စွန်လွှတ်ခြင်း အပိုင်း-၁
Vol. 21 Ch. 301
ဖုန်းယွီသည် ဆိတ်ဆိတ်သာ ထိုင်နေပြီး ကျုံးချင်းရှန်ကို မနှောက်ယှက်ပေ။ သူသည်လည်း ဖုန်းယွီပြောသည့် အကြောင်းအရာကို စဉ်းစားနေ၏။
ကျုံးချင်းရှန်သည် ဝေခွဲရခက်နေသည်။ တခဏ ကြာပြီးနောက် သူသည် မတ်တပ်ရပ်ကာ ဆေးလိပ်သောက်မည် ဖြစ်သည့်အတွက် ခဏ ခွင့်ပြုရန် ခွင့်ပန်လိုက်၏။
ကျုံးချင်းရှန်သည် သူ့မိတ်ဖက် နှစ်ယောက်ကို ဖုန်းခေါ်ဆိုပြီး သူ့အကြံအဉာဏ် ဆွေးနွေးရန် ဖုန်းခေါ်ဆိုမှန်း ဖုန်းယွီ သိပေသည်။ သူ့မိတ်ဖက်သည် စက်ရုံအသစ်ဆောက်ရန်အတွက် အခြားပြည်နယ်များကို နေရာ သွားကြည့်နေကြသည့်အတွက် ကုမ္ပဏီတွင် မရှိကြပေ။
ကျုံးချင်းရှန်သည် ဆယ်မိနစ်ကျော်မှ ပြန်လာခဲ့၏။
“မန်နေဂျာဖုန်းက ဘယ်လောက် ရင်းနှီးမြှပ်နှံမှာလဲ။”
ဖုန်းယွီက လက်တစ်ချောင်း ထောင်လိုက်ပြီးနောက်
“၉ရာခိုင်နှုန်း ရှယ်ယာအတွက် ယွမ် ၁၀သန်း။ ဒီဈေးနဲ့ဆို အခြား ရှယ်ယာရှင် နှစ်ယောက်ကိုလည်း အဖြေပြန်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”
လဲ့ဟဟသည် အလျင်အမြန်ဖြင့် တိုးတက်နေသော်ငြား ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် သန်း ၇၀ခန့်သာ ရှိသည်။ ရှယ်ယာ ၉ရာခိုင်နှုန်းအတွက် ယွမ် ၁၀သန်းသည် အတော်လေး များပြားသည့် ပမာဏဟု စဉ်းစား၍ ရနိုင်ပေသည်။
ကျုံးချင်းရှန်သည် သူ့မိတ်ဖက်များနှင့် စကားပြောပြီးအချိန်တွင် သူ့ အရောင်းမန်နေဂျာထံမှ ကွမ်တုံးမှ ဟေဘောချွမ်သည် လဲ့ဘိုင်ဒိန်ချဉ်များ ရောင်းချမည်ဟု ဖြစ်ကြောင်း ဖုန်းလက်ခံရရှိခဲ့သည်။ သူတို့သည် မြောက်ပိုင်းဈေးကွက်ကို ဝင်ရန်အတွက် အသင့် ဖြစ်နေပြီ ဖြစ်၏။ အကယ်၍ လဲ့ဟဟသာ ထပ်ပြီး တွန့်ဆုတ်နေပါက ဈေးကွက်ဝေစုကို လဲ့ဘိုင်ဒိန်ချဉ်က ရသွားပေမည်။
ကျုံးချင်းရှန်သည် အဆုံးအဖြတ် ပေးသည့်သူ ဖြစ်သည်။ ပြီးနောက် သူသည် သူ့မိတ်ဖက်နှင့် အချက်အလက်များကို ညှိနှိုင်းလိုက်သည်။ ထိုမိတ်ဖက် နှစ်ယောက်သည်လည်း ကျုံးချင်းရှန်ကို ယုံကြည်၏။ ပြီးနောက် ဖုန်းယွီသည် သူတို့၏ ကုမ္ပဏီကို ရင်းနှီးမြှပ်နှံပြီးကတည်းက သူတို့သည် မျှော်လင့်ထားသည်ထက်ပင် ပိုရခဲ့ကြ၏။
“မန်နေဂျာဖုန်း ကျွန်တော်တို့ ကုမ္ပဏီတိုးတက်ဖို့အတွက် အကြံအဉာဏ်များ ရှိမလား။”
ဖုန်းယွီသည် စိတ်ထဲမှ ရယ်လိုက်သည်။ ကျုံးချင်းရှန်က သူ့အား အကြံအဉာဏ်တောင်းသည်လော သို့မဟုတ် ဖုန်းယွီအနေဖြင့် ကုမ္ပဏီ၏ လည်ပတ်မှုကို ဝင်ရောက်ရန် ဆန္ဒရှိမရှိ သိလိုခြင်းလော။
“ငါ့မှာတော့ ဘာအကြံအဉာဏ်မှ မရှိဘူး။ လက်ဖက်ရည်အချိုရည် ဈေးကွက်က တော်တော်လေး အလားလာကောင်းတယ်လို့ တွေးရုံပဲ။ တကယ်လို့ ငါတို့သာ အခုစက်ရုံဆောက်ပြီး ထုတ်ကုန်ကို စထုတ်နိုင်မယ်ဆိုရင်တော် ဒီနှစ် နွေရာသီကိုတော့ မမှီနိုင်ဘူး။ ငါတို့ရဲ့ ထုတ်ကုန်တွေကို နောက်နှစ်နွေက စပြီး မိတ်ဆက်လို့ ရမယ်။ မစ္စတာကျုံးက ဒီအပိုင်းမှာ အတွေ့အကြုံရှိတာပဲ ပြီးတော့ ကလေးတွေအတွက် နို့ထွက်ပစ္စည်းတွေလည်း ကောင်းတာပဲ။ ဒါတွေ အကုန်လုံးက ကုမ္ပဏီရဲ့ လည်ပတ်မှုနဲ့ သတ်ဆိုင်တဲ့ ကိစ္စတွေ ပြီးတော့ ခင်ဗျား အရာရာကို ဆုံးဖြတ်လို့ ရတာပဲ။ သေချာတာပေါ့။ မစ္စတာကျုံးက ကျွန်တော်ကို ယုံကြည်တယ်ဆိုရင်တော့ ကျွန်တော်ကလည်း ဆိုဗီယက် ပြည်ထောင်စုကနေပြီး ဘူးထုတ်လုပ်တဲ့ တစ်ပတ်ရစ် စက်ပစ္စည်းတွေ တင်သွင်းပေးနိုင်ပါတယ်။ ပလက်စတစ်ဘူးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သံဘူးပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဈေးချိုချိုနဲ့ ရအောင် ကူညီပေးမယ်။”
ကျုံးချင်းရှန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ ဖုန်းယွီအနေဖြင့် ကုမ္ပဏီ၏ လည်ပတ်မှုအပေါ် ဝင်ရောက် မစွက်ဖက်လိုပုံပေါ်သည်။ သူ့အနေဖြင့် စိတ်ချလက်ချ ထားနိုင်ပေသည်။
“ကောင်းတာပေါ့ဗျာ။ ကျွန်တော်လည်း ဘယ်လို ပစ္စည်းတွေ မလိုအပ်လည်းဆိုတာ ကြည့်လိုက်ဦးမယ်။ ပြီးရင် မန်နေဂျာဖုန်းဆီက မှာမယ်လေ။”
ဘူးထုတ်လုပ်သည့် ထုတ်လုပ်ရေး လမ်းကြောင်းများသည် တရုတ်နိုင်ငံတွင် မရှိသေးပေ။ ပြီးနောက် ထိုပစ္စည်းများကို နိုင်ငံခြားမှ တင်သွင်းရသည့်အတွက် ဈေးကြီးပေ၏။ သူတို့သာ တစ်ပတ်ရစ် စက်ပစ္စည်းများကို ရယူနိုင်ပါက သူတို့၏ ကုန်ကျစရိတ်ကို အများကြီး လျော့ချပေးနိုင်၏။ ကုန်ကြမ်းပစ္စည်းများအတွက်မူ ကျုံးချင်းရှန်သည် ယခုလက်ရှိ ကုမ္ပဏီ၏ နာမည်ကြောင့် သူတို့အနေဖြင့် ပြန်ပေးရမည့် ကာလကို တိုးထားနိုင်ပေ၏။
ယခုတစ်ပြိုင်နက်တည်း စက်ရုံ သုံးရုံ တည်ဆောက်မည် ဖြစ်သည်။ ပြီးနောက် ကျန်းမာရေး ဖြည့်စွက်စာများ၊ အချိုရည်များ၊ နို့ထုတ်ကုန်များနှင့် လက်ဖက်အချိုရည်များ ပါဝင်မည် ဖြစ်သည်။
နောက်တစ့်နေ့တွင် အခြားမိတ်ဖက် နှစ်ယောက်သည်လည်း ဟန်ကျိုးကို ပြန်လာကြသည်။ သူတို့ လေးယောက်သား တခဏကြာ ဆွေးနွေးပြီးနောက် ညနေခင်းတွင် ဖုန်းယွီသည် သူတို့နှင့် စာချုပ် ချုပ်ဆိုလိုက်၏။
.......
ဖုန်းယွီသည် သူ့လုပ်စရာ အလုပ်များ နောက်ဆုံးတွင် ပြီးသွားပြီ ဖြစ်သည်။ စတော့ဈေးကွက်မှ ရရှိခဲ့သည့် ငွေများအားလုံး ကောင်းကောင်း အသုံးချပြီး ဖြစ်သည်။ ပြီးနောက် နောက်ဆုံးတွင် ရက်အနည်းငယ် အနားယူ နိုင်တော့မည် ဖြစ်၏။
ဘင်းမြို့တော်သို့ ပြန်သွားပြီးနောက် ကျောင်းကို သွားခဲ့၏။ သူသည် ကျောင်းကို အကြာကြီး ပျက်ခဲ့သည် ပြီးနောက် စာများနှင့်လည်း လွတ်နေပြီ ဖြစ်၏။
နောက်ဆုံး စာမေးပွဲ ရောက်တော့မည် ဖြစ်သည်။ အထက်တန်း တတိယနှစ် ကျောင်းသားများသည် သူတို့၏ စာမေးပွဲအတွက် ပြင်ဆင်နေကြသည်။ ကျောင်းက ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများကို အသံတိုးတိုးသာ ဖတ်ရန် ညွှန်ကြားထားသည်။ သူတို့အား တတိယနှစ် ကျောင်းသားများအား နှောက်ယှက်မည်ကို ခွင့်ပြုမည် မဟုတ်ချေ။
ဖုန်းယွီသည် အတန်းထဲတွင် ပေါ်လာသည့်အခါ အခြားကျောင်းသားများသည်လည်း မှင်သက်သွားကြသည်။
ဖုန်းယွီက ကျောင်းမှာ ရှိနေတာ။ သူဘာလို့ ဒီမှာ ရှိနေတာလဲ။
ဖုန်းယွီသည် တတိယနှစ် ကျောင်းသားများထဲတွင် အထူးကျောင်းသားတစ်ယောက် ဖြ်စသည်။ သူသည် ဘေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်စာမေးပွဲ ဖြေရန်မလိုဘဲ ဝင်ခွင့်ရခဲ့သည်။ အတန်းပိုင် ဆရာသည်လည်း ဖုန်းယွီကို ကျောင်းပျက်ရန် ခွင့်ပြုပေးခဲ့သည်။ အကယ်၍ သူသာ အတန်းထဲတွင် ရှိနေပါက အခြားကျောင်းသားများကို နှောက်ယှက်မှုကို ခွင့်ပြုပေးလိမ့်မည် မဟုတဆ်ပေ။ သူသည် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများ၏ ကာယ အချိိန် သို့မဟုတ် စာကြည့်တိုက်သို့ သွားနိုင်ပေသည်။ အကယ်၍ သူသည် အတန်းတက်လိုပါက ဖုန်းယွီသည် အခြားကျောင်းသာများကို မနှောက်ယှက်သ၍ အတန်းတက်ခွင့် ပြုမည် ဖြစ်သည်။
ထို့အချိန်တွင် ဖုန်းယွီသည် သူ့ဆရာ၏ နောက်ဆုံး ညွှန်ကြားချက်ကို လိုက်နာရန် ရှိသည်။ မည်သည့်အတန်းမျှ တက်မည် မဟုတ်ပေ။
အခြားကျောင်းသားများသည်လည်း ဖုန်းယွီ အတန်းမတက်သည်နှင့် အသားကျနေပြီး ဖြစ်သည်။ ဖုန်းယွီ ရုတ်တရက် ပေါ်လာသည့်အခါ သူတို့သည် အသားမကျသလို ခံစားရသည်။ သူတို့သည် ကျောင်းသားသစ် ပြောင်းလာသည့်အတိုင်း ခံစားရခြင်း ဖြစ်သည်။
သို့သော် အခြားကျောင်းသားများသည်လည်း ဖုန်းယွီကို တချက် ကြည့်ပြီးနောက် သူတို့၏ စာလေ့လာမှုကို ဆက်လက် လုပ်ကြ၏။ တစ်ဦးတည်းသော သူက အာရုံ မစုစည်းနိုင်ဘဲ ဖုန်းယွီကိုသာ ကြည့်နေတော့၏။
“ဒီမှာ ဒါက ပြည်ပက လာတဲ့ ချော့ကလက်။ အရသာ အရမ်းကောင်းတယ်။”
ဖုန်းယွီသည် လီနဆီသို့ လျှောက်လာသည်။ ကျောင်းခေါင်းလောင်းကို လစ်လျူရှုလိုက်၏။
လီနသည့် မျက်လုံးစိုက်ကြည့်ကာ ပြောလိုက်၏။
“အတန်းစပြီ နင့်ခုံကို မြန်မြန် ပြန်သွားချေ။”
ဖုန်းယွီသည် ရယ်လိုက်ပြီးနောက် သူ့ခုံဆီ ပြန်သွားလိုက်သည်။ သူသည် စားပွဲခုံကို ထိလိုက်သည့်အခါ ဖုန်တစက်မှ မရှိသည်ကို သတိပြုမိလိုက်သည်။ တစ်ယောက်ယောက်က သူ့မရှိသည့် အချိန်တွင် သူ့ခုံကို ဖုန်သုတ်ပေးခြင်း ဖြစ်သည်။ ထိုသူသည် လီနပင် ဖြစ်ရ်ပေမည်။ သူမသည် ဖုန်းယွီ၏ စားပွဲနှင့် ထိုင်ခုံကို နေ့တိုင်း သုတ်ပေးနေခြင်း ဖြစ်သည်။
ဆရာသည် အတန်းထဲကို ဝင်လာပြီး ဖုန်းယွီကို မြင်သည့်အခါ သူအံ့အားသင့်သွားခဲ့၏။ အဘယ်ကြောင့် ဖုန်းယွီသည် ယနေ့ အတန်းတက်သနည်း။ သူငါသင်ကြားတဲ့ပုံစံကို သတိရလို့ ဒီမှာ ရောက်နေတာများလား။
အတန်းသည် အိပ်ရန် ကောင်းသည့် နေရာတစ်ခုအဖြစ် ရှိနေဆဲပင်။
ခေါင်းလောင်းသည် မြည်လာခဲ့သည်။ အတန်းဆင်းပြီ ဖြစ်သည်။ ဖုန်းယွီသည် အိပ်ရာမှ နိုးပြီး မျက်လုံးကို ပွတ်သပ်လိုက်သည်။ လီနသည့် သူ့ရှေ့တွင် ပြုံးပြုံးလေး ကြည့်နေ၏။ ဖုန်းယွီဘေးမှ ကျောင်းသားများသည်လည်း ထွက်သွားပြီ ဖြစ်သည်။ လီနသာ့ သူ့နဘေးတွင် ထိုင်နေ၏။
“နင်ဘာလို့ ဒီလောက် အချိန်အကြာကြီး မအားရတာလဲ။ နင့်ကိစ္စတွေ အကုန်ပြီးသွားပြီလား။”
“ငါကိုယ်တိုင် ကိုယ်ကျ လုပ်လိုက်တော့ ဘာမှ စိုးရိမ်စရာ ကိစ္စတွေ မရှိတော့ဘူးမလား။ ကိစ္စ အကုန် ပြတ်ခဲ့ပြီ။ ပြီးတော့ ငါ မင်းနဲ့အတူ အတန်းထဲမှာ အဖော်ပြုပေးနိုင်ပြီ။ စာမေးပွဲ ပြီးမှပဲ အလုပ်ပြန်ရှုပ်တော့မှာ။”
ထိုကာလတွင် ဖုန်းယွီသည် စီမံခန့်ခွဲရေး ဝန်ထမ်းများ၏ အရေးပါမှုကို သတိပြုမိလိုက်သည်။ သူ့အနေဖြင့် မကြာခင်တွင် ဘေကျင်း တက္ကသိုလ်ကို တက်ရတော့မည် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ကုမ္ပဏီအတွက် စံမံခန့်ခွဲရေး ဝန်ထမ်းကောင်းများကို ခေါ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ သူ့တက္ကသိုလ်နှင့် ဘေကျင်းပတ်ဝန်းကျင်မှ တက္ကသိုလ်များမှ အနာဂတ်တွင် စွမ်းဆောင်ရည် ရှိသော လူများစွာ ရှိသည်။
သို့သော် သူခေါ်ယူချင်သည့် လူများ ဖြစ်သည့် ချားလ်ကျန်းနှင့် ရိုဘင်လီတို့သည် တရုတ်နိုင်ငံတွင် ရှိမနေကြသေးပေ။ သူတို့သည် အမေရိကတွင်သာ ပညာသင်ကြားနေသေးသည်။ သို့သော် သူတို့၏ ဉာဏ်ပညာများကို ချဲ့ထွင်နိုင်ခွင့်ရှိသော နေရာတွင် နေရခြင်းက ကောင်းပေသည်။ ဖုန်းယွီသည် တက္ကသိုလ်မှ ဘွဲ့၇ပြီးနောက် သူသည် ထိုလူများ၏ အလုပ် စတင်ရာတွင် ကူညီပေးနိုင်ပေ၏။
ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူ တစ်ယောက် ဖြစ်ပြီးနောက် ဖုန်းယွီသည် သူတို့နှင့်လည်း မိတ်ဆွေ ဖြစ်နိုင်ပေသည်။ သူတို့သည် ဖုန်းယွီကို ပြန်ပေးမည်ကား အများကြီးပင်။ သူ့အရင်ဘဝတွင် ထိုသူများသည် သူတို့ကို ရင်းနှီးမြှပ်နှံရန် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ ရှာခဲ့ကြသည်။ သို့သော် ယခု အကြိမ်တွင် ထိုနိုင်ငံခြား ရင်းနှီးမြှပ်နှံသူများကို ဘေးဖယ်ထားနိုင်ပြီ ဖြစ်သည်။ ဖုန်းယွီသည် ထို တရုတ်လုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံမည့်သူ တစ်ယောက် ဖြစ်လာမည်ပင် ဖြစ်၏။
လီန၏ မျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ ဖုန်းယွီ သူ့မဘေးတွင် ရှိနေရသည်ကို နှစ်သက်ပေသည်။ ပြီးနောက် သူဘေးတွင် ရှိနေသည့်အခါ ပိုပြီး ယုံကြည်မှု ရှိသည်ဟု ခံစားရ၏။
“မနက်ဖြန်က တနင်္ဂနွေ နေ့လေ။ ကျောင်းပိတ်တယ်။ ငါ မိုးလေဝသကို ကြည့်ပြီးသွားပြီ။ မနက်ဖြန်မှာ လေတိုက်လိမ့်မယ်။ ငါတို့တွေ ဘာလို့ မြစ်ကမ်းကို သွားပြီး စွန်မလွှတ်ရမှာလဲ။ ဆရာက အမှတ်ကောင်းကောင်း လိုချင်ရင် နားပေးရမယ်လို့ ပြောတယ်။ ငါ စွန် ၂ခု ဝယ်ထားတယ်။”
လီနသည် တခဏကြာ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်လိုက်၏။ ဖုန်းယွီ သူ့နဘေးတွင် ရှိနေသ၍ သူတို့ ဘာပဲ လုပ်လုပ် စိတ်ထဲထားမည် မဟုတ်ပေ။
ဘာသာပြန် မှတ်စု
၁. ချားလ်ကျန်းသည် တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်၊ ရင်းနှီးမြှပ်နှံသူနှင့် Sohu ဆိုဟု ကုမ္ပဏီ၏ တည်ထောင်သူ၊ နာယကနှင့် လက်ရှိ ဉက္ကဌ ဖြစ်စ်သည်။
၂. ရိုဘင်လီသည် တရုတ်နိုင်ငံ၏ အင်တာနက် စွန့်ဦးတည်ထွင်သူ တရုတ်ဂူဂယ်လ်ဟု ခေါ်ကြသည့် ဘိုင်တုကို ပူးတွဲ တည်ထောင်သူ ဖြစ်ပြီး တရုတ်နိုင်ငံတွင် အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦး တစ်သည်။ အောက်တိုဘာ ၂၀၁၇တွင် ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၁၈.၅ ဘီလျံ ပိုင်ဆိုင်သူ ဖြစ်သည်။ ၁ဘီလျံတွင် သန်း တစ်ထောင်ရှိသည်။
ပျော်ရွှင်စရာ သီတင်းကျွတ်လေး ဖြစ်ပါစေ။
ကျွန်တော်လည်း ဒီနေ့မှ ခေါင်းထောင်နိုင်လို့ အခုရိုက်ပြီး ချက်ခြင်း တင်လိုက်တာပါ။ ဒီနေ့ ဘယ်နှစ်ပိုင်း လာမလဲတော့ မသိသေးပါ။ဆက်တော့ လာဦးမှာပါ။ ခေါင်းပြန်ကိုက်လာရင်တော့ ဒီနေ့ နားပြီး နောက်နေ့မှ ပြန်ဆက်တင်ပေးမယ်နော်။
ဖုန်းယွီ ယောက္ခမကြီးနဲ့ တွေ့တဲ့ အခန်း ဖတ်ချင်ကြပြီလားဗျို့။