← Chapters

သွေးလဂိုဏ်းရဲ့ ဘုန်းတန်ခိုး ... ။

Vol. 163 Ch. 2275

သွေးလဂိုဏ်းရဲ့ ဘုန်းတန်ခိုး ... ။

Vol. 163 Ch. 2275

“ ကောင်းကင် စက်ဝန်း ဘုံကျောင်း ... ။ ”

ကျီးနက်သူတော်စင် သခင်၊ ကောင်ကင်ဘုံ ပညာရှင် သူတော်စင်သခင်နှင့် ရဲဝံ့ခြင်း သူတော်စင် သခင်တို့က ခေါင်းမော့ ကြည့်၏။

တန်ခိုးကြီးသော ရောင်ဝါများ ထုတ်ပေးလျက် သူ့ဝန်းကျင်ရှိ သူတော်စင် သခင် အားလုံးကို ပျံလွင့်သွားစေခဲ့သည်။

“ မြန်မြန် ငါတို့ တားရမယ် ... ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်၏ မျက်နှာတွင် ရူရ်အချို့ ပေါ်လာပြီး နေနှင့်လ ထွက်ပေါ်လာ၏။

တစ်ဆက်တည်းမှာပင် အုပ်စိုးရှင် သူတော်စင် လက်ရာ၏ အစွမ်းထက်သော ရောင်ဝါများ ပေးစွမ်းလာသည်။

ဆေးအိုးက တောင်ကြီး တစ်လုံးကဲ့သို့ ကောင်းကင် စက်ဝန်း ဘုံကျောင်း၏ ဖိအားကို တွန်းလှန်၏။

မင်ဂိုဏ်း၏ အကြီးအကဲ များက သူတော်စင်စွမ်းအင် များကို အတူတကွ ဝိုင်းဖွဲ့ ပေးပို့လိုက်ကြသည်။

“ ထာဝရ မရဏ လမင်း ... ။ ”

“ ထာဝရ ကောင်းကင် မီးလျှံ ... ။ ”

ကျီးနက် သူတော်စင် သခင်နှင့် ရဲဝံ့ခြင်း သူတော်စင် သခင်မှလည်း လျှို့ဝှက် နည်းပညာ များကို ထုတ်ပြလာ၏။

ဦးခေါင်း အထက်တွင် လမင်း တစ်စင်းနှင့် လျှပ်စီး လက်နေသော ရောင်ဝါများ လွင့်ထွက် သွားလေသည်။

ကျီးနက် သူတော်စင် သခင်က ရှေးဟောင်း သူတော်စင်ရူရ် အမြောက်အမြား ရေးထိုးသည့် အတောင်ပံ တစ်စုံကို ထုတ်ဖော်၏။

ဤစက္ကန့်ပိုင်း အတွင်းတွင် မြင့်မြတ်မြေ၏ တန်ခိုးကြီးသော အုတ်မြစ်ကို အပြည့်အဝ ပြသ လာကြသည်။

“ ဝှစ် ... ။ ”

အငွေ့အသက်များ ကြောက်စရာ ကောင်းလာကာ ရွှေပုဆိန်ဖြင့် ပစ်ပေါက်လိုက် တော့၏။

၎င်းက လမ်းကြောင်းပေါ်ရှိ နေရာလွတ်ကို ကွဲအက် သွားစေသည်။ ပုဆိန်တွင် လျှပ်စီးများ တဖျပ်ဖျပ် လက်လျက် လေခွင်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

၎င်းနှင့် နှိုင်းယှဉ်ပါက ရဲဝံ့ခြင်း သူတော်စင်သခင်၏ ဖြစ်စဉ်များသည်လည်း အားနည်းခြင်း မရှိခဲ့ချေ။

“ ရွှပ် ... ။ ”

သူ့လက်ချောင်းများ၌ ဓားအလင်းကို စုစည်းကာ ပစ်ထုတ်လိုက်၏။ မီးလျှံနှင့် ဓားတို့ ပေါင်းစပ်ကာ ပေတစ်ထောင်ကျော် ဓါးမော့ အလင်း ပျံထွက်လာသည်။

၎င်းဓါးရောင်ခြည်က လူသားဆန်သော အသွင်သဏ္ဍာန်အဖြစ် ပေါ်လွင်ပြီး ကောင်းကင် စက်ဝန်း ဘုံကျောင်းထံ အားယူ၏။

သုံးယောက်လုံးသည် ၎င်းတို့၏ ရောင်ဝါများကို ပေါင်းစပ်ကာ နယ်မြေတစ်ခု အသွင် ဖန်တီးထားသည်။

ကောင်းကင် ပညာရှင် သူတော်စင် သခင်က လေးနက်သော အမူအရာဖြင့်၊

“ ကောင်းကင် စက်ဝန်းဘုံကျောင်းက ကြောက်စရာ ကောင်းပေမယ့် ဒီလောက်လည်း မဟုတ်သေးပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ရဲဝံခြင်း သူတော်စင် သခင်နှင့် ကျီးနက် သူတော်စင် သခင်က မျက်လုံးများ မှေးစင်းသွား လေသည်။

“ မှန်ပါတယ် ... သူ့ဆီကနေ နတ်မီးတောက်ကို လုယူနိုင်မယ်၊ အခွင့်အရေး ရရင် ကောင်းကင် စက်ဝန်း ဘုံကျောင်း ကိုတောင် ယူနိုင်မယ်။ ”

“ သတိထားပါ ... ငါတို့ပြောနေတာ ကောင်းကင် စက်ဝန်း ဘုံကျောင်းပဲ။ ”

ကောင်းကင်တာအို ဂိုဏ်းကြီးသည် အရှေ့ဘက် ပျက်စီးမြေ၌ အသန်မာဆုံး ဖြစ်ခဲ့ရ သည်မှာ ဤရတနာကြောင့်လည်း ဖြစ်၏။

“ ရဲဝံ့ခြင်း သူဆော်စင်သခင် ပြောတာမှန်တယ်။ ”

ကောင်းကင်ဘုံ ပညာရှင်က ဟိုဟိုသည်သည် ကြည့်လိုက်ပြီး၊

“ တကယ်လို့ ငါတို့က အဲဒါကို မတားနိုင်ရင် ပြန်ဆုတ်ကြမယ်။ ”

-ဟု ခပ်တိုးတိုး ပြောကြားလိုက်၏။

ဤသည်မှာ ရက်စက်သော ဆုံးဖြတ်ချက် ပေပင်။ အုပ်စိုးရှင် သူတော်စင် လက်ရာကို တုပ ထားသည့် ရတနာများဖြင့် အန္တရာယ် ကင်းစွာ ထွက်ခွာသွားနိုင်၏။

သို့သော် သူတို့နှင့်အတူ လူမည်မျှ ခေါင်ဆောင်နိုင်မည်ကို နတ်ဘုရားများသာ သိပေမည်။

၎င်းတို့သည် လက်လောက်ခံ အခြားသော အင်အားစုများကို ဂရုမစိုက်နိုင်ဘဲ သူတို့ ဂိုဏ်းမှ သူတော်စင် အချို့ကိုပင် ထားခဲ့ရန် ဆန္ဒရှိ နေ၏။

“ ဒါပေမယ့် ဒီကလေးမလေးကို ... ထိန်းနိုင်ရင် ငါတို့ ရယူနိုင် ပါလိမ့်မယ် ... ဒါက အရင်းအမြစ်များစွာ ပါရှိတဲ့ ... ကောင်းကင် တာအို ဂိုဏ်းရဲ့ ရတနာပဲ။ ”

ဝမ်မူယန်ကို အေးစက်စွာ ကြည့်ပြီး ကောင်းကင် ပညာရှင် သူတော်စင် သခင်က လောဘ အရိပ်အမြွက် ပြသလာ၏။

သူတို့၏ လက်နက်များဖြင့် ပစ်ခတ်နေစဉ် ကာလအတွင်း အထက်ပါ ဆွေးနွေးချက်များကို ပြုလုပ် တွေးတောနေကြခြင်း ဖြစ်သည်။

သို့သော် ဝမ်မူယန်က လျစ်လျူရှုလျက် ဘုံကျောင်းနယ်မြေ အတွင်း ဝင်ရောက်သွား ခဲ့သည်။

“ ယဲ့ ချင်း ရှန် … ။ ”

ကြယ်မြစ် သူတော်စင် သခင်၏ ဒဏ်ရာများကုသပေးနေသော လင်းယွန် အမည်ကို လှမ်းခေါ်မိ၏။

လင်းယွန်က မော့မကြည့်ချေ။ ကြယ်မြစ် သူတော်စင် ဘုရင်ကို ဆက်၍ ကုသ နေခဲ့သည်။

“ နင် ငါ့ကို မကြည့်ချင်တော့ဘူးလား။ ”

ဝမ်မူယန်၏ အပြုံးတွင် ခါးသီးမှုဖြင့် အစားထိုးလာ၏။

“ စီနီယာ မင်းဒဏ်ရာတွေ ပြန်ကောင်းလာဖို့ အချိန်တစ်ခု ယူရလိမ့်မယ်။ ”

လင်းယွန်က ကြယ်မြစ် သူတော်စင်ကို ပြောကြားလိုက်သည်။ ၎င်းဒဏ်ရာများသည် နဂါးပြာ အစွမ်းကြောင့် အထူးကောင်းမွန် လာပြီဖြစ်၏။

ထို့ကြောင့် ချက်ချင်း ဖယ်ခွာလိုက်သည်။ မတော်တဆ တံဆိပ်ကို ချိုးဖျက်မိက ကြယ်မြစ် သူတော်စင် ဘုရင်၏ ကျင့်ကြံမှု ထွက်ပေါ်လာနိုင်မည်။

ယင်းသည် နတ်ဘုရား သင်္ချိုင်းတောင် အတွင်းမှ နတ်အာရုံကို ဆွဲဆောင်နိုင် သဖြင့် အသတ်ခံရ ပေမည်။

“ ငါ့ရဲ့ အခြေအနေကို ... ငါ ကောင်းကောင်းသိပါတယ် ... ငါ့လို သူတော်စင် ဘုရင်က မိန်းကလေး တစ်ယောက်ရဲ့ လှည့်ကွက်ထဲ မျောခဲ့ရတယ်။ ”

ကြယ်မြစ်သူတော်စင်က ရှက်ရွံ့စွာ ဆိုသည်။

“ ဒါက မျက်နှာတစ်ထောင် နတ်မိစ္ဆာ ပညာရပ်ပဲ။ ”

လင်းယွန်က အတိုချုံး ရှင်းပြ လိုက်သောအခါ လူတိုင်း အံ့သြသွား ကြသည်။ ဝမ်မူယန် မျက်နှာသည် မည်သည့် အခါမျှ ပြောင်းလဲခြင်း မရှိချေ။

ကြည့်ရှုသူ၏ ခံစားချက်ပေါ် မူတည်ပြီး ထင်ယောင်ထင်မှား ဖြစ်ခြင်းမည်၏။ ရလဒ် အနေဖြင့် လူတိုင်း၏ အမြင်၌ သူမမျက်နှာကို မတူညီသော အသွင်မျိုးဖြင့် မြင်ရပေမည်။

ဤနည်းလမ်းနှင့် ယောက်ျားများ၏ နှလုံးသားအပေါ် သိမ်းယူနိုင်ခြင်း ဖြစ်သည်။

“ အဲ့ဒီ မိစ္ဆာမ ... ။ ”

ကျိကျစ်ရှီက အံကြိတ်သည်။ နတ်ဖီးနစ် ကြေးမုံသည် ကောင်းကင်၌ပျံဝဲပြီး ဘုံကျောင်း စွမ်းအားကို တွန်းလှန်နေ၏။

ကြယ်မြစ် သူတော်စင်၏ ဒဏ်ရာကြောင့် ပေါ့ပေါ့ဆဆ တိုက်ခိုက်ရန် မဝံ့ချေ။ သူမသည် အခြားလူများနှင့်မတူဘဲ နတ်ဖီးနစ်တောင်၏ လက်အောက်ခံ တပ်ဖွဲ့များအပေါ် ခံစားချက် ရှိသည်။ ထိုလူများကို မထားခဲ့နိုင်ချေ။

“ နတ်မီးတောက် အတွက် တောင်းပန်ပါတယ်။ ”

ကြယ်မြစ် သူတော်စင်က အပြစ်ရှိစွာဖြင့် ခေါင်းငုံ့ထားသည်။

“ ဦးလေး ရှင်ဟဲ ... အဲဒီလို မလုပ်ပါနဲ့ အဖေက မင်းဘေးကင်းဖို့ပဲ မျှော်လင့်မှာသေချာ ပါတယ်၊ အနာဂါတ်မှာ ငါတို့ နောက်ထပ် နတ်မီးတောက် တွေ့နိုင်ပါသေးတယ်။ ”

“ ဒါပေမယ့် ဖြစ်နိုင်ခြေ နည်းတယ်။ ”

ကြယ်မြစ် သူတော်စင်က ခေါင်းယမ်း လိုက်သည်။ နတ်မီးတောက် တစ်ခု ရှာတွေ့ရန် မည်မျှ ခက်ခဲသည်ကို သူ သိ၏။

“ ဝူရှောင် ဘယ်မှာလဲ ... ။ ”

လင်းယွန်က သတိရသွားသည်။ နတ်တာအိုခန်းမသည် မြင့်မြတ်မြေ ခြောက်ပါး အနက်မှ တစ်ပါး ဖြစ်၏။

သူ့ သဘောထားသည် ဖော်ရွေသည်။ အကူအညီ ဖြစ်စေသည့် အုပ်စိုးရှင်လက်နက်မျိုး ၎င်း၌ ပါလာနိုင်၏။

“ ထွက်ပြေးသွားတာ ကြာပြီ။ ”

လီဖေးပိုင်က ဒေါသတကြီး ပြန်ဖြေသည်။

“ ငါသူ့ကို ကြည့်နေတယ် ... လူတိုင်းက သူတို့ရဲ့ အုပ်စိုးရှင် သူတော်စင် လက်ရာတွေကို ထုတ်ယူချိန်တည်းက ထွက်ပြေးသွားတာ။ ”

“ ဒီကောင် ဉာဏ်ကောင်းတယ်။ ”

လင်းယွန်က ပြုံးလိုက်သည်။

“ နင့်မှာ ... ပြုံးဖို့ အချိန်တွေ ရှိနေတုန်းပဲ။ ”

လီဖေးပိုင်က မျက်ခုံးပင့် လိုက်၏။

“ ဘာလို့ ... ငါတို့လည်း ထွက်မသွား ကြတာလဲ၊ လင်းယွန် ... နင် ငါတို့နဲ့ အတူ လိုက်နိုင်တယ် ... ။ ”

ကျိကျစ်ရှီက ပြောသည်။ နတ်ဖီးနစ် တောင်သည် နတ်မီးတောက်ကို အခြားလူ များထက် ပိုလိုအပ်၏။

ထို့ကြောင့် သူမ၏ဆုံးဖြတ်ချက်မှာ လင်းယွန်ကို အံ့သြသွားစေသည်။

“ တကယ် ထွက်သွားချင်လို့လား။ ”

လင်းယွန်က မေးသည်။ ကျိကျစ်ရှီ မဖြေခင် လီဖေးပိုင်က ပြုံးပြီး၊

“ ဟုတ်တယ် ... သူက နင်သေသွားမှာ ကြောက်နေတယ် နတ်ဖီးနစ် ကြေးမုံနဲ့ နင့်ကို ပြန်ခေါ် သွားချင်နေတာ။ ”

-ဟု ဝင်ပြော လိုက်၏။

ထိုစကားကြောင့် ကျိကျစ်ရှီက ရှက်ရွံ့သွားကာ၊

“ နတ်မီးတောက် တွေက ငါတို့အတွက် အရေးကြီးပေမယ့် အသက်ပေးရတဲ့ အထိလည်း မလိုသေးပါဘူး။ ”

-ဟု ငြင်းဆန်လိုက်၏။ လင်းယွန်က ခေါင်းခါလိုက်ပြီး၊

“ ဒါက မလွယ်ဘူး ... ယင်းမြစ် ဘုရင်နဲ့ ကျောက်တျန်းယွီက ငါတို့ကို ခွင့်ပြုမယ်လို့ မင်း ထင်လား။ ”

ထိုနှစ်ယောက်ကို သူမတို့ မေ့နေမိ၏။

“ ပြီးတော့ ... ငါတို့မှာ ပြန်ယူရန် အခွင့်အရေး မရှိဘူးလို့ ... ဘယ်သူ ပြောလဲ။ ”

လင်းယွန်က ခေါင်းမော့ပြီး ဝမ်မူယန်ကို ကြည့်လိုက်သည်။ ဤနေရာမှ လူတိုင်းသည် သူ့မှလွဲ၍ ထွက်သွားနိုင် သည်ဟု ထင်နေ ကြ၏။

သူ့တွင် ဝှက်ဖဲ မရှိဟု ထင်နေကြသည်။ ထိုအချိန်တွင် မြင့်မြတ်မြေ သုံးပါး၏ အုပ်စိုးရှင် ရတနာများက ဘုံကျောင်းပေါ် ကျရောက် သွား၏။

“ ဝုန်း ... ။ ”

မီးနဂါး တောင်ကြား တစ်ခုလုံး ပြိုကျလာကာ ပျက်စီးနေသော မြင်ကွင်းတစ်ရပ် ပေါ်လာသည်။

“ ငါတို့ အဲဒါကို တားနိုင်ခဲ့ပြီ ... ။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ဤမြင်ကွင်းကြောင့် ရွှင်မြူးလာခဲ့ လေသည်။

သူတို့၏ အုပ်စိုးရှင် သူတော်စင် ရတနာ သုံးပါးက ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ပြန်လည် တွန်းထုတ် ထားနိုင်၏။ ထွက်ပြေးစရာ မလိုတော့ချေ။

“ ဟား ဟား ဟား ... ဒီကောင်မလေးက အရမ်းငယ်သေးတယ်။ ”

ကျီးနက် သူတော်စင် ဘုရင်က အတောင်ပံများ ထုတ်ခတ်ကာ ကောင်းကင်သို့ ပျံတက်ပြီး ရွှေပုဆိန်ကို ပြန်ဆွဲယူလိုက်၏။

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က ဆေးမီးအိုးကို ဖမ်းယူလျက် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်ဖက်တွင် ရဲဝံ့ခြင်း သူတော်စင် သခင်သည်လည်း ဓါးမော့ကို ထပ်မံခုတ်ပိုင်း ချလိုက်သည်။

ဤအဆင့် တိုက်ပွဲတွင် အားနည်းချက် ပြသခြင်းဖြင့် သေဆုံးနိုင်မည်။ သုံးယောက်သား လက်နက်များ ဖမ်းယူလျက် ပြေးဝင်လာလေရာ ဝမ်မူယန်က ဒေါသထွက်လာ၏။

“ နင်တို့ သုံးယောက် သတ္တိရှိလား။ ”

သူမ အာရုံက လင်းယွန်ထံ ရောက်နေ သည်ကို အခွင့်အရေး ယူချင်နေ၏။ ဆံပင်များ ရှည်ရှည်မားက ရေတံခွန်ကဲ့သို့ တဖျပ်ဖျပ် လွင့်မျောလာသည်။

“ ဘာလို့ မဝံ့ရမှာလဲ ... ငါတို့ သူတော်စင် ဖြစ်လာတဲ့ အချိန်မှာ ... အသက်နဲ့ သေခြင်းကို အကြိမ်ကြိမ် ရင်ဆိုင်ဖူးတယ် ဂရုစိုက်စရာ မရှိပါဘူး။ ”

“ ကောင်းကင် စက်ဝန်း ဘုံကျောင်းက အချိန်-အာကာသ ရတနာပဲ မင်းလို မိန်းကလေး တစ်ယောက် ... ပိုင်ဆိုင်သင့်တဲ့ အရာ မဟုတ်ဘူး။ ”

ကျီးနက် သူတော်စင် သခင်နှင့် ဟွာကျင်းယွီက တုန့်ပြန် ပြောကြားလိုက်၏။ သို့သော် ဝမ်မူယန်က ရုတ်တရက် ရယ်မော လိုက်လေသည်။

“ ဟား ဟား ဟား ... နင်တို့တွေ စိတ်ပျက်မှာကို ကြောက်မိတယ် ... ကောင်းကင် စက်ဝန်းဘုံကျောင်း ဆိုတာ ရှေးဦးခေတ်က သွေးလဂိုဏ်းရဲ့ ရတနာပဲ၊ ...

... အဲဒီတုန်းက ငါတို့ရဲ့ ကြက်သွေးရောင် လမင်းက အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံးကို ဖုံးလွှမ်းထားတယ် ... လူတိုင်းရဲ့ အသက်နဲ့ သေခြင်းက ငါတို့လက်မှာ။ ”

***

All Chapters