စီနီယာ ... မင်း ပြန်လာသင့်တယ်။
Vol. 163 Ch. 2281
ယင်းမြစ်ဘုရင် တစ်ယောက် မီးနဂါး၏ ဦးခေါင်းခွံ အစွန်းဆီသို့ မျက်နှာ ဖြူဖျော့စွာ ဆုတ်ခွာ လိုက်ရသည်။
“ ဘယ်လောက်တောင် တန်ခိုးကြီးလဲ၊ ရွှေမျက်လုံး နတ်ဆိုးတွေဟာ ... မျိုးဆက်တူ အတွင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်ခဲ့တာ၊ လောကမှာ ပိုသန်မာတဲ့ လူတစ်ယောက် အမြဲ ရှိနေတယ်။ ”
ဝူရှောင်က ရေရွတ်လိုက်သည်။ ယင်းမြစ်ဘုရင်ကို မည်သူမျှ မတားဆီးနိုင်ချေ။ စတုတ္ထအဆင့် အထွတ်အထိပ်များ ပင်လျှင် ချွင်းချက်မရှိ ဖြစ်သည်။
“ နောက်ထပ် ကောင်းကင်လမင်း ဓားမော့လား ... ။ ”
ယင်းမြစ်ဘုရင် လက်ထဲရှိ ဓားမော့ကို မြင်သောအခါ လင်းယွန် တစ်ယောက် အံ့သြ သွားသည်။ သူသာ မမှားပါက ကောင်းကင် လမင်း ဓားမော့ကို သူ ချိုးပစ်ခဲ့ဖူး၏။
ဤတစ်ကြိမ်တွင် ဓားမော့၏ အသွင်သည် ယခင်ပုံစံနှင့် မတူတော့ဘဲ ရွှေမျက်လုံးသွေးများ ဖုံးလွှမ်းနေခဲ့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ယင်းမြစ်ဘုရင် တစ်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားသဖြင့် သွေးချောင်း ဆိုးသွားသည်။
ထို့ကြောင့် သနားစရာ ကောင်းသည့်ပုံ ပေါက်နေ သော်လည်း စိတ်လှုပ်ရှားမှု များဖြင့် ထရပ်လာတော့၏။
“ ငါ့မှာ ဓါးတစ်လက်ပဲ ရှိတယ်လို့ မင်းထင်ခဲ့တာ မဟုတ်လား ... စစ်မှန်သော လမင်း ဓားမော့က အုပ်စိုးရှင် ရတနာပဲ၊ ဒါတွေက ပုံတူတွေပါ ... မဟုတ်ရင် မင်းခေါင်းကို ဖြတ်ပြီးနေပြီ။ ”
လင်းယွန်က အံ့အားသင့် သွားသည်။ တစ်ဖက်လူသည် သူ့၌ အုပ်စိုးရှင် ရတနာ မရှိဟု ထင်နေပုံရ၏။
ကောင်းကင် စက်ဝန်း ဘုံကျောင်းကိုသာ မကြောက်သော် ဗုဒ္ဓဧကရာဇ် ရွှေကြာပန်းလှံနှင့် ထိုးသတ်ပြမိပေမည်။
“ မင်း ... ဘာပြုံးတာလဲ။ ”
လင်းယွန်က သူ့အတွေးနှင့်သူ ပြုံးနေသည်ကို မြင်သောအခါ ယင်းမြစ်ဘုရင်မှ ဒေါသထွက်လာသည်။
လင်းယွန်က သူ့လက်နှစ်ဖက်ကို နောက်ပို့ပြီး၊
“ ငါဘာလို့ ပြုံးတာလဲ ... မင်း နားမလည် ဘူးလား၊ ငါ့လို အမည်ခံ သူတော်စင် တစ်ပါးကို စတုတ္ထအဆင့် သူတော်စင်သခင်က အုပ်စိုးရှင် ရတနာရှိရင် ခေါင်းဖြတ် နိုင်တယ်လို့ ပြောနေတာ မရှက်ဖူးလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
“ မင်း ... ။ ”
ယင်းမြစ်ဘုရင်က သူ၏ ရှည်လျားသော ဆံပင်များကို ဖြန့်ထွက်စေလျက် ရွှေရူရ်များထံ အသက်သွင်း လိုက်သည်။
မဟာယင် ဒိုမိန်းကို ထပ်မံ အသုံးပြုရန် ကြိုးစားနေခြင်း ဖြစ်၏။ အစောပိုင်း ရလာဒ်ကို သင်ခန်းစာ သင်ယူပြီး ဓါးနှင့် မယှဉ်ပြိုင် လိုတော့ချေ။
သွေးသားစွမ်းအင်နှင့် ကျင့်ကြံမှု အားသာချက်ကို အပြည့်အဝ ထုတ်ဖော်လိုက် မိသည်။
ဤနည်းဖြင့် ဆယ်ကြိမ် တိုက်ခိုက်မှု အပြီးတွင် လင်းယွန်၏ ညာလက် ထုံကျင်လျက် အရိုးအနည်းငယ် ကျိုးသွား၏။
သို့သော် ဒုတိယ ဆယ်ကြိမ်တွင် လပ်းယွန်က လိုက်လျောညီထွေ ပြန်ဖြစ်လာ၏။ ဓားတာအို၊ လေ၊မိုးကြိုး၊ နတ်ခန္ဓာနှင့် ဓားကျမ်း နှစ်ခု သုံးကာ ထိန်းထားလာနိုင်သည်။
ဤရလာဒ်က ယင်းမြစ်ဘုရင်ကို ထိတ်လန့်စေ၏။ တိုက်ပွဲ ကြာမြင့်လာသည်နှင့် အမျှ တစ်ဖက်လူမှာ ပို၍ တည်ငြိမ်လာ နေခဲ့သည်။
ကျင့်ကြံမှု အားနည်းချက် ရှိသောကြောင့် ဓားပညာ နက်နဲမှုများဖြင့် ပြန်လည်ရင်ဆိုင်ခြင်း ဖြစ်၏။ ဓားဖျားသည် သူ့ကို အခက်တွေ့ စေသည်။ လားရာ မရှိချေ။
ထို့ကြောင့် တစ်စုံတစ်ခု မှားယွင်းနေမှန်း တဖြည်းဖြည်း သတိ ပြုမိလာ၏။ ပြိုင်ဘက်၏ ဓားသည် သူ့ကို ခေါင်းကိုက်စေသည်။
၎င်းတွင် နဂါး ဟောက်သံနှင့် ကောင်းကင်နဂါး၊ နတ်ဖီးနစ်တို့၏ ဖြစ်စဉ်များ လိုက်ပါနေ၏။
ဒုတိယ ဆယ်ကြိမ် ဖလှယ်ပြီးနောက် လင်းယွန်ဓားသည် လျှပ်စီးကဲ့သို့ မြန်ဆန်လာ ခဲ့သည်။ အသက်မသေနိုင် သော်လည်း ဒဏ်ရာများ တဖြည်းဖြည်း တိုးလာ၏။
အရေးအကြီးဆုံးမှာ အားသာချက် ဆုံးရှုံးသွားခြင်း ပေပင်။ သူ့အငွေ့အသက်သည် ဓားရောင်ဝါ အောက်၌ အပေါက်များနှင့် ပြည့်ကုန်သည်။
အုပ်စိုးရှင် နက္ခတ်သည်ပင် ဤမျှ ဆိုးရွားအောင် မလုပ်နိုင်ခဲ့ခေျ။ အဆုံးတွင် လုံးဝ ခံနိုင်ရည် မရှိတော့ဘဲ လဲကျသွားရသည်။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် လင်းယွန် လည်ပင်းထံ ပစ်မှတ်ထားသော အလင်းတန်း တစ်ခု ပျံသန်း လာ၏။
“ ငါ မင်းကို စောင့်နေခဲ့တာ။ ”
လင်းယွန်က ပန်းသင်္ချိုင်းဖြင့် ပြန်လှည့်ပြီး ပင့်ခုတ်ပစ်လိုက်သည်။ ခေါက်ယပ်တောင် ခမျာ ချက်ချင်း နောက်ကြောင်းပြန်သွား၏။
“ နတ်အလင်း မျက်ဝန်းများ ... ။ ”
ကျောက်တျန်းယွီ ခေါက်ယပ်တောင်ကို ပြန်ဖမ်းလျက် မျက်ဝန်း၌ လျှပ်စီးများ ပြည့်နှက် လာပြီး လင်းယွန်ထံ ပစ်ခတ်လိုက် တော့၏။
“ သေ လိုက် တော့ ... ။ ”
ထိုအခွင့်အရေးကို ယင်းမြစ်ဘုရင်က အမိအရယူ၏။ ကျောခိုင်းပြီး ကျောက်တျန်းယွီ အပေါ် ဖြေရှင်နေသော လင်းယွန်ထံ ဓားဖြင့် ပြေးဝင်လိုက်သည်။
ဤမြင်ကွင်းကြောင့် ကျိကျစ်ရှီနှင့် လီဖေးပိုင်၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ဆက်ကြည့် မနေနိုင်တော့ဘဲ ကူညီတော့မည့် အချိန်တွင်၊
“ သူတို့ လာပါစေ ... ။ ”
-ဟူသော လင်းယွန် အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။
“ နဂါးနေလ တံဆိပ်— ကောင်းကင်နဲ့ မြေကြီး ပေါင်းစည်း။ ”
လင်းယွန် နှစ်ယောက် ဖြစ်သွား၏။ တစ်ယောက်သည် ကောင်းကင် နဂါး ဖြစ်ပြီး ကျန်တစ်ယောက်သည် နတ်ဖီးနစ် ဖြစ်သည်။
“ ဒါပဲ ထပ်လာ ပြန်ပြီ။ ”
ယင်းမြစ်ဘုရင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာကာ သူ့ရှေ့တွင် နေရာလွတ်များ ပုံပျက်သွားသည်ကို မြင်လိုက်ရ၏။
နတ်အလင်း မျက်လုံးများ သို့မဟုတ် ဓါးမော့ရောင်ခြည်များ မည်သို့ပင် ရှိစေကာမူ ထိုအာကာပြင် ကွဲလွဲမှုအောက်၌ ပျက်ပြယ်ကုန်တော့သည်။
နှစ်ဦးလုံး အာကာသ တွင်းနက်ကြီးမှ စုပ်ယူနေသကဲ့သို့ အမြင်အာရုံများ ဝေဝါးလျက် ဆွဲငင်ခံနေရ၏။
အခြားသူများ အမြင်တွင် ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ဖြစ်နေပြီး လင်းယွန်၏ ပုံရိပ်များဖြင့် ပြည့်နေခဲ့၏။
“ ဒါက ဘာဓားရေးလဲ ... ။ ”
ပတ်ဝန်းကျင်ရှိ သူတော်စင် သခင်များ အားလုံးက တိုက်ပွဲကို ကြည့်ပြီး ဦးရေပြားများ ယားယံလာလေသည်။
ပြိုင်ဘက် နှစ်ယောက်မှာ ဆွဲငင်အား အတွင်း ပိတ်မိသွားသည်။
“ လမင်း အကြွေကောက်တဲ့ လက် ... ။ ”
“ ကြယ်တာရာ ခုတ်ပိုင်းခြင်း ... ။ ”
“ ခရစ် ... ။ ”
နှစ်ယောက်သား နဂါးဝိညာဉ် သိုင်းပညာရပ်များကို ထုတ်ဖော်ပြီး ရုန်းကန် တော့သည်။ ထိုတိုက်ခိုက်မှု နှစ်ခုကြောင့် ဆွဲငင်အား နယ်မြေ ကွဲအက်လာ၏။
“ ပွင့်နေတဲ့ ပန်းတွေ ... ။ ”
သို့သော် လင်းယွန်က နောက်ပြန် မဆုတ်ခဲ့ဘဲ ပိုးစုန်းကြူး နတ်ဓား၏ တတိယ အပိုင်းကို ထုတ်ဖော်လိုက်သည်။
အသက် တစ်ရှိုက်စာအတွင်း (၈၁)ကြိမ်တိတိ ဓားလွှဲခဲ့၏။ ဓားတာအိုပန်းက ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပလာသည်။
ဓားရည်ရွယ်ချက် ပါဝင်သော ပွင့်ချပ် (၈၁)ချပ် ပါဝင်၏။ စက္ကန့်ပိုင်းအတွင်း ပန်းပွင့် ပွင့်လာပြီး ပွင့်ချပ်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်တို့၏ ခန္ဓာကိုယ်တွင် အပေါက် သေးသေးလေးများနှင့် ပြည့်နှက်လာတော့၏။
“ ဟိတ် ... ။ ”
ဤသည်မှာ အကုန် မဟုတ်သေးချေ။ လင်းယွန်က ကောင်းကင်ပေါ် ပျံတက်သွားပြီး ခွန်အားအကုန် ပေးရန် ပြင်တော့၏။
“ ရွှပ် ... ။ ”
ဓားအလင်းတစ်ခုက ယင်းမြစ်ဘုရင်၏ ဒေါင်လိုက် မျက်လုံး အတွင်း ပြေးဝင်သွား လေသည်။
“ သတိထား ... ။ ”
ကျောက်တျန်းယွီက စိုးရိမ်စွာဖြင့် မျက်လုံးရှေ့၌ သူ့လက်ဖဝါးဖြန့်ပြီး ကာပေး လိုက်သည်။
သူ့လက်၌ ခေါက်ယပ်တောင် ဖြတ်ခနဲ ပွင့်လာ၏။ ဤသည်မှာ လျှို့ဝှက် ရတနာ တစ်ခု ဖြစ်သည်။
“ ထန် ... ။ ”
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
သို့သော် ဓားအလင်း ထိမှန်ချိန်၌ ပေါက်ကွဲသွားပြီး ကျောက်တျန်းယွီ ပါးစပ်မှ သွေးများ အန်လျက် ဆုတ်ခွာလိုက်ရ၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
ဓားအလင်းတန်းက မရပ်တန့်ဘဲ ယင်းမြစ်ဘုရင် နဖူးကိုဖြတ်ကာ ရွှေမျက်လုံးထံ ထိုးဖောက်ရန် ပျံသန်းသွားခဲ့သည်။
“ ပြေး ... ။ ”
ကျောက်တျန်းယွီက ချက်ချင်း ရွေ့လျားလျက် ယင်းမြစ်ဘုရင် လက်ကို ဖမ်းကိုင်ကာ လှည့်ပြေးတော့၏။
“ ဝှစ် ... ။ ”
လင်းယွန်က ဆက်မလိုက်ဘဲ နဂါးဦးခေါင်းပေါ် ဖြည်းညှင်းစွာ ဆင်းသက် လိုက်လေသည်။ သူ့ဓားသည် တတိယ မျက်လုံးကို ထိမှန်ခဲ့၏။
သို့သော် သေဆုံးနိုင်ခြင်း ရှိ-မရှိကိုမူ မသိနိုင်ချေ။ မျက်မှောင်ကြုတ် ရပ်ကြည့် နေလိုက်သည်။
သူ့ နားလည်မှု အပေါ် အခြေခံ၍ ယင်းမြစ်ဘုရင် တစ်ယောက် အသက်ရှင်ရန် ပို၍အခွင့်အရေး မြင့်မားသည်။
သူက ရလာဒ်ကို မကျေနပ် သော်လည်း စောင့်ကြည့်နေသော လူများ၏ အမြင်တွင် ဆန့်ကျင်ဘက် ဖြစ်သည်။
မျိုးဆက်ဟောင်း သူတော်စင် အများအပြား သည်လည်း နှလုံးခုန်သံများ ကျယ်လောင်လာ ခဲ့၏။
“ ဝမ်မူယန် ... ဘယ်လောက် ကြာကြာ စောင့်ရမလဲ ... ။ ”
ကျောက်တျန်းယွီက အော်မေးလိုက်၏။ သို့မှသာ လူတိုင်း အသိဝင်လာပြီး၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းထံ မော့ကြည့်မိသည်။
အစောပိုင်းတွင် လင်းယွန်ကြောင့် သူမ ဒဏ်ရာ ရရှိခဲ့ သော်လည်း ဘုံကျောင်းမှ ပြန်၍ ကုစားပေးနေပုံရသည်။
“ အာကာသက ဘုရင်ဖြစ်ပြီး ... အချိန်ဆိုတာ အုပ်စိုးရှင်ပဲ။ ”
ရေရွတ်သံနှင့် အတူ အချိန်နှင့် အာကာသ ဖြစ်စဉ်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဖိအားများ ပျံ့နှံ့လာ၏။
လက်များကို ကောင်းကင်ပေါ် မြှောက်ပင့်လျက် နတ်ဘုရားမ တစ်ပါးကဲ့သို့ ဘုံကျောင်းအတွင်းမှ လှမ်းထွက်လာသည်။
ထို့နောက် မီးနဂါးတောင်ကြားရှိ အာကာပြင်ပြိုကျကုန်၏။ ဤသည်မှာ အချိန်နှင့် အာကာသ စွမ်းအား ဖြစ်သည်။
ထိုအရာက သူတော်စင်များစွာကို တွင်းနက်ကြီးအလား ဆွဲငင်တော့၏။ မည်သူမျှ ရုန်းထွက်ရန် မလွတ်မြောက်နိုင်ကြချေ။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”
ပြိုကျနေသော အာကာသအတွင်း ကျရောက်သွားသည့် သူတော်စင်များက စိတ်ပျက်လက်ပျက် အော်ဟစ်ကုန်၏။
ဝမ်မူယန်၏ ထိန်းချုပ်မှု အောက်တွင် ဘုံကျောင်းက ဖြည်းညှင်းစွာ ဆင်းသက်လာ လေသည်။
၎င်းပိုင်ဆိုင်ရာ ဧရိယာ အတွင်း၌ လေဟာနယ် အပိုင်းအစများ လွင့်မျောလျက် မြင်ကွင်းက ကြောက်စရာ ကောင်းနေ၏။
“ လင်းယွန် ... ငါတားလို့မရဘူး ။ ”
ကျိကျစ်ရှီက ဖြူဖျော့သော မျက်နှာဖြင့် ကြောက်လန့်တကြား အော်ဟစ် လိုက်သည်။ ကောင်းကင် နိဗ္ဗာန်နယ်မြေသည် နတ်ဘုရား သင်္ချိုင်း တောင်တန်းနှင့် အာကာသ မတူချေ။
ထို့ကြောင့် အုပ်စိုးရှင် လက်ရာများသည် ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ်များဖြင့် မချိတ်ဆက် နိုင်ဖြစ်ရ၏။
ဆိုလိုသည်မှာ ဤနေရာ၌ အုပ်စိုးရှင် လက်ရာသည် စွမ်းအားအပြည့် မထုတ်နိုင်ဟု အဓိပ္ပါယ်ရသည်။
သို့သော် ဤဘုံကျောင်းသည် အချိန်- အာကာသ ရတနာ ဖြစ်သဖြင့် ထိုအုပ်စိုးရှင် ရတနာများထက် အစွမ်းထက်၏။
အဝေးက ကျောက်တျန်းယွီက ခေါင်းယမ်းလိုက်သည်။ လက်တစ်ဖက်က ဒဏ်ရာ ပြင်းထန်စွာ ရနေသော ယင်းမြစ် ဘုရင်ကို ဆုပ်ကိုင်ထား၏။
ဤဖြစ်စဉ်ကို သူ မျှော်လင့်ထားခြင်း မရှိခဲ့ချေ။ ဝမ်မူယန်သည် တန်ကြေးတစ်ခုကို ကြီးစွာပေးချေ လိုက်ရပုံ ပေပင်။
သူတို့သည် မီးနဂါး တောင်ကြား၌ သူတော်စင်အားလုံးကို ပိတ်ကာ နတ်ဆိုးများ အဖြစ် သန့်စင်လိုခဲ့သည်။
ယခုမူ ဓားသမား တစ်ယောက်ကြောင့် အရာအားလုံးကို စွန့်လွှတ် ရပေတော့မည်။ ဘုံကျောင်း ကျဆင်းခြင်းဖြင့် ဤနေရာအနှံ့ ကြေမွ ပျောက်ကွယ်သွားနိုင်၏။
သို့သော် ထိုက်တန်သည်ဟု မြင်သည်။ ထိုအတွေးဖြင့် သူ့အကြည့်များက လင်းယွန်ထံ ကျရောက်သွားပြီး၊
“ နှုတ်ဆက်ပါတယ် ... ပန်းသင်္ချိုင်း။ ”
-ဟု ရေရွတ်လိုက်သည်။
ထွက်ပြေးသွားသော မြင့်မြတ်မြေ သုံးပါးသည်လည်း ဘုံကျောင်းထံမှ ဖိအားကို ခံစားမိပြီး ကျောရိုးများ အေးစက်ကုန်သည်။
သူတို့ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်မှာ မှန်ကန်ချေ၏။
“ ပန်းသင်္ချိုင်းလို ... ဓားသမား တစ်ယောက်က ဒီလိုနေရာမှာ မြှုပ်နှံခံရတာ သနားစရာ ပါပဲ။ ”
လျူယွင်လန်က တိုးတိတ်စွာ မှတ်ချက်ပေးသည်။ လက်ပြတ်နေဆဲ ဖြစ်သော ဟွာကျင်းယွီက၊
“ ဒါက ထိုက်တန်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
ထိုစကားကို ကြားသော အခါတွင် လျူယွင်လန်က မျက်မှောင်ကြုတ်လျက် စကား မဆိုတော့ချေ။
“ သွားကြရအောင် ... သွေးလဂိုဏ်းကို ငါတို့ဘာမှ မလုပ်နိုင်သေးဘူး ... မကြာခင်မှာ အရှေ့ဘက် ပျက်စီးမြေက ပရမ်းပတာ ဖြစ်လာတော့မယ်။ ”
မြင့်မြတ်မြေ သုံးပါးက အကြာကြီး မနေဝံ့တော့ဘဲ အရှိန် မြှင့်လိုက်ကြသည်။
ထိုအချိန်တွင် မီးနဂါး ဦးခေါင်းခွံတွင် ထိတ်လန့်နေသော လီဖေးပိုင်နှင့် ကျိကျစ်ရှီက ငြိမ်သက်သွားခဲ့သည်။
“ ပန်းသင်္ချိုင်း ငါတို့လို ... အလှတရား နှစ်ပါးကို နင်နဲ့အတူ မြှုပ်နှံလိုက်တဲ့ အတွက် ဘယ်လိုခံစားရလဲ။ ”
လီဖေးပိုင်က ပြုံးလျက် မေးသည်။
“ ငါတို့ သေရမယ်လို့ ဘယ်သူပြောလဲ။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို နှလုံးသားထဲ စွပ်ခနဲ ပြန်လည် ထိုးသွင်းလိုက်ပြီး စောစောက စုပ်ယူထားသည့် မီးနဂါးသွေး အနှစ်သာရ ထုတ်ယူလိုက်သည်။
“ အဲဒါ ဘာလဲ ... ။ ”
ကျိကျစ်ရှိက မေး၏။
“ မီးနဂါးရဲ့ နှလုံးသွေးပဲ။ ”
“ ဟမ့် ... ။ ”
“ ဘယ်လို ... ။ ”
လင်းယွန်က မီးနဂါး ဦးခေါင်းခွံကို ပြန်ကြည့်ပြီး၊
“ အသက်ပေးပြီး မင်းကာကွယ်နေတဲ့ အရာဟာ ... ရန်သူ့လက်ထဲ ကျသွားမယ်ဆိုရင် မင်း ဘယ်လို ခံစားရမလဲ။ ”
-ဟု မေးလိုက်၏။
ထိုမေးခွန်းကို အမျိုးသမီးနှစ်ယောက်မှ ပြန်မဖြေနိုင်ချေ။ မီးနဂါးသည် သေပြီး အရိုးပင် ကျနေ၏။ ယင်းကြောင့် မကျေနပ်လျှင်ပင် လုပ်နိုင်စရာ အကြောင်း မရှိချေ။
သို့သော် လင်းယွန် စကားကြားပြီး ထိုအရိုးကြီးက မျက်ရည် ကျလာသည်ကို မြင်လိုက်ရသည်။
ဤသည်မှာ စစ်မှန်သော မီးနဂါး တစ်ကောင်ဖြစ်၏။ အသက်ရှင်စဉ် ဖျက်ဆီးခြင်း နတ်ဘုရား နောက်လိုက်ကာ ကမ္ဘာကြီးကို ကြီးစိုးခဲ့သည်။
ထိုစဉ်က ပြင်ပမှ နတ်ဘုရားများက ခွန်လွန်ကို တိုက်ခိုက်ခဲ့သဖြင့် ကာကွယ် ဖူးချေ၏။
“ ဒါဆို ဘယ်သူမဆို ဒေါသထွက်လာမယ် မဟုတ်လား ... ။ ”
လင်းယွန်က သူ့မေးခွန်းကို သူကိုယ်တိုင် ပြန်ဖြေကာ မီးနဂါး ဦးခေါင်းကို ပွတ်သပ်ပေး လိုက်လေသည်။
ပြီးနောက် ရိုကျိုးစွာဖြင့် မီးနဂါး၏ ဦးခေါင်းအတွင်း နှလုံးသွေးခဲကို လောင်းထည့် ပေးလိုက်တော့သည်။
“ စီနီယာ ... မင်း ပြန်လာသင့်တယ်။ ”
***