ဘာ အိုက်ဝက အကြွေးတွေ အကုန် ပြန်ဆပ်ပြီးပြီလား။
Vol. 21 Ch. 313
နောက်တစ်နေ့ မနက်တွင် စားသောက်ဆိုင် တစ်ခု၏ ကိုယ်ပိုင် အခန်းတွင် ဖြစ်သည်။
ဖုန်းယွီ၊ ဟေတရိုနာကဂျီမ၊ ဝီလ်ဆင်နှင့် ဟေတရိုနာကဂျီမ၏ ရှေ့နေသည် စာချုပ် ချုပ်ရန်အတွက် ဘင်းမြို့တော်ကို ရောက်လာကြသည်။
စာချုပ် တစ်ခုတွင် အိုက်ဝကို ငွေချေးပေးသည့် စာချုပ် ဖြစ်သည်။ သေချာသည်မှာ ယင်းက အတိုးနှုန်း နည်းသည်တော့ မဟုတ်ချေ။ အတိုးနှုန်းသည် ဥပဒေအရ သတ်မှတ်ထားသည့် အမြင့်ဆုံး ရာခိုင်နှုန်းတွင် ရှိသည်။
နောက်ထပ် စာချုပ် တစ်ခုကား ဖုန်းယွီသည် အိုက်ဝကို ငွေကြေးပမာဏများများ ရင်းနှီးမြှပ်နှံသည့် စာချုပ် ဖြစ်သည်။ အလွဲအပြောင်းအနေဖြင့် ရှယ်ယာအချို့ ပြန်ရယူမည် ဖြစ်သည်။ ယင်းက ဟေတရိုနာကဂျီမ၏ ရှယ်ယာများပင် ဖြစ်သည်။ ဟေတရိုနာကဂျီမ၏ ရှယ်ယာများသည် ယခုအခါ ၁၃ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ ဖြစ်သွားမည် ဖြစ်၏။ ရှေ့နေ့ နှစ်ယောက်စလုံးသည် မျက်မြင် သက်သေအဖြစ် စာချုပ်ထဲတွင် လက်မှတ်ရေးထိုးကြသည်။ ဖုန်းယွီသည် ဟေတရိုနာကဂျီမကို HSBC၏ ချက်လက်မှတ် နှစ်ခုကို လွဲပြောင်းပေးလိုက်သည်။
“မစ္စတာ ဟေတရို အိုက်ဝကို ခင်ဗျားလက်ထဲမှာ ယုံယုံကြည်ကြည်နဲ့ ထားထားတယ်။ ဒီကုမ္ပဏီမအတွက် ကန့်သတ်ချက်တွေ အများကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီလို ပြဿနာမျိုး နောက်တစ်ခေါက် ထပ်ဖြစ်မှာကို မမြင်ချင်ဘူး။ တကယ်လို့ ဒီလို အမှားမျိုးသာ ခင်ဗျား ထပ်ဖြစ်စေခဲ့တယ်ဆိုရင်။ ငါတို့ရဲ့ သဘောတူစာချုပ်အတိုင်း မင်းရဲ့ ရှယ်ယာတွေကို အတင်းဝယ်ယူပြီးတော့ အိုက်ဝကနေ ခင်ဗျားကို မောင်းထုတ် ပစ်မှာ။”
ဟေတရိုနာကဂျီမက ဖုန်းယွီကို ကိုးဆယ်ဒီဂရီ ဦးညွှတ်ကာ ပြောလိုက်၏။
“မစ္စတာဖုန်း ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်။ တကယ့်တကယ့်ကို တောင်းပန်ပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ ဒီလို အမှားမျိုး ထပ်မဖြစ်စေပါဘူးလို့ ကတိပေးပါတယ်။ အိုက်ဝကို ဒီလို အခြေအနေ ဒီလို ခက်ခဲတဲ့ အခြေအနေမျိုး ထပ်ရောက်အောင် လုပ်မှာ မဟုတ်ပါဘူး။ ကုမ္ပဏီ အနေနဲ့ ဆိုနီကို ဆပ်ဖို့အတွက် သန်း သုံးထောင် လိုသေးပေမဲ့ ကျွန်တော်ရဲ့ ချေးငွေ သဘောတူ စာချုပ်ကတော့ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဆိုနီကို အတိုးတွေ နှစ်တိုင်းပေးပါတယ်။ ပြီးတော့ ငွေကြေး အပြည့်ပေးချေရမဲ့ ကာလက သုံးနှစ်အတွင်းပါ။”
ဆိုနီသည် အိုက်ဝကို ထိန်းချုပ်စဉ်က ချုပ်ဆိုခဲ့သော် ချေးငွေစာချုပ်သည် တင်းကြပ်ခြင်း မရှိပေ။ ဟေတရိုနာကဂျီမသည် ဆိုနီကို အိုက်ဝအား အတိုးနှုန်းနည်းနည်းဖြင့် ချေးရန် တောင်းဆိုခဲ့သည့်သူဖြစ်၏။
အကယ်၍ အိုက်ဝသည် ဆိုနီသည်ကို ချေးငွေပြန်မဆပ်နိုင်ပါက သူ့အနေဖြင့် အိုက်ဝ၏ နည်းပညာနှင့် အမှတ်တံဆိပ်ကို သိမ်းယူနိုင်သည်။ ဆိုနီအနေဖြင့် ယင်းက ကောင်းမွန်သည့် အပေးအယူဟု ခံစားရသည်။ အိုက်ဝတွင် ဆိုနီထက် အီလက်ထရောနစ် နည်းပညာများပိုကောင်းပေ၏။
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။
“ဒါက ကောင်းတာပဲ။ ငါ့အနေနဲ့ ဒီကုမ္ပဏီကို ရင်းနှီးမြှပ်နှံပြီး ခင်ဗျားကိုပဲ ဆက်ပြီးတော့ လည်ပတ်ခိုင်းတာက ခင်ဗျားကို ယုံကြည်တယ်ဆိုပြီး ပြနေတာပဲ။ ခင်ဗျားအနေနဲ့ ကမ္ဘာအနေနဲ့ စက်ရုံတွေ အများကြီး ဆောက်ပြီးလုပ်တဲ့ စီးပွားရေးနည်းဗျူဟာကို ဆိုနီက သဘောမတူပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားနဲ့ တသားထဲပါပဲ။ အိုက်ဝအတွက် ခင်ဗျားရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကိုလည်း သဘောတူတယ်။ ခင်ဗျားသာ ကျွန်တော်ကို စိတ်ပျက်အောင် မလုပ်နဲ့။”
“စိတ်ချပါ မစ္စတာဖုန်း ကျွန်တော်အနေနဲ့ ကုမ္ပဏီကို ကောင်းကောင်း လည်ပတ်အောင် ပြုလုပ်ပြီး ရလဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ပေးမယ်လို့ ကတိပေးပါတယ်။”
......
သုံးရက်ကြာပြီးနောက် ဘဏ်ကိုယ်စားလှယ်များ အားလုံးသည် အိုက်ဝ ရုံးသို့ တဖန် ပြန်ရောက်လာကြသည်။ သူတို့ အားလုံး၏ မျက်နှာထက်တွင် ရုတ်ကြမ်းခက်ထန်သော မျက်နှာ အမူအရာများ ရှိနေသည်။
ဘဏ်ကိုယ်စားလှယ်များ အားလုံးက ဟေတရိုနာကဂျီမကိုပင် ရွေးချယ်စရာ နှစ်ခုပင် ရှိမည်ဟု တွေးခဲ့သည်။ ပထမ တစ်ခုသည် အိုက်ဝ၏ ရှယ်ယာများကို သူတို့ထံသို့ ရောင်းချခြင်း။ ဒုတိယ တစ်ခု အနေဖြင့် အိုက်ဝ၏ ရှယ်ယာများကို ဆီနီထံ ရောင်းချခြင်းပင်ဖြစ်သည်။
သူတို့ အားလုံးက ဟေတရိုနာကဂျီမသည် ချေးငွေများကို ပေးဆောင်နိုင်စွမ်းမရှိဟု တွေးခဲ့သည်။ အကယ်၍ အိုက်ဝသည် သူတို့အကြွေးများကို ပြန်လည် ပေးဆပ်လိုပါက သူ့တို့အနေဖြင့် စက်ရုံများ၊ရှယ်ယာများနှင့် ကုမ္ပဏီ၏ နည်းပညာများကို ရောင်းချပြီးမှသာ ပေးနိုင်မည် ဖြစ်သည်။ အိုက်ဝနှင့် ဆိုနီအကြား သဘောတူ စာချုပ်အရ အိုက်ဝ၏ နည်းပညာများကို ဆိုနီထံသို့သာ ရောင်းချနိုင်ပေသည်။ ဆိုနီသည် ယခုလက်ရှိ အိုက်ဝ ရုံးခန်းတွင် ရောက်နေသည့် ဘဏ်တစ်ခု၏ အဓိက ရှယ်ယာရှင် ဖြစ်သည်။ ဘဏ်ကိုယ်စားလှယ်သည်လည်း ဝါတနာပဲအီချီယိုဖြစ်သည်။ သူသည် ဘဏ်များအာလုံးကို အတူတကွသွားကာ အိုက်ဝ၏ ပြန်ပေးဆပ်ရမည့် ငွေကြေးများကို တစ်ပါတည်း ပေးဆောင်ရန် စည်းရုံးခဲ့သည့်သူလည်း ဖြစ်သည်။
အိုက်ဝက တိုးတက်လာပြီးလား။ သူတို့အားလုံးက မသိပေ။ ဆိုနီက လှည့်ကွက်အချို့ကို သုံးကာ အိုက်ဝကို အဆုံးသတ်ချင်သည်။ ဝါတနာပဲအီချီယိုမှ လွဲပြီး ကျန်သည့်သူများသည် အိုက်ဝ၏ ရှယ်ယာများကို မလိုချင်ကြပေ။ သူတို့အားလုံးသည် အိုက်ဝအနေဖြင့် ရှယ်ယာများကို ရောင်းချပြီး အကြွေးများကိုသာ ပြန်ပေးဆပ်စေလိုသည်။
သို့သော် ယနေ့တွင် သူတို့ရည်မှန်းချက်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတော့မည် ဖြစ်သည်။
“ဥက္ကဋ္ဌဟေတရို ခင်ဗျားဆုံးဖြတ်ချက်က ဘာလဲ။”
ဝါတနာဘဲအီချီယိုသည် မျက်နှာကြော ခပ်တင်းတင်းဖြင့် မေးလိုက်သည်။ ဟေတရိုနာကဂျီမသူ့ကြောင့် မပျော်ရွှင် ဖြစ်မည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။ သူသည် အကြွေးများအားလုံးကို ပြန်ပေးဆပ်လိုက်မည်လော။ အကယ်၍ သူသည် အကြွေးများကို ပြန်မဆပ်နိုင်ပါက တခြားသော အခြေအနေများကို သဘောတူရမည် ဖြစ်သည်။ ဆိုနီ အရင်က ပိုင်ဆိုင်ခဲ့ဖူးသည့် ကုမ္ပဏီ တစ်ခုကို ဆိုနီနှင့် ပြိုင်ဖက် ဖြစ်ရန် ဘယ်လိုလုပ် စွမ်းဆောင်နိုင်မည်နည်း။
“ငါ ဆုံးဖြတ်ချက် ချပြီးပါပြီ။”
ဟေတရိုနာကဂျီမက ပြောလိုက်၏။
“ကောင်းပြီလေ။ ဥက္ကဋ္ဌဟေတရို ခင်ဗျားရဲ့ ရှယ်ယာကို ကျွန်တော်တို့ ဘဏ်ကို ရောင်းမှာလား။ ဒါမှမဟုတ် ကုမ္ပဏီ တစ်ခုခုကို ခင်ဗျားရဲ့ အာမခံသူ အဖြစ် ထားမှာလား။ ဆိုနီလိုမျိုးကုမ္ပဏီလိုမျိုးပေါ့။”
ဝါတနာဘဲအီချီယိုက မေးလိုက်၏။
“ဟုတ်ပဘူး။ မင်းတို့တွေရဲ့ချေးငွေအကုန် ငါပြန်ဆပ်မှာ။”
“ဘာ.... မင်းက ချေးငွေတွေ အကုန် ပြန်ဆပ်ချင်နေတာလား။”
ဝါတနာဘဲအီချီယိုက မတ်မတ်ထိုင်နေသည်။ သူက အမြင်မှားနေသည်ဟု တွေးမိ၏။ ဟေတရိုနာကဂျီမသည် ချေးငွေများ အားလုံးကို ပြန်ဆပ်မည်လော။
“ချေးငွေ အကုန်ပြန်ဆပ်မှာ မင်းတို့ အကုန် ဒီကို ရောက်နေပြီ ဆိုမှတော့ မင်းတို့ ဘဏ်တွေကနေပြီးတော့ ငါဘယ်လောက် ချေးယူထားလဲဆိုတာ စတွက်လို့ ရပြီ။ အတိုးကော အရင်းကော ငါ အမေရိကန် ဒေါ်လာနဲ့ပေးမှာနော်။ ဒီနေ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း ဘယ်လောက် ရှိလဲဆိုတာပဲ ကြည့်။ အချိန်မရွေး ပြောင်းတက်လို့။"
‘
ဟေတရိုနာကဂျီမသည် ဆိုဖာပေါ်တွင် ထိုင်ကာ ဝါတနာဘဲအီချိီယို၏ မှင်သက်နေသော မျက်နှာကို ကြည့်နေသည်။ သူ့စိတ်ထဲတွင်တော့ အလွန်တရာပင် သာယာနေ၏။
ဟမ့် ချေးငွေတွေ ပြန်ဆပ်ဖို့ အကြွေးရှင်တွေကို ပြန်စည်းရုံးနေတာ ဆိုနီကလို့ ငါ မသိဘူး ထင်နေတာလား။ မင်းအထင် အိုက်ဝရဲ့ ရှယ်ယာတွေကို မင်းတို့ကို ပေးမယ်လို့ တွေးနေတာလား။ မဖြစ်နိုင်တာ။ အိုက်ဝရဲ့ ရှယ်ယာတွေကို ငါ့ကို မပြောဘဲ ရောင်းလိုက်တဲ့ နေ့က စပြီး ငါ တစ်နေ့ ဆိုနီ နောင်တ ရစေမယ်လို့ ငါကျိန်ဆိုထားတယ်။
အခုလက်ရှိမှာ မင်းတို့ အကုန် နောက်တ ရနေပြီမလား။ မင်းတို့တွေ ဆက်ပြီး နောင်တ ရနေလိုက်ကြ။ မင်းတို့တွေက အိုက်ဝကနေ ပြီးတော့ အကျိုးအမြတ် လိုချင်နေတာပဲ။ အကျိုးအမြတ်တွေကို ငါ့ဆီကနေ လိုချင်တာလား။ အိပ်မက်သာ မက်နေလိုက်။
“ဥက္ကဋ္ဌဟေတယို ခင်ဗျား သေချာ စဉ်းစားပြီးပြီလား အကြွေးက သန်းငါးထောင်နော်။ ယန်းသန်းငါးထောင်။”
ဝါတနာဘဲ အီချီယိုက အော်လိုက်၏။
“ငါသိပါတယ်။ ငါ့ကုမ္ပဏီကပဲ အခုလေးတင် ငွေကြေးပမာဏ များများရထားတာ။ ယန်းသန်းငါးထောင်ထက်တောင် ပိုသေးတယ်။ ငါပြန်ပေးနိုင်တယ်။ ဒါက HSBCက ချက်လက်မှတ်။ ဒီဟာ စစ်မစစ် မင်းတို့ စစ်လို့ ရသေးတယ်နော်။”
ဝါတနာဘဲအီချီယိုသည် ဟေတရိုနာကဂျီမ၏ လက်ထဲရှိ ချက်ကို ကြည့်လိုက်သည်။ ယင်းက ချက်တစ်ခုထက် ပိုပေသည်။ ပထမ ချက်လက်မှတ်တွင် ဖော်ပြထားသည်ကား အမေရိကန် ဒေါ်လာ သန်းလေးရာ ဖြစ်သည်။
ဘယ်သူလဲ ဘယ်သူက ဟေတရိုနာကဂျီမကို ဒီလောက်များတဲ့ ပိုက်ဆံ ပေးတာလဲ။
ဘဏ်ကိုယ်စားလှယ်များ အားလုံး နောင်တရနေကြသည်။ အကယ်၍ အိုက်ဝကို တစ်စုံ တစ်ယောက်သာ ထိုမျှ ငွေကြေးပမာဏများများ ရင်းနှီးမြှပ်နှံပါက အိုက်ဝ၏ ငွေကြေးအခက်အခဲများ အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းအဓိပ္ပာယ်ကား အိုက်ဝအနေဖြင့် နားကြပ်ကပ်ဆက်ဈေးကွက်တွင် ကောင်းကောင်း လည်ပတ်နိုင်မည် ဖြစ်သည်။ ဘဏ်များသည်လည်း အတိုးနှုန်းများစွာကို ဆုံးရှုံးသွားကြသည်။ သူတို့အနေဖြင့် အတိုးများများ ပေးရသည့် ချေးငွေ ရယူသည့်သူ တစ်ယောက် ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။
.....
“မင်းဘာပြောလိုက်တာလဲ။ အိုက်ဝက ဘဏ်ကို ချေးငွေတွေ အကုန် ဆပ်ပြီးသွားပြီတဲ့လား။ မဖြစ်နိုင်တာ။ အိုက်ဝမှာ ဒီလောက်များတဲ့ ပိုက်ဆံတွေရှိလို့လား။”
နိုရီယိုအိုကသည် ဖုန်းထဲတွင် အော်နေသည်။ သူသည် အနားတွင်ရှိသည့် ပစ္စည်းများကို တွန်းချနေလေသည်။
မဖြစ်နိုင်တာ ဒါလုံးဝ မဖြစ်နိုင်ဘူး။ ယန်းသန်းငါးထောင်လေ တကယ်လို့ အိုက်ဝသာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချရင်တောင်မှ ဒီလောက် ပမာဏ များများ ရနိုင်မှာ မဟုတ်ဘူး။ အသုံးမကျတဲ့ တစ်ယောက်က အိုက်ဝကို ရင်းနှီးမြှပ်နှံတာပဲ။
အကြောင်းပြချက် မရှိဘဲ သူ့ခေါင်းထဲတွင် တရုတ်လူမျိုး တစ်ယောက် ပေါ်လာသည်။ သူ့ထဲမှ အိုက်ဝ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည့် လူငယ်လေးပင် ဖြစ်သည်။
အိုက်ဝ၏ ရှယ်ယာများကို ထိုတရုတ်လူငယ်လေး ဝယ်ယူသည့်အခါက သူသည် ပိုက်ဆံ ပမာဏ များများကို ထုတ်ယူနိုင်ခဲ့သည်။ သူသည် ဘဏ်များကို ယန်းသန်းငါးထောင် ဆပ်သည့်သူ ဖြစ်နေမည်လော။ အကယ်၍ အိုက်ဝတွင် ငွေကြေးအခက်အခဲများ မရှိတော့ပါက အိုက်ဝ၏ နည်းပညာများနှင့် ယခုလက်ရှိ အရောင်းချန်နယ်များကြောင့် ဆိုနီ၏ နားကြပ်ကပ်ဆက်သည် သေချာပေါက် ပြဿနာ ကြီးကြီးမားမားနှင့် တွေ့သွားမည်ပင်။
ဆိုနီသည် အတိတ်က အိုက်ဝကို ကူညီခဲ့ပြီး အခြားပြိုင်ဖက်များ နားကြပ်ကပ်ဆက်ဈေးကွက်ကို ဝင်ရောက်ခြင်းမှ တားဆီးရန်အတွက် မိတ်ဖက် စာချုပ် ချုပ်ဆိုထားသည်။ သူတို့ အားလုံးသည် အောင်မြင်ခဲ့ပြီး ပြိုင်ဖက်အကုန်လုံးကို ထိုဈေးကွက်မှ ထွက်သွားအောင် ပြုလုပ်နိုင်သည်။ သို့သော် ဆိုနီ လုံးဝ မမျှော်လင့်ထားသည်ကား သူ့ကို ကူညီခဲ့သည်။ အိုက်ဝသည် ဆိုနီ၏ နေရာ ဖြစ်သည့် ဈေးကွက်ခေါင်းဆောင်ဟူသော နေရာကို ခြိမ်းခြောက်လာနိုင်သည် အထိ အင်အားကြီးမားလာသည်ကိုတော့ လုံးဝ မမျှော်လင့်ခဲ့ပေ။ နိုရီယိုအိုဂသည် ယခုလက်ရှိတွင် နောင်တရနေပြီ ဖြစ်သည်။
သူ့အနေဖြင့် အိုက်ဝ၏ရှယ်ယာများကို မရောင်းခဲ့သင့်ပေ။ ယခုလက်ရှိတွင် ဆိုနီသည် အိုက်ဝနှင့် မိတ်ဖက်စာချုပ် ဖျက်သိမ်းရန်သာ ရှိတော့သည်။