← Chapters

အခန်း (၃၀၆)

Vol. 21 Ch. 306

အခန်း (၃၀၆)

Vol. 21 Ch. 306

ညနေ သုံးနာရီခန့်တွင် မူးနေသော ဖုန်းရှင်းထိုက်ကို သယ်လာခဲ့၏။ ဖုန်းယွီသည်လည်း ပြောစရာ စကားမဲ့သွားခဲ့သည်။ တစ်ယောက်ယောက် ရာထူးတိုးဂုဏ်ပြုရန်အတွက် အများကြီး သောက်ရန် လိုအပ်သည်လော။

ဝမ်တုန့်ကျွင်းက သူ့အနေဖြင့် အိမ်ကို ပြန်ကာ သူ့အဖေကို စောင့်ရှောက်ရမည်ကို ပြောသည့်အခါ ဖုန်းယွီသည်လည်း ဦးလေးဝမ်လည်း မှောက်နေပြီ ဖြစ်ကြောင်း သိခဲ့သည်။

ဖုန်ရှင်းထိုက်သည် ညမှောင်သည်အထိ အိပ်ပျော်သွားသည်။ ဖုန်းယွီက သူ့ကို ပြောလိုက်သည်။ သူသည် နောက်ဆုံးတွင် အမူးပြေသွားပြီး ဖြစ်ကာ မျက်နှာ သစ်လိုက်သည်။

“ဟာ... ရှောင်ယွီ မင်းဘယ်တုန်းက ပြန်လာတာလဲ။”

ဖုန်းယွီက

“......”

တစ်ညနေခင်းလုံး စောင့်ရှောက်တဲ့သူကို ဘယ်သူလို့ ထင်နေတာလဲ။

“အဖေ ဦးလေးဝမ်နဲ့ ဘာအကြောင်းတွေ ပြောနေကြတာလဲ။ ဝမ်တုန့်ကျွင်း ပြောပုံအရ အဖေတို့ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် စကားပြောရန် အရက်ကို အများကြီး သောက်တယ်လို့ ကြားခဲ့တယ်။”

ဖုန်းယွီသည် သူ့အဖေ သောက်နိုင်စွမ်းကို သိပေသည်။ ပြီးနောက် သူ တစ်ယောက်တည်း ဘိုင်ဂျူ တစ်ပုလင်းကို အလွယ်လေး ဖြုတ်နိုင်သည်။ ဖုန်းရှင်းထိုက်သည် ယနေ့တွင် အလွန်မူးနေသည်။ အကြောင်းမှာ သူနှင့် ဝမ်သဲကွမ်း နှစ်ယောက်စလုံးသည် ဘိုင်ဂျူ နှစ်ပုလင်းစီ သောက်ထားသည့်အတွက် ဖြစ်သည်။ ဝမ်တုန့်ကျွင်း၏ ပြောဆိုပုံအရ သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်သောက်နေကြကာ သူတို့ ပိုစကားပြောလေ သူတို့ ပိုသောက်လေ ဖြစ်သည်။ ဝမ်တုန့်ကျွင်းသာ သူတို့ကို မတားပါက သူတို့ နှစ်ယောက်စလုံး နောက်ထပ် နှစ်ပုလင်း ထပ်ဖွင့်မည်ပင်။

“ဘာမှ များများစားစား မပြောပါဘူး။ ငါတို့တွေ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံနဲ့ ဝက်ခြံရဲ့ အနာဂတ် တိုးတက်မှုလုပ်ဖို့ ပြောနေရုံပဲ။”

ဖုန်းရှင်းထိုက်က ပြောရင် ရေနွေး တစ်ခွက်ကို သောက်လိုက်သည်။ ဟ အဖေက စက်ရုံနဲ့ ဝက်ခြံ ဖွံ့ဖြိုးဖို့အတွက် ကို စိုးရိမ်နေတာလား။ သို့သော် ဖုန်းယွီသည် သူတို့ နှစ်ယောက်၏ အမြင်ကို မယုံကြည်ပေ။ သူတို့ နှစ်ယောက်စလုံးသည် ဒေသကို စွန့်ခွာရန် မလိုလားသူများ ဖြစ်ကာ ဒေသအသစ်ကိုလည်း ပြောင်းရွေ့ရန် လက်မခံလိုပေ။ သူတို့၏ အမြင်ကလည်း ဖုန်းယွီလောက် မကောင်းပေ။ သူတို့ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ပြောသည့်အခါ ဖုန်းယွီက သူတို့ အကြံအကြောင်းကို စတင်ဖော်ထုတ်တော့သည်။

“အဖေ အဖေတို့ရဲ့ တိုးတက်မှု အစီအစဉ်က ဘာလဲ။"

ဖုန်းယွီက သူ့ဖေဘေးတွင် ထိုင်ချလိုက်၏။

ဖုန်းရှင်းထိုက်က သူ့သားကို ကြည့်ရင်း ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

“ငါတို့ရဲ့ ဝက်သားတံဆိပ်က အခု လုံကျန်းပြည်နယ် တစ်ခုလုံးမှာတောင် နာမည် ကျော်ကြားနေပြီ။ ပြီးတော့ လင်းပြည်နယ်ကတောင် ငါတို့ဆီက ဝက်သားကို မှာတယ်။ ငါတို့တွေ ဒီ ဝက်ခြံကို စလုပ်တုန်းက ငါတို့ တွေ အများကြီး ရင်းနှီးမြှပ်နှံခဲ့တယ်။ ပြီးတော့ ငါတို့ အခု ရင်းနှီးမြှပ်နှံမှုတွေ အကုန် ပြန်ရပြီလေ။ ဒါကြောင့်မို့ ငါတို့ နှစ်ယောက်လုံးက ဝက်သား ပိုထုတ်လုပ်ဖို့ နောက်ထပ် ဝက်ခြံ တစ်ခြံကို ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။”

ဖုန်းယွီက တစ်ခဏတာ တားပြီးနောက် မေးလိုက်သည်။

“အဖေ ကျွန်တော်တို့ရဲ့ ဒေသမှာပဲ နောက်ထပ် ဝက်ခြံစောက်မယ်လို့ ပြောချင်တာလား။"

“သေချာတာပေါ့ ငါတို့ ဒေသထဲမှာပဲ ဖြစ်မှာ။ ဘာကြောင့် ငါက တခြားဒေသမှာ သွားပြီး ဆောက်ရမှာလဲ။”

ဖုန်းရှင်းထိုက်က ဖုန်းယွီကို မျက်လုံးလိမ့်ကာ ကြည့်လိုက်သည်။

ဖုန်းယွီက သူ့နဖူးသူ ရိုက်လိုက်တော့သည်။ သူ ခေါင်းကိုက်သွား၏။ ဝက်ခြံ တစ်ခုတည်းဖြင့်တောင် ပြည်နယ် တစ်ခုလုံးကို ထောက်ပံ့နိုင်မည်။ ပြီးနောက် သူတို့သည် အိမ်နီးနာချင်း ပြည်နယ်များကိုတောင် ရောင်းချနိုင်ပြီ ဖြစ်သည်။ ဒေသအတွင်း နောက်ထပ် ဝက်ခြံ တစ်ခု တည်ဆောက်မည်လော။ သူ့အဖေသည် သယ်ယူပို့ဆောင်ရေး အခက်အခဲကို မစဉ်းစားခြင်း ဖြစ်သည်။

“အဖေ ကျွန်တော်တို့တွေ ဝက်ခြံအသစ်ကို အခြားဒေသ မဟုတ်ဘူး ကျွန်တော်တို့ ပြည်နယ် တစ်ခုလုံးတောင်မှ ဆောက်လို့ မရဘူး။ ကျွန်တော် အဖေကို အရင်တုန်းကလည်း ပြောဖူးတယ်။ ကျွန်တော်တို့ ဝက်ခြံက အခြား ဝက်ခြံ အသေးလေးတွေနဲ့ အလုပ်လုပ်နေတာ။ တခြား ဝက်ခြံသေးလေးတွေကလည်း ကျွန်တော်တို့ရဲ့ နည်းလမ်းကို အသုံးပြုပြီး ဝက်တွေ မွေးကြတယ်။ ပြီးတော့ ကျွန်တော်တို့ စီကနေ တိရစ္ဆာန်အစာတွေ ဝယ်ကြတယ်။ ကျွန်တော်တို့က သူတို့တွေ မွေးတဲ့ ဝက်တွေကို ဝယ်ဖို့အတွက် စာချုပ် ချုပ်ဆိုပြီးသားလေ။ ကျွန်တော်တို့တွေက သူတို့တွေကို ထျန်ဖုန်း အမှတ်တံဆိပ် အနေနဲ့ သူတို့တွေရဲ့ ဝက်တွေကို ရောင်းချဖို့အတွက် ခွင့်ပြုပြီးသား။ ဒီနည်းလမ်းက ကျွန်တော်တို့ရဲ့ ဒေသကို ကောင်းကောင်းထောက်ပံ့ပေးနိုင်ပြီး အောင်မြင်မှုတွေလည်း ရခဲ့ပြီ။ အဖေအနေနဲ့ ဒီ တူညီတဲ့ နည်းလမ်းကို အသုံးပြုတာ ဒါမှမဟုတ်ရင် ဒေသ အစိုးရရဲ့ အခြားဒေသ တစ်ခုမှ စက်ရုံ တည်ဆောက်လို့ ရတယ်။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီးတော့ အဲဒီ စက်ရုံမှာ အမှတ်တံဆိပ်နာမည်ကို ထားလို့ရတယ်။ ဒါက အကောင်းဆုံး အဖြေပဲလေ။”

“မင်း ဘာအကြောင်း ပြောနေတာလဲ။ ငါတို့ရဲ့ အမှတ်တံဆိပ်ကို ရင်းနှီးမြှပ်နှံမယ် ဟုတ်လား။”

ဖုန်းရှင်းထိုက်က နားမလည်နိုင် ဖြစ်နေသည်။ အမှတ်တံဆိပ် နာမည်ကို ရင်းနှီးမြှပ်နှံ နိုင်သည်လော။

“အဖေ ကျွန်တော်တို့ရဲ့ ထျန်ဖုန်း အမှတ်တံဆိပ် ဝက်တွေက အခြား အမှတ်တံဆိပ် ဝက်တွေထက် ပိုပြီး ရောင်းအားကောင်းတယ် မဟုတ်လား။ ဒါက ဈေးကွက်ထဲမှာ အအောင်မြင်ဆုံး ဝက်သားပဲလေ။ စီးပွားရေး လုပ်ငန်းရှင် အချို့က ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်နာမည်ကို ဝယ်ချင်တယ်ဆိုပြီးလာတာ မမှတ်မိတော့ဘူးလား။ ကျွန်တော်တို့နာမည် အောက်မှာ ဝက်သားတွေကို ရောင်းနေသမျှ ကျွန်တော်တို့ ဒါကို တောင်းဆိုလို့ ရတယ်။ သူတို့တွေကလည်း အဆင့်မြင့် ဝက်တွေ ဖြစ်မှာပဲလေ။ ဒါက ကျွန်တော်တို့ရဲ့ အမှတ်တံဆိတ် တန်ဖိုးပဲ။ ကျွန်တော်တို့တွေ ဒီနည်းလမ်းကို အသုံးပြုပြီး ကျွန်တော်တို့ရဲ တံဆိပ်တန်ဖိုးကို မြင့်တင်လို့ ရသေးတယ်။”

ဖုန်းယွီသည် သူ့အဖေကို ရှင်းရှင်းလင်းလင်းဖြင့် ရှင်းပြလိုက်၏။

“ငါတို့တွေက ဘယ်လို လုပ်မှာလဲ။”

“ကျွန်တော်တို့တွေက အခြားသူတွေကို ဝက်ခြံ တည်ဆောက်ခိုင်းမယ်။ ကျွန်တော်တို့ရဲ့ တိရစ္ဆာန် အစာတွေကို ကျွေးခိုင်းမယ်။ သူတို့တွေရဲ့ ဝက်တွေကိုတော့ ကျွန်တော်တို့ရဲ့ ထျန်ဖုန်းဆိုတဲ့ အမှတ်တံဆိပ် အောက်မှာပဲ ရောင်းမှာ။ ပြီးတော့ ကျွန်တော်တို့တွေက အကျိုးအမြတ်ကို မျှဝေကြမယ်။”

“အကျိုးအမြတ်ကကော ဘယ်လောက်ရမှာလဲ။”

“တစ်ဆယ်ရာခိုင်းနှုန်းလောက်ပေါ့။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ တပြားမှ စိုက်ထုတ်စရာ မလိုဘူး။ ပြီးတော့ ကျွန်တော်တို့တွေ ဘာမှ စိုးရိမ်ဖို့လည်း မလိုဘူး။ ကျွန်တော်တို့တွေက သူတို့ကို တိရစ္ဆာန်အစာတွေကို ရောင်းမှာပဲ။”

“ဒါ အရမ်းနည်းတာပေါ့ အဲလို လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါတို့တွေက ဝက်ခြံတွေကို တည်ဆောက်နိုင်တာပဲကို။ ပြီးတော့ ဝက်ခြံ တည်ဆောက်တယ်ဆိုရင် ရတဲ့ ငွေတွေ အကုန်က ငါတို့ဟာပဲလေ။”

ယခုလက်ရှိတွင် တစ်ဆယ်ရာခိုင်နှုန်း အကျိုးအမြတ်သည် ဖုန်းရှင်းထိုက်ကို ဆွဲဆောင်သည့်ပုံ မပေါ်တော့ချေ။

ဖုန်းယွီသည် သူ့အဖေကို စက်ယန္တရားကုမ္ပဏီ၏ ရှယ်ယာများသည် ယခုအခါ ယွမ် သန်းသုံးဆယ်မှ လေးဆယ်တန်ကြေး ရှိကြောင်း ပြောခဲ့သည်။ အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ဝက်ခြံသည်လည်း ထိုနည်းအတိုင်း တန်ကြေး ရှိလာသည်ပင်။ ဖုန်းရှင်းထိုက်ကို ယခုတွင် သူဌေး တစ်ယောက်ဟု စဉ်းစား၍ ရနိုင်ပေသည်။

ဖုန်းရှင်းထိုက်သည် လုပ်ချင်လျှင် လုပ်ကို ဖြစ်အောင် လုပ်သည့် လူမျိုး ဖြစ်သည်။ ဖုန်းယွီ သူ့အဖေ ထိုသို့ ပြောသည်ကို ကြားသောအခါ သူက ပြောစရာ စကားမဲ့သွားသည်။ အကယ်၍ သူ့ဖခင်သည် ဝက်ခြံအသစ် တည်ဆောက်လျှင် သူတို့၏ ဒေသတွင်တော့ ထပ်တည်ဆောက်လို့ မရနိုင်ပေ။

“အဖေ ဒါက အဆင်ပြေတယ်။ အဖေ အသစ်ဆောက်မယ်ဆို ဆောက်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပြည်နယ်အတွင်းမှာ ဆောက်လို့ မရဘူး။ ကျွန်တော်တို့တွေ လင်းပြည်နယ်မှာလည်း အဲ့ဝက်ခြံကို သွားဆောက်လို့ မရဘူး။ အနီးဆုံးကျွန်တော်တို့တွေ ဆောက်နိုင်တဲ့ ပြည်နယ်က လျောင်ပြည်နယ်ပဲ။ အခုလက်ရှိမှာ ကျွန်တော်တို့ရဲ့ ဝက်သားတွေကို လင်းပြည်နယ်မှာတောင် ရောင်းနေရတယ်။ တကယ်လို့ ကျွန်တော်တို့သာ လင်းပြည်နယ်မှာ ဝက်ခြံ တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဈေးကွက်က ထပ်သွားမယ်။ ဒါက ကျွန်တော်တို့ရဲ့ အရည်အချင်းကို တိုးမြင့် ထုတ်လုပ်ဖို့အတွက် ကောင်းတဲ့ အရာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့တွေ ဝက်တွေကို များများ မွေးမယ်ဆိုရင် လျောင်ပြည်နယ်ကို ပိုခက ဘယ်လောက်ထိ ကုန်ကျတယ်ဆိုတာ အဖေ သိတယ်မလား။”

“ဒါပေမဲ့ ငါက လျောင်ပြည်နယ်နဲ့မှ အသားမကျတာ။ ထပ်ပြောရမယ်ဆိုရင် အဲ့ဒီမှာ ဝက်ခြံကြီး တစ်ခုနဲ့ တိရစ္ဆာန် အစာ ထုတ်လုပ်တဲ့ စက်ရုံ ရှိတယ်လို့ မင်းပြောဖူးလား။ အဲတာကကော အလုပ်ဖြစ်ပါ့မလား။”

ဖုန်းယွီက ပြုံးလိုက်ကာ

“အဖေကို မပြောရသေးတဲ့ သတင်းကောင်း တစ်ခု ရှိတယ်။ လျောင်ပြည်နယ်က တိရစ္ဆာန် အစာ ထုတ်လုပ်တဲ့ စက်ရုံက ကောင်းကောင်း မလည်ပတ်ဘူး။ တကယ်လို့ အဖေ အဲကို ပိုက်ဆံ ယူသွားမယ်ဆိုရင် အဲ့စက်ရုံကို အဖေ ဝယ်နိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ထိုက်ဟွ အမှတ်တံဆိပ် အစားအစာတွေ ထုတ်လုပ်လို့ရတယ်။ ပြီးတော့ ဝက်ခြံကလည်း ကောင်းကောင်း အလုပ် မဖြစ်ဘူး။ သူတို့တွေက ရှေးရိုးစွဲ နည်းလမ်းတွေကို အသုံးပြုတုန်းပဲ။ သူတို့တွေရဲ့ ဝက်ခြံရဲ့ ထုတ်လုပ်နိုင်စွမ်းက တော်တော် များပေမဲ့ သူတို့တွေက ဝက်ခြံကို ကောင်းကောင်း စီမံ မခန့်ခွဲနိုင်ဘူး။ ပြီးတော့ ဒီနှစ် အစောပိုင်းတုန်းက ဝက်ရောဂါတောင် ဖြစ်လိုက်သေးတယ်။ခြံသမားတွေကလည်း ပိုက်ဆံတွေ အများကြီး ကုန်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ အဲဒီ ဝက်ခြံကို ဝယ်လို့ ရတယ်။"

“မင်းက ဝယ်ချင်တယ်ဆိုပေမဲ့ သူတို့က ရောင်းမှာမို့လား။”

“အဖေ ဒါက စီးပွားရေးသမားက မြို့တော်မှာရှိတဲ့ ချည်စက်ရုံကို ဝယ်လိုက်တာနဲ့ မတူဘူးလား။ တကယ်လို့ အဖေသာ ဈေးမှန်မှန်ကန်ကန်နဲ့ ပေးနိုင်မယ်ဆိုရင် အစိုးရအနေနဲ့ အရှုံးဆက်ခံမလား။ ဒါမှမဟုတ်ရင် စက်ရုံနဲ့ ဝက်ခြံကို ကျွန်တော်တို့ကို ရောင်းမလားဆိုတာ တွက်ကြည့်လိုက်လေ။ တကယ်လို့ အဖေ လိုချင်တယ်ဆိုရင် ကျွန်တော် ကူညီပေးမယ်။ အရာအားလုံးကို နှစ်လ အတွင်းမှာ စီစဉ်ပေးမယ်။ ဒါပေမဲ့ အဖေအနေနဲ့ ကျွန်တော်တို့ရဲ့ ဒေသမှာတော့ ဝက်ခြံ ထပ်ဆောက်လို့ မရဘူး။”

“ဒါပေမဲ့ ငါ မင်းလေးရဲ့ ဦးလေးဝမ်ကို တိုးမြင့်ထုတ်လုပ်ပြီးတော့ အကျိုးအမြတ် များအောင် လုပ်မယ်လို့ ပြောထားပြီးပြီလေ။ ငါက ဘယ်လို့ လုပ်ရမှာလဲ။”

ဖုန်းရှင်းထိုက်သည် ဝမ်သဲကွမ်းကို သတိပေးခဲ့သည်ကို နောင်တ ရနေမိတော့၏။

ဖုန်းယွီက ရယ်လိုက်ကာ

“စိုးရိမ်စရာများ ရှိလို့လား။ ကျွန်တော်တို့တွေက ကုမ္ပဏီကို ကျွန်တော်တို့ ဒေသမှာ စာရင်း သွင်းထားတာလေ။ ပြီးတော့ အဲစက်ရုံနဲ့ ဝက်ခြံကလည်း ကျွန်တော်တို့ ကုမ္ပဏီရဲ့ အခွဲပဲ။ ဒါက ပြဿနာတွေ အကုန် ဖြေရှင်းပြီးသား ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော် အကြံပေးတာကတော့ မြို့တော်မှာ မှတ်ပုံတင်နော်။ ဒီဒေသက အရမ်းကို သေးလွန်းတယ်။”

“ဒေသက အရမ်းသေးတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ မင်းသွားပြီးတော့ ဒေသထဲမှာ ကုမ္ပဏီကို မှတ်ပုံတင်ဖို့ သွားဖူးလို့လား။ အဲတာဆိုရင် ငါတို့ရဲ့ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံကိုကော ထပ်ပြီးတော့ တိုးချဲ့နိုင်မှာလား။”

“အဖေ ကျွန်တော်က စက်ရုံကို တိုးချဲ့ချင်နေတာ။ ဒါပေမဲ့ အဖေက ပိုက်ဆံ ဖြုန်းတယ်လို့ပဲ ထင်မှာလေ။ စက်ရုံကြီးက အကြီးကြီးဆောက်ချင်တာဆိုတော့ ဘာကြောင့် အခုလက်ရှိ စက်ရုံကို မချဲ့ထွင်ဘဲ နေရမှာလဲ။ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံနဲ အတူတူပဲ ကျွန်တော်တို့ အနေနဲ့ လင်းပြည်နယ်မှာ စက်ရုံခွဲ တစ်ခု တည်ဆောက်လို့ရတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်တော်တို့တွေက ဘေကျင်းရဲ့ ဈေးကွက်ကို ဝင်နိုင်ပြီ။ ဒါက စစ်ပွဲ တစ်ခုလိုပဲ။ ကျွန်တော်တို့တွေက ဗျူဟာနဲ့ အစီအစဉ်ကို သေချာ ချထားပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီက ပစ္စည်းတွေကို ပို့ဆောင်ရမှာ။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့ ကုမ္ပဏီက မြန်မြန် ဖွံ့ဖြိုးပြီး ခိုင်မာလာလိမ့်မယ်။”

“ဟမ့် အဆင်ပြေသားပဲ။ အဲတာဆို မင်း အကုန်သွားလုပ်တော့။ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံနဲ့ ဝက်ခြံ အကောင့်ထဲမှာ ယွမ် ၁၀သန်းလောက်ရှိတယ်။”

“စိတ်မပူပါနဲ့ အဖေသားမှာလည်း ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကိစ္စတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောထားမယ်နော်။ ကျွန်တော်တို့တွေ ဝက်ခြံနဲ့ စက်ရုံကို စီမံ ခန့်ခွဲဖို့အတွက် တစ်ယောက်ယောက် ငှားမှ ရမယ်။ အဖေအနေနဲ့ ကိစ္စတိုင်းကို ကိုယ်တိုင် လုပ်စရာ မလိုဘူး။ တကယ်လို့ အဖေ အားနေတယ်ဆိုရင် အမေနဲ့ အတူတူ တရုတ်နိုင်ငံကို လျှောက်လည်သင့်တယ်။ တရုတ်နိုင်ငံမှာ လည်တာ ပျင်းလာပြီ ဆိုရင် အဖေတို့ နိုင်ငံခြား ထွက်သင့်တယ်။ မနှစ်တုန်းက ဘေကျင်းမှာ အာရှ အားကစား ပြိုင်ပွဲ သွားကြည့်တာ ပျော်ဖို့ မကောင်းဘူးလား။ စီးပွားရေးအတွက်က စိတ်မပူနဲ့ ကျွန်တော် အဖေကို ကတိပေးထားမယ်။ အနာဂတ်ကျရင် တရုတ်မှာ လူတိုင်းက ဝက်အကြောင်းပြောတဲ့ အချိန်တိုင်း အဖေ့ကိုပဲ တွေးနေလိမ့်မယ်။”

“ကောင်းပြီလေ။ ဟ... မင်းက ဘာပြောတာလဲ။ မင်းကို မရိုက်ရတာ ကြာလို့ ထင်တယ်။ မင်းငါ့ကို လာပြီးတော့ နောက်နေတာပဲ။”

All Chapters