← Chapters

စွန်လွှတ်ခြင်း အပိုင်း ၂

Vol. 21 Ch. 302

စွန်လွှတ်ခြင်း အပိုင်း ၂

Vol. 21 Ch. 302

လက်ရှိ အချိန်ကို နွေရာသီဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ဘင်းမြို့တော်၏ အပူချိန်သည် ၂၀ဒီဂရီ စင်တီဂရိတ်အောက်တွင် ရှိနေဆဲ ဖြစ်သည်။

ကောင်းကင်သည် တိမ်အနည်းငယ်ဖြင့် ကြည်လင်နေ၏။ နေထွက်လာသည်နှင့် လေပြေတချက် တိုက်ခတ်လာ၏။ မိုးမခပင် အောက်တွင် စိမ်းနုရောင် အဝတ်အစားနှင့် မိန်းမပျိုလေး တစ်ယောက် ရှိနေသည်။

ထိုမိန်းကလေးက သူမ၏ ဆံပင်ကို နားရွက်နောက်သို့ ပို့လိုက်ပြီး ဖုန်းယွီဆီ ပြေးလာ၏။

ကောင်လေးကို ကြည့်လျှင်လည်း သူ့ထက် ကြီးသည့် စွန်ကို ကိုင်လျက် တက်တက်ကြွကြွဖြင့် သူမဆီ ပြေးလာ၏။

“ဖြည်းဖြည်း လောစရာ မလိုဘူး။”

ထိုမိန်းကလေးငယ်သည် လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး ထိုကောင်လေး နဖူးထက်မှ ချွေးများကို သုတ်ပေးနေသည်။

“အဲဒီလှေပိုင်ရှင် လူကြီးလျိုက ဘယ်သွားလည်းဆိုတာ ငါသိပြီ။ သူ စီးကရက် သွားဝယ်နေတာ။ ငါက ကြိုတင်ငွေ ပေးပြီးထားဆိုတော့ သူက မလာစရာ အကြောင်းမရှိဘူး။ ခဏလောက် စောင့်ရအောင်။ သူဒီကို မကြာခင် လာတော့မှာပါ။”

ယမန်နေ့က လီနသည် သူနှင့်အတူ စွန်လွှတ်ရန် သဘောတူခဲ့သည်။ ဖုန်းယွီသည် ချက်ခြင်းပင် လှေရှာပြီး ကြိုတင်ငွေ ပေးချေခဲ့သည်။ သူသည် လှေပိုင်ရှင်ကို မြစ်ကမ်း တစ်ဖက်တွင် ၉နာရီအမှီ စောင့်နေရန် ပြောခဲ့သည်။ လှေကက သူတို့ကို အခြားတစ်ဖက် ကမ်းခြေသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ သူသည် နေ့လည်ခင်း စားရန်အတွက် အသားကင်များကိုလည်း ပြင်ဆင်ထားသည်။

မနက် ၉နာရီ ၁၀မိနစ် ရှိနေပြီ ဖြစ်သည်။ သို့သော် လူကြီးလျိုသည် မပေါ်လာသေးပေ။ ဖုန်းယွီသည် လီနကို လူကြီးလျိုကို ရှာရန် သွားမည် ဖြစ်သည့််အတွက် ခဏ စောင့်ခိုင်းခဲ့သည်။

ယနေ့တွင် ဖုန်းယွီသည် တက်ကြွနေ၏။ အရှုပ်ကောင် ဝမ်တုန့်ကျွင်းသည် သူတို့နှင့် မလိုက်လာပေ။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဘောလုံးပွဲတွင် ခြေခေါက်ခဲ့သည်။ သူသည် တက္ကသိုလ်ဝင်ခွင့်လည်း ရထားပြီး ဖြစ်သည်။ ထို့နောက် သူသည် ဘောလုံးနှင့် ဘက်စကတ်ဘောကို နေ့တိုင်းကစားနေ၏။

ဖုန်းယွီသည် သူခြေခေါက်သည့်အတွက် ပျော်ရွှင်နေ၏။

ဝမ်တုန့်ကျွင်းသည် အနည်းဆုံး တစ်ပတ်ခန့် ပြေးနိုင်တော့မည် မဟုတ်ပေ။

အမှန်တကယ်တွင် ဝမ်တုန့်ကျွင်းသည် ယနေ့တွင် ဖုန်းယွီတို့နှင့် လိုက်ချင်သည်။ သို့သော် ဖုန်းယွီက သူ့အား ကြည့်ရန် အချိန်မရှိဟု ပြောခဲ့သည်။ ဖုန်းယွီသည် စွန်လွှတ်တာနှင့်တင် အလုပ်ရှုပ်နေမည် ဖြစ်သည့်အတွက် ခြေလက်မကောင်း ဖြစ်နေသည့် လူကို ကြည့်ရှုရန် အချိန်မရှိပေ။

အိမ်တွင် ဗီဒီယိုဂိမ်းခွေများနှင့် ရုပ်ရှင်ဇာတ်ကားတိတ်ခွေများ ရှိပေသည်။ အကယ်၍ ဝမ့်တုန့်ကျွင်းသည် ပျင်းဆဲ ဖြစ်ပါက ဖုန်းယွီသည် သူ့အစ်မထံမှ ချည်ထိုး ပစ္စည်းများကိုတောင် ယူခဲ့သည်။ ဖုန်းယွီက ဝမ်တုန့်ကျွင်းကို ချည်ထိုးခြင်းသည်လည်း စိတ်ဝင်စရာကောင်းကြောင်း အလေးအနက်ဖြင့် ပြောလိုက်၏။ နာရီအနည်းငယ်ကြာ ချည်ထိုးပြီးပါက ချည်ထိုးခြင်းကို စိတ်ဝင်စားလာမည် ဖြစ်ကာ ယင်းက ပျော်ရွှင်စရာ ကောင်းလာပေမည်။

ဝမ့်တုန့်ကျွင်းက ဖုန်းယွီကို အရင်က ချည်ထိုးဖူးလားဟု မေးသည်။ ဖုန်းယွီက သူ့ကို ကြည့်ကာ ပြောလိုက်၏။

“ငါက နေ့တိုင်း အလုပ်ရှုပ်နေတာ။ ငါ့မှာ အဲတာ ကိုင်ဖို့အတွက် အချိန်တောင် ဘယ်ကရှာရမှန်း မသိဘူး။ မင်းသာ ချည်ထိုးနေ။ ငါ စွန်သွားလွှတ်လိုက်ဦးမယ်။”

......

တခဏ ကြာပြီးနောက် လှေပိုင်ရှင် လူကြီးလျိုသည် ရောက်လာပြီး ဖုန်းယွီကို တောင်းပန်၏။ ဖုန်းယွီနှင့် လီန နှစ်ယောက်သား လှေပေါ်သို့ တက်သွား၏။ ဖုန်းယွီသည် လှေကို တစ်ရက်ကြိုပြီး ဘိုကင်လုပ်ထားသည်။ လူကြီးလျိုသည် သူတို့ကို တဖက်ကမ်းသို့ ပို့ပြီးသည်နှင့် သူသည် လှေဝမ်းထဲတွင် အိပ်နေနိုင်သည်။ ယနေ့ရရှိသည့် ငွေသည် တစ်ပတ်စာ ဝင်ငွေထက်တောင် ပိုများပေ၏။

လှေသည် မြောက်ဖက်အပိုင်းသို့ ရောက်သည့်အခါ လူကြီးလျိုသည် ကျောက်ချလိုက်သည်။ သူသည် ဖုန်းယွီကို ရေသည် အလွန်အေးလွန်းသည့်အတွက် ရေမကူးရန် သတိပေးလိုက်သည်။ သူ့အနေဖြင့် ရေထဲတွင် နာကျင်မှုကို မြန်မြန်ခံစားနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။

ဖုန်းယွီသည် ဘောင်းဘီကို ခေါက်တင်လိုက်ပြီးနောက် ရေထဲသို့ ခုန်ချလိုက်သည်။ သူက လီနကို သူ့ကျောပေါ်တက်ရန် ပြောသည်။ ပြီးနောက် သူသည် လီနကို ရေစပ်သို့ ခေါ်သွားတော့သည်။ ဖုန်းယွီ၏ ကျောပေါ်တွင် လီနသည် အပျှော်လွန်နေ၏။ ဘဝ တသက်သာလုံး သူ့ကျောပေါ်တွင် နေနိုင်ရန် ဆုတောင်းနေမိတော့၏။

လူကြီးလျို၏ အကူအညီဖြင့် ဖုန်းယွီသည် သူ့စွန်ကို ကမ်းခြေကို ယူနိုင်ခဲ့သည်။ ပြီးနောက် လူကြီးလျိုသည် လှေဆီသို့ ပြန်သွားခဲ့၏။

“မင်းက ရစ်လုံးကို ကိုင် ပြီးတော့ ကိုယ်က စွန်ကို လေပေါ်ပျံအောင် လုပ်ပေးမယ်။ အဲ့အတိုင်း ပြေးသွားနေ။ ဒါက လေရဲ့ ဆန့်ကျင်ဖက်ပဲ ဒါမှ စွန်က လေပေါ် လွယ်လွယ်နဲ့ ပျံနိုင်မှာ။”

ဖုန်းယွီက ပြောလိုက်သည်။ ပြီးနောက် သူသည် စွန်နှင့်အတူ အဝေး တစ်နေရာသို့ သွားတော့၏။

“ကြိုးကိုဆွဲထား ကောင်းပြီ။ နည်းနည်းလျော့ နည်းနည်းလျော့။ အဲတာ အပေါ်ကို တက်သွားပြီ။ စွန်ပျံနေပြီ။”

ဖုန်းယွွီနှင့် လီနက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်တော့၏။ ပထမဆုံး အကြိမ်တွင် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းယွီသည် ထိုစွန်ကို စွန်လုပ်သည့် သူထံမှ အထူးမှာယူခဲ့ခြင်း ဖြစ်သည်။ ထိုစွန်က ချစ်စဖွယ်ကောင်းသည်။ ယနေ့မနက် လီန စွန်ကို မြင်မြင်ချင်းပင် ကြိုက်နှစ်သွားခဲ့သည်။ အမှန်တကယ်တွင် ဖုန်းယွီသည် စွန် နှစ်ခု မှာယူခဲ့ခြင်း ဖြစ်သည်။ အခြား တစ်ခုသည် ကင်းခြေများ ပုံစံနှင့် တူသည်။ သူသည် ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သူသည် ကင်းခြေများပုံစံ စွန်ကို မယူခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုစွန်အား ဝမ်တုန့်ကျွင်းကို ပေးခဲ့သည်။

စွန်သည် တဖြည်းဖြည်း မြင့်မြင့်သွားသည်။ လီနသည်လည်း ကြိုးကို ဆက်လက် လျော့ဆဲ ဖြစ်သည်။ နှစ်ယောက်သား ရစ်လုံးကို ကိုင်ထားကာ အတူတကွ ရယ်မောနေကြသည်။

“ကြည့် စွန်က အခု အမြင့်ကြီး ရောက်သွားပြီ။ အရမ်းလှတာပဲ။”

လီနက စွန်ကို လက်ညှိုးထိုးလိုက်၏။

“ကိုယ်က လိပ်ပြာရဲ့ တောင်ပံတွေကို ဆေးခြယ်ခဲ့တဲ့သူလေ။”

ဖုန်းယွီက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ညာဖက်ရဲ့ အလယ်ကပဲ မလား။”

ဖုန်းယွီက ပြောလိုက်၏။

“မင်းဘယ်လိုလို့ သိတာလဲ။”

မဖြစ်နိုင်တာ။ လီနက စွန်ကို လုပ်နေတုန်းက အနားမှာမှ မရှိတာ။

“ဘာကြောင့်ဆိုတော့ အဲ့အပိုင်းက ရုပ်အဆိုးဆုံး ဖြစ်နေတာလေ။”

လီနက ပြောလိုက်၏။ သူမသည် ရယ်ချင်စိတ်ကို ထိန်းထားရသည်။

“ဝါး..... ကိုယ်ကို ရယ်ရဲတယ်ပေါ့။ အဲ့တောင်ပံ အပိုင်းက စွန်ရဲ့ အလှဆုံး အပိုင်းပဲ မင်း မျက်စိ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်။ သေချာကြည့်ကြည့်လိုက်ဦး။”

ဖုန်းယွီသည် ဒေါသထွက်သရောင် ဟန်ဆောင်လိုက်၏။

“ဟဟဟ ကောင်းပါပြီ။ ရှင် ဆေးခြယ်ထားတဲ့ အပိုင်းက အလှဆုံးပဲ။”

သူတို့ နှစ်ယောက်သား စွန်လွှတ်နေကြရင်း အချင်းချင်း ကျီစယ်နေကြသည်။ တစ်နာရီကျော် ကြာပြီးနောက် နေ့လည်ခင်း ရောက်လာပြီ ဖြစ်သည်။ ပြီးနောက် သူတို့ နှစ်ယောက်လုံး ပင်ပန်းနေကြပြီ ဖြစ်သည်။

ဖုန်းယွွီသည် ကြိုးပြန်ရစ်ပြီးနောက် အကင်ကင်ရန် ပစ္စည်းများကို ထုတ်လိုက်တော့သည်။ သူသည် မီးသွေးပေါ်တွင် အရက်အနည်းငယ် လောင်းလိုက်ပြီး မီးမွှေးလိုက်၏။

ဟွတ်.....

သူသည် မီးမွှေးသည့် အဆင့်များကို မှန်မှန်ကန်ကန်နှင့် လုပ်ဆောင်နိုင်ခဲ့သည်။ သိုသော် လေကြောင်းက ရုတ်တရက် ပြောင်းသွားသည်။ အစက လေဆန် တိုက်နေပြီး ယခုလက်ရှိတွင် လေက စုန်ပြီး တိုက်ပြန်သည်။ ဖုန်းယွီသည် မီးခိုးငွေ့များကို ရှုမိသည့်အတွက် ချောင်းဆိုးသွားတော့သည်။

လီနသည် ဖုန်းယွီကို စူးစူးစိုက်စိုက် ကြည့်ကာ ရယ်မောတော့၏။ ပြီးနောက် သူမသည် ဖုန်းယွီ၏ လက်ကို ပုတ်လိုက်ကာ

“ငါပဲ လုပ်လိုက်တော့မယ်။ ရှင်အရင်က အိမ်မှာ မီးမမွှေးဖူးဘူးလား။”

ဖုန်းယွီက “......”

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငါလည်း လယ်တောမှာ နေလာတာပါနော်။ လေကြောင်း ရုတ်တရက် ပြောင်းတာ ဖြစ်တက်တာပဲ မီးမွှေးနည်းနဲ့ ဘာမှကို မဆိုင်ဘူး။”

မကြာခင်တွင် မီးသွေးများက နီရဲလာပြီး ပူလာ၏။ ဖုန်းယွီသည် ဆိတ်သားချောင်းနှင့် ကြက်တောင်ပံကို တင်လိုက်သည်။ ပြီးနောက် အကင်ဆီ တို့လိုက်၏။

“ကြက်တောင်ပံပေါ်မှာ ရှင်ဘာတို့လိုက်တာလဲ။ မွေးနေတာပဲ။ ဘာကြောင့် အနံက ချိုသယောင်ယောင် ဖြစ်နေရတာလဲ။”

“အချစ်ရေ အရင်က မကင်ဖူးဘူးလား။ နောက်ပိုင်းကျ ကိုယ့်လက်ရာတွေကို သိလာမှာပါ။ ကိုယ်က ကြက်တောင်ပံကင်ကို ကြိုက်တယ် ပြီးတော့ လီနအတွက် ကင်တဲ့ ကြက်တောင်ပံကိုလည်း ကြိုက်တယ်။.....”

ဖုန်းယွီသည် သီချင်း တစ်ပုဒ်ကို ကောက်ဆိုလိုက်သည်။ ယင်းက Stephen Chow၏ ရုပ်ရှင်ထဲမှ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ သူသည် စာသားသာ ပြောင်းလိုက်ခြင်းဖြစ်သည်။

“ဘာတွေ ဆိုနေတာလဲ။ စိတ်ပျက်စရာ။”

လီနက ဖုန်းယွီကို စိုက်ကြည့်လိုက်၏။

“ဒါက.... လာ သီချင်း ဘယ်လိုဆိုရမလဲ ဆိုတာ သင်ပေးမယ်။ ကြက်တောင်ပံကင် ကျွန်တော် ကြက်တောင်ပံကင် စားရတာ နှစ်ချိုက်တယ်.... လာပါ ကိုယ်နဲ့ အတူ ဆိုရအောင်။"

“.....”

လီနက

“ငါ ဒီသီချင်း မဆိုချင်ပါဘူး။ ရှင် အကင်ကို အရင်စားနှင့်။ လူကြီးလျိုကို အတူတူစားဖို့ သွားခေါ်လိုက်ဦးမယ်။ ကျွန်မအတွက် ပေါင်မုန့် တစ်ခုတော့ ချန်ထားပေးဦးနော်။”

ဖုန်းယွီက နာကျင်သလို ခံစားလိုက်ရသည်။ ထိုသီချင်းသည် အမှန်ပင် နားထောင်လို့ ကောင်းသည်။ ပြီးနောက် အသံလည်း ကောင်းသည်။ ကီးမကိုက်လို့လား။ ဖုန်းယွီသည် သီချင်းကို ပိုလေ့ကျင်၏။

“ကြက်တောင်ပံကင်၊ ကြက်တောင်ပံကင် ကျွန်တော် ကြက်တောင်ပံကင် စားရတာ နှစ်ခြိုက်တယ်....”

လူကြီးလျိုသည် ဖုန်းယွီဆီသို့ ပန်းကန်ပြား သေးသေးလေးနှင့် လျှောက်လာသည်။ ပန်းကန်ထဲတွင် ငါးသေးလေးများ ကျွတ်နေအောင် ကြော်ထားသည်။ ဖုန်းယွီသည် သူ့အတွက် အများကြီး ပေးထားသည်။ ပြီးနောက် သူသည် ဖုန်းယွီအတွက် စားစရာ လုပ်ပေးသည်။ ဖုန်းယွီသည် ငါးတစ်ကောင်ကို မြည်းကြည့်လိုက်ရာ ယင်းငါးသည် အရသာ ကောင်းလွန်းသည်။

“လူလေး။ မင်းအခု ဘာတွေဆိုနေတာလဲ။ တရုတ်အော်ပရာလား။”

လူကြီးလျိုက ရယ်ကာ မေးလိုက်၏။

ဖုန်းယွီက “......”

လီနသည် မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့သညည်။

“အမ်... လူကြီးလျို ကြားတာ မှားရမယ်။ ကျွန်တော်က သံစဉ်အချို့ကို လုပ်နေတာ။ ကျွန်တော် တရုတ်အော်ပရာကိုတော့ တကယ် မသိဘူး။ လူကြီးလျိုရဲ့ ငါးကြော် တကယ် စားကောင်းတယ်။ ငါးကြော်နည်း ပြောပြပါဦး။”

*********

အခုမှ နေကောင်း ပျောက်ကာစမို့ အပိုင်းအများကြီး မတင်နိုင်တာ ခွင့်လွှတ်ပေးပါ။

All Chapters