← Chapters

ရွှေပုဆိန်။

Vol. 163 Ch. 2272

ရွှေပုဆိန်။

Vol. 163 Ch. 2272

တစ်ဦးက ဧကရာဇ်မျိုးနွယ်စု ရှစ်ခုမှ ပါရမီရှင်ဖြစ်ပြီး ကျန်တစ်ဦးသည် ကောင်းကင် နဂါးသခင် ဖြစ်သည်။

ဤသို့ဆိုသော် မြင့်မြတ်မြေ၏ ပါရမီရှင်များ သေဆုံးခြင်းကို အဘယ်ကြောင့် ကြောက်ကြရ မည်နည်း။

တစ်ဖက်တွင် ဟွာကျင်းယွီနှင့် လျူယွင်လန်တို့သည် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင် သေဆုံးခြင်းကို တွေ့မြင်ပြီး အသက်မဲ့ ကုန်သည်။

“ ဘယ်လို သတ္တိရှိလဲ ... မင်း အခု ဒုက္ခရောက်ပြီ ... ။ ”

ဟွာကျင်းယွီ၏ မျက်လုံးများထဲတွင် လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် လင်းယွန်ကို ဒေါသတကြီး အော်ဟစ်တော့၏။

“ စိတ်မပူနဲ့ သူက ပထမလူပဲ ... ။ ”

လင်းယွန်သည် ရန်သူအပေါ် မည့်သည့်အခါမှ ကရုဏာပြခြင်း မရှိကြောင်း ပြန်သတိရလာသော လျူယွင်လန်က လေးနက်သွားသည်။

“ မင်းကိုယ်မင်း အထင်ကြီး မနေနဲ့ ... သူ့ကိုရိုက်နှက်ပြီးရင် မင်းကို ဖြေရှင်းဖို့ ငါ့မှာ အစီစဉ် ရှိပြီးသားပါ။ ”

နေ-လ သူတော်စင်ကျမ်းကို ဖြန့်ကျက်ပြီး ဟွာကျင်းယွီက လင်းယွန်ထံ ဦးတည်တော့၏။ သူ့တွင် မြင့်မြတ်သော လရောင် လက်စွပ်နှင့် သွေးမီးတောက် ဆေးလုံးရှိသည်။

သည့်ပြင် သူ့ကို ကူညီရန် လျူယွင်လန် ရှိသည်။ ဤလူကို သတ်နိုင်သော် ဂုဏ်သတင်း ကြီးမာလာနိုင်မည်။

ထိုအတွေးဖြင့် မြင့်မြတ်သော လရောင် လက်စွပ်ကို အသက်သွင်းကာ လ-ဒိုမိန်းအတွင်း လင်းယွန်ကို ကန့်သတ်လိုက်သည်။ ယင်းမြစ် ဘုရင် နီးနီး အစွမ်းထက်လာ၏။

“ ဝှစ် ... ။ ”

နေနှင့်လ လှည့်ပတ်လာချိန်၌ သူ့တိုက်ခိုက်မှုကို လွှတ်ထုတ် လိုက်လေသည်။ လင်းယွန်က လီဖေးပိုင်ကို ကိုင်ဆွဲလျက် မီတာ ရာဂဏန်း အကွာသို့ ခုန်ထွက်လိုက်၏။

ထို့နောက် ဟွာကျင်းယွီ၏ အင်အားကို တိုင်းတာရန် အကြိမ်ကြိမ် ထပ်မံ ရှောင်တိမ်းမိ ခဲ့သည်။ များမကြာမီ တစ်ဖက်လူ ခွန်အားကို အကြမ်းဖျင်း နားလည်လာသည်။

“ ဟား ဟား ဟား ... မင်း လွတ်မြောက်နိုင်မယ် ထင်လား။ ”

ဟွာကျင်းယွီက ရယ်မောလျက် သူ့နေနှင့်လကို ‘မင်’ဟူသော စကားလုံးအဖြစ် ပေါင်းစည်း လိုက်၏။

စတုတ္ထအဆင့် သူတော်စင် သခင်၏ ရောင်ဝါများ အကန့်အသတ် မရှိ မြင့်တက်လာ တော့သည်။

“ ဒူးထောက် ... ။ ”

နေရောင်ခြည်နှင့် လရောင်ခြည်တို့ ဖြာထွက်နေသော ဒိုမိန်း ကောက်ကြောင်း အတွင်း လက်ဖဝါးဖြင့် လှမ်းဖိလိုက်၏။

“ ဒီတစ်ခါ မင်းဘယ်လို ရှောင်မလဲ ကြည့်ရအောင် ... ။ ”

“ သတိထား ... ။ ”

လီဖေးပိုင်က စိတ်လှုပ်ရှားစွာ ပြောသည်။ လင်းယွန် ခွန်အားကို သူမ ယုံကြည်သော်လည်း၊ သွေးမီးတောက် ဆေးသည် ခွန်အားကို များစွာ မြှင့်တင်ပေး၏။ ထို့ကြောင့် ဟွာကျင်းယွီကို လျှော့တွက်၍ မရချေ။

“ စိတ်မပူပါနဲ့ ... ။ ”

လင်းယွန်က ပြုံးသည်။ သူ့ပြိုင်ဘက်၏ ခွန်အားကို တိုင်းတာထားသော မှန်းဆချက်များ ရှိနေပြီ ဖြစ်၏။

ယင်းကြောင့် လီဖေးပိုင်ကို ကျောပြင်ပေါ် ပြောင်းတင်လျက် ကောင်းကင်မှ ဆင်းလာသော ဟွာကျင်းယွီ လက်ဖဝါးထံ ရင်ဆိုင်မိသည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးက ခရမ်းရောင် နန်းတော်အတွင်းတွင် ပျံဝဲလာ၏။ ငရဲပန်းပွင့်လျက် သူ့လက်သီးတွင် စွမ်အင်များ စုစည်းကာ ထိပ်တိုက်တွေ့ပေးသည်။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟွာကျင်းယွီတစ်ယောက် မီတာ (၁၀၀)အကွာ သို့တိုင် လွင့်စဉ်သွားခဲ့၏။ လင်းယွန် မှာမူ မူလ နေရာ၌ တုတ်တုတ်မျှ မလှုပ်ခဲ့ချေ။

“ အတုက အမြဲတမ်း အတုပဲ ... ။ ”

လင်းယွန်က လှောင်ပြောင်လိုက်သည်။ ဟွာကျင်းယွီက ဤမြင်ကွင်းကို မယုံကြည်စွာ ပြန်ကြည့်၏။

လျူယွင်လန် သည်သာ သံသယဖြင့် မျက်ဝန်းများ မှေးစင်းသွားသည်။ ထိုစဉ်က ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်သည် ပေါ့လျော့ခဲ့သည်ဟု ဆိုက ထိုအမှားမျိုး ဟွာကျင်းယွီ ထပ်မလုပ်သင့်ချေ။

“ မင်း ဘယ်လို သတ္တိရှိလဲ။ ”

ဟွာကျင်းယွီက ဒေါသတကြီးဖြင့် နေ-လ သူတော်စင်ကျမ်းကို ကန့်သတ်ချက်သို့ တွန်းပို့ လိုက်ရာ ‘မင်’ဟူသော စကားလုံးက ပို၍ စူးရှလာသည်။

“ ဟား ဟား ဟား ... ကောင်းတယ်။ ”

လင်းယွန်က ရယ်မောလျက် ဓားနှစ်လက် ဝိညာဉ်ကို လ-ဒိုမိန်းအတွင်း ဖြန့်ကျက်လိုက်ပြီး သူ့အပေါ် ကန့်သတ်လာသည့် စွမ်းအားအပေါ် ပယ်ဖျက်လေသည်။

“ ခရစ် ... ။ ”

ဒိုမိန်း အတုသည် အက်ကွဲကြောင်းများ ပေါ်လာ၏။ လင်းယွန် နောက်၌ ဓားရိပ်ကြီး သုံးရိပ် ထင်ဟပ်လာသည်။

“ ဘုန်း ... ။ ”

လင်းယွန်က လက်သီးကို ထိုးနှက် လိုက်သောအခါ တောင်ကြီးသုံးလုံး ပါလာပြီး ဒိုမိန်းအတုခမျာ ကွဲကြေလျက် ဟွာကျင်းယီ ပါးစပ်မှ သွေးများ ကျလာတော့သည်။

“ မင်းသာ ... စတုတ္ထအဆင့် သူတော်စင်သခင် သာဆိုရင် ထိပ်တိုက်ရင်ဆိုင်ဖို့ ငါဝံ့မှာမဟုတ်ဘူး ... အခုတော့ သနားစရာပဲ။ ”

လင်းယွန်က လှောင်ပြောင်ပြီး သူ့လက်သီးဖြင့် လိုက်လံ ထိုးနှက်တော့သည်။ ဟွာကျင်းယွီက လျင်မြန်စွာ တုန့်ပြန် တော့၏။ သူ့ရည်ရွယ်ချက်မှာ လင်းယွန် လက်သီးကို ဖမ်းဆုပ်ရန် ဖြစ်သည်။

“ ငါ့ကို အားနည်းတယ်လို့ ထင်နေတာလား။ ”

သို့သော် လင်းယွန်က သူ့ထက် ပို၍ လျင်မြန်သွားပြီး လက်သီးအစား လက်ဖဝါး ပြောင်းကာ ပါးရိုက်ပစ်သည်။

“ ဖြောင်း ... ။ ”

သွေးတစ်လုတ် အန်လျက် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကျ သွား၏။

“ ဒိုမိန်းက အစစ်အမှန်ဆိုရင် ... ငါသတိထားကောင်း ထားမိမယ် ဒါပေမယ့် အခုက အတုဖြစ်နေလို့ သနားစရာပဲ။ ”

လင်းယွန်က ဆက်လက် လှောင်ပြောင်ခဲ့သည်။ ဤဒိုမိန်းသည် မိုးပြာနဂါး ဓားဒိုမိန်းကို ယှဉ်နိုင်စရာ အကြောင်း မရှိချေ။

“ ဝှစ် ... ။ ”

ယင်းမြစ် ဘုရင်၏ ကြက်သွေးရောင် ဒိုမိန်းကိုပင် မယှဉ်နိုင်သဖြင့် တစ်ချက်လှုပ်ကာ ဟွာကျင်းယွီအနား တိုးကပ်သွားမိသည်။

“ မင်း သေချင်နေတာပဲ။ ”

ဟွာကျင်းယွီက ရှက်ရွံ့သွားပြီး လက်စွပ်ကို မြှောက်လျက် လက်ခုံဖြင့် လင်းယွန်ထံ ချိန်ရွယ် လိုက်သည်။

“ ငါ့ကို ပါးရိုက်ချင်နေတာလား ... ဟား ... ဟား ... ဟား ... လင်းယွန် ငရဲကိုသွားစမ်း ... ။ ”

သူတော်စင် စွမ်းအင်ကို လက်စွပ်ထဲ လောင်းထည့်ကာ ရယ်မော၏။ လင်းယွန်က ၎င်းကို ခန့်မှန်းထားပြီး ဖြစ်သည်။

ထို့ကြောင့် ဟွာကျင်းယွီ၏ လက်ဖဝါးကို လက်ကောက်ဝတ် ကနေ ခုတ်ဖြတ်ပစ်လိုက်၏။ ဓားရည်ရွယ်ချက်က သူ့လက်ဝါးစောင်းကို ဓားကဲ့သို့ ထက်ရှစေသည်။

ယင်းကြောင့် ဟွာကျင်းယွီလက် ပေါက်ကွဲသွားကာ လက်စွပ်ချည်သာ လေထဲ ကျန်ရစ်ခဲ့၏။ လင်းယွန်က အသာအယာ ဖမ်းယူလိုက်သည်။

“ ဒါက တော်တော်ကောင်းတဲ့ လက်စွပ်ပဲ ... ကျေးဇူးတင်ပါတယ်။ ”

“ အား ... ငါ ... ငါ့လက် ... ။ ”

ဟွာကျင်းယွီက နာကျင်မှုကြောင့် အော်ဟစ်ကာ မျက်လုံးများ နီရဲလာတော့သည်။

“ မင်း ... သေချင်လာပြီလား ... ဒီလောက် မလွယ်သေးပါဘူး … ။ ”

လင်းယွန် လက်ဖဝါးက ဟွာကျင်းယွီ ရင်ဘတ်ပေါ်သို့ ကျရောက်သွား၏။ သူတော်စင် စွမ်းအင်အလွှာ ကွဲအက်ကာ မီးလောင်ပေါက် တစ်ခု ဖြစ်ပေါ်လာသည်။

သွေးများစီးကျလာပြီး အရှိန်ဖြင့် လွင့်ပျံ သွားတော့၏။ တစ်ချိန်တည်းမှာပင် ဒုတိယ အဆင့် သူတော်စင်သခင် ကျင့်ကြံမှုသို့ ပြန်လည် လျော့ကျသွားသည်။

“ အား ... ။ ”

နာကျင်စွာ အော်ဟစ်လျက် ကျန်လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို အုပ်ကိုင် လိုက်လေသည်။

“ ပန်းသင်္ချိုင်း ... လုံလောက်ပြီ။ ”

လျူယွင်လန်က ဆက်မကြည့်နိုင်တော့ဘဲ တာအို ပန်းသုံးပွင့်ကို ခေါ်လျက်မှ ပြောလိုက်၏။ ၎င်းတို့မှာ ဓားမော့၊ လျှပ်စီးနှင့် မီးတို့ ဖြစ်သည်။ တစ်ဖက်လူအပေါ် ရပ်တန့်စေလိုသော် ချန်ထား၍ မရချေ။

တစ်ဖက်လူသည် ရက်စက်လှ၏။ အငြိုးကြီးပြီး သဘောထား သေးသိမ်လှသည်။ ဟွာကျင်းယွီကို လွယ်လွယ် သေခွင့် မပေးလိုကြောင်း မြင်သာ၏။

ဓားမော့အလင်းက လေဟာနယ်ကို ဖြတ်သန်းလာသည်။ လျူယွင်လန်သည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု မမျှော်လင့်ထား သောကြောင့် လီဖေးပိုင်က တုန်လှုပ် ခြောက်ခြားသွား၏။

ဓားမော့သည် ကြယ်ဓား ရည်ရွယ်ချက် အထွတ်အထိပ်တွင် ရှိသည်။ ဒုတိယ အဆင့် သူတော်စင်သခင် ကျင့်ကြံမှုဖြင့် ၎င်းကို နားလည်နေသည်မှာ ဘီလူး ဆန်၏။

“ ဝုန်း ... ။ ”

သို့သော် လင်းယွန်က အလွယ်တကူ ရှောင်တိမ်းသည်။ လျူယွင်လန်က ဓားဆွဲလျက် ထိုအရပ်ကို ပိတ်ရန် ခုတ်ပိုင်းလိုက်ပြန်၏။

“ ရွှပ် ... ။ ”

ဓားမော့ ရောင်ခြည်က လင်းယွန်နှင့် ဟွာကျင်းယွီကြား အာကာပြင်တစ်ခု ခြားလိုက် သလို ပေပင်။

“ ထွက် သွား ... ။ ”

သို့သော် ဤတစ်ကြိမ်၌ လင်းယွန်က ရင်ဘတ်ထဲမှ ဓားဆွဲထုတ်ကာ လျူယွင်လန်ထံ လှမ်းထိုးလိုက်သည်။

“ ထန် ... ထန် ... ။ ”

ဓားနှင့်ဓားမော့ ထိပ်တိုက်တွေ့ သွားပြီးနောက် ဓါးမော့ရောင်ခြည် မှိန်ဖျော့ သွားကာ အလျားလိုက် ကွဲသွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့လာပြီး လင်းယွန်ကို မယုံကြည်နိုင်စွာ ကြောက်လန့် တကြား ကြည့်လိုက်မိ၏။

နှလုံးခုန်သံ မြန်လျက် အတွေးများ ဗလာဖြစ်သည်။ လင်းယွန် မျက်ဝန်းအတွင်းမှ ရွှေရောင်အလင်းကို မြင်နေရ၏။

သည်ဘဝ မေ့နိုင်တော့မည် မဟုတ်ချေ။ ဤသည်မှာ နတ်အလင်းဓား ရည်ရွယ်ချက်ကြီး ဖြစ်ချေပြီ။

နှစ်ပေါင်းတစ်ရာ တိုင်တိုင် အရူးအမူး လိုက်ရှာခဲ့သော ထိုဓားကို အသက်(၃၀)အောက် လူငယ် တစ်ဦးပေါ်တွင် တွေ့ရှိခြင်း ဖြစ်၏။

“ အား ... ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင် ... ငါ့ကို ကယ်ပါ ပန်းသင်္ချိုင်း ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်ကို သတ်ပစ်လိုက်ပြီ။ ”

ဟွာကျင်းယွီက ကြောက်လန့်တကြား အော်ဟစ် အကူအညီ တောင်းလိုက်တော့သည်။ ကျီးနက်သူတော်စင် သခင်နှင့် အနန္တလျှပ်စီး ဂိုဏ်း၏ သူတော်စင်သခင်က လှည့်ကြည့်၏။

ခမ်းနားသော ဉာဏ်ကြီးရှင် တစ်ဦးသည် ဤမျှ လျင်မြန်စွာ သေဆုံးသွား နိုင်သည်လော။ မယုံနိုင်ချေ။

“ ပန်းသင်္ချိုင်း ... မင်း အရမ်းလွန်သွားပြီ ... ။ ”

ကျီးနက် သူတော်စင် သခင်က ကြယ်မြစ်သူတော်စင်ကို လျစ်လျူရှုလိုက်ပြီး အုပ်စိုးရှင် သူတော်စင် လက်ရာဖြင့် လှမ်းပစ်တော့သည်။

“ ဝှစ် ... ။ ”

“ ဂျိန်း ... ။ ”

မြင့်မြတ်ပြီး ကြီးစိုးသော ရောင်ဝါကို ထုတ်ဖော်လျက် ရွှေပုဆိန်က လင်းယွန်ထံ ပြေးဝင်လာသည်။ ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ လိုက်ပါလာတော့၏။

***

All Chapters