← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ရွှမ်ယီက သူတို့ထံမှ ကျောက်စိမ်းဆွဲသီးအား လှမ်းယူလိုက်၏။

၎င်းအားမြင်လျှင် ရွှမ်မိသားစုမှ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။

ရောက်ရောက်ချင်း ရွှမ်ယီက တန်းပြီး ကျောက်စိမ်းဆွဲသီးအားယူလိုက်ခြင်းဖြစ်၏။ ရွှမ်မိသားစုမှ လူနှစ်ယောက် အံ့ဩနေသော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်တွင်း၌ တစ်စုံတစ်ခုအား ယောင်းဝါးဝါးမှန်းဆမိနေကြချေပြီ။

“ သခင်လေးရွှမ်.. ကျုပ်တို့နှစ်ယောက်က ကောင်းကင်ဒေသကလာကြတာပါ.. ကျုပ်နာမည်က ရွှမ်ဇီလို့ခေါ်ပါတယ်…”

“ သူကတော့ ရွှမ်ချောင်ပါ.. ကျုပ်တို့က လုံး၀ပြသနာရှာ စော်ကားလိုစိတ်မရှိပါဘူး.. မောက်မာသလိုဖြစ်သွားတဲ့အပေါ် ထိုက်သင့်တဲ့ အပြစ်ပေးခံပါ့မယ်.. ဒါပေမယ့် ကျုပ်တို့ရွှမ်မိသားစုရဲ့ ပင်မသွေးရင်းက ပျက်သုဉ်းလုနီးပါးဖြစ်နေပါပြီ.. ဒီကျောက်စိမ်းဆွဲသီးကို သခင်လေးရွှမ် အရင်ကမြင်ဖူးပါလား….”

ရွှမ်ယီက မည်သည့် စကားမှပြန်မပြောခဲ့ချေ။

ထိုအစား သူ၏ အကျီရင်ဘတ်အတွင်းမှ တစ်ထေရာတည်းထူသည့် ကျောက်စိမ်းဆွဲသီးတစ်ခုအား ထုတ်ယူလိုက်သည်။ ကျောက်စိမ်းဆွဲသီးနှစ်ခု နီးကပ်သွားချိန်တွင် အချင်းချင်းပူးကပ်သွား၏။

ပတ်၀န်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။ ရွှမ်ယီက အမှန်တကယ် ရွှမ်မိသားစုမှ ပင်မသွေးရင်းတစ်ယောက်ဖြစ်၏။

သို့သော် သူက အခြေတည်ဝိညာဉ်အဆင့်(၉)ရောက်နေသည့်အပြင် ဘုရင်အဆင့် လက်အောက်ခံနှစ်ဦးလည်း ရှိနေခဲ့သည်။ ကောင်းကင်ဒေသ၌ ရွှမ်မိသားစု၏ ဆက်ဆံသူသာလျှင် ထိုသို့ အခွင့်ထူးမျိုးရပိုင်ခွင့်ရှိ၏။

“ ခင်ဗျားတို့ နှစ်ယောက်အကြောင်း ပြောပါဦး…”

ရွှမ်ယီက ကျောက်စိမ်ဆွဲသီးအား သိမ်းထားလိုက်ပြီး လက်နှစ်ဖက်အား နောက်ပစ်ကာမေးလိုက်သည်။

သူ၏ အမူအရာကမူ တည်ငြိမ်နေ၏။

သို့သော် သူ၏ ဇစ်မြစ်အား အတည်ပြုပြီးချိန်တွင် ရွှမ်ယီ၏ စိတ်များ အနည်းငယ် ရှုပ်ထွေးနေသည်။

ရွှမ်ဇီနှင့် ရွှမ်ချောင်တို့နှစ်ယောက်ကမူ နှလုံးသားထဲမှ မုန်တိုင်းထန်နေမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ သူတို့နှစ်ဦးက ခါးကို မတ်လိုက်ပြီး လက်ယှက်ကာ ပြောလိုက်သည်။

“ ရွှမ်မိသားစုခွဲမှ ရွှမ်ဇီနဲ့ ရွှမ်ချောင်တို့က သခင်လေး ရွှမ်ယီကို နှုတ်ဆက်ပါတယ်…”

“ ကျုပ်တို့နှစ်ယောက်က နက်နဲခြင်းတိမ်တိုက်ဒေသ ရွှမ်မိသားစုကလာကြတာပါ.. လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်လောက်က ရွှမ်မိသားစု ခုခံနိုင်စွမ်းမရှိတဲ့ ရန်သူကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်.. အဲ့အချိန်မှာ ရွှမ်မိသားစု မျိုးဆက်တွေ ပျက်သုဉ်းမသွားစေဖို့အတွက် ကျောက်စိမ်းဆွဲသီးလေးတွေလုပ်ပြီး မိသားစုထဲက ပင်မသွေးရင်းတွေကို တောင်ပိုင်းတိုက်ကြီးရဲ့ နေရာအနှံ့ပို့ပစ်ခဲ့တယ်…..”

သူတို့နှစ်ဦးက မိသာစုရဲ့ အကြီးအကဲများအဖြစ် ရွှမ်ယီရှေ့၌ မောက်မာခြင်း အလျင်းမရှိကြချေ။ သူတို့က ရွှမ်မိသားစု အခွဲမှဖြစ်ကြောင်းနှင့် လွန်ခဲ့သောနှစ်(၂၀)မှ ကိစ္စများအား ရွှမ်ယီကို သေချာရှင်းပြပေးလိုက်သည်။

ပုံမှန်အတိုင်းဆိုလျှင် သူတို့က ဘုရင်တစ်၀က်အဆင့် အရှိန်အဝါများ ထုတ်ဖော်ပြသပြီးနောက် ကောင်းကင်ဒေသမှ ရွှမ်မိသားစုအကြောင်း ပြောပြလိုက်လျှင် လာခေါ်သည့် ကလေးများက ဒေသဖြတ်ကျော် လှေပျံကြီးထံ ပျော်ရွှင်စွာ လိုက်လာကြပေလိမ့်မည်။

သို့သော် ရွှမ်ယီနှင့် တွေ့ချိန်၌ ထိုနည်းလမ်းက လုံး၀အလုပ်မဖြစ်တော့ချေ။ သူတို့အနေဖြင့် ရွှမ်ယီထံ၌ အထင်ကောင်းအမြင်ကောင်းရရန် ကြိုးစားသည်က ပိုကောင်းပေလိမ့်မည်။

“ ကောင်းကင်ဒေသ.. ရွှမ်မိသားစု…”

ရွှမ်ယီက မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်မိသည်။

သူက စနစ်မရှိခင်ကပင် ကောင်ကင်လေနိုင်ငံမှ လူတိုင်းထက် အလွန်အမင်းထူးချွန်နေခဲ့သည်ဖြစ်ရာ သူ၏ နောက်ခံအား သံသယ၀င်နေခဲ့သည်မှာ ကြာမြင့်နေချေပြီ။

ယခုတွင် ကောင်းကင်လေဒေသရှိ ရွှမ်မိသားစုမှလူများ သူ့အား လာရှာနေကြပြီဖြစ်ရာ အနည်းငယ်အတွေးနက်သွားခဲ့၏။

ကောင်းကင်ဒေသမှာ အင်အားကြီးဒေသတစ်ခုဖြစ်ပြီး ရွှမ်မိသားစုက ထိုနေရာတွင် ရပ်တည်အခြေချ နေနိုင်စွမ်းရှိသည်။ ထို့အပြင် ပင်မသွေးရင်းမျိုးဆက်များအား လိုက်ရှာရန် စေလွှတ်လိုက်သည်က ဘုရင်တစ်၀က်အဆင့်များဖြစ်ရာ ၎င်းတို့ထံတွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိရပေမည်။

ဒါပေမယ့်…

‘ ငါ့မှာ အရမ်းအစွမ်းထက်တဲ့ နယ်မြေနှစ်ခုရှိပြီးတော့.. ငါ့ခွန်အားက ဘုရင်အဆင့်မှာပဲ.. ပြီးရင် ကောင်းကင်ဘုရင်အဆင့် ပင်းယုလည်းရှိသေးတယ်..ကောင်းကင်ဒေသရဲ့ ရွှမ်မိသားစုကရော ဘယ်လောက်အားကောင်းလဲ….’

ရွှမ်ယီတစ်ယောက် အတွေးနက်နေခဲ့သည်။ သူက ရွှမ်မိသားစုအကြောင်း ခရေစေ့တွင်းကျမသိပေ။

“ ဟုတ်ပါတယ်.. ကောင်းကင်ဒေသရဲ့ ရွှမ်မိသားစုမှာ ပင်မသွေးရင်းတွေမရှိသလောက်ဖြစ်နေပြီ.. အခု လာရှာတဲ့ ကလေးတွေထဲက မိသားစုရဲ့ ဆက်ခံသူကို ရွေးချယ်ဖို့အရေးကြီးတယ်…”

“ သခင်လေးရွှမ် ဘာတွေးနေလဲဆိုတာ ကျုပ်တို့ သိခွင့်ရှိမလား…”

ရွှမ်မိသားစု၏ ဆက်ခံသူဟူသော ကိစ္စအားကြားလျှင်ပင် ရွှမ်ယီ၏ အမူအရာက တည်ငြိမ်နေဆဲပင်။

သူတို့နှစ်ယောက်သား ခါးသီးစွာပြုံးလိုက်ကြ၏။ ကောင်းကင်ဒေသမှ ရွှမ်မိသားစုဆိုသော အရာက သူတို့ရှေ့မှ လူငယ်အား မဆွဲဆောင်နိုင်ကြောင်း နားလည်ထားကြသည်။

ဤလူငယ်ကား အသက်ငယ်ငယ်လေးဖြင့် အံ့မခန်းကျင့်ကြံမှုရှိရုံမျှမက အလွန်ခိုင်မာသော စိတ်ဓာတ်လည်းရှိပေသည်။ သူ၏ အနာဂါတ်က ထူးခြားနေမည်မှာ မြေကြီးလတ်ခတ်မလွဲပေ။

“ မှတ်ထားပါ.. ကျုပ်က နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ.. အဲ့တာကို တရား၀င်အသိအမှတ်ပြုထားခဲ့ပြီးပြီ.. တခြား ဘာကိစ္စမှ မရှိတော့ရင် ခင်ဗျားတို့နှစ်ယောက် ထွက်သွားနိုင်ပြီ…”

ရွှမ်ယီက ကျောင်စိမ်းဆွဲသီးအား ရွှမ်ဇီနှင့် ရွှမ်ချောင်ထံ ပြန်ပစ်ပေးလိုက်၏။

“ တချို့အကြောင်းပြချက်တွေကြောင့် ခင်ဗျားတို့ နှစ်ယောက် နက်နဲဓားဂိုဏ်းအပေါ် မလေးမစားလုပ်ခဲ့တာကို လျှော်‌ပေးလိုက်မယ်.. ကျုပ် ရွှမ်ယီက ခင်ဗျားတို့ကို ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး…”

ရွှမ်ဇီနှင့် ရွှမ်ချောင်တို့က ရှေ့သို့ ရှေ့တစ်လှမ်းတိုးလိုက်ကြ၏။ သူတို့သာ ရွှမ်ယီနှင့် ‌မတွေ့ခဲ့လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

အပြင်လောကသို့ ပျံ့နှံ့နေသည့် ရွှမ်မိသားစု ပင်မသွေးရင်းများစွာရှိသည်။ လက်ရှိတွင် သူတို့နှစ်ယောက်၌ ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိ၏။ တစ်ယောက် နှစ်ယောက်အား ထားခဲ့၍ ကိစ္စသိပ်မရှိချေ။

သို့သော် ရွှမ်ယီအား တွေ့ပြီးနောက် သူတို့နှစ်ယောက် လုံးလက်လွှတ်လိုစိတ်မရှိတော့ပေ။ အကယ်၍ သူတို့ရှေ့မှ လူငယ်လေးအား အပါမခေါ်နိုင်ပါက ရွှမ်မိသားစုတွင် သူကဲ့သို့ အရည်အချင်းရှိသည့် နောက်ထပ် ပင်မမျိုးဆက်တစ်ဦး တွေ့ဖို့ မဖြစ်နိုင်လုနီးပါးပင်။

“ ရွှမ်ယီ.. သခင်လေး ရွှမ်.. မင်းက အခု အခြေတည်ဝိညာဉ်အဆင့်(၉)တောင်ရောက်နေပြီ.. မကြာခင် ဘုရင်အဆင့်ကိုရောက်တော့မ‌ယ်.. ဒီ အဇူရာဒေသမှာပဲ ဆက်နေရင် လုံး၀တက်လမ်းရှိမှာမဟုတ်ဘူး..”

“ ဟုတ်တယ်.. မင်း ဘာလို့ ကျုပ်တို့နဲ့ ဒေသဖြတ်ကျော်လှေပျံဆီလိုက်ပြီး ကောင်းကင်ဒေသကို မသွားရမှာလဲ.. ပြီးတော့ မင်းသာ မိသားစုရဲ့ အဓိကဆက်ခံသူဖြစ်လာရင် အရင်းအမြစ်တွေ အများကြီးရလိမ့်မယ်.. အဲ့တာက အဇူရာဒေသမှာ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူး…”

ရွှမ်ယီသားစုမှနှစ်ယောက် အတော်လေး အခက်တွေ့စွာနှင့် ရွှမ်ယီအား စည်းရုံးနေကြ၏။

ရွှမ်မိသားစုက အင်အားကြီးမားသည်မှာ မှန်သော်လည်း ကောင်းကင်ဒေသ၌ ထိပ်ဆုံးမဟုတ်သေးပေ။ မိသားစုတွင်လည်း အစောပိုင်း လူသားဘုရင်တစ်ဦးသာရှိပြီး လွန်ခဲ့သော နှစ်များတစ်လျှောက် ခဏခဏအတိုက်ခိုက်ခံရသဖြင့် ပင်မသွေးမျိုးဆက် ပြတ်တောက်လုနီးပါးဖြစ်နေချေပြီ။

တစ်ဖက်တွင်မူ ရွှမ်ယီက ပင်မသွေးမျိူးဆက်တစ်ဦးဖြစ်သည်။

ထို့အပြင် ဤမျှစိတ်ဝိညာဉ်စွမ်းအား ပါးလျသည့်ဒေသတွင် အသက်ငယ်ငယ်ဖြင့် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ရောက်ရှိနေသည့်အပြင် လက်အောက်ခံဘုရင်နှစ်ယောက်ပင် ရှိနေသေး၏။

ရွှမ်ဇီနှင့် ရွှမ်ချောင်တို့က တုံးအသူများအဟုတ်ကြချေ။ ရွှမ်ယီ၏ အနာဂါတ်အလားအလာနှင့်ပတ်သက်၍ သူတို့နှစ်ဦး မြင်နိုင်ကြသည်။

ရွှမ်မိသားစု၏ ဆက်ခံသူများ ရွှမ်ယီမှတစ်ပါး အခြားမဖြစ်နိုင်ချေ။

ထိုစကားများအား ကြားလျှင် ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့၏။ သူက ရွှမ်မိသားစု ဆက်ခံသူကိစ္စကို လုံး၀စိတ်ထဲမထားပေ။

သူ့ထံတွင် စနစ်ရှိနေသဖြင့် ချောင်ကျသည့်နေရာတွင်လည်း တဖြည်းဖြည်းစွမ်းအားမြင့်တက်လာမည်သာ။

သို့သော် အဇူရာဒေသကား အလွန်သေးငယ်လွန်းလှသည်။ ရွှမ်ယီအနေဖြင့် အနာဂါတ်တွင် စနစ်ထံမှ တာ၀န်များ ပြီးမြောက်ရန် အလွန်ခက်ခဲလာပေလိမ့်မည်။

ကောင်းကင်ဒေသက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်၏။

All Chapters