ငါ့အမြင်ပေါ် မူတည်တယ်။
Vol. 163 Ch. 2270
ဟွာကျင်းယွီတို့ သုံးဦး ရောက်ရှိလာချိန်၌ လင်းယွန်က အနည်းငယ် အာရုံ ပျံ့လွင့်သွား၏။ သို့သော် လီဖေးပိုင်၏ သတိပေးမှုကြောင့် အာရုံပြန်စိုက်မိသည်။
တစ်စုံတစ်ရာ မှားယွင်းသွားပါက ကျိကျစ်ရှီ နှလုံးသား ပေါက်ကွဲမည်ဖြစ်ပြီး တုံ့ပြန်မှုဒဏ်ကို သူသည်လည်း ခံစားရနိုင်၏။
“ သခင်လေးလီ ... ငါတို့ပြန်တွေ့ကြပြန်ပြီ။ ”
လီဖေးပိုင်ကို ကြည့်ကာ ဟွာကျင်းယွီက နှုတ်ဆက်လိုက်၏။ သူ စကားပြောကြားနေစဉ် လျုယွင်လန်နှင့် ကောင်းကင်ဂီတ သူတော်စင် သခင်က လူခွဲကာ နေရာယူသည်။
“ သူပြောသလိုပဲ ... မျက်နှာဖုံးတွေက လူကြီးလူကောင်းတွေ အပေါ်သာ ဖုံးကွယ်ပေး နိုင်ပုံရတယ်။ ”
လီဖေးပိုင်က ပြုံးလျက် ညည်းတွား၏။ ဟွာကျင်းယွီက သူ့ယပ်တောင်ကို ပြန်ပိတ်ကာ၊ သူမစကားအပေါ် လျစ်လျူရှုလျက် လင်းယွန်ထံ တိတ်တဆိတ် အကဲခတ် လိုက်သည်။
“ လူကြီးလူကောင်းတွေနဲ့ လူဆိုးတွေ ဆိုတာက အတွေးတစ်ခုတည်းနဲ့ တံဆိပ်ကပ် နိုင်တယ်၊ အောင်နိုင်သူကို မှတ်မိကြပြီး ပန်းသင်္ချိုင်းက ဉပမာပဲ။ ”
“ မဆိုးဘူး ... အယူအဆကောင်းတယ်။ ”
လီဖေးပိုင်က ဟွာကျင်းယွီကို လက်မ ထောင်ပြလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
ဟွာကျင်းယွီက ရယ်မောလျက် ကောင်းကင်ဘုံ ဂီတသူတော်စင် သခင်ထံ ခေါင်းညိမ့်ပြ လိုက်၏။
ထို့နောက် လက်ကို မြှောက်လိုက်ရာ လျှပ်စီးလှံတစ်စင်း ပေါ်လာပြီး လင်းယွန်နှင့် ကျိကျစ်ရှီထံ ပစ်ခတ်တော့သည်။
“ ရွှပ် ... ။ ”
လျှပ်စီးလှံ ပေါ်လာသည်နှင့် တိမ်ပင်လယ်ထဲ၌ မှုန်ဝါးနေသော ပုံသဏ္ဍာန် တစ်ခု ပေါ်လာ၏။
“ အရှက် မရှိ ... ။ ”
လီဖေးပိုင်က လက်ဖဝါး တစ်ချက် ပြန်လှည့်ရိုက်ပြီး ကျိန်ဆဲသည်။ မီးလက်ဖဝါးက လင်းယွန်ထံ ဦးတည်နေသော လျှပ်စီးလှံကို ဖျက်ဆီးလိုက်၏။
တစ်ဆက်တည်းမှာပင် သူမ ခြေဖျားအောက်၌ ကြာပန်းတစ်ပွင့် ပေါ်လာပြီး ဖိအားကို ပြိုကွဲသွားစေသည်။
“ သူ့ကို အရင် ဖြုတ်ချလိုက်။ ”
ဟွာကျင်းယွီက ပစ်မှတ်ကို သတ်မှတ် ပေးလိုက်၏။ ယခုအချိန်တွင် လင်းယွန်သည် သူမထံ အာရုံ မစိုက်နိုင်ချေ။
လင်းယွန်နှင့် လီဖေးပိုင်သာ ပူးပေါင်း နိုင်ခဲ့သော် အခက်တွေ့နိုင်၏။ လီဖေးပိုင်က ရှေ့လှမ်းတက်ကာ၊
“ စုံစမ်းဖို့ မကြိုးစားနဲ့။ ”
-ဟု ပြောကြားလိုက်သည်။
“ စိတ်မပူပါနဲ့ ... ငါတို့ ဘာလုပ်နေတယ် ဆိုတာ ငါသိတယ်။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က ပြုံးလျက် အလံငယ် တစ်လက်ကို ထုတ်ယူလာ လေသည်။
“ လျှပ်စီး သံကြိုးများ ... ။ ”
သူ့ဟောက်သံနှင့် အတူ ဂီတသံ ကဲ့သို့ မိုးခြိမ်းသံ ထွက်ပေါ်လာခဲ့၏။ လျှပ်စီးသံကြိုးက လီဖေးပိုင်းထံ ဦးတည်သည်။
“ ဝှစ် ... ။ ”
လီဖေးပိုင်က လက်ဖဝါး တစ်ချက် ရိုက်ထုတ်ပြီး အမြန် ရှောင်တိမ်းပစ်လိုက်ရာ သံကြိုးများ မြေပြင်ပေါ် ထိုးကျသွား၏။
၎င်းတို့က သူမ လက်ဖဝါးကို ဂရုစိုက်ပုံ မပြချေ။
“ လင်းယွန်ရဲ့ အမည်ခံ နတ်အလင်း ဓားတောင် ငါ့ရဲ့ လျှပ်စီးသံကြိုးတွေကို ဖျက်ဆီး နိုင်မှာ မဟုတ်ဘူး။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က ဂုဏ်ယူစွာပြော၏။ ဒုတိယအဆင့် သူတော်စင် သခင် ဖြစ်လာ ပြီးနောက် ဤသံကြိုးများမှာ အသွင်ပြောင်းနေပြီ ဖြစ်သည်။
“ ရွှပ် ... ။ ”
လျူယွင်လန်က ဓားမော့ကို ဆွဲထုတ်လျက် တိုက်ပွဲအတွင်း ဝင်ရောက်လာ၏။ လီဖေးပိုင်က သူမလက်ကို ကျောက်စိမ်းရောင် ပြောင်းပြီး ထိုဓားမော့ထံ ခတ်ထုတ်လိုက်သည်။
“ ထန် ... ထန် ... ။ ”
သတ္တု အချင်းချင်း ထိမှန်သွား သကဲ့သို့ အာကာသ လှိုင်းလုံးများ ပျံကား သွားတော့၏။ ဓားမော့ ပညာရပ်သည် အစွမ်းထက်ပြီး အပြစ် အနာအဆာ မရှိချေ။
ထို့အပြင် လျှပ်စီး သံကြိုးများကိုလည်း ရှောင်တိမ်းနေသည်။ ဤမြင်ကွင်းက ရပ်ကြည့် နေသည့် ဟွာကျင်းယွီကို မျက်မှောင်ကြုတ်မိ စေ၏။
“ နှစ်ယောက် တစ်ယောက် တိုက်ခိုက်နေတာတောင် အားနည်းချက် မရှိဘူး၊ လီမျိုးနွယ်စုက ရင်ဆိုင်ရ ခက်တယ်။ ”
လီဖေးပိုင်သည် ဧကရာဇ်မျိုးနွယ် ရှစ်ပါး အနက်မှ ပါရမီရှင်တစ်ပါး အနေဖြင့် အမှန်ပင် အစွမ်းထက်ချေပြီ။
သူမ၏ အုပ်စိုးရှင် နက္ခတ်ကို ထုတ်ပြပါက လျူယွင်လန်တို့ နှစ်ယောက် ထိန်းထားနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူ့လက်ကို လင်းယွန်ထံ ထိုးချိန်ကာ မြင့်မြတ်သော လမင်းလက်စွပ်နှင့် တိုက်ခိုက် လိုက်တော့သည်။
“ ရွှပ် ... ။ ”
တောက်ပသော လရောင်ခြည်များ ပြေးထွက်လာစဉ် လင်းယွန်က လူသတ်လိုသည့် ဆန္ဒများ သိပ်သည်းလာ၏။
“ အာရုံစိုက် ... ။ ”
လီဖေးပိုင်က သတိထားပြီး ဖြစ်သည်မို့ ထိုအလင်းတန်းကို ပိတ်ဆို့ပေးသည်။ သို့သော် ချက်ချင်း မျက်နှာ ပြောင်းသွား၏။
အလင်းတန်းတွင် ပါရှိသော ယင်စွမ်းအင်များက သူမ၏ သွေးလည်ပတ်မှုကို ရုတ်တရက် တုန့်ဆိုင်းသွားစေခြင်း ဖြစ်သည်။
ခြေဖျားအောက်ရှိ ကြာပန်းသည်ပင် လည်ပတ်မှုအရှိန် တဖြည်းဖြည်း တောင့်တင်း သွား၏။ တစ်ချိန်တည်းမှာပင် လျှပ်စီးများက တိုးဝင်လာသည်။
“ ချွင် ... ။ ”
“ အွတ် ... ။ ”
ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း စွမ်းအင်လည်ပတ်မှု တုန့်ဆိုင်းခြင်းကြောင့် နှောင့်နှေးသွား စေသည်။ ရင်ဘတ်ကို သံကြိုး များဖြင့် ထိုးနှက် ခံလိုက်ရ၏။
“ ကောင်းကင် လမင်း ပိတ်လှောင်ခြင်း ခေါင်းလောင်း။ ”
ဟွာကျင်းယွီက လီဖေးပိုင်ကို ကန့်သတ် ချုပ်နှောင်ရန် လက်စွပ်ဖြင့် လှောင်အိမ်တစ်ခုလို အလင်းခေါင်းလောင်းကြီး ဖန်တီးသည်။
မျက်နှာဖုံး ကွဲကြေသွားပြီး ပါးစပ်မှ သွေးများစီးကျလာ၏။ မီးတောက် မီးလျှံများ လောင်ကျွမ်းလျက် ဒေါသတကြီးဖြင့်၊
“ နင်တို့တွေ အရမ်း လွန်သွားပြီ။ ”
-ဟု အော်ဟစ်လိုက်သည်။
အတွေးတစ်ချက်ဖြင့် အုပ်စိုးရှင် ကြယ်စုသည် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်ပြီး ထွက်ပေါ်လာ၏။
“ အ ... ။ ”
ဤအရာက ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင်ကို ညည်းတွားသံ ပြုလျက် ခြေလှမ်း အနည်းငယ် ဆုတ်သွားစေသည်။
မီးတောက်များ အဟုန် မြင့်လျက် သံကြိုးများကို ဆွဲဖယ်ပစ်သည်။ ဤအခိုက်တွင် သူမသည် ဒေါသထွက်နေသော မီးနဂါး တစ်ကောင်ဖြစ်၏။
ယင်းကြောင့် ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင်မှာ ပါးစပ်အပြည့် သွေးအန်ပြီး မီတာတစ်ရာသို့ ဆုတ်ခွာ လိုက်ရပြန်သည်။
“ အုပ်စိုးရှင် နက္ခတ် ... ငါတို့ ထပ်တွေ့ပြန်ပြီ။ ”
ဟွာကျင်းယွီက စိတ်လှုပ်ရှားစွာ ပြန်မော့ကြည့်၏။ ထိုအချိန်တွင် လီဖေးပိုင်က လက်ဝှေ့ယမ်းပြီး သူ၏ အလင်း လှောင်အိမ်ကို ဖျက်ဆီးပစ်သည်။
အုပ်စိုးရှင် နက္ခတ်သည် အဆုံးမရှိသော ရွှေရောင်သမုဒ္ဒရာ ဖြစ်လာပြီး ၎င်းပေါ်၌ မိုးပြာ ကြာပန်းတစ်ပွင့် ပွင့်လာ၏။
မငြိမ်မသက်မှုသည် ကြီးမားသဖြင့် နတ်မီးတောက်အတွက် တိုက်ပွဲဝင် နေသူများ အားလုံး လှည့်ကြည့်လာသည်။
ကြယ်မြစ် သူတော်စင်က သက်ပြင်း ချလိုက်၏။ ကျိကျစ်ရှီ အခြေအနေအပေါ် သူ နားလည်သည်။ သို့သော် မြင့်မြတ်မြေ သုံးပါးမှ ပိတ်ဆို့ထားသဖြင့် ထွက်မရချေ။
သို့သော် အုပ်စိုးရှင် နက္ခတ် ရှိသော မိန်းကလေးနှင့် လင်းယွန်က သူမကို ကူညီနေ သောကြောင့် ကံကောင်းမည်ဟု မျှော်လင့်ရသည်။
“ ဒါကို ငါစောင့်နေတာ ... ။ ”
ဟွာကျင်းယွီက ကြက်သွေးရောင် မီးတောက်များ ဖုံးလွှမ်းနေသည့် ပုတီးစေ့ တစ်စေ့ကို ထုတ်ယူလိုက်၏။
ဤသည်မှာ နတ်သွေးနှင့် သူတော်စင် မူလကို သန့်စင်ထားသော သွေးမီးတောက် ဆေးလုံး ဖြစ်သည်။ သွေးမီးတောက် ကျီးဘုရင်ထံမှ ရရှိခဲ့ခြင်း ဖြစ်၏။
၎င်းကို မျိုချလိုက်ရာ သူတော်စင် စွမ်းအင်များ မြင့်တက်လာပြီး ချက်ချင်းဆိုသလို ရောင်ဝါများ မြင့်တက်သွားသည်။
မျက်လုံးများ ကြက်သွေးရောင် သမ်းလျက် စတုတ္ထအဆင့် သူတော်စင် သခင် ဖြစ်လာသည် အထိ ဆက်လက် တိုးနေ၏။
သူတော်စင် စွမ်းအင်များ သည်လည်း ကြောက်မက်ဖွယ် ကောင်းပြီး သွေးကျီးကန်း စွမ်းရည်အချို့ စွန်းထင်းနေသည်။
ထိုမြင်ကွင်းက လီဖေးပိုင်ကို မျက်မှောင်ကြုတ် သွားစေခဲ့သည်။
“ ဟား ဟား ဟား ... ဒါအကုန် မဟုတ်သေးဘူး။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင်က ပြုံးလျက် အလံငယ်ကို မီးတောက်စေပြီး ဘေးမှ ရယ်မောလိုက်သည်။
အလံငယ်ထံမှ သွေးကျီးကန်းများ၏ နာကြည်းမှုများ အားလုံး ပေါက်ကွဲ ထွက်လာ တော့၏။ ဤသည်မှာ သွေးမီးတောက် ဘုရင် ထံမှ သိမ်းယူထားသည့် ရတနာပေပင်။
“ တောက်ပတဲ့ လမင်း။ ”
ထိုအချိန်တွင် အုပ်စိုးရှင် နက္ခတ်ပင် မှေးမှိန်သွားစေသော လမင်းကြီး တစ်စင်း ကောင်းကင်၌ ပေါ်လာသည်။ မြင့်မြတ်သော လမင်း လက်စွပ်မှ လာခြင်းဖြစ်၏။
“ လျူယွင်လန် ... မင်းဒီလိုပဲ ရပ်ကြည့်နေမှာလား။ ”
အုပ်စိုးရှင် နက္ခတ်ကို ထိန်းရ ခက်သဖြင့် ဘေးနား၌ ရပ်ကြည့်နေသော လျူယွင်လန်ကို ဟွာကျင်းယွီက အော်ငေါက်လိုက်၏။
လျူယွင်လန်သည် တိုက်ပွဲအတွင်း ၎င်းခွန်အားကို အပြည့်အ၀ မထုတ်သည်ကို သူ သတိ ပြုမိသည်။
“ သတိထားပါ ... ။ ”
လျူယွင်လန်က သက်ပြင်းချလိုက်ပြီး သူ့ဓားမော့ကို မြှောက်ကာ လီဖေးပိုင်အပေါ် ခုတ်လွှဲပစ် လိုက်၏။
တစ်ဖက်တွင် ကောင်းကင် ဂီတ သူတော်စင်သခင် လက်ထဲရှိ အလံငယ်မှလည်း လျှပ်စီးများဖြင့် ပစ်ခတ်လာသည်။
လျှပ်စီးအလံငယ်၊ ဓားမော့အလင်းနှင့် လက်စွပ်သည် လီဖေးပိုင်၏ အုပ်စိုးရှင် နက္ခတ် အပေါ် နှိမ်နင်းနိုင်ခဲ့၏။
“ မိန်းကလေးလီ ... မင်း လက်လျော့ လိုက်သင့်ပြီ ... မင်းနဲ့ ခရီးကြုံတွေ့ဖူးတဲ့ လူ တစ်ယောက် အတွက် အသက်ပေးရတာ မထိုက်တန်ပါဘူး။ ”
လျူယွင်လန်မှ သွေးဆောင် လိုက်သည်။
“ နင့် အလုပ်မပါဘူး။ ”
လီဖေးပိုင်က ချက်ချင်း အားနည်းသွား သော်လည်း ရဲဝံ့နေသေးသည်။ ဧကရာဇ်မိသားစု တစ်ခုမှ မျိုးဆက်အနေဖြင့် သေရမည်ကို မကြောက်ချေ။
တစ်ဖက်တွင် လင်းယွန် နဖူးပေါ်၌ ချွေးသီးများ ရွဲနေသည်ကို မြင်နိုင်၏။ ၎င်းသည် သူမကို ယုံကြည်သည်ဖြစ်ရာ လက်လျော့စရာ မကြောင်း မရှိချေ။
“ ဒီအတွက် ထိုက်တန်လို့လား … ။ ”
ဓားကို လွှဲနေလျက်မှ လျူယွင်လန်က ရှုပ်ထွေးစွာဖြင့် မေးမိ၏။ ဤအမျိုးကောင်း သမီးသည် လင်းယွန်အတွက် သူမဘဝကို ပေးနေသည်မှာ အဓိပ္ပါယ် မရှိချေ။
“ ဒါက ငါ့အမြင်ပေါ် မူတည်တယ်။ ”
လီဖေးပိုင်က သူ နားမလည်နိုင်သော စကားစုဖြင့် ပြတ်သားစွာ ပြန်ဖြေလာတော့၏။
***