← Chapters

မင်းက အားနည်းနေသေးတယ်။

Vol. 163 Ch. 2280

မင်းက အားနည်းနေသေးတယ်။

Vol. 163 Ch. 2280

အဝတ်ဓား (၃၀၀၀)က ဖဲကြိုးများ သဖွယ်ကောင်းကင်၌ ပြန့်ကားနေပြီး နတ်ဆိုး အလောင်းများကို ဖျက်ဆီးနေခဲ့၏။

များကြာမီ အလောင်းကောင် များ၏ အသားများ အရည်ပျော်လာပြီး အရိုးများသာ ကျန်ရှိတော့သည်။

“ ဝှစ် ... ။ ”

မိုးခြိမ်းသံများ ငြိမ်သက်သွားစဉ် လင်းယွန်က ဒူးတစ်ဖက် ထောက်လျက် မီးနဂါး ဦးခေါင်းခွံပေါ်သို့ ပြန်၍ ဆင်းသက်လာ၏။

အဝတ်ဓား သုံးထောင်အတွက် သူတော်စင်ရောင်ဝါနှင့် စိတ်စွမ်းအင် အားလုံး သုံးစွဲခဲ့ရသည်။

သို့သော် ချက်ချင်း ဝိညာဉ် စွမ်းအင်များ ပြည့်လျှံလျက် မြင့်မြတ်သောမီးလျှံ၊ သူတော်စင် မူလနှင့် နက္ခတ်များ ပေါင်းစပ်လိုသည့် လက္ခဏာများ ပြသလာ၏။

ဆိုလိုသည်မှာ သူတော်စင် နယ်ပယ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ယခုချက်ချင်းပင် အောင်မြင်မှု တစ်ခုကို ရယူနိုင်၏။

သည့်အပြင် ဓားပင်လယ် အတွင်းရှိ ရွှေရည်များ ကလည်း တဟုန်းဟုန်း ထွက်ပေါ် လာခဲ့သည်။

( ညီလေး ... နတ်အလင်းဓား ရည်ရွယ်ချက်က နက်ရှိုင်းတယ်၊ ဖြောင့်မတ်ခြင်း အပေါ် ဦးတည်တယ်။ )

ယဲ့ကူဟန် စကားကို ရုတ်တရက် ပြန်သတိရလာ၏။

“ ဒီလူ ... ။ ”

လီဖေးပိုင်က အံ့သြသွားသည်။ သို့သော် လင်းယွန်တစ်ယောက် နွမ်းနယ် နေသည်ကို သတိ ထားမိလိုက်၏။

“ ဝှစ် ... ။ ”

ချက်ချင်း ကောင်းကင်သို့ ခုန်တက်ကာ လင်းယွန်အနား ဆင်းသက် လိုက်လေသည်။ သည့်နောက် စိုးရိမ်စွာဖြင့်၊

“ အဆင်ပြေရဲ့လား ... ။ ”

-ဟု မေးမြန်းမိ၏။

“ ပြေပါတယ် ... နည်းနည်း ပင်ပန်းသွားတာ။ ”

လင်းယွန်က ပြန်ဖြေသည်။ အခြေခံအုတ်မြစ်ကို မထိခိုက်ချေ။ မောပန်းသွား ခြင်းသာ ဖြစ်၏။

“ အချိန် တစ်ခုလိုတယ် ... ငါ့ကို ကာကွယ်ပေးပါဦး။ ”

“ ကောင်းပြီ ... ။ ”

လီဖေးပိုင်က မဆိုင်းမတွ သဘောတူ၏။ လင်းယွန်က မီးနဂါး ဦးခေါင်းခွံ၌ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

သူ ထိုင်ချလိုက်သော အခါတွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များ အရူးအမူး စီးဝင်လာတော့၏။

အဝေးတွင် ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်က စုတ်ပြတ်သတ် နေသော အသွင်ဖြင့် ပြန်လည်ဆင်းလာသည်။

ကျောက်တျန်းယွီက ယပ်တောင်ကို ခေါက်သိမ်းပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထား၏။

လက်ဖျားများ တုန်ယင်လျက် သွေးများစီးကျနေသည်။ ဒဏ်ရာ အနည်းငယ် ပြင်းထန်ချေ၏။

ယင်းမြစ်ဘုရင်က အဆိုးကြီး မဟုတ်ချေ။ သို့သော် ပျက်စီးနေသော အလောင်းကောင်များ အပေါ် စစ်ဆေးကြည့်ပြီး မျက်နှာ မည်းမှောင် သွားလေသည်။

“ ဒီကောင့်ကို မဖယ်ရှားနိုင်ရင် ... အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာ လိမ့်မယ်။ ”

“ ဒီထက် လက်တွေ့ကျတဲ့ စကားမျိုးပြောရအောင် ... အခု သူကကြီးမားတဲ့ ခြိမ်းခြောက်နိုင်စွမ်း ပေးနေပြီ၊ သူ့အစွမ်းကို မင်းမြင်တယ် မဟုတ်လား။ ”

ကျောက်တျန်းယွီက ယင်းမြစ်ဘုရင်ကို ပြောကြားလိုက်သည်။ ထိုလူသည် ထက်မြက် ချေ၏။ အချိန်တိုအတွင်း များပြားလှသော အလောင်းများကို ဖြေရှင်းသွားသည်။

နတ်ဆိုး အလောင်းများမှာ ပျော့ညံ့ခြင်း မရှိချေ။ ၎င်းတို့ကို မီးနဂါးတောင်ကြား အတွက် ပိတ်ဆို့ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဤနည်းဖြင့် ရောက်ရှိလာသည့် သူတော်စင်တိုင်းကို အသက်ရှင်လျက် သန့်စင် နိုင်ပေမည်။ ယခုမူ အရာအားလုံး မြောင်းထဲ ရောက်ရှိသွား၏။

“ အခုလည်း ... ငါတို့ နောက်မကျ သေးပါဘူး ... ။ ”

ယင်းမြစ် ဘုရင်က ပြော၏။

“ သူ့မှာ ... သူတော်စင် ရောင်ဝါနဲ့ ဓားရည်ရွယ်ချက် ကုန်သွားပြီ၊ ဒါ အခွင့်အရေး ကောင်းပဲ ... အရှင်ဖမ်းပြီး ဓားသူတော်စင် အလောင်းကောင် အဖြစ် သန့်စင်မယ်၊ ...

... မင်းက ဒဏ်ရာနဲ့ အနားယူပါ ... နတ်သမီးလေးကိုလည်း အလျင်စလို မလုပ်ဖို့ သတိပေးထား ... ငါသွားသတ်လိုက်မယ်။ ”

ယင်းမြစ်ဘုရင်က သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ထုတ်ဖော်ပြသလာခဲ့သည်။ သူ့သွေးကို အသက် မသွင်းသဖြင့် လင်းယွန်ကို ရှုံးနိမ့်ခဲ့ခြင်းသာ ဖြစ်သည်။

“ ဟိတ် ... ။ ”

ဟောက်သံနှင့်အတူ နတ်ဆိုးအလောင်း (၁၀)ကောင်ကို ခေါ်ကာ မီးနဂါး တောင်ကြား အတွင်းသို့ ပြေးဝင်လိုက်သည်။

ဤမြင်ကွင်းကြောင့် လူအုပ်ကြီးက စိုးရိမ်ကုန်သည်။

“ ပန်းသင်္ချိုင်းကို ကာကွယ်ပါ။ ”

“ ဒီလူတွေက အရှက်မရှိဘူး ... ပန်းသင်္ချိုင်းကို အခွင့်အရေး ယူနေတယ်။ ”

ယင်းမြစ် ဘုရင်၏ ရည်ရွယ်ချက်ကို သတိပြုမိကြပြီး ဟန့်တားရန် လှုံ့ဆော်လိုက် ကြသည်။

“ ယင်ကောင်တွေ ငါ့လမ်းမှာ ရပ်ဖို့ သတ္တိရှိလား။ ”

ယင်းမြစ် ဘုရင်က လက်နက်ပင် မဆွဲဘဲ တတိယအဆင့် သူတော်စင် သခင် လေးဦးနှင့် ရင်ဆိုင်လိုက်သည်။

မဟာယင် တာအိုသည် တန်ခိုးကြီးပြီး ထိုသူတော်စင် သခင်လေးပါးကို အလွယ်တကူ ချုပ်နှောင် ပစ်၏။

ထို့နောက် လက်ဝှေ့ယမ်းကာ သူတော်စင် သခင် တစ်ပါး၏ ရင်ဘတ်ကို ထိုးဖောက်ပြီး သူတော်စင် မူလ ဆွဲထုတ် လိုက်သည်။

၎င်းသည် ကျန်ရှိနေသော အခြား သူတော်စင်သခင် သုံးပါးကို ပြန်လည် ဆုတ်ခွာ သွားစေ၏။

သို့သော် အဆင့်နိမ့် နဂါးဝိညာဉ် ကိုယ်ခံပညာကို သူတော်စင် လက်နက်များဖြင့် ချက်ချင်း ခင်းကျင်းလိုက်သည်။ ဖြစ်စဉ်သည် တုန်လှုပ်ဖွယ် ကောင်း၏။

အထူးသဖြင့် တတိယ အဆင့် သူတော်စင် သခင်များ လက်၌ နဂါးဝိညာဉ် အဆင့် ကိုယ်ခံ ပညာသည် အသက်ချွေ နိုင်သည်။

သို့သော် ယင်းမြစ် ဘုရင်သည် စတုတ္ထအဆင့် သူတော်စင် သခင် မဟုတ်ပါက မျက်လုံးထဲ ထားမည်မဟုတ်ချေ။

“ ဝူး ... ။ ”

သူတော်စင် စွမ်းအင် လှိုင်းများက. ပတ်ဝန်းကျင် နေရာလွတ်ကို ကမောက်ကမ ဖြစ်စေခဲ့သည်။ သုံးဦးသား ပုံပျက်ပန်းပျက်ဖြင့် အဝေးသို့ လွင့်စဉ်ကုန်၏။

“ အမှိုက်တွေ ... ။ ”

ယင်းမြစ်ဘုရင်၏ လှောင်ပြုံးဖြင့် အကြည့်များက မီးနဂါး ဦးခေါင်းခွံပေါ် ရောက်ရှိ သွားလေသည်။

သူ ဆက်သွားသောအခါ စတုတ္ထအဆင့် သူတော်စင်သခင် အများအပြားက ပူးပေါင်းပြီး ဟန့်တားလာပြန်၏။

သို့သော် စတုတ္ထအဆင့် သူတော်စင် အရှင်သခင်များ အရေအတွက်သည် လူအုပ်၌ ဆယ်ပုံတစ်ပုံ ထက်ပင် နည်းသဖြင့် အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

“ ငါ ... စိတ်ရှုပ်လာပြီ ... ။ ”

ဟန့်တားသူများ ပြတ်လပ်ခြင်း မရှိသောကြောင့် ယင်းမြစ်ဘုရင်၌ သည်းခံနိုင်မှု ကုန်ဆုံးလာကာ တတိယ မျက်လုံးကို ဖွင့်လှစ် လိုက်တော့သည်။

ရွှေမျက်လုံး ပွင့်လာပြီး အလင်းတန်းများ ထွက်လာ၏။ ဟန့်တားနေသော သူတော်စင် သခင်များမှာ ရောင်ဝါများ ပြိုကျကုန်သည်။

“ သူက ... ရွှေမျက်လုံး နတ်မိစ္ဆာပဲ ... ။ ”

လူတိုင်း အံ့သြသွားကြတော့၏။ ရွှေမျက်လုံးများ မည်မျှ ကြောက်စရာကောင်း သည်ကို သူတို့သိသည်။

“ ငါ့ကို ဘယ်သူ တားရဲလဲ ... ။ ”

ယင်းမြစ်ဘုရင် ကျယ်လောင်စွာ အော်ငေါက်လျက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးကို ခြိမ်းခြောက်တော့သည်။

လက်ဝှေ့ယမ်း လိုက်သည်နှင့် နတ်ဆိုးအငွေ့အသက်က ကြောက်မက်ဖွယ် ကောင်းစွာ ပြေးထွက်သွား၏။

သူ့ရှေ့၌ လမ်းကြောင်း တစ်ခု ပွင့်လာပြီး၊

“ ကြွက်တသိုက် ... ငါ့မှာ ဒေါသမရှိဘူးလို့ ထင်နေကြတာလား ... ဟမ့် ... ။ ”

-ဟု အော်ငေါက်လိုက်သည်။ ယခု သူ့ကို မည်သူမှ မတားဝံ့တော့လေရာ မီးနဂါး ဦးခေါင်း ပေါ်သို့ ရောက်ရှိသွားသည်။

ပြန်လည် ကောင်းမွန်လာနေသော လင်းယွန်ကိုကြည့်ပြီး လူ သတ်ချင်စိတ်များ တောက်လောင်လာ၏။

“ ယင်းမြစ်ဘုရင် ... နင့်ရဲ့ ပြိုင်ဘက်က ငါပဲ။ ”

သို့သော် လီဖေးပိုင်က ကြာပန်း တစ်ပွင့်ကို စီးနင်းလျက် အုပ်စိုးရှင် နက္ခတ်ကို ဆင့်ခေါ်ပြီး ရှေ့တွင်လာရပ်သည်။

နက္ခတ် ပွင့်လာသော အခါတွင် ကြာပန်းတစ်ပွင့် ပွင့်နေသည့် ရွှေပင်လယ်ကြီး ပေါ်လာ၏။

ထိုရောင်ဝါ အောက်၌ ယင်းမြစ်ဘုရင်၏ ရောင်ဝါများ ပြန်ဆုတ်သွားသည်။ ဝတ်ရုံဖြူမှာ တဖျပ်ဖျပ် ခတ်လျက်၊

“ မင်း ... ငါ့ကို တားနိုင်မယ် ထင်လား ... ။ ”

-ဟု ပြန်လည်မေးမြန်းလိုက်၏။

“ ငါနဲ့ပါ ဆိုရင်ရော ဘယ်လိုလဲ ... ။ ”

ရုတ်တရက် ကျိကျစ်ရှီက လီဖေးပိုင် အနားသို့ ဆင်းသက်ကာ မေးမြန်း လိုက်သည်။ သူမ ဦးခေါင်းအထက်တွင် ကြေးမုံ တစ်ချက် ပျံဝဲ လိုက်ပါလာ၏။

ယင်းမြစ်ဘုရင် ခမျာ မျက်မှောင်ကြုတ် သွားသည်။ ဤမိန်းမ နှစ်ယောက်ကို မကြောက် သော်လည်း အချိန်ပေးရနိုင်၏။ တကယ် ရှုပ်ပေသည်။

“ ဘယ်လိုများ နားမလည်လိုက်လဲ၊ နင်တို့နှစ်ယောက်ကို မသတ်ရဲဘူးများ ထင်နေ တာလား။ ”

မျက်ဝန်းများ မှေးစင်းလျက် ယင်းမြစ်ဘုရင်က လျှောက်လှမ်း လာတော့၏။ သူသည် အုပ်စိုးရှင် နက္ခတ်နှင့် ကြေးမုံကို မကြောက်ချေ။

ထိုယုံကြည်မှုက လူတိုင်းကို ကြောက်ရွံ့ သွားစေ၏။ ကျိကျစ်ရှီက တံဆိပ် တစ်ခုဖြင့် ကြေးမုံကို တောက်ပလာစေသည်။

ထို့နောက် မြင့်မြတ်သော မီးလျှံ ဖိအားများပါသည့် နတ်ဖီးနစ်ကြေးမုံမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်လာ၏။

“ ရွှပ် ... ။ ”

ယင်းမြစ်ဘုရင်ခမျာ ချက်ချင်း ရှောင်တိမ်းလိုက်ရာ အလင်းတန်းက မီးနဂါး ဦးခေါင်းခွံပေါ် ကျရောက်သွားတော့၏။

ထူထဲသော အမှုန်အမွှား အလွှာတစ်ခု ကွဲထွက်သွားပြီး နဂါးအရိုး၏ ရွှေရောင်အဆင်း သဏ္ဍာန်ကို မြင်လိုက်ရသည်။

“ ကျီး ... ။ ”

ထို့နောက်တွင် တောက်ပသော ဖီးနစ်တစ်ကောင်က မီးအိုင်ထဲမှ ပျံသန်း လာ ခဲ့၏။ ယင်းမြစ်ဘုရင်က လက်ဝှေ့ယမ်းပြီး ဓားမော့ကို ခေါ်လိုက်သည်။

ပြီးနောက် ညာဖက် လက်ဖဝါးကို လှီးဖြတ်ကာ သွေးတိုက်တော့၏။ ကောင်းကင် လမင်း ဓားမော့သည် ဘုန်းဝိညာဉ် လေးပါး လက်ရာဖြစ်သည်။

ရွှေမျက်လုံး ဝိသေသ လက္ခဏာကို ပေါင်းထည့်ပြီးနောက် အစွမ်းထက်သော ဓါးမော့ ရည်ရွယ်ချက် ထွက်လာ၏။

ထို့ကြောင့် မဟာယင် ဒိုမိန်းသည် ပြီးပြည့်စုံကာ လက်တွေ့ဆန်သော ကမ္ဘာကြီး တစ်ခု ဖြစ်လာခဲ့သည်။

“ ကျီး ... ။ ”

ယင်းမြစ်ဘုရင်က ဓားမော့ဖြင့် လှည့်ခုတ်လိုက်သည်။ ဖီးနစ်မှာ အော်ဟစ်လျက် နှစ်ပိုင်းကွဲသွား၏။

“ မင်းက အရမ်း ငယ်ပါသေးတယ် ... အုပ်စိုးရှင် သူတော်စင်လက်ရာက မင်းလက်မှာ အမှိုက်ပဲ။ ”

ယင်းမြစ်ဘုရင်က ပြုံးလျက် မှတ်ချက် ပေးလိုက်သည်။ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ သဖြင့် လီဖေးပိုင်က လျင်မြန်စွာ လှုပ်ရှားတော့၏။

သူမ ခန္ဓာကိုယ်ပေါ်မှ မီးနဂါးများ ရာဂဏန်းခန့် ထွက်လာသည်။ ယင်းမြစ်ဘုရင်မှ ဓားမော့ကို လေထဲ လွှဲရမ်းလျက် ဦးခေါင်း တဝိုက် ကာကွယ်ကာ ဆုတ်ခွာသွား၏။

သူ့ဓားကို လွှဲလိုက်တိုင်း ဓားမော့ ရောင်ခြည်က မီးနဂါး တစ်ကောင်ကို ခွဲထုတ် ပစ်လိုက်သည်။

“ ဝှစ် ... ။ ”

မြေပြင်ပေါ် ပြန်လည် ဆင်းသက် လာသောအခါတွင် မီးနဂါးများ အားလုံးကို ဖျက်ဆီးနိုင်သည့် ရွှေအလင်းတန်းက တတိယ မျက်လုံးမှ ထွက်ပေါ်လာသည်။

“ ဒီနေ့ ပန်းသင်္ချိုင်း သေရမယ်။ ”

ကောင်းကင်လမင်း ဓားမော့ကို မြှောက်လျက် အမျိုးသမီး နှစ်ယောက်ထံ ခုတ်ပိုင်းချ လိုက်သည်။

အုပ်စိုးရှင် နက္ခတ်ကို ခွဲလျက် ကျိကျစ်ရှီအပေါ်လည်း ဒဏ်ရာ ပြင်းထန်စွာ ပေးလို၏။

လူတိုင်း ကြောက်ရွံ့သွား ကုန်သည်။ ရွှေမျက်လုံး နတ်ဆိုးသည် ဤမျှ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူမျှ မထင်ချေ။

“ ခွင့် ပြု ပါ ... ။ ”

ထိုအချိန်တွင် လင်းယွန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး မဆိုင်းမတွပင် လှမ်းထွက် လာခဲ့၏။

ခြေဖျားက မြေပြင်နှင့် မထိခင် သူ့နှလုံးသားထဲမှ ပန်းသင်္ချိုင်းကို ဆွဲထုတ် လိုက်သည်။

“ ချွင် ... ။ ”

ဘုန်းဝိညာဉ်လေးပါး ရောင်ဝါက ချက်ချင်း လင်းလာ၏။ ကောင်းကင် နဂါး၊ နတ်ဖီးနစ်နှင့် ဓားသုံးလက် သူ့အနားတဝိုက် လွင့်ဝဲကုန်သည်။

မျက်လုံးဖွင့် ထရပ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ခြင်းသည် အနှေးပြကွက် တစ်ခုလို လူတိုင်းရင်ထဲ စွဲထင်သွားစေ၏။

“ ရွှပ် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အဘယ်ကြောင့် ဆိုသော် ထိုခြေလှမ်း တစ်လှမ်းအတွင်း အရာအားလုံး ဖြစ်ပျက်သွား သောကြောင့်ဖြစ်သည်။ ယင်းမြစ် ဘုရင် ခမျာ သုံးလှမ်းမျှ နောက်ပြန် ဆုတ်သွား၏။

မီးနဂါး ဦးခေါင်းခွံပေါ်မှ ပြုတ်ကျ လုနီးပါး ဖြစ်သွားသည်။ သို့သော် တည်ငြိမ်အောင် ပြန်၍ ထိန်းယူပြီး၊

“ မင်း အချိန်ကောင်း ရောက်လာတယ်။ ”

-ဟု ပြုံးကာ ပြောကြားလိုက်၏။

လင်းယွန်က ပိုးစုန်းကြူးနတ်ဓားကို ထုတ်ဖော်သည်။ ဓားရေးမှာ ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားသောကြောင့် နက်နဲပြီး နားမလည်နိုင်စရာ ဖြစ်၏။

“ ဟိတ် ... ။ ”

လှုပ်ရှားမှု ဆယ်ကြိမ်ပြီးနောက် ယင်းမြစ်ဘုရင်ခမျာ အဝေးသို့ တွန်းထုတ် ခံလိုက်ရသည်။ လက်များ ထုံကျင်လာ၏။

၎င်းက လင်းယွန်ကို မယုံကြည်နိုင်စွာ ကြည့်မိလေသည်။ တစ်ဖက်လူ၌ သူတော်စင် ရောင်ဝါနှင့် ဓားရည်ရွယ်ချက် ကုန်ဆုံးနေပြီ မဟုတ်လော။

လင်းယွန်က သူ့အတွေးကို မြင်ဟန်ဖြင့်၊

“ ငါ့ခွန်အားကို အပြည့်အဝ မထုတ်နိုင်သေးရင်တောင် မင်းက ငါနဲ့တိုက်ဖို့ အားနည်း နေပါသေးတယ် ... ဟုတ်တယ် မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်တော့၏။

***

All Chapters