အခန်း (၁၀၅)
Vol. 7 Ch. 105
ရွှမ်ဇီနှင့် ရွှမ်ချောင်တို့ ခေါင်းယမ်းလိုက်ကြ၏။ ထိုအရာက ဘာကိုဆိုလိုသနည်းဆိုသည်ကို သူတို့ကောင်းစွာနားလည်ကြသည်။ တစ်ခဏမျှ ငြိမ်နေခဲ့ပြီး လူအုပ်ကြားထဲ နောက်ထပ်ဗုံးတစ်လုံး ထပ်မံချခွဲရန် ဆုံးဖြတ်လိုက်၏။
“ အဲ့တာအပြင်.. ဓားရည်ရွယ်ချက်တောင်မှ ရိုးရိုးမဟုတ်ဘူးနော်.. အဲ့တာက အဆင့်(၃)အထွတ်အထိပ် ဓားရည်ရွယ်ချက်ပဲ…”
ဘုန်း…
ထိုစကားသံက လူတိုင်း၏ နားထဲ၌ ပေါက်ကွဲသွားလေသည်။ လူတိုင်း အလွန်အမင်း တုန်လှုပ်သွားခဲ့ကြ၏။ သူတို့က ပြူးကျယ်နေသော မျက်လုံးများဖြင့် ရွှမ်ဇီနှင့် ရွှမ်ချောင်တို့အား ကြည့်လိုက်ကြသည်။
အချိန်အတန်ကြာသွားပြီး ထိုအထဲမှ တစ်ယောက်က အားပြတ်နေဟန်ဖြင့် မေးလိုက်၏။
“ ခင်ဗျား.. ခင်ဗျား ဘာတွေပြောနေလဲဆိုတာကိုရော သေချာသိရဲ့လား…”
အသက်(၂၄)နှစ်အရွယ် အခြေတည်အဆင့်(၉)ကပင် လူများကြားမှ နဂါးတစ်ဂါးတစ်ကောင် ဖြစ်နေချေပြီ။
ဓားရည်ရွယ်ချက်ကိုနားလည်ထားသည့် အချက်ထားထည့်တွက်လိုက်လျှင် ကောင်းကင်အဆင့် ထိပ်ဆုံး(၁၀)ယောက်အတွင်း၌ ပါ၀င်နိုင်စွမ်းရှိနေပြီဖြစ်သည်။ ထိပ်ဆုံး(၃)ယောက်အတွင်းပင် ဖြစ်နိုင်၏။
ဤအချင်းအရာ တကယ်ကို အစစ်အမှန်နဂါးတစ်ကောင်ဖြစ်နေချေပြီ။
သို့သော် အဲ့တာတင်မဟုတ်သေးဘဲ ဓားရည်ရွယ်ချက်က အဆင့်(၃)အထိတောင်ရောက်နေပြီတဲ့လား…
ဓားရည်ရွယ်ချက်ကား နားလည်ရန် အလွန်ခက်ခဲလှသည်။ ထိုအရာအား နားလည်နိုင်ခြင်းမှာ ကောင်းကင်ဘုံမှ ကောင်းချီးတစ်ခု ရရှိခြင်းဖြစ်၏။
အဆင့်(၁)မှနေ၍ အဆင့်(၂) ၊ အဆင့်(၃) သို့ရောက်ရှိရန်မှာမူ ကောင်းကင်ကို တက်သည်ထက်ပင် ခက်ခဲသည်ဟု ဆို၍ရသည်။
အကယ်၍ ထိုလူငယ်သာ ဓားရည်ရွယ်ချက်အဆင့်(၃)အား အမှန်တကယ်နားလည်ထားပါက ကောင်းကင်အဆင့်၌ အဆင့်(၁)ဖြစ်ရန် လုံး၀ ပြသနာမရှိချေ။
………….
ဒေသဖြတ်ကျော် လှေပျံကြီးကား အလွန်ကြီးမားပြီ ခမ်းနားလွန်းလှ၏။ ရေပေါ်ကျွန်းကြီးတစ်ကျွန်းနှင့်ပင် အလားသဏ္ဌန်တူညီပေသည်။
ထိန်းချုပ်မောင်းနှင်သူများ၏ စုပေါင်း ကွက်ကဲမှုအောက်တွင် မတော်တဆ ပြသနာတစ်စုံတစ်ရာမရှိဘဲ သာမန်အခြေအနေဆိုလျှင် ကြယ်လေအလွှာ၌ ထိခိုက်မှုမရှိ အေးဆေးသွားလာနိုင်၏။
အမှန်တွင် ထိုပျံသန်းနေသည့် လှေပျံကြီးအား တစ်ကြိမ်ရပ်တန့်လိုက်တိုင်း အလွန်များပြားသည့် စွမ်းအင်ကျောက်တုံးများကို အသုံးပြုရသည်။
ကောင်ကင်ဒေသမှ ရွှမ်မိသားစုပင် ထိုမျှများပြားသော ပမာဏအား အလေ့အလွင့်ဖြစ်ရန် လိုလားခြင်းမရှိချေ။ ထို့ကြောင့် ပင်မမျိုးဆက်များအား ရှာဖွေရှာတွင် အလယ်ဗဟိုဖြစ်နိုင်လောက်သည့် ဒေသတစ်ခုရွေးကာ ရပ်တန့်ပြီး ကိုယ်စားလှယ်များက အနီးပတ်၀န်းကျင်ဒေသများအား သွားရောက်ရှာဖွေ ခေါ်ဆောင်ကြပေလိမ့်မည်။
ဤသို့ဖြင့် ဒေသများပတ်ကာ ရွှမ်မိသားစုမှ ပင်မသွေးမျိုးဆက်များအား ရှာဖွေကြခြင်းဖြစ်၏။
လက်ရှိနေရာတွင် သူတို့၏ တာ၀န်ပြီးဆုံးသွားပြီဟု ပြောနိုင်သည်။ လှေပျံထက်တွင် ခေါ်လို့ရနိုင်သလောက် ရွှမ်မိသားစု ပင်မသွေးမျိုးဆက်များ ရောက်နေကြချေပြီ။
ဤနေရာ၌ သူတို့၏ တာ၀န်ပြီးဆုံးသွားပြီးဖြစ်ရာ နောက်ထပ်ဒေသတစ်ခုသို့သွားရန် အချိန်တန်ပြီဖြစ်၏။ ထိန်းချုပ်သူများက မှော်ဂါထာအား ပြိုင်ထူရွက်ဆိုလိုက်ကြပြီး ဒေသဖြတ်ကျော်လှေပျံကြီး၏ အတွင်းပိုင်းဆီသို့ စိတ်ဝိညာဉ်အလင်းတန်းပစ်လွှတ်လိုက်ကြသည်။
“ အိုး.. အဲ့တာက စတော့မယ်ဟေ့…”
“ ကောင်းကင်ဒေသမှ ရွှမ်မိသားစုက အရမ်းအစွမ်းထက်တာပဲ…”
လှေပျံကြီး၏ ရင်ပြင်ထက်တွက် လူငယ်များ စုဝေးနေကြပြီး ၎င်းတို့၏ မျက်၀န်းများက တောက်ပနေကြ၏။
သူတို့အားလုံး လွန်ခဲ့သော နှစ်(၂၀)၀န်းကျင်က ရွှမ်မိသားစု၏ ပင်မသွေးမျိုးဆက် မပြတ်တောက်သွားစေရန် နေရာအနှံ့အပြားသို့ ပို့လွှတ်ခြင်းခံခဲ့ရသည့် လူများဖြစ်ကြသည်။
၎င်းတို့အထဲက တစ်ချို့ကမူ ကံကောင်းထောက်မစွာဖြင့် စောစီးစွာ ကျင့်ကြံနိုင်ခဲ့ကြ၏။ သို့သော် သူတို့အတွက် အရင်းအမြစ်များကမူ အကန့်အသတ်ဖြင့်သာရှိလေသည်။ သူတို့၏ အခြေအနေက အနည်းငယ်ခက်ခဲခဲ့ကြသော်လည်း လက်ခံ၍ ရနိုင်သေး၏။
သို့သော် တစ်ချို့ကမူ ကံမကောင်းစွာဖြင့် နောက်ကျမှ ကျင့်ကြံခဲ့ရသောကြောင့် သူတို့၏ ကျင့်ကြံဆင့်များက အောက်ခြေ၌သာ ရှိနေလေသည်။ သူတို့အားလုံး အလွန်စိတ်မကောင်းဖြစ်နေခဲ့ကြ၏။
သို့သော် ယခုတွင်မူ ဒဏ္ဍာရီလာ ကောင်းကင်ဒေသမှ ရွှမ်မိသားစုက သူတို့အား ခေါ်ယူရန် ဘုရင်တစ်၀က်အဆင့်များကို စေလွှတ်လိုက်ချေပြီ။
ရွှမ်မိသားစုမှာ ရွှမ်ယီအမြင်၌သာ သိပ်မကြီးကျယ်လွန်းသော်လည်း
ချီအခြေခံတည်ဆောက်ခြင်း ၊ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် လူများအဖို့ ဧရာမ အင်အားစုကြီးဖြစ်သည်။
သူတို့အားလုံး လက်ရှိ ဒေသဖြတ်ကျော်လှေပျံကြီးအထက်ရောက်နေကြပြီဖြစ်သည့်တိုင် ယခင်ဒေသများတွင် အလွန်အမင်းချိုးနှိမ်ခံခဲ့ရသည်များအတွက် ဘယ်တော့မှ မေ့နိုင်ကြမည်မဟုတ်ချေ။
လက်ရှိတွင် သူတို့အားလုံး၏ ကံကြမ္မာများ ပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်ထားကြသည်။
ဝုန်း…
ကြယ်လှေအလွှာအတွင်း၌ ပျံသန်းနေသည့် ဒေသဖြတ်ကျော် လှေပျံ၏ ကိုယ်ထည်ဘေးပတ်၀န်းကျင်တစ်လုံး ရုတ်တရက် လင်းလက်သွား၏။
ရွှစ်…
လှေပျံကြီး၏ ဦးဖျားရှေ့ရှိ လေဟာနယ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ထိုလေဟာနယ် အက်ကွဲကြောင်း၏ တခြားတစ်ဖက်မှ ကြယ်လေများနှင့် အဇူရာဒေသဘက်မှ ကြယ်လေများ တစ်ခုနှင့် တစ်ခု အပြင်းအထန်တိုက်ခတ်နေကြ၏။ ၎င်းတို့ထံမှ ထွက်ပေါ်လာသည့် စွမ်းအားများက တောင်တန်းကြီးများကိုပင် ကျွတ်ထွက်သွားစေနိုင်စွမ်းရှိသည်။
သို့သော် ထိုကြယ်လေများက လှေပျံကြီးအား ကာကွယ်ထားသည့် အကာအရံအတွင်းသို့ အနည်းငယ်မျှပင်၀င်လာနိုင်စွမ်းမရှိချေ။ ဤသည်က စွမ်းအားကောင်းသည့် အင်အားစုတစ်ခု၏ ပြယုဒ်ပင်ဖြစ်သည်။
နောက်ထပ်တစ်နေရာ.. စိတ်ဝိညာဉ်ဒေသ
ရွှမ်ယီက ဒေသဖြတ်ကျော်လှေပျံ၏ ရင်ပြင်ထက်၌ တင်ပလင်ခွေထိုင်နေခဲ့သည်။ သူက စုဆောင်းရေးကိုယ်စားလှယ်များအား ထူးမခြားနားဟန်ဖြင့် ကြည့်နေ၏။ ထိုလူများက လှေပျံ၏ ရင်ပြင် အရှေ့ဘက်ပိုင်း၌ရပ်ကာ ကျောက်စိမ်းဆွဲသီးများထုတ်ပြီး တည်နေရာအား အတည်ပြုပြီးလျှင် ကူးပြောင်းခြင်းအဆောင်များအား ချိုးဖျက်ကာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
အချိန်အတန်ကြာသွားသောအခါ လေဟာနယ် အတက်အကျစွမ်းအားများဖြစ်ပေါ်လာပြီး လူငယ်များအား ခေါ်ဆောင်ကာ အလျိုအလျိုပြန်ရောက်လာကြ၏။
ထိုလူများကား အလွန်အပြောကောင်းဟန်ရသည်။ ပါလာသမျှ လူငယ်တိုင်း၏ မျက်နှထက်၌ စိတ်အားထက်သန်ဟန်များ အထင်းသားပေါ်လွင်နေသည်။
……
“ ကောင်းကင်ဒေသမှ ရွှမ်မိသားစုက ငါတို့ကို ဘာလို့ ပြန်ပြီးလာခေါ်ကြတာလဲဆိုတာ မင်းတို့သိပြီးကြပြီလား…”
ထိုလူများက နဂိုကတည်းက လှေပျံထက်သို့ရောက်နေကြသူများဖြစ်၏။
ကိုယ်စားလှယ်များက သူတို့အား သတင်းအချက်အလက်များ အသေးစိတ်မပြောပြကြသော်လည်း ၎င်းတို့ထဲတွင် ညဏ်ထက်မြက်သူများရှိသည်ဖြစ်ရာ တစ်စွန်းတစ်စကြားသည်များအား စုပေါင်းလျက် အကြမ်းဖျင်းခန့်မှန်းမိနေသူများရှိပေသည်။
“ ဘာလို့လဲ.. မင်းမှာ အတွင်းသတင်းတွေရှိလို့လား…”
လူတစ်ချို့က ပထမဆုံး စကားပြောသူအား သတိထားနေသည့် အမူအရာဖြင့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး မိသားစု၀င်များဖြစ်ကြာသော်လည်း နှစ်(၂၀)ကျော်ကြာမှ ပထမဆုံးတွေ့ဖူးကြသည်ဖြစ်ရာ သဘာ၀အတိုင်း မည်သူ့ကိုမှ ယုံကြည်ရဲခြင်းမရှိကြချေ။
“ သူတို့က ငါတို့အားလုံးထဲကနေပြီး အမွေဆက်ခံသူကို ရွေးချယ်ချင်နေတာ…”
ဝိုး…
ထိုစကားက ပတ်၀န်းကျင်မှလူတိုင်အား ထိတ်လန့်အံ့ဩသွားစေခဲ့သည်။ လူတစ်ချို့က သတိထားနေကြသေးသော်လည်း ထိုကိစ္စအား အာရုံစိုက်ကာ နားထောင်နေကြဆဲဖြစ်သည်။ သူတို့၏ အားရုံအား နား၌ ပို့လွှတ်ထားပြီး စကားပြောသူထံ မသိမသာဖြင့် ချဉ်းကပ်သွားခဲ့ကြ၏။
အမွေအဆက်ခံသူလား.. သူတိုအားလုံးကို တကူးတက ပြန်ခေါ်ပြီး ဘယ်ကအမွေဆက်ခံခိုင်းမလို့လဲ..?
ဒါ.. ဒါက ရွှမ်မိသားစုကိုများလား..?
လူတိုင်း၏ နှလုံးသားများ တဒိတ်ဒိတ်ခုန်လာခဲ့ပြီး မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့အားလုံး စကားစပြောသူအား စူးစိုက်ကာ ကြည့်နေကြ၏။
ထိုလူ၏ မျက်လုံးများက ယုံကြည်မှုအပြည့်နှင့်ဖြစ်သည်။ သူထံမှ စိတ်ဝိညာဉ်စွမ်းအင်အတက်အကျများ ထွက်ပေါ်လာခဲ့ပြီး ပတ်၀န်းကျင်မှ လူများထံ ရောက်ရှိသွား၏။
“ ငါကျင့်ကြံဆင့်က အခြေတည်ဝိညာဉ်အဆင့်(၃)မှာရှိတယ်…”
ရွှမ်တန်က စကားပြောနေရင်း နံဘေးမှ လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်လာ၏။
“ မင်းတို့ထဲမှ ငါနဲ့ အဆင့်တူ ဒါမှမဟုတ် ငါထက်သန်မာတဲ့ လူရှိလား မေးကြည့်ရအောင်…”
လူတိုင်းတိတ်ဆိတ်သွားခဲ့ကြ၏။ ၎င်းအထဲတွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အား ကျော်လွန်သွားသည့် ကျင့်ကြံသူ တစ်ဦးမှမရှိကြချေ။
ဤသို့ဆိုလျှင် အနှီရွှမ်တန်က အမွေဆံခံသူဖြစ်နေပြီမဟုတ်လော….
လူအုပ်ထဲမှ လူငယ်တစ်ယောက်ကမူ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်း တစ်ချို့သောအတွေးများ၀င်လာခဲ့၏။
သူ့အနေဖြင့် ရွှမ်မိသားစုထံ ၀င်ရောက်နိုင်ခြင်းကပင် ဘ၀ကြီးအတွက် အလွန်ကြီးအားသည့် အချိုးအကွေ့ကြီးတစ်ခုဖြစ်နေချေပြီ။
သူ့အတွက် အမွေဆက်ခံသူ ဖြစ်နိုင်သည် မဖြစ်နိုင်သည်က အရေးမကြီးချေ။ အကယ်၍ ရွှမ်မိသားစု၏ ဆက်ခံသူဖြစ်လာမည့်သူနှင့် ရင်းနှီးအောင်ပေါင်းထားပါက သူအနေဖြင့် အနာဂါတ်တွင် မိသားစုအတွင်း၌ အဆင့်မြင့်မြင့်နေနိုင်ပေလိမ့်မည်။
ထို ရွှမ်တန်ဆိုသူက အလွန်အစွမ်းထက်လှသည်။ သူနှင့် မဟာမိတ်ဖွဲ့ထားလိုက်လျှင် သူအနာဂါတ်က တောက်ပနေမည်ဖြစ်၏။
“ မှန်တယ်.. မင်းက အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူဖြစ်နေရင်တောင် အဲ့ဒီနေရာက မင်းအတွက်လို့ ဘယ်သူမှ တရားသေမပြောနိုင်ဘူး…”
ရွှမ်တန်၏ နံဘေးရှိ လူအုပ်ထဲမှ လူငယ် အတွေးလွန်နေခိုက် လူအုပ်ဘေးဘက်မှ ကျယ်လောင်သော အသံတစ်ခုအားကြားလိုက်ရသည်။