← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

“ ကောင်းပြီလေ.. ကျုပ် ခင်ဗျားတို့နဲ့လိုက်ခဲ့မယ်…”

ရွှမ်ယီက တစ်ခဏမျှစဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။

သူက အနှေးနဲ့အမြန် ကောင်းကင်ဒေသကဲ့သို့ ဒေသများသို့ သွားရပေလိမ့်မည်။ ယခုတွင် ရွှမ်မိသားစုက တကူးတလလာခေါ်နေသည်ဖြစ်ရာ တစ်ခါတည်း လိုက်သွားခြင်းက ပိုကောင်းသည်။

ရွှမ်မိသားစု၏ ဒေသဖြတ်ကျော် လှေပျံကြီးအားစီးကား ၎င်းအပေါ်တွင် ကျင့်ကြံရင်းလိုက်ပါသွားရမည်။ ထိုကိစ္စက အနည်းငယ် အသစ်အဆန်းဖြစ်၏။

ထို့ပြင် အဇူရာဒေသက အမှန်တကယ် ချောင်ကျကာ သေးငယ်လွန်းလှသည်။ သူ၏ အရည်အချင်းများဖြင့် ပို၍ ကြီးမားသည့် စင်မြင့်ထက်သို့သွားမှ အဆင်ပြေလိမ့်မည်။ ကောင်းကင်ဒေသဆိုသည်မှာ တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၂၀) အတွင်းပါ၀င်သည်။

အဇူရာဒေသ၌ ပါရမီအလွန်ကောင်းမွန်သည့် တပည့်များထပ်ရှာတွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။

ထိုအပြင် ကောင်ကင်ဒေသက ထိပ်ဆုံးဒေသ(၁၀)ခုနှင့်လည်း နီးစပ်ပေသည်။ ထိုအရာက လက်ရှိအချိန်၌ အကောင်းဆုံးရွေးချယ်မှုဖြစ်၏။

“ ကောင်းကင်ဒေသကို သွားကြတာပေါ့…”

ရွှမ်ယီ၏ စကားအားကြားလျှင် ရွှမ်ဇီနှင့် ရွှမ်ချောင်တို့နှစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ကြသည်။ သူတို့က ကမန်းကတမ်းခေါင်းညိတ်ပြီး ရွှမ်ယီက ဒေသဖြတ်ကျော်လှေပျံဆီသို့ ဖိတ်ခေါ်လိုက်၏။

ရွှမ်ယီက ထိုနှစ်ယောက်အား ပြုံးလျက်ကြည့်လိုက်ပြီး သဘောတူလိုက်သည်။ သူ့အနေဖြင့် ထိုနှစ်ယောက် ဘာကိုစိတ်ပူနေမှန်းနားလည်လေသည်။

ရွှမ်ယီက နေရာအသစ်သို့ တစ်ယောက်တည်းအရင်ဆုံးလိုက်သွားဦးမည်။ အခြေကျအေးဆေးဖြစ်ကာမှ တပည့်များအား ပြန်လာခေါ်ရန်စိတ်ကူးထားခဲ့၏။

ကလေးများကဲ့သို့ နေရာတကာ လက်မလွှတ်တမ်းခေါ်သွားနေ၍ အဆင်မပြေချေ။ သူတို့အား သူသိသမျှသင်ကြားပေးခဲ့ပြီး အချိန်အတန်ကြာကျင့်ကြံ၍ ရအောင် အရင်းအမြစ်များစွာလည်းပေးထားခဲ့‌၏။

ရွှမ်မိသားစုမှ နှစ်ယောက်က ရွှမ်ယီ၏ လက်များအား ဆုပ်ကိုင်လိုက်ကြသည်။ ထို့နောက် ကျောက်စိမ်းတုံးတစ်ခုအား ထုတ်ကာ ချေမွှလိုက်၏။

“ ဒါကို ကူပြောင်းခြင်းအဆောင်လို့ခေါ်တယ်.. အထဲမှာ ဘုရင်အဆင့်ကျွမ်းကျင်သူရဲ့ မူလစိတ်ဝိညာဉ်စွမ်းအင်ပါ၀င်တယ်… ဒီဟာကို အသုံးပြုပြီး လေဟာနယ်ကို ဖြတ်သန်းခရီးသွားလို့ရတယ်…”

ရွှစ်..

ထိုကျောက်စိမ်းတုံးအား ချေမွှလိုက်ပြီးသည်နှင့် ရွှေဘုရင်တို့နှစ်ယောက်၏ အံ့အားသင့်နေသောအကြည့်များအောက်၌ အားလုံးရှေ့မှ လေဟာနယ် လှုပ်ခတ်သွား၏။

ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ကိုယ်တိုင်လုပ်လိုက်သကဲ့သို့ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရွှမ်ယီက ရွှမ်ဇီနှင့် ရွှမ်ချောင်တို့လက်ထဲမှ ကျောက်စိမ်းတုံးလေးအား သေချာကြည့်လိုက်၏။ ထို့နောက် ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့ဘက်လှည့်ကာ

“ နက်နဲ‌ဓားဂိုဏ်းကို ခင်ဗျားတို့နှစ်ယောက်လက်ထဲအပ်ခဲ့မယ်.. ဘာပြသနာမှာမဖြစ်ပါစေနဲ့.. ကောင်းကောင်းစောင့်ရှောက်ထားလိုက်ပါ…”

ရွှမ်ယီ၏ အမူအရာက လေးနက်နေခဲ့ပြီး သူထံမှ ဓားရည်ရွယ်ချက်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

“ စိတ်ချပါ..”

ရွှေဘုရင်နှင့် ဆေဘာဘုရင်တို့နှစ်ယောက် တည်ကြည်သော မျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ထိုမြင်ကွင်းက ရွှမ်ဇီနှင့် ရွှမ်ချောင်တို့အား ထိတ်လန့်သွားစေခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်က ရွှမ်ယီ၏ နောက်တွင်ရပ်လိုက်ကာ လေဟာနယ်အက်ကွဲကြောင်းအတွင်း ၀င်ရောက်ပျောက်ကွယ်သွားခဲ့ကြ၏။

ဆွှစ်ရှ်..

ရွှမ်ယီတို့သုံးယောက် အဇူရာဒေသ၏ ကောင်းကင်အထက်ရှိ ခမ်းနားထည်ဝါသော ‌ဒေသဖြတ်ကျော်လှေပျံထဲတွင် ပြန်ပေါ်လာခဲ့ကြသည်။

ရွှမ်ယီက ‌မျက်လုံးမှိတ်လိုက်ပြီး ဒေသဖြတ်ကျော်လှေပျံအား နတ်အသိဖြင့် စစ်ဆေးလိုက်၏။ လှေပျံထံမှ အားကောင်းသည့် စွမ်းအားအတက်အကျများကို ခံစားမိလိုက်သည်။

၎င်းက လှေပျံတစ်စင်းသာဖြစ်သော်လည်း စွမ်းအင်ကျောက်တုံးများ ထည့်သွင်းလိုက်ပါက ဘုရင်အဆင့်နှင့်ယှဉ်နိုင်သည့် စွမ်းအားရှိပေသည်။

“ ကောင်းကင်ဒေသက တကယ်ကိုထူးခြားတဲ့ ဒေသတစ်ခုပဲ…”

ရွှမ်ယီ၏ နောက်ဖက်က ရွှမ်ဇီနှင့် ရွှမ်ချောင်တို့၏ မျက်၀န်းများအတွင်း အံ့အားသင့်သည့်အကြည့်များ ဖြတ်ပြေးသွားခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ထို့နောက် တုံ့ဆိုင်းစွာနှင့် မေးလိုက်ကြ၏။

“ မင်းဆီက ဓားရည်ရွယ်ချက် စွမ်းအားကို ကျုပ်တို့ အခုမှသတိထားမိတယ်.. ရွှမ်ယီ.. မင်းက ဘယ်လောက်သန်မာလဲ…”

‌ဓားရည်ရွယ်ချက်အား နားလည်ထားသူတစ်ယောက်၏ စွမ်းအားကို ၎င်း၏ ကျင့်ကြံအဆင့်ဖြင့် သာမန်ကဲ့သို့ တိုင်းတာ၍ မရချေ။

ထို့အပြင် ရွှမ်ယီက ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားရည်ရွယ်ချက်အား နားလည်ထားလေသည်။ သူတို့နှစ်ဦး ရွှမ်ယီ မည်မျှအထိသန်မာကြောင်း သိလိုစိတ်ပြင်းပြနေကြ၏။

ရွှမ်ယီက လက်များကို နောက်ကျောသို့ပစ်ထားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ မျက်၀န်းထဲ၌ အလင်းတစ်ချက်ပြတ်ပြေးသွားသည်။

သူ့ထံမှ ဓားရောင်တစ်ချက် လက်ခနဲဖြစ်သွားပြီး ဓားချီအလင်းတန်းတစ်ခု ကောင်းကင်အား ဒေါင့်ဖြတ်ခုတ်ချသွား၏။ အလွန်အားကောင်းသော အရှိန်အဝါများထွက်ပေါ်လာပြီး ကြယ်လေထုအလွှာကိုပင် ပိုင်းဖြတ်သွားလေသည်။ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက လေထုအား လှိုင်းလုံးများပမာဖြစ်သွားစေ၏။

[ Note: လက်ရှိ ‌ဒေသဖြတ်ကျော်လှေပျံက ကြယ်လေထုအလွှာထဲမှာနော် လှေပျံထဲရောက်နေပြီမို့ ဘေးဘက်မှာ ကြယ်လေထုရှိနေတာ…]

ဓားရည်ရွယ်ချက် တတိယအဆင့်အထွတ်အထိပ်…..

ရွှမ်ဇီနှင့် ရွှမ်ချောင်တို့ အလွန်ထိတ်လန့်သွားခဲ့ကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့ နှစ်ယောက်လုံး ရွှမ်ယီ၏ ဓားချက်မှ ခြိမ်းခြောက်မှုအား ခံစားလိုက်ရ၏။ သူတို့က ဘုရင်တစ်၀က်အဆင့်များဖြစ်သော်လည်း ရွှမ်ယီနှင့် တိုက်ခိုက်ပါက အနိုင်ရမည်မဟုတ်ဆိုသော ခံစားချက်ရလိုက်သည်။

သူတို့နှစ်ယောက်လုံး ထိုဓားချက်မှ အလွန်ကြီးမားသော ဖိအားကို ခံစားခဲ့ရ၏။ တစ်ဆက်တည်းပင် သူတို့၏ လက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး

“ ဒေသဖြတ်ကျော် လှေပျံကနေပြီးကြိုဆိုပါတယ်… ဒီအပေါ်မှာ ကောင်းကင် ၊ မြေကြီး ၊ နက်နဲ နဲ့ အဝါရောင်အဆင့်ဆိုပြီး နေစရာနေရာတွေရှိတယ်.. မင်းစိတ်ကြိုက် နေဂာတစ်ခုကိုရွေးပြီး နေလို့ရတယ်…”

“ ဟုတ်တယ်.. ကျုပ်တို့က တခြားဒေသတွေမှာ သွေးရင်းတွေသွားခေါ်နေကြတဲ့ တခြားလူတွေနဲ့ဆုံရဦးမယ်.. ပြီးရင် နောက်ထပ် ပြန့်ကျဲနေတဲ့ ပင်မသွေးမျိုးဆက်တွေကို လိုက်ရှာဖို့လည်းရှိသေးတယ်.. ကောင်းကင်ဒေသကို တိုက်ရိုက်သွားမှာတော့ မဟုတ်ဘူး…”

ရွှမ်ယီက ထိုနှစ်ယောက် သွားစရာရှိသေးသည်ကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ ခင်ဗျားတို့ ကိစ္စတွေရှိသေးရင် သွားလို့ရပါပြီ.. ကျုပ် ဒေသဖြတ်ကျော် လှေပျံအပေါ် လျှောက်ကြည့်လိုက်ဦးမယ်.. ပြီးရင် ကျုပ်လည်း အလျင်လိုနေတာမျိုးမရှိဘူး…”

စကားဆုံးသည်နှင့် ထိုနှစ်ယောက်က နေရာမှ ချက်ချင်းပျောက်ကွယ်သွားကြ၏။

ရွှစ်…

ထို့နောက် သူတို့နှစ်ဦး လှေပျံကြီး၏ အတွင်းပိုင်း ၌ ပေါ်လာခဲ့သည်။

ထိုနေရာက သူတို့ကဲ့သို့ ကိုယ်စားလှယ်များ ဆုံတွေ့ရာနေရာဖြစ်၏။

တဖြည်းဖြည်း ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သည့် သွေးမျိုးဆက်အတွက် ဤပင်မသွေးမျိုးဆက်များမှာ သူတို့အတွက် အလွန်အရေးကြီးလှသည်။

ထိုလူငယ်များထဲ၌ ဆက်ခံသူတစ်ယောက်က သေချာစီစစ်ကာရွေးချယ်မည်ဖြစ်၏။ မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုက ရွှမ်မိသားစုအား ရာစုနှစ်တစ်ခုကြာအောင် ထိခိုက်သွားစေနိုင်သည်။

ထို့ကြောင့် ယခု ပင်မသွေးမျိုးဆက်များအား ပြန်လည်ရှာဖွေခေါ်ဆောင်ရာ၌ သူတို့ ဘုရင်တစ်၀က်အဆင့်များက ပဏာမရွေးချယ်မှုများ ပြုလုပ်ကြပေလိမ့်မည်။

“ ကျုပ်တို့မှာတော့ ရွှန်တန်လို့ခေါ်တဲ့ ပင်မသွေးမျိုးဆက်တစ်ယောက်ရှိတယ်.. သူစွမ်းအားက အခြေတည်ဝိညာဉ်အဆင့်(၃)ကိုရောက်နေပြီ.. ဒါက နည်းနည်းတော့ ကျေနပ်စရာရှိပါတယ်…”

အဘိုအိုတစ်ယောက်က သူ၏အဖြူရောင်မုတ်ဆိတ်မွေးများအား လက်ဖြင့်သပ်လျက်စကားဆိုလိုက်သည်။ သူက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး သိပ်မကျေနပ်သည့် အမူအရာမျိုးပြုလုပ်နေခဲ့၏။

သူက ကူးပြောင်းခြင်းအဆောင်အား အသုံးပြုပြီး‌ လေးနက်ခြင်းဒေသသို့သွားကာ ပင်မသွေးမျိုးဆက်အား သွားရောက်ရှာဖွေရာ၌ အနှီရွှမ်တန်ဆိုသည့် လူငယ်လေးအား ရရှိခဲ့ခြင်းဖြစ်သည်။

ထို လေးနက်ခြင်းဒေသက အဇူရာဒေသနှင့် ကပ်လျက်ရှိသော ဒေသများထဲမှ တစ်ခုဖြစ်၏။

၎င်းဒေသက နာမည်မရှိသော ဒေသငယ်လေးတစ်ခုဖြစ်ပေသည်။ ဘုရင်အဆင့်ကျင့်ကြံသူ တစ်ဦး နှစ်ဦးမျှသာရှိပြီး အရင်းအမြစ် စသည်ဖြင့် အဖက်ဖက်မှ အလွန်ခေါင်ပါးချို့ယွင်းလှ၏။ ထိုကဲ့သို့ နေရာမျိုး၌ ပင် ထိုရွှမ်တန်ဆိုသူက အခြေတည်ဝိညာဉ်အဆင့်(၃)သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ထိုမုတ်ဆိတ်ဖြူအဘိုးကြီးက စိတ်တွင်း၌ အလွန်ကျေနပ်နေသော်လည်း သိပ်ပြီးစိတ်တိုင်းမကျဟန်ဆောင်နေ၏။ သူက မုတ်ဆိတ်မွေးများအား ပွတ်သပ်ကာ သက်ပြင်းချလိုက်ပြန်သည်။

“ လေးနက်ခြင်းဒေသ.. အဆင့်မြင့်ကျင့်ကြံသူ နည်းနည်းပဲရှိတဲ့ ဒေသငယ်လေး.. အင်း.. အဲ့ဒီလိုနေရာမှာ အ‌ခြေတည်ဝိညာဉ်အဆင့်(၃)ကို ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုဝောာ့.. ဒီရွှမ်တန်ဆိုတဲ့ကောင်လေး ထူးခြားတဲ့အရည်အချင်းတော့ရှိတာပဲ…”

ဘေးနားမှ နယ်မြေဒေသစာရင်းအား လှန်လှောကြည့်နေသည့် တစ်ယောက်က လုပ်လက်စကိုရပ်တန့်လိုက်ပြီး

“ အဲ့ဒီ ရွှမ်တန်ဆိုတဲ့ကောင်လေး.. သူအရည်အချင်းမျိုးနဲ့ ရွှမ်မိသားစုဆီကို ပြန်ရောက်ရင် မိသားစုက သေချာပေါက် ဆုချီးမြှင့်လိမ့်မယ်.. တကယ်လို့ သူသာ အမွေဆက်ခံသူဖြစ်လာရင် ရလာမယ့် ဆုလာဘ်တွေက တွေးကြည့်လို့တောင်မရဘူး… ခင်ဗျားက ကံကောင်းတယ်ဗျို့…”

“ ဟင်း.. ဒါကတော့ ဒါပေါ့ဗျာ…”

All Chapters