← Chapters

အခန်း (၉၈)

Vol. 7 Ch. 98

အခန်း (၉၈)

Vol. 7 Ch. 98

ရလဒ်အနေဖြင့် တစ်ယောက်ပြီးတစ်ယောက် အဆင်မပြတ် စင်မြင့်ထက်သို့ တက်သွားကြ၏။ သို့သော် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့ကြသည်။

အနက်ရောင်လေဒေသဘက်တွင်မူ ငါးယောက်ရှုံးနိမ့်သွားခဲ့ပြီဖြစ်ပြီး အဆင့်(၅)မှ လူငယ်က တောင်တန်းကြီးအလား စင်မြင်ထက်၌ မြဲမြံစွာဆက်ရှိနေ၏။

“ ကျုပ်တို့ အဇူရာအဆင့်က တစ်ယောက်မှ မတိုက်ရသေးဘူး.. ပြိုင်ပွဲက ဒီအခြေအနေထိတောင်ရောက်သွားပြီလား.. ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ …”

ချင်းယွမ် အံ့အားသင့်စွာရေရွတ်လိုက်သည်။ သူက အဇူရာအဆင့်(၁၀)ယောက်တွင် အလယ်အလတ်အောက်နားမှဖြစ်၏။ လက်ရှိ စင်မြင့်ထက်၌ တိုက်ခိုက်နေသူမှာ နတ်ဆိုးအဆင့်(၁၀) မိုချန်နှင့် အဆင့်တူဖြစ်သည်။

“ ငါ လုပ်ပါရစေ..”

ကျန်းချန်၏ မျက်၀န်းများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များနှင့် တောက်ပနေခဲ့သည်။ သူ့ စိတ်ထဲတွင် ရွှမ်ယီ၏ ဓားချက်များအား ပြန်လည်မြင်ယောက်လာ၏။ ပြီးနောက် သူ၏ မျက်၀န်းများက ပို၍ စူးရှလာခဲ့သည်။

မိုထန်အား ရှုံးနိမ့်ပြီးချိန်တွင် သူတော်တော်လေးအရှက်ရခဲ့၏။ သို့သော် ထိုတိုက်ပွဲပြီးနောက် သူ အများကြီးတိုးတက်လာသည်။ နတ်ဆိုးအဆင့်မှလူများက ရွှမ်ယီလက်ချက်ဖြင့် အနိစ္စရောက်ကုန်ပြီဖြစ်ရာ သူတိုက်ခိုက်ချင်သည့်တိုင်အောင် ပြိုင်ဘက်ရှာ၍ မရခဲ့ပေ။

သို့သော် စင်မြင့်ထက်၌ ရှိနေသောလူက နတ်ဆိုးအဆင့်(၁၀)မိုချန် နည်းတူ သန်မာသည်ဖြစ်ရာ သူ့ခွန်အားကို စမ်းသပ်နိုင်ပေတော့မည်။

“ သူက ဘယ်သူလဲ.. ဟင် အဇူရာဒေသကလား…”

“ အဇူရာဒေသ.. ဒီလောက်နောက်ကျပြီးမှာလား…”

“ သူ ဘယ်နှစ်ချီလောက်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့…”

အနီးနားဒေသမှ အားနည်းသူများအားလူံး ရှုံးနိမ့်ခဲ့ကြပြီးဖြစ်သည်။ သူတို့အနေဖြင့် ဆက်ထွက်လေ ပိုပြီးအရှက်ကွဲလေဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အလွန်သန်မာသော အရွေးချယ်ခံများက အားနည်းသူများနှင့်ဆုံလျှင် အကွက်အနည်းငယ်အတွင်း အနိုင်ယူခဲ့ကြသောကြောင့်ဖြစ်၏။

ထိုအပြင် အဇူရာဒေသက အားကောင်းသောဒေသတစ်ခုလည်းမဟုတ်သလို အားနည်းလွန်းသောဒေသလည်းမဟုတ်ချေ။ လက်ရှိတိုက်ပွဲများက အလွန်ပြင်းထန်နေပြီဖြစ်၏။ ယခုမှထွက်လာခြင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းမဟုတ်ပေလော။

ယခုနှစ်များတွင် အဇူရာဒေသက ပုံမှန်သာလုပ်ဆောင်ခဲ့၏။ သူတို့က တိုက်ပွဲ၏ အလယ်အလတ်အဆင့်တွင် ၀င်ရောက်တိုက်ခိုက်တတ်ကြသည်။ သဘာ၀ကျကျပြောရလျှင် ထိုလူများအနေဖြင့် စင်မြင့်ထက်သို့ ရောက်သင့်သည်မှာ ကြာလှချေပြီ။

အဘယ်ကြောင့် အခုမှထွက်လာပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေသနည်း။

အနက်ရောင်လေအဆင့်(၅)မှ လူငယ်က ထွားကျိုင်းခြင်းမရှိဘဲ အရပ်အတန်အသင့်နှင့် ပိန်ပါးသူဖြစ်၏။ သူက အနက်ရောင်သံချပ်ကာအား၀တ်ဆင်ထားပြီး လေးထောင့်ကျကျတုတ်ကို ကိုင်ဆောင်ထားပေသည်။

သူ၏ ပုံစံက ထိတ်လန့်စရာအသွင်အပြင်မျိုးတော့မဟုတ်ချေ။ သို့သော် သူ့ထံမှ ကောင်ကင်ကိုပင် အံ့တုတော့မည့် အရှိန်အဝါမျိုးထွက်ပေါ်နေ၏။ မည်သူမှ ထိုလူအား လျှော့မတွက်ဝံ့ကြချေ။ လက်ရှိအချိန်ထိ သူက ရွှေးချယ်ခံ(၅)ယောက်အား အနိုင်ယူခဲ့ပြီး စင်မြင့်ထက်၌ မြဲမြံစွာ ဆက်ရှိနေဆဲပင်။

“ တိုက်ကြတာပေါ့…”

စင်မြင့်ထက်သို့ တက်လာသည့် ကျန်းချန်အားမြင်လျှင် ဟိုင်ချူ၏ မျက်လုံးများ တောက်ပသွားသည်။ သူ့ ကျန်းချန်၏ နာမည်အား တကူးတကမေး၍ သိရန်စိတ်မ၀င်စားချေ။

သို့သော် ကျန်းချန်မည်သည့် ဒေသမှလဲဆိုတာကိုတော့ သူသိထားသည်။ ကျန်းချန်ထွက်လာသည့်နေရာက အဇူရာဒေသမှမဟုတ်ပေလော။

အဇူရာဒေသက ဘယ်တုန်းကမှ အရမ်းထူးချွန်ခြင်းမရှိခဲ့ဘဲ သူ၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။

“ ရော့.. ယူလိုက်…”

ဘုန်း…

ဟိုင်ချူက စကားဆုံးသည်နှင့် တစ္ဆေတစ်ကောင်အလား ကျန်းချန်ရှေ့၌ ပေါ်လာခဲ့ပြီး တုတ်ဖြင့် သိမ်းရိုက်ချလိုက်သည်။

တိုက်…

‘ဘန်း…’

ကျန်းချန်၏ မျက်၀န်းများထဲ၌ မည်သည့်ခံစားချက်မှမရှိချေ။ သူ၏ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ပြီး မျက်ခုံးနှစ်ကြားမှ ဓားချီအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။

ရွှပ်..

ထိုဓားချီက အလွန်အေးစက်ကာ အလင်းတန်းများ ကောင်းကင်ထက်သို့ပင်ဖြာထွက်သွား၏။ ၎င်း၏ ပတ်၀န်းကျင်၌ စိတ်ဝိညာဉ်စွမ်းအင်များဖြာထွက်နေပြီး ဟိုင်ချူထံသို့ ၀င်ရောက်သွားပြီး တိုက်ရိုက်ထိမှန်သွားလေသည်။

ဟိုင်ရန် အနည်းငယ် ထိတ်လန့်သွားပြီး ခါးမတ်လိုက်ကာ ခေါင်းမော့လျက် ကျန်းချန်အား စူးစိုက်ကြည့်လိုက်၏။

ကွင်းပြင်တစ်ခုလုံး ခေတ္တကြာအောင် တိတ်ဆိတ်သွားပြီးနောက် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။

“ ဒီလူ.. ကြည့်ရတာ အလွန်ဆုံးအနေနဲ့ သရေလောက်ပဲဖြစ်မယ်ထင်တာ.. ဟိုင်ချူကိုနိုင်သွားမယ်လို့ လုံး၀ထင်မထားဘူး…”

လူတိုင်းအံ့ဩသွားခဲ့ကြသည်။

အဇူရာဒေသ၏ စွမ်းအားက လူတိုင်းခန့်မှန်းချက်ထက် ကျော်လွန်နေ၏။

“ မင်းက မဆိုးဘူးပဲ…”

‌တစ်ခဏအကြာတွင် အနက်ရောင်လေအဆင့်(၄) စင်မြင့်ထက်သို့တက်ရန်ပြုလိုက်သော်လည်း ဟိုင်ရန်က ရပ်တန့်စေလိုက်ပြီး..

“ ရှန်ဖန်း.. မင်းသွားလိုက်…”

အနက်ရောင်လေ အဆင့်(၂) ၊ ရှန်ဖန်း…

သူက လက်ရှိစုဝေးပွဲတစ်ခုလုံးတွင် ဟိုင်ရန်ကိုသာ သူ၏ ပြိုင်ဘက်အဖြစ်သတ်မှတ်ထားခဲ့သည်။

ရှန်ဖန်းက တည်တည်ငြိမ်ငြိမ်ပင်ပြုံးလိုက်ပြီး ဟိုင်ရန်၏ ပခုံးအားပုတ်လိုက်ကာ

“ သူက အဇူရာဒေသကလူကိုရှုံးခဲ့တာပဲ.. ကျွတ်ကျွတ်…”

ဟိုင်ချူ၏ မျက်နှာတစ်ခုလုံးနီရဲသွားလေသည်။ သို့သော် သူက ရှန်ဖန်းအား အေးစက်စွာကြည့်လိုက်ပြီး မည်သည့်စကားမှတော့ပြန်မပြောခဲ့ချေ။

…….

သိုင်းစင်မြင့်ထက် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်သွား၏။

တစ်ခဏမျှအကြာတွင် ရှန်ဖန်းလည်း ရှုံးနိမ့်သွားခဲ့သည်။

ရှန်ဖန်းက ကျန်းချန်အား တုန်လှုပ်စွာကြည့်လိုက်၏။ သူ့အကြည့်ဟိုင်ချူရှိရာရောက်သွားချိန်တွင် လက်ညှိုး‌မြှောက်ယမ်းကာ လှောင်ပြောင်နေသည်ကို တွေ့လိုက်ရသည်။

သူက ကျန်းချန်းအား သေချာကြည့်လိုက်ပြီး

“ မင်းက အရမ်းသန်မာတာပဲ…”

ဟိုင်ရန်လည်း ကျန်းချန်အား လေးနက်စွာကြည့်နေပေသည်။ ရှန်ဖန်းက သာမန်လူတစ်ယောက်မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်က အလွန်အစွမ်းထက်ပြီး တော်တော်လေးသန်မာသူတစ်ယောက်ဖြစ်၏။

ပုံမှန်ဆိုလျှင် တော်ရုံဖြင့် သူအား ထိခိုက်စေမည်မဟုတ်ချေ။ သို့သော် သူလည်း ကျန်းချန်အား တစ်ခဏအတွင်းရှုံးနိမ့်သွားရသည်။

အဇူရာဒေသမှ ထိုဓားသမားက တော်တော်လေးအစွမ်းထက်ဟန်ရ၏။

ဟိုင်ရန်က မတ်တပ်ရပ်လိုက်ပြီး ကျန်းချန်အား ကိုယ်တိုင်တိုက်ခိုက်ရန်ပြင်လိုက်သည်။

“ ကျွန်စမ်းကြည့်မယ်.. ရှင့်လိုမျိုး အားကောင်းတဲ့ပြိုင်ဘက်မျိုးနဲ့ တွေ့ရဖို့ဆိုတာ မလွယ်ဘူး…”

အလွန်သာယာချိုမြိန်သော အသံလေးတစ်ခု ထွက်ပေါ်လာပြီး စင်ပေါ်သို့ တက်ရန်ပြင်နေသည့် ဟိုင်ရန် ရပ်တန့်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူထက်ဦးစွာ စင်မြင့်ထက်သို့ အေးစက်စက်အလှလေးရောက်ရှိသွားသောကြောင့်ဖြစ်သည်။

“ ဒါက နတ်သမီး နင်းရှောင်ပဲ…”

“ ဒေသ‌အစုံကိုပတ်သွားနေတဲ့ နတ်သမီးနင်းရှောင်လား… ကောလဟာလတွေအရဆိုရင် သူမက ခွန်အားတိုးတက်စေဖို့အတွက် ဒေသအစုံလျှောက်သွားပြီး လူငယ်မျိုးဆက်တွေကို လိုက်စိန်ခေါ်နေတာဆို… ဒေသတော်တော်များများမှာ အဆင့်(၁)လို့လည်း ကြားဖူးတယ်…”

စင့်မြင့်ထက်တွင်..

နင်းရှောင်၏ ဟန်ပန်က အင်မော်တယ်နတ်သမီးတပါး ကမ္ဘာလောကသို့ရောက်လာသည့်အလားဖြစ်နေပြီး ကျော့ရှင်းလှပလျက်ရှိသည်။

လူတိုင်းက စင်မြင့်ထက်တွင် သူမနှင့် တိုက်ခိုက်ခွင့်ရလိုရသည်။ သို့သော် သူတို့ခွန်အားက သူမ၏ပြိုင်ဘက်ဖြစ်ရန် နိမ့်ကျနေကြသေး၏။

နင်းရှောင် အ‌နက်ရောင်လေဒေသသို့ ရောက်နေသည်မှာ မနည်းကြာချေပြီ။ သူမက အနက်ရောင်လေ အဆင့်(၁) ဟိုင်ရန်အား ဆက်တိုက်စိန်ခေါ်တိုက်ခိုက်နေခဲ့ပြီး တပူးပူးတတွဲတွဲရှိနေခဲ့ကြသည်။ ဤသို့ဖြင့် သူတို့နှစ်ဦး၏ ကျော်ကြားမှုက ပို၍ပင် မြင့်တက်လာခဲ့၏။

“ နောက်ဆုံးတော့ နတ်သမီးနင်းရှောင် တိုက်ခိုက်တာကြည့်ရတော့မယ်…”

“ ကောင်းပါပြီ.. ဒါဆိုလည်း ခွင့်ပြုပါဦး…”

တက်လာသူ မည်သူဖြစ်စေ ကျန်းချန်က စိတ်ထဲမထားချေ။

ထို့နောက် ကျန်းချန်က လက်သီးဆုပ်လိုက်ပြီး သူ့ ထံမှ ဓားစွမ်းအားတစ်ခု ပေါက်ကွဲ‌ထွက်ပေါ်လာသည်။

ဘုန်း…

နင်းရှောင်၏ အမူအရာကမူ ပကတိ တည်ငြိမ်နေ၏။ သူမက လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်ပြီး ၀င်လာသော စွမ်းအားများအား ပြန့်ကျဲစေလိုက်သည်။ သို့သော် ကျန်းချန်၏ ဓားချက်၌ အလွန်အစွမ်းထက်သော စွမ်းအားများပါ၀င်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်အတိဖြစ်လေသည်။

“ ဓားရည်ရွယ်ချက်.. ရှင်က ဓားရည်ရွယ်ချက်ကို နားလည်ထားပြီပဲ…”

နင်းရှောင်တစ်ယောက် တည်ငြိမ်မနေနိုင်တော့ချေ။ သူမ၏ အမူအရာက သိသိသာသာပြောင်းလဲသွား၏။ သူမထံသို့ ရောက်လာသည့် ‌ဓားချက်အားကြည့်ပြီး လုံး၀ အလွန်ကြီးမားသည့် ဖိအားတစ်ခုခံစားလိုက်ရသည်။

သူမ ထိုဓားချက်အား လုံး၀ မကာကွယ်နိုင်ဟု ခံစားမိနေ၏။

ဘုန်း…

သူမက တုန်လှုပ်နေသော အမူအရာနှင့် နောက်ပြန်ဆုတ်သွားခဲ့သည်။

“ ရှင်က ဘယ်သူလဲ.. ဘာလို့ ဒီအသက်အရွယ်နဲ့ ဓားရည်ရွယ်ချက်ကို နားလည်နေရတာလဲ.. အဇူရာဒေသက ဖုံးကွယ်နေတဲ့ နဂါးလား…”

အနက်ရောင်လေဒေသမှ ဟိုင်ရန်မှလွဲလျှင် အနီးပတ်၀န်းကျင်ဒေသများ၌ သူမအတွက် ပြိုင်ဘက်မရှိဟု အမြဲတမ်းထင်မှတ်ထားခဲ့သည်။ သို့သော် သူမက တခြားဒေမှ လူများအား လျှော့တွက်နေခဲ့မိကြောင်း နားလည်သွားချေပြီ။

“ ဒီစုဝေးပွဲမှာ ရှင်ကလွဲပြီး ဘယ်သူမှ နံပါတ်(၁) မဖြစ်နိုင်တော့ဘူး…”

All Chapters