← Chapters

လဲ့ဟဟတွင် ရင်းနှီးမြှပ်နှံမှု တိုးခြင်း

Vol. 20 Ch. 300

လဲ့ဟဟတွင် ရင်းနှီးမြှပ်နှံမှု တိုးခြင်း

Vol. 20 Ch. 300

ဖုန်းယွီသည် ပန်းချီကားလှလှတစ်ချက်ကို ဆွဲပြီးသော်ငြား လီသာ့ဖူသည် မဖြစ်နိုင်ဟုသာ ခံစားနေရဆဲ ဖြစ်သည်။ သူသည် လက်မခံသလို ငြင်းဆိုခြင်းလည်း မရှိပေ။ သူက ဖုန်းယွီကို စဉ်းစားရန် အချိန်ပေးရန်သာ ပြောခဲ့၏။

ဖုန်းယွီသည်လည်း သူ့အား နားလည်ပေသည်။ သူသာဆိုလျှင်လည်း သံသယ ဝင်မိမည်ပင်။ အဘယ်ကြောင့် ငါ့ကို ရွေးတာလဲ။ ငါ့ကို အမှန်အတိုင်းပြော။ မင်းပြတဲ့ ပန်းချီကားက ဖြစ်နိုင်ပါ့မလား။

ဖုန်းယွီသည်လည်း မလောပေ။ စက်ရုံများအားလုံးက မစတင်ရသေးပေ။ ပြီးနောက် ဒေသအစိုးရများနှင့် ညှိုနှိုင်းမှုများတောင် မလုပ်ဆောင်ရသေးပေ။ သူ့အနေဖြင့် လီသာ့ဖူကို လာကြည့်ပြီး သူ့အနေဖြင့် ဘယ်လောက်နှင့်ကမ်းလှမ်းရမည်ဆိုသည်ကို လာကြည့်ခြင်းသာ ဖြစ်သည်။

.....

ဖုန်းယွီသည် လဲ့ဟဟရုံးချုပ်တွင် အရောင်းစီရင်ခံစာကို ကြည့်နေသည်။ ကျုံးချင်းရှန်သည်လည်း ဖုန်းယွီကို ကုမ္ပဏီ၏ လက်ရှိ အခြေအနေများကို ပြောပြသည်။ လဲ့ဟဟ၏ တိုးတက်မှုသည် ဖုန်းယွီ မှန်းထားသည်ထက်တောင် များနေသေးသည်။ သူတို့၏ ထုတ်ကုန်များသည် နာမည်ကျော်ကြားသည် ပြီးနောက် ဝယ်လိုအားသည် ပိုနေပြီး ထောက်ပံ့နိုင်မှှုက မနိုင် ဖြစ်နေသည်။ သူတို့သည် ထုတ်လုပ်ရေးကို တိုးမြင့်ရန်အတွက် ရံပုံငွေလည်းရှိပြီးသား ဖြစ်သည်။

ဖုန်းယွီသည် အစီအရင်ခံစာကို သာကြည့်နေသည်။ လဲ့ဟဟ၏ ဘဏ္ဍာရေးဌာနတွင် သူ့လူများသာ ရှိသည်။ ထို့အတွက် စိတ်ပူစရာ မလိုပေ။ ကျုံးချင်းရှန်သည်လည်း သူ့အပေါ်တွင် ရိုးသားသည်။

“မန်နေဂျာဖုန်း ဒါက ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေပါ။ ကျွန်တော်တို့ လက်မခံရဲလောက်တဲ့အထိ အမှာစာတွေက တက်နေတယ်။ ကျွန်တော်တို့ရဲ့ နာမည်ကို တည်ဆောက်ပြီးတဲ့နောက် ရောင်းအား အရမ်းကို ကောင်းလာမယ်လို မမျှော်လင့်ထားဘူး"

ကျုံးချင်းရှန်က သက်ပြင်းချလိုက်သည်။

ဖုန်းယွီက ရယ်ကာ ပြောလိုက်၏။

“ဒါက ပုံမှန်ပါပဲ။ မိဘတွေက ဆင်းရဲတဲ့ ဘဝမှာ အချိန်အကြာကြီးနေခဲ့ရတယ် အခက်အခဲတွေ ခံစားခဲ့ရတယ်။ အခု သူတို့ရဲ့ ဘဝတွေက ပိုကောင်းလာပြီ ပုံမှန်အားဖြင့်တော့ သူတို့တွေက ကလေးတွေကို သူတို့ ကြုံခဲ့သလို မဖြစ်စေချင်ဘူး။ သူတို့တွေက ကလေးတွေကို အကောင်းဆုံးတွေပဲ ပေးချင်တာ။ အရင်က ငါအကြံအဉာဏ်ပေးထားတဲ့တိုင်း စက်ရုံတွေ များများဆောက်ဖို့က အခုလည်း မနောက်ကျသေးဘူး။”

ယခုနှစ်နှစ် ကာလသည် ကျန်းမာရေးဖြည့်စွက်စာများ၏ ရွှေခေတ် ဖြစ်သည်။ လဲ့ဟဟ၏ ကျန်းမာရေး ဖြည့်စွက်စာများသည် ကလေးများကိုသာ အဓိက ထားသော်လည်း သူတို့သည် ဈေးကွက်ကို ဦးဆောင်သူများ ဖြစ်လာကြပြီ ဖြစ်သည်။ သူတို့တွင် အခြားသော ပြိုင်ဆိုင်သည့်သူမရှိပေ။

ကျန်းမာရေးဖြည့်စွက်စာ ဈေးကွက်ကို အမှတ်တဆိတ်အချို့က ခွဲဝေထားသည်။ ဘုရင့်နှလုံးသားသည် အသက်အရွယ် ကြီးသူများကို အဓိကထားသည်။ ပုရွက်ဆိတ်ဝိုင်သည် အရွယ်ရောက်သည့် အမျိုးသားများကို အဓိကထားပြီး ပုလဲသုံးလုံးကျန်းမာရေး ဖြည့်စွက်စာသည် အမျိုးသမီးများအတွက်သာ ဖြစ်ကာ ဘီလူးကော်ပရေးရှင်းမှ ဖြစ်သည်။ ရှစ်သာ့ကျူသည် ယခုနှစ်နှစ်အတွင်း ငွေအများအပြား ရယူနိုင်မည် ဖြစ်သည်။ ပြီးနောက် သူတို့တွင် ဘီလူးကော်ပရေးရှင်း၏ အဆောက်အဦးအသစ်ကြောင့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများဖြစ်စေခဲ့သည်။ ယင်းက ဖုန်းယွွီအတွက် ရင်းနှီးမြှပ်နှံရန် အချိန်ရောက်လာခြင်း ဖြစ်သည်။

အနာဂတ် ကျန်းမာရေးဖြည့်စွက်စာလုပ်ငန်းကို ရှန့်ဟိုင်းရွှေမိတ်ဖက်ဘိုင်အိုနည်းပညာ ကုမ္ပဏီမှ ချုပ်ကိုင်ထားသည်။ (ဘီလူးကော်ပရေးရှင်း၏ ကုမ္ပဏီခွဲ ဖြစ်သည်။) သူတို့၏ အရောင်းကောင်းဆုံး ထုတ်ကုန်မှာ “နောင်ဘိုင်ကျင်” ဖြစ်သည်။ သုတေသနပညာရှင်များသည် “နောင်ဘိုင်ကျင်” တစ်ဘူးထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် ၂ယွမ်ခန့်သာ ရှိပြီး လက်ကားဈေးမှာ ရာပေါင်းများစွာ ရှိသည်။ ပြန်လည်ရရှိသည်မှာ အလွန်များပေ၏။

သို့သော် ယခုတွင် ရှစ်သာ့ကျူကို ဖုန်းယွီအနေဖြင့် ဘီလူးကော်ပရေးရှင်းတွင် ရင်းနှီးမြှပ်နှှံရန် ခွင့်ပြုတော့မည် မဟုတ်ပေ။

ယခုလက်ရှိတွင် ဖုန်းယွီသည် ကျုံးချင်းရှန်သည် ကျန်းမာရေးဖြည့်စွက် အချိုရည်များသာမက ကာဗွန်ပါသည့်အခြားသည့် အချိုရည်များ ထုတ်လုပ်ရန် စဉ်းစားစေမည် ဖြစ်သည်။ အနာဂတ်တွင် ဖျော်ရည်ဈေးကွက်သည် အလွန်ကြီးပေသည်။

ဖုန်းယွီ၏ အရင်ဘဝတွင် ရှုယီရှန်းကုမ္ပဏီသည် နောက်နှစ်နှစ်အတွင်း ပေါ်လာမည် ဖြစ်သည်။ သူတို့၏ ရေခဲနှင့် လက်ဖက်ရည်နွေး အချိုရည်များသည် တရုတ်တစ်နိုင်ငံလုံးတွင် နာမည် ကျော်ကြားသည်။ နှစ်အနည်းငယ်အတွင်း တစ်နှစ်လျှင် ယွမ် သန်း၃၀ဝင်သည့် စက်ရုံ သေးသေးလေးမှ နှစ်စဉ်ဝင်ငွေ သန်းသုံးထောင် ဝင်သည့် ကုမ္ပဏီအဖြစ် တိုးတက်လာခဲ့သည်။

သို့သော် ယင်းက ကြာကြာမခံပေ။ စီမံအုပ်ချုပ်မှု လွဲမှားမှုကြောင့် ၂၀၀၀ပြည့်လွန်နှစ်များတွင် ထိုကုမ္ပဏီသည် ကောင်းကောင်း အလုပ်မဖြစ်တော့ဘဲ ဒေဝါလီတောင် ခံခဲ့ရသည်။ သူတို့၏ အမှတ်တံဆိပ်ကိုလည်း ရောင်းချခဲ့သည်။

ကျုံးချင်းရှန်သည် ဖုန်းယွီနှင့် သူ့၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ဆွေးနွေးသည်။သူ့အနေဖြင့် နောက်ထပ် သုံးနှစ်အတွင်း စက်ရုံ သုံးရုံ ထည်ထောင်ရန် စီစဉ်ထားသည်။ သူတို့၏ အဓိက ဈေးကွက်သည် အရှေ့တောင် ဒေသတွင် ဖြစ်မည် ဖြစ်သည်။ ထိုပြည်နယ်များသည် ဖွံ့ဖြို့တိုးတက်မှု အမြန်ဆုံး ဖြစ်ကာ ဝယ်ယူမှုလည်း အများဆုံး ဖြစ်သည်။

လဲဟဟသည် ယခုလက်ရှိ အခြေအနေတွင် တစ်နှစ်လျှင် စက်ရုံ တစ်ရုံ တည်ထောင်ရန် တက်နိုင်ပေသည်။ သို့သော် ကျုံးချင်းရှန်၏ အစီအစဉ်များက နှေးလွန်းသည်ဟု ခံစားရသည်။ လဲ့ဟဟသည် ဖွံ့ဖြိုးမှု အစီအစဉ် အကောင်အထည် ဖော်ပြီးနောက် ရှုယီရှန်း ဂရုသည် ပေါ်ပေါက်လာမည် ဖြစ်သည်။ သူတို့အနေဖြင့် အကျိုးအမြတ် အလွန်များသည့် လက်ဖက်ရည်အချိုရည် ဈေးကွက်ကို ရယူရန် အခွင့်အရေး လက်လွှတ်ရနိုင်ဖွယ်ရှိသည်။

“မစ္စတာကျုံး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အမျိုးအစားစုံစုံလင်လင်ထုတ်ဖို့ကော စဉ်းစားဖူးလား။”

ဖုန်းယွီက ရုတ်တရက် မေးလိုက်သည်။

ထုတ်ကုန် အမျိုးအစားစုံလင်ဖို့လား။ ကျုံးချင်းရှန်သည် မျက်မှောင်ကျုံ့သွားသည်။ လက်ရှိတွင် သူတို့ ကုမ္ပဏီသည် ထုတ်ကုန် တစ်ခုတည်းကိုတောင် လိုအပ်ချက် ပြည့်မှီအောင် လုပ်နိုင်စွမ်းမရှိသေးပေ။ သူတို့အနေဖြင့် နောက်ထပ် ထုတ်ကုန်မျိုး ထပ်ထုပ်ရဦးမည်လော။ သူသည်လည်း ကုမ္ပဏီ တစ်ခုတည်းက ထုတ်ကုန်တစ်ခုတည်းတွင် မှီခိုနေပါက တိုးတက်မှု ကန့်သတ်ခံထားရသည်ကို သိသည်။ သို့သော် ယခုအချိန်တွင် သူတို့အနေဖြင့် ထုတ်ကုန်များကို အမျိုးအစား စုံစုံလင်လင် ထုတ်ရင်က အလွန်ပင် စောသေးသည် မဟုတ်လော။

“မန်နေဂျာဖုန်း ကျွန်တော်တို့အနေနဲ့ ကလေးတွေအတွက် နို့ထွက်ပစ္စည်းတွေလိုမျိုး ထုတ်ကုန်တွေ ထုတ်ဖို့အတွက် အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ကို ထိန်းချုပ်နိုင်ပြီဆိုမှပါ။”

“မစ္စတာကျုံးကို ကြည့်ရတာ အနာဂတ်ကို တွေးပြီးတဲ့ပုံပဲ။ ကလေးတွေအတွက် နို့ထွက်ပစ္စည်းကလည်း ကောင်းတဲ့ အရာပဲ။ ဒါက ကျွန်တော်တို့ ကုမ္ပဏီသွားတဲ့ လမ်းကြောင်းနဲ့ တစ်ထပ်တည်းကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စက်ရုံ တည်ရှိတဲ့ နေရာနဲ့ ဒီဒေသမှာ ဘယ်အချိုရည် အမျိုးအစားက နာမည် အကြီးဆုံး ဖြစ်မလဲ။”

စက်ရုံ တည်ရှိတဲ့ နေရာနဲ့ ဒီဒေသမှာ ဘယ်အချိုရည် အမျိုးအစားက နာမည် အကြီးဆုံး ဖြစ်မလဲ။ ဟန်ကျိုးသည် လုံကျန်းလက်ဖက်ရည် နာမည်ကျော်ကြားသည် ဖုန်းယွီသည် လုံကျန်းလက်ဖက်ရည်ကို ထုတ်လုပ်ချင်သည်လော။

“မန်နေဂျာဖုန်း လုံကျန်းလက်ဖက်ရည်အတွက် လက်ဖက်ကုန်သည်အများကြီး ရှိပြီးသားပါ။ သူတို့တွေကလည်း ဒီလုပ်ငန်းလုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ထဲ ဝင်ဖို့ ခက်ခဲလိမ့်မယ်။”

ကျုံးချင်းရှန်က မျက်မှောင် ကျုံ့လိုက်သည်။ သူ့ကလေးထုတ်ကုန်များသည် ပိုကောင်းပြီး ယင်းက ကုမ္ပဏီ၏ အနာဂတ် အစီအစဉ် ဖြစ်သင့်သည်ဟုသာ သူခံစားမိသည်။

ဖုန်းယွီသည် ခေါင်းကို ခါလိုက်ပြီးနောက်

“ငါက လုံကျန်းလက်ဖက်ရည်အကြောင်း ပြောနေတာ မဟုတ်ဘူး။ ငါပြောနေတာက လက်ဖက်ရည် အချိုရည် ကိစ္စ။ ငါတို့တွေအနေနဲ့ လက်ဖက်ရည်နဲ့ ကာဗွန်ပါတဲ့ရည်တို့နဲ့ အတူပေါင်းလို့ ရတယ်။ ကျန်းလီဘောင်လိုပေါ့။ မင်းက ဒီအကြောင်းကို တွေးဖူးလား။"

ကျန်းလီဘောင်လား

ကျုံးချင်းရှန်သည် တခဏကြာ တွေးလိုက်သည်။ ကျန်းလီဘောင်သည် နှစ်အနည်းငယ်အတွင်း ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံ၏ ဈေးကွက်ကို ရယူနိုင်ခဲ့သ်ည။ အနောက်နိုင်ငံများကိုလည်း တင်ပို့သည်။ ကျန်းလီဘောင်ကို တရုတ်နိုင်ငံ၏ မှောင်ဆန်တဲ့အရည်ဟုတောင် ဆိုကြ၏။

ယမန်နှစ် အာရှ အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံ အသင်း၏ တရားဝန် အချိုရည် စပွန်ဆာ ဖြစ်သည်။ ကျန်းလီဘောင်သည် အမေရိကန်တွင် စက်ရုံတည်မည်နှင့် အင်ပါယာစတိတ် အဆောက်အဦးတွင် ရုံးခန်းဖွင့်မည်ဟုတောင် ကောလဟာလများ ထွက်နေ၏။

သူသည် ကျန်းလီဘောင်က အရင်က လေ့လာခဲ့ဖူးသည်။ ကာဗွန်ရည်ထဲသို့ ဓာတ်ဆားပေါင်းထည့်ခြင်းသာ ဖြစ်သည်။ ယင်းက ပြောသလို မှော်ဆန်သည့် အရာများ မပါဝင်ပေ။ သို့သော် ဈေးကွက်၏ တုန့်ပြန်မှုသည် အကောင်းဖက်တွင် ရှိနေ၏။

သို့သော် ဖုန်းယွီသည် လက်ဖက်ရည်နှင့် ကာဗွန်ရည်ကို ပေါင်းစပ်ရန် အကြံပေးနေသည်။ ယင်းက ကာဗွန်ရည်ထဲကို လက်ဖက်ရည် ပေါင်းထည့်ခြင်းသာ မဟုတ်ပေလော။

“မန်နေဂျာဖုန်း လူတွေက ကာဗွန်နိတ်လက်ဖက်ရည် အချိုရည်ကို ဝယ်ကြမှာလား။”

ကျုံးချင်းရှန်က မေးလိုက်သည်။

“သေချာတာပေါ့။ ငါ အာမခံနိုင်တယ်။ ဒီနွေရာသီအတွင်း လူတွေက အအေးတွေကို သောက်ရတာ နှစ်ခြိုက်လာလိမ့်မယ်။ တကယ်လို့ မယံဒကြည်ဘူးဆိုရင် စက်ရုံ တစ်ရုံပဲ အရင်စမ်းကြည့်လိုက် ပြီးတော့ ဒီအမျိုးအစားက ရောင်းရမယ်ဆိုတာ စောင့်ကြည့်နေ။”

ကျုံးချင်းရှန်က မျက်မှောင် ကျုံ့လိုက်သည်။

“ မန်နေဂျာဖုန်း စက်ရုံအသစ်ကို အကြီးကြီးဆောက်ဖို့ စီစဉ်ထားတယ်။ ကျွန်တော်တို့တွေက လဲ့ဟဟကျန်းမာရေး ဖြည့်စွက်စာနဲ့ အချို့ရည် ထုတ်လုပ်နေရတယ် အလုပ်သမား၊ ကုန်ကြမ်း၊ စက်ပစ္စည်းတွေနဲ့၊ အခြားကုန်ပစ္စည်းတွေက တိုးလာလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ အရှုံးပေါ်မယ်ဆိုရင်.....”

ကျုံးချင်းရှန်သည် ကြိုးစားချင်သေးသည်။ ယင်းက ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် သူတို့အနေဖြင့် ငွေပမာဏ လုံလောက်ရန်ကား အရေးကြီးသေးသည်။ သူတို့သည် ကလေးနို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန် စီစဉ်ထားသည်။ သို့သော် ယင်းက စတောင် မစရသေးပေ။ သူတို့အနေဖြင့် ကာဗွန်နိတ်လက်ဖက်ရည် ထုတ်လုပ်ရန်အတွက် ငွေဘယ်ကရမည်နည်း။”

“မစ္စတာကျုံး ခင်ဗျား ငွေအတွက် ပူပန်နေတာလား။ ကျွန်တော်အနေနဲ့ ကုမ္ပဏီထဲ နောက်ထပ် ငွေတွေ စိုက်ထုတ်ပြီး ရှယ်ရာကို ၄၉ရာခိုင်နှုန်းအထိ ဘာလို့ မတိုးဘဲ နေမှာလဲ။ ကျွန်တော်ငွေနဲ့ ကုမ္ပဏီရဲ့ လက်ရှိ ငွေနဲ့ဆိုရင် ကျွန်တော်တို့တွေ စက်ရုံ နှစ်ရုံကို တစ်ခါတည်း ထောင်လို့ရတယ်။ တကယ်လို့ ဆွေးနွေးမှု အစဉ်ပြေမယ်ဆိုရင် ဒေသကနေ ချေးငွေ ရယူပြီးတော့ တစ်ချိန်တည်းမှာ စက်ရုံ သုံးရုံတောင် ထောင်လို့ ရသေးတာပဲ။ စက်ရုံ တစ်ရုံက ကျန်းမာရေး ဖြည့်စွက်စာနဲ့ ကာဗွန်နိတ်လက်ဖက်ရည်ကို တစ်ချိန်တည်း ထုတ်လုပ်မယ်။ နောက်ထပ် စက်ရုံ တစ်ရုံက ကလေးတွေရဲ့ နို့ထွက် ပစ္စည်းကို ထုတ်လုပ်မယ်။ တကယ်လို့ ဈေးကွက်ရဲ့ တုံ့ပြန်မှုက နည်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေး ဖြည့်စွက်စာတွေ ပြန်ထုတ်လို့ ရတာပဲ။ ဘယ်လိုထင်တုန်း။”

ကျုံးချင်းရှန်က တွန့်ဆုတ်နေ၏။ ဖုန်းယွီသည် ထပ်ပြီး ရင်းနှီးမြှပ်နှံချင်ပြီး ရှယ်ယာ ၄၉ရာခိုင်နှုန်း လိုချင်သည်။ ယင်းအဓိပ္ပာယ်ကား သူ့အနေဖြင့် ကုမ္ပဏီ၏ လည်ပတ်မှုများကို နှောက်ယှက်မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ပြီးနောက် ထိုအပိုငွေများသည် ကုမ္ပဏီ တိုးတက်ရန်အတွက် အရေးကြီးပေသည်။

သူ့အနေနဲ့ ရင်းနှီးမြှပ်နှံမှုကို လက်ခံမည်လော။

All Chapters