← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

“ သူ့ရဲ့ခန္ဓာကိုယ်ကို အသက်သွင်းဖို့အတွက်က ကမ္ဘာကြီးရဲ့ ဥ‌ပဒေသအစိတ်အပိုင်းတစ်ခုပါ၀င်တဲ့ ပစ္စည်းလိုတယ်.. အဲ့တာက…..”

ရွှမ်ယီက တစ်ခဏမျှ စဉ်းစားဟန်ပြုလိုက်ပြီး ပြုံးလိုက်သည်။

“ ဒီတစ်ကြိမ်မှာ.. နည်းနည်းတော့ခက်တယ်…”

“ ကိစ္စမရှိပါဘူး.. အင်ပါယာခန္ဓာကိုယ် ဘယ်လောက်အစွမ်းထက်လဲသိရအောင်… သူမကို ကောင်းအောင်ကုသပေးမယ်….”

ထိုစကားအားကြားလျှင် စစ်ထူချင်၏ ကိုယ်လုံးလေး တုန်ခါသွားခဲ့၏။ သူမ မထိန်းနိုင်ဘဲ မျက်၀န်းထဲတွင် မျက်ရည်များ စိုစွတ်လာသည်။ တစ်နေ့တွင် သူမရဲ့ ကံတရားက အလှည့်အပြောင်းကြီးတစ်ခု ကြုံလာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်းမရှိချေ။

“ ဆရာ….”

ရွှမ်ယီက လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူမအား မည်သည့်စကားမျှမဆိုရန် အချက်ပြလိုက်၏။

“ လာ.. အနားကိုတိုးခဲ့….”

ရွှမ်ယီ၏ လက်ထဲ၌ အလင်းတန်းတစ်ခုပေါ်လာခဲ့သည်။ လူတိုင်း ရွှမ်ယီ၏ လက်ဖဝါးပေါ်၌ အလဂ်းတန်းများ ဖြာထွက်နေသည့် ငွေရောင်မြက်ပင်လေးတစ်ပင်ကို တွေ့လိုက်၏။

“ ဆရာ.. ဆရာပြောတဲ့ ဥပဒေသ အစိတ်အပိုင်းက အဲ့ဒီမြက်ပင်လေးထဲမှာရှိလား….”

ဥပဒေသဆိုသည်မှာ ဘုရင်များသာထိတွေ့နိုင်သောအရာဖြစ်၏။ သူတို့က ဥပဒေသများကိုနားလည်လာသဖြင့် ‌လေဟာနယ်ကို ဖြတ်သန်းသွားနိုင်ကြခြင်းဖြစ်သည်။ သူတို့၏ နားလည်မှု ပိုမိုနက်ရှိုင်းလာပါက လေဟာနယ်တစ်ခုကို ကိုယ်တိုင်တည်‌ဆောက်ပြီး ကမ္ဘာငယ်တစ်ခု ဖန်တီးနိုင်လိမ့်မည်။

အဇူရာဘုရင်တို့က ဤဆုလာဘ်အား ပထမဆုတွင်ထည့်သွင်းထားရသည်မှာ အခြေတည်ဝိညာဉ်အဆင့် ပါရမီရှင် မျိုးဆက်သက်လူငယ်များအဖို့ ဥပဒေသသဘောတရားနှင့် ထိတွေ့ခွင့်ရစေရန်ဖြစ်၏။

ထိုမှ တစ်စုံတစ်ခုနားလည်သွားလျှင် ဘုရင်အဆင့်သို့ချိုးဖျက်ရန်အတွက် အခက်အခဲလျော့ကျသွားပေမည်။

ရွှမ်ယီက ထိုဥပဒေသများရောယှဉ်ပါ၀င်နေသည့် မျက်ပင်အား ပြိုကွဲစေလိုက်ပြီး စစ်ထူချင်၏ ခန္ဓာကိုယ်အတွင်း ၀င်သွားစေသည်။

တစ်ခဏအကြာတွင် စစ်ထူချင်၏ ကိုယ်လုံးလေးက ပြင်းထန်စွာ တုန်ခါလာ၏။

သူမက မျက်စိများကို တင်းကြပ်စွာမှိတ်ထားခဲ့ပြီး သူမ၏ အပ်စိုက်အမှတ်များက အလင်းတန်းများတောက်ပလာသည်။ ထိုစွမ်းအားများက စစ်ထူချင်၏ မရီဒန်များနှင့် ဆက်သွယ်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို သူမခန္ဓာကိုယ်အတွင်းသို့ အတင်း၀င်ရောက်စေပြီး စီးကြောင်းများအဖြစ် စီးဆင်းသွားစေ၏။

ထိုစိတ်ဝိညာဉ်စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်သွားပြီး ငွေရောင်အလင်းတန်းများထွက်ပေါ်လာခဲ့သည်။

ထိုငွေအလင်းတန်းများက စစ်ထူချင်၏ ခန္ဓာကိုယ်အား လှည့်ပတ်နေပြီး သူမ၏ခန္ဓာကိုက ငွေရောင်ဥတစ်လုံးအတွင်းသို့ရောက်နေသည့်အလားပင်။

အသက်ရှုချိန်အနည်းငယ်ခန့်အကြာတွင် ထိုဥပုံစံဖြစ်ပေါ်နေသည့် စွမ်းအားများ ပေါက်ကွဲထွက်သွားလေသည်။

ရွှမ်ယီက လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဘေးပတ်၀န်းကျင်အား အတားအဆီးပြုလုပ်ထားလိုက်၏။

ရွှမ်ယီ မနေနိုင်ဘဲပြုံးလိုက်မိသည်။

နောက်ဆုံးတွင် မိစ္ဆာမီးလျှံနယ်မြေက သူ့အပိုင်ဖြစ်လာပေတော့မည်။

လူတိုင်းမကြာမီဖြစ်ပေါ်လာမည့်မြင်ကွင်းအား မျှော်လင့်ချက်ကြီးစွာနှင့် အလယ်ဗဟိုသို့ စူးစိုက်ကြည့်နေကြ၏။

မကြာခင် စစ်ထူချင် မျက်လုံးများဖွင့်လိုက်သည်။ သူမ၏ အရှိန်အဝါက ဖြည်းညှင်းစွာမြင့်တက်လာနေပြီး ရွှမ်ယီအား ကြည့်လိုက်၏။ သူမ မျက်လုံးများက ယခင်နဲ့ခြားနားစွာ တောက်ပလျက်ရှိနေသည်။

“ တပည့်က ဆရာ့ကိုနှုတ်ဆက်ပါတယ်… ပြီးတော့ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ…”

ရွှမ်ယီရှေ့တွင် ဒူးထောက်လျက်အရိုအသေပြုလိုက်၏။

သူမ၏ မျက်၀န်းများထဲ၌ ခံစားချက်များရောပြွန်း‌နေသည်။ အကယ်၍ ဆရာနှင့်သာမတွေ့ခဲ့ပါက သူမဘ၀ မည်သို့ဖြစ်နေမည်မှန်း စိတ်ကူးကြည့်၍ပင်မရပေ။

သူမဘ၀က ချမ်းသာခြင်းနန်းတော်တွင် လမ်းဆုံးသွားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဖုန်မှုန်တစ်စအလား လုံး၀မှေးမှိန်နေပေလိမ့်မည်။

သို့သော် ယခုတွင် သူမဘ၀က တစ်ဖန်ပြန်လည်၍ တောက်ပနိုင်စွမ်းရှိလာပြီဖြစ်သည်။

ဒါက သူမကို ဆရာဖြစ်သူပေးသော အခွင့်အရေးဖြစ်၏။

စစ်ထူချင်တစ်ယောက် သူမ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအား အတက်အကျများကို အာရုံခံမိလိုက်လျှင် မထိန်းနိုင်ဘဲ မျက်ရည်များ စီးကျလာလေသည်။

ရွှမ်ယီအား သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ လေးလေးနက်နက် ကျေးဇူးတင်နေမိ၏။

သူမ၏ ဝိညာဉ်အမြစ်ကျိုးပဲ့နေစဉ်က ကျောက်တုံးနတ်ဆိုးမြို့၌ လူတိုင်း၏ လှောင်ရယ်စရာတစ်ခုဖြစ်ခဲ့သည်။

သို့သော် ရွှမ်ယီနှင့်တွေ့ပြီးနောက် အရာအားလုံး ပြောင်းလဲသွားချေပြီ။

စစ်ထူချင်၏ အင်ပါယာခန္ဓာကိုယ်အသက်၀င်လာပြီးသည့်နောက် လွန်ခဲ့သော နှစ်များတွင် အလုပ်မလုပ်ခဲ့သည့် ခန္ဓာကိုယ်အတွင်းမှ မရီဒန်များနှင့် ဥပဒေသများပါ၀င်နေသည့် မြက်ထံမှ စွမ်းအားများ ပေါင်းစပ်သွားကာ ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက် သူမ၏စွမ်းအား တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

သူမသည် လုံးလုံးစွမ်းအားမရှိသူတစ်ဦးအဖြစ်မှ ချီအခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွား၏။

၀မ်ဟူကမူ သူ၏ အံ့ချီးဖွယ် ဂျူနီယာညီမလေးအား မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေခဲ့သည်။

သူမထံမှ ချီအခြေခံတည်ဆောက်ခြင့်အဆင့် စွမ်းအားများကို အာရုံခံမိလိုက်လျှင် မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိ၏။ သူ၏ စိတ်အပါအ၀င် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့လေသည်။

“ ဂျူနီယာညီမလေးက နတ်ဆိုးတစ်ကောင်ပဲ.. ချက်ချင်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၁)ကိုတန်းရောက်သွားတယ်… အခုဆိုရင် သူမက ငါနဲ့ နည်းနည်းလေးပဲကွာတော့တယ်…”

၀မ်ဟူက လက်ရှိအခြေအနေအား လက်သင့်မခံနိုင်လောက်အောင် တုန်လှုပ်နေ၏။

“ အရမ်းကြီး စိတ်ထိခိုက်မနေပါနဲ့.. မင်းရဲ့ ဂျူနီယာညီမလေးက စိတ်ဝိညာဉ်အမြစ်ထိခိုက်နေတာကြာပြီ.. အခုပြန်ကောင်းလာတော့ ဥပဒေသစွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၁)ကို တိုက်ရိုက်ရောက်သွားတာပဲ… အရမ်းကြီး ထူးဆန်းတာတော့လည်းမဟုတ်ပါဘူး…”

ရွှမ်ယီက ပြုံးလျက် ၀မ်ဟူအား နှစ်သိမ့်ပေးလိုက်သည်။

ရွှမ်ယီက တပည့်များလက်ခံရာတွင် ပါရမီတစ်ခုတည်းကြည့်၍ လက်ခံခြင်းမဟုတ်ချေ။ စိတ်နေသဘောထားများကို လေ့လာပြီး စစ်ထူချင်ကို နှစ်သက်သဖြင့် လက်ခံခဲ့ခြင်းဖြစ်၏။ သူမ၏ စရိုက်ကြောင့် စွမ်းအားများတိုက်ရိုက်တိုးတက်လာသော်လည်း မောက်မာခြင်း ၊ စိတ်မရှည်ခြင်းအလျဉ်းမရှိဘဲ ထိုစွမ်းအားများကို အလွယ်တကူထိန်းချုပ်နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် ငြိမ်းသေလုနီးပါး မီးတိုင်ကဲ့သိုဖြစ်နေသော စစ်ထူချင်၏ အင်ပါယာခန္ဓာကိုယ် ပြန်လည်အသက်၀င်လာခဲ့ပြီး သူမ၏ ပါရမီအမှတ်က (၃၈၈)ဖြစ်သွားခဲ့၏။

ထိုအရည်အချင်းမျိုးက အဇူရာဒေသအပါအ၀င် အနီးပါတ်၀န်းကျင်ဒေသများမှ အရွေးချယ်ခံများအား ကျော်တက်ရန်လုံလောက်သည်။

အဓိက တာ၀န်ပြီးဆုံးသွားသောကြောင့် ရွှမ်ယီက မိစ္ဆာမီးလျှံနယ်မြေအား ပိုင်ဆိုင်သွားချေပြီ။

တစ်ချိန်တည်းတွင် အဓိကတာ၀န်အသစ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

[ ဒင်! အဓိကတာ၀န်ပြီးဆုံးသွားသောကြောင့် အသစ်တစ်ခု လက်ခံရရှိပါတယ်။

အဓိက တာ၀န်- ပါရမီအမှတ်(၄၀၀)ကျော်သော တပည့်တစ်ဦး လက်ခံပါ။

တာ၀န်ဆုလာဘ်- အချိန်ကမ္ဘာငယ် ၊ ပင်းယု၏ ထာ၀ရတည်ရှိမှု ]

“ ဟမ်.. အချိန်ကမ္ဘာငယ်.. အဲ့တာက အချိန်ကို မြှင့်နိုင်တာမျိုးလား…”

“ ပင်းယုရဲ့ အမြဲတမ်းတည်ရှိနေမှု….”

ရွှမ်ယီ အလွန်တုန်လှုပ်သွားခဲ့၏။

လက်ရှိတွင် မိစ္ဆာမီးလျှံနယ်မြေက သူ့ခေါင်းထဲတွင်မရှိတော့။ မျက်လုံးထဲ၌ ဆုလာဘ်အသစ်နှစ်ခုသာ မြင်နေရလေသည်။

ပင်းယုအကြောင်းကား ထွေထွေးထူးထူးပြောစရာမရှိချေ။ သူမက ကောင်းကင်ဘုရင်အဆင့်ဖြစ်တည်မှုမျိုးဖြစ်ပြီး သာမန်ဘုရင်များကို ကြက်သတ်သလိုသတ်နိုင်သူဖြစ်၏။

လက်ရှိတွင် ရွှမ်ယီ၌ သူမအား ဆင့်ခေါ်ခွင့်တစ်ကြိမ်သာကျန်တော့ပြီး ၎င်းကို အလွန်အရေးမကြီးဘဲ အသုံးပြုလိုစိတ်မရှိပေ။

ထို့အပြင် ပင်းယုနှင့် တစ်တန်းတည်းထားရလောက်သည့် အချိန်ကမ္ဘာငယ်အား လုံး၀လျှော့တွက်၍ မရချေ။ ၎င်းက အချိန်အား တိုးမြှင့်နိုင်စွမ်းရှိပုံရသည်။

စနစ်ထံမှ ဆုလာဘ်များက အမြဲတမ်းပုံသေမရှိချေ။ သူ၏ ခွန်းအားများတိုးလာသည်နှင့်မျှ ၎င်းကလည်း လိုက်ပါတိုးတက်လာခဲ့၏။

ဟင်းလင်းပြင်ဓားနယ်မြေနှင့် မိစ္ဆာမီးလျှံနယ်မြေက အလွန်အစွမ်းထက်ပြီး ရွှမ်ယီ၏ ခန့်မှန်းချက်များထက်ကျော်လွန်နေသော်လည်း လက်ရှိတွင် ရွှမ်ယီ၏ စိတ်ထဲ၌ ထိုနှစ်ခုပေါင်းလျှင်ပင် အချိန်ကမ္ဘာငယ်၏ တန်ဖိုးအား မမှီနိုင်ဟု ခံစားနေမိသည်။

အချိန်ကမ္ဘာငယ်က အချိန်ကိုတိုးမြှင့်နိုင်စွမ်းရှိဟန်ရပြီး အလွန်နက်နဲသောဆန်းကြယ်မှုများ ရှိရပေမည်။

ရွှမ်ယီမျှော်လင့်ထားသည့်အတိုင်း သူ၏ ပဟေဠိနှင့်ပတ်သက်၍ စနစ်ထံမှ အချက်အလက်အချို့ရရှိလိုက်၏။

[ ထိုအရာက အချိန်စီးဆင်းမှုကို လျင်မြန်စေနိုင်ပါတယ်။ ဘုရင်အဆင့်ကျင့်ကြံသူ တည်ဆောက်ထားတဲ့ ပြည့်စုံမှုမရှိတဲ့ ကမ္ဘာငယ်နဲ့ တူညီခြင်းမရှိပါ။ ဒီကမ္ဘာငယ်လေးက အချိန်အကြာကြီး ထိန်းသိမ်းထားလို့ရပါတယ်။ ကမ္ဘာကြီးရဲ့ ဆရာသခင်များသာ ကမ္ဘာ့ဥပဒေသတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ အချိန်းစီးဆင်းမှုကို ထိန်းချုပ်ပြီး လျင်မြန်စေနိုင်တဲ့အစွမ်းရှိပါတယ် - ထိုကမ္ဘာငယ်လေးက ဒြပ်စင်(၅)မျိုးရဲ့ အနှစ်သာရစွမ်းအင်ကို ဝါးမြိုဖို့လိုအပ်ပါတယ်……]

All Chapters