အခန်း (၉၂)
Vol. 7 Ch. 92
ထိုအချိန်တွင် ရွှမ်ယီ၏ နားထဲ၌ တစ်စုံတစ်ခုအားကြားလိုက်ရပြီး အနည်းငယ်ပြုံးသွားခဲ့သည်။ ထို့နောက် စစ်ထူချင်အားဆွဲယူလိုက်ပြီး နံဘေးမှလူများ၏ အံ့ဩနေသောအကြည့်များအောက်၌ အဇူရာဘုရင် နန်းတော်ဆီသို့ ပျံတက်သွား၏။
“ မင်း သဘောကျတယ်ဆိုလို့ ရောက်ဖူးအောက်လိုက်ပို့ပေးမယ်…”
ဝှစ်ရှ်….
မျက်စိတစ်မှိတ်အတွင်း ရွှမ်ယီတို့နှစ်ဦး အဇူရာဘုရင်၏ နန်းတော်အတွင်းသို့ ရောက်ရှိလာကြသည်။
ရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေနှင့် အလွန်ခမ်းနားသည့် မြင်ကွင်းကြောင့် စစ်ထူချင်၏ ဦးနှောက်တစ်ခုလုံး အေးခဲသွားခဲ့၏။
ထို့နောက် သူတို့ထံ လူတစ်စု ဝိုင်းအုံလာသည်ကို တွေ့လိုက်ရသည်။ ထိုလူများထံမှ အလွန်အစွမ်းထက်သည့် အရှိန်အဝါများထွက်ပေါ်နေ၏။ လက်ရှိအချိန်တွင် ထိုလူများအားလုံး သူတို့အား ဖော်ရွေသောအပြုံးများနှင့် မျက်လုံးများမှ မီးထွက်မတတ်စိုက်ကြည့်နေကြသည်။
ရွှမ်ယီ၏ လူတိုင်းအား ပြုံးပြလိုက်၏။ ထိုမျက်နှာအားလုံး သူနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။
ရွှမ်ယီ အဇူရာအင်ပါယာမြို့သို့ ခြေချလိုက်သည်နှင့် သူ၏အရှိန်အဝါအား အဇူရာဘုရင်က ချက်ချင်းအာရုံခံမိခဲ့သည်။ ထို့ကြောင့် ရွှမ်ယီအား တွေ့ဆုံပြီး စကားပြောရန်အတွက် အသံပို့လွှတ်ကာ ဖိတ်လိုက်ခြင်းဖြစ်၏။
အဇူရာဒေသ မဟာပြိုင်ပွဲတွင် အဇူရာဒေသတစ်ခုလုံး ကပ်ဘေးဖြစ်လုနီးပါးဖြစ်သွားခဲ့ရသည်။ ထိုအချိန်တွင် ရွှမ်ယီ၏ ဆရာထွက်ပေါ်လာပြီး အခြေအနေအား ပြောင်းပြန်လှန်ပစ်ခဲ့၏။ ပြီးသည်နှင့် ရွှမ်ယီတို့ ဆရာတပည့်နှစ်ယောက် ကြက်သွေးနတ်ဆိုးဒေသသို့ ထွက်ခွာသွားခဲ့ကြသည်။
အလွန်ကြီးမားသည့် ကပ်ဘေးကြီးက ရုတ်တရက်ရောက်ချလာပြီး ချက်ခြင်းပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ထိုကိစ္စဖြစ်ခဲ့သည်မှာ ရက်အတန်ကြာခဲ့ချေပြီ။ ထိုအချိန်တွင် ရွှမ်ယီက လူတိုင်း၏ အာရုံပြုရာ ဗဟိုချက်ဖြစ်ခဲ့လေသည်။
ရွှမ်ယီနှင့် ပင်းယုတို့ထွက်သွားပြီးနောက် ကြက်သွေးနတ်ဆိုးဒေသတွင် မည်သည့်အရာဆက်ဖြစ်ကြောင်း သိချင်သဖြင့် အဇူရာအင်ပါယာမြို့တော်မှ လူတိုင်း၏ နှလုံးသားများ ယားယံနေခဲ့ရသည်။ ထိုအထဲတွင် ဘုရင်အဆင့်များလည်း ချွင်းချက်မရှိချေ။
လက်ရှိတွင် မေ့ပျောက်နတ်ဆိုးနန်းတော်က မည်ကဲ့သို့ ဖြစ်သွားပြီနည်း…?
“ ရွှမ်ယီ.. မေ့ပျောက်နတ်ဆိုးနန်းတော်…”
အဇူရာဘုရင်၏ မျက်၀န်းများက စိတ်အားထက်သန်လျက် တောက်ပနေ၏။ ရွှမ်ယီက ထိခိုက်မှုမရှိ အကောင်းတိုင်း အေးဆေးပြန်လာသည်အားတွေ့ရကတည်းက တစ်စုံတစ်ခုအား ယောင်ဝါးဝါး ခန့်မှန်းမိနေချေပြီ။ လက်ရှိအချိန်တွင် သူလိုအပ်နေသည်က ရွှမ်ယီထံမှ အတည်ပြုခေါင်းညိတ်လိုက်ခြင်းပင်။
ရွှမ်ယီထံမှ မေ့ပျောက်ပျက်စီးနန်းတော် ဆိုးဆိုးရွားရွားထိခိုက်သွားကြောင်း အတည်ပြုချက်ရပြီးသည်နှင့် သူက အင်အားများစုစည်းကာ ကြက်သွေးနတ်ဆိုးဒေသအား အပြင်းအထန်တိုက်ခိုက်သွားပေလိမ့်မည်။
ထိုမှသာ နောက်တစ်ကြိမ် အဇူရာဒေသအား မည်သူမှ လာရောက်မစော်ကားရဲမည်ဖြစ်သည်။
“ မေ့ပျောက်နတ်ဆိုးနန်းတော်လား…”
ရွှမ်ယီက လူတိုင်းကို မျက်နှာခြင်းဆိုင်လျက် စကားတစ်ခွန်းအား သာမန်အတိုင်းပင်ပြောလိုက်၏။
“ ပျက်စီးသွားပြီ…”
မျက်နှာချင်းဆိုင်မှ လူအုပ်ကြီး တစ်ခဏမျှ ငြိမ်သက်သွားခဲ့သော်လည်း အသက်ရှုကြိမ်အနည်းငယ်အကြာတွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
ဘုန်း…!
တစ်ချို့လူများက အသက်ရှုသံများပင်မြန်လာပြီး ၎င်းတို့ပင်သတိမထားမိလိုက်ပဲ အရှိန်အဝါများ ပွင့်ထွက်ကုန်ကြ၏။
သူတို့အားလုံး အလွန်အမင်းထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
“ မေ့ပျောက်နတ်ဆိုးနန်းတော်… အဲ့ဒီရှေးဟောင်းအင်အားစုကြီးက ကြက်သွေးနတ်ဆိုး နန်းတော်ကို နှစ်တစ်သောင်းကျော်အောင် အုပ်စိုးထားနိုင်ခဲ့တယ်… အခုတော့…….”
တတိယဓားသခင်လည်း နှလုံးသားအတွင်းပိုင်းအထိ တုန်လှုပ်သွားခဲ့၏။ သူ၏ မျက်၀န်းများထဲ၌ ဓားရည်ရွယ်ချက် အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာခဲ့သည်။
ဒီလိုရှေးဟောင်းအင်အားစုကြီးတစ်ခုက အလွယ်တကူပဲ ပျက်စီးသွားခဲ့ပြီလား…
ထိုသတင်းက ကြက်သွေးနတ်ဆိုးဒေသတစ်ခုလုံးအား အကြီးအကျယ် အုတ်အော်သောင်းတင်းဖြစ်သွားပေလိမ့်မည်။
ထိုကိစ္စ၏ လက်သည်ရွှမ်ယီကမူ ထိခိုက်ခြင်းအလျင်းမရှိဘဲ ပြန်ရောက်လာခဲ့၏။ ထို့အပြင် သူ၏ ကျင့်ကြံအဆင့်ကလည်း တစ်ဆင့်တက်သွားဟန်ရသည်။
ရွှမ်ယီအား ကြည့်နေသည့် အဇူရာဘုရင်၏ အကြည့်များထဲတွင် ထိတ်လန့်အံ့ဩနေဟန်များ ဖုံးမနိုင်ဖိမရပေါ်လွင်နေပေသည်။
‘ ဒီကောင်လေး.. အဇူရာဒေသက လူငယ်တွေအားလုံး တစ်ယောက်မှ သူ့ခြေဖျားတောင်မမှီဘူး… သူက ဘယ်သွားသွား အမြဲတမ်းတောက်ပနေပြီး မျိုးဆက်တူလူတွေအားလုံးကို စိတ်ပျက်အားငယ်သွားစေနိုင်စွမ်းရှိတယ်…အံ့ဩစရာပဲ.. အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်….’
ကြက်သွေးနတ်ဆိုးဒေသမှ ပြိုင်ဘက်ကင်းအုပ်စိုးရှင်းအား တိုက်ရိုက်ရှင်းလင်းပစ်လိုက်သည့် သတင်းက တစ်ဖွဲ့လုံးအား အလွန်အမင်းထိတ်လန့်အံ့ဩသွားစေခဲ့သည်။
ထိုကိစ္စမတိုင်မီ နတ်ဆိုးဘုရင်က ဘုရင်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်အား ခေါ်လျက် အဇူရာဒေသသို့ရောက်လာခဲ့သည်။ ထို့အပြင် ထိုလူများက သေချာပြင်ဆင်ပြီးမှ လာခဲ့ကြသည်ဖြစ်ရာ သူတို့အားလုံး ရှုံးနိမ့်လုနီးပါးဖြစ်သွားခဲ့၏။
ထိုလူများက သူတို့အား ချက်ချင်းသတ်ဖြတ်ရန်မဖြစ်နိုင်သော်လည်း ဤအတိုင်းဆက်သွားလျှင် အချိန်တစ်ခုသို့ရောက်လာသည်နှင့် သေဆုံးသွားကြမည်မှာ မြေကြီးလတ်ခတ်မလွဲချေ။
သို့သော် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သော ရွှမ်ယီဆိုသည့် ကောင်လေးတစ်ယောက်ကြောင့် အခြေအနေများအားလုံး ပြောင်းလဲသွားခဲ့၏။
ရွှမ်ယီ၏ ဆရာ ပင်းယုရုတ်တရက်ပေါ်ထွက်လာပြီး ထိုလူများအားလုံး ချက်ချင်းသတ်ဖြတ်ပစ်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူတို့အားလုံးသေဆုံးသွားပြီး အဇူရာဒေသတစ်ခွင် ဗြောင်းဆန်သွားပေလိမ့်မည်။
ထိုသို့ ဖြစ်နိုင်ချေ အရမ်းများ၏။ ထိုကိစ္စက အဇူရာဒေသမှ ဘုရင်များအတွက် လည်ချောင်းအတွင်းမှ ငါးရိုးကဲ့သို့ဖြစ်နေခဲ့သည်။
ရွှမ်ယီ ပျောက်ကွယ်သွားသည့် ရက်များအတောအတွင်း သူတို့အားလုံး နေမထိထိုင်မသာဖြစ်နေခဲ့ကြပြီး ကျင်ကြံရန်ပင် စိတ်နှစ်၍မရခဲ့ကြချေ။
ယခုတွင် အဖြေကိုသိလိုက်ရပြီဖြစ်ရာ ၎င်းတို့ လည်ချောင်းထဲမှ ငါရိုးလည်း ကျိုးပျက်သွားချေပြီ။
“ ရွှမ်ယီ… အဲ့ဒီစီနီယာ…”
ခရမ်းရောင်၀တ်စုံနှင့် နှင်းဘုရင်၏ အမူအရာက အနည်းငယ်ရှုပ်ထွေးနေဟန်ရသည်။
သူမက အစောပိုင်းကတည်းက ပင်းယု၏ တည်ရှိမှုများ သိရှိထားခဲ့သူဖြစ်ပြီး ရွှမ်ယီအပေါ် ယုံကြည်ထားကာ အခြေအနေများအားလုံးအတွက် စိတ်မပူခဲ့ဆုံးလူဖြစ်၏။
မေ့ပျောက်နတ်ဆိုးနန်းတော်ပျက်စီးသွားကြောင်းကြားလျှင် သူမလည်း သက်ပြင်းချလိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်သွားမိ၏။ ကိစ္စရပ်များက နောက်ဆုံးတွင် ထိုသို့ အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အမှန်တကယ်တွင် ထိုစီနီယာက ကောင်းကင်ဘုရင်အဆင့်တည်ရှိမှုဖြစ်သည်။ ဤအနီးပတ်၀န်းကျင်ဒေသအားလုံးတွင် သူမအား တားဆီးနိုင်သူတစ်ဦးတစ်ယောက်မျှမရှိချေ။
“ သူက ထွက်သွားပြီ.. ဒီတစ်ခေါက် ကျုပ် အင်ပါရီယာမြို့ကိုပြန်လာတာက ပြိုင်ပွဲ ဆုလာဘ်အတွက်ပါ….”
ရွှမ်ယီက ပင်းယုနှင့်ပတ်သက်ပြီး မေးခွန်းများ ရှည်နေမည်စိုးသဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။
သူ့တွင် ပင်းယုအားခေါ်ထုတ်ရန် အခွင့်အရေး တစ်ကြိမ်သာကျန်တော့၏။ သူ၏ ဝှက်ဖဲများအား အကုန်အစင်ထုတ်သုံး ထုတ်မပြဘဲ ထိန်ချန်ထားသည်က ပိုကောင်းပေသည်။
“ ဆုလာဘ်.. ဟုတ်သားပဲ…”
နှင်းဘုရင်၏ အတွေးများက ထိုနေ့သို့ အလျင်အမြန်ပြန်လည်ရွေ့လျားသွားခဲ့၏။
သူမ၏ အတွေးများ ထိုအချိန်က မှန်ကန်ခဲ့ပေသည်။ အနှီပင်းယုက သူမ မှန်းထားသကဲ့သို့ ကောင်းကင်ဘုရင်တစ်ယောက်ဖြစ်နေခဲ့၏။ ထိုအဆင့်မျိုးဖြစ်မှသာလျှင် လေဟာနယ်အား အလွယ်တကူထွင်းဖောက်လျက် ရွှမ်ယီနံဘေး အလိုရှိသည့်အချိန် ချက်ချင်း ရောက်လာနိုင်ပေလိမ့်မည်။
ရွှမ်ယီ၌ အလွန်ဆန်းကျယ်သော နောက်ခံမျိုး ရှိကောင်းရှိနေနိုင်သည်။
‘ မဖြစ်ဘူး.. ငါ့မိသားစုက ကလေးတွေကို နောက်ပိုင်း ရွှမ်ယီနဲ့ ပိုပြီးရင်းနှီးအောင်နေခိုင်းရမယ်…”
နှင်းဘုရင်နှင့် အဇူရာဘုရင်တို့က တစ်ဦးကိုတစ်ဦးကြည့်လျက် ခေါင်းညိတ်ပြလိုက်ကြ၏။
“ ဟုတ်တယ်.. ပထမဆုက မင်းအတွက်ပါဘဲ.. မိုချန်ကို နိုင်အောင်တိုက်နိုင်ရင် မင်းအတွက်ဖြစ်စေရမယ်လို့ ငါပြောခဲ့သားပဲ…”
အဇူရာဘုရင်ကလည်း ရွှမ်ယီအား စိုက်ကြည့်လျက် သဘောတူကြောင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။
အမှန်တကယ်တွင် ရွှမ်ယီ အချိန်အတန်ကြာအောင်ပျောက်ကွယ်သွားချိန်၌ တစ်ချို့လူများက ပထမဆုအား ကျန်းချန်ကို ပေးသင့်သည်ဟု ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်နှစ်များတွင်လည်း သူက အမြဲအဆင့်(၁) ဖြစ်ခဲ့သည်မဟုတ်လော။
သို့သော် လူအများစုကမူ ထိုအဆိုပြုချက်အား သဘောမတူကြချေ။ ကျန်းချန်းကိုယ်တိုင်ပင်လျှင် လိုလိုလားလား နာပါတ်(၂)ဖြစ်ကြောင်း ၀န်ခံခဲ့၏။
တတိယဓားသခင်လည်း သူ့တပည့်အား ပထမဆု ရရှိစေရန် တိုက်တွန်းစကားတစ်ခွန်းမျှမဆိုခဲ့ချေ။
ပထမဆုက ဘယ်သူနဲ့အထိုက်တန်ဆုံးလဲ…
ဟုတ်ပေသည်။ ထိုအရာက ရွှမ်ယီနှင့်သာ ထိုက်တန်၏။ သူမှလွဲ၍ အခြားမည်သူမျှ ရရန် အဆင့်မမှီချေ။
အဇူရာဘုရင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ရတနာမျိုစုံ ရွှမ်ယီရှေ့သို့ လွင့်ပျံရောက်ရှိသွားခဲ့၏။ ရွှမ်ယီက ထိုပစ္စည်းများအား စေ့စေ့နပ်နပ်ကြည့်ရှုလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
စိတ်ဝိညာဉ်သစ်သီးများဖြစ်စေ ၊ ဆေးပင်များဖြစ်စေ သူ့တပည့်များအတွက် အလွန်အသုံးတည့်သည့် ပစ္စည်းများဖြစ်၏။
သို့သော် ပထမနေရာအတွက် ဆုလာဘ်က ထိုမျှနှင့် မပြီးသေးချေ။
ရွှမ်ယီက တောက်ပနေသော မျက်၀န်းများဖြင့် အဇူရာဘုရင်အား လှမ်းကြည့်လိုက်သည်။
အဇူရာဘုရင် သက်ပြင်းတစ်ချက်ချလိုက်၏။
မှန်ပေသည်။ ထိုကောင်လေး လနတ်ဘုရားရေကန်အတွင် လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်၏။
ဝှစ်ရှ်
အဇူရာဘုရင် လက်တစ်ချက်ထံမံဝှေ့ယမ်းလိုက်ပြီး တံဆိပ်ပြားတစ်ခု ရွှမ်ယီထံ ရောက်ရှိသွားသည်။ည
“ အဲ့တံဆိပ်ပြားနဲ့ဆိုရင် လနတ်ဘုရားရေကန်မှာ တစ်ကြိမ်ကျင့်ကြံလို့ရတယ်.. အကျိုးအမြတ်ဘယ်လောက်ရနိုင်မယ်ဆိုတာကတော့ မင်းအပေါ်မူတည်တယ်…”
ရွှမ်ယီက လက်ထိုတံဆိပ်ပြားအားလှမ်းဖမ်းလိုက်ပြီး မျက်၀န်းများတောက်ပသွားခဲ့သည်။
ဤပစ္စည်းက လနတ်ဘုရားရေကန်သို့ ၀င်ခွင့်တံဆိပ်ဖြစ်သည်။ ထိုတံဆိပ်အားရရှိရန် ဘုရင်(၁၀)ယောက်လုံး သဘောတူရန်လိုအပ်၏။
လနတ်ဘုရားရေကန်ဆိုသည်မှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိနေခဲ့သော အရာတစ်ခုဖြစ်သည်။ ၎င်းက စိတ်၀ိညာဥ်စွမ်းအင်များကို နှစ်သန်းနှင့်ချီပြီး စုစည်းကာ အနည်ထိုင်စေပြီး အဆင့်မြင့်သွားစေခဲ့၏။ ထိုစွမ်းအင်များအား ကုန်စင်အောင်အသုံးပြုပြီးတိုင်း နောက်တစ်ကြိမ်အသုံးပြုနိုင်ရန် နှစ်ပေါင်း သောင်းနှင့်ချီ၍ စောင့်ရပေလိမ့်မည်။
ဤသည်မှာ အဇူရာဒေသ မဟာပြိုင်ပွဲ၌ ရွှမ်ယီပါ၀င်ခဲ့ခြင်း၏ အန္တိမရည်မှန်းချက်ဖြစ်ပေသည်။
“ ကျေးဇူးတင်ပါတယ်.. ဒါနဲ့ ကျုပ်တပည့်တွေက အဇူရာအင်ပါယာမြို့တော်မှာ ရှိနေကြသေးတဲ့အတွက် သွားလိုက်ပါဦးမယ်.. ခွင့်ပြုပါဦး…”
ရွှမ်ယီက အပြုံးတစ်ပွင့်နှင့် ထိုတံဆိပ်အား လက်ခံလိုက်ပြီး စကားဆိုလိုက်သည်။
ဤဆုလာဘ်မှာ သူနှင့် ထိုက်တန်သော အရာတစ်ခုဖြစ်၏။
“ ကောင်းပြီ… သွားနှင့်…”
နှင်းဘုရင်က ရွှမ်ယီအား ကူကယ်ရာမဲ့စွာကြည့်လိုက်၏။ သူမရှေ့မှ ထိုလူငယ်လေးက အစောပိုင်း မူလဘုရင်အဆင့်တစ်ယောက်အား သတ်ဖြတ်နိုင်စွမ်းရှိသည်။ သူ့အား အဘယ်မှာသာလျှင် ဂျူနီယာတစ်ယောက်ကဲ့သို့ ဆက်ဆံနိုင်မည်နည်း။
ယခုအချိန်တွင် ဘုရင်များအားလုံး ရွှမ်ယီအား မျိုးဆက်တူ ကျင့်ကြံသူတစ်ဦးအဖြစ် တစ်တန်းတည်းထားကာ ဆက်ဆံနေကြလေသည်။
……………..