အိုက်ဝ နားကြပ်ကပ်ဆက် အချိန်တိုင်း ဘာသာစကားကို လေ့လာလိုက်ပါ
Vol. 21 Ch. 310
ဖုန်းယွီ၏ အကူအညီဖြင့် ဖူကွမ်းကျန်းသည် ဟောင်ကောင် ထိုက်ဟွ ကုမ္ပဏီအစား အရောင်းကိုယ်စားလှယ်များဖြင့် စာချုပ် ချုပ်ဆိုခဲ့သည်။ ရောင်းအား သတ်မှတ်ချက်နှင့် ဆုပေးသည့် စနစ်သည် ဒေသ အလိုက် ကွဲပြားမှု ရှိ၏။
အရောင်းကိုယ်စားလှယ်များ အားလုံးက ထို သဘောတူညီချက်ကို သဘောတူကြသည်။ ပြီးနောက် မည်သူမျှ ထို စီးပွားရေးကို လက်မလွှတ်ခဲ့ကြပေ။ အချို့သော အရောင်းကိုယ်စားလှယ်များသည် ဒေသနှင့် ဆင်းရဲ့သည့် ဒေသများတွင် ကိုယ်စားလှယ်များကိုတောင် ရှာထားကြပေသည်။
သူတို့ အားလုံးက ဖုန်းယွီ၏ အမြင်ကို ယုံကြည်ပေ၏။
အထူးသဖြင့် အိုက်ဝနားကြပ်ကပ်ဆက် ကြော်ငြာကို စီစီတီဗွီတွင် ထုတ်လွှင့်မည်ဟု ပြောပြီးနောက် အရောင်းကိုယ်စားလှယ်များအနေဖြင့် ကြော်ငြာခ အများအပြား လျော့ချနိုင်မည် ဖြစ်သည်။ သူတို့အားလုံးက စီစီတီဗွီတွင် ကြော်ငြာသည့် အကျိုးကို သိပေ၏။
ဖုန်းယွီက စီစီတီဗွီနှင့် စာချုပ် ချုပ်ဆိုသည့် အချိန် ထိုက်ဟွ ကုမ္ပဏီ၏ ထုတ်ကုန်များကိုသာ ကြော်ငြာမည် ဖြစ်ကြောင်း ချုပ်ဆိုထားသည်။ သို့သော် ဖုန်းယွီသည် လုံကျန်းပြည်နယ်၏ အရောင်းကိုယ်စားလှယ် အဖြစ် ထိုက်ဟွကုန်သွယ်ရေး တာဝန်ယူကတည်းက ယင်းက စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်သည်ဟု မဆိုနိုင်ပေ။
စီစီတီဗွီနှင့် ချုပ်ဆိုသည့် စာချုပ်များတွင် ဟာကွက်များစွာ ရှိသည်။ စီစီတီဗွီရှိ လူများက သူတို့၏ စာချုပ်များသည် မတင်းကြပ်သည့်အတွက် သူတို့သည် ဂုဏ်ယူနေကြသည်။ စီစီတီဗွီသည် တရုတ်နိုင်ငံ၏ အကြီးဆုံး တီဗွီဌာန ဖြစ်သည်။ အကယ်၍ စာချုပ်တွင် အမှား အချို့ပါခဲ့လျှင်တောင် စီစီတီဗွီ ဆုံးရှုံးမှု မတွေ့သ၍ အရာရာတိုင်းက အဆင်ပြေ၏။
ဖုန်းယွီ ကြော်ငြာများကို ပြောင်းလိုက်ခြင်းက စီစီတီဗွီကို ဆုံးရှုံးမှုများ မဖြစ်စေပေ။ ထို့အပြင် ဖုန်းယွီသည် စီစီတီဗွီ၏ အကြီးဆုံး ဖောက်သည် ဖြစ်သည်။ ဖုန်းယွီ နည်းနည်း ပြောင်းလဲသည်ကို သူတို့ ဘာမျှ ပြုလုပ်မည် မဟုတ်ပေ။
ကြော်ငြာသည် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ ဂျင်းမင်သည် နာမည်ကြီး ကလေးသရုပ်ဆောင် ဖြစ်သည်။ သူမ၏ ပထမဆုံး ဇာတ်လမ်းတွဲသည် ချောင်ယောက်၏ ဇာတ်လမ်းတွဲ ဖြစ်ကာ ချောင်ယောက်ရေးသားသည့် ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ကြသည်။ လူတိုင်းက သူမ၏ သရုပ်ဆောင်စွမ်းရည်နှင့် သူမကို သိကြပေ၏။
ယခုလက်ရှိတွင် ဂျင်းမင်သည် သူ့ အောင်မြင်မှု အထွတ်အထိပ်သို့ မရောက်သေးပေ။ သူမ၏ အောင်မြင်သည့် ရုပ်သံဇာတ်လမ်းတွဲသည်လည်း မထုတ်လွှင့်ရသေးပေ။ ဖုန်းယွီသည် သူမနှင့် သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။ ထိုစာချုပ်ထဲတွင် ကြော်ငြာ၁၀ခုနှင့် ဓာတ်ပုံကြော်ငြာ အခု ၁၀၀ပါဝင်၏။ စုစုပေါင်း ကြော်ငြာခသည် ယွမ် တစ်သိန်းသာ ဖြစ်သည်။ ယင်းက အလွန်ကောင်းမွန်သည့် ညှိုနှိုင်းမှုပင် ဖြစ်သည်။
ကြော်ငြာထဲတွင် ဂျင်းမင်သည် နားကြပ်ကပ်ဆက်ကို ကိုင်ထားပြီး အင်္ဂလိပ် ကက်ဆက်ခွေကို ဖွင့်ကာ အင်္ဂလိပ်စကားများကို ရွတ်ဆိုနေသည်။
“အိုက်ဝ နားကြပ်ကပ်ဆက် ဘာသာစကားတွေကို အချိန်မရွေး လေ့လာလိုက်ပါ။”
ကြော်ငြာ၏ နောက်ဆုံး သုံးစက္ကန့်တွင် အမှတ်တံဆိပ်၏ လိုဂိုနှင့် ဆောင်ပုဒ် “ အိုက်ဝ လျှပ်စစ်၊ ကျွန်တော် တရုတ်ပြည်ကို ချစ်သည်” ဟု ပြသထားသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ တံခါးဖွင့် အကြောင်း နှင့် နိုင်ငံခြားဘာသာစကားများ၏ အရေးပါမှုအကြောင်း ရေးထားသည့် ဆောင်းပါးများ ဒေသအနှံရှိ သတင်းစာများတွင် ပေါ်လာခဲ့သည်။ ထိုဆောင်းပါးထဲတွင် ဖော်ပြထားသည့်သည် နိုင်ငံခြား ဘာသာစကား လေ့လာရှာတွင် သင်ယူသူသည် များများနားထောင်ပြီး များများ ပြောရမည် ဖြစ်သည်။ ထို ဆောင်းပါးကို ရေးသားထားသည့် ဆောင်းပါးရှင်သည် နားကြပ်ကပ်ဆက်ကို အသုံးပြုပြီး သူလေ့လာခဲ့သည့် နည်းလမ်းများကို ဖော်ပြထားသည်။ ထိုနည်းလမ်းက သူ့အနေဖြင့် အခြားသူများကို အနှောက်အယှက်မပေးကြောင်းအပြင် သူ့အနေဖြင့် နေရာတိုင်း လေ့လာနိုင်ပေသည်။ သူသည် ထိုနည်းလမ်းကို အိမ်နီးနားချင်းများကိုတောင် မျှဝေထားသည်ဟုတောင် ဖော်ပြထားသည်။
ထိုပုံစံမျိုး ဆောင်းပါးများသည် ရက်ပေါင်း အနည်းငယ်ကြာသည်အထိ သတင်းစာထဲတွင်ပါခဲ့သည်။ ဟောင်ကောင် အိုက်ဝ ကုမ္ပဏီသည်လည်း ထိုကဲ့သို့သော် ကြော်ငြာမျိုး သူတို့ ဒေသတွင် လုပ်ရန် အတွက် အရောင်းကိုယ်စားလှယ်များကို ကြော်ငြာခ ပေးထားသည်။
နောက်တစ်နေ့တွင် တီဗွီကြည့်သူများသည် ကြော်ငြာ တစ်ခုကို မြင်လိုက််ရသည်။ ဂျင်းမင်သည် အက္ခရာ သီချင်း တစ်ပုဒ်ကို ဆိုနေသည်။ သူမသည် တံဆိပ်ဖုံးထားသည့် နားကြပ်ကပ်ဆက်ကို ဖုံးထားပြီး အိုက်ဝနားကြပ်ကပ်ဆက်နှင့် အတူတူ ဖွင့်လိုက်သည်။ အိုက်ဝ နားကြပ်ကပ်ဆက်၏ အသံအရည်အသွေးက ပိုကောင်းသည်မှာ ထင်ရှားလှပေ၏။
ကြော်ငြာ၏ နောက်ဆုံး သုံးစက္ကန့်တွင် လိုဂိုနှင့်အတူ နောက်ထပ် သတင်းစကားတစ်ခု “အိုက်ဝ လျှပ်စစ်၊ သင့်ပျော်ရွှင်မှုအတွက် ပိုကောင်းတဲ့ အသံအရည်အသွေး” ဟု ပါလာ၏။
.....
“အ နင့်ကလေး နိုင်ငံခြား ဘာသားစကားကို ဘယ်လို လေ့လာနေတာလဲ။”
သက်လတ်ပိုင်း အမျိုးသမီးက ပစ္စည်းများထည့်ထားသည့် ခြင်းကို ကိုင်ရင်း သူ့မိတ်ဆွေကို မေးလိုက်သည်.
“ငါ့သားက ၉နှစ်ပဲ ရှိသေးတာ။ ပြီးတော့ ကျောင်းကလည်း နိုင်ငံခြား ဘာသာစကား အတန်းတွေ မစသေးဘူး။ “
“ငါပြောမယ်။ နိုင်ငံခြား ဘာသာစကား သင်ယူတာက ငယ်ငယ်လေးကတည်းက စလေ့လာသင့်တယ်။ သတင်းစာထဲမှာ ပြောတာက ကလေးငယ်တွေက ဘာသာစကားကို မြန်မြန် တက်လွယ်တယ်တဲ့။ တီဗွီမှာ ဂျင်းမင်ကို နင်မမြင်ဘူးလား။ သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ အခု အင်္ဂလိပ်စာ စလေ့လာနေပြီ။ ကျောင်းက အတန်းစတာနဲ့ နင့်ကလေးက သင်ယူတာ ပိုမြန်မှာ။ ရှင်ဟွာ စာအုပ်ဆိုင်က အင်္ဂလိပ်စာ ကပ်ဆက်ခွေတွေ ရောင်းတယ်”
“ငါ့အိမ်မှာလည်း ကပ်ဆက်မှ မရှိတာ။ ကပ်ဆက် တစ်လုံးက ရာချီကုန်တာ။”
“အားယား ဘာကပ်ဆက်လဲ။ နားကြပ်ကပ်ဆက် တစ်လုံးသာ ဝယ်လိုက်။ ဒီလောက်လောက်ပဲ ရှိတာ ပြီးတော့ ၂၅၀ ယွမ်လောက်ပဲ ရှိတာ။ နည်းနည်းတော့ ဈေးကြီးတာပေါ့။ ဒါပေမဲ့ နင့်ကလေးအတွက် ကောင်းတယ်အရာပဲလေ။ ငါ့သားအတွက်လည်း တစ်လုံး ဝယ်ထားတယ်။ ပြီးတော့ သူက နားကြပ်နဲ့ နေ့တိုင်း အင်္ဂလိပ်စာ လေ့လာနေတာ။ ငါတို့တွေ တီဗွီ ကြည့်နေရင်တောင် သူ့ကို အနောက်အယှက် မပေးဘူးလေ။”
“တကယ်ကြီးလား။ ငါ အဲ့တာကို ဘယ်မှာ ဝယ်ရမလဲ။ ငါ့ကို ဝယ်လို့ ရတဲ့ဆိုင်ကို ခေါ်သွားပါလား။”
“သမဝါယမဆိုင်ရဲ့ ရှေ့ဖက်မှာ ရောင်းတယ်။”
.....
“အမေ သားကို နားကြပ်ကပ်ဆက် တစ်လုံးဝယ်ပေး။ သားအတန်းဖော်တွေ အကုန်လုံး နားကြပ် ကပ်ဆက် တစ်ခုဆီနဲ့။ သား အင်္ဂလိပ်စာ လေ့လာချင်တယ်။”
ဂျူနီယာ အထက်တန်း ကျောင်းသား တစ်ယောက်က သူ့အမေကို နားကြပ်ကပ်ဆက် ပူဆာနေ၏။
“အမေတို့အိမ်မှာ ကပ်ဆက် တစ်လုံး ရှိတာပဲ။”
“မတူဘူးလေ အမေရဲ့။ ဒီ ကပ်ဆက်ကြီးကို ကျောင်းကို ယူသွားလို့မှ မရတာ။ နားကြပ်ကပ်ဆက်နဲ့ဆိုရင် အတန်းအပြောင်း ကာလကြား သား အင်္ဂလိပ်စာ လေ့လာလို့ ရတယ်။ အခြား ကျောင်းသားတွေကိုလည်း အနှောက်အယှက်ပေးမှာ မဟုတ်ဘူး။”
“အာ... မင်းအဖေ ပြန်လာတာကို စောင့်လိုက်ဦး။ ပြီးတော့ အမေ အဖေနဲ့ ဆွေးနွေးလိုက်ဦးမယ်။”
“အမေက အကောင်းဆုံးပဲ။ အမေ သေချာပေါက် အဖေနဲ့ ညှိုနှိုင်းနိုင်မှာ။ ဒီ စာသင်နှစ်ဝက်မှာ အင်္ဂလိပ်စာ အမှတ် ၁၀မှတ် တိုးလာမယ်ဆိုတာ ကျွန်တော် ကတိပေးတယ်။”
.....
“ဟေး။ မင်းဒီ ဆိုနီ နားကြပ်ကပ်ဆက်ကို သုံးတုန်းပဲလား။ ဒါက မကောင်းဘူး။ အသံ အရည်အသွေးက စုတ်ပြတ်သပ်နေတာပဲ။ ငါ့နားကြပ်ကပ်ဆက်ကို နားထောင်ကြည့်လိုက်။ အိုက်ဝ အမှတ်တံဆိပ်။ အသံအရည်အသွေးက ပိုကောင်းတယ်။ ဒီမယ် Little Tigers ရဲ့ သီချင်းသစ်။ သူတို့တွေ ငါ့ဘေးမှာ ဆိုနေသလိုကို ခံစားရတာကွ။”
“မင်းက ဒီ အိုက်ဝ နားကြပ်ကပ်ဆက်ကို အလကားဖြစ်အောင် လုပ်နေတာပဲ။ ဒီ ကပ်ဆက်ခွေကို နားထောင်ကြည့်လိုက်။ ဒါက အမေရိကန်က လာတဲ့ Metal သီချင်းပဲ။”
“ဒီ အိုက်ဝနားကြပ်ကက်ဆပ်က ဘယ်လောက်လဲ။”
“၂၄၈ယွမ် မင်းရဲ့ ဆိုနီထက်တော့ နည်းနည်းဈေးကြီးတယ်။ မင်းဆိုနီနားကြပ်ကပ်ဆက်ကို မင်းညီပေးပြီးတော့ အိုက်ဝ နားကြပ်ကပ်ဆက် ဝယ်ခိုင်းပေါ့။ ဒီ နားကြပ်ကပ်ဆက်က သီချင်းနားထောင်တဲ့ အခါ အရမ်းကောင်းတာ။”
“ဒါပေမဲ့ ငါ့အမေက ဝယ်ပေးမှာ မဟုတ်ဘူး။”
“အရူး မင်း ဒီအိုက်ဝ နားကြပ်ကပ်ဆက်ကို ရုရှားဘာသာစကားလေ့လာဖို့အတွက် လိုအပ်တယ်ဆိုပြီး ပြောလိုက်ပေါ့။ ဒီ ဆိုနီရဲ့ နားကြပ်ကပ်ဆက်ရဲ့ အသံက မကောင်းဘူးဆိုတာ မင်းအမေကို ပြလိုက်။ ပြီးတော့ မင်းကောင်းကောင်း မကြားရဘူး ပြောပေါ့။ ငါလည်း ဒီ အကြောင်းပြချက်ကို သုံးပြီးတော့ အမေကို ပြောခဲ့တာ။ နားကြပ်တပ်ထားရင် မင်း ဘာလုပ်နေလဲဆိုတာ ဘယ်သူက သိမှာလဲ။”
“အကြံကောင်းပဲ။ ငါ အခု အိမ်ပြန်တော့မယ်။”
လူငယ်လေးက အိမ်ကို တဟုန်ထိုးပြေးသွားတော့သည်။ သူ့အနေဖြင့် အမေကို နားကြပ်ကက်ဆက် ပူဆာတော့မည် ဖြစ်သည်။
......
“မင်းကို ကြည့်လိုက်ဦး။ မင်းဘာကြောင့် နိုင်ငံခြား တံဆိပ်တွေနဲ့ပဲ အမြဲ သုံးနေရတာလဲ။ ဒါက အရမ်းဈေးကြီးတယ်။ ပြီးတော့ အသံအရည်အသွေးကလည်း အရမ်းဆိုးတယ်။ ငါ့ဟာကို ကြည့်လိုက်။ အိုက်ဝ နားကြပ်ကပ်ဆက် အိုက်ဝ လျှပ်စစ် တရုတ်ပြည်ကို ချစ်တယ်။ တရုတ်နိုင်ငံသား တစ်ယောက်အနေနဲ့ အမိမြေက ထွက်တဲ့ ထုတ်ကုန်ကို အသုံးပြုသင့်တာပေါ့။ နိုင်ငံခြား အမှတ်တံဆိပ်တွေကို ဝယ်တာတွေကို ရပ်လိုက်တော့။ မင်းက နိုင်ငံခြားသားတွေကို ပိုက်ဆံ ပေးနေတာပဲ။”
ဆိုင်ပိုင်ရှင် တစ်ယောက်ကက အိုက်ဝ နားကြပ်ကပ်ဆက်ကို ဝယ်ယူသူအား ရှင်းပြနေသည်။ အိုက်ဝနားကြပ်ကပ်ဆက်၏ အမြတ်က ဆိုနီထက် များပေ၏။
“သူဌေး ဒီ ဆိုနီ နားကြပ်ကပ်ဆက်က နိုင်ငံခြားက တင်ပို့ထားတယ်။ အိုက်ဝက ယှဉ်ပြိုင်နိုင်ပါ့မလား။"
“ငါမင်းကို ပြောပြမဘ်။ ဒီ အိုက်ဝကို တရုတ်နိုင်ငံသားက ပိုင်တာ ပြီးတော့ သူက ဒီ နားကြပ်ကပ်ဆက်တွေကို ထုတ်ဖို့အတွက် ဂျပန်မှာရှိတဲ စက်ရုံ တစ်ရုံကို ရင်းနှီးမြှပ်နှံထားတာ။ ဒီ နားကြပ်ကပ်ဆက်က အဆင့်မှီဆုံး နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာ။ ပြီးတော့ ဒါက ဆိုနီထက်တောင် ပိုပြီးကောင်းသေးတယ်။ ထုတ်ထားတဲ့ ဘူးကို ကြည့်လိုက် ဟောင်ကောင်း ကုမ္ပဏီ ဒါက ပြည်ပက တင်ပို့တာပဲ။ ဒီ တရုတ်စီးပွားရေး သမားက ဂျပန်တွေကို သူ့အတွက် အလုပ်လုပ်စေတယ်လို့တောင် ငါကြားတယ်။”
“တကယ်ကြီးလား။ စမ်းကြည့်လို့ ရမလား။”
“သေချာတာပေါ့။ ငါ့မှာ ဆိုနီနားကြပ်ကပ်ဆက်လည်း ရှိတယ်။ မင်းအနေနဲ့ နှစ်ခုလုံးကို နားထောင်လို့ ရတယ်။ မင်းကိုယ်တိုင် ယှဉ်ပေါ့။ မင်းအနေနဲ့ နားကြပ်ကပ်ဆက်နှစ်ခုလုံးကို နားထောင်ပြီးပြီဆိုရင် ငါဘာလို့ အိုက်ဝကို ညွှန်းလည်းဆိုတာ သဘောပေါက်လာလိမ့်မယ်။”
....
အချိန်ကုန်လာသည်နှင့်အမျှ ကြော်ငြာ၏ လွှမ်းမိုးမှုသည်လည်း အားကောင်းလာပေသည်။ ပြီးနောက် အိုက်ဝ၏ အရောင်းက ပိုကောင်းလာလေ၏။ ဖုန်းယွီသည် ယခုလို ရလဒ်မျိုးရသည့်အတွက် ကျေနပ်နေတော့သည်။ ယခုနှုန်းအတိုင်း ဆက်သွားပါက ဆိုနီသည် နှစ်နှစ်အတွင်း တရုတ်ဈေးကွက်မှ ထွက်သွားရမည် ဖြစ်သည်။ ယခုလက်ရှိတွင် ဆိုနီသည် သူတို့၏ ဈေးနှုန်းများကို လျှော့ချသည့်တိုင် တရုတ်နိုင်ငံတွင် မည်သူမျှ မဝယ်လိုကျပေ။ လူတိုင်းက အိုက်ဝ နားကြပ်ကပ်ဆက်ကိုသာ အလိုရှိနေကြသည်။
ဖုန်းယွီ၏ ကြော်ငြားများ၏ အရမ်းကို ဆိုးဝါးလွန်း၏။ လူတိုင်းက အသံအရည်အသွေးချင်း နှိုင်းယှဉ်သည့် နားကြပ်ကပ်ဆက်သည် ဆိုနီ၏ နောက်ဆုံး ထုတ်ကုန် ဖြစ်ကြောင်း ပြောနိုင်ပေ၏။
“ရှောင်ယွီ ရော့.. ဒီဟာက နင့်အတွက်။ အမေက နင့်ကို ဝယ်ပေးဖို့ ငါ့ကို ပြောလိုက်လို့။
ဖုန်းယွီက အိုက်ဝ နားကြပ်ကပ်ဆက်ကို ကြည့်ကာ မေးလိုက်၏.
“အစ်မ အမေက ကျွန်တော်အတွက် ဒီဟာ ဘာလို့ ဝယ်ခိုင်းတာလဲ။”
“အမေက နင်နောင်ကျ နိုင်ငံခြားသွားတဲ့ အခါကျ နင် နိုင်ငံခြားဘာသာစကားတွေကို လုံးဝ ချောမွတ်နေအောင် ပြောနိုင်ဖို့လို့ ပြောတာပဲ။ နင့်ရဲ့ အင်္ဂလိပ်စာနဲ့ ရုရှားက ကောင်းပေမဲ့ နင်လေ့ကျင့်ဖို့ လိုသေးတယ်။ တီဗွီကလည်း အိုက်ဝ နားကြပ်ကပ်ဆက်က နင်သွားတဲ့ နေရာတိုင်း သယ်သွားပြီး လေ့လာလို့ ရတယ် ပြောထားတယ်။”
ဖုန်းယွီ “......”
အမေ အမေသားက ပြောချင်တာက ဒီနားကြပ်ကပ်ဆက်ကလည်း အမေ့သား ပိုင်တဲ့ ဟာပဲ့လို့...