← Chapters

လာပါ ငါတို့ အိပ်မက်တွေ အကြောင်း ပြောကြရအောင်

Vol. 20 Ch. 298

လာပါ ငါတို့ အိပ်မက်တွေ အကြောင်း ပြောကြရအောင်

Vol. 20 Ch. 298

လီသာ့ဖူသည် ယနေ့တွင် အပြင်တွင် အလုပ်ကိစ္စအချို့ လုပ်ရန် စီစဉ်ထားသည်။ သို့သော် သူသည် သူဌေးကြီးတစ်ယောက်က ယွမ်သန်း ၁၀ကျော် တန်ဖိုးရှိ စီးပွားရေး ဆွေးနွေးမှုအတွက် လာမည် ဖြစ်ကြောင်း ဖုန်းလက်ခံ ရရှိခဲ့သည်။

သူ့စက်ရုံသည် အလွန်သေး၏။ ပြီးနောက် သူ၏ နှစ်စဉ် ဝင်ငွေမှာလည်း အများကြီး မရပေ။ သူ့အနေဖြင့် ယွမ်၁၀သန်းတန်ဖိုးရှိ စာချုပ်ကို တစ်ခါမျှ မကိုင်တွယ်ဖူးပေ။

“မန်နေဂျာလီ။ မန်နေဂျာဖုန်း ရောက်ပါပြီ။”

အတွင်းရေးမှူးက ရုံးတံခါးကို ခေါ်လိုက်သည်။ ပြီးနောက် စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ပြောလိုက်၏။

“မြန်မြန် မန်နေဂျာဖုန်းကို ခေါ်လာခဲ့လိုက်”

လီသာ့ဖူသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ တံခါးနားသို့ လမ်းလျှောက်သွား၏။

အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်တစ်ယောက်သည် ဝင်လာသည်။ လီသာ့ဖူသည် စိတ်ထဲတွင် ဒီကလေးက အရမ်းရိုင်းတာပဲဟု ကျိန်ဆဲနေမိသည်။ သူ့ရဲ့ သူဌေးတောင် မဝင်လာသေးဘူး။ မင်းက ဘာကြောင့် အရှေ့ကနေ ဝင်လာရတာလဲ။

သို့သော် တခဏကြာပြီးနောက် လီသာ့ဖူသည် တစ်ယောက်မှ ဝင်မလာသည်ကို သတိပြုမိလိုက်သည်။ သူသည် အတွင်းရေးမှူးအား ပဟေဠိဆန်ဆန်ဖြင့် ကြည့်လိုက်သည်။

ထိုလူငယ်လေးက လက်ကိုထုတ်ကာ ပြုံးပြီး

“မစ္စတာလီ ကျွန်တော်က ဖုန်းယွီပါ။ ကျွန်တော်တို့တွေ ဖုန်းထဲမှာ စကားပြောပြီးပြီလေ။”

လီသာ့ဖူသည် ဖုန်းယွီကို ရင်းနှီးမှုမပါဘဲ လက်ဆွဲ နှုတ်ဆက်လိုက်သည်။ ပြီးနောက် သူ့မျက်နှာထက်တွင် မယုံကြည့်နိုင်သည့် ပုံပေါက်နေသည်။ ဖုန်းထဲတွင် ဖုန်းယွီ၏ အသံသည် လူငယ်တစ်ယောက်၏ အသံ ပေါက်သော်လည်း သူ့အနေဖြင့် ယင်းက အသံ တစ်ခုတည်းသာ ဖြစ်သည်ဟုသာ တွေးမိသည်။ သို့သော် သူသည် အပြင်တွင် ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်သည့်အခါ မှင်သက်သွားတော့သည်။ သ

မစ္စတာဖုန်းက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူးလား။ သူ့က ယွမ်သန်း၁၀ကျော် တန်ဖိုးရှိတဲ့ စီးပွားရေး သဘောတူညီမှုလား။ သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား။

“မစ္စတာဖုန်း တွေ့ရတာ ဝမ်းတာပါတယ်။ ဒီကိုလာပြီး ထိုင်ပါဦး။ ရှောင်ကျန်း လက်ဖက်ရည် သွားထည့်ချေ။”

ဖုန်းယွီသည် လီသာ့ဖူ၏ ရုံးခန်းကို ကြည့်လိုက်သည်။ ပြီးနောက် သူ့ရုံခန်းသည် ကောင်းကောင်း ပြန်လည်ပြုပြင်ထားသည်ကို သတိပြုမိလိုက်သည်။ ယင်းက အဓိပ္ပာယ်ရှိပေသည်။ ယခုလက်ရှိတွင် လီသာ့ဖူသည် ပြန်လည်ပြုပြင်သည့် ပစ္စည်းများကို လုပ်ကိုင်နေသည်။ အကယ်၍ သူ့ရုံးခန်းသာ ကောင်းကောင်းမပြုပြင်ထားပါက မည်သူ့က သူ့ပစ္စည်းများကို ဝယ်မည်နည်း။

“မစ္စတာလီက ကျွန်တော်ကို မသိတဲ့ပုံပဲ။ ဒါပေမဲ့ အောက်ထပ်မှာ စုန့်ကျန်းမော်တော်ဆိုင်ကယ် နည်းနည်းကို တွေ့ခဲ့တယ်။ ဒီမော်တော်ဆိုင်ကယ်က ကျွန်တော်ရဲ့ ကုမ္ပဏီက ထုတ်လုပ်တာ။”

ဖုန်းယွီသည် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူ့အသက်အရွယ်သည် တခါတရံတွင် လူအများကို သံသယ ဖြစ်စေသည်။ အကယ်၍ သူသာ ဝတ်စုံပြည့် ကျကျနနဝတ်ဆင်ထားလျှင်တောင် သူ့အနေဖြင့် ငယ်ရွယ်သည့်ပုံကို မဖုံးကွယ်နိုင်ပေ။

လီသာ့ဖူသည် အံ့ဩမှင်သက်သည့် အမူအရာဖြင့်

“စုန့်ကျန်းမော်တော်ဆိုင်ကယ်က မန်နေဂျာဖုန်းရဲ့ ကုမ္ပဏီကလား။ ဒါက အံ့ဩစရာပဲ။ ဒီမော်တော်ဆိုင်ကယ်ရဲ့ အပြင်ပိုင်းက တော်တော်လှတာ စီးတဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ စီးလို့ကောင်းတယ်။”

ဖုန်းယွီသည် ယခုလက်ရှိတွင် လီသာ့ဖူ ဆိုင်ကယ်စီးနေသည့်အတွက် အံ့ဩမိ၏။ ယင်းအဓိပ္ပာယ်က သူ့တွင် ပိုက်ဆံများများ မရှိသေးသည်ကို ဆိုလိုခြင်း ဖြစ်သည်။

ယခုနှစ်နှစ်အတွင်း လီသာ့ဖူသည် ပိုက်ဆံ အမြောက်အများရှာနိုင်ခဲ့သည်။ သို့သော် သူ့ငွေအများစုကို ထုတ်လုပ်မှု မြင့်တင်ရန်အတွက် စက်ရုံအသစ်များတွင် ရင်းနှီးမြှပ်နှံသည်။ ကံကောင်းချင်တော့ သူ့ထုတ်ကုန်များသည် ရောင်းကောင်းပေ၏။

“ခင်ဗျားရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ မစ္စတာလီရဲ့ ပြန်လည်ပြုပြင်တဲ့ ပစ္စည်းတွေကလည်း တော်တော်လေး ရောင်းကောင်းတယ်ဆိုတာ ကျွန်တော်မြင်မိတယ်။ ကျွန်တော်ကြားမိတာတော့ အိမ်နီးချင်းပြည်နယ် အများစုက မန်နေဂျာလီ ထုတ်လုပ်ထားတဲ့ မက်ကနီဆီယမ်အလူမီနီယမ် သတ္တုစပ်ကို အသုံးပြုနေကြတယ်လို့ပြောတယ်။”

လီသာ့ဖူက ဒီအတိုင်း ပြောလိုက်သည်။

“ဒါက စီးပွားရေး သေးသေးလေးပါပဲ။ မန်နေဂျာဖုန်းရဲ့ စီးပွားရေးနဲ့ မယှဉ်နိုင်ပါဘူး။ ဘာကြောင့် ဒီကိုလာလည်း ကျွန်တော်က သိချင်နေတာ။ မက်ကနီဆီယမ်အလူမီနီယမ် သတ္တုစပ် ပမာဏ အမြောက်အမြား ဝယ်ယူမလို့လား။”

လီသာ့ဖူအတွက်မူ မက်ကနီဆီယမ် အလူမီနီယမ် သတ္တုစပ်မှလွဲပြီး သူ့စက်ရုံတွင် တခြားကောင်းသည့် ပစ္စည်းများ မရှိပေ။

“မစ္စတာလီ ခင်ဗျားရဲ့ စက်ရုံကို တစ်ချက် လိုက်ပြပေးနိုင်မလား။”

ဖုန်းယွီက ရုတ်တရက်မေးလိုက်သည်။ သူသည် သူကိုယ်တိုင် စက်ရုံ၏ လည်ပတ်မှုမှတဆင့် လီသာ့ဖူ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို မြင်ချင်သည်။

ဖုန်းယွီသည် သူနှင့် ယွမ်၁၀သန်းကျော် စီးပွားရေး ကိစ္စပြောမည်ဆိုကတည်းက အမှာစာသည် သေချာပေါက် များမည် ဖြစ်သည်။ သူ့အနေဖြင့် စက်ရုံသည် အမှာစာများ မပြီးစီးမှာကိုလည်း စိုးရိမ်ပေသေး၏။

“ကိစ္စမရှိပါဘူး။ ကျွန်တော် စက်ရုံကို ကိုယ်တိုင် ကိုယ်ကျခေါ်သွားပါမယ်။ ပြီးတော့ တစ်ချိန်တည်းမျာ ကျွန်တော်တို့ စက်ရုံရဲ့ လည်ပတ်မှုကို ရှင်းပြပေးသွားပါမယ်။”

လီသာ့ဖူက နွေးထွေးစွာဖြင့် ပြန်ပြောလေ၏။

ဖုန်းယွီသည် လီသာ့ဖူ သူ့အား ခေါ်ယူခဲ့သည့် အလုပ်ရုံကို မြင်သည့်အခါ ပစ္စည်းအားလုံးသည် ထုတ်လုပ်ပြီး ဖြစ်နေကြောင်း သတိပြုမိသည်။ သူ့အနေဖြင့် စက်ရုံ၏ အရေးပါသည့် နေရာများကို မခေါ်သွားပေ။ ယင်းက လီသာ့ဖူသည် ဖုန်းယွီအပေါ် သတိရှိမှန်း ပြသခြင်း ဖြစ်သည်။

ဖုန်းယွီသည် စက်ရုံ၏ ပျှမ်းမျှထုတ်လုပ်နိုင်မှုကို တွက်ချက် ကြည့်လိုက်သည်။ ပြီးနောက် ဈေးကွက်ပေါက်ဈေးကို တွက်ချက်ကြည့်လိုက်၏။ သူ့အနေဖြင့် တစ်နှစ်အတွင်း စက်ရုံအနေဖြင့် မည်မျှ ထုတ်လုပ်နိုင်စွမ်း တွက်ချက်နိုင်ပေ၏။

ထိုစက်ရုံသည် တကယ်ပင် ငွေရှာနိုင်ပေသည်။ ထိုစက်ရုံနှင့်ဆိုလျှင် လီသာ့ဖူအနေဖြင့် မီလျံနာ တစ်ယောက်(သန်းကြွယ်သူဌေး) တစ်ယောက် ဖြစ်လာရန် လွယ်ကူပေသည်။ အကယ်၍ သူသည် ထုတ်ကုန်အသစ်များကို ထုတ်လုပ်နိုင်ပါက သူ့အနေဖြင့် ဘီလျံနာတောင် ဖြစ်နိုင်ပေသည်။

စက်ရုံ၏ လည်ပတ်မှုသည် ချောမွေ့ပြီး ရှင်းလင်းသေသပ်၏။ အလုပ်ရုံများသည်လည်း သန့်ရှင်းပြီး မရှုပ်ပွပေ။ ယင်းက သူ့အနေဖြင့် စက်ရုံကို ကောင်းကောင်း စီမံခန့်ခွဲနေကြောင်းပြသရာ ရောက်ပေသည်။

ရုံးခန်းကို ပြန်ရောက်သည့်အခါ လီသာ့ဖူသည် ဖုန်းယွီကို မျှော်လင့်တစား ကြည့်နေသည်။ သူသည် ဖုန်းယွီကို စက်ရုံ၏ သိသာမြင်သာသည့် နေရာများကို ခေါ်ဆောင်သွားသည်။ ပြီးနောက် ဖုန်းယွီသည် သူ့စက်ရုံ၏ လုပ်နိုင်စွမ်းကို မြင်နိုင်သွားမည် ဖြစ်သည်။

“မစ္စတာလီ ခင်ဗျားရဲ့ စက်ရုံက တော်တော် ကောင်းကောင်းမွန်မွန်နဲ့ လည်ပတ်နေတာပဲ။ အနာဂတ်ကျ ဒီစက်ရုံကို ကျောက်ချ လုပ်မှာလား။”

ဖုန်းယွီက ရုတ်တရက်မေးလိုက်သည်။

လီသာ့ဖူသည် တခဏကြာ ရပ်လိုက်ပြီးနောက် မင်းက အခု အမှာစာတွေအကြောင်း ပြောမှာ မဟုတ်ဘူးလား။

“အခုက ယာယီပါပဲ။ စက်ရုံ တိုးတက်လာမယ်ဆိုရင် ကျွန်တော်အနေနဲ့ နောက်ထပ် အရာတွေ လုပ်ဖို့ တွေးမှာပါ။”

“ခင်ဗျား မော်တော်ဆိုင်ကယ်လုပ်ပိုင်းဆိုရင်ကော ဘယ်လိုတွေးလဲ။”

လီသာ့ဖူသည် ပဟေဠိ ဖြစ်သွားသည်။ အဘယ်ကြောင့် ဖုန်းယွီက ဒီလို ထူးထူးဆန်းဆန်းမေးခွန်း မေးရတာလဲ။ သူက မော်တော်ဆိုင်ကယ် ထုတ်လုပ်နေတဲ့ စီးပွားရေး သမား လေ။ ပြီးတော့ ငါက ပြန်လည်ပြင်ဆင်ရေး ပစ္စည်းတွေနဲ့ လုပ်ကိုင်နေရတာ။ သူ့ကုမ္ပဏီရဲ့ တိုးတက်မှုက ငါနဲ့ ဘာလုပ်နိုင်မှာလဲ။

“မန်နေဂျာဖုန်း ခင်ဗျားဆိုလိုတာကို ကျွန်တော် နားမလည်ဘူး”

“မစ္စတာလီ ခင်ဗျားကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ခင်ဗျားစက်ရုံရဲ့ တိုးတက်မှုက အဆင်ပြေတယ်လို့ ပြောနိုင်တယ်။ မင်းမှာ တစ်နှစ်ကို သန်းပေါင်းဆယ်ချီ ရောင်းရမှာပဲ ပြီးတော့ ခင်ဗျားရဲ့ အမြတ်ကလည်း သန်းချီလိမ့်မယ်။ ဒါပေမဲ့ ဒါကို ပြောရတဲ့အတွက် ကျွန်တော် ဝမ်းနည်းပါတယ်။ ခင်ဗျားရဲ့ စက်ရုံ ဘယ်လောက်တိုးတက် တိုးတက် လုပ်နိုင်စွမ်းကတော့ အတူတူ ဖြစ်နေတုန်းပဲ။ အဲတာက ခင်ဗျားရဲ့ကုမ္ပဏီ တိုးတက်ဖို့အတွက် ခက်ခဲလိမ့်မယ်။ ခင်ဗျားရဲ့ ထုတ်ကုန်အတိုင်း ထုတ်လုပ်နေတဲ့ စက်ရုံအမြောက်အမြားရှိတယ်။ စက်ရုံအများစုကလည်း ခင်ဗျားရဲ့ စက်ရုံက နည်းပညာတွေ ရှိကြတယ်။”

လီသာ့ဖူက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“မန်နေဂျာဖုန်း ဘာပြောဖို့ ကြိုးစားနေတာလဲ။”

“မစ္စတာလီ ခင်ဗျားမှာ အိပ်မက်ရှိလား။”

ဟာ.. လီသာ့ဖူ ပါးစပ်အဟောင်းသား ဖြစ်သွာသည်။ သူသည် ဖုန်းယွီရုတ်တရက် ပြောင်းလိုက်သည့် မေးခွန်းကြောင့် ကြောင်တော်တော် ဖြစ်သွားသည်။

အိပ်မက်လား။

အသက်နှစ်ဆယ်တောင် မပြည့်သေးသည့် တစ်ယောက်က သူနှင့် အိပ်မက်အကြောင်း ပြောချင်နေသည်လော။ လီသာ့ဖူသည် အသက်သုံးဆယ်နားကပ်နေပြီ ဖြစ်သည်။ ထိုဖုန်းယွီက အလွန်ပင် ထူးဆန်းပေ၏။ သို့သော် ယခုနှစ်များတွင် လီသာ့ဖူသည် စီးပွားရေးလုပ်ငန်းရှင်ပေါင်းစုံနှင့် တွေ့ဖူးသည်။ အချို့မှာ သူနှင့်အတူ ဘာသာရေး အကြောင်းတောင် ဆွေးနွေးကြပေ၏။

“မစ္စတာဖုန်း လူတိုင်းမှာ အိပ်မက်ရှိပါတယ်။ ပြီးတော့ အိပ်မက်တွေက မတူကြပါဘူး။”

လီသာ့ဖူသာ ပုံမှန်အတိုင်း အဖြေပေးလိုက်သည်။

ဖုန်းယွီသည် လီသာ့ဖူ၏ ဖြေဆိုမှုကို မနှစ်သက်ပေ။ သူ၏ ပထမဆုံးအမြင်တွင် လီသာ့ဖူသည် ကောင်းပေသည်။ ပြီးနောက် သူသည် လီသာ့ဖူကို မော်ကြွားသည့်လူဟု ပြောနိုင်ပေသည်။

ထို့အတွက်ကြောင့် ဖုန်းယွီသည် လီသာ့ဖူနှင့် အိပ်မက်အကြောင်း ပြောလိုခြင်း ဖြ်စသည်။ ယင်းက အပ်ပဲလ်သည် ပက်စီဥက္ကဌကို ခေါ်ရန် ကြိုးပမ်းပုံနှင့် တူပေ၏။ ထိုအချိန်က စတိဂျော့၏ ပက်စီဥက္ကဌကို ပြောပုံက ရာဇဝင် တွင်ခဲ့သည်။

“ခင်ဗျားရဲ့ တစ်ဘဝလုံး သကြားရည်ရောင်းရင်းနဲ့ ကုန်ဆုံးချင်တာလား။ ဒါမှမဟုတ် ကျွန်တော်နဲ့အတူ ကမ္ဘာကြီးကို ပြောင်းလဲချင်လား။”

“မစ္စတာလီ အဲ့တာဆိုရင် ကျွန်တော် အိပ်မက်အကြောင်း ပြောချင်တယ်။ အခုလက်ရှိ ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ပါ။ တရုတ်က တံခါးပွင့်လာတာနဲ့ အမျှ နိုင်ငံခြားကုမ္ပဏီ များစွာက ဝင်ရောက်လာကြတယ်။ ဒါက ကျွန်တော်တို့ရဲ့ တရုတ်အမှတ်တံဆိပ်တွေအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိတယ်။ အခုလက်ရှိမှာ စီးပွားရေး ကောင်းကောင်း လည်ပတ်တယ်လို့ ပြောနိုင်ပေမဲ့ ပိုက်ဆံအများစု ရတာက နိုင်ငံခြားက လူတွေပဲလေ။ ကျွန်တော်ရဲ့ အိပ်မက်က နိုင်ငံခြားသားတွေက တရုတ်နိုင်ငံကနေ ပိုက်ဆံ ယူတာ ရပ်တန့်ဖို့ပဲ။ ကျွန်တော်ရဲ့ အိပ်မက်က အဲ့နိုင်ငံခြားသားတွေရဲ့ ပိုက်ဆံကို ပြန်ယူဖို့ပဲ။”

ဖုန်းယွီသည် ပိုက်ဆံ ရှာသည့် အကြောင်းသာ ပြောသည်။

“မန်နေဂျာဖုန်းက တကယ်ကို ရည်မှန်းချက် ကြီးတဲ့သူပဲ ပြီးတော့ အိပ်မက်ကလည်း အကြီးကြီးပဲ။ ကျွန်တော်လည်း ဒီအကြောင်းကို စဉ်းစားမိတယ်။ ကျွန်တော်ရဲ့ မက်ကနီဆီယမ်အလူမီနီယံ သတ္တုစပ်အပြားတွေကိုပဲ ကြည့်။ကျွန်တော်တို့ စက်ရုံ မထုတ်လုပ်နိုင်တုန်းက ကျွန်တော်တို့တွေ ဒီသတ္တုစပ်တွေကို နိုင်ငံခြားကနေ တင်သွွင်းရတာ။ ဈေးကတော့ ကြောက်ခမန်းလိလိပဲ။ မန်နေဂျာဖုန်း ပြောသလိုပဲပေါ့။ ကျွန်တော်တို့ရဲ့ ငွေတွေကို နိုင်ငံခြားသားတွေက ယူကြတာ။ ဒါပေမဲ့ အခါက စပြီး အဲ့ဒီနိုင်ငံခြားတွေက ကျွန်တော်တို့ဆီကနေ ဒီသတ္တုတွေကနေ ငွေရှာနိုင်အောင် မလုပ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကြောင့်လေ။ ကျွန်တော်က တခြားသူတွေနဲ့ မတူဘူး။”

ဖုန်းယွီက ရှက်ပြုံးပြုံးကာ

“ဒီအဓိပ္ပာယ်က ကျွန်တော်တို့မှာ ရှိတဲ့ အိပ်မက်က အတူတူပဲလို့ ဆိုလိုတာပဲ။ အဲ့တာဆို ကျွန်တော်နဲ့ အတူအလုပ်လုပ်ပြီး ကျွန်တော်တို့ အိပ်မက်ဆီ လျှောက်သွားဖို့ စိတ်ဝင်စားလား။”

___

All Chapters