← Chapters

ဆိုနီ၏ တုန့်ပြန်မှု အပိုင်း ၂

Vol. 21 Ch. 312

ဆိုနီ၏ တုန့်ပြန်မှု အပိုင်း ၂

Vol. 21 Ch. 312

ထိုကာလအတွင်း ဟေတရိုနာကဂျီမသည် စိတ်အား တက်ကြွနေသည်။ အိုက်ဝ၏ နောက်ဆုံးထုတ်ကုန်သည် ဈေးကွက်ထဲ မိတ်ဆက်ပြီး ဈေးကွက်ထဲတွင် ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့သည်။ ပြည်တွင်းဈေးကွက် ၄၀ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ပြည်ပ ဈေးကွက်တွင်လည်း ရောင်းအား ကောင်းပေသည်။ ဈေးကွက်ဝေစုမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးတိုးလာ၏။

ရောင်းအား တိုးတက်လာသည့် နေရာသည် တရုတ်ဈေးကွက် ဖြစ်သည်။ ဟောင်ကောင် အိုက်ဝ ကုမ္ပဏီမှ သူ့ဆီသို့ အစီရင်ခံစာအရ ဆိုနီသည် ထိုဈေးကွက်အတွင်း မရှိလုနီးပါး ဖြစ်နေသည်။ ထိုင်ဝမ် မကာအိုနှင့် ဟောင်ကောင်တွင်လည်း နားကြပ်ကပ်ဆက်အမှတ်တံဆိပ်များအကြား နံပါတ်တစ် ဖြစ်နေ၏။

နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သည့် နားကြပ်ကပ်ဆက်ကို မိတ်ဆက်ပါက ကုမ္ပဏီအနေဖြင့် မြင့်မားသည့် အဆင့် တစ်ခုသို့ ရောက်ရှိမည်ဟု ဟေတရိုနာကဂျီမယုံကြည်ပေ၏။ ယခုနှစ်ရောင်းအားသည် အခုရေ၁၀သန်းအထိ သေချာပေါက် ရောင်းရမည်ပင်။ ယင်းက သူ့ရည်မှန်းချက်ပင် ဖြစ်၏။

နောက်နှစ်တွင် အိုက်ဝသည် ပိုမိုကောင်းမွန်သည့် နားကြပ်ကပ်ဆက်ကို မိတ်ဆက်မည် ဖြစ်သည်။ အနာဂတ်တွင် နားကြပ်ကပ်ဆက်သည် တန်ဖိုးရှိသည့် Classic ပစ္စည်း တစ်ခု အဖြစ် ဖြစ်လာမည် ဖြစ်ကာ သမိုင်းတွင်လည်း မှတ်ကျောက် တင်ခံရနိုင်ပေ၏။ သူ့အနေဖြင့် နားကြပ်ကပ်ဆက်ကို ဆိုနီနှင့် အခြားသော အမှတ်တံဆိပ်များထက် ကျော်စေချင်၏။

ထိုသို့ ဖြစ်ပါက သူသည် ဆိုနီလမ်းစဉ်အတိုင်း လိုက်မည်ပင်။ တူညီသည့် ထုတ်ကုန်အရည်အသွေးကို အသုံးပြုကာ ဈေးကြီးကြီးဖြင့် ရောင်းချပြီး ရောင်းအား များလာမည်ပင် ဖြစ်သည်။ ဤနည်းဖြင့် သူ့အနေဖြင့် အမြတ်များ ပိုရရှိနိုင်၏။ (apple ရဲ့ iphone 13နဲ့ 14ကို သတိရသွား။)

နောက်တစ်နှစ်တွင် အိုက်ဝ၏ အကြွေးများ အကုန်လုံးကို ပေးဆပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် အိုက်ဝ၏ နားကြပ်ကပ်ဆက် တစ်ခု ရောင်းရတိုင်း အမြတ် ယန်း ၃၀၀ရပေ၏။ ကမ္ဘာအနှံတွင် စက်ရုံများစွာ တည်ထောင်ထားသည့်အတွက်ကြောင့် သူတို့၏ စုစုပေါင်း အကြွေးသည်လည်း ယန်း သန်းရှစ်ထောင်ထက် ကျော်ပေသည်။ သူတို့၏ အဓိက အကြွေးရှင်များသည် ဘဏ်များနှင့် ဆိုနီပင် ဖြစ်သည်။

အိုက်ဝ၏ ထုတ်လုပ်ရေးနှင့် အရောင်းပိုင်း အဆင့် တစ်ခု ရောက်လာသည်နှင့် အိုက်ဝသည် အမှန်ပင် ဈေးကွက် ခေါင်းဆောင်သည့်သူ ဖြစ်လာမည်ပင်။

ထိုရည်မှန်းချက်သို့ ရောက်ရန်အတွက် နောက်ထပ် လေးနှစ်မှ ငါးနှစ်အထိ လိုသေးကြောင်း ဟေတရိုနာကဂျီမ တွေးမိသည်။ ဆိုနီက အိုက်ဝကို ရောင်းလိုက်ပြီးနောက်ပိုင်း သူသည် အကြွေးများကို ကာလကြာရှည် ပေးရမည်ဟု တွေးခဲ့သည်။ သို့သော် ယခုတွင် ရည်မှန်းချက် အကုန်လုံးကို သုံးနှစ်အတွင်း အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။

ဟားဟားဟား ဆိုနီ နိုရီယိုအိုက မင်းတို့တွေ အိုက်ဝကို ရောင်းလိုက်တာ နောင်တ ရနေကြပြီမလား။

“ဥက္ကဋ္ဌဘဏ်ကလူတွေ ဒီကို ရောက်နေပါတယ်။ သူတို့ပုံစံက အကြွေးပြန်လာတောင်းတဲ့ပုံပဲ။”

ဟ အကြွေးတွေကို လာသိမ်းတာလား။ အကြွေးဆိုင်းကာလပဲ ရှိသေးတာလေ။ ဘာကြောင့် သူတို့တွေက ဒီကိုလာပြီး အကြွေးတွေ လာတောင်းရတာလဲ။ ငါ အတိုးတွေကိုလည်း လတိုင်း ပေးနေတဲ့ဟာကို။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ငါပေးချေမှု အချို့ကို ပြုလုပ်ခဲ့တယ်။ ပြီးတော့ ဒီနှစ်မှာလည်း ငါ ရက်ရက်ရောရောနဲ့ ပေးခဲ့တာလေ။ ဘာလို့ ဘဏ်က လူတွေက ဒီကို ရောက်နေရတာလဲ။

“သူတို့တွေကို အစည်းအဝေးခန်းမထဲ ခေါ်ခဲ့လိုက်။”

ထိုလူများကို ကြည့်ရင်း ဟေတရိုနာကဂျီမသည် မကောင်းသည့် အငွေ့အသက် ခံစားနေရသည်။ အိုက်ဝ၏ အကြွေးရှင်များ အကုန် အဘယ်တွက် အိုက်ဝကို ရောက်နေကြသနည်း။ သူတို့သည် အဘယ်အရာကို အလိုရှိနေကြသနည်း။

“ဒီက လူကြီးမင်းတွေ အကုန်က ဘာလို့ အိုက်ဝကို ဒီနေ့ ရောက်နေကြတာလဲ။”

ဟေတရိုနာကဂျီမက ထိုင်လျက်သား ပြုံးရင်း မေးလိုက်သည်။

“ဥက္ကဋ္ဌဟေတရို မကြာသေးခင်က အိုက်ဝရဲ့ ရောင်းအားက တော်တော်လေး ကောင်းလာတယ်လို့ ကျွန်တော်တို့ ကြားတယ်။ ကျွန်တော်တို့ရဲ့ ဘဏ်ကလည်း အခုလက်ရှိမှာ ငွေရေးကြေးရေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ စီးပွားရေး မကောင်းဘူးဆိုတာ ခင်ဗျားလည်း သိမှာပဲ။ ခင်ဗျား အိုက်ဝရဲ့ အကြွေးတွေကို စောစောပေးနိုင်မလား။”

ဘဏ်ကိုယ်စားလှယ် တစ်ယောက်က မေးလိုက်၏။ ဟေတရိုနာကဂျီမက မျက်နှာကျော တင်းတင်းဖြင့် ပြောလိုက်လေသည်။

“မစ္စတာဝါတနာဘဲ ချေးငွေတွေကို ပြန်ဆပ်ဖို့က အချိန်မှ မကျသေးတာ။ ဘာအတွက် ကျွန်တော်က ငွေကို စောစောစီးစီးဆပ်ရမှာလဲ။ ကျွန်တော် လတိုင်း အတိုးတွေလည်း ပေးနေတာပဲလေ။”

ဟေတရိုနာကဂျီမသည် သူ့အကြွေးရှင်များ အားလုံးတစ်ချိန်တည်းတွင် လာပြီး အကြွေးတောင်းလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ အိုက်ဝသည် ယခုလက်ရှိတွင် ထပ်မံ တိုးချဲ့ခြင်း မပြုပေ။ ပြီးနောက် သူသည် အကြွေးများကို ပြန်ပေးနိုင်ခဲ့လျှင် ကုမ္ပဏီအနေဖြင့် လည်ပတ်ရန်အတွက် ရန်ပုံငွေ အလုံအလောက် ရှိတော့မည် မဟုတ်ပေ။ ပြီးနောက် အိုက်ဝသည် အဆုံးသတ်သွားမည်ပင်။

“ဥက္ကဋ္ဌဟေတရို ကျွန်တော်တို့မှာလည်း တခြားရွေးချယ်စရာ မရှိဘူး။ ကျွန်တော်တို့ကို ချေးငွေ အနည်းငယ်လောက် ပြန်ဆပ်နိုင်မလား။ ဒီလိုဆို ကျွန်တော်တို့ရဲ့ သူဌေးကို ပြန်အဖြေပေးလို့ ရတယ်လေ မဟုတ်ဘူးလား။”

“ငါ မင်းပြောတဲ့ အတိုင်း မလုပ်နိုင်မှာစိုးရိမ်မိတယ်။ ငါတို့ ချေးငွေ သဘောတူ စာချုပ်အရ ငါ့အနေနဲ့ ပြန်လည်ပေးဆပ်ရမှာကို ငြင်းပိုင်ခွင့် ရှိတယ်။ မင်းတို့တွေ အကုန်လုံးကလည်း ငါတို့ရဲ့ ကုမ္ပဏီက ပထမ ခြောက်လမှာမှ အဆင်ပြေတယ်ဆိုတာ သိမှာပါ။ ငါတို့တွေက ကောင်းကောင်း အလုပ် ဖြစ်နေတာ။ အရောင်းပိုင်း ခန့်မှန်း တွက်ချက်မှုအရ ငါတို့ နားကြပ်ကပ်ဆက်က ၁၀သန်းကျော် ရောင်းချနိုင်လိမ့်မယ်။ တကယ်လို့ မင်းတို့ရဲ့ ဘဏ်တွေ ပြဿနာ ရှိမယ်ဆိုရင် ငါမင်းတို့အကြွေးကို နောက်နှစ်ကျ ပေးနိုင်မယ်ဆိုတာ ငါ အာမခံတယ်။ ဒါက ပြဿနာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။ တကယ်လို့ အခု ပေးဆိုပြီး ပြောရင်တော့ ငါ့ကို လာတောင်းဆိုမယ်ဆိုရင် ငါတို့ အိုက်ဝမှာ မင်းတို့ကို ပေးဖို့ ငွေမရှိဘူး။ ပြီးတော့ ငါတို့မှာလည်း ငွေးရေးကြေးရေး ပြဿနာတွေ ပေါ်လာလိမ့်မယ်။ အဲ့ချေးငွေပြန်ဆပ်တဲ့နေရာမှလည်း ပြဿနာတွေ အများကြီး ကြုံလာရနိုင်တယ်။"

ဘဏ်ကိုယ်စားလှယ်များသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ဝါတနာဘဲက တခဏသာ တိတ်ဆိတ်နေပြီးနောက်

“ဥက္ကဋ္ဌဟေတရို ခင်ဗျား ချေးငွေ စာချုပ် အကြောင်း ပြောပြီဆိုမှတော့ ကျွန်တော်တို့လည်း ချေးငွေ စာချုပ် အပိုင်းပဲ ပြန်ပြောရမှာပေါ့။ လွန်ခဲ့တဲ့ နှစ် မတ်လတုန်းက ခင်ဗျား အတိုးပြန်ဆပ်ရမဲ့ အချိန် သုံးရက်လောက် နောက်ကျခဲ့တယ်။ မေလ မှာလည်း ခင်ဗျားရဲ့ အတိုးပြန်ဆပ်ရမဲ့ နေ့ထက် ၈ရက် နောက်ကျခဲ့တယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ၊ ဇွန်နဲ့ နိုဝင်ဘာလတုန်းကလည်း ခင်ဗျား အတိုးပြန်ဆပ်ရမဲ့ ကာလ အကုန်လုံးနောက်ကျခဲ့တယ်။ ငါတို့ရဲ့ စာချုပ်အရ ငါတို့မှာလည်း မင်းကို အကြွေးကို စောစောစီးစီးဆပ်ဖို့ တောင်းဆိုခွင့် ရှိတယ်။ ဘဏ်တွေ အကုန်လုံးကလည်း ဒီအတိုင်းပဲ တကယ်လို့ အကြွေးပြန်ဆပ်ဖို့ ငြင်းဆန်နေမယ်ဆိုရင်တော့ ငါတို့က တရားရုံးကို သွားပြီးတော့ မင်းရဲ့ ကုမ္ပဏီဘဏ် အကောင့်ကို ပိတ်ထားခိုင်းမယ်။ မင်းရဲ့ ပိုင်ဆိုင်မှု အကုန်လုံးကို ထိန်းထားပြီး လေလံတင်ပြီးတော့ မင်းရဲ့အကြွေးတွေ ပြန်ဆပ်ဖို့ တောင်းဆိုပိုင်ခွင့် ရှိတယ်။”

ဟေတရိုနာကဂျီမသည် စိတ်တိုလွန်းသည့်အတွက် မတ်တပ်ထရပ်လိုက်ကာ

“မင်းတို့ အကုန်လုံး ဘာကြောင့် ဒီလို လုပ်ရတာလဲ”

ဒီလူတွေက ရူးနေတာလား။ ကုမ္ပဏီရဲ့ ဘဏ်အကောင့်ကို ပိတ်ပြီးတော့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှာတဲ့လား။ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် များတာလဲ။ တကယ်လို့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းရန်တောင်မှ ငါ့အနေနဲ့ အကြွေးတွေ အကုန် ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့သာ အိုက်ဝကို တစ်နှစ် နှစ်နှစ်ပေးမယ်ဆိုရင် အိုက်ဝက အကြွေးတွေ အကုန် ပေးနိုင်မှာ အတိုးနှုန်းများရင် ဆိုရင်တောင်မှပေါ့။ ဘာလို့ ဒီလူတွေက အိုက်ဝကို လာပြီး အတင်းအကြပ်နဲ့ အိုက်ဝကို ဆွဲချဖို့ ကြိုးစားနေကြတာလဲ။

“အဟွတ် ဥက္ကဋ္ဌဟေတရို ငါတို့တွေက အခုလို မနှစ်ကတည်းက လုပ်လို့ ရတယ်။ ဒါပေမဲ့ ငါတို့တွေက ဘာလို့ မလုပ်တာလဲဆိုတာ မင်းသိလား။ ဘာကြောင့်လဲဆိုရင် မင်းကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်က ဆိုနီ ဖြစ်နေတာကြောင့်လေ။ အခု ဆိုနီက မင်းရဲ့ ရှယ်ယာတွေ အကုန် ရောင်းလိုက်ပြီးပြီ။ ပြီးတော့ ငါတို့ရဲ့ ဘဏ်ကလည်း အိုက်ဝ ရှယ်ယာ တစ်ခုမှ မပိုင်တော့ဘူး။ ဒီလိုဆိုရင်ရော တကယ်လို့ မင်းကုမ္ပဏီရဲ့ ရှယ်ယာတွေကို အပေါင်ပစ္စည်း ဒါမှ မဟုတ်ရင် အဖွဲ့ အစည်းကြီးကြီးမားမား တစ်ခုဆီကနေ အာမခံ ယူနိုင်တယ်ဆိုရင် ငါတို့တွေက မင်းရဲ့ ချေးငွေ ပြန်ဆပ်မှုကို အတင်းအကြပ်နဲ့ လုပ်မှာ မဟုတ်ပါဘူး။”

ဟေတရိုနာကဂျီမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားတောသည်။ နောက်ဆုံးတွင် ဘာဖြစ်နေသည်ကို သူနားလည်သွား၏။ ထိုသူများသည် အိုက်ဝ ယခုလက်ရှိ တိုးတက်နေသည်ကို မြင်ကြရပြီး သူတို့ အနေဖြင့် ရှယ်ယာများမှလည်း အကျိုးအမြတ်များ ရလိုချင်ကြသည်။

ဟေတရိုနာကဂျီမသည်လည်း ဘဏ်ကိုယ်စားလှယ်များ အားလုံး ဒီနေ့တွင် အစီစဉ်ချပြီး လာရောက်ခဲ့မှန်း သူသံသယ ရှိမိသည်။ သူတို့နောက်ကွယ်မှ လက်မည်းကြီးသည် သေချာပေါက် ဆိုနီ ဖြစ်ရမည်ပင်။ ဆိုနီကို အိုက်ဝ၏ ရှယ်ယာများကို ပြန်လည် ရောင်းချလျှင်တောင် ဆိုနီအနေဖြင့် အိုက်ဝ အာမခံသူ ဘယ်တော့မျှ ဖြစ်လာမည် မဟုတ်ပေ။ ထိုနည်းဖြင့် ဆိုနီသည် အိုက်ဝကို ပိုထိန်းချုပ်ရန် အခွင့်အရေး ရရှိမည် ဖြစ်ကာ ဟေတရိုနာကဂျီမသည်လည်း ရှယ်ယာပိုင်ဆိုင်မှု နည်းသွားမည် ဖြစ်သည်။ သူ့အနေဖြင့် ယင်းကို ဘယ်တော့မျှ လက်ခံမည် မဟုတ်ပေ။

မှန်ပေ၏။ အိုက်ဝတွင် ရှယ်ယာရှင်ရှိသည်။ တရုတ်လူမျိုး ရှယ်ယာရှင် ဖြစ်၏။ သူသည် အစုရှယ်ယာများကို ထိန်းချုပ်ထားသည်။ သူသည် ဟေတရိုနာကဂျီမသည် ယခုကိစ္စကို သူနှင့် တိုင်ပင်ပြီး ဆောင်ရွက်ရမည်ပင်။

“ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါတော့။ ခင်ဗျားတို့ ပြောတဲ့ အတိုင်း ကျွန်တော် စဉ်းစားလိုက်ပါမယ်။ ပြီးရင် ခင်ဗျားတို့ကို အဖြေ ပြန်ပေးပါမယ်။”

ဟေတရိုနာကဂျီမက ပြောလိုက်၏။

“ဥက္ကဋ္ဌဟေတရို မြန်မြန်လုပ်ပါ။ ကျွန်တော်တို့ အချိန် သုံးရက်ပေးမယ်။ သုံးရက်နောက်ပိုင်းမှာ ကျွန်တော်တို့ကို ကျေနပ်လောက်စေတဲ့ အဖြေမျိုး မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ကလည်း ကြိုပြီးတော့ တောင်းပန်ထားပါတယ်။”

ထိုလူများ ထွက်သွားသည်နှင့် ဟေတရိုနာကဂျီမ ဒေါသပုန် ထတော့သည်။

....

“ဟန့် ကောင်းပြီလေ။ ငါသိပြီး။ အဲ့ဘဏ်တွေကနေ အကြွေးဘယ်လောက်များများရှိတာလဲ။ ငါက အမေရိကန် ဒေါ်လာ မေးတာနော်။ ငါ့အနေနဲ့ အိုက်ဝကို ငွေပမာဏ များများ လွဲပြောင်းနိုင်တယ်။ ပိုက်ဆံတွေကိုတော့ ဘဏ်ကို ဆပ်ဖို့ သုံးပေါ့။ပြီးတော့ ကျန်တဲ့ ပိုက်ဆံတွေကို ကုမ္ပဏီကို ရင်းနှီးမြှပ်နှံဖို့ သုံးလိုက်။ ငါတို့ရဲ့ သဘောတူညီချက်အရ ခင်ဗျားအနေနဲ့ ဥက္ကဋ္ဌရာထူးကို ကောင်းကောင်း မစွမ်းဆောင်နိုင်ဘူးဆိုရင် ခင်ဗျားကို ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားမယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဒဏ်ပေးတဲ့ အနေနဲ့ မင်းရဲ့ ရှယ်ယာကို နှစ်ဆယ်ရာခိုင်နှုန်း လျော့ချမယ်။”

“ဘဏ်တွေဆီကနေ ပြီးတော့ ယူထားတဲ့ စုစုပေါင်း အကြွေးက ယန်း သန်းငါးထောင်ပါ။ ဒီနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ သန်း ၄၀၀လောက် ရှိတယ်။”

ဟေတရိုနာကဂျီမပြောလိုက်သည်။

အကယ်၍ ဖုန်းယွီက သူ့ရှယ်ယာများကို လျော့ချလျှင်တောင် သူ့အနေဖြင့် ဒုတိယ အများဆုံး ရှယ်ယာရှင်အဖြစ် ရှိနေဆဲ ဖြစ်ကာ သူ့အနေဖြင့် ဥက္ကဋ္ဌအနေဖြင့်လည်း ဆက်ရှိနေမည် ဖြစ်သည်။ ယင်းက မကောင်းဆိုးဝါးဘဏ်များဆီသို့ အိုက်ဝ၏ ရှယ်ယာများကို ပေးလိုက်ခြင်းထက် ပိုကောင်းပေ၏။ ဟေတရိုနာကဂျီမသည် ဆိုနီပြန်ထိန်းချုပ်မည့် အရေးကိုလည်း မလိုလားပေ။

အမေရိကန် ဒေါ်လာ လေးရာလား ဖုန်းယွီမှာ ဒီလောက်များတဲ့ငွေ ရှိလို့လား။

“ကောင်းပြီလေ။ မနက်ဖြန်ကျ စာချုပ် ချုပ်ဆိုဖို့အတွက် မင်းရှေ့နေနဲ့လာလိုက်။ ငါ အကြွေးအကုန်လုံးကို ပြန်ဆပ်ပေးမယ်။”

ဖုန်းယွီသည် ထိုသို့ ပြောနေစဉ် တွေးနေ၏။ ယင်းက အခွင့်အရေးကောင်းပင် တစ်ခု ဖြစ်သည်။ နှစ်နှစ်အတွင်း အိုက်ဝ၏ ရှယ်ယာများကို ပိုရရှိမည် ဖြစ်သည်။ တစ်နှစ် နှစ်နှစ်အတွင်း ထိုရှယ်ယာများသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာအထိ အကျိုးအမြတ် ပေးမည်ပင် ဖြစ်၏။

All Chapters