ဆိုနီ တရုတ်နိုင်ငံကနေ ထွက်သွားတော့
Vol. 21 Ch. 314
ဩဂုတ်လ အစောပိုင်းတွင် ဖြစ်သည်။ ပြီးနောက် အိုက်ဝ၏ ရောင်းအားသည် အလွန်မြင့်သည့် ပမာဏသို့ ရောက်ရှိသွားခဲ့သည်။ ဈေးကွက်အတွင်း သူတို့၏ ထုတ်ကုန်အသစ် မိတ်ဆက်ခြင်းနှင့်အတူ သူတို့၏ ဈေးကွက်ဝေစုသည်လည်း များများ လာလေသည်။ ဆိုနီကို ခြိမ်းခြောက်မှုသည် ပိုထင်ရှားလာခဲ့သည်။
နိုရီယိုအိုဂသည် ဘုတ်အဖွဲ့ဝင်များကို အိုက်ဝနှင့် မိတ်ဖက်စာချုပ်မှ ရပ်တန့်ရန် အကြံပေးခဲ့သည်။ ယင်းက အိုက်ဝ ကြီးထွားလာခြင်းကို ရပ်တန့်ရာ ရောက်ပေသည်။
သူတို့၏ မိတ်ဖက်သည် ဈေးကွက် ထုတ်လုပ်ရေးနှင့် အရောင်းချန်နယ်၊ သယ်ယူပို့ဆောင်ရေး ကုန်ကြမ်းပစ္စည်းများ နည်းပညာများနှင့် ဈေးနှုန်းသတ်မှတ်ခြင်း စံချိန်စံညွှန်းများတွင် အတူတကွ သတ်မှတ်ထားခြင်းပင် ဖြစ်သည်။
ဆိုနီသည် ထိုမိတ်ဖက် သဘောတူညီမှုမှ အကျိုးအမြတ် ရခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အိုက်ဝကိုပါ တပါတည်း ခေါ်ခဲ့သည်။ သို့သော် ယခုနှစ်တွင် အိုက်ဝသည် ဆိုနီနှင့် တသားတည်း ဖြစ်နေသည်။ နောက်နှစ်တွင်မည်သို့ ဖြစ်မည်နည်း။ အိုက်ဝသည် ဆိုနီကို ကျော်နိုင်မည်လော။
သူတို့၏ သဘောတူညီမှု စာချုပ်သည် ရပ်တန့်သွားသော်ငြား ဆိုနီသည်လည်း အရှုံးများ တွေ့ကြုံရမည် ဖြစ်ကာ သူတို့၏ ပြိုင်ဖက်များ ဖြစ်သည့် Panasonic ကြီးထွားလာမှုကို လွှတ်ပေးရမည်ပင်။ သို့သော် ထိုအချက်များက အရေးမပါပေ။ ဖြစ်လာမည်လည်း မဟုတ်ပေ။ ယခုလက်ရှိတွင် အရေးကြီးဆုံးအရာကား လျင်မြန်စွာ တိုးတက်နေသည့် အိုက်ဝကို ထိန်းချုပ်ရန် ဖြစ်ကာ အိုက်ဝသည် သူတို့အတွက် ခြိမ်းခြောက်မှု တစ်ခု အဖြစ် ရှိနေပေသည်။
ဘုတ်အဖွဲ့ဝင်များက နိုရီယိုအိုက၏ အကြံပေးချက်ကို ဆွေးနွေးကြသည်။ ပြီးနောက်အဆုံးတွင် အိုက်ဝကို ပထမဆုံး စစ်ဆေးရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။ အကယ်၍ အိုက်ဝသည် သူတို့ကို လိုချင်သည့်အရာကို မပေးပါက သဘောတူညီမှုကို ရပ်တန့်မည် ဖြစ်ကာ အိုက်ဝကို ပစ်မှတ်ထားမည် ဖြစ်သည်။
နားကြပ်ကပ်ဆက်သည် ဆိုနီ၏ ဝင်ငွေများမှ ပမာဏများစွာ ဝင်ငွေ ဖြစ်သော်ငြား ဆိုနီတွင်လည်း အခြား စီးပွားရေးများကိုလည်း လုပ်ကိုင်နေသည်။ သူတို့သည် စီးပွားရေး တစ်ခုကို လက်လွှတ်ရလျှင်တောင် ဆုံးရှုံးမှုကို ကုစားနိုင်သည်။ သို့သော် အိုက်ဝက ကွဲပြားပေသည်။ အိုက်ဝတွင် နားကြပ်ကပ်ဆက် တစ်ခုနှင့် ဆက်စပ်ပစ္စည်းများသာ ရှိသည်။ ထို လုပ်ငန်းမှ ထွက်သွားရပါက အိုက်ဝသည့် အကြွေးနွံသည့် ကုမ္ပဏီအဖြစ် နှစ်ပေါင်းများစွာ ရှိမည် ဖြစ်သည်။
......
“ဘာပြောလိုက်တာလဲ။ ဆိုနီက မိတ်ဖက် သဘောတူညီမှုကို ရပ်တန့်ချင်တာလား။”
ဖုန်းယွီသည် ဟေတယိုနာကဂျီမထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့သည်။ ဖုန်းယွီသည် ဆိုနီအနေဖြင့် ယခုကဲ့သို့ အရှက်မဲ့လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
သို့သော် ဆိုနီသည် ထိုအချိန်က အိုက်ဝနှင့် မိတ်ဖက်စာချုပ် ချုပ်ဆိုရန် ပထမဆုံး စတင်ခဲ့သူ ဖြစ်ကာ ထိုအချိန်တွင် အိုက်ဝကို ဆိုနီက ပိုင်သေးသည်။ ထိုအခြေအနေများက ဆိုနီကို အကျိုးအမြတ်များရစေသည်။ ပြီးနောက် ဆိုနီအနေဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းသည့်အတွက် လျောကြေးပေးဆောင်ရန်လည်း မလိုချေ။
သို့သော် ယင်းက အိုက်ဝအပေါ် များစွာ သက်ရောက်မှု ရှိပေ၏။ အိုက်ဝသည် အစမှ စရန် မလိုအပ်သော်ငြား သူတို့၏ အရောင်းချန်နယ်များသည် သက်ရောက်မှု ရှိပေမည်။ သူတို့၏ ထုတ်လုပ်ရေးစရိတ် မြင့်တက်လာမည် ဖြစ်ကာ သူတို့၏ အကျိုးအမြတ်သည်လည်း လျော့နည်းသွားမည် ဖြစ်သည်။
ဟေတယိုနာကဂျီမ၏ အသံက အားမရှိသလို ဖြစ်နေသည်။ သူ့အနေဖြင့် ဆိုနီသည် ထိုသို့ လုပ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ယင်းက နှစ်ဖက်ချွန်ဓားကဲ့သို့ပင် ဆိုနီသည် အိုက်ဝ၏ တိုးတက်မှုကို ဟန့်တားရန်အတွက် အရှုံးခံနိုင်သည်။
“ဆိုနီက မိတ်ဖက်စာချုပ်ကို ရပ်တန့်လိုက်တာ။ အဲတာဆို ငါတို့တွေက ဆိုနီရဲ့ အရောင်းချန်နယ်တွေကို အသုံးပြုနိုင်သေးလား။”
“ကျွန်တော်တို့တွေ အနေနဲ့ အရောင်းချန်နယ်တွေကို သုံးလို့တော့ ရသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေး၊ အရောင်းပိုင်း၊ ထုတ်လုပ်ရေး၊ သိုလှောင်ရေး၊ နည်းပညာ၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တို့မှာ အများကြီး ကုန်ကျတော့မှာ။ အထူးသဖြင့် ထုတ်ကုန်အသစ်တွေမှာပေါ့။ အကျိုးအမြတ်က တော်တော်လေးကို နည်းသွားလိမ့်မယ်။”
“အဲတာဆို ငါတို့ရဲ့ ကိုယ်ပိုင်ချန်နယ်တွေ ရှိနိုင်မလား။ အဲတာက ဆိုနီအပေါ် သက်ရောက်မှု ရှိနိုင်မလား။”
“ဟုတ်ကဲ့ ကျွန်တော်တို့မှာ ရှိပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ စက်ရုံတွေက တစ်ကမ္ဘာလုံးမှာ ရှိတယ်။ ဆိုနီကို အနိုင်ပိုင်းနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတ်ကမှု အစီအစဉ်က ဆိုနီထက် ကောင်းတယ်။ ပြီးတော့ အာရှဈေးကွက်မှာ ဟောင်ကောင် အိုက်ဝရဲ့ အကူအညီနဲ့ ကျွန်တော်တို့တွေက ဈေးကွက်ရဲ့ ၅၀ရာခိုင်နှုန်းအထိ ရနိုင်တယ်။ဒါက ဆိုနီရဲ့ အရင်က ဈေးကွက်တွေပဲ။”
ဖုန်းယွီသည် စိတ်ထဲတွင် တွက်ချက်လိုက်သည်။ ဆိုနီသည် မိတ်ဖက်စာချုပ် ဖျက်သိမ်းမှုအတွက် ပမာဏ တော်တော်များများ ပေးဆပ်ရမည် ဖြစ်သည်။ ယင်းက အိုက်ဝ၏ တိုးတက်မှုက ဆိုနီကို မျာစွာ ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။
သို့သော် အရင်ဘဝတွင် ဖုန်းယွီသည် ထိုကဲ့သို့ ဖြစ်ခဲ့သည်ကိုလည်း မြင်ခဲ့ဖူးသည်။ များစွာသော ကုမ္ပဏီအုပ်စုများသည် မိတ်ဖက်စာချုပ် ချုပ်ဆိုက အကျိုးအမြတ်များကို မျှဝေယူကြသည်။ သို့သော် တစ်ဖွဲ့က မိတ်ဖက်အဖွဲ့ထဲက အများစုထဲမှ ခွဲဝေယူရသည်ထက် ပိုကောင်းသည့် အခြေအနေ တစ်ခုကို လိုချင်သည့်အခါ ထိုသဘောတူညီချက်သည် ပျက်သွား၏။
အဆုံးတွင် အကျိုးအမြတ်များကြောင့်သာ ဖြစ်သည်။ စီးပွားရေးတွင် ရန်သူမိတ်ဆွေဟူ၍ မရှိ အကျိုးအမြတ်သာ ရှိသည်။
ဆိုနီသည် ပထမဆုံး အရှက်မရှိသည်ကို စလုပ်ကတည်းက မည်သူက ပိုဆုံးရှုံးမည်ကို ကြည့်ရမည်ပင်။ မည်သို့ပင် ဖြစ်စေ။ အိုက်ဝသည် တိုးတက်မည် ဖြစ်ကာ အနှေးနှင့်အမြန် ဆိုနီနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ အိုက်ဝသည် အနာဂတ်တွင် အီလက်ထရောနစ် လုပ်ငန်းတွင် မရပ်တန့်နိုင်သည်အထိ အင်အားကြီးထွားမည်ဟု ခန့်မှန်းမိသည်။ နားကြပ်ကပ်ဆက်ဈေးကွက်တွင် ဆိုနီကို အိုက်ဝက မည်သို့ အနိုင်ယူခွင့် ပေးမည်နည်း။
မင်းတို့က မိတ်ဖက်စာချုပ်ကို ဖျက်သိမ်းတာလား။ အဲ့တာဆိုရင် ဘယ်သူက အိုက်ဝထက် ရှုံးမယ်ဆိုတာ မင်းတို့ အကုန်လုံးကို သိစေရမယ်။
နောက်နှစ်တွင် ဆိုနီသည် နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ Nintendo(နစ်တန်ဒို) နှင့် ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်သည့် ကျရှုံးမည် ဖြစ်သည်။ အကျိုးမြတ်အနေဖြင့် ဆိုနီသည် ဗီဒီယိုဂိမ်းဈေးကွက်တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်မည် ဖြစ်သည်။ နင်တန်ဒိုသာ အကျိုးအမြတ် အကုန်လုံးကို ရယူသွားမည် ဖြစ်သည်။
သေချာသည်မှာ နောက်နှစ်ကြာမှ ဆိုနီသည် သူ့၏ ကိုယ်ပိုင် အဆင့်မြင့် ဗီဒီယို ဂိမ်းစက်ကို တည်ထွင်နိုင်မည် ဖြစ်သည်။ ပလေးစတေရှင်။ သို့သော် ယခုနှစ်နှစ်အတွင်း ဆိုနီအနေဖြင့် မည်မျှ ဆုံးရှုံးမည်နည်း။ အကယ်၍ ယခုအချိန်တွင် အိုက်ဝသည် နင်တန်ဒိုနား ချည်းကပ်ပြီး အလုပ် အတူလုပ်ပါက မည်သို့ ဖြစ်မည်နည်း။
အိုက်ဝတွင် မည့်သို့ အရာရှိသနည်း။ နည်းပညာနှင့် ဈေးကွက်ပင် ဖြစ်သည်။ ဗီဒီယိုဂိမ်းတွင် သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် လုပ်လျှင်တောင် အိုက်ဝအနေဖြင့် အကောင်းဆုံး ဖြစ်မည် မဟုတ်ပေ။ သို့သော် အိုက်ဝတွင် တရုတ်ဈေးကွက်ရှိသည်။ တစ်နှစ်အတွင်း အိုက်ဝသည် တရုတ်နိုင်ငံ၏ ဈေးကွက် ခေါင်းဆောင် ဖြစ်လာမည်ဟု ဖုန်းယွီ ယုံကြည်ပေသည်။
နင်တန်ဒိုသည် တစ်ကမ္ဘာလုံးတွင် နာမည် ကျော်ကြားသည်။ သို့သော် တရုတ်နိုင်ငံတွင် သူတို့၏ အောင်မြင်မှုကား နှေးကွေးလွန်းသည်။ သူ့တို့ ထုတ်ကုန်များ မကောင်း၍ မဟုတ်ချေ။ မူပိုင်ခွင့် ခိုးယူခြင်းနှင့် ပစ္စည်းအတုများကြောင့် ဖြစ်သည်။
နင်တန်ဒိုဂိမ်းစက်များသည် အကျိုးအမြတ်များစွာ ရပေ၏။ သို့သော် အကျိုးအမြတ်အများဆုံးမှာ ဂိမ်းခွေများမှ ဖြစ်သည်။ တရုတ်နိုင်ငံတွင် “နတ်ဆိုးလေး” ဂိမ်းစက်သည် နောက်နှစ်တွင် စတင် မိတ်ဆက်မည် ဖြစ်သည်။ ယင်းက နင်တန်ဒိုဂိမ်းစက်ထက် ပိုပြီး ဈေးပေါကာ နင်တန်ဒိုဂိမ်းစက်နှင့်လည်း ယှဉ်နိုင်စွမ်း ရှိသည်။ နင်တန်ဒိုသည် ထိုထုတ်ကုန်ကြောင့် တရုတ်ဈေးကွက်ထဲ ကောင်းကောင်း မဝင်နိုင်ခြင်း ဖြစ်သည်။ နတ်ဆိုးလေးဂိမ်းစက်နှင့် ခိုးကူးဂိမ်းခွေများသည် ပိုဈေးပေါသည်။ ပြီးနောက် တရုတ်နိုင်ငံ အပြင်ဖက်တွင် ဂိမ်းခွေများစွာ ရှိ၏။
သို့သော် နတ်ဆိုးလေး စတင်မိတ်ဆက်သည့် အချိန်က ယခုကဲ့သို့ အနာဂတ်နှစ်များက ကဲ့သို့ အောင်မြင် ကျော်ကြားခြင်း မရှိပေ။ နတ်ဆိုးလေး ဂိမ်းစက် အောင်မြင်ကျော်ကြားလာရသည့် အကြောင်းအရင်းသည် ဈေးနှုန်းချိုသာမှုနှင့် သူတို့၏ စီစီတီဗွီရှီ ကြော်ငြာကြောင့် ဖြစ်သည်။ နောက်နှစ်နှစ်တွင် ဂျက်ဂီချန်းသည် ထိုထုတ်ကုန်၏ ကြော်ငြာသူ ဖြစ်လာသည်။ ပြီးနောက် ထိုအချိန်တွင် တရုတ်နိုင်ငံ၏ နံပါတ်တစ် ဂိမ်းစက် ဖြစ်သွားခဲ့သည်။
သို့သော် ယခုဘဝတွင် ဖုန်းယွီသည် သူတို့ကို အခွင့်အရေး ပေးတော့မည် မဟုတ်ချေ။ တရုတ်နိုင်ငံ၏ နံပါတ်တစ် အီလက်ထရောနစ် ကုမ္ပဏီသည် အိုက်ဝ ဖြစ်ရပေမည်။
ဖုန်းယွီသည် ဟေတယိုနာကဂျီမကို နင်တန်ဒိုဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်ပြီး တရုတ်ဈေးကွက်တွင် အတူတကွ မြှပ်နှံရန် ပြောခဲ့သည်။ နင်တန်ဒိုသည် ယခုလက်ရှိတွင် သဘောတူမည် မဟုတ်ပေ။ သို့သော် အိုက်ဝသည် တရုတ်နံပါတ်တစ် အီလက်ထရောနစ် အမှတ်တံဆိပ် ဖြစ်ပါကပ သူတို့အတွေး သေချာပေါက် ပြောင်းလဲသွားမည် ဖြစ်သည်။
.......
“ဘာ အဆင့်မြင့် အရာရှိက တရုတ်နိုင်ငံကို စော်ကားတဲ့ သတင်းကို ကြားပြီးပြီလား။ ချီး သူတို့ရဲ့ အတွေးက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကလို မှတ်နေတာလာ။ တကယ်လို့ လွန်ခဲ့တဲ့ နှစ်များ၊ ဂျပန်ကို ဝင်ရောက် သိမ်းပိုက်တဲ့ အချိန်က သူတို့တွေကို ငါတို့က မောင်းထုတ်ခဲ့တာ အခုလက်ရှိအချိန်ထိ သူတို့က မာနထောင်လွှားရဲသေးတာလား။”
“အဲ့လိုလား။၊ ဒီဂျပန်တွေ အရမ်းလွန်လွန်အား ကြီးသွားပြီ။ ငါတို့တွေ ဆန္ဒပြကြမလား။”
“ဘာလို့ ဆန္ဒပြမှာလဲ။ ငါကြားတာတော့ ဆိုနီက တရုတ်ဈေးကွက်ထဲ ဝင်ချင်နေတယ်လို့ ကြားတယ်။ သူတို့တွေက ငါတို့ရဲ့ အီလက်ထရောနစ် လုပ်ငန်းတိုးတက်မှုကို ရပ်တန့်အောင် လုပ်ချင်ကြတာ။ ငါတို့တွေက ဆိုနီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်သင့်တယ်။ပြီးတော့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဆိုင်မှာ မတင်အောင် လုပ်ရမယ်။”
“ဟုတ်တယ်။ ငါတို့တွေ အဲလို လုပ်ရမယ်။ ငါတို့တွေ ဆိုနီရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ပြီး တရုတ်နိုင်ငံက ထွက်သွားအောင် လုပ်ရမယ်။”
လမ်းမထက်တွင် ဖုန်းယွီက လူငယ်လေး နှစ်ယောက် ပြောနေသည်ကို ကြားခဲ့သည်။ ဖုန်းယွီက ပြုံးမိသည်။ ယနေ့ခေတ် လူငယ်များသည် နိုင်ငံခြားသားများကို မနှစ်ခြိုက်ကြပေ။ ဖုန်းယွီသည် သူ့အရောင်းကိုယ်စားလှယ်များကို သူတို့ ဒေသရှိ ကျောင်းများတွင် ကောလဟာလများးကို ပြန့်စေခဲ့သည်။ သူ့အနေဖြင့် ကောလဟာလ လျင်လျင်မြန်မြန်ဖြင့် ပြန်လိမ့်မည်ဟု မတွေးမိချေ။
ဆိုနီ၏ ပစ်မှတ်သည် လူငယ်များ ဖြစ်သည်။ လူငယ်များက သူတို့ကို သပိတ်မှောက်သည် ဆိုပါက သူတို့အနေဖြင့် တရုတ်နိုင်ငံတွင် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။