ဝမ်သဲကွမ်း ရာထူးတိုးခံရခြင်း
Vol. 21 Ch. 305
နောက်ဆုံးစာမေးပွဲပြီး သုံးရက် ကြာပြီးနောက် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းနှင့် အခြားသော ကျောင်းသားများကို ကားဖြင့် ပြန်ပို့သည်။
ကားပေါ်တွင် သူတို့ လေးယောက်သာ ရှိသည်။ သူတို့၏ ခရီးဆောင်အိပ်များကို လေနှင့်မိုး လော်ဂျစ်စတစ်ကို ပို့ဆောင်ထားသည်။ ထရပ်ကားများသည် မနက်ဖြန်တွင် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံကို လာမည် ဖြစ်ရာ သူတို့၏ ခရီးဆောင် အိပ်များကို တပါတည်း ပို့ပေးမည် ဖြစ်သည်။
သူတို့ အထက်တန်းကျောင်း စတက်သည့်အခါ သူတို့တွင် ခရီးဆောင်အိတ် အနည်းငယ်သာ ရှိသည်။ သို့သော် ကျောင်းဆင်းပြီးနောက် ဖုန်းယွီသည် သူ့ကားဖြင့်တောင် လီန၏ ပစ္စည်းများကို မသယ်နိုင်တော့ပေ။
ဖုန်းယွီသည် လီနအတွက် လက်ဆောင်များစွာ ဝယ်ပေးခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သူ့သူငယ်ချင်းများကို အိမ်ပြန်ပို့ပြီးနောက် ဖုန်းယွီသည် သူ့အိမ်ကို ဖြည်းဖြည်းမောင်း ပြန်ခဲ့သည်။ သူအိမ်ပြန်ရောက်သည့်အခါ သူ့အမေသည် မီးဖိုချောင်ထဲတွင် ဟင်းချက်နေ၏။
“မင်းပြန်လာပြီ။ မြန်မြန်သွားပြီး ခြေလက်ဆေးချေ။ ငါတို့တွေ ငါးကျက်တာနဲ့ ထမင်းစားကြမယ်။”
“အဖေကော ဘယ်မှာလဲ။ သူအခုထိ စက်ရုံမှာပဲလား။ စက်ရုံကို စီမံ ခန့်ခွဲဖို့အတွက် တစ်ယောက်ယောက်ကို မငှားဘူးလား။”
ဖုန်းယွီက မျက်မှောင် ကျုံ့လိုက်သည်။ နေ့လည်ရောက်နေပြီ ဖြစ်သည်။ အဘယ်ကြောင့် သူ့အဖေ အလွန် အလုပ်ရှုပ်နေရသနည်း။
“မင်းအဖေက ဦးလေးဝမ်ဆီကို သောက်ဖို့အတွက် သွားတာ။ မင်းဦးလေးဝမ်က ရာထူးတိုးလို့လေ။”
ဦးလေးဝမ်က ရာထူးတိုးတာလဲ။ သူ မကြာခင်ကပဲ လက်ထောက် အရာရှိအဖြစ် ရာထူးတိုးထားထာ မဟုတ်လား။ ဘာဖြစ်လို့ ရာထူး ထပ်တိုးရတာလဲ။
သူက အခု လယ်တောဌာနရဲ့ အရာရှိချုပ် ဖြစ်သွားပြီလား။ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ။
“အမေ ဦးလေးဝမ်က လယ်တောဌာနရဲ့ အရာရှိချုပ် ဖြစ်သွားတာလား။”
ဖုန်းယွီ၏ မျက်နှာတွင် မယုံကြည်နိုင်သော မျက်နှာထား ပေါ်နေသည်။ ယင်းက ခုန်ပျံကျော်လွှားပြီး ရာထူးတက်သည်ဟုတောင် စဉ်းစား၍ ရနိုင်သည် မဟုတ်လော။
ဒီလို ရာထူးတိုးပုံနဲ့ဆိုရင် ဦးလေးဝမ်က အဆင့်မြင့်မြင့်ရာထူးနဲ့ အနားယူရမှာပဲ။ ဒီလို ဖြစ်မယ်လို့ အတိတ်က ဘယ်သူ တွေးမိမှာလဲ။
“ဟုတ်တယ်။ ဒီနေ့မနက်မှ ထုတ်ပြန်ထားတာ။ ပြီးတော့ မင်းရဲ့ ဦးလေးက ရုံးကနေ မြန်မြန် ပြန်လာပြီး သူက ချက်ခြင်းကို ဂုဏ်ပြုဖို့အတွက် သောက်ဖို့ ခေါ်တော့တာပဲ။ မင်းရဲ့အဖေကလည်း သူ့ရာထူးတိုးဖို့အတွက် အထောက်အပံ့အများကြီး ဖြစ်ခဲ့တယ်လေ။”
ကျန်းမူဟွက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ဖုန်းမိသားစုသည် ဒေသတွင်း ရင်းနှီးမြှပ်နှံမှု များစွာ ပြုလုပ်ထားကာ သူတို့၏ စက်ရုံများသည်လည်း အတိုးတက်ဆုံး ဖြစ်သည်။ သူတို့၏ ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ထျန်ဖုန်း ဝက်ခြံတို့ကို ပြည်နယ် သတင်းများတွင် အကြိမ်များစွာ ပြသခဲ့သည်။
အင်တာဗျူးသည့် အချိန်တိုင်း ဖုန်းရှင်းထိုက်က သူ့အောင်မြင်ခြင်း၏ လျို့ဝှက်ချက်ကို မေးသည့်အခါ သူက အရာရှိချုပ်နှင့် လက်ထောက်အရာရှိ ဝမ်တို့၏ ကူညီမှုနှင့် အလုပ်သမားများ၏ ကြိုးစားမှုကြောင့်ဟု ဖြေခဲ့သည်။
အကယ်၍ တစ်ကြိမ်နှစ်ကြိမ်သာဆို အဆင်ပြေသေးသည်။ သို့သော် အကြိမ်ပေါင်း များစွာ ဖြစ်ပါက အထက်အရာရှိများသည် ယင်းအကြောင်းကို သတိထားမိပေ၏။
အရာရှိချုပ်သည် ရာထူးတိုးပြီး ဖြစ်သည်။ သူသည် မြို့တစ်ခု၏ မြို့တော်ဝန် အဖြစ် တစ်ခါတည်း ရာထူးတိုးခဲ့သည်။ ထိုမြို့၏ ပါတီ ကော်မတီအတွင်းရေးမှူး နှစ်နှစ်အတွင်း အနားယူပါက သူသည် ထိုနေရာကို ဆက်ခံမည် ဖြစ်သည်။
အရာရှိချုပ်သည်လည်း သူ့ရာထိုးတိုးရသည်မှာ ဝမ်သဲကွမ်းနှင့် ဖုန်းရှင်းထိုက်၏ ဆက်ဆံရေးကြောင့်ဟု ကောင်းကောင်းကြီး နားလည်ပေသည်။ သူသည် ဒေသ၏ တိုးတက်မှုအတွက် အမှတ်များစွာ ရခဲ့သည်။ ထို့ပြင် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ဝက်ခြံများသည် သူ့တာဝန် ထမ်းဆောင်စဉ်အတွင်း တည်ဆောက်ခဲ့သည်။ ထိုကုမ္ပဏီနှစ်ခု အကြောင်း ပြောသည့် အခါ သူသည်လည်း သေချာပေါက် ပါရမည် ဖြစ်ပေသည်။
ဖုန်းမိသားစုနှင့် မည်သူက ကောင်းမွန်သည့် ဆက်ဆံရေး ရှိနိုင်မည်နည်း။ ဝမ်သဲကွမ်းမှ လွဲပြီး မည်သူမျှ မရှိပေ။ အစက အခြား အတွေ့အကြုံရှိ လက်ထောက် အရာရှိသည် သူတို့နှစ် ဆက်သွယ်ပြီး ထိုနေရာကို ရရန် ကြိုးပမ်းသည်။ သို့သော် မကြာခင် သူတို့သည် ရပ်လိုက်ကြတော့သည်။ ပြည်နယ်လယ်တောဌာနမှတောင် ဝမ်သဲကွမ်းကို သူ့လုပ်ဆောင်မှုအတွက် ချီးကူးပေသည်။
သူတို့သည် ထိုအကြောင်းနှင့် ပတ်သက်ပြီး ခါးသက်သက် ရှိကြသည်။ ဝမ်သဲကွမ်းသည် အမြဲတမ်း ပြုံးနေကာ အနေအထိုင်တက်သည်။ သို့သော် ဝမ်သဲကွမ်းသည် ပြည်နယ်ဌာနချုပ်နှင့် အဆက်အသွယ်ရှိသည်ကိုတော့ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူတို့၏ ခေါင်းဆောင်က အရာရှိချုပ် ရာထူးကို မျက်စိကျနေသည့် သူများကို သတိပေးထားပြီး ဖြစ်သည်။ သူတို့သည် လက်ထောက် အရှာရှိအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကာ သူတို့ တာဝန်များကို ဆက်လက် ထမ်းဆောင်ရမည် ဖြစ်သည်။ သူတို့သည် ဝမ်သဲကွမ်း ရာထူး ထပ်တိုးခြင်း သို့မဟုတ် ပြောင်းရွေ့ပါက သူတို့သည် ထိုနေရာကို ရယူရန် အခွင့်အရေး ရပေမည်။
ပြည်နယ်လယ်တောဌာနချုပ်သည်လည်း ဝမ်သဲကွမ်းကို သတိထားမိပြီး ဖြစ်သည်။ ပြီးနောက် သူ့၏ နောက်ထပ် ရာထူးတိုးမှုသည်လည်း မြန်ဆန်သင့်ပေသည်။ သူ၏ ရာထူးတိုးနှုန်းနှင့်ဆိုလျှင် နောက်သုံးနှစ်နေပါက နောက်ထပ် ရာထူးတိုးမည် ဖြစ်သည်။ လက်ထောင် အရာရှိများက ထိုင်စောင့်နေရုံသာ ရှိတော့၏။
အကယ်၍ ဝမ်သဲကွမ်း ရာထူး မတိုးလျှင်တောင် ဒေသ၏ ဖွံ့ဖြိုးမှုနှင့် ဆိုပါက သူတို့သည်လည်း အမှတ်များ ရယူနိုင်မည် ဖြစ်သည်။ သူတို့သည် အခြားသော ဒေသများကို အပြောင်း ရှောက်ထားနိုင်သည်။ သူတို့သည် မြို့၏ ဌာနကိုတောင် အပြောင်းလျှောက်၍ ရနိုင်ပေ၏။
ဒေသတွင် လူဦးရေ နှစ်သောင်းခန့်သာ ရှိသည်။ သို့သော် မြို့တော် လူဦးရာသည် ရာဂဏန်း ရှိပေသည်။ လူပိုများပြီး ပိုကြီးသည့် နေရာ ဖြစ်ပါက သူတို့တွင် အာဏာများ ပိုရလာမည် ဖြစ်သည်။ လက်ထောက် အရာရှိများသည်လည်း သူတို့အတွေးများကို ဖြန့်ကျပ်ထားကာ သူတို့ အမှတ်များ ပိုရနိုင်သည့် အရေးကိုသာ အာရုံစိုက်ထားသည်။ သူတို့အနေဖြင့် မြို့တွင် လွတ်သည့် နေရာများ ရှိပါက အပြောင်းလျှောက်ထားနိုင်မည် ဖြစ်သည်။
ဝမ်သဲကွမ်းသည်လည်း သူရာထူးတိုးသည့်အတွက် အံ့အားသင့်နေ၏။ သူသည် နောက်ဆုံးတွင် ဒေသ လယ်တောဌာန၏ အရာရှိချုပ် ဖြစ်မည်ကို သိသော်လည်း သူ့အနေဖြင့် မြန်မြန်ဆန်ဆန် ဖြစ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ထပ်ပြောရပါက သူသည် ဒေသ၏ ပါတီကော်မတီ အတွင်းရေးမှူးအဖြစ် နှစ်နှစ်အတွင်း ခန့်အပ်ခံရမည် ဖြစ်သည်။
ဖုန်းယွီသည် သူ့မေးကို ပွတ်လိုက်သည်။ ဝမ်သဲကွမ်း၏ ရာထူးတိုးမှု အကြောင်းကို စဉ်းစားနေသည်။ ပြည်နယ် အရာရှိများက သူ့အပေါ် တကယ်ပင် အများကြီး စဉ်းစားသည်လော။ ဝမ်သဲကွမ်းသည် ပြည်နယ် အစိုးရရုံးကို အရင်တုန်းက မရောက်ဘူးပေ။ သူအမြင့်ဆုံး သွားရောက်ဖူးသည်ကား မြို့တော် အစိုးရ ရုံးသာ ဖြစ်သည်။
ယင်းအဓိပ္ပာယ်က တစ်ယောက်ယောက်သည် ပြည်နယ် လယ်တောဌာနရှိ ခေါင်းဆောင်များကို ပြောခြင်း ဖြစ်ပေသည်။ ထိုသူက မည်သူ ဖြစ်မည်နည်း။ ကျန်းဟန်၏ အဖေများ ဖြစ်နေမည်လော။
ဖုန်းယွီ ယင်းအကြောင်းကို စဉ်းစားကြည့်လိုက်သည့်အခါ မဖြစ်နိုင်မှန်း ခံစားမိသည်။
ကျန်းဟန်၏ အဖေသည်လည်း ပြည်နယ် အစိုးရအဖွဲ့ထဲတွင် ပါဝင်သည့် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဝမ့်တုန့်ကျွင်း သူ့သမီးနှင့် တွဲနေသည်ကို မတားသည်ကပင် သူ့အတွက် ဘုရားကောင်းချီ ပေးခံရခြင်းပင် ဖြစ်သည်။ သူ့အနေဖြင့် ဝမ်တုန့်ကျွင်း၏ အဖေကို ကူညီလိမ့်မည် မဟုတ်ပေ။
ကျန်းရွေ့ချင် ဖြစ်နိုင်မည်လော။ ဖုန်းယွီသည် ဝမ်သဲကွမ်းအကြောင်းကို မကြာခဏ ပြောနေသည့် အတွက် သူ ထိုနာမည်ကို မှတ်မိသွားသည်လော။ ကျန်းရွေ့ချင်သည်လည်း ပြည်နယ်အစိုးရမှ မြို့တော် အစိုးရအဖွဲ့သို့ပြောင်းရွေ့ ခန့်ထားသည့်အတွက် သူ့သည် ပြည်နယ်လယ်တောဌာနမှ ခေါင်းဆောင်များကို သိသည်လော။ သို့သော် ယင်းကလည်း မမှန်သေးပေ။
အကယ်၍ ကျန်းရွေ့ချင်သာ ဆိုလျှင် သူက ဖုန်းယွီကို သေချာပေါက် ပြောပေလိမ့်မည်။ တစ်ယောက်ယောက်သည် နှစ်ခြိုက်မှုကို သိုသိုဝှက်ဝှက်ဖြင့် လိုချင်ပါက ထိုသူ၏ ရည်ရွယ်ချက်သည် အဘယ်သို့ ဖြစ်မည်နည်း။
ဖုန်းယွီသည် ဝမ်သဲကွမ်းကို ဒေသ၏ လယ်တောဌာန၏ အရာရှိချုပ် ဖြစ်စေခဲ့သည်။ အကြောင်းမှာ ဦးလေးဝမ်သည် သူ့မိသားစုကို ဘယ်တော့မျှ မလိမ်ညာသည့်အတွက် ဖြစ်သည်။ အကယ်၍ တခြားသူသာ ဖြစ်လျှင် သူ့မိသားာစုကို ခက်ခက်ခဲခဲ ဖြစ်အောင် လုပ်ပေလိမ့်မည်။
ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ထျန်ဖုန်းဝက်ခြံတို့သည် ပိုက်ဆံ တော်တော် ရှာပေးနိုင်၏။ လွန်ခဲ့သည့်နှစ်က အချို့သော သူများသည် ဖုန်းရှင်းထိုက်က ဒေသကို ဆက်သွယ်မည့် လမ်းများအတွက် ငွေကြေးထောက်ပံ့ရန် တောင်းဆိုမှုများ ရှိခဲ့သည်။ အချို့သော သူများက လယ်တောဌာန၏ ရုံးကို ပြန်လည်ပြုပြင် ပေးရန်တောင် တောင်းဆိုကြသည်။
ထိုလူများသည် ဖုန်းရှင်းထိုက် ပိုင်ဆိုင်သည့် ငွေများကို သူတို့ ပိုင်ဆိုင်သည့် ငွေများအတိုင်း ပြုမူနေကြသည်။ ထိုသူများသည် သူတို့၏ အိတ်ကပ်ထဲမှ ငွေကို ထိုသို့ ပြုလုပ်ရန်အတွက် ဘယ်တော့မျှ မထုတ်ပေးသည့်သူများ ဖြစ်သည်။
သေချာသည်မှာ ထိုအကြံပေးချက်များ အားလုံးကို ဝမ်သဲကွမ်းက ငြင်းဆိုလိုက်သည်။ ဖုန်းရှင်းထိုက်သည် ဒေသရှိ ကျောင်းများကို လှူဒါန်းပြီ ဖြစ်ကာ ယင်းက လယ်တောဌာနက ပိုက်ဆံ တော်တော်များများ ချွေတာနိုင်ခဲ့ပေသည်။ လမ်းများကို ပြုပြင်ခြင်းကို အဓိပ္ပာယ် ရှိသေး၏။ သို့သော် အဘယ်တွက် ရုံများကို ပြုပြင်ရမည်နည်း။ ဖုန်းမိသားစုကို အရူးဟု တွေးနေကြသည်လော။
ဖုန်းရှင်းထိုက်သည်လည်း မပျော်ရွှင် ဖြစ်နေသည်။ သူ ကျောင်းများ လှူဒါန်းရခြင်းသည် အနာဂတ် မျိုးဆက်သစ်များအနေဖြင့် သူတို့ မိသားစု မှတ်မိရန် ဖြစ်သည်။ ခေါင်းဆောင်များအတွက် ရုံများကို ပြုပြင်ရမည်လော။ မပြုပြင်ဘဲဖြင့်တောင် ဒေသတစ်ခုလုံးရှိ ခေါင်းဆောင်များ သူ့ကို သိပြီး ဖြစ်သည်။
ဖုန်းယွီသည် သူ့အဖေ ထိုကိစ္စကို လုပ်ခဲ့သည့်အတွက် ထောက်ခံပေးသည်။ သူက သူ့အဖေကို ထိုကိစ္စကို ကြီးအောင် ချဲအောင်တောင် အားပေးသေးသည်။ ထိုသူများသည် သူမိသားစုမျှ အကျိုးအမြတ်ယူရန် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။
ယခုလက်ရှိတွင် ဝမ်သဲကွမ်းသည် အရာရှိချုပ်အဖြစ် ရာထူးတိုးပြီ ဖြစ်ကာ ဖုန်းရှင်းထိုက်ကို ရုံးများ ပြုပြင်ပေးစေချင်သည့် ခေါင်းဆောင်သည်လည်း အခြားဒေသသို့ ပြောင်းသွားရပြီ ဖြစ်သည်။ ဝမ်သဲကွမ်းသည် အသက်ငါးဆယ်မတိုင်ခင် ဒေသသေးသေး တစ်ခု၏ အဓိက တာဝန်ရှိသူ ဖြစ်လာပြီ ဖြစ်သည်။ အနာဂတ်တွင် သူရာထူးတိုးမှုကား ခပ်စိတ်စိတ် ဖြစ်လာမည် ဖြစ်သည်။
“အမေ ကျွန်တော် အမေအတွက် အဝတ်နှစ်ထည် ဝယ်လာခဲ့တာ။ အမေ ကြိုက်လား ကြည့်လိုက်ဦး။”
ကျန်းမူဟွက ပြုံးလိုက်ကာ
“သားဝယ်ပေးတာမှန်သမျှ အမေကြိုက်တယ်။ နောက်တစ်ခေါက်ကြ ပိုက်ဆံတွေ မဖြုန်းနဲ့ဦး။”
အမေနှင့် သားသည် ထမင်းစာရန်အတွက် ထိုင်လိုက်ကြကာ ဒေသအတွင်း ဖြစ်ပျက်သည့် ကိစ္စသေးသေးလေးများကို ပြောဆိုနေကြ၏။