← Chapters

လူတိုင်းတွင် အိပ်မက် ကိုယ်စီ ရှိကြသည်

Vol. 20 Ch. 299

လူတိုင်းတွင် အိပ်မက် ကိုယ်စီ ရှိကြသည်

Vol. 20 Ch. 299

“ကျွန်တော်နဲ့ အတူအလုပ်လုပ်ပြီး ကျွန်တော်တို့ အိပ်မက်ဆီ လျှောက်သွားဖို့ စိတ်ဝင်စားလား။”

လီသာ့ဖူ၏ ခေါင်းထဲတွင် မေးခွန်များ ထပ်ခါထပ်ခါ ပေါ်လာတော့သည်။

ဘယ်သူကများ မင်းနဲ့ အိပ်မက် အတူတူ ရှိနိုင်မှာလဲ။ ငါက မင်းပြောတဲ့ အတိုင်းလုပ်မယ်ဆို မင်းက အဲ့အရာကို အလေးအနက် ထားလုပ်မှာလား။

မင်းက မော်တော်ဆိုင်ကယ် ထုတ်လုပ်သူ ပြီးတော့ ငါက ပြန်လည်ပြုပြင်တဲ့ ပစ္စည်းတွေ ရောင်းတဲ့သူ။ ငါတို့ စက်ရုံ အချင်းချင်းက ဘာမှ နှီးနွှယ်စရာမရှိဘူး။ မင်းရဲ့ မော်တော်ဆိုင်ကယ်မှာ မက်ကနီဆီယမ် အလူမီနီယမ် သတ္တုစပ်ကို သုံးလို့ ရမှာ မို့လို့လား။

အမှန်တကယ်တွင် လီသာ့ဖူ၏ စက်ရုံသည် မက်ကနီဆီယမ် အလူမီနီယမ် သတ္တုစပ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီးနောက် သူသည် ထိုသတ္တုစပ်ကို ပြန်လည်ပြုပြင်သည့် ပစ္စည်းများတွင်လွဲပြီး ကျန်သည့် မည်သည့်နေရာတွင် အသုံးပြုနိင်မည်ကို စဉ်းစားနေသည်။ ပြန်လည်ပြုပြင်သည့် ဈေးကွက်သည် အလွန်ပင် သေးလွန်းပေသည်။

လီသာ့ဖူ စဉ်းစားထားပြီး သုတေသန လုပ်ထားသည့် အပိုင်းတွင် မော်တော်ဆိုင်ကယ်တွင် မပါပေ။

“မန်နေဂျာဖုန်း ခင်ဗျား ဘာကို ပြောဖို့ ကြိုးစားတာလဲ။”

ဖုန်းယွီက ရယ်လိုက်သည်။ လီသာ့ဖူကို ဖုန်းယွီက ခေါင်းရှုပ်အောင် လုပ်နေသည်။ ယင်းက ကောင်းသည့် အရာ ဖြစ်သည်။

“မစ္စတာလီ ကားမောင်းတက်လား။ ကားဈေးကွက်ဆိုရင်ကော ဘယ်လိုလဲ။”

“ကားဈေးကွက်လား”

လီသာ့ဖူ၏ မျက်လုံးများသည် မှင်သက်မှုကြောင့် ပြူးကျယ်သွားတော့သည်။ ထိုမော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ဖုန်းယွီက ကားထုတ်လုပ်ချင်သည်လော။

အကယ်၍ ဖုန်းယွီသာ အမှန်ပင် ကားထုတ်လုပ်ချင်ပါက ယင်းက သူနှင့် သေချာပေါက် ဆက်သွယ်ပေလိမ့်မည်။ အလူမီနီယမ် သတ္တုစပ်ကို ကားများတွင်လည်း အသုံးပြုသည်။ ယင်းက စတီးထက် ပိုပြီး ပေါ့ကာ ကားများ၏ အလေးချိန်ကို လျော့ချနိုင်ပေသည်။ ထပ်ပြောရပါက သံချေးတက်ရန် မလွယ်ပေ။

ယင်းအဓိပ္ပာယ်ကား ဖုန်းယွီသည် အမှန်တကယ် ကားထုတ်လုပ်ရန် ဆန္ဒရှိခြင်းပင် ဖြ်စသည်။

အကယ်၍ တစ်နှစ်လျှင် ကားအစီးရေ တစ်သောင်းသာ ထုတ်လျှင်ပြီး ကားများအားလုံး သူ့သတ္တုစပ်ကို အသုံးပြုပါက ယင်းက ကြီးမားသည့် စီးပွားရေး စာချုပ်ပင် ဖြစ်မည် ဖြစ်ကာ စက်ရုံအတွက် အကျိုးအမြတ်များစွာလည်း ဆောင်ယူနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ကားဈေးကွက်ကလည်း တိုးတက်နေတာ ပြီးတော့ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်းတွေကလည်း တိုးတက်လာပြီ။ ဒါကြောင့် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကလည်း များပြားလာပြီ။ ကျွန်တော်တို့ရဲ့ ထိုက်ချန်နဲ့ ဟန်ကျိုးကိုပဲ ကြည့် ဒီနှစ်နှစ်အတွင်းကို ကားတွေများ များလာလိုက်တာ။ ကားဈေးကွက်က တကယ်ကို အလားအလာအများကြီး ရှိတယ်။”

သို့သော် ကားဈေးကွက်သည် တိုးတက်နေပြီ ဖြစ်ကြောင်း လီသာ့ဖူ သိသော်လည်း ကားထုတ်လုပ်သူများ၏ ထုတ်လုပ်မှုနှုန်းလည်း တိုးတက်လာသည်ကို သိပေသည်။ ပြည်ပမှ တင်သွင်းသည့် ကားများတောင် ရှိသေးသည်။ သူ့အနေဖြင့် ထိုဈေးကွက်သို့ အသစ်ဝင်ရောက်မည့်သူအနေဖြင့် အရမ်းကြီး အမြင်မရှိသေးပေ။

ယခုလက်ရှိ တရုတ်နိုင်ငံ၏ အဓိက သယ်ယူပို့ဆောင်ရေးသည် မော်တော်ဆိုင်ကယ်များ ဖြစ်ပေသည်။ ဖုန်းယွီသည် သူ့မော်တော်ဆိုင်ကယ် ဈေးကွက်တွင် အကျိုးအမြတ်များစွာ ရရှိသည့်အတွက် သူ့အနေဖြင့် ကားများထုတ်လုပ်ရန် တွေးလိုက်ခြင်း ဖြစ်သည်။ ယင်းက နောက်နှစ်နှစ်တွင် ပြဿနာ တစ်ရပ် ဖြစ်မည် မဟုတ်ပေ။ အကယ်၍ သူသည် ယခုစလျှင်တောင် အချိန်စောနေသေး၏။

“မစ္စတာလီကော ကားထုတ်လုပ်ရေးက အလားအလာ ရှိတယ်လို့ မထင်ဘူးလား။ ဒါက တကယ်ကောင်းတယ်နော်။ ငါတို့အိပ်မက်က တူနေပြန်ပြီ။”

လီသာ့ဖူက “......”

စိတ်မရှိပါနဲ့ ငါ့အနေနဲ့ အိပ်မက် တူမတူ ဒါမှမဟုတ် မင်းငါ့ဆီကနေ အမှာစာများများမမှာသ၍ ငါဂရုမစိုက်ဘူး။

“မစ္စတာလီ ကျွန်တော်တို့ရဲ့ တရုတ်ကားထုတ်လုပ်ရေးအနေနဲ့ တစ်ချိန်မှာ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ် ဖြစ်လာမယ်ပြီးတော့ ကမ္ဘာ့နံပါတ်၁ ဖြစ်နိုင်တယ်ဆိုတာကို တွေးမိဘူးလား။”

ဖုန်းယွီက ဆက်ပြောလိုက်သည်။

ကမ္ဘာ့နံပါတ်တစ်လား။

လီသာ့ဖူက ဖုန်းယွီ ရူးနေပြီဟု ခံစားမိသည်။ ကမ္ဘာတွင် ပြောရန် မဆိုထားနှင့် တရုတ်နိုင်ငံတွင်တောင် ကားထုတ်လုပ်ရေး လုပ်ငန်းများစွာ ရှိသည်။ သူတို့၏ ထုတ်လုပ်မှုနှင့် အရေအတွက် ပြီးနောက် နည်းပညာများသည် တရုတ်နိုင်ငံတွင် အကောင်းဆုံး ဖြစ်သည်။ ကားထုတ်လုပ်ရေး လုပ်ငန်းအသစ်အနေဖြင့် တရုတ်နိုင်ငံ ဈေးကွက်တါင် ရှင်သန်ရန်ကား မလွယ်ကူပေ။ ပြီးနောက် ကမ္ဘာ့နံပါတ်တစ် ကားထုတ်လုပ်ရေးကို စဉ်းစားသေးသည်လော။

အိပ်မက်ရှိခြင်းက ကောင်းသည့် အရာ ဖြစ်သည်။ သို့သော် ယင်းက လက်တွေ့တွင် ယုတ္တိရှိရပေမည်။ လီသာ့ဖူသည် ဖုန်းယွီ၏ အိပ်မက်များသည် တရုတ်နိုင်ငံ၏ ဈေးကွက်တွင် ရှင်သန်ရမည် ဖြစ်ကာ ဈေးကွက်ဝေစုရမှ အဆင်ပြေမည်ဟုခံစားမိသည်။ သို့သော် ကမ္ဘာ့နံပါတ်တစ် ဖြစ်ချင်ပါက သူသည် တရုတ်နိုင်ငံတွင် နံပါတ်တစ် ပထမဆုံး ဖြစ်ရပေမည်။

“မန်နေဂျာဖုန်းက တကယ်ကို ရည်မှန်းချက် ကြီးတာပဲ။”

လီသာ့ဖူသည် ဘာပြောရမည်မှန်းမသိတော့ပေ။

အနာဂတ်တရုတ်နိုင်ငံ၏ ကားဈေးကွက်သည် ကားဈေးကွက်အတွက် အကြီးဆုံး ဈေးကွက် ဖြစ်ပေမည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း လျင်လျင်မြန်မြန်ဖြင့် တိုးတက်လာမည် ဖြစ်သည်။ ၁၉၉၅နောက်ပိုင်းမှ စကာ ကားဈေးကွက်က စတင်ပြီး တိုးတက်လာခဲသည်။ ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ကားဈေးကွက် တိုးတက်မှုသည် ပိုပြီးတောင် မြန်ဆန်လာခဲ့သည်။ ကမ္ဘာကုန်သွယ်ရေး အဖွဲ့အစည်းကို တရုတ်နိုင်ငံက ၂၀၀၃ခုနှစ်တွင် ဝင်ရောက်ပြီးနောက် နောက်ထပ် ကားဈေးကွက်သည် တိုးတက်လာခဲ့သည်။

ဖုန်းယွီ၏ အရင်ဘဝတွင် တိုယိုတာနှင့် Volkswagon ၏ တရုတ်နိုင်ငံ ကားဈေးကွက်တွင် ဝင်ရောက်နိုင်ခဲ့ခြင်းက ကမ္ဘာ့နံပါတ်တစ်နှင့်နှစ် ကားထုတ်လုပ်သူ ဖြစ်လာစေခဲ့သည်။ အကယ်၍ ဖုန်းယွီသာ တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစုကို များများ ရနိုင်ပါက ဖုန်းယွီအနေဖြ်င့ ကမ္ဘာ့ထိပ်တန်း မော်တော်ကား ရောင်းချသူ ဖြစ်လာမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကားဈေးကွက်သည် အနာဂတ်တွင် ကြီးလာရုံသာ ရှိသည်။ ပြီးနောက် ဖုန်းယွီသည် ဈေးကွက်ဝေစုများများကို ရယူရမည် ဖြစ်သည်။

“မစ္စတာလီ အိပ်မက်တွေ ရှိခြင်းရဲ့နောက်ကွယ်မှာ အရေးပါတဲ့ အကြောင်းအရာတွေ ရှိတယ်။ တကယ်လို့ အိပ်မက်တွေက အမှန်တကယ် ဖြစ်လာမယ်ဆိုရင် ဘယ်လို ဖြစ်မလဲ။ အရေးကြီးဆုံးအရာက အိပ်မက်ဆီ ရောက်ဖို့အတွက် ကြိုးကြိုးစားစား လုပ်ကိုင်ပြီး တစ်နေ့မှာ အိပ်မက်တွေက အမှန် ဖြစ်လာဖို့ပဲ။ တကယ်လို့ တစ်နေ့မှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ရပ်နိုင်တဲ့ တစ်နေ့မှာ ကျွန်တော်တို့အနေနဲ့ တစ်ကမ္ဘာလုံးကို ဇွဲလုံ့လရှိခြင်းက အိပ်မက်တွေကို တစ်နေ့အောင်မြင်နိုင်တယ်လို့ ကြေငြာနိုင်တယ်။ အိပ်မက်က ဘယ်လောက်တောင် လှလိုက်သလဲ။”

ဖုန်းယွီ၏ စကားလုံးများသည် အလွန်ပင် အားပေးရာရောက်ပေသည်။ ထိုခေတ်အခါက စွန့်ဦးတီထွင်သည့်လူများသည် အခြားသူများနှင့် အလုပ်လုပ်ကိုင်ရသည်မှာ ကျေနပ်ခြင်း မရှိပေ။ လီသာ့ဖူသည် ၁၉၈၆ခုနှစ်တွင် သူ့ကိုယ်ပိုင် စီးပွားရေးကို စတင် လုပ်ကိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အလုပ်သမားအနည်းငယ်ရှိသော အလုပ်ရုံ သေးသေးလေးမှ အလုပ်သမားရာချီရှိသည့် စက်ရုံအဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့သော် ယင်းက သူ့အိပ်မက်မှ ဝေးနေဆဲ ဖြစ်သည်။

လီသာ့ဖူသည်လည်း သူ့ထုတ်ကုန်များကို တရုတ်တစ်နိုင်ငံလုံးတွင်သာမက ပြည်ပတွင်ပါ ရောင်းချရန် အိပ်မက်မက်ခဲ့၏။ သို့သော် အမှန်တကယ်တွင်း ယင်းက သူ့တွင် ရှိသည့် အိပ်မက် တစ်ခုသာ ဖြစ်သည်။ သူသည် ပြုပြင်ပြင်ဆင်ရေး ပစ္စည်းများကိုသာ ရောင်းချနိုင်သည်။ သူ့အနေဖြင့် တရုတ်နိုင်ငံတွင် မက်ကနီဆီယမ် အလူမီနီယမ်သတ္တုစပ်များကို နံပါတ်တစ် တွင် ရောင်းချနိုင်မည်ဟု တွေးလိုက်သည့်အချိန်တိုင်း မကြာမီတွင် အခြားသော စက်ရုံများသည်လည်း ထိုသတ္တုစပ်ကို ထုတ်လုပ်သည်ကို တွေ့ရှိခဲ့၏။ သူ့ထုတ်ကုန်များသည် တရုတ်နိုင်ငံတွင်တောင် မရောင်းချနိုင်ရုံသာမက အိမ်နီးချင်းပြည်နယ်များတွင်တောင် မရောင်းချနိုင်ပေ။ သူ့တွင် ပြိုင်ဖက်များစွာ ရှိ၏။

သို့သော် စိတ်ထဲတွင်တော့ သူရှုံးနိမ့်သည်ဟု ဝန်မခံပေ။ သူတစ်နေ့တွင် အောင်မြင်လာလိမ့်မည်ဟု စွဲမြဲစွာယုံကြည်ထားသည်။ တစ်ချိန်လည်း သူ့အိပ်မက်အတွက် အလုပ် ကြိုးစားလုပ်ကိုင်နေသည်။

သူ့ပန်းတိုင်သည် သူ့မိသားစုကို ကောင်းကောင်းမွန်မွန် ထားနိုင်ရန် ဖြစ်သည့်အတွက် သူ့အနေဖြင့် အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရမည်ပင်။ သူ့စက်ရုံသည် ၁၀သန်းကျော် တန်ဖိုးရှိသည်။ အကယ်၍ သူ့စက်ရုံ ရောင်းလိုက်လျှင်တောင် သူနှင့် သူ့မိသားစု အဆင်ပြေပြေဖြင့် အနားယူနိုင်သည်။ သို့သော် ထိုသို့သော ဘဝ နေထိုင်မှုမျိုးကို သူမနှစ်သက်ပေ။ သူ့အနေဖြင့် အလုပ်ကြိုးစားဆက်လုပ်ချင်ပြီး သူ့အိပ်မက်ကို လျှောက်လှမ်းချင်သေး၏။

“ဒါကြောင့် မစ္စတာလီကို ကျွန်တော်ကုမ္ပဏီကို လာဖို့ ပြောတာ။ ဒီစက်ရုံကို ခင်ဗျားရဲ့ မိသားစုဝင်ကို စီမံခန့်ခွဲပါစေ။ ကျွန်တော် ကုမ္ပဏီကို လာခဲ့လိုက် ကျွန်တော်တို့ သမိုင်းသစ် ဖန်တီးရအောင်။”

ဘာ.. လီသာ့ဖူသည် လက်တွေ့ကို ပြန်လည်ရောက်ရှိလာသည်။ ဖုန်းယွီက သူ့ကားအတွက် သတ္တုစပ်လာမှာတာ မဟုတ်ဘူးလား။ ဒီစက်ရုံကို လက်လျော့ပြီး သူနဲ့ အလုပ် အတူတူလာလုပ်ဖို့ ပြောနေတာလား။

“မစ္စတာဖုန်း ကျွန်တော်ကို ခင်ဗျားနဲ့အတူ အလုပ်လုပ်ဖို့ ပြောနေတာလား။”

လီသာ့ဖူသည် မပျော်ရွှင်ပေ။ သူစီးပွားရေးသည် ဖုန်းယွီလောက် မကြီးသော်ငြား ထိုစက်ရုံတွင် သူသည် သူဌေး ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူ့အနေဖြင့် ဖုန်းယွီအတွက် အလုပ်လုပ်ပေးရမည်နည်း။

“ကျွန်တော်အတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ အတူ အနာဂတ်အသစ်ကို ဖန်တီးနေတာ။ ကျွန်တော်တို့ရဲ့ တရုတ်ကားလုပ်ငန်းရဲ့ အနာဂတ်အတွက်။ ကျွန်တော်ကုမ္ပဏီမှာ ကားပရောဂျက်အတွက် လက်ထောက်အထွေထွေမန်နေဂျာ အဖြစ် လာခဲ့ပါ။ ကျုပ် ခင်ဗျားကို ၃နှစ်အတွင်း ကုမ္ပဏီရဲ့ ရှယ်ယာအချို့ကို ဆုအဖြစ်ပေးပါမယ်။ ခင်ဗျား ရှယ်ယာပိုင်ဆိုင်သွားပြီ ဆိုတာနဲ့ ရှင်ယာရှင် တစ်ယောက် ဖြစ်သွားပြီး ကုမ္ပဏီရဲ့ သူဌေး တစ်ယောက်လို့ ပြောနိုင်ပြီ။ ခင်ဗျား ဘယ်လိုထင်လဲ။ ခင်ဗျား လုပ်ရဲလား။”

___

All Chapters