အိုက်ဝ၏ နေရာချထားမှု
Vol. 21 Ch. 307
“ကွမ်းကျန်း လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီက သူတို့ရဲ့ ရန်ပုံငွေ အများအပြားကို အမေရိကန်ကို ရွေ့သွားတယ်လို့ ကြားတယ်။ ဖုန်းယွီ ဘာလုပ်မယ်လို့ မင်းထင်လဲ။ သူက အမေရိက ဈေးကွက်ကို ဝင်ချင်နေတာလား။”
ဖူရုန်ကျင်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“အဖေ ဘာများစိုးရိမ်စရာ ရှိလို့လဲ။ သူ့ငွေတွေကို အကုန်လုံးကို ဟောင်ကောင်ကနေ ရွေ့မယ်ဆိုရင်တောင် သူ့အနေဖြင့် တရုတ်နိုင်ငံမှာ ရှိတဲ့ လုပ်ငန်းတွေကို လက်လွှတ်စရာ အကြောင်းမရှိဘူး။ သူက တရုတ်လူမျိုးဆိုတာကို မမေ့လိုက်နဲ့။ တရုတ်နိုင်ငံရဲ့ ငွေကြေးဈေးကွက်က ဟောင်ကောင်လောက် မဖွံ့ဖြိုးသေးဘူး။ တကယ်လို့ ဖုန်းယွီက ငွေကြေးဈေးကွက်ထဲကို ဝင်ချင်တယ်ဆိုရင် သူ ဟောင်ကောင်ကို အရင်လာရမှာ။ ဦးလေးလည်း ကျွန်တော်ကို ပြောတယ် ရှေ့နေ မစ္စတာဝီလ်ဆင်က အမေရိကကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်သွားတယ်တဲ့။”
“ဝီလ်ဆင်လား။ ဒီအဓိပ္ပာယ်က ဖုန်းယွီ အမေရိကန်မှာ တစ်ခုခု လုပ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။”
ရှေ့နေ အမေရိကန်ကို သွားရခြင်းက စာချုပ် ချုပ်ဆိုရန် ရှိသည့်အတွက်ဟု ဆိုလိုခြင်း ဖြစ်သည်။ လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီ၏ ငွေများအားလုံးကို အသုံးပြုကာ မည်သို့သော် ရင်းနှီးမြှပ်နှံမှုမျိုးကို လုပ်သနည်း။ ယင်းက အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဖြစ်သည်။
“အဖေ လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီကို နောက်ယောင်ခံနေတာ တော်လိုက်တော့။ ဖုန်းယွီက ဘာမှ မပြောဘူးဆိုမှတော့ သူက ကျွန်တော်တို့ကို အဲဒီ ရင်းနှီးမြှပ်နှံမှုမှာ မပါစေချင်တာကြောင့်ပဲ။ အခုလက်ရှိ ကျွန်တော်တို့ လုပ်သင့်တာက အိုက်ဝရဲ့ အရောင်းပိုင်းကို စီမံဖို့ပဲ။"
ဖုန်းယွီက သူ့ကို မပြောကတည်းက ဖူကွမ်းကျန်းသည့်လည်း မည်သည့် ရင်းနှီးမြှပ်နှံမှုမျိုးဆိုသည်ကို စိတ်မဝင်စားတော့ပေ။ အကယ်၍ သူက ဖုန်းယွီက ကောင်းကောင်း ဆက်ဆံပါက ဖုန်းယွီသည်လည်း သူ့ကို ကောင်းကောင်း ဆက်ဆံမည် ဖြစ်သည်။
“ဟမ့်. ငါက မင်းကို ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ် အရောင်းပိုင်းကို ကူပေးမှာပဲ။ မင်းက တရုတ်ဈေးကွက်ကိုပဲ အာရုံစိုက်ရမှာ။”
ဖူရုန်ကျင်းက ခေါင်းညိတ်လိုက်သည်။ ဟောင်ကောင် အိုက်ဝ ကုမ္ပဏီ၏ ဈေးကွက်သည် အာရှတိုက် တစ်ခုလုံး ဖြစ်သည်။
ဖူမိသားစုသည် အရောင်းချန်နယ်များကို ကောင်းကောင်း ထူထောင်ထားသည်။ သို့သော် တရုတ်နိုင်ငံတွင် သူတို့၏ အရောင်းပိုင်းချန်နယ်များကို မဆောက်ရသေးပေ။ အမှန်တကယ်တွင် ဖူရုန်ကျင်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ကုမ္ပဏီ၏ အေးဂျင့်အဖြစ် ဝင်လိုခဲ့သည်။ သို့သော် ဖူကွမ်းကျန်းက ငြင်းဆို၏။
ဖုန်းယွွီသည် အိမ်သုံးပစ္စည်းများအတွက် ကောင်းမွန်သည့် ကိုယ်စားလှယ်နက်ဝေါ့ တစ်ခုကို တည်ဆောက်ပြီး ဖြစ်ကြောင်း သိသည်။ နားကြပ်ကပ်ဆက်များနှင့် ရေဒီယိုများသည် သူ့အတွက် ပြဿနာ တစ်ရပ်မဟုတ်ပေ။
ထပ်ပြောရလျှင် ဟောင်ကောင်၏ အိုက်ဝ ကုန်မ္ပဏီသည် အိုက်ဝ ဂျပန် ခန့်အပ်ထားသည့် အဓိက ဖြန့်ချီသူ ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည် အိုက်ဝ ဂျပန်၏ ရှယ်ယာများကိုလည်း ထိန်းချုပ်ထားပေသည်။ အဘယ်ကြောင့် ဖုန်းယွီအနေဖြင့် တရုတ်နိုင်ငံတွင် ဖူကွမ်းကျန်းကို ဖြန့်ချီသူအဖြစ် မငြင်းဆိုရသနည်း။
ဖုန်းယွီ အိုက်ဝ၏ ရှယ်ယာများကို မဝယ်ယူခင်က ဟောင်ကောင် အိုက်ဝ ကုမ္ပဏီကို မတည်ထောင်ထားခဲ့လျှင် ဖုန်းယွီသည် အိုက်ဝ၏ ထုတ်ကုန်များကို ကိုယ်တိုင်ကိုယ်ကျ ဖြန့်ချီသူ ဖြစ်မည်ဟု ဖူကွမ်းကျန်း ခံစားမိသည်။
ဖူကွမ်းကျန်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်ကိုလည်း လေ့လာပြီး ဖြစ်ကာ တရုတ်နိုင်ငံတွင် နားကြပ်ကပ်ဆက်များ ရှိနေပြီ ဖြစ်သည်။ သို့သော် အရောင်းရဆုံး အမှတ်တံဆိပ်သည် ဆိုနီ ဖြစ်သည်။ သူသည် အိုက်ဝ နားကြပ်ကပ်ဆပ်နှင့် နှိုင်းယှဉ်ရန်အတွက် ဆိုနီနားကြပ်ကပ်ဆက်ကို ဝယ်ယူခဲ့သည်။ အိုက်ဝနားကြပ်ကပ်ဆက်သည် ဒီဇိုင်းပိုင်း၊ အသံအရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင် ဆိုနီထက် ကောင်းသည်။
အထူးသဖြင့် အသံအရည်အသွေးပိုင်းတွင် ဖြစ်သည်။ ယင်းက အရေးကြီးဆုံး ဖြစ်သည်။ အိုက်ဝ ထုတ်ကုန်များ၏ ရောင်းအားသည် တရုတ်နိုင်ငံတွင် မဆိုးနိုင်ဟု သူယုံကြည်မိသည်။
……
“မင်းက ငါတို့ရဲ့ ထိုက်ဟွ ကုန်သွယ်ရေး အရောင်းကိုယ်စားလှယ်တွေရဲ့ စာချုပ်ကို လိုချင်တာလား။ ကိစ္စမရှိဘူး။ ဝူကျီကန်းကို မင်းကို ပေးခိုင်းလိုက်မယ်။ ဒီ အရောင်းကိုယ်စားလှယ်တွေနဲ့ ဘယ်လို ပြောဆိုရမယ်ဆိုတာ မင်းသိလား။”
ဖုန်းယွီက မေးလိုက်သည်။
ဖူကွမ်းကျန်းသည်လည်း စိတ်ထဲတွင် တွေးလိုက်သည်။ ဖုန်းယွီဆိုတဲ့ မင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လျင်လျင်မြန်မြန်ပဲ တိုးတက်လာပေမဲ့ ငါတို့ဖူမိသားစုက အရင်ကတည်းက ကိုယ်စားလှယ်ပေါင်း ထောင်ပေါင်းများစွာနဲ့ ဆွေးနွေးပြီးသား။ ငါက သူတို့နဲ့ ဘယ်လို ဆွေးနွေးရမယ်ဆိုတာ မသိဘဲ နေရမှာလဲ။
သို့သော် ဖုန်းယွီသူ့အား ထိုမေးခွန်း မေးသည် ဆိုကတည်းက အခြား နောက်ထပ် အဓိပ္ပာယ်ရှိရပေမည်။ ဆွေးနွေးမှုက ခက်ခဲနိုင်သည်လော။
“ငါက သူတို့ကို ဘယ်လိုမျိုး ဆွေးနွေးရမှာလဲ။”
ဖူကွမ်းကျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ငါဆက်ဆံနေရတဲ့ ကိုယ်စားလှယ်တွေ အကုန်က သူတို့သက်ဆိုင်တဲ့ ပြည်နယ်တွေမှာ ထိပ်တန်း အရောင်း ကိုယ်စားလှယ်တွေပဲ။ သူတို့မှာလည်း သူတို့နည်းနဲ့သူ လုပ်တဲ့ အရာတွေရှိတယ်။ ပြီးတော့ သူတို့မှာ ငွေကြေးနောက်ခံလည်း ရှိတယ်။ တကယ်လို့ မင်းသာ သူတို့နဲ့ ဆွေးနွေးချင်တယ်ဆိုတရင် မင်း သူတို့ကို ဘယ်လို ကမ်းလှမ်းမှာလဲ။”
“ငါသူတို့ကို နားကြပ်ကက်ဆပ်တိုင်းအတွက် အမြတ် ယွမ် ၁၀ ပေးမယ်။ ဒီလောက်ဆို သူတို့ကို စွဲဆောင်ဖို့အတွက် လုံလောက်ပြီမလား။”
ယခုလက်ရှိတွင် နားကြပ်ကပ်ဆပ်များ၏ ဈေးနှုန်းသည် ယွမ် ၁၀၀ထက် ကျော်သည်။ ပြီးနောက် တစ်နှစ်မှ ယွမ် ၁၅၀၀သာ ပျမ်းမျှဝင်ငွေရှိသည့် နေရာများအတွက် ယင်းက တန်ဖိုးကြီး ပစ္စည်း တစ်ခု ဖြစ်သည်။ ယင်းကို ဇိမ်ခံ ပစ္စည်း တစ်ခု အဖြစ် စဉ်းစား၍ ရနိုင်ပေ၏။
၁၀ယွွမ်ဟူသည် အမြတ်က တော်တော်လေး များသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ ပြီးနောက် ဖူကွမ်းကျန်းက အရောင်းကိုယ်စားလှယ်များ လက်ခံလိမ့်မည်ဟု ခံစားမိသည်။ အကယ်၍ အရောင်းကိုယ်စားလှယ် တစ်ယောက်က တစ်နှစ်လျှင် နားကြပ်ကက်ဆပ် အခုရေ တစ်သောင်း ရောင်းရပါက အမြတ်သည် ယွမ် တစ်သိန်း ကျော်ပေလိမ့်မည်။
“ငါက မင်းကမ်းလှမ်းတဲ့ဈေးက အရမ်းနည်းတယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ငါ့အထင်တော့ မင်းကမ်းလှမ်းတဲ့ ဈေးနှုန်းက အရမ်းများလွန်းတယ်။”
“အရမ်းများနေတာလား။”
ဖူကွမ်းကျန်းက တွေဝေသွားသည်။ ၁၀ယွမ်က အရမ်းများနေတာလား။
“ငါ့အထင်တော့ နားကြပ်ကပ်ဆက်တိုင်းအတွက် ၅ယွမ်ဆိုတာက လုံလောက်ပြီလို့ ထင်တယ်။ မင်းအနေနဲ့ ဆုစနစ်မျိုး အသုံးပြုသင့်တယ်။ ပြီးတော့ နားကြပ်ကက်ဆပ်ကို ရောင်းအားသတ်မှတ်ပေါ့။ ပြီးတော့ ရောင်းအားကျော်တယ်ဆိုရင် သူတို့ကို ဘောနပ်စ်ပေး။ ဒီနည်းနဲ့ဆိုရင် အချို့အရောင်းကိုယ်စားလှယ်တွေက နားကြပ်ကပ်ဆက် တစ်ခုကို ယွမ် ၁၀အောက်ပဲ ရလိမ့်မယ်။ ပြီးတော့ အချို့ကတော့ ပိုရလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေက အကျိုးအမြတ် ၁၀ယွမ်ကျော် ရလေ မင်းသတ်မှတ်ထားတဲ့ ပမာဏထက် ပိုရလေပဲ။”
ဖူကွမ်းကျန်းသည် ခေါင်းညိတ်လိုက်သည်။ သူ့မိသားစုသည်လည်း အရင်က ဆုပေးသည့် စနစ်ကို ကျင့်သုံးခဲ့ဘူးသည်။ သူသည် ချက်ခြင်းပင် နားလည်သွားတော့သည်။ သို့သော် သူ့အနေဖြင့် နားကြပ်ကပ်ဆက်ရဲ့ အနိမ့်ဆုံး ရောင်းအားကို လျော့ချရမည်လော။ ကိုယ်စားလှယ်များအနေဖြင့် အခုရေ တစ်သောင်းကို လက်ခံကြမည်လော။
“ငါနားလည်ပါတယ်။ ပြီးတော့ ဒီလို ဆုပေးတဲ့ စနစ်များလည်း ဘယ်လို လုပ်ရမလဲဆိုတာကို သိတယ်။ ဒါပေမဲ့ အနိမ့်ဆုံး ရောင်းအားက ဘယ်လောက် ထားရမှာလဲ။ ငါက အနိမ့်ဆုံးရောင်းအားကို တစ်နှစ်ကို အခုရေ တစ်သောင်းထားချင်တာ။ ငါ့အနေနဲ့ ဆုပေးတဲ့ စနစ်ကို ကျင့်သုံးမယ်ဆိုရင် ငါ့အနေနဲ့ အရေအတွက် လျော့ချဖို့ လိုလား။”
ဖုန်းယွီက စိတ်ထဲတွင် ရယ်မိတော့သည်။ ဖူကွမ်းကျန်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်အကြောင်းကို တကယ်ပင် နားမလည်ခြင်း ဖြစ်သည်။ ဒလက်မဲ့ပန်ကာ ရောင်းချခြင်းမှ စပြီး တရုတ်လူမျိုးများသည် ချမ်းသာလာကြပြီး ပိုပြီး သုံးစွဲချင်လာသည်ကို ဖုန်းယွီ သိပေ၏။
သူ့အရင်ဘဝတွင် အခြားသော အမှတ်တံဆိပ်များ မရှိသည်တောင် ဆိုနီ၏ နားကြပ်ကက်ဆပ်များသည် တစ်နှစ်ကို သန်းချီ ရောင်းရသည်။ တရုတ်နိုင်ငံတွင် နားကြပ်ကက်ဆပ်ရောင်းရသည့် စုစုပေါင်းပမာဏသည် အခုရေ ၁၀သန်းကျော်ထက် ပိုပေ၏။
အချိန် အနည်းငယ် စောနေသေးသော်ငြား ဆိုနီ၏ တရုတ်နိုင်ငံ၏ ရောင်းအားသည် အခုရေ ၂သိန်းထက် နည်းနေသေးသည်။ အကြောင်းမှာ ဆိုနီ၏ နားကြပ်ကက်ဆပ်များ၏ အသံအရည်အသွေးသည် ဆိုးဝါးသည့် အတွက် ဖြစ်၏။ ယင်းက ရေဒီယိုကြီးများလောက်တောင် မကောင်းပေ။ ထို့ပြင် ဆိုနီသည်မှန်ကန်သည့် စီးပွားရေးနည်းဗျူဟာကို မသုံးခဲ့ပေ။
နားကြပ်ကက်ဆပ်များ၏ ဦးတည် ရောင်းချသူများသည် လူငယ်လေးများနှင့် ဆယ်ကျော်သက်များ ဖြစ်ကြသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် အချို့ အထက်တန်းကျောင်းသားများသည် သူတို့၏ မိဘများကို အင်္ဂလိပ်စာ လေ့လာရန် ဆိုသည့် အကြောင်းပြချက်ဖြင့် မိဘများကို ပူဆာကြသည်။
ဆိုနီ၏ ဈေးကွက်နည်းဗျူဟာသည် သီချင်းနှင့် အသံအရည်အသွေး ဖြစ်သည်။ တရုတ်နိုင်ငံရှိ မိဘများက သီချင်းနားထောင်ချင်းက အချိန်ဖြုန်းတီးသည်ဟု တွေးကြသည်။ အင်္ဂလိပ်စာကို လေ့လာခြင်းက ကလေးများအတွက် ကောင်းပေ၏။
ဖုန်းယွီသည် ကြော်ငြာအတွက်လည်း တွေးပြီးသား ဖြစ်သည်။ အထက်တန်း ကျောင်းသား တစ်ယောက်သည် နားကြပ်ကက်ဆပ်ကို အသုံးပြုပြီး အင်္ဂလိပ်စာ၊ ရုရှားဘာသာနှင့် အခြားသော ပညာရေးဆိုင်ရာများကို လေ့လာနေခြင်း ဖြစ်သည်။ ထိုမိဘများက သူတို့၏ ကလေးများကို နားကြပ်ကက်ဆပ်ဝယ်ခြင်းမှ တားဆီးတော့မည် မဟုတ်ပေ။ သူတို့သည် ကလေးများအတွက် နားကြပ်ကက်ဆပ်များကိုတောင် ဝယ်ပေးဦးမည် ဖြစ်သည်။
သူတို့၏ ကလေးများသည် နားကြပ်ကက်ဆက်များကို နိုင်ငံခြား ဘာသာစကားများလေ့လာခြင်း သို့မဟုတ် အင်္ဂလိပ်သီချင်းများကိုနားထောင်ခြင်း မည်သို့ အသုံးပြုမည်ကို ဂရုစိုက်မည် မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် နားကြပ်ကက်ဆပ်၏ နှစ်စဉ်ရောင်းအားသည် ဖူကွမ်းကျန်း မျှော်လင့်ထားသည်ထက် ကျော်လွန်ပေလိမ့်မည်။ ကျန်ရှိသည့် ခြောက်လတာအတွင်း ဖုန်းယွီသည် ရောင်းအားကား အခုရေ ငါးသိန်းကျော်အထိ ရောက်မည်ဟုတောင် ခံစားမိသည်။
“အနည်းဆုံး သတ်မှတ်ထားတဲ့ ရောင်းအားက နည်းလွန်းတယ်။ အနည်းဆုံး အခုရေ တစ်နှစ်ထောင် ဖြစ်ခဲ့တယ်။ ငါပြောတာက တစ်ပြည်နယ်ပျမ်းမျှကို ပြောတာနော်။ ဘေကျင်းတို့၊ ရှန်ဟိုင်းတို့မှာဆိုရင် ရောင်းအားသတ်မှတ်ချက်ကို တိုးသင့်တယ်။ အချို့ပြည်နယ်တွေမှာတော့ ရောင်းအားအနည်းဆုံး သတ်မှတ်ချက် မထားသင့်ဘူး။ တိဘက်လို ဒေသမျိုးက လူဦးရေနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုက နည်းလွန်းတယ်။ ဒါပေမဲ့ ပြည်နယ် ၂၀ကျော်မှာတော့ ရောင်းအားက အခုရေ တစ်သောင်းနှစ်ထောင်ထက် ပိုများရတယ်။ ငါက နှစ်စဉ်ရောင်းအားကို ပြောနေတာ မဟုတ်ဘူး။ ငါက အခုကနေ စပြီး ဒီနှစ်ကုန်အထိ ရောင်းအားကိုပဲ ပြောတာ။”
“ဘာ အခုကနေ စပြီး နှစ်ကုန်အထိ ပဲလား။ ၆လပဲ ကျန်တော့တာ။ ပြည်နယ်တိုင်းရဲ့ ပျှမ်းမျှရောင်းအားက အခုရေ တစ်သောင်းနှစ်ထောင်ထက် ပိုရောင်းရမယ်လို့ မင်းတွေးနေတာလား။ ဒီအဓိပ္ပာယ်က လတိုင်း အခုရေ ၂၀၀၀ကျော် ရောင်းရမှ ရမှာနော်။ ဒါက ဖြစ်နိုင်ပါ့မလား။ ငါ ဈေးကွက် သုတေသန လုပ်ပြီးပြီ။ လွန်ခဲ့တဲ့ နှစ်တုန်းက ဆိုနီ ရောင်းရတာက တစ်သိန်းခွဲထက်တောင် နည်းတယ်။ ဒီနှစ်မှာ သူတို့တွေက အခုရေ နှစ်သိန်း ရောင်းရနိုင်တယ်။ ငါတို့မှာ ၆လပဲ ကျန်တော့တာ ပြီးတော့ မင်းက ငါတို့က ဆိုနီထက် ကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ တွေးနေတာလား။”
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“ကြော်ငြာကိစ္စတော့ ငါပဲ လုပ်လိုက်မယ်။ ဘာကြောင့် ဆိုနီ ရောင်းမကောင်းလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိတယ်။ အရေးကြီးဆုံး အကြောင်းပြချက်က ဆိုနီက ဂျပန် ကုမ္ပဏီ တစ်ခု ဖြစ်နေလို့ပဲ။ ဒါပေမဲ့ အိုက်ဝက တရုတ်ကုမ္ပဏီလေ။”
အတိတ်က အိုက်ဝသည် ဆိုနီကို ကျော်တက်နိုင်ခဲ့သည်။ အကြောင်းမှာ 爱花 Ai သည် အချစ် wa သည် တရုတ် ဖြစ်သည့်အတွက် ဖြစ်သည်။ ဝမ်ယူသူများက အိုက်ဝကို တရုတ်ကုမ္ပဏီ၏ ထင်မှားကြသည်။ ပြီးနောက် ယခု အိုက်ဝသည် တရုတ်ကုမ္ပဏီ ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် ကုမ္ပဏီကို အမှတ်မှားရန် မလိုတော့ပေ။ အကြောင်းမှာ အိုက်ဝကို တရုတ်လူမျိုးက ထိန်းချုပ်ထားသည့်အတွက် ဖြစ်သည်။
တရုတ်လူမျိုး တစ်ယောက်က တရုတ်နိုင်ငံ၏ ဈေးကွက်ကို ထိန်းချုပ်သည်ကား ကောင်းသည့် အရာပေလော။
____