အခန်း (၂၂၇၉)
Vol. 163 Ch. 2279
“ ပန်းသင်္ချိုင်း၊ မင်းရဲ့ ပြိုင်ဘက်က ငါပဲ။ ”
“ ဂျွတ် ... ။ ”
ယင်းမြစ်ဘုရင်က အဖြူရောင်ဝတ်ရုံဖြင့် မီးနဂါး၏ဦးခေါင်းခွံပေါ်သို့ ဆင်းသက်လာသည်။ ဆင်းသက်သော အခါတွင် သူတော်စင် စွမ်းအင် အသုံးပြုကာ ဦးခေါင်းခွံကို အောက်သို့ နင်းချပစ်လိုက်၏။
သိုသော် အရိုးကျိုးသံသာ ကြားလိုက်ရပြီး နိမ့်ဝင်သွားခြင်း မရှိခေျ။
“ သနားစရာပဲ။ ”
လင်းယွန်က စိတ်ပျက်လက်ပျက် ဖြင့် ဝမ်မူယန်ထံ မျှော်ကြည့်မိသည်။ နတ်ဖီးနစ် ကြေးမုံက ဘုံကျောင်းနှင့် သူမကြား ဆက်နွယ်မှု အပေါ် ဖြတ်တောက် လိုက်သောကြောင့် အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့၏။
ယင်းသည် နတ်မီးတောက်ပင် ပြန်လည် ရယူနိုင်ပေမည်။ ဤလူကြောင့် ထိုအခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်၏။
ဘုံကျောင်းသည် အလင်းများဖြာလျက် ဝမ်မူယန်ကို သိုင်းခြုံကာ ကုသပေးနေခဲ့သည်။
“ ဟား ဟား ဟား ... မင်း ငါ့ကို အလေးအနက် မထားပုံပဲ။ ”
“ ယင်းမြစ်ဘုရင် ... မင်းက ငါ့ကို ရှုံးနိမ့်ထားတဲ့ လူတစ်ယောက်ပဲ ... ဒါဆို ငါက ဘာလို့ အာရုံစိုက်နေရဦးမှာလဲ။ ”
လင်းယွန်က တုန့်ပြန်လိုက်သည်။ ထိုစကားကြောင့် ယင်းမြစ်ဘုရင်တစ်ယောက် ဒေါသထွက်လာ၏။
“ မင်း ငါ့ကိုဒေါသထွက်အောင် လုပ်နေတာလား။ ”
“ မင်း ဒေါသထွက်တာကို ... ငါဘာလုပ် ရမှာလဲ စိတ်မဝင်စားဘူး ... ငါ့အမြင်အရတော့ မင်းက နည်းနည်းလေး အားနည်းနေပါ သေးတယ်။ ”
လင်းယွန်နှင့် ယင်းမြစ် ဘုရင်တို့ စကား ပြောနေချိန်တွင် ကျင့်ကြံသူများက လင်းယွန် ရှိရာ မီးနဂါးအရိုးစုထံ မသိစိတ်ဖြင့် စုရုံးလာ မိကြသည်။
အလောင်းကောင်များ၏ တွန့်ပို့မှုကြောင့် ဖြစ်၏။ လူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေစဉ် ဝမ်မူယန် ဒဏ်ရာရသွားကြောင်း မြင်လာပြီး မျှော်လင့်ချက် ပြန်ရလာသည်။
“ မင်း နတ်သမီးလေးနဲ့ တိုက်ထားတဲ့ အတွက် ငါ့သွေးကို အသက် မသွင်းပဲ အနိုင်ယူ ပြမယ်။ ”
ယင်းမြစ်ဘုရင်က ယခင် ရှုံးပွဲကို မကျေပွဲနွှဲကာ လှလှပပ ဇာတ်သိမ်းလိုသည်။ ထိုစဉ်က သူ့ပေါ့လျော့မှု ဖြစ်၏။
စကားပြောပြီးသောအခါ ယင်းမြစ် ဘုရင်နောက်၌ ပန်းတစ်ပွင့် ပေါ်လာခဲ့သည်။ အုပ်စိုးရှင် မဟာယင် တာအို ဖြစ်၏။
လင်းယွန်၏ ဓားရောင်ဝါနှင့် နဂါးရောင်ဝါ တို့ကို ထိုတာအိုက စုတ်ဖြဲ ထိန်းထားနိုင်ခဲ့သည်။ ဆံပင်ရှည်များက လေထဲ တဖျပ်ဖျပ်လွင့်လျက် မြင့်မြတ်သော ရောင်ဝါကို ပေးဆောင်၏။
လင်းယွန်က စိတ်မဝင်စားသေးချေ။ ကျောက်တျန်းယွီက ကျီကျစ်ရှီကို နတ်အလင်း မျက်လုံးများဖြင့် ဖိနှိမ်ထားသည့်အပေါ် အကဲခတ်နေခဲ့သည်။
အစောပိုင်း တိုက်ပွဲတွင် သူမ၏ သူတော်စင် စွမ်းအင်များစွာ ကုန်ဆုံးထားလေရာ ကြေးမုံကို မထိန်းနိုင်ဖြစ်နေ၏။
ထိုမြင်ကွင်းကြောင့် ယင်းမြစ်ဘုရင်နှင့် အချိန်ဖြုန်းနေ၍ မရမှန်း နားလည်လိုက်သည်။ ပတ်ဝန်းကျင်ရှိ နဂါးငွေ့တန်း (၃၀၀)ကျော်ကို ချက်ချင်း (၃၀၀၀)အထိ တိုးမြှင့်လိုက်၏။
“ ဝှစ် ... ။ ”
“ မင်းတစ်ယောက်ထဲ အုပ်စိုးရှင် တာအိုကို နားလည်နိုင်တယ် ထင်နေတာလား။ ”
ဤသည်မှာ အုပ်စိုးရှင် တာအို ‘ဓား’ဖြစ်၏။ ဓားရည်ရွယ်ချက်က ယင်းမြစ်ဘုရင်၏ ဒိုမိန်းသို့ ဖောက်ဝင်ကာ လွင့်စင်သွားစေတော့သည်။
“ ဘုန်း ... ။ ”
“ အား ... ။ ”
လင်းယွန်က လှောင်ပြောင်လိုက်၏။ ကျိကျစ်ရှီက သက်ပြင်းချကာ ကောင်းကင်ပေါ် ပျံတက်ပြီး ကြေးမုံကို ဆွဲယူလိုက်သည်။
ကျောက်တျန်းယွီနှင့် တိုက်ရန် ခွန်အား မရှိတော့ချေ။ ထို့ကြောင့် လူအုပ်ထံ ဝေ့ကြည့် လိုက်ပြီး၊
“ အားလုံး ငါနဲ့လိုက်ခဲ့ ... ပန်းသင်္ချိုင်း ကူညီပါ။ ”
-ဟု ကျယ်လောင်စွာ အော်ဟစ်လျက် မီးနဂါး ဦးခေါင်းခွံထံ ဆုတ်ခွာ လိုက်လေသည်။ လူတိုင်းကို ကြေးမုံ အလင်းဖြင့် သိုင်းခြုံရန် မမေ့ခဲ့ချေ။
“ သေစမ်း ... ။ ”
နတ်ဖီးနစ် ကြေးမုံကို မယူနိုင်လိုက် သောကြောင့် ကျောက်တျန်းယွီ တစ်ယောက် ဒေါသထွက်လာသည်။
ထို့ကြောင့် ကျိကျစ်ရှီနောက် လိုက်ရန် ပြင်စဉ်၊ ဓားရောင်ခြည်များက သူ့မြင်ကွင်းထဲ ပြည့်နှက် လာတော့၏။
“ ရွှပ် ... ။ ”
အနန္တာဓားများ ပေါင်းစည်းခြင်း ပေပင်။ တောင်ကြီးသုံးလုံး ကောင်းကင်၌ ပေါ်ထွက်လာ ခဲ့သည်။
တော်ဝင်ဓားကျမ်းနှင့် စွမ်းအား ပေးထားသော ဓားဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကြား တစ်သားတည်း ဖြစ်၏။
“ ဝှစ် ... ။ ”
အံ့ဩစွာဖြင့် ခေါက်ယပ်တောင် အမြန်ထုတ်ယူကာ ခတ်ထုတ် ပစ်လိုက်ရသည်။ သွေးလမင်းများစွာ ချက်ချင်း ဖြစ်ပေါ်လာ၏။
သို့သော် ဓားရောင်ခြည်က ပိုမြန်ပြီး သွေးလဒိုမိန်းကို ဖြတ်ကာ သူ့အပေါ် ထိမှန်သွား ခဲ့သည်။ လမ်းကြောင်းပေါ်ရှိ သွေးလများ အားလုံး ကွဲကြေကုန်၏။
“ ဒါက နည်းနည်းတော့ ထိတ်လန့်စရာ ကောင်းတယ်။ ”
ဤသည်မှာ အဆုံး မဟုတ်သေးချေ။ နတ်ဆိုးအလောင်းကောင်များထံ နောက်ထပ် ဓားအလင်းများဖြင့် ပစ်လွှတ်လိုက် ပြန်၏။
“ နတ်ဘုရား ပုံရိပ်ယောင်ဓား။ ”
“ ဒါ ... ။ ”
ယင်းက အလောင်းကောင်များ အတွင်း ပိတ်မိနေသော အခြားသော အင်အားစုများကို အံ့အားသင့်စေ၏။
သူတို့ ဦးညွှတ်သည့် မြင့်မြတ်မြေများက စွန့်ပစ်ခဲ့သော်လည်း တခြားလူမှ ကယ်တင်ပေး နေသည်။
“ ပန်းသင်္ချိုင်း ... ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
“ ဟား ဟား ဟား ... ဒါပဲ ကျေးဇူးတင်ပါတယ် ပန်းသင်္ချိုင်း။ ”
ဝူရှောင်က နတ်တာအို ခန်းမမှ တပည့်တိုင်းကို မီးနဂါးဦးခေါင်းထံ ခေါ်ဆောင် လျက်မှ ရယ်မောနေခဲ့သည်။
ဓားရောင်ခြည်သည် သူတော်စင် သခင်များကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်၏။ သို့သော် နတ်ဆိုးအလောင်းများ အပေါ် မထိရောက်ချေ။
လူတိုင်းအတွက် ထွက်လမ်းတစ်ခုမျှသာ ဖြစ်စေပြီး အလောင်းများက တဖန် စုရုံးလျက် ပိတ်ဆို့ထား ပြန်၏။
ဤမြင်ကွင်းကြောင့် တစ်ချိန်က လျှပ်စီးတိမ်လွှာ ဓားဂိုဏ်း၌ရှိနေစဉ် လျှို့ဝှက် နယ်မြေအတွင်း ကျဆုံးခဲ့သော ကျင့်ကြံသူ များကို ပြန်၍ သတိရလာသည်။
“ တိမ်တိုက်တွေက ငါ့ဆန္ဒ မဟုတ်ဘူး၊ လက်ဖျစ်တစ်တွတ် အတွင်း အနှစ် တစ်ထောင် ကုန်လွန်သွားပြီ။ ”
ထိုအတွေးဖြင့် နေ၊လနှင့် ဓားများ ပျောက်ကွယ်သွားကာ သူ့ရင်ဘတ်ကို ပွတ်သပ် လိုက်သည်။
ဝတ်ထားသော အင်္ကျီသည် ဖဲကြိုး သုံးထောင်အဖြစ်သို့ ပြေကျသွားပြီး အသူရာ သူတော်စင်အင်္ကျီ ပေါ်လာစေ၏။
ထို့နောက် လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လျက် သူတော်စင် ရောင်ဝါများ စုစည်း လိုက်သည်။ ခန္ဓာကိုယ်မှ လမင်းတစ်စင်း ကဲ့သို့ ငွေရောင်များ ဖြာထွက်လာ၏။
ဓားရောင်ဝါသည် ကန့်သတ်ချက်သို့ ရောက်ရှိလာသောအခါ လက်များကို ပြန်ခွာပြီး အင်္ကျီအပိုင်းအစ သုံးထောင်ထံ သွန်းလောင်း လျက် ပစ်ခတ်လိုက်တော့သည်။
“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”
အဝတ်ဓား (၃၀၀၀) ကျော်က နတ်ဆိုးအလောင်းများထံ ဓားပျံများအလား ပြေးဝင်သွားလေသည်။
ထိမှန်ခံရသည့် အလောင်းတိုင်း ပေါက်ကွဲသွားကုန်၏။ ယင်းကြောင့် လူတိုင်း လွတ်မြောက်ကာ ဆုတ်ခွာနိုင်ခဲ့သည်။
“ ငါက ဓားသမားပဲ ... ငါ့မှာ မာနရှိတယ်၊ ငါ့ဓားက ငါ့ချစ်သူနဲ့ ... ငါ ကာကွယ်ပေးချင်တဲ့ လူတွေကို ကာကွယ်မယ်၊ ...
... ငါတို့ရဲ့ ထီးတော်က မိုင်ကိုးသောင်း လွှမ်းခြုံပြီး နှစ်ပေါင်း ရှစ်ထောင် အုပ်စိုးတယ်၊ လမင်းတည်နေသရွေ့ ... ။ ”
ထိုခံယူချက်ကြောင့် နတ်အလင်းဓား၌ လျင်မြန်စွာ တိုးတက်လာပြီး ထိုးထွင်း သိမြင်မှု အချို့ ရရှိလာခဲ့သည်။
“ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့ ... ။ ”
အဝတ်ဓား (၃၀၀၀) ဖြန့်ကျက်လျက် ကောင်းကင်၌ပျံဝဲကာ ကြွေးကြော် နေခဲ့သည့် လင်းယွန် အသွင်သည် ရှုမောဖွယ်ရာ ပေပင်။
“ လမင်း တည်နေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့။ ”
“ လမင်း တည်နေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့။ ”
“ လမင်း တည်နေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့။ ”
“ လမင်း တည်နေသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့။ ”
***