့အတွက် စီစဉ်ပေးမည်ဟု လီမင်တ ယုံကြည်နေသည်။
တွက်ချက်မှုများ ပြီးနောက် စက်ရုံ၏ တန်ဖိုးသည် သန်းရှစ်ဆယ်ခန့်သာ ရှိသည်။ ယင်းက လက်ထောက်မြို့တော်ဝန်ရှု၏ တန်ဖိုးမြင့်ပြီး တွက်ချက်ထားသည့် နှုန်းပါပြီးသားဖြ်စသည်။ အကယ်၍ လီမင်တသည် ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ပါက သန်း၅၀သာ ရှိမည်ပပင်။
ဖုန်းယွီသည် တွက်ချက်မှု အစီအရင်ခံစာကို မြင်သည့်အခါ လီမင်တ၏ မျက်နှာကို ပစ်ပေါက်လိုက်သည်။
ဖုန်းယွီသည် ထိုပရောဂျက်၏ စုစုပေါင်း ကုန်ကျငွေအား ရှင်းရှင်းလင်းလင်း သိပေသည်။ ထိုပရောဂျက်သည် စတင်ကာစသာ ရှိသေးသည်။ ပြီးနောက် ဖုန်းယွီသည် စက်ပစ္စည်းများ မည်မျှတန်ဖိုးရှိသည်ကိုလည်း သိသည်။ ဖူကွမ်းကျန်း ဘယ်လောက် ရင်းနှီးမြှပ်နှံထားပြီး မြေတန်ကြေး ဘယ်လောက်ရှိသည် ဆိုသည့် အချက်ကို ရှင်းရှင်းလင်းလင်း သိပေသည်။
ယခုလက်ရှိတွင် အလုပ်သမား အနည်းငယ်သာ စက်ရုံ၏ ဖောင်ဒေးရှင်းအတွက် အလုပ်လုပ်သေးသည်။ ကုန်ကျငွေသည် သန်း ဆယ်ချီကျော်ပြီး ရှိမည်လော။
“လီမင်တ ဒီ အစီရင်ခံစာကို လက်မှတ်ထိုးရဲတယ်ပေါ့။ ဟုတ်လား။”
ဖုန်းယွီက လီမင်တကို စိမ်းစိမ်းကြီး ကြည့်လိုက်သည်။
လီမင်တသည် ချက်ချင်းပင် နောင်တရသွားတော့သည်။ ထို့ပြင် ဖုန်းယွီသည်သာ စက်ယန္တရားကုမ္ပဏီတွင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည့်သူ ဖြစ်သည်။ လီမင်တသည် ရှယ်ယာရှင် အစည်းအဝေးကို ကြိုက်သည့်အချိန်တွင် ခေါ်ပြီး လီမင်တကို အထွေထွေ မန်နေဂျာ ရာထူးမှ ဖြတ်နိုင်သည်။ သူ့အနေဖြင့် အနာဂတ်လှ ပမည် မဟုတ်ေ၌။
လီမင်တက သနားစဖွယ် မျက်နှာဖြင့် ပြောလိုက်သည။
“မန်နေဂျာဖုန်း ဒါက မြို့တော်ရဲ့ ညွှန်ကြားချက်ပါ။ ကျွန်တော်မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါ့အပြင် ကျွန်တော် အခုလက်ရှိ မြို့တော် အစိုးရ အောက်မှာပဲ ရှိပါသေးတယ်။ ဒီအစီရင်ခံစာမှာ ဘာတွေ ပြဿနာ ရှိလည်း ဆိုတာ ကျွန်တော် ထောက်ပြပေးနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ဆို မြို့တော်နဲ့ ညှို့နှိုင်းတဲ့အခါ အထက်စီးမှ ဆွေးနွေးနိုင်ပါလိမ့်မယ်။"
လီမင်တသည် နှစ်ဖက်ချွန်ပုံ မပေါ်ပေ။ တခြားတစ်ဖက်တွင် သူသည် စက်ရုံ၏ တန်ဖိုး များအောင် လုပ်သည်တွင် ကူညီပေးပြီး တခြားတစ်ဖက်တွင် ဖုန်းယွီကို ထိုအစီရင်ခံစာတွင် ပြဿနာရှိသည့် အချက်များကို ပြောပြနေသည်။ ဆွေးနွေးပွဲတွင် သူ့အနေဖြင့် ဘယ်ဖက်မှပါမည်မဟုတ်ပေ။ ပြီးနောက် ဖုန်းယွီကို အစိုးရနှင့် ဆွေးနွေးရန် စီစဉ်ပေးမည်ပင်။
အခြားရှယ်ယာရှင်များဖြစ်သည့် ဖူကွမ်းကျန်းအတွက်မူ သူတို့ နှစ်ယောက်လုံးက သူ့အား မေ့ထားရန် ဆုံးဖြတ်ထားသည်။
ဖုန်းယွီနှင့် မြို့တော် အစီရင်ခံစာကို သဘောတူသည်နှင့် ဖူကွမ်းကျန်းအနေဖြင့် ဘာမှ မလုပ်နိုင်ပေ။ မြို့တော်သည် ဖူကွမ်းကျန်း ဖုန်းယွီဖက်မှ နေပြီး စက်ရုံ၏ တန်ဖိုးကို လျော့ချမည်ကိုလည်း စိုးရိမ်နေသေးသည်။ ဖုန်းယွီအနေဖြင့် ယခုဆွေးနွေးပွဲတွင် ပါဝင်ခိုင်းမည် မဟုတ်ပေ။ အကြောင်းမှာ သူဆီမှလည်း အကူအညီ အများကြီး မရနိုင်၍ ဖြစ်သည်။
ဆွေးနွေးမှုက အဆင်ပြေပြေဖြင့် ပြီးမသွားပေ။ မြို့တော်သည် ပြင်းထန်သည့် တောင်းဆိုမှုများကို ပြုသည်။ သူတို့သည် ဖုန်းယွီအနေဖြင့် ထိုအတည်ပြုထားသည့် စာရွက်စာတန်းများကို သူကိုယ်တိုင်ကိုယ်ကျ အတည်မပြုနိုင်ကြောင်း သိသည်။ ထို့အတွက်ကြောင့် ထိုအတည်ပြုထားသည့် စာရွက်စာတမ်းများသည် အဖိုးတန်ပေးသည်။ အကယ်၍ ကားပရောဂျက်ကို ဖုန်းယွီဆီ ရောင်းလျှင်တောင် ဒေသ အစိုးရ၏ အကူအညီမပါဘဲ ဖုန်းယွီအနေဖြင့် ယင်းစီးပွားရေးကို အထမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
အောင်မြင်သည့် ကုမ္ပဏီ တစ်ခုကို တည်ဆောက်ရန်ကား ခက်ခဲ့ပြီး သို့သော် ဘင်းမြို့တော် အစိုးရအတွက် ကုမ္ပဏီ တိုးတက်မှုကို ရပ်တန့်အောင် လုပ်နိုင်သည့် ကိစ္စက အလွန်လွယ်ကူသည့် ကိစ္စ ဖြစ်သည်။ ဖုန်းယွီသည် ယင်းမြို့တော်မှ မြို့သား တစ်ယောက် ဖြစ်ကာ သူ့တွင် နောက်ခံလည်း မရှိပေ။ မြို့တော်အနေဖြင့် သူ့အား ကြောက်ရွံ့မည် မဟုတ်ပေ။
မြို့တော်သည် ဖုန်းယွီကို ကားစက်ရုံ ရုံးချုပ်အား ဘင်းမြို့တော်တွင်သာ တည်ဆောက်စေလိုပြီး အခြားနေရာများသို့ ပြောင်းရွေ့ရန် ခွင့်မပြုပေ။ ထို့အပြင် ဖုန်းယွီသည် စက်ရုံကိုသွားမည့် လမ်းများကိုလည်း တည်ဆောက်ပေးရမည်ဖြစ်သည်။ မြို့တော်အနေဖြင့် ထိုလမ်းများအတွက် ကုန်ကျငွေ ပေးမည် မဟုတ်ပေ။
ပြည်တွင်းတွင် ဖြစ်စေ ပြည်ပတွင် ဖြစ်စေ ကားကြော်ငြာများတွင်လည်း “ဘင်းမြို့တော်တွင် ထုတ်လုပ်သည်” ဆိုသည့်အကြောင်း ပါရမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ဘင်းမြို့တော်၏ ဂုဏ်သိက္ခာကျဆင်းအောင် မလုပ်ရသေးပေ။ ဖုန်းယွီကို တားထားသည့် တားမြစ်ချက် များစွာ ရှိသေးသည်။
ဖုန်းယွီသည် မြိုတော်က လူရမ်းကားလို သရုပ်ဆောင်နေမှန်း သိပေသည်။ သို့သော် ဖုန်းယွီသည် အလွယ်တကူ အနိုင်ကျင့်နိုင်သည့်လူ မဟုတ်ပေ။ ဖုန်းယွီက ချက်ချင်းပင် တန်ဖိုးဖြတ် အစီရင်ခံစာ၏ အချက်အလက်များကို ပြပြီးနောက် အကယ်၍ စက်ယန္တရားစက်ရုံက ဆုံးဖြတ်ပါက သူ့အနေဖြင့် ဖူမိသားစုနှင့် ပူးပေါင်းပြီး တန်ဖိုးကို လျော့ချမည် ဖြစ်သည်။ ဤနည်းလမ်းတွင် မြို့တော်အနေဖြင့် အများကြီး ဆုံးရှုံးမည် ဖြစ်သည်။
ထို့ပြင် ဖုန်းယွီသည် ဘင်းမြို့တော်ကို စွန့်ခွာနိုင်ပေသည်။ သူ့အနေဖြင့် အခြားသော မြို့များကို သွားကာ မိတ်ဖက်များကို ရှာနိုင်ပေသည်။ သူ့၏ ချမ်းသာကြွယ်ဝမှုနှင့် ဆိုပါက အခြားနေရာများမှ လုပ်ငန်းများသည်လည်း သူနှင့် ပူပေါင်း လုပ်ကိုင်ကြမည် ဖြစ်သည်။ ခွင့်ပြုမိန့် တောင်းခံလွှာသည် ရယူရန် ခက်ခဲသော်ငြား ဘင်းမြို့တော်တွင် ရနိုင်သည် ဆိုကတည်းက အခြားမြို့များတွင်လည်း ရနိုင်ပေသည်။ အဆုံးဆုံး အခြေအနေတွင် သူ့အနေဖြင့် အခြားမြို့မှ အစိုးရ နှင့် အလုပ်လုပ်နိုင်သည်။ တရုတ်နိုင်ငံတွင် ဘင်းမြို့တော်ထက် အနေအထားကောင်းသည့် နေရာများစွာ ရှိသည်။
နှစ်ဖက်လုံးသည် တစ်ပတ်ကြာ ဆွေးနွေးသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် ရုတ်တရက် မြို့တော်အစိုးရ၏ စိတ်ထား ပြောင်းလဲသွားခဲသည်။ မြို့တော်အနေဖြင့် ယင်းပရောဂျက်အား ဖုန်းယွီကို ရောင်းချတော့မည် မဟုတ်ဘဲ ဖုန်းယွီကို စက်ယန္တရားကုမ္ပဏီကို ချဲ့ထွင်ရန်အတွက် ရင်းနှီးမြှပ်နှံရန် သဘောတူလိုက်သည်။
အဘယ်ကြောင့် မြို့တော်၏ စိတ်က အလွန်အပြောင်းအလဲ မြန်သွားသနည်း။ ဖုန်းယွီသည် အဖြေကို လျင်လျင်မြန်မြန်ဖြင့် ရခဲ့၏။
သူသည် မာစတာလူထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့သည်။ သူက ဖုန်းယွီကို ပြောသည်ကား ပါတီဗဟိုကော်မတီသည် အစိုးရ လုပ်ငန်းများအနေဖြင့် အသစ်အဆန်းများကို လုပ်ရဲ ကိုင်ရဲပါက အားပေးသည်ပင် ဖြစ်၏။ ပြည်တွင်း လုပ်ငန်းများသည် နိုင်ငံခြားနည်းပညာများအပေါ် အားကိုးမှုကို လျော့ချပြီး စတင် ဖွံ့ဖြိုးအောင် လုပ်တော့မည်ပင်။
ကော်မတီသည် သူတို့ အားပေးမည့် လုပ်ငန်းများကို ညွှန်ပြထားသည်။ ကားလုပ်ငန်းဖြစ်သည်။ သူတို့ ဖော်ပြထားသည်တွင် အစိုးရ၏ ပေါ်လစီများအပေါ် ပြောင်းလဲမှုမျိုး မကြာမီတွင် ချမှတ်မည် ဖြစ်သည်။ ထိုလုပ်ငန်းမှ အကျိုးအမြတ်များစွာ ရှိကာ ဒေသ အစိုးရအနေဖြင့် ထိုလုပ်ငန်းတွင် ရှိသည့် ကုမ္ပဏီများ၏ တိုးတက်မှုကို ဟန့်တားသည့် အမူအကျင့်များကို ခွင့်မပြုပေ။ ဒေသအစိုးရအနေဖြင့် ထိုကုမ္ပဏီများကို ထောက်ပံ့ပြီး ကူညီ ရမည် ဖြစ်သည်။
ထိုညွန်ကြားချက်များက မြန်မြန်ဆန်ဆန်ပင် ပြည်နယ် အစိုးရနှင့် ဒေသ အစိုးရထံကို ရောက်ရှိခဲ့သည်။ ဘင်းမြို့တော် ပါတီ အတွင်းရေးမှုးသည် ချက်ခြင်းပင် အစည်းအဝေးခေါ်ပြီး လူတိုင်းကို ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ၏ တိုးတက်မှုကို ထောက်ခံ အတည်ပြုရန် ပြောကြားသည်။
မြို့တော်အနေဖြင့် ထိုပရောဂျက်အတွက် ငွေများ ထပ်မထည့်နိုင်သော်လည်း သူတို့သည် ယင်းပရောဂျက်တွင် ပါဝင်ရမည်ပင် ဖြစ်သ်။ သူတို့အနေဖြင့် ထိုပရောဂျက်ကို ဖုန်းယွီကို ရောင်းချပြီး ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအဖြစ် တည်ထောင်ခွင့် မပေးလိုပေ။ ထိုပရောဂျက်သည် ဘင်းမြို့တော်၏ နိုင်ငံရေးရမှတ်ကို ပိုမြင့်တင်ပေးနိုင်သည်။
ဖုန်းယွီသည် ယင်းအကြောင်းကို သိသည်အခါ မာစတာလူ၏ ဆောင်ရွက်ချက်က မြန်ဆန်ကြောင်း ခံစားမိသည်။
မာစတာလူအနေဖြင့် ထို့ကဲ့သို့ ညွှန်ကြားချက်မျိုး ထွက်လာမည့်အရေး လပေါင်းများစွာ ကြာမည်ဟု တွေးခဲ့သည်။ သို့သော် မာစတာလူသည် အချိန်ခဏအတွင်း အရာရာကို အဆင်ပြေအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ဘယ်သူက သိမည်နည်း။
ဖုန်းယွီသည် ငိုချင်သွားတော့သည်။ မာစတာလူ ဘာကြောင့် အရမ်းကို လွှမ်းမိုးနိုင်စွမ်း ရှိရတာလဲ။
သို့သော် ထိုအရာမှ အကျိုးအမြတ်များလည်း ရပေသည်။ ယင်းအဓိပ္ပာယ်ကား စက်ယန္တရားကုမ္ပဏီတွင် မြေနေရာကြီးရှိမည် ဖြစ်ပြီး အနာဂတ်တွင် ထိုနေရာသည် မြို့တော် တိုးချဲ့မှုအတွက် အဟန့်အတား ဖြစ်ရန်လည်း နည်းပေမည်။ ကောင်းကျိုးနှင့် ဆိုးကျိုးလည်း ရှိပေသေး၏။ အချိန်ခဏအတွင်း ဖုန်းယွီသည် အကျိုးအမြတ်အချို့ ရမည် ဖြစ်သော်လည်း အနာဂတ်တွင် မြို့တော်လည်း အကျိုးအမြတ်အတွက် ရှယ်ယာများ ရမည် ဖြစ်သည်။
သူ့မွေးရပ်မြေကို ထောက်ပံ့ပေးသည်ဟု စိတ်ထဲထားရုံ ရှိသည်။ သို့သော် ၃နှစ်မှ ငါးနှစ်အတွင်း ဖုန်းယွီအနေဖြင့် စက်ယန္တရားကုမ္ပဏီကို မြို့တော်မှ လာရောက်နှောက်ယှက်ခြင်းကို ခွင့်ပြုမည် မဟုတ်ပေ။ သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီကို စစ်မှန်သည့် ရှယ်ယာ ကုမ္ပဏီအဖြစ် ပြောင်းလဲရမည်ပင် ဖြစ်သည်။
နောက်ထပ် တွေ့ဆုံဆွေးနွေးမှုသည် မကြာမီတွင် စတင်မည် ဖြစ်သည်။
___