← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

အဇူရာဒေသ ၊ ကောင်းကင်လေနိုင်ငံ ၊ နက်နဲဓားဂိုဏ်း

ရွှမ်ယီက လနတ်ဘုရားရေကန်မှ ထွက်လာခဲ့ပြီးနောက် တံခါးပိတ်ကျင့်ကြံရန် နက်နဲဓားဂိုဏ်းသို့ ပြန်လာခဲ့သည်။

သူက အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ချိုးဖျက်ခဲ့ခြင်းဖြစ်၏။ ထိုအဆင့်၌ အသားကျအောင် အချိန်အတန်ကြာကျင့်ကြံရန်လိုအပ်သည်။

ရွှမ်ယီ၏ မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့၏။

သူ့လက်က အကျီရင်ဘတ်အတွင်းသို့ရောက်သွားခဲ့ပြီး အဆက်အပြတ်တုန်ခါနေသည့် ကျောက်စိမ်းဆွဲသီးအား ထုတ်ယူလိုက်သည်။

“ ကျောက်စိမ်းဆွဲသီးက ဆက်တိုက်ခုန်နေတာပဲ…”

ရွှမ်ယီ၏ မျက်လုံးများမှေးကျဉ်းသွားပြီး အတွေးနက်သွားခဲ့သည်။

“ လေးနက်ခြင်း နတ်ဘုရားကုန်းမြေကြီး.. ရွှမ်…”

လက်တွင်းမှ ဆွဲသီးအားကြည့်နေရင်း တစ်စုံတစ်ခုအား ယောင်ဝါးဝါးခန့်မှန်းမိလိုက်၏။

ဤလက်ရှိကမ္ဘာကြီးမှာ အလွန်ကြီးမားပေသည်။ လေးနက်ခြင်းနတ်ဘုရားကုန်းမြေကြီး၌ပင် တိုက်ကြီးငါးခုရှိ၏။ တိုက်ကြီးတစ်ခုချင်းစီ၌ ဒေသပေါင်း(၁၀၀)ကျော်အထိရှိနေပြီး ဒေသတစ်ခုအတွင်း၌ နိုင်ငံများရာနှင့်ချီ၍ ရှိသည်။

ဤကမ္ဘာကြီးကား တွေးကြည့်မည်ဆိုလျှင် အဆုံးအစမဲ့လုနီးပါး ကျယ်၀န်းလှ၏။

လက်ရှိ ရွှမ်ယီက အဇူရာဒေသတွင်နေထိုင်ပြီး အသက်(၂၀)၀န်းကျင်ဖြင့် အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေကာ နက်နဲဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးလည်းဖြစ်သည်။

ယခင်တုန်းကဆိုလျှင် ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံးကျွမ်းကျင်သူမှာ အခြေတည်ဝိညာဉ်အဆင့်(၇)၌သာရှိပြီး နက်နဲဓားဂိုဏ်းတွင် အခြေတည်ဝိညာဉ်အဆင့်(၃)ဦးသာရှိခဲ့သည်။

စနစ်မရှိသေးခင်အချိန်ကပင် ရွှမ်ယီ၏ စွမ်းအားနှင့် အရည်အချင်းများက အဇူရာဒေသမှ ထိပ်သီးပါရမီရှင်များအောက်မ‌ကျပေ။

ထို ‘ရွှမ်’ ဟုရေးထွင်းထားသည့်ကျောက်စိမ်းဆွဲသီးအားကြည့်လျှင် သူ၏ ဇစ်မြစ်က သာမန်ရိုးရှင်းပုံမရချေ။

သို့သော် တစ်ဖက်မှ သူ့အား တစ်နေ့တွင် ရှာဖွေလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းမရှိပေ။

ရွှမ်ယီ ရုတ်တရက်ခေါင်းမော့ကြည့်လိုက်၏။ သူ၏ အကြည့်က ဖုံးကွယ်ထားသောအရာတိုင်းကို ကျော်ဖြတ်သွားပြီး နက်နဲဓားဂိုဏ်၏ ကောင်းကင်ယံထက်သို့ ရောက်သွားသည်။

ဆွှစ်ရှ်…

လေဟာနယ်အက်ကွဲကြောင်းတစ်ခုပွင့်လာခဲ့ပြီး ၎င်းအတွင်းမှ ပုံရိပ်နှစ်ခု ထွက်လာ၏။ ထိုအထဲမှ တစ်ယောက်က ပတ်လည်အား ကြည့်ရှုလိုက်ပြီးနောက် ခေါင်းယမ်းကာ ဘာမှထူးဆန်းသည့်အရာမရှိဟူသော အမူအရာမျိုးဖြစ်သွားခဲ့သည်။

“ ဒီနေရာရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းပါးလျလွန်းတယ် ကောင်းကင်ဒေသရဲ့ ဖင်ဖျားတောင်မမှီဘူး.. ဒီနေရာက ‌ပင်မသွေးမျိုးဆက်က ကျင့်ကြံနေခဲ့ရင်တောင် သူ့အဆင့်က သိပ်ပြီးမြင့်မားမှာတော့မဟုတ်ဘူး…”

နောက်တစ်ယောက်ကလည်း အောက်ငုံ့ကြည့်ကာ ခေါင်းယမ်းလိုက်၏။

သူတို့နှစ်ယောက်က ထိုအခြေအနေ၏ နောက်ကွယ်မှ အဓိပါယ်ကိုနားလည်ကြသည်။ အကယ်၍ ကျင့်ကြံမှုအဆင့် အလွန်နိမ့်ကျလွန်းနေပါက ပြန်ခေါ်သွားရာတွင် အနည်းငယ်အခက်ခဲရှိနိုင်သည်။

“ ဘာပဲဖြစ်ဖြစ်ပါ.. ကြီးမားတဲ့ ကပ်ဘေး အန္တရာယ်ကနေကာကွယ်ဖို့ ပင်မသွေးရင်တွေကို အဝေးပို့ခဲ့ရတယ်.. ဆယ်စုနှစ် နှစ်ခုနီးပါးကြာသွားပြီ.. အခု သူတို့အားလုံး အိမ်ပြန်ဖို့အချိန်တန်ပြီ…”

“ ကျုပ်တို့ ရွှမ်မိသားစုက သွေးရင်းတွေကို ဘယ်လိုလုပ်ပြီး အပြင်မှာ အဆုံးသတ်ခွင့်ပေးလို့ရမလဲ…”

ဘုန်း…

စကားဆုံးသည်နှင့် ၎င်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုဖိအားမှတစ်ဆင့် ထိုလူက ဘုရင်တစ်၀က်အဆင့်တစ်ယောက်ဖြစ်ကြောင်း သိနိုင်၏။

“ ဒီနေရာက ပိုင်ရှင်ကိုအရင် အသိပေးလိုက်မယ်.. သဘာ၀ကျကျပြောရမယ်ဆိုရင် ကျုပ်တို့ခွန်အားနဲ့ လက်ရှိနေရာကို တိုက်ရိုက်၀င်သွားပြီး တပည့်တစ်ယောက်ကို သွားတောင်းဖို့က ပြသနာမရှိဘူး…”

သူတို့နှစ်ဦးရောက်လာကတည်းက ဤနေရာမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံး အခြေတည်ဝိညာဉ်အဆင့်၌သာရှိကြောင်း သိရှိပြီးဖြစ်၏။

သိုတိုင် သူတို့နှစ်ယောက်က ပြသနာရှာရန်ရည်ရွယ်ထားခြင်းတော့မရှိချေ။ ၎င်းတို့၏ အရှိန်အဝါများအား အသိပေးသည့် သဘောဖြင့် ထုတ်လွှတ်လိုက်ခြင်းဖြစ်၏။

“ မိုက်မဲတယ်…”

“ မောက်မာလိုက်တာ.. ဘယ်သူက ကျုပ်တို့ နက်နဲဓားဂိုဏ်းအထက်လာပြီး အာဏာပြနေတာလဲ…”

ဆေဘာဘုရင်နှင့် ရွှေဘုရင်တို့က ၎င်းတို့၏ အရှိန်အဝါများအား ထိန်းချုပ်ထားခဲ့ကြခြင်းဖြစ်သည်။ ဂိုဏ်းအထက်၌ လေဟာနယ်အတက်အကျများ ပေါ်လာကတည်းက သူတို့နှစ်ဦး လှမ်းပြီး လေ့လာလိုက်ကြ၏။ အစပိုင်းတွင် ဘုရင်အဆင့်တစ်ယောက်ရောက်လာသည်ဟု ထင်ခဲ့သော်လည်း ဘုရင်တစ်၀က်အဆင့်(၂)ယောက်ဖြစ်နေသည်။

ထိုအရာက သိပ်ပြီးကိစ္စမရှိချေ။ နက်နဲဓားဂိုဏ်းအထက်ထိ တကူးတကလာရောက်လာပုံထောက်လျှင် ထိုလူများက ရွှမ်ယီ၏ အသိများဖြစ်ရပေမည်။

ထို့အပြင် ရွှမ်ယီက လက်ရှိတွင် နက်နဲဓားဂိုဏ်း၌ တံခါးပိတ်ကျင့်ကြံနေ၏။ ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့က ကောင်းကင်ထက်မှ(၂)ယောက်အား သွား၍ဖမ်းဆီးရဲခြင်းမရှိချေ။ မတော်တဆ ရွှမ်ယီအား အပြစ်ပြုမိမည်လည်းစိုးရသည်။

သိုသော် ထိုငတိနှစ်ကောင်က အလွန်မောက်မာပြီး ၎င်းတို့ အရှိန်အဝါများအား ဖော်ထုတ်လိုက်ကြ၏။ ဘယ်ကရသော သတ္တိနှင့် နက်နဲဓားဂိုဏ်းအထက်၌ လာရောက်သောင်းကျန်းဝံ့ကြသနည်း။

နက်နဲဓားဂိုဏ်းမှ အားနည်းသော တပည့်များ တုန်တုန်ယင်ယင်ဖြစ်နေသည်အား မြင်လိုက်လျှင် သူတို့မျက်နှာများ ဖြူဖျော့သွား၏။ ထို့နောက် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ အလွန်ဒေါသထွက်သွားပြီး မျက်နှာများ မဲမှောင်သွားတော့သည်။

‘ မိုက်မဲတဲ့ခွေးကောင်တွေ.. ဘုရင်တစ်၀က်အဆင့်နဲ့ လာပြီးမောက်မာရဲနေကြတယ်.. သခင်လေးရွှမ်ယီသာ ဒေါသထွက်သွားရင်…..’

“ ဘယ်ကကောင်တွေလဲကွ.. ထွက်သွားကြစမ်း…”

ဘုန်း…

ရွှမ်မိသားစုမှ နှစ်ယောက် မျက်၀န်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။

“ ဒီလိုဂိုဏ်းငယ်လေးမှာ ဘုရင်အဆင့်(၂)ယောက် ဘယ်လိုရှိနေတာလဲ…”

“ အဲ့တာ ဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါတို့ နေရာမှားလာတာများလား…”

အစောပိုင်းတွင်း ၎င်းတို့၏ အရှိန်အဝါများထုတ်လွှတ်လိုက်ရခြင်းမှာ ဤဂိုဏ်းမှာ လူများ သတိပြုမိသွားပြီး စကားပြောခွင့်ရရန်ဖြစ်သည်။ အဘယ်ကြောင့် တိုက်ရိုက်အရှိန်အဝါများ ထုတ်လွှတ်လိုက်ရသနည်းဟုဆိုလျှင် ဤဂိုဏ်းငယ်လေးမှ လူများအား တကူးတက လေးစားမှုပြနေစရာမလိုဘဲ တန်းပြီး သတိပြုမိသွားစေရန်ဖြစ်၏။

လေးနက်ခြင်းနတ်ဘုရားကုန်းမြေကြီးတွင် တိုက်ကြီး(၅)ခုရှိပြီး တစ်ခုချင်းစီ၌ ဒေသပေါင်း(၁၀၀)ကျော်ရှိသည်။ အဇူရာဒေသဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၌ပင် အစွန်းအဖျား၌သာရှိ၏။

သူတို့၏ ကောင်းကင်ဒေသနှင့်ယှဉ်လျှင် အဆများစွာ အားနည်းပေသည်။

ကောင်းကင်ဒေသက တောင်ပိုင်းတိုက်ကြီးတွင် ထိပ်ဆုံးဒေသ မဟုတ်သော်လည်း ထိပ်တန်း(၂၀)အတွင်း၌ ပါ၀င်နေဆဲပင်။

အဇူရာဒေသမှာမူ အဆင့်ဖြင့်ရေတွက်လျှင် (၁၀၀)ကျော်၌ ရှိနိုင်သည်။

သူတို့ရောက်လာချိန်၌ ကောင်းကင်လေနိုင်ငံတွင် အစွမ်းထက်ဆုံးမှာ အခြေတည်ဝိညာဉ်အဆင့်(၇)ဖြစ်ကြောင်းသိရှိခဲ့၏။ သူတို့၏အဆင့်ဖြင့်ဆိုလျှင် လုံး၀ဂရုစိုက်နေစရာမလိုအပ်ချေ။

လက်ရှိသူ‌တို့ရှေ့မှ ဂိုဏ်းငယ်လေးမှာလည်း အခြေတည်ဝိညာဉ်အဆင့်များဟာရှိ၍ အထူးဂရုစိုက် လေးစားပြနေစရာမလိုဟု ထင်မှတ်ခဲ့ခြင်းဖြစ်၏။

ထို့အပြင် သူတို့က ဤနေရာ၌ ပြသနာရှာရန်လာခြင်းမဟုတ်ပေ။ လာရင်းကိစ္စအား မြန်မြန်ပြီးပြတ်သွားစေလိုသည့် ဆန္ဒသာရှိ၏။

သို့သော် ဘုရင်အဆင့်(၂)ယောက်ထွက်ပေါ်လာလိမ့်မည်ဟု အိမ်မက်ပင် မက်ခဲ့ဖူးခြင်းမရှိချေ။

ရွှစ်..

နက်နဲဓားဂိုဏ်း၏ အနောက်ဘက်ခြမ်း တောင်ပေါ်မှ ဆေဘာဘုရင်က ထိုနှစ်ယောက်အနား ချက်ချင်းရောက်ရှိသွားခဲ့ပြီး ဆေဘာရည်ရွယ်ချက်များ ထွက်ပေါ်လာပြီး ထိုနှစ်ယောက်၏ အရှိန်အဝါအား ပြန့်ကျဲသွားစေခဲ့သည်။

သူကား အစစ်အမှန် ဘုရင်အဆင့်တစ်ဦးဖြစ်၏။

ရွှမ်မိသားစုမှနှစ်ယောက် ထိတ်လန့်နေသော မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်‌ယောက် ကြည့်လိုက်ကြသည်။ လက်ရှိအချိန်တွင် သူတို့၏ ခံစားချက်များ အလွန်ဆိုးရွားနေ၏။

“ နားလည်မှုလွဲတာ.. အခုဖြစ်နေတာတွေက နားလည်မှုလွဲနေတာပါ…”

“ ကျုပ်တို့နှစ်ယောက်က စီနီယာတို့ကို စော်ကားလိုစိတ်မရှိပါဘူး…”

သို့သော် ဆေဘာဘုရင်၏ မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်အား ဆေဘာရည်ရွယ်ချက်အားဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဆေဘာအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရုတ်ချည်း ထို‌နှစ်ရှေ့သို့ ရောက်သွား၏။

“ နက်နဲဓားဂိုဏ်းအထက်မှာ လာမောက်မာပြီးမှတော့ မင်းတို့ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ လွှတ်ပေးလို့ရမှာလဲ…”

ရွှပ်..

အလွန်စူးရှသည့် ဆေဘာအလင်းတန်းများ ထွက်ပေါ်လာလေသည်။

လက်ရှိအချိန်တွင် ဆေဘာဘုရင် ကြောက်ရွံ့ဒေါသထွက်နေ၏။ နက်နဲဓားဂိုဏ်းအား ကောင်းစွာမစောင့်ရှောက်ဟုဆိုကာ ရွှမ်ယီ စိတ်ဆိုးမည်အား စိုးရွံ့နေလေသည်။ နေရင်းထိုင်ရင်း ပြသနာလာရှာသည့် ထိုငနာနှစ်ကောင်အား အသားပြားဖြစ်အောင် ထုရိုက်ပစ်လိုက်ချင်နေ၏။

“ မင်းတို့လုပ်ခဲ့တာအတွက် မင်းတို့တာ၀န်ယူရမယ်…”

လောလောဆယ် ထိုနှစ်ကောင်အား အရင်ဖမ်းဆီးရပေမည်။

ဆေဘာအလင်းရောင်က မောက်မာမှု ၊ အထင်သေးမှုများဖြင့် ပြည့်နှက်နေ၏။

All Chapters