← Chapters

ငါတို့ သိုင်းမောင်နှစ်မတွေ မဟုတ်တော့ဘူး။

Vol. 163 Ch. 2276

ငါတို့ သိုင်းမောင်နှစ်မတွေ မဟုတ်တော့ဘူး။

Vol. 163 Ch. 2276

ဝမ်မူယန်၏ ကြီးစိုးသော လေသံကြောင့် သူတော်စင်သခင် သုံးယောက်ခမျာ မျက်နှာများ ပြောင်းသွားခဲ့သည်။

ဤသည်မှာ လျှို့ဝှက်ထားသော သမိုင်းတစ်ခု ဖြစ်ပြီး ဝမ်မူယန် ပြောခဲ့သည်မှာ အမှန်ဖြစ်၏။

ခွန်လွန်၌ နတ်နဂါးအင်ပါယာ မထူထောင်နိုင်မီ နှစ်ပေါင်း (၃၀၀၀) အကျော်က သွေးလဂိုဏ်းသည် မြင့်မြတ်မြေ ဖြစ်၏။

၎င်းတို့၏ ဂိုဏ်းချုပ်မှာ နတ်ဘုရား နယ်ပယ်တက်လှမ်းရန် နီးစပ်သူ တစ်ဦးပေပင်။ သွေးဘုရင် အဖြစ် နာမည်ကြီးသည်။

နတ်ဘုရားများကို ပြိုင်ဆိုင်ရန် ခွန်အားရှိသည်ဟု ဆိုခြင်းသည် ချဲ့ကားခြင်း မဟုတ်ချေ။

ဧကရာဇ်ကိုးပါး ကျော်ကြားလာသော အခါ၌ပင် သွေးဘုရင်ကို မသတ်နိုင်ခဲ့သည်မှာ သာဓက ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင် တာအို ဂိုဏ်းသည် သွေးလဂိုဏ်းနှင့် အပြိုင် ဖြစ်၏။ နတ်ဖီးနစ်တောင် မှာမူ သွေးလဂိုဏ်း၏ လက်အောက်ခံ ဖြစ်ခဲ့သည်။

ထိုခေတ်သည် သွေးလဂိုဏ်းကို ဦးညွှတ်ရန် မှတပါး ရွေးချယ်စရာ မရှိသော အမှောင်သမိုင်း ဖြစ်သည်။

“ ဘယ်လို မာနကြီးတဲ့ လေသံလဲ ... နင်တို့လို ကြွက်တွေကို ... ဒီနေ့ ငါရှင်းမယ်။ ”

ကောင်းကင်ဘုံ ပညာရှင် သူတော်စင် သခင်က နေနှင့်လကို ယင်ယန် ပုံသဏ္ဍာန်မျိုး ဖွဲ့စည်းကာ ခြေနင်းပြား လုပ်လိုက်သည်။

“ ဝှစ် ... ။ ”

မျက်ဝန်းအတွင်း နေနှင့်လတို့ ပေါ်လာသည်နှင့် နေလဆေးအိုးကို ဝမ်မူယန်ထံ ပစ်ချပေါက် လိုက်တော့၏။

“ ဖရူး ... ။ ”

ကျီးနက် သူတော်စင် သခင်က အတောင်ပံများ ခတ်လျက် ရွှေပုဆိန်ဖြင့် ခုတ်ပိုင်း လိုက်သည်။ ရဲဝံ့ခြင်း သူတော်စင် မှလည်း နောက်ကျန်ခြင်း မရှိခဲ့ချေ။

ဝမ်မူယန်က သူ့လက်များကို လေထဲ စက်ဝိုင်းပုံ ရေးဆွဲလိုက်ပြီး ဓါးရောင်ခြည်များ ဖြာထွက် စေခဲ့၏။

အချိန် တံဆိပ်တစ်ခု ပွင့်လာကာ လျူယွင်လန်၏ ဓါးရောင်ဝါကို အဆက်မပြတ် ဝါးမျိုတော့သည်။

ဤသည်မှာ အဆုံး မဟုတ်သေးချေ။ နောက်ထပ် အာကာသ တံဆိပ် တစ်ခု ပေါ်လာ ခဲ့ပြန်၏။ နေလ ဆေးအိုးသည် ထိုအာကာပြင် လှိုင်းဂယက်များကြား ညှပ်ကာ ရပ်သွားသည်။

“ ဟိတ် ... ။ ”

ဝမ်မူယန်က ခြေဖျားဖြင့် လေဟာနယ်ကို နင်းကာ ကျန်ရှိနေသော ရွှေပုဆိန်ကို ရှောင်ရှား လိုက်တော့၏။

ကျီးနက် သူတော်စင်၏ ရွှေပုဆိန်သည် နဂါးဝိညာဉ် ပညာရပ်ကို ပုံဖော်လာခြင်း ပေပင်။ တိုက်ခိုက်မှု တိုင်းသည် ကြောက်မက်ဖွယ် ကောင်းပြီး မီးနဂါးတောင်ကြားကို တုန်ဟည်းစေ၏။

သို့သော် ဘုံကျောင်း၏ အချိန်-အာကာသ ဒိုမိန်းကို အားကိုးပြီး ဝမ်မူယန်က အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

“ ဟမ့် ... ဒီကောင် ဘာလာပြန်လုပ်တာလဲ။ ”

လီဖေးပိုင်က ရုတ်တရက် အံသြသွား၏။ ဝူရှောင်က နတ်တာအိုခန်းမကို ဦးဆောင်လျက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရောက်လာသည်။

၎င်းတို့နောက်တွင် ကျိုင်းကောင်များ ကဲ့သို့ များပြားလှသော အလောင်းကောင် စစ်တပ်ကြီး ပါလာ၏။

“ သူတော်စင် အလောင်းကောင်တွေ။ ”

မီးနဂါး တောင်ကြားရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သူတော်စင် နတ်ဆိုး အလောင်း တစ်လောင်းသည် ဤနေရာရှိ သူတော်စင် ဆယ်ပါးကို အလွယ်တကူ ရင်ဆိုင်နိုင်၏။

အလောင်းကောင်ပေါင်း အနည်းဆုံး ထောင်ဂဏန်းခန့်ရှိသည်။

“ ဒါ ... ။ ”

“ ဒီလောက်များတဲ့ သူတော်စင် အလောင်းတွေ သူတို့ ဘယ်က ရလာတာလဲ ... ။ ”

လူတိုင်း အံသြသွား ကြသည်။ ထိုမြင်ကွင်းကို လင်းယွန်က မျက်မှောင်ကြုတ် ကြည့်မိ၏။ ထိတ်လန့်ခြင်း မရှိချေ။

ကျီးဘုရင်ထံမှ အလောင်းကောင် များ၏ ခွန်အား ကွာခြားပုံ အကြောင်း မေးမြန်းထားပြီး ဖြစ်သည်။ အသိဉာဏ်ရှိသော အလောင်းများ ကိုသာ ကြောက်ရွံ့ရန် လို၏။

ယင်းကို မျက်လုံးများ ကြည့်ကာ အလွယ်တကူ ခွဲခြားနိုင်သည်။

“ ဝိညာဉ် နတ်မိစ္ဆာတွေက သူတို့ရဲ့ အလောင်းတွေ အားလုံးကို ခေါ်လာတာလား။ ”

ဤမျှလောက် များပြားသော နတ်ဆိုး အလောင်းကောင်များကို ယူဆောင်လာခြင်းဖြင့် ဝိညာဉ်နတ်မိစ္ဆာ မိသားစု၏ အခြေခံအုတ်မြစ်ကို အနည်းငယ် အားနည်းစေမည် ဖြစ်သည်။

၎င်းတို့ အနိုင်ရခဲ့ လျှင်ပင် အလောင်း စစ်တပ်၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ဆုံးရှုံးသွား နိုင်မည်။

လီဖေးပိုင်က သူ့ခေါင်းကို ခါလိုက်ပြီး၊

“ သူတို့ အားလုံးကို ခေါ်လာတာက အရေးမကြီးပါဘူး ... သတိထားရမှာက သက်ရှိ အလောင်းအဖြစ် သန့်စင် မခံရဖို့ပဲ၊ ...

... တကယ်တော့ နတ်မီးတောက်က အရှေ့ဘက် ပျက်စီးမြေရဲ့ သူတော်စင် အားလုံး ဒီကိုရောက်လာစေဖို့ သုံးထားတဲ့ ငါးစာ တစ်ခု ဖြစ်နိုင်တယ်။ ”

လင်းယွန်အကြည့်က နတ်တာအိုခန်းမ အပေါ် ကျရောက်သွား၏။ အလောင်းကောင်း များနှင့် ၎င်းတို့ကို ပြန်လည် ကြုံးသွင်းခဲ့ခြင်း ဖြစ်ပေမည်။

“ နိဗ္ဗာန် နယ်မြေရဲ့ ပြင်ပမှာဆိုရင် ... ဒီလောက်များတဲ့ သူတော်စင်တွေရဖို့မလွယ်ဘူး မင်းရဲ့ အကြံအစည်က ပြီးပြည့်စုံပါပေတယ်။

ယင်းမြစ်ဘုရင်က ရိုသေစွာ ပြောကြား လိုက်သည်။ ကျောက်တျန်းယွီက သူတော်စင် သခင် သုံးပါးနှင့် မျက်နှာချင်း ဆိုင်နေသော ဝမ်မူယန်ထံ ငေးကြည့်နေ၏။

အချိန်-အာကာသ ဒိုမိန်းအတွင်း သူတော်စင်သခင် သုံးပါးကို ဆွဲငင်ကာ ရယ်မော သူမ ကြီးစိုးနေသည်။ စိုးရိမ်စရာ မလိုချေ။

“ အချိန်က အုပ်စိုးပြီး ... အာကာသက ဘုရင်ဖြစ်တယ် ... ဘုံကျောင်းနဲ့အတူ ... ငါက ပြိုင်ဘက်ကင်းပဲ။ ”

ဝမ်မူယန်၏ ကြွေးကြော်သံကြောင့် သူတော်စင် သခင် သုံးပါးမှာ ချောက်ချားဖွယ်ရာ သွေးအန် လွင့်စဉ်သွား၏။

“ နင်တို့ ... အားလုံး ဒီမှာနေ။ ”

မျက်လုံးများ အတွင်း ကြက်သွေးရောင် လမင်းထွက်ပေါ်လာပြီး ကောင်းကင် စက်ဝန်း ဘုံကျောင်းက လှည့်ပတ်လာသည်။

“ မကောင်းတော့ဘူး ... သူက ငါတို့ကို တောင်ကြားမှာ ပိတ်ထားချင်နေတာ ဒါက ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ။ ”

ဘုံကျောင်း၏ ဖိအားကို ခုခံလျက်မှ သူတော်စင် သခင် သုံးပါး၏ မျက်နှာများ ပြောင်းသွားသည်။

တစ်ဖက်တွင် ဝမ်မူယန်သည် ၎င်းတို့ သုံးဦးနှင့် ယှဉ်သော် စိတ်အေးလက်အေး ရှိနေ ခဲ့၏။

ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင် သည်လည်း အနားတွင် ရှိနေသဖြင့် သူတော်စင် သခင် သုံးပါးအတွက် ရုန်းထွက်ရ ခက်ခဲပေ လိမ့်မည်။

စိတ်ပျက်အားငယ်မှုက လူတိုင်း၏ နှလုံးသားကို ဖုံးလွှမ်းလာသည်။ ဝမ်မူယန်က နတ်ဖီးနစ်တောင်ထံ ဝေ့ကြည့်၏။

သူမက နတ်ဖီးနစ် ကြေးမုံကို အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူမ တွေ့ချင်နေသူ တစ်ယောက်လည်း ရှိ၏။

ကောင်းကင်၌ ပျံဝဲနေသော ကြေးမုံသည် ဘုံကျောင်း၏ ဖိအားကို ခံနိုင်ရည် ရှိသော်လည်း တုန့်ပြန် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ချေ။

“ မင်းသမီးလေးကို ရင်ဆိုင်ရမယ့် အချိန်ပဲ။ ”

ဝမ်မူယန်က လက်ဝှေ့ယမ်းကာ ဘုံကျောင်းကို နတ်ဖီးနစ် တောင်တန်းထံ လမ်းညွှန်ပြ လိုက်၏။

သူတော်စင် သုံးပါးနှင့် အုပ်စိုးရှင် ရတနာများမှာ လွင့်စဉ်ကုန်သည်။ ၎င်းတို့ထက် နတ်ဖီးနစ် ကြေးမုံကို ပိုစိတ်ဝင်စား၏။

“ ဖြန့် ခွဲ လိုက် ... ။ ”

ဝင်လာသော ဘုံကျောင်းကို ခုခံလျက် ကျိကျစ်ရှီက နောက်ပြန်ဆုတ် လိုက်လေသည်။ နတ်ဖီးနစ် ကြေးမုံမှာ ဖိအားကို ခံနိုင်ရည် မရှိသလောက် ပေပင်။

“ နတ်ဖီးနစ် ကြေးမုံနဲ့ ပတ်သက်ပြီး အထင်ကြီးစရာ ဘာမှလည်း မရှိပါဘူး ... ။ ”

မျက်နှာပျက်ယွင်းနေသော နတ်ဖီးနစ် တောင်ထံကြည့်ကာ ဝမ်မူယန်ကပြုံးသည်။ သူမ လျှောက်လှမ်း လိုသော အခါတွင် ဓားအလင်း ရောက်ရှိလာသဖြင့် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်လိုက်မိ၏။

ဤသည်မှာ လင်းယွန်ထံမှ လာခြင်း ဖြစ်သည်။

“ ယဲ့ ချင်း ရှန် ... ။ ”

စိတ်မဆိုးဘဲ ပြုံးပြီး နှုတ်ဆက်လိုက်သည်။

“ မတွေ့တာ ကြာပြီနော်။ ”

လင်းယွန်က ခေါင်းညိမ့်လျက် တည်ငြိမ်စွာ ပြန်လည် နှုတ်ဆက် လိုက်သည်။ လီဖေးပိုင်က ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွား၏။

သွေးလဂိုဏ်း၏ နတ်သမီးနှင့် လင်းယွန်သည် မိတ်ဆွေများပင်လော။ ထိုသို့ ဆိုက ကြောက်စရာ ကောင်းပေမည်။ သို့သော် မကြာမီ ထူးခြားမှုတစ်ခုကို သူမ သတိပြုမိ လိုက်၏။

၎င်းတို့နှစ်ဦးကြား လေထုသည် ထူးခြားချေပြီ။ နှုတ်ဆက် ပြုံးပြနေသော်လည်း အချိန်မရွေး တိုက်ပွဲအဖြစ် ပြောင်းသွားနိုင်၏။

ဝမ်မူယန်က သက်ပြင်းချကာ၊

“ အစ်ကိုကြီးယဲ့ ... နင်က အရင်လို အေးစက်နေတုန်းပဲ ... ကောင်းကင်စက်ဝန်း ဘုံကျောင်းထဲမှာ ငါတို့အတူတူ လေ့ကျင့်ခဲ့ တာကို လွမ်းဆွတ်မိပါတယ်။ ”

“ အတိတ်ကို ပြောစရာ မလိုပါဘူး ... ကိုးရက်နေ့ ပြီးထဲက ငါတို့ သိုင်းမောင်နှမတွေ မဟုတ်တော့ဘူး ... မင်းက သွေးလဂိုဏ်းရဲ့ ဝမ်မူယန် ... ငါက ပန်းသင်္ချိုင်း။ ”

သူတော်စင် သခင် သုံးပါးကို သူမ မည်သို့တိုက်ခိုက်ခဲ့သည်ကို မြင်ထားသဖြင့် လင်းယွန်က မပေါ့ဆဝံ့ချေ။

“ အစ်ကိုယဲ့ နင်ငါ့ကို တားနိုင်မယ်လို့ ထင်လား ... အစ်ကိုယဲ့က ထက်မြက်တဲ့ လူပါ ... ငါ နတ်မီးတောက်ကို ရပြီးတာတောင် ... ထွက် မသွားတာကို ကြည့်ရင် သိသင့်တယ်။ ”

ဝမ်မူယန် မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။ လင်းယွန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

သူ့လက်တွင် ဝမ်မူယန်နှင့် တူညီသော တံဆိပ်များ ဖွဲ့စည်းထား ရှိသည်။ သည့်နောက် အချင်းချင်း စိုက်ကြည့် နေမိကြ၏။

***

All Chapters