← Chapters

နဂါးနေလ တံဆိပ်။

Vol. 163 Ch. 2274

နဂါးနေလ တံဆိပ်။

Vol. 163 Ch. 2274

ကောင်းကင် ပညာရှင် သူတော်စင် သခင်မေးခွန်းသည် လူတိုင်း သိချင်နေသော အရာဖြစ်၏။

“ ငါ့အသက်ကို သူက ကယ်တင် ပေးခဲ့တဲ့အပြင် ... ငါတို့က သူငယ်ချင်းတွေပဲ လုံလောက်ပြီလား။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်နှင့် ကျီးနက်သူတော်စင် သခင်မှာ မျက်နှာ ပျက်ယွင်းသွားသည်။ ရဲဝံ့ခြင်း သူတော်စင် သခင်က တိတ်ဆိတ်သွား၏။

“ ဟဲဟဲ ... သူ့ကြည့်ရတာ နင့်အတွက် လေးလေးနက်နက် ခံစားချက်ရှိနေသလိုပဲ။ ”

လီဖေးပိုင် မျက်နှာသည် နဂါးပြာရောင်ဝါအောက်၌ ပြန်၍ သွေးရောင် လွှမ်းလာ၏။

လင်းယွန်က ကုသခြင်းကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်သည်။ လီဖေးပိုင် ကလည်း သူနည်းတူ လိုက်ကြည့်၏။

“ ဘာ ရှာနေတာလဲ။ ”

“ သွေးလ နတ်သမီး ဝမ်မူယန်။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ဖီးနစ် မင်းသမီးလေးက နင့်ကို ကာကွယ်ပေးနေတဲ့ အချိန်မှာ ... နင်က တခြား မိန်းမတွေကို လိုက်ရှာနေတာလား တော်တော် နှလုံးသား မဲ့လွန်းတယ်။ ”

လီဖေးပိုင်က အထင်အမြင်သေးစွာ သုံသပ်စကား ပြောကြားလာသည်။ လင်းယွန်မှ ခေါင်းယမ်း ပြလျက်၊

“ သူ့ကိုသာ တွေ့မယ်ဆိုရင် နှလုံးသားမဲ့ လိုက်တာက ကောင်းမယ် ... ဒါပေမယ့် အခုလို မတွေ့ရတာက အဆင်မပြေဘူး။ ”

မီးနဂါးတောင်ကြားထဲ ဝင်ရောက်လာ ကတည်းက ဝမ်မူယန်ကို အထူး ရှာဖွေမိသည်။ သို့သော် ကျောက်တျန်းယွီသာ ပေါ်လာပြီး သူမ ထွက်မလာချေ။

“ သူ့မှာ အချိန်-အာကာသ ရတနာ တစ်ခုရှိတယ် ဒါကြောင့် တည်နေရာ ရွေ့ပြောင်း နိုင်ပြီး ... သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေကို ရှောင်လွှဲနိုင်လိမ့်မယ်၊ ...

... ဒါပေမယ့် ဒါက ငါ့ရဲ့ ထင်ကြေးပါ ... ဘာပဲဖြစ်ဖြစ် အမှောင်ထဲမှာ ပုန်းနေသူတွေဟာ ကိုင်တွယ်ရ အခက်ဆုံးပဲ။ ”

လင်းယွန်က လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်၏။

“ ဒါပေမယ့် နင့်မှာ အဖြေရှိပြီးသား မဟုတ်လား၊ အဲဒီ အနက်ရောင် ကျောက်တုံးကို သွားကြည့်တုန်း တစ်ခုခု နင်သိခဲ့တယ်လို့ ငါပြောနိုင်တယ်။ ”

လီဖေးပိုင်မှ ဆို၏။ လင်းယွန်က နှုတ်ဆိတ်နေသဖြင့် သူမ၏ ထင်မြင်ချက်များ မှန်ကြောင်း ပို၍ ယုံကြည်လာသည်။

မြင့်မြေမြေများ ရှေ့မတိုး-နောက်မဆုတ် ဖြစ်နေချိန်တွင် ကျိကျစ်ရှီက၊

“ စကားတွေ များမနေနဲ့ ... နင်တို့ကို နတ်ဖီးနစ်တောင်က မကြောက်ဘူး၊ အရှေ့ဘက် ပျက်စီးမြေမှာ ကောင်းကင်ဓားနဲ့ တာအိုဓား မပေါ်လာ သရွေ့ ... နတ်ဖီးနစ်ကြေးမုံက ပြိုင်ဘက်ကင်းပဲ။ ”

-ဟု ပြတ်သားစွာ ကြေငြာလိုက်သည်။

ဤသည်မှာ နတ်ဖီးနစ်တောင်၏ ယုံကြည်မှုပေပင်။ ကြယ်မြစ် သူတော်စင်က နတ်မီးတောက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊

“ ငါတို့ ... ဒီနယ်မြေကနေ အခုပဲ ထွက်သွားသင့်တယ် အပြင်ရောက်မှ ပိုင်ရှင်ကို ဆုံးဖြတ်ရအောင် ... ကောင်းကင်တာအိုနဲ့ ငါကျိန်ဆိုရဲတယ်။ ”

-ဟု ဝင်ပြောလိုက်၏။

“ သဘောတူရအောင် ... လင်းယွန်ကို ဒီနယ်မြေမှာ သတ်ဖို့ ခဲယဉ်းတယ် ... နတ်ဖီးနစ် တောင်ရဲ့ အကူအညီ မပါရင်တောင် သူ ထွက်ပြေးနိုင်တယ်။ ”

ဟွာကျင်းယွီ အသံက ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်၏ နားထဲ ဝင်ရောက် သွားသည်။

ပြတ်နေသော သူ့လက်မောင်းရှိ ဓားကို ဖယ်ထုတ်ရန် ခက်ခဲသဖြင့် အာရုံကြော များထံမှ နာကျင်မှုများ ရရှိနေဆဲဖြစ်၏။ တိုက်ပွဲမဝင်လို သေးချေ။

စတုတ္တအဆင့် သူတော်စင် သခင်သာ မဟုတ်သော် လင်းယွန်ကို မည်သူမျှ အရေးယူ နိုင်မည် မဟုတ်ကြောင်း ပြောနိုင်၏။

ထိုအမိန့်ကို လက်ခံရရှိ ပြီးနောက် ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်က၊

“ မင်း ကျိန်ဆိုဖို့ ဆန္ဒရှိမယ် ဆိုရင် အဆင်ပြေပါတယ်။ ”

-ဟု အလျော့ပေးလိုက်သည်။

ကျီးနက် သူတော်စင် သခင်မှာမူ တုံ့ဆိုင်းနေဆဲဖြစ်ပြီး ရဲဝံ့ခြင်း သူတော်စင် သခင်မှ သက်ပြင်းချ၏။

“ ဒါက အကောင်းဆုံးပဲ ... အုပ်စိုးရှင် သူတော်စင် လက်ရာတွေသာ ထိပ်တိုက်တွေ့ရင် မကောင်းနိုင်ဘူး၊ သွေးလဂိုဏ်းနဲ့ နတ်မိစ္ဆာ မိသားစုက စောင့်ကြည့် နေနိုင်တယ်။ ”

ရဲ့ဝံ့ခြင်း သူတော်စင် သခင်မှ ခပ်တိုးတိုး မှတ်ချက်ပေးသည်။

“ မှန်တယ် နောက်ဆုံးတော့ ငါတို့ အချင်းချင်း တိုက်နေရင် ... ရန်သူတွေ အတွက် အခွင့်အရေး ဖြစ်နိုင်တယ်။ ”

ကြယ်မြစ် သူတော်စင်မှ ခေါင်းညိမ့်၏။

“ ကောင်းပြီ ... အခု မြင့်မြတ်မြေ ငါးပါးစုစည်းလိုက်ပြီ ဒီမိစ္ဆာတွေ လာဝံ့သလား ကြည့်မယ်။ ”

လီဖေးပိုင်မှ ပြုံးလျက် ပြောကြားသည်။

“ ငါလည်း မျှော်လင့်ပါတယ်။ ”

လင်းယွန်က ယုံကြည်ခြင်း မရှိချေ။

“ အပြင်ရောက်ရင် ဘာဆက်လုပ်မလဲ၊ နင်ကအခု မြင့်မြတ်မြေ သုံးပါးကို စော်ကားပြီး နတ်သွေးသစ်သီး ပိုင်ထားတယ်။ ”

လီဖေးပိုင်က အကြောင်းအရာ ပြောင်း၏။ နတ်ဖီးနစ်တောင်သည် လင်းယွန်ကို ကာကွယ် မပေးနိုင်ချေ။ သူမက ဟွာကျင်းယွီထံ တစ်ချက်ကြည့်ပြီး၊

“ အဲဒီလူက ဒီကိစ္စကို လွယ်လွယ်နဲ့ အလျှော့မပေးဘဲ တစ်ခုခုတော့ စီစဉ်ထားမှာ သေချာတယ်။ ”

-ဟု သတိပေးလိုက်သည်။

“ ဟွာကျင်းယွီလား ... သူက လူပြက် တစ်ယောက်ပဲ ... သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး ... ။ ”

“ နင်က တော်တော် ယုံကြည်မှု ရှိတယ်။ ”

“ ဒါတော့ သေချာတယ်။ ”

လင်းယွန်မှ ပြန်ဖြေ၏။ သူတို့ စကား ပြောနေစဉ် ကြယ်မြစ် သူတော်စင် သခင်က ကောင်းကင် သစ္စာကို ကျယ်လောင်စွာ ရွတ်ဆိုနေသည်။

ထို့နောက် လက်ထဲရှိ နတ်မီးတောက်ကို သူတော်စင် ရောင်ခြည်နှင့် ဖုံးအုပ် ပစ်လိုက်၏။ လူအုပ်ထဲတွင် ဤသို့ လုပ်နိုင်သူ နှစ်ဦးသာ ရှိသည်။

“ နတ်ဖီးနစ်တောင်က လူတွေက တော်တော် သတိရှိကြတယ်။ ”

ကြယ်မြစ် သူတော်စင်နှင့် ကျိကျစ်ရှီကို ကျန်အကြီးအကဲများက ဝိုင်းရံပေးထား သဖြင့် လင်းယွန်မှ မှတ်ချက်ပေးမိ၏။

သို့သော် ထိုအချိန်တွင် ကောင်းကင်၌ ကြက်သွေးရောင် လမင်းတစ်စင်း မြင့်တက်လာ လေသည်။ လရောင်ခြည်တွင် ကြီးမားသော ဖိအားပါရှိ၏။

“ ဟမ့် ... ။ ”

ကြယ်မြစ် သူတော်စင် သခင်က မျက်မှောင်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက် သည်။ သူ့အနားရှိ သူတော်စင် အကြီးအကဲ နှစ်ယောက် သည်လည်း ကြည့်၏။

“ အကြီးအကဲ ရှင်ဟဲ ... ။ ”

ညာဘက်ရှိ အကြီးအကဲ တစ်ယောက်က နာမည်ခေါ်လိုက်သဖြင့် ကြယ်မြစ် သူတော်စင်မှ လှည့်ကြည့်မိရာတွင် လက်ဖဝါးတစ်ဖက် ရင်ဘတ်ပေါ် ကျရောက်လာခဲ့သည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

“ ဝေါ့ ... ။ ”

ထို့လက်ဖဝါးကြောင့် သူတော်စင် ရောင်ဝါတံဆိပ် ကွဲကြေသွားပြီး နတ်မီးတောက် ပြေးထွက် သွားတော့၏။

“ ဝှစ် ... ။ ”

တိုက်ခိုက်လိုက်သော သူတော်စင် အကြီးအကဲက ဤအရာကို မျှော်လင့်ထားပြီး ဖြစ်ရာ လက်ဆန့်တန်းလျက် ပျံသန်း ဖမ်းယူလိုက်သည်။

ဤရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းသည် ကျန်သူတော်စင် အကြီးအကဲ များနှင့် လူအုပ်ကို အံ့အားသင့် သွားစေ၏။

“ ဟား ဟား ဟား ... ဒါကို ငါသိမ်းထားလိုက်မယ်။ ”

ဤသည်မှာ လင်းယွန် စိုးရိမ်နေသော ဝမ်မူယန် ဖြစ်ချေ၏။ နတ်ဖီးနစ်တောင်၌ စိမ့်ဝင် နေလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

“ မင်း မိစ္ဆာမ ... ။ ”

ကြယ်မြစ်သူတော်စင်က သွေးအန်လျက် ကျိန်ဆဲကာ ရိုက်နှက်ရန် ပြင်သည်။

“ ဟား ... ဟား ... ဟား ... မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တော့ ငါ ကြောက်နေလိမ့်မယ်၊ အခုတော့ ... ။ ”

ဝမ်မူယန် မျက်လုံးများတွင် ကြက်သွေးရောင် လမင်းကြီး မြင့်တက်လာပြီး အလင်းများ ဖြာထွက်လာ၏။

နဂါးနှစ်ကောင်က သူမလက်ဖဝါး၌ စက်ဝိုင်းပုံ လှည့်ပတ်လျက် ပျံထွက်လာခဲ့သည်။ သူမ နှလုံးသားသည် နေနှင့်လကို ကိုယ်စားပြု ချေ၏။

လက်နှစ်ဖက်သည် နတ်နဂါးဖြစ်သည်။ အလင်းတန်းများက နတ်ဘုရား ရောင်ဝါကဲ့သို့ တောက်ပလှ၏။

“ နဂါးနေလ တံဆိပ် … ။ ”

လင်းယွန်က အသိအမှတ် ပြုနိုင်၏။ သူနှင့် ယှဉ်ပြိုင်သည့် အချိန်၌ ရှုံးနိမ့်ခဲ့ဖူး သော်လည်း ယခုအချိန်၌ လုံးဝ ကွဲပြားနေပြီဖြစ်သည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

ကြယ်မြစ် သူတော်စင် ခမျာ တံဆိပ် ထိမှန်လျက် အဝေးသို့ လွင့်စဉ် သွားတော့၏။

“ နတ်ဖီးနစ်တောင်ရဲ့ ... ကြယ်မြစ် သူတော်စင်က သိပ်ပြီး အထင်ကြီးစရာလည်း မရှိပါဘူး။ ”

ကြယ်မြစ် သူတော်စင် လက်ဖဝါးကို ဖြေရှင်းပြီးနောက် လှောင်ပြောင် မှတ်ချက်ပေး လိုက်သည်။ ရုတ်တရက် ဖီးနစ်အော်သံများ ပဲ့တင်ထပ်လာ၏။ ကြယ်မြစ် သူတော်စင်မှ အံကြိတ်လျက် ထပ်မံ ကြိုးစားလာသည်။

“ နေနှင့်လ ပေါင်းစည်းခြင်း။ ”

ယင်းကြောင့် တံဆိပ်ကို နောက်တစ်ကြိမ် ပြောင်းလဲ ဖွဲ့စည်းပြီး ကောင်းကင်ပေါ် ပျံတက် သွားမိသည်။

နေနှင့်လ ထွန်းတောက်လာကာ သွေးလမင်းနှင့် ရွှေနေမင်းကြီး ကောင်းကင်၌ ပေါ်လာ၏။

နေနှင့်လ ဖြစ်စဉ်များ ကြားတွင် သူမသည် နတ်ဘုရားမ တစ်ပါးဖြစ်သည်။ လက်ဆန့်လျက် ကြယ်မြစ် သူတော်စင်ကို ဆုပ်ကိုင်လိုက်၏။

“ ဝေါ့ ... ။ ”

သို့သော် ကြယ်မြစ် သူတော်စင်ထံ တိုက်ရိုက်မဟုတ်ချေ။ ၎င်းနောက်ကွယ်ရှိ ဖီးနစ် ပုံရိပ်ကြီးကို ဖြစ်၏။ ဖီးနစ် ကွဲအက်လျက် ကြယ်မြစ် သူတော်စင်မှာ သွေးအန်ပြီး ခြေသုံးလှမ်း ဆုတ်သွားသည်။

“ အကြီးအကဲ ရှင်ဟဲ။ ”

နတ်ဖီးနစ်တောင်မှ လူတိုင်း စိုးရိမ် သွားကြ၏။ ကောင်းကင် မီးလျှံဂိုဏ်း၊ မင်ဂိုဏ်း နှင့် အနန္တလျှပ်စီးဂိုဏ်းမှ အသိစိတ်ဝင်လာပြီး ဝမ်မူယန်ကို အမြန် ဝိုင်းရံ လိုက်ကြသည်။

“ နတ်မီးတောက်ကို လွှဲပေး။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က အော်ငေါက် လိုက်တော့၏။ ကျီးနက် သူတော်စင်သခင် ကလည်း ရွှေပုဆိန်ကို ဆုပ်ကိုင်လျက်၊

“ ဒီမိစ္ဆာမက နတ်ဖီးနစ်တောင်ထဲကို ခိုးဝင်နေလိမ့်မယ်လို့ ... မမျှော်လင့် ထားမိဘူး၊ ဒါပေမယ့် မင်း ထွက်သွားဖို့ အိပ်မက်တောင် မမက်လိုက်ပါနဲ့။ ”

-ဟု ပြောကြားလာ၏။

ရဲဝံ့ခြင်း သူတော်စင်သခင်က စကား မပြောဘဲ ဓားမော့ကို ကိုင်ဆွဲလျက် ပျံတက်လာ ခဲ့သည်။

အုပ်စိုးရှင် သူတော်စင် လက်ရာများ၏ အစွမ်းထက်သော ရောင်ဝါကြောင့် လေဟာနယ် တုန်ခါလာ၏။

ဝမ်မူယန်က ကောင်းကင်တွင် ပျံဝဲနေလျက်မှ ပြုံးပြီး၊

“ နင်တို့တွေ အရမ်း မိုက်မဲတယ် ... ၊ သေခါနီး အချိန်မှာတောင် လောဘတတ် နေကြ တုန်းပဲ၊ ငါ ထွက်ပြေးချင် တယ်လို့ ဘယ်သူ ပြောလဲ ... ဒူးထောက်စမ်း ... ။ ”

-ဟု အော်ငေါက်ကာ လက်ဖြင့် လေထဲ လှမ်းကိုင်လိုက်သည်။

ရုတ်တရက် လေဟာနယ်ကို ခွဲလျက် ကောင်းကင်၌ ကြက်သွေးရောင်များ စွန်းလာပြီး ဘုံကျောင်းတစ်ခု ပေါ်လာသည်။

“ အုပ်စိုးရှင် ရတနာတွေက အချိန်-အာကာသ ရတနာတစ်ခု ရှေ့မှာ ... ဘာမှ မဟုတ်ပါဘူး။ ”

အုပ်စိုးရှင် သူတော်စင် ရတနာများ၏ ဖြစ်စဉ်များ ချက်ချင်း ပြိုကျကုန်၏။ အဆုံးတွင် လင်းယွန် စိုးရိမ်နေသည့် အချိန်သို့ စိုက်ရောက် သွားပြီ ဖြစ်လေသည်။

***

All Chapters