လီသာ့ဖူ
Vol. 20 Ch. 297
မြို့တော်၏ သဘောထား ပြောင်းလဲမှုနှင့် အတူ ဖုန်းယွီ၏ အခြေအနေသည်လည်း ပြောင်းလဲခဲ့သည်။
ပထမက ဖုန်းယွီသည် မြို့တော်ကို ငွေကြေးပေးရမည်ဖြစ်၏။ အကြောင်းမှာ မြို့တော်သည် သူ့ကို ပရောဂျက် ရောင်းမည် ဖြစ်သည့်အတွက် ဖြစ်သည်။ သို့သော် ယခုတွင် ဖုန်းယွီသည် ထိုအခြေအနေများကို သဘောမတူတော့ပေ။
သင် စက်ယန္တရားကုမ္ပဏီကို ရင်းနှံ မြှပ်နှံချင်သည်လော။ ကောင်းပြီ စက်ယန္တရားကုမ္ပဏီ၏ ဈေးကွက်ပေါက်ဈေးနှင့် ကုမ္ပဏီတွင် ဘာမှ မလုပ်သည့် အလုပ်သမားများ၏ အရေအတွက်ကို ရေတွက်ရမည် ဖြစ်သည်။
ယခု တစ်ကြိမ်တွင် ဖူကွမ်းကျန်းသည်လည်း ဆွေးနွေးပွဲကို တက်ရောက်သည်။ ယင်းအစည်းအဝေးပွဲသည် ရင်းနှီးမြှပ်နှံမှု တိုးမြင့်မည် ဖြစ်သည့်အတွက် ရှယ်ယာရှင်များ အားလုံးကို အသိပေးရမည် ဖြစ်သည်။
ဖူကွမ်းကျန်းသည် ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီကို သန်းတစ်ထောင် ရင်းနှီးမြှပ်နှံပြီး ကုမ္ပဏီသည် ကားစက်ရုံများနှင့် မော်တော်ဆိုင်ကယ် စက်ရုံများ တည်ဆောက်မည်ဟု သိရှိသည့်အခါ ကြက်သေသေသွားတော့သည်။
ဖူမိသားစုသည် ကားစက်ရုံ တည်ဆောက်ခြင်းနှင့် ကားပရောဂျက်ကို ထောက်ခံသည်။ သို့သော် ဈေးကွက်ပေါ် တွက်ချက်မှု မပါဘဲ ထည့်ဝင်မှုသည် များလွန်းသည်အတွက် စစချင်းနှစ်များတွင် အရှုံးပေါ်မည် ဖြစ်သည်။ ဖူကွမ်းကျန်းသည် တွန့်ဆုတ်နေခဲ့ပြီး သူ့အဖေနှင့် သူ့ဦးလေးကို ယင်းကိစ္စဆွေးနွေးရန်အတွက် ဖုန်းခေါ်လိုက်သည်။ အဆုံးတွင် ဖူကွမ်းကျန်းသည် သူ့တွင် ထိုပရောဂျက်အတွက် ထည့်ရန်အတွက် ရင်းနှီးငွေမရှိကြောင်း ပြောကာသူ့အနေဖြင့် ရှယ်ယာများ လျော့ချခြင်းကို လက်ခံမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဖုန်းယွီသည် တစ်ခါတည်း ယွမ် သန်းတစ်ထောင်ကို ထည့်ခဲ့သည်။ အကယ်၍ ဖူကွမ်းကျန်းသာ သူ့ရှယ်ယာရာခိုင်နှုန်းကို ဆက်လက် ထိန်းထားချင်ပါက သူထည့်ဝင်ရမည့် ပမာဏသည်လည်း နည်းနည်းနောနော မဟုတ်ပေ။ သူ့အဖေသည် ဟော်ကောင်၏ အိမ်ခြံမြေဈေးကွက်တွင် သူ့တွင်ရှိသည့် ပိုက်ဆံ အကုန် ရင်းနှီးမြှပ်နှံထားသည် ပြီးနောက် ဖူကွမ်းကျန်းသည်လည်း နောက်မှ လိုက်လုပ်ခဲ့သည်။ သူ့တွင်လည်း လက်ရှိတွင် ငွေများ မရှိတော့ပေ။
ထပ်ပြောရပါက သူ့ဦးကြီးသည် တရုတ်နိုင်ငံ၏ ကားဈေးကွက် အထူးသဖြင့် စလွန်းကားများ၏ဈေးကွက်သည် ကြီးထွားလာသော်လည်း ဖုန်းယွီခန့်မှန်းသလောက် မဖြစ်သေးဟု ခံစားမိသည်။ ဖုန်းယွီသည် ယခု ပရောဂျက် ကြီးကြီးတွင် သူ့အနေဖြင့် ငွေများကို စိုက်ထုတ်ကာ ဈေးကွက်ကိုရယူမည် ဖြစ်သည်။
ဖုန်းယွီသည် ကမ်းရိုးတန်းစစ်ပွဲ၊ လန်ဒန်ဂိုးနှင့် ရေနံစိမ်းဈေးကွက်ကို တိတိကျကျခန့်မှန်းနိုငခဲ့သည်။ သူသည် ထိုအရာများမှ အကျိုးအမြတ်များစွာ ရခဲ့သည်။ သူ့အနေဖြင့် ယွမ် သန်းတစ်ထောင်ကို အဆုံးခံနိုင်သည်။ သို့သော် ဖူကွမ်းကျန်းကတော့ မတူပေ။
ဖူရုန်ချီသည်လည်း ဖုန်းယွီအနေဖြင့် ယခုကားထုတ်လုပ်သည့် ပရောဂျက်တွင် ပမာဏ များများ ရင်းနှီးမြှပ်နှံခြင်းက သူ့အနေဖြင့် အချို့နေရာမှ အကျိုးအမြတ်ရရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟု သံသယ ဖြစ်မိသည်။ ပြီးနောက် ဖူကွမ်းကျန်းသည်လည်း ထိုအကျိုးအမြတ်ကို မခံစားရပေ။ ထို့အတွက်ကြောင့် ဖူကွမ်းကျန်းသည် ဖုန်းယွီကို သူ့ရှယ်ယာရာခိုင်နှုန်း လျော့ချရန် ခွင့်ပြုပေးရတော့မည် ဖြစ်သည်။
စက်ယန္တရားကုမ္ပဏီ၏ တွက်ချက်မှုများ ပြီးနောက် စက်ယန္တရားကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ၄၃၂သန်း ဖြစ်သည်။ ဖုန်းယွီသည်လည်း ထိုဈေးတွက်ချက်မှုကို ကျေနပ်ပေသည်။ အစိုးရဝန်ထမ်းများသည် ကုမ္ပဏီ၏ ဈေးကွက်ပေါက်ဈေးကို ဘယ်လိုတွက်ချက်ရမည်မှန်းမသိပေ။ အကယ်၍ ဖုန်းယွီသာ စက်ယန္တရားကုမ္ပဏီ၏ ပေါက်ဈေးကို တွက်ချက်ပါက အနည်းဆုံး သန်း၅၀၀ တန်ကြေးရှိမည် ဖြစ်ကာသူ့အနေဖြင့် တင်ပြချက်များကိုလည်း တင်နိုင်ပေသေးသည်။
ဖုန်းယွီသည် ယွမ်ငွေ သန်း တစ်ထောင် ရင်းနှီးမြှပ်နှံမည် ဖြစ်ကာ ကီရီလန်ကိုထံမှ မှာယူထားသည့် စက်ယန္တရားများ၏ တန်ဖိုးသည် ယွမ် သန်း ၃၀၀ ဖြစ်သည်။
ဖုန်းယွီသည် မြို့တော် အစိုးရကို တော်တော်များများ ပေးသေးသည်။ မြို့တော်အစိုးရ၏ ရှယ်ယာသည် ၇ရာခိုင်နှုန်းအထိ ကျသွားပြီး ဖူကွမ်းကျန်း၏ ရှယ်ယာသည်လည်း လေးရာခိုင်နှုန်းအထိ လျော့ချခံရသည်။ ဖုန်းယွီ၏ ရှယ်ယာသည် ၈၄.၄ရာခိုင်နှုန်းအထိ တိုးသွားခဲ့သည်။ အမည်မဖော်လိုသော ရှယ်ယာရှင် တစ်ယောက်ကား ၀.၆ရာခိုင်နှုန်း ပိုင်ဆိုင်၏။
စာရင်းအင်းဌာနမှ လူများသည် ဖုန်းယွီ၏ လူများ ဖြစ်ကြသည်။ ပြီးနောက် သူသည် လူစွမ်အား အရင်းအမြစ်ဌာနကိုလည်း ထိန်းချုပ်ထားသည်။ အနာဂတ်တွင် စက်ရုံဒါရိုက်တာ အားလုံးနှင့် ကုမ္ပဏီ၏ စီမံခန့်ခွဲရေး အရာထမ်းများသည် သူ့၏ အမိန့်နောက်လိုက်နာရမည် ဖြစ်သည်။ ရှယ်ယာရှင် အစည်းအဝေး၌ ဆုံးဖြတ်မည် ဖြစ်သည်။
ယခုလက်ရှိတွင် မည်သည့် ရှယ်ယာရှင်သည် နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိသူနည်း။ သေချာသည်မှာ ရှယ်ယာများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဖုန်းယွီပင် ဖြစ်သည်။
ဘင်းမြို့တော်ရှိ ကားစက်ရုံ ဆောက်လုပ်ရေးကို အမြန်အပြီးသတ်နေပြီး ဖုန်းယွီသည်လည်း သူ့လူများကို စက်ရုံဆောက်လုပ်ရန် စီစဉ်ထားသည့် ဒေသများကို ဒေသအစိုးရနှင့် ညှိုနှုန်းရန် လွှတ်လိုက်သည်။ သူ့အနေဖြင့် စက်ရုံအကုန်လုံးကို အချိန်တိုအတွင်း အမြန် တည်ဆောက်မည် ဖြစ်သည်။ ဆွေးနွေးမှု ပြီးသည်နှင့် ယခုနှစ်ကုန်ပိုင်းမတိုင်ခင် မြေညှိမည် ဖြစ်၏။
ဖုန်းယွီ တစ်ယောက်တည်း ဟန်ကျိုးကို သွားခဲ့၏။
ဟန်ကျိုးတွင် အရေးကြီးသည့် လုပ်စရာ နှစ်ခု ရှိပေသည်။ ပထမအနေဖြင့် သူ့အနေဖြင့် လဲ့ဟဟ၏ အခြားရှယ်ယာရှင်များထံမှ ရှယ်ယာများကို ရယူရန် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ကျုံးချင်းရှန်ဆီမှ ရှယ်ဘာများကိုတော့ မယူပေ။ အကြောင်းမှာ သူကုမ္ပဏီမှ ထွက်သည်နှင့် နောက်ထပ် ကုမ္ပဏီ တည်ထောင်မည့်အတွက်ကြောင့် ဖြစ်ပေသည်။ ဖုန်းယွီအနေဖြင့် နောက်ထပ် လူတစ်ယောက် ရှာရန်ရှိသည်။ တရုတ်နိုင်ငံ၏ အနာဂတ် ကားလုပ်ငန်း၏ ခေါင်းဆောင် လီသာ့ဖူ ဖြစ်သည်။
လီသာ့ဖူသည် ဖုန်းယွီအရင်ဘဝတွင် အောင်မြင် ကျော်ကြားသည့်သူ ဖြ်စသည်။ သူသည် ကျုံးချင်းရှန်နှင့် အတူတူပင် ဖြစ်၏။ကျုံးချင်းရှန်သည် တရုတ်နိုင်ငံ ဖျော်ရည်လောကအတွက် ခေါင်းဆောင် တစ်ယောက် ဖြစ်ကာ လီသာ့ဖူသည် ပုဂ္ဂလိက ကားထုတ်လုပ်ရေးတွင် သူဌေး တစ်ယောက် ဖြစ်သည်။ သူသည် တရုတ်နိုင်ငံကို ပထမဆုံး ကားအမှတ်တံဆိပ် ရရှိအောင် လုပ်ဆောင်ခဲ့သည့်သူ ဖြစ်ကာ အော်မြင်ကျော်ကြားသူ ၅၀၀ထဲတွင်လည်း ပါခဲ့၏။
သို့သော် ယခုလက်ရှိတွင် လီသာ့ဖူ ဘာလုပ်နေမည်နည်း။ သူသည် ကုမ္ပဏီလေး တည်ထောင်ထားပြီး သူ့စက်ရုံက ကော်ပိုရေးရှင်းကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။ သူ့စက်ရုံသည် ရေခဲသေတ္တာ၏ အစိတ်အပိုင်းများ၊ ပြုပြင်သည့် အစိတ်အပိုင်းများ စသည့် အရာများကို မထုတ်လုပ်ပေ။ သို့သော် သူ့စက်ရုံသည် တရုတ်နိုင်ငံတွင် ပထမဆုံး မက်ကနီဆီယမ် အလူမီနီယမ် သတ္တုစပ်က ပထမဆုံး ထုတ်ခဲ့သည်။ ထိုသတ္တုစပ်သည် အပူဒဏ် ခံနိုင်ပြီး အသံလုံကာ သံချေးတက်ခြင်းမှ ခံနိုင်ရည် ရှိသည်။
ကားတစ်စီးသည် အင်ဂျင်တစ်ခုနှင့် ဘီးလေးဘီးပါသည့် ယဉ်ဖြစ်သည်ဟု ပြောခဲ့သည်သူ ဖြစ်သည်။ ထိုသူသည် ယခုလက်ရှိတွင် “သတ္တုအခွံ”ကိုလည်း စတင်ပြီး ထုတ်လုပ်နိုင်ပြီ ဖြ်စသည်။
အကယ်၍ ဖုန်းယွီသာ မရှိါပက လီသာ့ဖူသည် နှစ်နှစ်မှ သုံးနှစ်ကြာပြီးနောက် မော်တော်ဆိုင်ကယ် ဈေးကွက်သို့ ဝင်မည် ဖြစ်သည်။ မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေးမှ တဆင့် လီသာ့ဖူသည် အကျိုးအမြတ်များကို တွက်ချက်နိုင်ခဲ့ပြီး အင်ဂျင်နှင့် ဘီးများကိုလည်း ရင်းနှီးလာမည် ဖြစ်၏။
သို့သော် ယခုဘဝတွင် သူ့တွင် အခွင့်အရေး မရှိပေ။ ဖုန်းယွီသည် သူ့အစီအစဉ်များကို ဦးအောင် လုပ်လိုက်ပြီ ဖြစ်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့်သူကား ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ ဖြစ်လာမည် ဖြစ်၏။ ကမ္ဘာပေါ်တွင်တောင် အကြီးဆုံး မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ ဖြစ်လာနိုင်၏။
ကောလဟာလများအရ လီသာ့ဖူသည် ဩဇာတိက္ကမနှင့် ပြည့်စုံပြီး အခြားသူများကို အကြံဉာဏ်ပေးလေ့ ရှိကြောင်း ဆိုသည်။ သူ့အနာဂတ်ကုမ္ပဏီသည် မိသားစု စီးပွားရေးမှ စတင်ခဲ့ကာ နောက်မှ အစုရှယ်ယာ ကုမ္ပဏီသို့ ပြောင်းလဲခဲ့သည်။
မိသားစု စီးပွားရေးတွင် ကုမ္ပဏီကို ဦးဆောင်ရန်အတွက် နောက်ထပ် ခေါင်းဆောင်တစ်ဦးကို ခန့်အပ်ခြင်းက ခက်ခဲပေသည်။ ရွေချယ်စရာလည်း များပေးသည်။ သို့သော် အစုရှယ်ယာရှင် ကုမ္ပဏီအတွက်မူ သူတို့အနေဖြင့် သန်းပေါင်းများစွာသော လူထဲမှ နောက်တက်လက်မည့် ဉက္ကဌကို ရွေးချယ်နိုင်ပေသည်။
လီသာ့ဖူသည် သူ့ကုမ္ပဏီကို အကြိမ်ပေါင်းများစွာ ငွေထည့်ခဲ့သည်။ ပ ြီးနောက် သူသည် အောင်မြင်ဆဲ ဖြစ်သည်။ သူသည် သူ့ရှယ်ယာရှင်များကို ထိန်းသိမ်းထားနိုင်ပြီး တစ်ချိန်တည်းတွင် ရံပုံငွေများကို မြင့်တင်ကာ ကုမ္ပဏီကို လျင်မြန်စွာ တိုးတက်အောင် လုပ်ခဲသည့်သည်။
ထို့ပြင် လီသာ့ဖူသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွင်လည်း အာရုံ စိုက်ခဲ့သည်။ သူသည် နည်းပညာများက တရုတ်နိုင်ငံ၏ ကားဈေးကွက်ကို ကြီးထွားရန် ဟန့်တားနိုင်ခြေရှိကြောင်း သူသိသည်။ သူသည် အင်ဂျင်များ၊ ဂီယာဘောက်၊ လျှပ်စစ်ပိုင်း အစရှိသည့် နေရာများတွင် သုတေသနစင်တာများ တည်ဆောက်ကာ သုတေသန ပြုလုပ်စေခဲ့သည်။ ယင်းအချက်က ဖုန်းယွီ သူ့အား လေးစားသည့် အချက်ပင် ဖြစ်သည်။
ယခု တစ်ကြိမ်တွင် ဖုန်းယွီသည် လီသာ့ဖူဆီ ချဉ်းကပ်ချင်ပြီး သူ့အရင်ဘဝက ကောလဟလများကဲ့သို့ လီသာ့ဖူ ဖြစ်မဖြစ်ဆိုသည်ကို သိချင်သည်။ အကယ်၍ ပြောစကားများက မှန်ကန်ပါက သူ့အနေဖြင့် စက်ယန္တရားကုမ္ပဏီ လက်ထောက်အထွေထွေမန်နေဂျာ ရာထူးအတွက် သူ့အား ခေါ်ယူမည် ဖြစ်သည်။ သူသည် ကားထုတ်လုပ်ရေးအတွက် အဓိက တာဝန်ရှိသူ ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီယုံကြည်သည်ကား လီသာ့ဖူသည် လစာကောင်းကောင်းနှင့် ရှယ်ယာများကို စွဲမက်လိမ့်မည် ဖြစ်သည်။ လီသာ့ဖူသည် လစာကောင်းကောင်းကို ငြင်းဆိုနိုင်ပြီး ပြီးနောက် သူ့အနေဖြင့် သူ့ကိုယ်ပိုင် စက်ရုံတွင်လည်း သူဌေး တစ်ယောက် အဖြစ် ရှိမည်ပင်။ သို့သော် ရှယ်ယာများအတွက် သူ့အနေဖြင့် ကုမ္ပဏီ တစ်ခု၏ ရှယ်ယာရှင်တော့ ဖြစ်ချင်ပေလိမ့်မည်။ ဖုန်းယွီအနေဖြင့် ရှယ်ယာများကို တွန့်တိုနေမည် မဟုတ်ပေ။ ရှယ်ယာ ၁ရာခိုင်နှုန်းသည် ယွမ်၁၀သန်းထက်တောင် ပိုတန်ကြေးရှိသည်။
ထိုကမ်းလှမ်းမှုများက လီသာ့ဖူကို ခေါ်ယူရန်အတွက် လုံလောက်ပေသည်။ အကယ်၍ ယင်းက အလုပ်မဖြစ်ပါက ဖုန်းယွီသည် ယခုလက်ရှိ လီသာ့ဖူ၏ ကုမ္ပဏီကို ဝယ်ယူမည် ဖြစ်သည်။ စက်ရုံ တန်ကြေး ၁၀သန်းအောက်ရှိသည့် စက်ရုံများအတွက် ဖုန်းယွီအတွက် ပီကေ စားသလောက်သာ ရှိသည်။
ဖုန်းယွီသည် လီသာ့ဖူ၏ စက်ရုံထဲကို ဝင်သွားခဲ့၏။ လီသာ့ဖူ မင်းငါ့ကို စိတ်ပျက်အောင် မလုပ်လေနဲ့။
___