← Chapters

အိမ်ကွင်းတွင် ဆိုနီကို အနိုင်ပိုင်းခြင်း

Vol. 21 Ch. 315

အိမ်ကွင်းတွင် ဆိုနီကို အနိုင်ပိုင်းခြင်း

Vol. 21 Ch. 315

ဘန်း

နိုရီယို အိုဂသည် သူ့လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ကို ကောက်ပေါက်လိုက်သည်။ ခွက် အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားသည်။

“မင်း ငါ့ကို ဘာတွေ လာပြောနေတာလဲ။ ငါတို့ရဲ့ တရုတ်အရောင်းကိုယ်စားလှယ်တွေ အကုန်လုံးက ပစ္စည်းတွေကို ပြန်အပ်ချင်ကြတာလား။ ဒါက မင်း တရုတ်ဈေးကွက်ကို စီမံခန့်ခွဲတဲ့ စနစ်လား။ လတိုင်း ရောင်းအား အနည်းငယ် ကျတယ်ဆိုရင်လည်း ဟုတ်သေးတယ်။ ဒါပေမဲ့ မင်းက ငါ့ကို တရုတ်ဈေးကွက်ရဲ့ ရောင်းအားက သုညအထိ ဖြစ်တော့မယ်လို့ ပြောနေတာလား။”

တရုတ်ဈေးကွက်၏ တာဝန်ရှိသူသည် ခေါင်းငုံထားကာ တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ သူသည် တရုတ်နိုင်ငံ၏ ဈေးကွက်တွင် အောင်မြင်မှုများ ရရန်အတွက် ခန့်အပ်ထားသည့်သူဖ ြစ်ကာ အကြောင်းများစွာကြောင့် သူ့အနေဖြင့် မအောင်မြင်နိုင် ဖြစ်ျေနသည်။ သို့သော် ယင်းက ခရီးရှည် ဖြစ်သည်။ သူ့အနေဖြင့် ဆိုနီအတွက် အကျိုးအမြတ်များစွာ ရအောင် ကူညီပေးနိုင်ပေ၏။

သူသည် ဆိုနီ၏ သူရဲကောင်းဖြစ်လာမည်ဟု တွေးခဲ့ကာ အဆင့်မြင့် စီမံခန့်ခွဲရေးရာထူးတွင် ရာထူးတိုး ခံရမည်ဟုလည်း တွေးခဲ့သည်။ သို့သော် သူ့အနေဖြင့် တရုတ်နိုင်ငံတွင် ပြိုင်ဆိုင်ရာတွင် ရှုံးနိမ့်မှုများ ဖြစ်ပေါ်လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။

ဩဂုတ်လတွင် တရုတ်ဈေးကွက်က သူ့အတွက် အိပ်မက်ဆိုးကြီး ဖြစ်လာခဲ့သည်။

ဆိုနီသည် ဩဂုတ်လတွင် ရောင်းအားကျဆင်းလာရုံသာမက အရှုံးများနှင့်လည်း ရင်ဆိုင်လာရသည်။ ထို့ပြင် သူတို့ အရောင်းကိုယ်စားလှယ် အားလုံးကလည်း သူ့တို့အနေဖြင့် ဆိုနီထံမှ စက်တင်ဘာလမှ စတင်ကာ ထုတ်ကုန်များကို မှာယူတော့မည် မဟုတ်ကြောင်း ပြေခဲ့သည်။ သူ့တို့အနေဖြင့် ဆိုနီ၏ ထုတ်ကုန်များကို ဆိုနီဆီကို ပြန်သွင်းချင်နေသည်။ ယင်းက ဆိုနီနှင့် ချုပ်ဆိုသည့် စာချုပ်တွင် ပါဝင်သည့်အရာလည်း ဖြစ်သည်။

အတိတ်က တာဝန်ခံသည် စာချုပ်ထဲတွင် ပြန်သွင်းသည့် ထုတ်ကုန်များအတွက် သတ်မှတ်ချက်များကို ပါဝင်ခဲ့သော်လည်း အရောင်းကိုယ်စားလှယ်မည်သူမျှ မရောင်းချင်သည့်သူ မရှိပေ။ သို့သော် ထိုအချိန်က ဆိုနီ၏ တရုတ်ဈေးကွက်တွင် ပြိုင်ဘက်မရှိသေးပေ။ သူ့အနေဖြင့် အရောင်းကိုယ်စားလှယ်များကို အကျိုးအမြတ်များသာ မြင်စေခဲ့ပြီး သူနှင့်သာ အလုပ်ဆက်လုပ်စေလိုသည်။

ထိုအချိန်တွင် ကိစ္စတိုင်းက အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။ သို့သော် ရုတ်တရက် ဆိုနီ၏ အဆင့်မြင့်အရာရှိ တစ်ယောက် တရုတ်နိုင်ငံကို စော်ကားသည်ဆိုသော အမုန်းတရားကောလဟာလ ပေါ်လာခဲ့သည်။ ယင်းက တရုတ်လူမျိုးများအနေဖြင့် သူတို့ ထုတ်ကုန်များကို သပိတ်မှောက်ခြင်းများ ဖြစ်လာစေသည်။ အခြားသော ဂျပန်ထုတ်ကုန်များအပေါ်တွင်လည်း သက်ရောက်မှု ဖြစ်စေခဲ့သည်။

သူတို့အနေဖြင့် ထိုအရာများ အားလုံးကိုဘာမျှ မလုပ်နိုင်ပေ။ သူ့သည် တရုတ်နိုင်ငံကို စော်ကားသည့်သူလည်း မဟုတ်ပေ။ သို့သော် သူ့အနေဖြင့် ထိုကောလဟာလများ ပျံ့နှံမှုကို ထိန်းချုပ်ရန်လည်း မတက်နိုင်ခဲ့ပေ။ ပြီးနောက် သူ့အနေဖြင့် ထိုကောလဟာလ ပေါက်ကွဲထွက်လာသည်ကိုသာ ခွင့်ပြုလိုက်ရတော့သည်။

ကောလဟာလတစ်ခုသည် ပျံ့နှံရန် အလွန်မြန်ဆန်ပေ။ ထိုအရာနောက်ကွယ်တွင် တစ်ယောက်ယောက် ရှိရမည်ပင်။ ယင်းသူသည် သေချာပေါက် လွမ်းမိုးနိုင်စွမ်းရှိသည့်သူ ဖြစ်ရပေမည်။

ဟုတ်သား ငါ့အနေနဲ့ အိုက်ဝကိုပဲ ကိစ္စအကုန်လုံးကို အပြစ်ဖို့လိုက်တော့မယ်။

“ဥက္ကဋ္ဌနိုရီယို ဘယ်လို ဖြစ်ခဲ့လဲဆိုတာ ကျွန်တော် စုံစမ်းထားပါတယ်။ ဒီ အဖြစ်အပျက်နောက်ကွယ်မှာ တစ်စုံ တစ်ယောက် ရှိရမယ်။ ဒီ ကောလဟာလတွေရဲ့ နောက်ကွယ်မှာ ရှိတဲ့သူက အိုက်ဝပဲ ဖြစ်လိမ့်မယ်။”

“မင်းသေချာရဲ့လား။”

“သေချာပါတယ်။”

တာဝန်ခံသည် ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင် အိုက်ဝ ရှိမရှိကို မသေချာပေ။ သူ့အနေဖြင့် တစ်ယောက်ယောက်ကိုသာ အပြစ်ဖို့ချင်စိတ်ရှိသည်။ မမျှော်လင့်ပဲ အပြစ်ဖို့လိုက်သည့်သူက လက်သည် အစစ် ဖြစ်နေသည်။

“မင်းဒီမှာနေပြီး ဖြေရှင်းဖို့ အဖြေကို စဉ်းစားချေ။ ငါ့က ဥက္ကဋ္ဌကို ဒီကိစ္စ အစီရင်ခံစာ တင်လိုက်ဦးမယ်။ ငါတို့တွေ နောက်ကျမှ ထပ်ပြောကြမယ်။”

ယင်းမတော်တဆမှုက ဆိုနီအတွက် ဒေါကန်စရာပင် ဖြစ်သည်။ ထို့အတွက် ဆိုနီ၏ အဆင့်မြင့် စီမံခန့်ခွဲရေး စာများသည် ဂျပန်သတင်းစာများတွင် တင်ပြကြသည်။ သို့သော် ယင်းက အခြေအနေ တစ်ရပ်မှ ကောက်နှုတ်ထားခြင်း ဖြစ်သည်။ ထိုသူအနေဖြင့် တရုတ်နိုင်ငံကို စော်ကားစေလိုစိတ် မရှိပေ။ သို့သော် မည်သူမျှ သူ့ရှင်းပြချက်ကို နားမထောင်လိုပေ။

ယင်းမတော်တဆမှုသည် အလွန်မြန်ဆန်လွန်းသည်။ ဆိုနီ၏ ထုတ်ကုန်များကို တရုတ်လူမျိုးများက သပိတ်မှောက်ကျသည်မက အခြားသော ဂျပန် ထုတ်ကုန်များကိုလည်း သပိတ်မှောက်ကျသည်။

ဆိုနီအတွက် စိတ်အတိုရဆုံး အပိုင်းသည် နိုင်ငံခြားရေးရုံးမှ လူများက ခေါ်ပြီး ဂျပန်နိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေသည့်အတွက် အပြစ်တင်ခြင်း ဖြစ်သည်။

ထိုအချိန်က ဂျပန်သည် တရုတ်နိုင်ငံနှင့် သံတမန်ရေး ကြိုးစား တည်ဆောက်နေသည်။ ချောချောမွေ့မွေ့ဖြင့် ရှိမနေသော်လည်း နိုင်ငံနှစ်ခုကြား အဆက်အသွယ်က အများကြီး တိုးတက်လာခဲ့သည်။ ဆိုနီလုပ်ခဲ့သည့် မတော်တဆမှုက ဂျပန်ထုတ်ကုန်များကို သပိတ်မှောက်သည်အထိ ဖြစ်စေခဲ့သည်။ ယင်းက ဂျပန်စီးပွားရေးကို များစွာသော ထိခိုက်မှုမျိုး ရှိခဲ့သည်။

ဂျပန်သည် တရုတ်ဈေးကွက်ထဲကို လွန်ခဲ့သည့် နှစ်များစွာကတည်းက ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ တရုတ်ဈေးကွက်သည် စီးပွားရေး ကုစားရန်အတွက် အလွန်ပင် အရေးကြီးပေသည်။ ဂျပန်၏ ကြိုးစားအားထုတ်မှုအကုန်လုံး ဆိုနီကြောင့် မြောင်းထဲ ရောက်ခဲ့သည်။

ဆိုနီ ဥက္ကဋ္ဌက နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို ဆိုနီအနေဖြင့် တရုတ်နိုင်ငံကို မစော်ကားခဲ့ကြောင်း ရှင်းပြခဲ့သည်။ အဆင့်မြင့် အရာရှိများ အားလုံးက တရုတ်နိုင်ငံ၏ လျှပ်စစ်လုပ်ငန်းသည် ဆိုနီထက် ၁၀နှစ်ကျော် နောက်ကျကြောင်း ပြောခဲ့သည်။ ယင်းက အမှန်တရားပင် ဖြစ်သည်။ တရုတ်က ဆိုနီကို ဘယ်တော့မှ အမှီလိုက်နိုင်မှာ မဟုတ်ဘူး ဆိုသည့် စကားသည် ဘယ်နေရာတွင် မှားနေသတည်း။ ယင်းက ဆိုနီ၏ ယုံကြည်မှုပင် ဖြစ်သည်။

ဆိုနီသည် သူ့ကိုယ်သူ ယုံကြည်ချက် ရှိခြင်းက ကောင်းသည့်ကိစ္စပင် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် မာန မထောင်လွှားသင့်ပေ။ ဆိုနီသည် သူ့၏ အဆင့်မြင့် အရာရှိ၏ ထုတ်ပြန်ချက်အတွက် တန်ကြေးကို ပေးစပ်ရတော့မည် ဖြစ်သည်။

အဆုံးတွင် ဆိုနီက ထိုအဆင့်မြင့် အရာရှိကို ရာထူးမှ ဖြုတ်ချလိုက်ပြီး အခြေအနေကို တည်ငြိမ်အောင် ကြိုးပမ်းသည်။ မည်သို့ပင် ဖြစ်စေ ဆိုနီအနေဖြင့် တရုတ်ဈေးကွက်ကို အလျှော့ပေးမည် မဟုတ်ပေ။ သူတို့၏ နောက်ထပ် ပစ်မှတ်ကား တရုတ်ဈေးကွက် ဖြစ်သည်။

သို့သော် တရုတ်လူမျိုးတို့၏ ဒေါသကို တွက်ဆပြီး ဖြစ်သည်။ ဆိုနီသည် ထိုဝန်ထမ်းကို အလုပ်ထုတ်ပြီး သတင်းစာများတွင် တောင်းပန်ခိုင်းသည့်တိုင် တရုတ်လူမျိုးများက ကျေနပ်ခြင်း မရျီပေ။

တရုတ်နိုင်ငံရှိ သပိတ်မှောက်ခံ အခြား ဂျပန်ထုတ်ကုန်များသည် ယခုလက်ရှိတွင် မပြင်းထန်ပေ။ အကြောင်းမှာ အခြားဂျပန်ထုတ်ကုန်များသည် ဈေးလျော့ခြင်းနှင့် ပရိုမိုးရှင်းများ ပေးကြကာ အခြေအနေများကို ထိန်းထားနိုင်လာခဲ့သည်။ ဆိုနီသည်လည်း ထိုနည်း၎င်း ပြုလုပ်ခဲ့သည်။ သို့သော် သူတို့သည် ဘာမျှ မရောင်းရပေ။ ဒေါသထွက်နေသည့် လူငယ်တစ်စုက ဆိုနီထုတ်ကုန်များ သုံးနေသည့် လူများကိုတောင် စိတ်ဆိုးနေသည်။ သူတို့သည် ဆိုနီ ထုတ်ကုန်များ မည်သည့်အချိန်က ဝယ်ခဲ့သည်ဆိုသည်ကို စိတ်ထဲမထားပေ။

ဖုန်းယွီသည် လူစိတ်ကို လှုံ့ဆွကာ ဆိုနီကိုသာ သပိတ်မှောက်စေလိုခဲ့သည်။ သို့သော် သူလုံးဝ မမျှော်လင့်ထားသည်ကား ထိုကိစ္စသည် ပေါက်ထွက်သွားပြီး ဂျပန်ထုတ်ကုန်များအားလုံးအပေါ် သက်ရောက်မှု ရှိစေခဲ့သည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ယင်းဖြစ်ရပ်သည် နိုင်ငံခြားရေးဌာနထိပါ ရောက်သွားခဲ့သည်။ သို့သော် ယင်းက ဂျပန်၏ အမှားသာ ဖြစ်သည်ပြီးနောက် တရုတ်နိုင်ငံသားများကို ပြန်လည် တွေးတောပေးကြရန်ပါ တောင်းဆိုခဲ့သည်။ တရုတ်အစိုးရက ဂျပန်ထုတ်ကုန်များ သပိတ်မှောက်ခဲ့ခြင်းအပေါ် ဟန့်တားခဲ့ခြင်းမရှိခဲ့ပေ။

ဂျပန်သည် ဘာမှ မတက်နိုင်ဘဲ တရုတ်ကို အကျိုးအမြတ် အချို့ ပေးခဲရသည်။ ထိုကောလဟာလ ဘယ်သူက စသည်ဆိုသည်ကို မည်သူမျှ ဂရုမစိုက်တော့ပေ။

ဖုန်းယွီသည် အင်တာနက် မရှိသည့်အတွက် ကောလဟာလများကို အရောင်းကိုယ်စားလှယ်များမှ တဆင့်သာ ပျံ့နှံ့စေခဲ့သ်ည။ သက်ရောက်မှုက အရမ်းများလိမ့်မည် မဟုတ်ဟုတွေးခဲ့သည်။ သေချာသည်မှာ ယင်းမတော်တဆမှုက ပြင်းထန်သွားခဲ့ကာ တရုတ်စစ်သားအိုများ ဂျပန်နှင့် သက်ရှိထင်ရှားတိုက်ခိုက်နေသည့် အတိုင်းပင် ဖြစ်ခဲ့သည်။

ထိုအရောင်းကိုယ်စားလှယ်များသည်လည်း တော်ကြ၏။ သူတို့သည် ဘန်နာထောင်ပြီး “အိုက်ဝ နားကြပ်ကပ်ဆက် တရုတ်နိုင်ငံသားပိုင် ထုတ်ကုန်”ဟု ရေးသားထားကြသည်။ ယင်းဘန်နာထဲတွင် ဂျပန်ဆန့်ကျင်ရေး သဘောထားမျိုးပါဝင်ကာ အိုက်ဝ နားကြပ်ကပ်ဆက်၏ ရောင်းအားကို သိသိသာသာ တိုးတက်စေခဲ့သ်ည။ ယင်းက အိုက်ဝအနေဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် အချိန်တွက် အရေးပါသည့် အခိုက်အတန့် ဖြစ်ခဲ့သည်။

ယင်းက ဂျပန် လျှပ်စစ်လုပ်ငန်းအပေါ် တရုတ်နည်းတရုတ်သဘောအရ ဆန့်ကျင့် တုန့်ပြန်ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းတွင် အချို့သော တရုတ်လူမျိုး စီးပွားရေးသမားများက “တရုတ်နိုင်ငံတွင် ထုတ်လုပ်သည်”ဆိုသော ကမ်ပိန်းပါ စတင်လာခဲ့သည်။ သူတို့သည် မျိုးချစ်စိတ်ကို အသုံးချကာ သူတို့ အမှတ်တံဆိပ်ကို လူသိများအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

ထိုလုပ်ငန်းများတွင် ပစ္စည်းအတုအပများစွာ ပါခဲ့သည်။ ယင်းအခွင့်အရေးကို အသုံးချကာ ငွေများ ရှာချင်ကြသည်။ သူတို့ ဖမ်းမိပါက ထောင်ကျမည် ဖြစ်သည်။ သို့သော် မဖမ်းမိသည့် လူများအဖို့ ငွေပမာဏများစွာရရှိမည် ဖြစ်သည်။

အချို့ ဉာဏ်ကောင်းသည့်သူများက ဆိုနီထုတ်ကုန်များကို တန်ကြေးနည်းနည်းဖြင့် ဝယ်ယူခဲ့ကာ စတစ်ကာဖြင့် အမှတ်တံဆိပ်ကို ဖုံးကာ နားကြပ်ကပ်ဆက် ပြန်လည် ရောင်းချကြသည်။

ဆိုနီအနေဖြင့် ကံကြမ္မာကိုသာ လက်ခံရတော့သည်။ သူ့တို့အနေဖြင့်လည်း ဘာမျှ မလုပ်နိုင်တော့ပေ။ အကယ်၍ သူတို့ ထုတ်ကုန်များကို တရုတ်နိုင်ငံမှ သင်္ဘောဖြင့် ပြန်သယ်ယူလျှင်တောင် ကုန်ကျစရိတ်က ထောင်းပေမည်။ ဆိုနီ၏ နားကြပ်ကပ်ဆက်များကို တစ်ကမ္ဘာလုံးတွင် ရောင်းချနေလေ၏။ တရုတ်နိုင်ငံကို တင်ပို့သည့် ပစ္စည်းများသည် မော်ဒယ် အဟောင်းများပင် ဖြစ်သည်။ အကယ်၍ ထိုနားကြပ်ကပ်ဆက်များကို တခြားနိုင်ငံသို့ ပို့လျှင်လည်း မည်သူမျှ ဝယ်ယူမည် မဟုတ်ပေ။ သူတို့ အရှုံးကို အနည်းဆုံး ဖြစ်ရန်အတွက် အဘယ်ကြောင့် တရုတ်နိုင်ငံတွင် မရောင်းဘဲနေမည်နည်ဂ.

နိုရီယိုအိုဂသည် ဟေတယိုနာကဂျီမကို ဖုန်းခေါ်လိုက်သည်။ သူ့အနေဖြင့် အိုက်ဝနှင့် တဖန် မိတ်ဖက် စာချုပ် ချုပ်ဆိုချင်ကြောင်းပြောခဲ့သည်။ သူ့အနေဖြင့် အိုက်ဝ၏ အကူအညီဖြင့် ဆိုနီ၏ ပုံရိပ်ကို တရုတ်နိုင်ငံတွင် မြင့်တင်လိုသည်။ သို့သော် ဟေတရိုနာကဂျီမက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။

ငါ့အနေနဲ့ မိတ်ဖက်စာချုပ်ကို မဖျက်သိမ်းဖို့ ဖက်ပြီး တောင်းပန်တုန်းက မင်းတို့ နားထောင်ခဲ့လို့လား။ ထပ်ပြောရရင် အိုက်ဝရှယ်ယာကို ထိန်းချုပ်ထားတာက ဖုန်းယွီ။ ဆိုနီက ငါတို့ရဲ့ အဓိက ပြိုင်ဖက်ပဲ ဖြစ်မှာ။ အိုက်ဝက ဆိုနီနဲ့ ဘယ်တော့မှ အလုပ် တွဲမလုပ်ဘူး။”

ဖုန်းယွီသည် ဆိုနီ ပစ္စည်းများကို ဈေးလျော့ရောင်းသည်ကို မြင်သည့်အခါ ဆိုနီသည် အရှုံးပေါ်မှန်း သိခဲ့သည်။

ဟန့် ဒါက တရုတ်ပြည်။ ဒါက ငါ့အိမ်ကွင်း။ အိမ်ကွင်းမှာ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး ဆိုနီ။….

ဂျပန်နဲ့ တရုတ်နဲ့က နန်ကျင်းလူသတ်ပွဲလို့ ခေါ်တဲ့ စစ်ဆင်ရေးမှာ တရုတ်လူမျိုး ၄၀၀၀၀ လေးသောင်းမှ ၃၀၀၀၀၀ သုံးသိန်းအထိ ခြောက်ပတ်တာအချိန်မှာ ဂျပန်စစ်တပ်က Tat ပစ်ခဲ့ပါတယ်။ အခုလက်ရှိ အချိန်အထိ တရုတ်လူမျိုးတွေက မကျေနပ်သေးပါ။

တရုတ်လူမျိုး အချင်းချင်းတောင် ထို လူသတ်ပွဲမှာ ပါဝင်တဲ့ ဗိုလ်မှူးတွေ အရိုးပြာထားရှိတဲ့ ဘုရားကျောင်းကို သွားရင်တောင် လူမှုရေး ပြစ်ဒဏ်အပြင် အခြားသော ဥပဒေအရ ချမှတ်ထားတဲ့ ပစ်ဒဏ်တွေကို အပေးခံရပါတယ်။

All Chapters