ဖူကွမ်းကျန်း
Vol. 21 Ch. 303
“ကွမ်းကျန်း ဒီ တစ်ကြိမ်မှာတော့ လူကြီးကျောနဲ့ တခြားသူတွေက စက်ရုံခွဲတွေ တည်ဆောက်ဖို့ ဒေသ အစိုးရနဲ့ ညှိုနှိုင်းတဲ့အခါ မင်းကို ကူပေးလိမ့်မယ်။”
“ဦးလေး ဖုန်းယွီ ဒီ တစ်ကြိမ်ကော အောင်မြင်နိုင်မယ်လို့ ထင်လား။ ကားလုပ်ငန်းဆိုတာက ညတွင်းချင်း အောင်မြင်နိုင်တဲ့ ပရောဂျက် မဟုတ်ဘူး။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေက စက်ရုံအသစ်တွေ ဆောက်ဦးမှာ။ ကုန်ကျ စရိတ်က လွဲပြီး ကျွန်တော်တို့ဆီမှာ အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေ မရှိဘူး။ ကျွန်တော်တို့တွေက သုညက စနေတာ။ ဘာကြောင့် ဖုန်းယွီက ကားလုပ်ငန်းထဲကို ဝင်ချင်ရတာလဲ။”
ဖူကွမ်းကျန်းသည် ဖုန်းယွီ အဘယ်ကြောင့် ထိုသို့လုပ်သည်ကို သေချာမသိပေ။ ထိုလုပ်ငန်းက အရှုံးပေါ်သည့် လုပ်ငန်း တစ်ခုအဖြစ် ဖြစ်ပုံပေါ်နေသည်။
“မင်းလည်း ဒီအကြောင်းကို တွက်ချက်ပြီးပြီလား။”
ဖူရုန်ချီက ဖူကွမ်းကျန်းကို ကြည့်လိုက်သည်။
သူ့တူသည် လွန်ခဲ့သည့် နှစ်များစွာကထက် တော်တော်ကို တိုးတက်လာပေသည်။ သူသည် ယခုအခါ ပိုပြီး ရင့်ကျက်နေပြီ ဖြစ်သသည်။ ပြီးနောက် ဖူရုန်ချီသည် သူ့တိုးတက်မှုအတွက် ပျော်ရွှင်နေ၏။
“ယွမ် သန်းတစ်ထောင်က ပမာဏများတယ်လို့ ထင်ရနိုင်တယ်။ ဒါပေမဲ့ စက်ရုံ တစ်ရုံ နှစ်ရုံပဲဆို အဆင်ပြေသေးတယ်။ အနာဂတ်မှာ တရုတ်နိုင်ငံရဲ့ ကားဈေးကွက်က ယခုကထက် ကောင်းလာမှာ ဒါကြောင့်မလို့ပဲ ဖုန်းယွီက ဒီလုပ်ငန်းထဲကို ဝင်ချင်ခဲ့တာ။ တစ်ချိန်တည်းမှာ ငါးစက်ရုံ အသစ် ငါးရုံ ဆောက်တယ်ဆိုတာက မှန်ကန်တဲ့ လုပ်ရဲ့ပဲ။ အခုလက်ရှိ စက်ရုံပါ ထည့်တွက်မယ်ဆိုရင် ကားစက်ရုံ ၆ရုံ ဖြစ်မယ်။ ပြီးတော့ သူက မော်တော်ဆိုင်ကယ် စက်ရုံ လေးရုံကိုလည်း ထပ်ပြီး ဆောက်ချင်သေးတာ။ ဒါက ဈေးကွက်ကို ရဖို့အတွက် စီးပွားရေး နည်းဗျူဟာ တစ်ခုပဲ။ ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို စက်ရုံအများကြီးကို ခွဲပေးလိုက်ရမှာ။ သူ့အနေနဲ့ ဒီစီးပွားရေး အောင်မြင်နိုင်ပါ့မလား။”
ကားထုတ်လုပ်သည့် လုပ်ငန်းတွင် အတွေ့အကြုံရင့် အလုပ်သမားများနှင့် ဆက်စပ်သည့် နည်းပညာများ ရှိပါက ပြဿနာ တစ်ရပ်မဟုတ်ပေ။ သို့သော် ယခုရှိသည်မှာ ငွေကြေးပင် ဖြစ်သည်။ ယခုလက်ရှိတွင် စက်ရုံများစွာကို ငွေများ ခွဲရမည် ဖြစ်သည်။ တစ်ရုံ တစ်ရုံသည် ယွမ် သန်း ၁၀၀ခန့် ကျမည်ပင်။ ပြီးနောက် ဖူကွမ်းကျန်းသည်လည်း ယွမ် သန်း တစ်ရာသည် စက်ရုံ တည်ရန် မလောက်ငှဟု ခံစားမိ၏။
“ဒါဆိုရင် ဘာကြောင့် စက်ယန္တရားကုမ္ပဏီကနေ ရင်းနှီးမြှပ်နှံမှု မနှုတ်ထွက်ရတာလဲ။”
ဖူရုန်ချီက မေးလိုက်သည်။
“ဦးလေး အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒါကို အလောင်းအစား လုပ်လိုက်သလိုပဲ။ ဖုန်းယွီက သူ့ရင်းနှီးမြှပ်နှံမှုတွေ အကုန် အောင်မြင်ခဲ့တယ်။ ကျွန်တော် သူ့ကို စသိတဲ့နေ့ကတည်းက သူ ကျရှုံးတာ တစ်ခါမျှ မမြင်ဖူးဘူး။ သူ ပိုက်ဆံ သုံးတဲ့ အချိန်တိုင်း သူကပဲ အကျိုးအမြတ်ကို လက်လျော့တဲ့ပုံစံမျိုး ဒါပေမဲ့ အဆုံးမှာတော့ သူကပဲ ပိုက်ဆံ အများဆုံး ရတဲ့သူ ဖြစ်နေတယ်။ ကျွန်တော် သူ့ကို သိတုန်းကဆို သူ့မှာ ပိုင်ဆိုင်မှု များများစားစား မရှိဘူး။ အခုလက်ရှိမှာ ကျွန်တော် အတိအကျတော့ မသိပေမဲ့ ကျွန်တော် သိတာက ကျွန်တော်မိသားစုထက်တောင် ချမ်းသာနေပြီ ပြီးတော့ သူ့ရဲ့ ချမ်းသာမှုက ဦးလေးကိုတောင် လိုက်နေပြီလို့ သံသယ ရှိတယ်။ ဒါကြောင့် ဒီ ပရောဂျက်က အလုပ်ဖြစ်မဖြစ်တော့ မသေချာဘူးဆိုပေမဲ့ ကျွန်တော် အလောင်းအစားတစ်ခုလို လုပ်လိုက်တယ်။ အများဆုံးကတော့ ကျွန်တော်ငွေ ဆုံးရှုံးတာပေါ့။ ရေနွေးငွေ့စက်နဲ့ ဒလက်မဲ့ ပန်ကာ ရှိနေတဲ့အတွက် ဖုန်းယွီ ကျရှုံးမှာ မဟုတ်ဘူး ပြီးတော့ ကျွန်တော်လည်း မရှုံးဘူး။ ထပ်ပြောရမယ်ဆိုရင် အိုက်ဝ ကုမ္ပဏီလည်း ရှိသေးတယ်။ ပြီးတော့ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို ဂျပန်မှာ မိတ်ဆက်ပြီးသွားပြီ။ ဇွန်လကျ တရုတ်မှာလည်း မိတ်ဆက်တော့မှာ။”
ဖူကွမ်းကျန်း ဖုန်းယွီအကြောင်း ပိုသိလေလေ ဖုန်းယွီက ပိုပြီး နားလည်ရခက်သည်ဟု ခံစားလာရသည်။ သူ့ဆုံးဖြတ်တိုင်းက အစပိုင်းတွင် အဓိပ္ပာယ် မရှိပေ။ သို့သော် နောက်ဆုံးတွင် သူသာ အမြဲတမ်း မှန်ကန်ခဲ့၏။
ဥပမာအနေဖြင့် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာအတွက် သရုပ်ဆောင်ရွေးရာတွင် ဖုန်းယွီသည် ဖူကွမ်းကျန်း ရွေးချယ်ခဲ့သည် သူများကို မရွေးချယ်ဘဲ ထိုအစား ဖုန်းယွီက ဖူကွမ်းကျန်းကို မထင်ရှားသည့် အနုပညာရှင် နှစ်ယောက်ကို ရွေးချယ်ခဲ့သည်။ ဒုတိယ အဆင့် တီဗွီစတား ဖြစ်သည့် Johnny Depp နှင့် Macaulay Culkin ရှစ်နှစ်သားအရွယ် သရုပ်ဆောင် တို့ ဖြစ်သည်။
သို့သော် လွန်ခဲ့သည့် နှစ်က Box Office နှစ်ခုလုံး ထိပ်ဆုံးရောက်ရှိသည့် ဇာတ်ကားများကို မည်သူမျှ မထင်ထားခဲ့ပေ။ ပထမ ရုပ်ရှင်ဇာတ်ကားသည် Johnny Deep သရုပ်ဆောင်ထားပြီး နောက်တစ်ကားသည် Macaulay Culkin သရုပ်ဆောင်ထားသည်။ ထိုဇာတ်ကား နှစ်ခုလုံးသည် အောင်မြင်ကျော်ကြားခဲ့ကာ ထို သရုပ်ဆောင် နှစ်ယောက်လုံး ညတွင်းချင်း နာမည် ကြီးခဲ့၏။
ယခုလက်ရှိ ထိုသရုပ်ဆောင် နှစ်ယောက်၏ နာမည်ကျော်ကြားမှုနှင့် ဆိုပါက ကြော်ငြာခသည်လည်း သူတို့ ငှားခဲ့သည့် ပမာဏထက် ၁၀ဆကျော် များပေလိမ့်မည်။ ဖူကွမ်းကျန်းသည် ပဟေဠိ ဖြစ်သွားာခဲ့သည်။ ဖုန်းယွီ နာမည် ကျော်ကြားလာမည်ကို သူဘယ်လို သိရှိခဲ့သနည်း။
ဖုန်းယွီသည် ထိုသရုပ်ဆောင် နှစ်ယောက် ဇာတ်ကားနှစ်ကားတွင် သရုပ်ဆောင်မည် ဆိုသည်ကို သိလျှင်တောင် သူ့အနေဖြင့် ထိုရုပ်ရှင် ဇာတ်ကားများ Box Office တွင် ဝင်မည်ကို မည်သူ သိမည်နည်း။ ဖုန်းယွီ ထိုဇာတ်ကားများကို အရင်က ကြည့်ခဲ့ဖူးသည်လော။ ယင်းက မဖြစ်နိုင်ပေ။ ဖုန်းယွီသည် အမေရိကန်နိုင်ငံသို့ တစ်ခါမှ မသွားဖူးပေ။ သူ အဝေးဆုံးသွားသည်ကား ဟောင်ကောင်ပင် ဖြစ်သည်။
သို့သော် ယင်းက အချက်အလက် တစ်ခုသာ ဖြစ်သည်။ ဖူကွမ်းကျန်း ဘယ်သို့ ဖြစ်ခဲ့ပုံကို မသိသော်ငြား ဖုန်းယွီသည် အမေရိကန်မှ လူအချိုနှင့် အဆက်အသွယ် ရှိမည်ဟုသာ ခန့်မှန်းနိုင်သည်။ ထို ရုပ်ရှင် နှစ်ကား၏ အောင်မြင်မှုနှင့် ဆိုပါက သရုပ်ဆောင်များသည်လည်း ပိုပြီး အလုပ်ရလာမည် ဖြစ်ကာ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာ ဈေးနှုန်းသည်လည်း မြင့်တက်ပေလိမ့်မည်။ ဂိုထောင်ထဲတွင် ထားထားသည့် ဒလက်မဲ့ ပန်ကာများသည်လည်း ခဏတွင်းချင်း ရောင်းထွက်သွားသည်။ အမှာစာများလည်း ရှိနေပေသေး၏။
ကံကောင်းသည်မှာ တုန့်ကွမ်းရှိ စက်ရုံအသစ်သည် ဘင်းမြို့တော်ထက် ထုတ်လုပ်နိုင်စွမ်း ပိုကောင်းပေသည်။ ပြီးနောက် လိုအပ်ချက်ကိုလည်း မြန်မြန်နှင့် ဖြည့်ဆည်းပေးနိုင်ပေသည်။ ဖူကွမ်းကျန်း ဘင်းမြို့တော်သို့ နောက်ဆုံး အကြိမ်သွားစဉ်က ဖုန်းယွီသည် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများ အားလုံး၏ ရှယ်ယာများကို ပိုင်ဆိုင်ကြောင်း သိရှိခဲ့လေသည်။ သူ့အနေဖြင့် စက်ပစ္စည်းစက်ရုံနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံမှ ရှယ်ယာများကို မည်သို့မည်ပုံ ရရှိခဲ့မှန်း မသိပေ။ လက်ရှိတွင် စက်ပစ္စည်းစက်ရုံသည် ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် စာချုပ်ဖြင့်သာ လုပ်ကိုင်တော့သည်။ ဖုန်းယွီ၏ အကျိုးအမြတ်သည် များစွာ တိုးလာသည်ပင် ဖြစ်၏။
ဖူကွမ်းကျန်းသည် စက်ရုံအသစ်ဆောက်ရန် အကြံပေးသည့်အခါ ဖုန်းယွီသည် ချက်ခြင်းပင် သဘောတူလိုက်သည်။ သူက ဖူကွမ်းကျန်းကို စက်ရုံနေရာ ရွေးချယ်ခွင့်တောင် ပေးလိုက်ကာ သူ ဘယ်လောက်ရင်းနှီးမြှပ်နှံ မြှပ်နှံ စိတ်ထဲမထားပေ။
ယခု တစ်ခေါက်တွင် ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီကို ငွေကြေးပမာဏ တော်တော်များများ ရင်းနှီး မြှပ်နှံခဲ့သည်။ ဖူရုန်ချီက ဖူကွမ်းကျန်းကို သူ့ပိုင်သည့် ရှယ်ယာများအား ဘင်းမြို့တော် အစိုးရသို့မဟုတ် ဖုန်းယွီဆီသို့ ရောင်းချစေလိုသည်။ ဖူကွမ်းကျန်း၏ ရင်းနှီးမြှပ်နှုံမှုသည် အဆပေါင်းများစွာ ရရှိခဲ့ပြီး ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ဖူကွမ်းကျန်းကို ဖုန်းယွီကဲ့သို့ အန္တရာယ်မျိုး မယူစေလိုပေ။ ‘
သို့သော် ယခု တစ်ခေါက်တွင် ဖူကွမ်းကျန်းသည် သူ့ဦးလေးပြောသည့်အတိုင်း လုပ်ရန် ငြင်းဆိုလိုက်သည်။ သူ့အဖေ လုပ်ခဲ့သည့် အိုက်ဝ ရှယ်ယာကိစ္စသည် ဖုန်းယွီကို စိတ်ဆိုးစေပြီး သူ့အား အရူးလုပ်သလို ခံစားစေရသည်။ သူ့ဦးကြီး၏ အကူအညီကြောင့် ဖုန်းယွီသည် သူ့ဆုံးရှုံးမှုများကို ပြန်လည် ကုစားရန် သတင်းအချို့ ပေးခဲ့ကာ ငွေများ ပြန်ရခဲ့သည်။ ဖူကွမ်းကျန်းက ဖုန်းယွီနှင့် သူ့ ဆက်ဆံရေးသည် အရင်ကကဲ့သို့ မနီးစပ်မှန်း သိပေ၏။
အကယ်၍ သူသာ ရင်းနှီးမြှပ်နှံမှုကို နှုတ်ထွက်ရန် ရွေးချယ်ခဲ့ပါက သူနှင့် ဖုန်းယွီကြား ဆက်ဆံရေးက ပိုတောင် ဝေးသွားပေမည်။ ဖုန်းယွီသည် အနာဂတ်တွင် အလွန်ကောင်းသည့် ရင်းနှီးမြှပ်နှံမှုများ တွေ့သည့်အခါ သူက ဖူကွမ်းကျန်းအား မေးတော့မည် မဟုတ်ချေ။ ထို့ပြင် လွန်ခဲ့သည့် နှစ်လခန့်က ဂျပန်တွင် မိတ်ဆက်သည့် အိုက်ဝ၏ ထုတ်ကုန်သည်လည်း အလားအလာ ကောင်းသည်။ ဟောင်ကောင်၏ အိုက်ဝသည် တရုတ်နိုင်ငံတွင် ရောင်းချခွင့်ကိုလည်း ရရှိထားသည်။ အကယ်၍ အိုက်ဝသာ ရောင်းကောင်းပါက ဖူကွမ်းကျန်းသည်လည်း ငွေအများကြီး ရှာနိုင်မည် ဖြစ်သည်။
အကယ်၍ ဖုန်းယွီနှင့် ဖူကွမ်းကျန်းသာ လက်ရှိ အဆင်မပြေ ဖြစ်ပါက ဖုန်းယွီသည် စာချုပ်ကို ချိုးဖျက်မည် ဖြစ်သည်။ ပြီးနောက် ဖူကွမ်းကျန်းသည် သူ့စီးပွားရေး ဆုံးရှုံးသွားမည် ဖြစ်သည်။
ထပ်ပြောရလျှင် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာ များလည်း ရှိသေးသည်။ ဖူကွမ်းကျန်းနှင့် ဖူမိသားစုသည် ထိုထုတ်ကုန် နှစ်ခုမှ ငွေပမာဏ အတော် ရှာနိုင်သည်။ သူသည် ဦးကြီးကို ရှင်းပြပြီးနောက် သူ့ဦးကြီးသည်လည်း သူ့ကို သဘောတူလိုက်သည်။
သူ့ဦးလေးက ဖုန်းယွီတွင် ရှေ့ပြေးအမြင်များ ရှိပြီး သတင်းအဆက်အသွွယ်များ ရရှိနိုင်ကြောင်း ပြောသည်။ သို့သော် ဖုန်းယွီတွင် အရေးကြီးသည့် အရည်အချင်းတစ်ခု ပျောက်နေ၏။ သူသည် စီမံခန့်ခွဲရေး ကျွမ်းကျင်မှု ပျောက်နေခြင်း ဖြစ်သည်။
ဖူကွမ်းကျန်းကို ကျွမ်းကျင်သည့် သူတစ်ယောက်ဟု စဉ်းစား၍ မရနိုင်ပေ။ သို့သော် ဖူရုန်ကျင်းသည် သူ့အား နှစ်ပေါင်းများစွာ သင်ကြားပြီး ဖြစ်သည်။ ယခုလက်ရှိတွင် သူက လမ်းညွှန်ပေးနေကာ သူ့အတွက်တောင် စီမံခန့်ခွဲရေး အသင်း ထောင်ပေးထားသည်။ ထို့အတွက်ကြောင့် ဖူကွမ်းကျန်း၏ စီမံခန့်ခွဲရေး စနစ်များသည် ဖုန်းယွီ၏ ကုမ္ပဏီတွင် ရှိသည် မည်သူထက်မဆို ကောင်းနေခြင်း ဖြစ်သည်။ သူသည် ဖုန်းယွီထက်တောင် တော်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။
ထို့အချက်ဖြင့်ပင် ဖူကွမ်းကျန်းသည် ဖုန်းယွီကို ကူညီပေးသည့် အရာများ အလွန်များနေပြီ ဖြစ်၏။ ပြီးနောက် ဖုန်းယွီ ငွေရှာသည့်အခါ သူလည်းအတူ ပါခဲ့သည်။ သူသည် ဖုန်းယွီနှင့် ဖူမိသားစုကြားတံတား ဖြစ်သည်။ ယင်းက အခြားသော အရာများထက် ပိုပြီး အရေးကြီးကြောင်း ဖူရုန်ချီ ခံစားမိသည်။
“မင်း ဒီကိစ္စကို ကောင်းကောင်း စဉ်းစားတော့လည်း ကောင်းတာပေါ့။ ဒေသ အစိုးရတွေနဲ့ မြန်မြန် ပြီးအောင်တာလုပ်။ စက်ရုံဆောက်တာ စောစော ပြီးလေ ငါတို့တွေ ဈေးကွက်အကြောင်း နားလည်လေပဲ။ ဒီလိုဆို အန္တရာယ်ကို လျော့ချနိုင်လိမ့်မယ်။ ကျရှုံးမှာကိုတော့ မကြောက်နဲ့ အခုတောင် တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်တာ အရမ်းမြန်နေတာ။ ပြီးတော့ အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ အခုအချိန်မှာ ဖုန်းယွီကို အမှီလိုက်နိုင်တဲ့လူ အနည်းငယ်ပဲ ရှိတယ်။”