မင်းရဲ့ ပြိုင်ဘက်က ငါပဲ။
Vol. 163 Ch. 2278
ထွက်ပြေးသွားသော မြင့်မြတ်မြေ (၃)ပါးထံသို့ ဝမ်မူယန်က လှောင်ပြုံးဖြင့် တစ်ချက် ကြည့်သည်။
လင်းယွန်သည်လည်း ထိုမြင်ကွင်းကို သတိထားမိပြီး မျက်နှာ အနည်းငယ် ပြောင်းလဲ သွား၏။
“ လင်းယွန် ... မြင့်မြတ်မြေ သုံးပါး ထွက်ပြေးနေပြီ နင် ဆက်တိုက်ချင်သေးလား။ ”
ဝမ်မူယန်က လင်းယွန်ကို ကြည့်ကာ မေးသည်။
“ သူတို့ပြေးတာ ငါနဲ့ ဘာဆိုင်လဲ ... ငါသူတို့ကို မသတ်ခင် ထွက်ပြေးသွားတာ သနားစရာပါပဲ။ ”
ထိုစကားကြောင့် ဝမ်မူယန်က ပြုံးသည်။ အတိတ်တွင် လင်းယွန်၏ ဤသို့ မောက်မာမှု များက ချစ်စရာကောင်းခဲ့ သည်ကို ပြန်သတိ ရလာ၏။
“ နင်က ကောင်းကင် တာအိုဂိုဏ်းမှာ ရှိတုန်းက အတိုင်းပါပဲ ... ဒုက္ခတွင်းထဲမှာတောင် အမြဲမောက်မာတတ်တဲ့ ကောင်လေး။ ”
“ ငါဘယ်တော့မှ မမောက်တာကို မင်းသတိရ သင့်တယ်။ ”
“ ဟမ့် ... နင်ငါ့ဆီက လက်ဖဝါး သုံးချက် ထိမှန်ပြီးပြီ၊ ငါသာ ထိန်းမထားခဲ့ရင် အခုအချိန် ဒဏ်ရာ ကြီးကြီးရ နေလိမ့်မယ်။ ”
“ ငါရော ... မင်းကို လွယ်လွယ်နဲ့ လွှတ်ထားတာလို့ မထင်ဘူးလား။ ”
နတ်မီးတောက် ရှာရန် လင်းယွန်က သူ့အာရုံကို နှစ်ပိုင်းခွဲ ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဒဏ်ရာသည် မပြောပလောက်ချေ။
ဤနေရာ၌ ကျောက်တျန်းယွီနှင့် ယင်းမြစ် ဘုရင်ရှိနေသည်။ ထို့ကြောင့် ခွန်အားကို အပြည့် မသုံးခြင်းလည်း ဖြစ်၏။ ဤအရာ ဝမ်မူယန် သိသင့်သည်။
“ နင် ... ဒီလောက်အထိ သွားဖို့ လိုလို့လား။ ”
နော်ကဆုတ်ရန် ရည်ရွယ်ချက် မရှိသော တစ်ဖက်လူကြောင့် ဝမ်မူယန် တစ်ယောက် ဒေါသ ထွက်လာခဲ့သည်။
သမသည် နှစ်ကြိမ် တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ညှာတာပေးခဲ့သော်လည်း ကျေးဇူးတင်ရကောင်းမှန်း မသိချေ။
“ ဝှစ် ... ။ ”
ခွန်အားအပြည့်ဖြင့် သွေးလနတ်ကျမ်းကို အသက်သွင်းကာ လက်ဖဝါး တစ်ချက် ရိုက်ချ မိသည်။ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါတစ်ခု လွင့်စင် သွား၏။
အရှိန်အဟုန်ဖြင့် လေဟာနယ် အတွင်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အားနည်း လွန်းသည့် သူတော်စင် သခင်များကို အဝေးသို့ လွင့်စဉ်ဖယ်ရှားပစ်၏။
ဤတိုက်ခိုက်မှုသည် မည်မျှ အစွမ်းထက်သည်ကို မည်သူမဆို ပြောပြနိုင် ချေပြီ။ လင်းယွန်က အသက်ပြင်းပြင်းရှူကာ ခန္ဓာကိုယ်အတွင်းမှ နဂါးသွေးများ လောင်ကျွမ်း စေပြီး သူ့ရင်ဘတ်ရှိ မပြည့်စုံသော မိုးပြာနဂါး နတ်ရူရ်ကို အသက်သွင်းသည်။
“ ဂျိန်း ... ။ ”
မိုးကြိုးမုန်တိုင်းများ မြည်ဟည်းလျက် ကောင်းကင်နှင့်မြေကြီး ယိမ်းထိုးလာကာ နဂါး ဟောက်သံများ ကြားလိုက်ရ၏။
အဝတ်အစားများ တဖျပ်ဖျပ် လွင့်ကာ အသက်ရှင်လာသော နတ်နဂါး တစ်ကောင်လို ကြီးစိုးလာသည်။
မျက်လုံးများ၌ လျှပ်စီးများ လက်လျက် ပြင်းထန်သော ရောင်ဝါတစ်ခုက ဆံပင်များကို လေထဲတွင် လွင့်စေခဲ့သည်။
“ ဝှစ် ... ။ ”
ဓားနှစ်လက်ဖြင့် နဂါးသွေး ပေါင်းပြီး လက်သီးကို ပြန်လည် တွန်းထုတ်လျက် ရင်ဆိုင် ပစ်လေသည်။
လေဟာနယ် တုန်ခါဟည်းလာကာ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးကြီး တစ်ခု ပျံ့လွင့်သွားသည်။
ထို့နောက်တွင် ဝမ်မူယန် တစ်ယောက် မည်သို့ပင် တိုက်ခိုက်စေကာမူ လင်းယွန်က နောက်မဆုတ်တော့ချေ။
လှုပ်ရှားမှု ဆယ်ကြိမ်ပြီးနောက် လင်းယွန်ခြေဖဝါး အောက်ရှိ မီးနဂါးအရိုးစုက တုန်ခါလာသည်။
“ ဒါ ... ။ ”
ဝမ်မူယန်က လင်းယွန်ထံ လက်ဖဝါး တစ်ချက် ပေးပို့လျက်မှ တစ်ဖက်လူအပေါ် အံဩနေခဲ့သည်။
“ ငါမင်းကို ပြောခဲ့တယ် မဟုတ်လား ငါဘယ်တော့မှ မကြွားဘူး။ ”
လင်းယွန်က ပေါ့ပေါ့ပါးပါး ပြောကြား လိုက်၏။
“ ဒီလောက်လည်း ပျော်မနေပါနဲ့ ... ငါ့ခွန်အားရဲ့ (၃၀%)တောင် မသုံးရသေးဘူး။ ”
ဝမ်မူယန်တစ်ယောက် လေးနက်မိသည်။ ချန်မနေတော့ဘဲ ကြက်သွေးရောင် ရောင်ဝါကို အဆုံးထိ မြှင့်တင်လိုက်၏။
သူမ ဆံပင်များ တဖျပ်ဖျပ် လွင့်လာစဉ် လက်ဖဝါးတစ်ချက် ထုတ်သည်။ သွေးပင်လယ် အတွင်း လမင်းတစ်စင်း ထွက်လာ၏။
“ ဟိတ် ... ။ ”
လင်းယွန်က လက်သီးဖြင့် ပြန်၍ ဟန့်တားလိုက်ပြီး မီးနဂါး၏ ဦးခေါင်းခွံပေါ် ဆင်းသက်တော့သည်။
ခြေချမိသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးများ ထွက်ပေါ်လာကာ လူတိုင်းကို ထိတ်လန့်သွားစေ၏။
မြင့်မြတ်မြေ၏ သူတော်စင် သုံးပါးက ပြန်လှည့်ကြည့်လာသည်။ မြင်ကွင်းက သူတို့၏ ဦးရေပြားများကို ထုံကျင်သွားစေသည်။
ဝမ်မူယန်သည် အစွမ်းထက်လွန်း၏။ ဤသို့ထွက်ပြေးရန် ရွေးချယ်မှုသည် ပညာရှိ ရွေးချယ်မှု ဖြစ်ကြောင်း နားလည်လိုက်သည်။
“ နင် ... ဘာပြောစရာ ရှိသေးလဲ။ ”
ဝမ်မူယန်က လက်ဖဝါးကို အောက်သို့ ဖိချလိုက်၏။ လင်းယွန်က ဂရုမစိုက်ချေ။ ပြုံးပြီး၊
“ ငါ နောက်ဆုတ်ခဲ့တယ် ထင်နေတာလား။ ”
-ဟု ပြန်မေးလိုက်သည်။
အစောပိုင်း ယှဉ်ပြိုင်မှု အတွင်း တစ်ဖက်လူသည် မူလနေရာမှ ခြေတစ်လှမ်းမျှ မဆုတ်ခဲ့ကြောင်း ဝမ်မူယန်က သတိရသွား၏။
လင်းယွန်၏ ခရမ်းရောင် နန်းတော် အတွင်း၌ သူတော်စင် ရောင်ဝါများသည် နဂါး-ဖီးနစ်ကမ္ဘာဖျက် ဆေးအိုးကို လွှတ်ပေး လိုက်လေသည်။
ကြမ်းကြုတ်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ပြည့်စေပြီး၊
“ ပြန်သွား ... ။ ”
-ဟု အော်ဟစ်လိုက်၏။
ဤလက်သီးချက်က ဝမ်မူယန်ကို နောက်ပြန်တွန်းလိုက်ပြီး မြေပြင်ပေါ် ခြေချမိ ချိန်၌ ခြေသုံးလှမ်း ဆုတ်ခွာစေသည်။
ဤတစ်ကြိမ်တွင် ဝမ်မူယန်သည် အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားသွား၏။ အမည်ခံ သူတော်စင် နယ်ပယ်ဖြင့် သူမကို မည်သို့ တွန်းထုတ်နိုင်ခဲ့သည်မှန်း နားမလည် နိုင်တော့ချေ။
“ နေ-လ စက်ဝန်း ... ။ ”
သို့သော် ရှုံးနိမ့်မှုကို ဝန်ခံရန် ဆန္ဒမရှိ သောကြောင့် နဂါးနေလ တံဆိပ်၏ နောက်ဆုံး ပုံစံကို ထုတ်ပြခဲ့သည်။
ဤသည်မှာ နေနှင့်လ သံသရာကဲ့သို့ မဟုတ်ဘဲ စစ်မှန်သော ကမ္ဘာကြီးကို ထင်ရှား စေသည့် လှုပ်ရှားမှု ဖြစ်သည်။
ဤကမ္ဘာကြီးတွင် အုပ်စိုးရှင်သည် သူမဖြစ်၏။ အရှိန်အဝါများက အချိန်နှင့်အမျှ မြင့်တက်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်း ဆယ်နှစ်ကျော် ကုန်လွန်ပြီး စတုတ္ထ အဆင့် သူတော်စင်သခင် ရောင်ဝါတစ်ခု ထွက်ပေါ်လာ၏။
အချိန်တာအို ဖြစ်သောကြောင့် ဤမြင်ကွင်းက လင်းယွန်ကို စိတ်ဝင်စားလာစေ ခဲ့သည်။ မယုံနိုင်စရာ ပေပင်။
“ စိတ်ဝင်စားဖို့ ကောင်းတယ် မင်းက မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ ဒါပေမယ့် မင်းရဲ့ ပြိုင်ဘက်က ... ငါဖြစ်နေလို့ စိတ်မကောင်းပါဘူး။ ”
လင်းယွန်ကလည်း ပုံစံတူ ဖွဲ့စည်းကာ ၊
“ ကောင်းကင်နဲ့ မြေကြီး ပေါင်းစည်းခြင်း။ ”
-ဟု အော်ဟစ်လိုက်၏။
ဓားပင်လယ် အတွင်း နေနှင့်လ ထွက်ပေါ်လာ၏။ ၀တ်ရုံတစ်ခုလုံး ရွှေရောင်နှင့် ငွေရောင်များ ဖြာထွက်နေသည်။ နတ်နဂါး တစ်ကောင် ကျောပြင်၌ ပေါ်လာ၏။
နဂါးငွေ့တန်းများက လက်မောင်းကို ဖဲကြိုးများကဲ့သို့ ရစ်ပတ်ကာ လေထဲဝဲပျံသည်။ ဝမ်မူယန် လက်ဖဝါး သူ့အပေါ် ကျရောက် တော့မည့် အချိန်တွင် ဓားအလင်းဖြင့် တောက်ထုတ်လိုက်၏။
“ ရွှပ် ... ။ ”
နဂါးငွေ့တန်းများဖြင့် ဖွဲ့စည်းထားသော ဖဲကြိုးများက ဖွေးခနဲ လွင့်သွား၏။ ကောင်းကင် ပေါ်တွင် ပြိုးပြိုးပြက်ပြက် အလင်းများ ထွက်ပေါ်လာသည်။
ခြေဖဝါးအောက်ရှိ မီးနဂါး ဦးခေါင်းသည် ပြန်လည် အသက် ဝင်လာတော့မည့် အသွင် လှုပ်ရှားလာ ပြန်၏။
“ ဝုန်း ... ။ ”
စွမ်းအင် ပေါက်ကွဲမှု ဖြစ်ပေါ်လာကာ ဝမ်မူယန် တစ်ယောက် လွင့်စဉ် ပျံသန်းသွား ခဲ့သည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
လီဖေးပိုင်က နားမလည်နိုင်စွာ မျက်ခုံးပင့်လေသည်။ ဤသည်မှာ သူမ အတွက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်၏။
“ ဒါ ပန်းသင်္ချိုင်းလား ... ။ ”
အရှေ့ဘက် ပျက်စီးမြေမှ ကျင့်ကြံသူများက ဤမြင်ကွင်းကို ကြည့်ပြီး ဦးရေပြားများ ထုံကျင် ကုန်သည်။
“ ဒါ ... ပန်းသင်္ချိုင်းပဲ။ ”
ကျိကျစ်ရှီက ဘုံကျောင်းကို တွန်းလှန်နေရာမှ စိတ်လှုပ်ရှား သွားလေသည်။ သူမသည် ငယ်ရွယ်သေး သောကြောင့် ကြေးမုံကို ထိန်းချုပ်ရာ၌ ဖိအားရှိ၏။
ထို့ကြောင့် နဖူး၌ ချွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ သို့သော် ဤမြင်ကွင်းက သူမကို ခွန်အားဖြစ်စေ၏။
“ ပန်းသင်္ချိုင်းက တကယ့်ကို ရင်သပ် ရှုမောစရာပါပဲ။ ”
ပြင်းထန်စွာ ဒဏ်ရာရနေသော ကြယ်မြစ်သူတော်စင်က ချီးကျူးစကားဆို လာလေသည်။
“ ငါသိတယ်။ ”
ဝူရှောင်က သူ့အခက်အခဲများကို မေ့လျော့သွားကာ မျက်ရည်ကျလုမတတ် ရွှင်မြူး လာတော့သည်။
ကျိကျစ်ရှီက ဘုံကျောင်း အားပျော့ သွားသည်ကို သတိပြုမိပြီး သူမ၏ ဖီးနစ်သွေး များအား ကြေးမုံအတွင်း လောင်းထည့် လိုက်၏။
“ ကျီး ... ။ ”
နတ်ဖီးနစ်တစ်ကောင် ပျံထွက်လာပြီး ကြေးမုံမှ ရွှေရောင်ဝါ ပင်လယ်ကြီး ထွက်ပေါ် လာသည်။
ဤဖီးနစ်သည် ဘုံကျောင်းကို ပြန်လည် တွန်းထုတ်ရန် ထိုရွှေရောင် ပင်လယ်အတွင်းမှ အဆတ်မပြတ် အထောက်အပံ့ ရထား၏။
များမကြာခင် အချိန်-အာကာသ ဒိုမိန်းကောက်ကြောင်း ပြေလျော့လာပြီး ဖိအားများ သက်သာ သွားကုန်သည်။
“ မကောင်းတော့ဘူး။ ”
ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်၏ မျက်နှာများ ပြောင်းလဲသွားကာ နတ်တာအို ခန်းမကို လျစ်လျူရှု လိုက်ရ၏။
ချက်ချင်း ဝမ်မူယန်ကို ကူညီရန် ပြေးလွှား လိုက်ကြသည်။ ဝမ်မူယန်ခမျာ ဒူးတစ်ဖက် ထောက်ကျ သွားသည်။
နှုတ်ခမ်းမှ သွေးများ ထွက်ကျနေပြီး မီးနဂါးခေါင်းပေါ်တွင် ရပ်နေသည့် လင်းယွန်ထံ ပြန်မော့ကြည့်မိ၏။
တစ်ယောက်နှင့် တစ်ယောက် မျက်ဝန်းချင်း ဆုံကာ အချိန်အတော်ကြာ စိုက်ကြည့် နေမိကာ အဆုံးတွင် ဝမ်မူယန်မှ ခေါင်းငုံ့သွားလေသည်။
“ အခွင့်အရေးပဲ ... ။ ”
ကျိကျစ်ရှီက ဝမ်မူယန်နောက်ကို လိုက်ရန် ပြင်သည်။
“ ရပ်စမ်း ... ။ ”
ကျောက်တျန်းယွီ ရောက်ရှိလာပြီး သူ့မျက်လုံးထဲ၌ ရှေးဟောင်း ရူရ်များ ပွင့်လျက် ကျိကျစ်ရှီကို ဟန့်တားတော့သည်။
ဤသည်မှာ နတ်အလင်းမျက်လုံးများ ဖြစ်ချေ၏။ ကြီးမားသော ဖိအားကို ထုတ်လွှတ် လာသည်။
ရွှေအလင်းတွင် လူတိုင်းကို ဖိအားများစွာ ခံစားရစေသည့် အဖျက်စွမ်းအားတစ်ခု ပါရှိ၏။ လေးလံသော တောင်ကြီးတစ်လုံးလိုပင်။
“ ပန်းသင်္ချိုင်း ... မင်းရဲ့ပြိုင်ဘက်က ငါပဲ။ ”
ထိုအချိန်တွင် ယင်းမြစ်ဘုရင်က အေးစက်သော လေသံဖြင့် လင်းယွန်ထံသို့ ပျံသန်း လာတော့၏။
***