← Chapters

ဆိုနီ၏ တုန့်ပြန်မှု အပိုင်း၁

Vol. 21 Ch. 311

ဆိုနီ၏ တုန့်ပြန်မှု အပိုင်း၁

Vol. 21 Ch. 311

ဆိုနီ၏ ရုံးချုပ် ဂျပန်တွင်

“ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ နောက်ဆုံး လေးလပတ်မှာ ငါတို့ နားကြပ်ကပ်ဆက် ရောင်းအား ကျနေရတာလဲ။ အရောင်းဌာနက ဘာတွေ လုပ်နေတာလဲ။”

နိုရိယိုအိုဂသည် ဒေါသထွက်နေ၏။ သူသည် ယနေ့ မနက်ခင်းတွင် ဥက္ကဋ္ဌ၏ ကြိမ်းမောင်းမှုကို ခံခဲ့ရသည်။

ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းသည် သူတို့ နားကြပ်ကပ်ဆက် ရောင်းအား ကျလာခြင်းနှင့် အိုက်ဝ နားကြပ်ကပ်ဆက် ရောင်းအား တက်လာသည့်အတွက် ဖြစ်သည်။ ဆိုနီသည် အရင်က အိုက်ဝကို ပိုင်ခဲ့ဖူးသည်။ ပြီးနောက် အိုက်ဝသည် အရှုံးပေါ်ကာ ဆိုနီကိုလည်း ဆွဲချခဲ့သည့်အတွက်ကြောင့် ငွေကြေးအကြပ်အတည်းနှင့် တွေ့ကြုံခဲ့ရသည်။ ဆိုနီသည် သူတို့ပိုင်ဆိုင်မှုများကို ဆက်မလျော့ကျစေရန်အတွက် အိုက်ဝ၏ ရှယ်ယာများကို ဖုန်းယွီကို ရောင်းချခဲ့သည်။

ထို့သော် သူတို့ လုံးဝ မမျှော်လင့်ထားသည်ကား အရောင်းအဝယ် ကိစ္စ အချိန်ကတည်းက သူတို့၏ ထုတ်ကုန်အသစ်ကို ဖန်တီးပြီး ဖြစ်သည်။ ဟေတရိုနာဂဂျီမသည် သူတို့၏ ထုတ်ကုန်အသစ်ဖန်တီးမှုအကြောင်းကို ဆိုနီကို မပြောခဲ့ပေ။ အကယ်၍ နိုရီယိုအိုခါသည် ယင်းအကြောင်းကို သိပါက အိုက်ဝ၏ ရှယ်ယာများကို ရောင်းချလိမ့်မည် မဟုတ်ချေ။ ထုတ်ကုန်အသစ်နှင့် ဆိုပါက အိုက်ဝသည် ယခုနှစ်တွင် အမြတ်များ ရရှိနိုင်မည် ဖြစ်ကာ တင်နေသည့် အကြွေးများသည်လည်း သုံးနှစ်အတွင်း ဖြေရှင်းနိုင်မည် ဖြစ်သည်။

ဆိုနီနှင့် အိုက်ဝ၏ သဘောတူညီချက်တွင် အတူတကွ အလုပ်လုပ်ပြီး အခြားကုမ္ပဏီများကို ယှဉ်ပြိုင်ရန် ဖြစ်သည်။

ယခုလက်ရှိတွင် ထို သဘောတူညီချက်သည် အောင်မြင်ပုံရ၏။ အခြားနားကြပ်ကပ်ဆက် အမှတ်တံဆိပ်များက သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပေ။ သို့သော် အိုက်ဝသည် ဆိုနီကို ကျော်တက်နိုင်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးလေးလပတ် ကာလအတွင်း အိုက်ဝသည် ဆိုနီနှင့် တန်းတူ ဖြစ်လာသည်။ နောက်နှစ်ကျလျှင် မည်သို့ ဖြစ်မည်နည်း။

နိုရီယိုအိုဂသည် အမှားလုပ်ခဲ့သည့်သူလော။ ကနဦးတွင် လူတိုင်းသည် အိုက်ဝ ရှယ်ယာများ ရောင်းချရန် သဘောတူခဲ့ကြသည်။ ပြီးနောက် သူသည် ဒုတိယဥက္ကဋ္ဌသာ ဖြစ်သည်။ အကယ်၍ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များသာ သဘောမတူခဲ့ပါက ယင်းအရောင်းအဝယ် ကိစ္စ ဖြစ်လာမည်လော။ လူအုများက ချီးကျူးမှုကိုသာ လိုချင်ကြသည်။ ပြီးနောက် အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါက သူ့တစ်ယောက်တည်းသာ အပြစ်တင်ခံရသည်။

အရောင်းဌာနမှူးသည် နိုရီယိုအိုဂရှေ့တွင် ရပ်နေကာ ခေါင်းကို ညွတ်လျက် သူ့အော်ငေါက်မည်ကို စောင့်ဆိုင်းနေ၏။ နိုရီယိုအိုဂသည် ဒေါသပေါက်ထွက်ပြီးနောက် သူ့အနေဖြင့် အရောင်းဌာနမှူးကို အဘယ်ကြောင့် အိုက်ဝ၏ ဈေးကွက်ဝေစု တိုးတက်လာပြီး မည်သည့်နေရာတွင် သူတို့ထုတ်ကုန်များက ဆိုနီထက်သာသည်ကို မေးမည် ဖြစ်၏။

အိုက်ဝသည် ယခင်က ထုတ်လုပ်ရေး လမ်းကြောင်းများကိုသာ သုံးနေဆဲ ဖြစ်ကာ ပြီးနောက် သူတို့၏ ထုတ်လုပ်ရေး လမ်းကြောင်းများသည်လည်း တစ်ဖက်ပါ တိတ်ခေါင်းဖြင့်ပင် ဖြစ်၏။ တစ်ဖက်ပါ တိတ်ခေါင်းများသည် သီချင်းများကိုသာ နားဆင်၍ ရနိုင်ပြီး အသံသွင်းသည့် စနစ်မျိုး မပါဝင်ပေ။ ယင်းက အိုက်ဝ၏ ထုတ်လုပ်ရေး စရိတ်ကို လျော့နည်းစေပြီး ထိုခေတ်အခါက တရုတ်ဈေးကွက်နှင့်လည်း ကိုက်ညီမှု ရှိပေ၏။ ဖုန်းယွီသည် ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပြီးသား ဖြစ်သည်။ တရုတ်နိုင်ငံသည် ကပ်ဆက်များတွင် အသံသွင်းနိုင်သည့် စနစ်ကို ဖြည်းဖြည်းချင်း ခွင့်ပြုပေးနေသော်လည်း ဒေသတိုင်းတွင်တော့ မရနိုင်သေးပေ။ အသံသွင်းသည့် စနစ် မပါလျှင်တောင် အိုက်ဝနားကြပ်ကပ်ဆက်များကို နေရာတိုင်းတွင် ရောင်းချနိုင်ပေ၏။

ထပ်ပြောရပါက လူများက နားကြပ်ကပ်ဆက်ကို သီချင်းနားထောင်ရန်အတွက်သာ အသုံးပြုပြီး အသံသွင်းသည့် စနစ် သုံးသည်ကား အလွန်နည်းလွန်းသည်။ နားကြပ်ကပ်ဆက်များ၏ အသံသွင်းအရည်းအသွေးကား သီချင်းကပ်ဆက် ကြီးကြီးများလောက် မကောင်းပေ။

အိုက်ဝ၏ ဘီးစနစ် (BEE System)ကလည်း အသံအရည်သွေး ပိုမိုကောင်းမွန်ကာ သီချင်းနားထောင်ခြင်းကို ခုန်မင်သူအဖို့ အိုက်ဝ နားကြပ်ကပ်ဆက်ကို ညွှန်းဆိုကြပေ၏။ နားကြပ်များနှင့်တွဲလျက် အိုက်ဝ၏ နည်းပညာကား ဆိုနီကို လိုက်မှီနေ၏။ ပြီးနောက် ဆိုနီ၏ ရောင်းအားကို ကျဆင်းသွားစေခဲ့သည်။

ဂျပန်နှင့် တရုတ်ဈေးကွက်သည် အသိသာဆုံး ဖြစ်သည်။ ဂျပန်ဈေးကွက်တွင် အိုက်ဝသည် ပိုကောင်းသည့် အရည်အသွေးရှိသည့် ထုတ်ကုန် ဖြစ်သည့်အတွက် နာမည်ကြီးသည်။ နိုရီယိုအိုဂသည် ဂျပန်ဈေးကွက်တွင် ဆိုနီကို အိုက်ဝ ကျော်တက်သည်ကိုကား နားလည်နိုင်ပေသည်။ သို့သော် တရုတ်ဈေးကွက်က မည်သို့ ဖြစ်သနည်း။ အဘယ်တွက် အိုက်ဝသည် တရုတ်နိုင်ငံတွင် အလွန်နာမည် ကြီးနေသနည်း။

အတိတ်က အိုက်ဝသည် တရုတ်ဈေးကွက်ကို ဝင်နိုင်ရန် ကြိုးပမ်း၏။ သို့သော် တစ်ချိန်တည်းတွင် သူတို့သည် အိုက်ဝ အမှတ်တံဆိပ်ကို အင်္ဂလိပ်စာလုံးများ ရေးထိုးထားခဲ့သ်ည။ ပြီးနောက် မည်သူမျှ ထိုအမှတ်တံဆိပ်ကို မသိပေ။ အဆုံးတွင် အိုက်ဝသည် အရှုံးပေးခဲ့ရသည်။ သို့သော် ဟောင်ကောင်အိုက်ဝ ကုမ္ပဏီ တည်ထောင်ကတည်းက အိုက်ဟွာ( တရုတ်စာလုံး)ကို ရေးထိုးပြီး တရုတ်နိုင်ငံ ဈေးကွက်ကို ဝင်ခဲ့၏။ ဆိုနီ၏ ရောင်းအားကို တစ်လအတွင်း ကျော်တက်သွားခဲ့သည်။

ဆိုနီ၏ အရောင်းဌာနသည် အခြေအနေကို လေ့လာဆန်းစ်ပြီး ဖြစ်သည်။ ပြီးနောက် အချို့သော အရာများ ရလာခဲ့သည်။ ပထမက အိုက်ဝ အမှတ်တံဆိပ် ဖြစ်သည်။ တရုတ်လူမျိုးများအတွက် မှတ်မိလွယ်ကာ တရုတ်လူမျိုးများက တရုတ်အမှတ်တံဆိပ်အဖြင့် ရှုမြင်နိုင်သည်။ ကြော်ငြာသည်စကားသည် “ အိုက်ဝ လျှပ်စစ်။ ကျွန်တော် တရုတ်နိုင်ငံကို ချစ်သည်။” အလွန်ပင် ချဲ့ကားရာ ရောက်ပေသည်။ ဒုတိယ အနေဖြင့် အိုက်ဝ၏ ထုတ်ကုန်များကို လွယ်လင့်တကူ ယူဆောင်သွားနိုင်သည့် ကပ်ဆက်များအဖြစ် မိတ်ဆက်ခဲ့ခြင်း မရှိဘဲ သင်ကြားရေးပစ္စည်းတစ်ခု အဖြစ် မိတ်ဆက်ခဲ့၏။ အကျိုးဆက်အနေဖြင့် မိဘများက သူတို့၏ ကလေးများအတွက် ဝယ်ပေးကြသည်။ သူတို့၏ ပထမဆုံးရွေးချယ်မှုသည် အိုက်ဝ အမှတ်တံဆိပ် ဖြစ်ပေ၏။ တတိယ အနေဖြင့် အိုက်ဝသည် အခြားနားကြပ်ကပ်ဆက် တစ်ခုနှင့် နှိုင်းယှဉ်၏။ သူတို့သည် ဆိုနီ၏ နားကြပ်ကက်ဆက်နှင့် နှိုင်းယှဉ်ခဲ့သည်။ နှိုင်းယှဉ်ခြင်းက အရည်အသွေးကို ရှင်းရှင်းလင်းလင်း သိစေ၏။ သီချင်း နှစ်ခြိုက်သူများကလည်း အိုက်ဝ အမှတ်တံဆိပ်ကို ရွေးချယ်ကြသည်။

အခြားသော အကြောင်းများလည်း ရှိပေသေးသည်။ သို့သော် ထိုအရာများက အဓိက အချက်များ မဟုတ်ပေ။ ဉပမာအနေဖြင့် အိုက်ဝသည် ပိုမိုကောင်းမွန်သည့် ဖြန့်ချီရေး လမ်းကြောင်းကို ပိုင်ဆိုင်ထားသည်။ တစ်ပတ်အတွင်း အိုက်ဝ၏ ထုတ်ကုန်များသည် တရုတ်နိုင်ငံရှိ အဓိကမြို့ကြီးများကို ရောက်ရှိနိုင်သည်။ ပြီးနောက် တီဗွီကြော်ငြာများနှင့် သတင်းစာ ကြော်ငြာများလည်း ရှိပေသည်။ အိုက်ဝသည် တီဗွီကြော်ငြာများတွင် ပမာဏ များများ ရင်းနှီးမြှပ်နှံထားသည်။ နောက် အကြောင်းပြချက် တစ်ခုမှ အိုက်ဝသည် သူတို့၏ အရောင်းကိုယ်စားလှယ်များကို အမြတ်များများ ပေးထားကာ ထိုအရောင်းကိုယ်စားလှယ်များက ဝယ်ယူသူများကို အိုက်ဝ နားကြပ်ကပ်ဆက်များကို ညွှန်းဆိုကြလေ၏။

အစီအရင်ခံစာကို နားထောင်ပြီးနောက် နိုရီယိုအိုဂက မေးလိုက်သည်။

“အနောက်တိုင်း ဈေးကွက်တွေ အတွက် မင်းဘယ်လို ဖြေရှင်းချက် ပေးမလဲ။”

ဉရောပနှင့် အမေရိကန် ပြည်ထောင်စုတွင် ဆိုနီသည် ဈေးကွက် ဦးဆောင်သူ ဖြစ်နေဆဲပင်။ ပြီးနောက် ယခုတွင် အိုက်ဝက အမှီလိုက်လာသည်။ အရောင်းဌာနမှူးအနေဖြင့် အနောက်တိုင်း ဈေးကွက်အတွက် ဖြေရှင်းချက်များ ရှိမည်လော။”

အိုက်ဝသည် ဥရောပနှင် အမေရိကန် ပြည်ထောင်စုတွင်လည်း ကြေငြာသည်။ ကြော်ငြာများက အိုက်ဝ၏ အသံအရည်အသွေးနှင့် အိုက်ဝသည် ရှေးရိုးစွဲ အနက်ရောင် အစား အရောင် အသစ်အဆန်းများကိုလည်း ပေးစွမ်းနိုင်ကြောင်း ပြောသည်။ ဆွဲဆောင်မှု ရှိသည့် အပြင်ပိုင်းဒီဇိုင်းနှင့် အရောင်များက အမျိုးသမီး ဝယ်ယူသူများကို ဆွဲဆောင်နိုင်ပေ၏။

ဆိုနီက ယင်းအကြောင်းကို မတွေးမိခဲ့ပေ။ သူတို့၏ နားကြပ်ကပ်ဆက်က ဒီဇိုင်းပိုင်းနှင့် အရည်အသွေးပိုင်းတွေ လိုအပ်ချက် ရှိနေပေသည်။ ယင်းအတွက်ကြောင့် သူတို့ နောက်ဆုံးထွက် နားကြပ်ကပ်ဆက်သည် ကောင်းကောင်း မရောင်းရခြင်း ဖြစ်သည်။

အဘယ်တွက် ထိုသို့ အရေးကြီးသည့် အချက်အလက်ကို သူ့အတွက် ဝှက်ထားခဲ့သနည်း။ ထိုတရုတ်လူမျိုးက အိုက်ဝတွင် ရင်းနှီးမြှပ်နှံပြီး ဟေတရိုနာကဂျီမသည် ချက်ခြင်းပင် ထုတ်ကုန်အသစ်ကို မိတ်ဆက်ခဲ့၏။ အကယ်၍ နောက်နှစ်တွင် အိုက်ဝက နားကြပ်ကပ်ဆက်ကို မိတ်ဆက်ပါက နားကြပ်ကပ်ဆက်၏ ဈေးကွက်ဦးဆောင်သူအနေဖြင့် ဆိုနီ ဆက်ရှိတော့မည် မဟုတ်ချေ။

အကယ်၍ ယင်းသို့ ဖြစ်ခဲ့ပါက နိုရီယိုအိုဂအတွက် အဖျက်ပင် ဖြစ်ပေမည်။ ယခုလက်ရှိ ဥက္ကဋ္ဌသည် ကိုလံဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးကို ဝယ်ခဲ့ရာ အရှုံးသာ ပေါ်ခဲ့၏။ လူများစွာက သူ့ကို ဥက္ကဋ္ဌရာထူးယူစေလိုသည်။ သူသည် ဆိုနီတွင် ထိုရာထူးကို ယူရန်အတွက် အခွင့်အရေး အများဆုံး ဖြစ်၏။

အကယ်၍ အိုက်ဝသာ ဆိုနီ၏ နားကြပ်ကပ်ဆက် ဈေးကွက် ဦးဆောင်သူအဖြစ် ယူသွားပါက အိုက်ဝရှယ်ယာများကို ရောင်းချရန် စီစဉ်ခဲ့သူ နိုရီယိုအိုဂသည် ဒုဥက္ကဋ္ဌရာထူးကိုပင် ထိန်းထားနိုင်တော့မည် မဟုတ်ချေ။

မဟုတ်ဘူး။ အိုက်ဝကို ဆက်ပြီး မကြီးထွားနိုင်အောင် လုပ်ရမယ်။

နိုရီယိုအိုကသည် နိုက်တန်တိုနှင့် ပရောဂျက် ပူးပေါင်းဆောင်ရွက်မှုတွင် အာရုံ စိုက်နေသဖြင့် နားကြပ်ကပ်ဆက်ဈေးကွက်ကို လျစ်လျူရှုခဲ့သည်။ မဟုတ်ပါက အိုက်ဝအနေဖြင့် မြန်မြန်ဆန်ဆန် တိုးတက်ခွင့် ပေးမည် မဟုတ်ချေ။

နိုရီယိုအိုကသည် အိုက်ဝကို ရောင်းထုတ်သည့် အကြောင်းအရင်းကို ရုတ်တရက် မှတ်မိသွား၏။ အကြောင်းမှာ အိုက်ဝသည် အကြွေးများ တင်နေသည့်အတွက် ဖြစ်သည်။ အကြွေးသည် ထိုခေတ်၏ ဈေးကွက်ပေါက်ဈေးထက် ၁၀ဆကျော် များပေသည်။

အတိတ်က ဆိုနီကြောင့်သာ မဟုတ်ပါက ဘဏ်များသည် အိုက်ဝပြန်လည် ပေးဆောင်ရမည့် ငွေကြေးကို အတင်းကာရော တောင်းခဲ့ခြင်း မဟုတ်ပေ။ သို့သော် ယခုတွင် ဘဏ်များက အိုက်ဝကို ပြန်လည်ပေးဆောင်ရမည့် ငွေကြေးများအတွက် သွားတော့မည်ပင်။

ရန်ပုံငွေ မရှိပါက အိုက်ဝအနေဖြင့် သူတို့ ပစ္စည်းများ ဆက်လက် ထုတ်လုပ်နိုင်တော့မည် မဟုတ်ချေ။ ပြီးနောက် သူတို့၏ တိုးတက်မှုကလည်း ရပ်တန့်နေပေမည်.

ဆိုနီနဲ့လာပြိုင်ရင် ရလဒ်က ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး။

____

All Chapters