← Chapters

အိုက်ဝနားကြပ်ကပ်ဆက်က သင်ကြားရေးပစ္စည်း တစ်ခု

Vol. 21 Ch. 309

အိုက်ဝနားကြပ်ကပ်ဆက်က သင်ကြားရေးပစ္စည်း တစ်ခု

Vol. 21 Ch. 309

ခက်ထန်သည့် အရောင်းကိုယ်စားလှယ်များ အားလုံးက သူတို့ တံတွေးကို မျိုချနေကာ တုန်လှုပ်နေကြသည်။ ပေါ်လာသည့်သူသည် သူတို့ ကြောက်ရသည့်သူ ဖြစ်၏။

“မန်နေဂျာဖုန်း ဘာလို့ ဒီမှာ ရောက်နေရတာလဲ။”

ကွမ်တုံးမှာ ဖက်တီးဟွမ်က ပြုံးကာ မေးလိုက်သည်။

“မန်နေဂျာဖူက ငါ့မိတ်ဆွေပဲ။ ပြီးတော့ ဒီ အိုက်ဝ နားကြပ်ကပ်ဆက်က ငါတို့ရဲ့ ထုတ်ကုန်ပဲ။ ဘာလို့ ငါက ဒီကို မလာဘဲ နေရမှာလဲ။ ငါသာ ဒီအစည်းအဝေးကို လာမတက်ရင် အကျိုးအမြတ်တွေ အကုန် မင်းတို့ ယူသွားမှာပေါ့။”

ဖုန်းယွီက ပြုံးကာ သာမန်အတိုင်း ပြောလိုက်သည်။ဉ သို့သော် ဖုန်းယွီ ပြောသည့် စကားများက အရောင်းကိုယ်စားလှယ်များအပေါ် ကြီးမားသည့် ဖိအား ဖြစ်စေ၏။

သူတို့ အားလုံးသည် ဖုန်းယွီ၏ ဒေါသကြီးမှုကို သိကြပေသည်။ အကယ်၍ သူတို့၏ စိတ်ထားသာ အစောပိုင်းက အတိုင်း ပြုလုပ်ပါက ဖုန်းယွီက သူတို့ကို သေချာပေါက် ခေါက်ထားမည်ပင်။

ဖုန်းယွီ၏ ခေါက်ထားခြင်းကို ခံရပါက အရောင်းကိုယ်စားလှယ်များသည် မော်တော်ဆိုင်ကယ်၊ ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ ပန်ကာများ၏ အကျိုးအမြတ်ကို ဆက်လက် ရရှိတော့မည် မဟုတ်ပေ။ ယခုလက်ရှိတွင် လေနှင့်မိုး ထုတ်ကုန်များနှင့် စုန့်ကျန်းမော်တော်ဆိုင်ကယ်များသည် တရုတ်တစ်နိုင်ငံလုံးတွင် ရောင်းချနေပေသည်။ ဖုန်းယွီသည် ထိုအရောင်းကိုယ်စားလှယ်များကို မလိုအပ်တော့ပါက သူ့အနေဖြင့် အရောင်းကိုယ်စားလှယ်အသစ်များကို မည်သည့်အချိန်မဆို ရှာနိုင်ပေသည်။ ထိုအရောင်ကိုယ်စားလှယ်များ၏ ဖြန့်ဖြူးရေး လမ်းကြောင်းများက ဆက်လက် အရေးပါတော့မည် မဟုတ်ပေ။

သို့သော် အရောင်းကိုယ်စားလှယ်များက ဖုန်းယွီ၏ ထုတ်ကုန် ဖြစ်ကတည်းက အဘယ်ကြောင့် လေနှင့်မိုး အမှတ်တံဆိပ် အသုံးမပြုခြင်းကို စိတ်ဝင်စားနေကြသည်။ အကယ်၍ သူသာ လေနှင့်မိုး အမှတ်တံဆိပ်ကို အသုံးပြုပါက ရောင်းအားမှာ သေချာပေါက် ကောင်းမည် ဖြစ်သည်။

“မန်နေဂျာဖုန်း ခုနက ကျွန်တော်တို့တွေက အချင်းချင်း ကျီဆယ်နေကြတာပါ။ စီးပွားရေးဆိုတာ ဆွေးနွေးဖို့က လိုသေးတာပဲလေ။ အရောင်းကိုယ်စားလှယ်တိုင်းက သူတို့ရဲ့ လိုလားချက်တွေကို ပြောရုံပါ။ အရောင်းကိုယ်စားလှယ်တိုင်း ဆွေးနွေးလို့ ရနိုင်တယ်လေ။”

“တကယ်ကြီးလာ။ ဒီလိုဆိုရင် ကောင်းတာပေါ့။ ငါနဲ့ မင်းတို့နဲ့ တစ်လလောက် မတွေ့ရတော့ မင်းတို့ အကုန်လုံးက ငါ့ကို အလေးမထားတော့ဘူး တွေးနေတာ။ အရာရာတိုင်းကို ဆွေးနွေးနိုင်တယ်ဆိုတော့ ငါလည်း ငါ့သတ်မှတ်ချက်ကို ပြောပြမယ်။ အခု ငါတို့တွေက အသစ်လွင်ဆုံး နားကြပ်ကပ်ဆက်ကို မိတ်ဆက်မှာ။ လက်ကားဈေးက ၁၅၀ယွမ်။ မင်းတို့တွေ အကုန်ကို အနည်းဆုံး ရောင်းအားကို သတ်မှတ်ပေးမယ်။ တကယ်လို့ မင်းတို့သာ သတ်မှတ်ထားတဲ့ ရောင်းအားကို ကျော်မယ်ဆိုရင် မင်းတို့တွေ အဆင့်တိုးလိမ့်မယ် ပြီးတော့ မင်းတို့တွေ အပိုဆောင်းငွေကိုလည်း ရလိမ့်မယ်။ တကယ်လို့ မင်းတို့သာ သတ်မှတ်ထားတဲ့ ရောင်းအား မပြည့်မှီဘူးဆိုရင်တော့ မင်းတို့တွေ ပြစ်ဒဏ်ပေးခံရမယ်။ ဒီ အချက်အလက်တွေက အဆင်ပြေရဲ့လား။”

“ပြေပါတယ်။ ပြေပါတယ်.....”

အရောင်းကိုယ်စားလှယ် အားလုံးက ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

“ဒါဆို ကောင်းတာပေါ့။ အဲတာဆိုရင် ငါ နောက်ထပ် အချက် ထပ်ပြောမယ်။ လက်လီဈေးက သတ်မှတ်ထားတဲ့ အပိုင်းအခြားထဲပဲ ရောင်းရမယ်။ အရောင်းကိုယ်စားလှယ်တွေက ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာကို သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ငါသတ်မှတ်ထားတဲ့ အပိုင်းအခြားတိုင်းမရောင်းဘူးဆိုတာ တွေ့ခဲ့ရင် အဲ့ဒေသရဲ့ အရောင်းကိုယ်စားလှယ်က တာဝန် ယူပေးရမယ်။”

ဖုန်းယွီသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကာ သူခြေချိတ်ထိုင်လိုက်သည်။

“မန်နေဂျာဖုန်း ရောင်းရမဲ့ ဈေးအပိုင်းအချားက ဘယ်လောက်လဲ။”

“၂၃၀ယွမ်ကနေ ၂၅၀ယွမ်ကြား။ ငါ တွက်ပြီးသွားပြီ။ သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် မင်းတို့ရဲ့ ကုန်ကျငွေက နည်းနည်းတော့များမှာပဲ။ ဒါ့အပြင် မင်းတို့ပြည်နယ်မှာ တိုးတက်မှုကလည်း မတူဘူးလေ။ မင်းတို့ရဲ့ ဈေးကွက်က ကွဲပြားလိမ့်မယ်။ ဒီအတွက်ကြောင့် ငါက ဒီဈေးအပိုင်းအခြားအတိုင်း သတ်မှတ်ထားတာ။ မင်းတို့ တွေ အကုန် ဒီသတ်မှတ်ထားတဲ့ထဲက ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာကို သတ်မှတ်နိုင်တယ်။ ငါကလည်း နားကြပ်ကပ်ဆက်ရဲ့ ဘူးပေါ်မှာ အကြံပေးသည့် လက်လီဈေး ၂၄၈ယွမ်ဆိုပြီး ရေးပေးထားမယ်။”

အရောင်းကိုယ်စားလှယ် အုပ်စုသည် ဉာဏ်ကောင်းသူများ ဖြစ်ကြသည်။ သူတို့ အားလုံးက ဖုန်းယွီ ပြောသည့် အကြောင်းကို နားလည်ကြသည်။ ယခုတွင် လူများက ဈေးကြီးသည့် ပစ္စည်းများကိုဝယ်ယူနေကြသည်။ သူတို့သည် ဈေးဆစ်ချင်သေးဆဲ ဖြ်သည်။ အကယ်၍ သူတို့သည် တစ်ယွမ်သာ ချွေသာနိုင်ခဲ့လျှင်တောင် သူတို့သည် ပျော်ရွှင်ကြသည်။

အကြံပေးထားသည့် လက်လီဈေး ဘူးပေါ်တွင် ပါခြင်းက ဈေးနှုန်းသည် အကြံပေးခြင်း သက်သက်သာ ဖြစ်ပြီး နောက်ဆုံး သတ်မှတ်ဈေး မဟုတ်ပေ။ အကယ်၍ ဝယ်ဘူသူများသာ ထိုဈေးနှုန်းကို လက်ခံနိုင်ပါက အဆင်ပြေသည်။ မဟုတ်ပါက အရောင်းကိုယ်စားလှယ်များသည် ဝယ်သူသူများနှင့် ပြောဆိုရဦးမည် ဖြစ်သည်။ အရောင်းကိုယ်စားလှယ်များသည် ရောင်းချသည့် ဈေးနှုန်းကို သတ်မှတ်နိုင်ပေသည်။

အရောင်းကိုယ်စားလှယ်များသည် စိတ်ထဲမှ တွက်ချက် ကြည့်လိုက်သည်။ နားကြပ်ကပ်ဆက် တစ်ခု၏ ကုန်ကျငွေသည် အနည်းဆုံး ယွမ် ၁၇၀ ရှိမည်ပင် ပြီးနောက် အများဆုံးမှာ ယွမ် ၁၉၀ ဖြစ်သည်။ အကယ်၍ သူတို့သည် အကျိုးအမြတ်ကကို ခွဲကြည့်ပါက သူတို့ ရမည်ကား ယွမ် ၁၀နှင့် ၃၀ကြား ဖြ်သည်။

သို့သော် အရောင်းကိုယ်စားလှယ်များသည် အကျိုးအမြတ်များများ ရသော်လည်း မပျော်ရွှင်ကြပေ။သူတို့က ဖုန်းယွီသည် မတူညီသည့် သတ်မှတ်ချက်များကို ပေးမည်ဆိုသည့်ကို သေချာပေါက်သိသည်။ ဆုများလည်း ရှိပေသည်။ အရောင်းကိုယ်စားလှယ်များ အားလုံ တူညီသည့် အကျိုးအမြတ် အချို့ ရရှိမည်ပင်။ သို့သော် သူတို့ထဲမှ ကွာဟချက်သည် သိသာထင်ရှားမည် မဟုတ်ပေ။

သူတို့သည် လေနှင့်မိုး ရေနွေးငွေ့စက်ကို ရောင်းသည့် အချိန်က ထိုက်ဟွ ကုန်သွယ်ရေးသည် သယ်ယူပို့ဆောင်ရေးအတွက် အချို့သော ကင်းလွှတ်ချက်များကို ပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် လေနှင့်မိုး လျှပ်စစ်ပန်ကာများတွင် ထပ်ပေါင်း သတ်မှတ်ချက်များ ပါလာသည်။ အရောင်းကိုယ်စားလှယ်များ အားလုံးက ယခု တစ်ခေါက်တွင်လည်း ထိုအချက်အလက်များ စာချုပ်တွင် ပါဝင်လာမည်ကို သိပေ၏။

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“မင်းတို့တွေ အကုန်လုံး ဘယ်သူတွေကို ပစ်မှတ် နားကြပ်ကပ်ဆက် ဘယ်လောက် ရောင်းရမယ်ဆိုတာ သိချင်ကြပြီလား။”

“လူငယ်လူရွယ်တွေ။ သူတို့တွေက သီချင်းနားထောင်ရတာကို နှစ်သက်တယ်။ ဒီပစ္စည်းက သေချာပေါက် အဘိုးကြီးတွေ အဘွားကြီးတွေ အတွက် မဟုတ်ဘူး။”

တစ်ယောက်ယောက် ထအော်လိုက်၏။

“ဟား....ဟား...ဟား.....”

အရောင်းကိုယ်စားလှယ်တိုင်းက ရယ်လိုက်ကြသည်။

“မှားတယ်။”

ဖုန်းယွီက အော်ပြောလိုက်၏။

အရောင်းကိုယ်စားလှယ်မျာ အားလုံးက ရယ်ခြင်း ရပ်တန့်လိုက်ကြသည်။ ဒီ ပစ်မှတ်ထားတာက မှားတာလား။ အအောင်မြင်ဆုံး နားကြပ်ကပ်ဆက် အမှတ်တံဆိပ် ဖြစ်တဲ့ ဆိုနီက ဒီပြစ်မှတ်ကို ထားတာပဲ။ ဘာမှားလို့လဲ။

လူငယ်လူရွယ်များမှ လွဲပြီး မည်သူက နားကြပ်ကပ်ဆက်ကို ဝယ်ယူမည်နည်း။ နားကြပ်ကပ်ဆက်သည် သယ်ယူနိုင်သည့် ကပ်ဆက် တစ်ခု ဖြစ်ကာ အသံအရည်အသွေး အနည်းငယ် ကောင်းသည်။

“မန်နေဂျာဖုန်း နားကြပ်ကပ်ဆက်တွေက လူငယ်တွေ သီချင်းနားထောင်ဖို့ပဲလေ။ ဘာမှားလို့လဲ။”

တစ်ယောက်ယောက်က မကျေနပ်စွာဖြင့် ပြောင်းလိုက်သည်။ မင်းက မန်နေဂျာဖုန်း ဖြစ်ပေမဲ့ အချိန်တိုင်း မှန်နေမှာမဟုတ်ဘူး။ ငါတို့ အကုန်လုံးက ဒီအတိုင်း တွေးကြတာဆိုတော့ လူတိုင်း မှားစရာ အကြောင်းတော့ မရှိဘူး။”

“ငါတို့ နားကြပ်ကပ်ဆက်က အခြား ဈေးကွက်မှာရှိတဲ့ နားကြပ်အမှတ်တံဆိပ်တွေထက် အသံ အရည်အသွေး ကောင်းတယ်ဆိုပေမဲ့ ငါတို့ နားကြပ်ကပ်ဆက်က သယ်ယူတဲ့ ပစ္စည်းတွေပဲ။”

ဖုန်းယွီက အလေးအနက်ဖြင့် ပြောလိုက်သည်။

အရောင်းကိုယ်စားလှယ်များ၏ မေးရိုးများလည်း ကျသွားတော့သည်။ ဖူကွမ်းကျန်းတောင် ဘေးတွင် ရပ်ရင်း ကြောင်နေမိတော့၏။ ဒီ နားကြပ်ကပ်ဆက်က သီချင်းကပ်ဆက် သေးသေးလေးလေ။ သတ်မှတ်ချက်အချို့ကြောင့် အသံသွင်းတဲ့ဟာတောင် မပါဘူး။ ဘယ်လိုလုပ် သင်ကြားရေး ပစ္စည်းတစ်ခု ဖြစ်ရတာလဲ။

သီချင်းကပ်ဆက်ကို သင်ကြားရေး ပစ္စည်းဟု ပြောလိုက်တာလား။ ဖုန်းယွီက ဘာကို ပြောချင်တာလား။ သူ ငါတို့ကို လာနောက်နေတာလား။

“မင်းတို့တွေ အကုန် နားမလည်ဘူးထင်တယ်။ မစ္စတာဟွမ် ခင်ဗျား ကလေးရဲ့ အသက်က ဘယ်လောက်လဲ။”

ဖုန်းယွီက ဖက်တီးဟွမ်ကို ရုတ်တရက် မေးလိုက်သည်။

“၁၃နှစ် ဂျူနီယာ အထက်တန်းကြောင်း ဒုတိယနှစ်။”

“မင်းကလေးက နိုင်ငံခြား ဘာသာစကား သင်ယူနေလား။”

“သင်ယူတာပေါ့။ ကျောင်းမှာ အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ယူရတယ်။ ဒါပေမဲ့ ငါ့သားရဲ့ အင်္ဂလိပ်စာက အများကြီး မကောင်းဘူး။ မန်နေဂျာကျော့ရဲ့ သားကတော့ အဆင့်ကောင်းတယ်။ သူ့သားက အမြဲတမ်း အတန်းထဲမှာ အဆင့်သုံးရတယ်။”

သူ့သား၏ အဆင့်အကြောင်းပြောသည့်အခါ ဖက်တီးဟွမ်၏ လေသံတွင် ခက်ထန်မှုများ ပါမနေချေ။

သူသည် ထိုအရောင်းကိုယ်စားလှယ်များထဲတွင် အချမ်းသားဆုံးထဲမှ တစ်ယောက် ဖြစ်သည်။ သို့သော် အခြားသူများက သူတို့ ကလေးများနှင့် နှိုင်းယှဉ်ပါက သူ့သားသည် အခြားသူများနှင့် ယှဉ်နိုင်စွမ်း မရှိပေ။ ယင်းက သူ့အတွက် ခက်ခဲမှု ဖြစ်နေသည်။

အ.. ငါတို့တွေက နားကြပ်ကပ်ဆက် အကြောင်း ပြောနေကြတာလေ။ပြီးတော့ ငါ့သားရဲ့ အဆင့်အကြောင်း ရောက်သွားရတာလဲ။

“မစ္စတာဟွမ် ငါ အခုလို ပြောနိုင်တာက ငါက အင်္ဂလိပ်စာနဲ့ ရုရှားစာမှာ တော်တယလေ။

ငါ့အတွေ့အကြုံအရ နိုင်ငံခြား ဘာသာစကားကို သင်ယူခြင်းက များများနားထောင်ပြီး များများ ပြောဖို့ပဲ။”

ဖုန်းယွီက ထိုသို့ ပြောရင်း စားပွဲပေါ်မှ နာကြပ်ကပ်ဆက်ကို ကောက်ယူလိုက်သည်။

များများနားထောင်ရမယ်။ နိုင်ငံခြား ဘာသာစကား လေ့လာတဲ့ ကပ်ဆက်ခွေတွေ နားထောင်ရမှာလား။

“မစ္စတာဟွမ် မင်းသားက သီချင်းနားထောင်ဖို့ နားကြပ်ကပ်ဆက် ဝယ်ပေးဆို ဝယ်ပေးမှာလား။ ဒါမှမဟုတ် မင်းသားက သူ့အင်္ဂလိပ်စာကို လေ့လာဖို့အတွက် နားကြပ်ကပ်ဆက် လိုအပ်တယ်လို့ ပြောလာရင်း ဝယ်ပေးမှာလား။”

ဖက်တီးဟွမ်၏ မျက်လုံးများက တောက်ပသွားကာ

“သူ့ လေ့လာမှုကို အကျိုး ဖြစ်စေမယ်ဆိုရင် ငါသူ့ကိုနားကြပ်ကပ်ဆပ် ဝယ်ပေးမှာပေါ့။ မန်နေဂျာဖုန်း ဒီ နာကြပ်ကပ်ဆက်က ကျောင်းသားတွေ နိုင်ငံခြား ဘာသာစကား လေ့လာတဲ့ နေရာမှာ အသုံးပြုနိုင်တယ်လို့ ပြောချင်တာလား။”

ဖုန်းယွီက ပြုံးလိုက်ကာ

“မိဘတွေကိုတော့ ငါတို့တွေက ဒီလို နည်းလမ်းနဲ့ ရောင်းချဖို့အတွက် ဆွဲဆောင်ရမယ်။ ဒါပေမဲ့ ကျောင်းသားတွေ နားကြပ်ကပ်ဆက်ကို ဘယ်လို အသုံးပြုမယ်ဆိုတာကိုတော့ ငါတို့လည်း မသိနိုင်ဘူး။”

အရောင်းကိုယ်စားလှယ်များ အားလုံးသည် အမြင်သစ် မြင်သွားကြတော့သည်။ အကယ်၍ နားကြပ်ကက်ဆပ်ကိုသာ ထိုနည်းဖြင့် ကြော်ငြာပါက မိဘအများစုက သူတို့ ကလေးများအတွက် ဝယ်ပေးကြမည် ဖြစ်သည်။

ဖူကွမ်းကျန်းသည်လည်း မှင်သက်နေသည်။ သူ့ထုတ်ကုန်ကို ရောင်းရဖို့အတွက် ဖုန်းယွီအနေဖြင့် ထိုအကြံကို ဘယ်က ရခဲ့သနည်း။ ဖုန်းယွီ ပြောသည့်အတိုင်းသာ ကြေငြာပါက ထိုနားကြပ်ကပ်ဆက်သည် ရောင်းအား အလွန်ကောင်းမည် ဖြစ်သည်။ ကျောင်းပိတ်ရက် ဖြစ်နေဆဲပင် ဖြစ်သည်။ မကြာခင်တွင် ကျောင်းများ ပြန်ဖွင့်တော့မည် ဖြစ်၏။ နားကြပ်ကပ်ဆက် ကြော်ငြာရန်အတွက် အချိန်ကောင်းပင် ဖြစ်သည်။

ဖူမိသားစုသည်လည်း လက်လီ စီးပွားရေးကို နှစ်ပေါင်းများစွာလုပ်ခဲ့သည်။သို့သော် အသက်နှစ်ဆယ်အောက် ဖုန်းယွီနှင့် ယှဉ်လျှင် ဖူကွမ်းကျန်း လိုအပ်သည်ဟု ခံစားရသည်။ ကံကောင်းချင်တော့ ဖုန်းယွီက သူ့မိတ်ဆွေ ဖြစ်နေ၏။

___

All Chapters