အခန်း (၆၈၃)
Vol. 50 Ch. 683
အကြီးအကဲ...
“မျိုးနွယ်စုတစ်ခုမှာ ပြင်းပြတဲ့စိတ်ဆန္ဒတစ်ခုရှိသင့်တယ်...”
“စိတ်ဆန္ဒမရှိတဲ့ မျိုးနွယ်စုက နေ့နေ့ညည သေဖို့စောင့်နေရတာပဲ...”
ပထမမာန်နတ်ဘုရား ထွက်သွားခဲ့ခြင်း၊ ဒုတိယမာန်ဘုရား အပိုင်းပိုင်းခုတ်ဖြတ်ခံရခြင်းနှင့် တတိယမာန်နတ်ဘုရားပျောက်ကွယ်သွားပြီးနောက် မာန်ပြည်ထောင်ဧ။်စိတ်ဝိညာဉ်သည်လည်း အလားတူ မှေးမှိန်သွားခဲ့သည်။
ကျန်ရစ်ခဲ့သော တစ်ခုတည်းသော အရာမှာ ရှုပ်ထွေးသောစိတ်ဆန္ဒနှင့် ဝိုးတဝါးပုံရိပ်ယောင်ပင်ဖြစ်သည်။မာန်မျိုးနွယ်စုများက အတိတ်က ဘုန်းကျက်သရေထွန်းလင်းမှုများထဲတွင် အခါခါတလဲလဲ နစ်မြုပ်နေခဲ့ပြီး အတိတ်မှ နိူးထရန် ငြင်းဆန်နေခဲ့ကြသည်။တိတိကျကျပြောရလျှင် သူတို့မျိုးနွယ်စု တဖြည်းဖြည်းတိမ်ကောလာသည်ကို ခေါင်းမာစွာနှင့် လက်မခံနိုင်ကြပေ။
ပထမဆုံးဘုရားသခင်၏အုပ်ချုပ်မှုအောက်တွင် မာန်မျိုးနွယ်စုက မြင်မြင်သမျှအရာကို အောက်ကျို့ပြီး ကိုးကွယ်တတ်သည့်မျိုးနွယ်စု မဟုတ်ပေ။ လွန်စွာ မဟုတ်မခံ၊ အရှုံးမပေးတတ်သော မျိုးနွယ်စုဖြစ်သည့်အပြင် လိုအပ်လျှင် အသက်ပါအသေခံမည့် လူမျိုးများဖြစ်သည်။ ယခုကဲ့သို့ မာန်မျိုးနွယ်စု၏ဂုဏ်ရှိန်ဝါများ ကျဆင်းသွားသည့်အခိုက်တွင် မည်သူ့ကိုမှ ကပ်ဖားယက်ဖားလုပ်ပြီး မရှင်သန်လိုကြပေ။ ဂုဏ်သိက္ခာရှိရှိ သေဆုံးမည်ဖြစ်သည်။ထိုပုံစံက သေခါနီးအဘိုးအိုတစ်ယောက်က အုတ်ဂူထဲသို့ခြေတစ်လှမ်းလှမ်းနေသည့် မြင်ကွင်းမျိုးနှင့် တူတော့သည်။
တိုက်ကြီးများကိုခွဲထုတ်ခြင်း၊ ၎င်းတို့၏ယဉ်ကျေးမှုကိုဆက်လက်မထိန်းသိမ်းနိုင်ခြင်း၊ရှာမန်တို့၏သစ္စာဖောက်မှုကြောင့်ဖြစ်ပေါ်လာသောအတွင်းရန်ပဋိပက္ခများနှင့်နှစ်များစွာအတွင်းဆင်းသက်လာသောအင်မော်တယ်များဧ။်နှိပ်စက်မှုများကြောင့် မာန်မျိုးနွယ်စုများကွဲကွာသွားကာအခွံအလွတ်တစ်ခုသာကျန်ခဲ့သည်။ .
သူတို့၏ကျင့်ကြံမှု အဆင့်တောင်မှ
မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ထာဝရ ပိတ်မိနေခဲ့ပြီး နောက်ထပ် နယ်ပယ်ထဲကို မဝင်နိုင်ကြတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုမျိုးနွယ်စုက သူတို့၏သမိုင်းကြောင်းထည်ဝါမှုကို လိုက်မမှီတော့ဘဲ ခေတ်နောက်ကျကျန်ခဲ့ရသသည်။
ထိုသို့သောမျိုးနွယ်စုတွင် ပြင်းပြသောစိတ်ဆန္ဒရှိပါသေးသလား...
သို့သော် အစကတည်းက သေဆုံးသွားခဲ့လေပြီ။
၎င်း၏အတိတ်ဂုဏ်ကျက်သရေက ရွှင်းပလွေ၏သံစဥ်မှတ်စုများတွင်သာကျန်ခဲ့သည်။ ၎င်း၏အတိတ် ချမ်းသာကြွယ်ဝမှုကလည်း ဖျက်ဆီးခံခဲ့ရပြီး အနတ္တအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းက မီးတောက်လောင်နေသော အရိုးစုဖြစ်ပြီး နှစ်သိမ့်ဖွယ်အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။ ၎င်းက လူတို့၏သွေးကိုလောင်ကျွမ်းစေနိုင်သော်လည်း လူတို့၏စိတ်ဝိညာဉ်ကို နိူးထစေရန် ခက်ခဲပေလိမ့်မည်။
အင်မော်တယ်တို့၏ဂြိုဟ်ကိုးလုံးအပြစ်ဒါဏ်က ဤကမ္ဘာရှိ လူတို့၏လည်ပင်းတွင် ဆွဲထားသောမရဏကြိုးကွင်းပင် ဖြစ်သည်။
ဟိုးအရင်ကတည်းက ထိုကြိုးကွင်း ရှိကောင်းရှိသော်လည်း အတိတ်က မာန်ပြည်ထောင်ကြောင့် မထင်ရှားခဲ့ပေ။ ဤသည်မှာ အင်မော်တယ်အားလုံးကို ခေါင်းငုံ့စေခဲ့ပြီး မနက်ခင်းတာအိုလောကကို တုန်လှုပ်စေခဲ့သော လူတစ်ယောက်ကြောင့် ဖြစ်သည်။
“လေ့ရှန်ရှို့....”
မာန်ပြည်ထောင်က သူ့မွေးရပ်မြေဖြစ်ပြီး..လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်း ပျောက်ဆုံးသွားခဲ့သည်။ သူ… မသေဆုံးတာဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီရက်ထဲက သူ ပြန်လာကောင်း လာနိုင်သည်။
သူပြန်မလာခဲ့လျှင်တောင် သူ့မျိုးနွယ်စုကို ကာကွယ်ရန် အဖိုးမဖြတ်နိုင်သော ရတနာများကို ချန်ထားခဲ့သည်။ သူ့၏ အဖိုးမဖြတ်နိုင်သော ရတနာတွေထက် အများကြီး ပိုပြင်းထန်သောအရာက မာန်ပြည်ထောင်၏ဥပဒေဿပင်ဖြစ်သည်။
ဤဥပဒေက ယင်မရဏဒေသ၏ ဥပဒေလည်းဖြစ်သည်။ ဤဥပဒေအရ၊ ကမ္ဘာသို့ ဆင်းသက်လာသူတိုင်းက ၎င်းတို့၏ စွမ်းအားကို ကန့်သတ်ချက်မရှိဘဲ အားနည်းသွားသည်ကို တွေ့လိမ့်မည်။ အကယ်၍ ဤဥပဒေကြောင့်သာမဟုတ်ပါက၊ မာန်မျိုးနွယ်စုက လုံးဝ ပျောက်ကွယ်သွားနိုင်သည်။
သို့သော် ဤအရာအားလုံးက ပြင်ပအင်အားစုများသာဖြစ်သည်။ အကယ်၍ မျိုးနွယ်တစ်ခု၏စိတ်ဝိညာဉ်တစ်ခု ပျက်ပြယ်သွားပါက၊ ၎င်းက မျိုးနွယ်စုပျက်သုဉ်းခြင်းဆီသို့သာ ဦးတည်နေပြီဖြစ်သည်။
စိတ်ဝိညာဉ်ဆိုတာ ဘာလဲ...
စုမင် ထိုအကြောင်းကို သေချာနားမလည်သော်လည်း သူ့နားထဲတွင် ပဲ့တင်ထပ်နေသည့် ဟိန်းဟောက်သံများနှင့် နွေးထွေးမှုများကို ခံစားလိုက်ရသည်။ထို့အပြင် သူ့နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရသော ခံစားချက်များက တစ်စုံတစ်ခုကို နားလည်နိုင်စေခဲ့သည်။
ထိုဟိန်းဟောက်သံများ၊ အတူသေပွဲဝင်ရန် ကြိမ်ဝါးသံများနှင့် သူတို့၏သွေးမျာ လောင်ကျွမ်းနေသည့်အခြေအနေက… မာန်ပြည်ထောင်၏စိတ်ဝိညာဉ်အပိုင်းအစကို ပွင့်စေခဲ့သည်။
သူတို့က သေခြင်းတရားကို ကြောက်သော်လည်း နောက်ပြန်မလှည့်ဘဲ သေခြင်းတရားကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ အကယ်၍ ဤမျိုးနွယ်စု၏စိတ်ဆန္ဒကို နောက်တစ်ကြိမ် မထမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါက ၎င်းက မျိုးနွယ်စုနှင့် အတူ ပျောက်ကွယ်သေဆုံးသွားပေလိမ့်မည်။
မာန်နတ်ဘုရားနှင့်အတူ သေပွဲဝင်မည့်ကြိမ်းဝါးသံများက မာန်ပြည်ထောင်တစ်ခုလုံး၏အင်အားကို ပြသနေလေသည်။
သူတို့က အတူတူသေပွဲဝင်ကြလိမ့်မည်။
ထိုအချိန်တွင် လူနှစ်သောင်းထံမှ ဟောက်သံများ၊ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော သူတို့၏ အော်သံများက လောကကြီးထဲတွင် အပြင်းထန်ဆုံး တော်လဲသံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းတို့၏ အသံတွင် ရူးသွပ်မှုတို့လှိုင်းလုံးများ ထကြွနေလေသည်။ နှစ်ပေါင်းများစွာ မရေမတွက်နိုင်သော ဖိနှိပ်ခံရပြီးနောက် မွေးဖွားလာခဲ့သည့် ပေါက်ကွဲသံတစ်ခုဖြစ်သည်။ ထိုပေါက်ကွဲသံအောက်မှာ ...သူတို့က သေခြင်းတရားကို မှု့မနေတော့ပေ။
ဤပေါက်ကွဲသံအောက်တွင် ကျင့်ကြံသူများ၏အသေခံလိုစိတ်ကြောင့် စုမင်က နွေးထွေးမှုတစ်ခုကို ခံစားလာရသည်။ သူတစ်ခါမှ မကြုံဖူးခဲ့သည့် အရာတစ်ခုဖြစ်ပြီး ဤသည်မှာ… မာန်ကျင့်ကြံသူများ၏အသစ်မွေးဖွားလာသောစိတ်ဝိညာဉ်အပိုင်းအစများဖြစ်သည်။
ဤဝိညာဉ်က ယခင်က မာန်မျိုးနွယ်စုတို့၏ဝိညာဉ်မဟုတ်တော့ပေ။ ပျက်စီးခြင်းအလယ်မှာတောင် ကံကြမ္မာကိုလက်မခံလိုစိတ်၊ ခက်ခဲချိန်၌ မွေးဖွားလာသော ရူးသွပ်မှု… နှင့် အသက်ထက် ဂုဏ်ကျက်သရေကို ရွေးချယ်ရန် စိတ်ပိုင်းဖြတ်ထားမှုကနေ မွေးဖွားလာသော ဝိညာဉ်တစ်ခုဖြစ်သည်။
ဤဝိညာဉ်က ရုပ်ပိုင်းဆိုင်ရာအသွင်သဏ္ဍန်မရှိပေ။ မမြင်နိုင်၊ မထိတွေ့နိုင်ပေ။ သို့သော် ထိုအချိန်တွင်၊ မြေပြင်ပေါ်ရှိသောင်းနှင့်ချီသောအင်မော်တယ်တို့က လူနှစ်သောင်း၏ ပြာပုံဘဝမှထကာ အရာအားလုံးကို ချေမှုန်းနိုင်သော
စိတ်ဆန္ဒကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
ကျီအန်း၏ မျက်နှာက သွေးမရှိသလို ဖြူဖျော့သွား၏။ သူက နောက်သို့ တုန်လှုပ်ချောက်ချားစွာ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။ သူ့ကျင့်ကြံမှုအဆင့်ကြောင့် တစ်ချက်ကြည့်လိုက်ရုံ ဖြစ်ပျက်နေသောအရာများကို ရိပ်စားမိလေသည်။ သူ့အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားလေသည်။
‘မာန်စိတ်ဝိညာဉ်ပေါက်ဖွားလာခြင်း..”
အနက်ရောင်ဝတ်ထားသည့်တိထျန်း၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ သူ အသက်သွင်းလိုက်သော ဂြိုဟ် ကိုးလုံး ပြစ်ဒဏ်က မာန်စိတ်ဝိညာဉ် ပေါက်ဖွားလာစေမည်ဟု သူ မထင်ထားခဲ့ပေ။
ထိုဝိညာဉ်က ယုံကြည်ချက်နှင့် ကိုးကွယ်မှုပုံစံတစ်ခုဖြစ်သည်။ စိတ်ပိုင်းဖြတ်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။ မျိုးနွယ်စုတစ်ခုမှ ထိုကဲ့သို့ပြင်းပြသောစိတ်ဝိညာဉ်ထွက်ပေါ်လာခြင်းက အနာဂတ်မှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလာပါလိမ့်မည်။ မည်သည့် စွမ်းအားမှ မဖျက်ဆီးနိုင်သော မျိုးနွယ်စုစိတ်ဝိညာဉ်ပင် ဖြစ်သည်။
“ဒီဆင်းသက်လာတဲ့သူတွေကိုသတ်လိုက်ရင် ဘာမျိုးဆက်မှ ကျန်မှာမဟုတ်ဘူး..”
“ဒီလူနှစ်သောင်းက မျိုးစေ့တွေပဲ..တကယ်လို့ သူတို့က ဒီကပ်ဘေးမှာမသေခဲ့ရင် ဝိညာဉ်မျိုးစေ့တွေက လောကတစ်ခွင်ပျံ့နှံ့သွားပြီး မာန်သွေးမျိုးဆက်ရှိသူအားလုံးအပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်..အဲ့ဒီ့ကျရင် နှစ်ပေါင်းထောင်သောင်းချီပြီး အိပ်ပျော်နေရာက နိုးလာတဲ့ တန်ခိုးကြီးမျိုးစုအဖြစ် အသက်ပြန်ဝင်လာလိမ့်မယ်...”
‘ဒီလိုမဖြစ်ရအောင် ငါလုံးဝ တားရမယ် ဒီလူတွေ… အားလုံးသေရမယ်...”
တိထျန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး သွေး ချောင်းဆိုးရန် လျှာဖျားကို ကိုက်လိုက်သည် ။ ရွှေရောင်သွေးစက်လေးများက ကောင်းကင်ရှိဝဲဂယက်ထံသို့ ပျံ့လွင့်သွားပြီး အစောင့်ရှောက်ဂြိုလ်ကြီးကိုးလုံးထံသို့ ဦးတည်သွားလေသည်။ ထိုစဉ်
ဂြိုလ်ကြီးကိုးလုံးထံမှစူးစူးရှရှ အလင်းတန်းများ ထွက်ပေါ်လာပြီး လျင်မြန်စွာ ဆင်းသက်လာလေသည်။
ထိုအချိန်တွင် ထိုအလင်းတန်းကိုးခုက ယင်မရဏမြုခိုးထုကိုဖြတ်၍ လောကကြီးထဲသို့ ဆင်းသက်လာစဉ် သစ်သားပုလွေသံ၏သံစဉ်က ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုတေးသွားများက ရုတ်ခြည်း မြည်သံပျံ့လွင့်လာပြီး မာန်ကျင့်ကြံသူများ၏ကြိမ်ဝါးသံနှင့်အလားတူထွက်ပေါ်လာသည်။ ထိုသံစဉ်တေးသွားက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ပြင်းထန်သော အလင်းတန်းကိုးခုကို အေးခဲရပ်တန့်သွားစေသည်။ ထိုအချိန်တွင် ယင်မရဏနယ်မြေအတွင်းရှိ စကြဝဠာတစ်ခုလုံးနှင့် လောကကြီးတစ်ခုလုံးက ရပ်တန့်သွားလေသည်။
ဒုတိယအသုတ် အလင်းတန်း ရွေ့လျားမှု ရပ်တန့်သွားလေသည်။ စုမင်၏ အထက်တွင်ရှိသော သတ္တမမြောက်ပြစ်ဒါဏ်အလင်းတန်းနှင့် ရှင်းကန်အပါအဝင် မာန်ကျင့်ကြံသူ အများအပြားကို တားဆီးလိုသော အလင်းတန်းများ သည်လည်း ရပ်တန့်သွားခဲ့သည်။
အရာအားလုံးက ချက်ချင်းရပ်တန့်သွားလေသည်။ မရပ်တန့်သောတစ်ခုတည်းသော အရာမှာ သစ်သားပုလွေ၏လွမ်းဆွတ်ဖွယ် သံစဉ်တေးသွားဖြစ်သည်။ သီချင်းထဲမှ တေးသွားများကပဲ့တင်ထပ်နေပြီး စုမင်၏ နားထဲသို့ ရောက်သွားလေသည်။ထို့နောက် သူ့ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
သူ ထိုသံစဥ်ကို ရင်းနှီးလေသည်။ ယခင်က အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ပြီး နောက်ဆုံးအကြိမ် ကြားခဲ့ရတာကတော့ တိထျန်း၏ကိုယ်ပွားကို မတိုက်ခင် ဖြစ်သည်။ တစ်ခါကလည်း အဘိုးကြီးတစ်ယောက်က စုမင်ရှေ့မှာ ထိုသီချင်းကို တီးမှုတ်ခဲ့လေသည်။
အဘိုးကြီး၏ မျက်နှာက စုမင်၏ ခေါင်းထဲတွင် ပေါ်လာသော်လည်း သေချာမမှတ်မိတော့ပေ။ သူ့အသက်ရှူသံ မြန်လာပြီး တုန်လှုပ်ခြောက်ခြားသွားကာ သူအရင်က မသိနားမလည်ခဲ့သော အချက်တစ်ခုကို သတိပြုမိလိုက်သည်။
အဘိုးကြီးဧ။်မျက်နှာ... စုမင် သူ့ကိုမြင်တိုင်း မတူညီဘဲ ရုပ်ပြောင်းလဲသွားသည်။ စုမင်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာမှာ မျက်မမြင်တစ်ယောက်၏ အပြုအမူများပင် ဖြစ်သည်။
“နောက်ဆုံးတော့ ငါတို့မာန်မျိုးနွယ်စုကနေ စိတ်ဝိညာဉ်တစ်ခု မွေးဖွားလာပြီ.. မင်း ဒါကို ဘယ်လိုဖျက်ဆီးပစ်နိုင်မှာလဲ”
အဆုံးမဲ့အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နေပုံရသည့် ရှေးခေတ်အသံတစ်ခုက ဝဲဂယက်ထဲမှ ထွက်ပေါ်လာသည်။ စကားသံထွက်ပေါ်လာသည်နှင့် သစ်သားပုလွေ၏သံစဉ်က ဝေဝေဆာဆာ ပဲ့တင်ထပ်လာပြန်သည်။
အနက်ရောင်ဝတ်ထားသည့် တိထျန်းက လျင်မြန်စွာ မျက်မှောင်ကြုတ်သွားလေသည်။သူ ထိုသံစဥ်ကို ပထမဆုံးကြားဖူးခြင်းပင်ဖြစ်သည်။ ယခုဝဲဂယက်မှထွက်ပေါ်လာသောတည်ရှိမှုကို ခံစားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
ထိုတည်ရှိမှုက သူ့မှော်ကိုယ်ထည်
မာန်ပြည်ထောင်ဆင်းသက်ခြင်းကိုတားမြစ်ခဲ့လေသည်။သူ့အား ကြီးမားသောအန္တရာယ်အငွေ့အသက်ပေးစွမ်းသောတည်ရှိမှုပင်ဖြစ်သည်။
“သင်ဘယ်သူလဲ”
တိထျန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါတွင် သူ၏လက်ချောင်းများက ကွဲကြေသွားကာ ယင်မရဏနယ် မြေထဲသို့ တိုးဝင်သွားသည့် သွေးမြှားငါးစင်းအဖြစ် ပြောင်းလဲသွားသည်။
ဤသွေးမြှားငါးစင်းက ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာဟိန်းဟောက်လိုက်သော သွေးနဂါးငါးကောင်အဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။ထို့နောက် ခေါင်းငါးလုံးရှိသော သွေးသားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ဝဲဂယက်ဆီသို့ ဦးတည်သွားလေသည်။ ထိုစဉ် ကျယ်လောင်သော အသံက ကောင်းကင်သို့ လွင့်ပျံလာသည်။
ထိုဆူညံသံများကြားတွင် ယင်မရဏဝဲဂယက်က ပြိုပျက်သွားသကဲ့သို့ အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည် ။ ... အတွင်းထဲတွင် အဖြူရောင် ၀တ်ထားသော လူတစ်ယောက် ပေါ်လာသည်။
ထိုလူက မျက်လုံးမှုန်မှိုင်းမှိုင်းနှင့် အဘိုးကြီးဖြစ်သည်။ သူ့မျက်နှာက လူတိုင်းဧ။်မျက်လုံးထဲမှာ ကွဲပြားနေပြီး မျက်တောင်တစ်ချက်ခတ်ကြည့်တိုင်း သူ့မျက်နှာက ထပ်ခါထပ်ခါ ပြောင်းလဲသွားလေသည်။
သို့သော်…ထိုအရာကို သတိပြုမိသူ အလွန်နည်းပါးပါသည်။ သူ့မျက်နှာက အဆက်မပြတ် ပြောင်းလဲနေသော အချက်ကို လူတိုင်းက အလိုအလျောက် လျစ်လျူရှုလိုက်သည်။
စုမင်က အဘိုးအိုကိုတွေ့ပြီး ချက်ချင်းပင် မှတ်မိသွားသည်။ ဤသည်မှာ ပုလွေမှုတ်သူ အဘိုးအိုပင်ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် အဘိုးအို၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်နေသည်ကို တွေ့ရသည်။ သူခံစားရသော တုန်လှုပ်မှုပမာဏက သူတစ်ခါမှ မကြုံဖူးခဲ့ပေ။ မာန်ပြည်ထောင်က ယင်မရဏနယ်မြေ အမှန်တကယ်ဖြစ်ခဲ့သည်ကို သိလိုက်ရစဉ်ကထက် ပို၍ တုန်လှုပ်မိနေလေသည်။
သူ့ခေါင်းထဲမှာ လျှပ်စီးလက်သံ တဖျပ်ဖျပ်မြည်နေသလို ခံစားလိုက်ရသည်။ သူ့စိတ်က ချက်ချင်း ဖရိုဖရဲ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ ထိတ်လန့်သွားပြီး ဘာမှတွေးမရတော့ဘဲ သူ့မျက်စိရှေ့ရှိ အဘိုးအိုဧ။်မျက်နှာကို မြင်ယောင်နေမိလေသည်။
သူ မျက်တောင်မခတ်ဝံ့ပေ။သူ မျက်တောင်ခတ်လိုက်လျှင် အဘိုးအို၏ မျက်နှာက တစ်ဖန်ပြောင်းလဲသွားကာ သူ့ကို တုန်လှုပ်စေသော မျက်နှာက ပျောက်ကွယ်သွားတော့မည်ကို စိုးရွံ့မိသည်။
ထိုမျက်နှာက သူ့အမှတ်တရများတွင် အနက်ရှိုင်းဆုံးအမှတ်အသားကို ချန်ထားခဲ့လေသည်။ ထိုအပြုံးက သူ့ဘဝတွင် မေ့ဖျောက်ရန် အခက်ခဲဆုံးအရာဖြစ်သည်။ ဤအရာအားလုံးက စုမင်၏ စိတ်ဝိညာဉ်ကို ဗလာနတ္တိဖြစ်စေပြီး စိတ်ရှုပ်ထွေးမှုများကို ကင်းစင်သွားစေသည်။
“အကြီးအကဲ…”
စုမင်က ထိုနာမည်ကို တီးတိုးစွာရွတ်ဆိုလိုက်သည်။
“အကြီးအကဲ…”
ထိုအချိန်တွင် စုမင်၏မျက်လုံးများရှေ့တွင် အဘိုးအို၏မျက်နှာက...နက်မှောင်တောင်၏အကြီးအကဲဖြစ်သည်။ သူက မိုစုန့်...စုမင်၏အကြီးအကဲပင်ဖြစ်သည်။