အဓိကအမှတ်တစ်ခု
Vol. 50 Ch. 684
လူတို့သည် မျက်စိတစ်မှိတ်အတွင်း တစ်စုံတစ်ရာဖြစ်ပျက်သွားသည်ကို အချိန်အကုန်မြန်ခြင်းဟု ပြောစမှတ်ပြုကြသည်။ထို့ပြင် “မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့တယ်” လို့ မကြာခဏ ပြောလေ့ရှိကြတယ်။ ဤသည်မှာ အချိန်က တို
တောင်းသောကြောင့် လူအများစုက အချိန်ကို တန်ဖိုးထားရမှန်းကို နောက်ကျခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
ထိုအရာက အချိန်တွေကုန်လွန်သွားတာကို နောင်တရနေသော ခံစားချက်တစ်မျိုးလည်းဖြစ်သည်။ ဘဝတွင် နောင်တရသွားသည့် အရာတစ်ခုဖြစ်ပျက်ပြီးနောက် ပေါ်လာသည့် အတွေးတစ်ခုဖြစ်ပြီး ၎င်းတို့ တန်ဖိုးမထားခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရနေမည်ဖြစ်သည်။
သို့ပေမယ့် စုမင်အတွက်ကတော့ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
သူ မျက်တောင်တစ်ချက်ခတ်လိုက်လျှင် တူညီသော မျက်နှာတစ်ခုတည်းကို ထပ်မြင်နိုင်တော့မည်မဟုတ်ကြောင်း အတပ်သိသည်။သူ မျက်တောင်တစ်ချက်ခတ်လိုက်သည်နှင့် အချိန်ကုန်လွန်သွားလိမ့်မည်။တစ်စုံတစ်ယောက်ကို ခွဲခွာရန် တွန့်ဆုတ်နေပြီး ကောင်းကင်ပေါ်ရှိ ရင်းနှီးသောအပြုံးကို စိုက်ကြည့်နေလေသည်။ စုမငခ်၏ မျက်လုံးများတွင် မျက်ရည်တွင်တွင်စီးကျလာခဲ့သည်။
“ဒုက္ခများခဲ့ပြီ.. လူလေး…”
အဘိုးအိုက ကွဲအက်သော အသံဖြင့် ပြောသည်။ စုမင်က တုန်လှုပ်သွားသော်လည်း စကားတစ်ခွန်းမျှပင် မပြောနိုင်ပေ။
“ခင်ဗျားက မိုစုန့်ပဲ... မဟုတ်ဘူး.. ခင်ဗျားက မိုစုန့်မဟုတ်ဘူး…”
အနက်ရောင်ဝတ်ရုံတိထျန်းက ကောင်းကင်ပေါ်ရှိ အဘိုးအိုကို စိုက်ကြည့်ရင်း မတူညီသော စကားနှစ်ခွန်းကို ပြောလိုက်သည်။ သူပြောပြီးချိန်တွင် သူ့ မျက်လုံးထဲမှာ အရိပ်တစ်ခု ပေါ်လာသည်။ထို့နောက် သူ့ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ ယခင်က ကွဲကြေသွားခဲ့သော သူ့လက်ချောင်းများက ပြန်လည်ကောင်းမွန်လာကာ တိထျန်းက ကောင်းကင်ဆီသို့ ဦးတည်သွားခဲ့သည်။
“ကျုပ် နားလည်ပြီ.....ဒါပေမဲ့ ခင်ဗျားက ယင်မရဏဝိညာဉ်သာသာပဲ... ခင်ဗျား ယင်မရဏစွမ်းအားကို ကျွမ်းကျင်စွာ ချုပ်ထိန်းနိုင်ရင်တောင်မှ ထာဝရ မပျက်စီးနိုင်တဲ့ တည်ရှိမှုပဲဖြစ်လာမှာ... ဒါတောင်မှ ခင်ဗျား ဒီနယ် မြေကိုပဲ စိုးမိုးလို့ရမှာ...”
အနက်ရောင်ဝတ်ရုံတိထျန်း၏ စကားများက အနည်းငယ်ဆက်တောက်ဆက်တောက်ဖြစ်နေပြီး နားလည်ရခက်သည်။ သူ့ ညာလက်ကို မြှောက်လိုက်သည်နှင့် အနက်ရောင်ဝတ်ရုံတိထျန်း၏ ခန္ဓာကိုယ်ကို မီးလုံးကြီး တောက်လောင်လာသည်။
သူ...သူ့၏ မှော်ဆန်သော ခန္ဓာကိုယ်က လောင်ကျွမ်းနေလေသည်။
အနက်ရောင်ဝတ်ရုံတိထျန်းက သူ့မှော်ကိုယ်ထည်ကို လောင်ကျွမ်းစေသည့် အပြုအမူက ယင်မရဏမြူခိုးထုမှ ထွက်လာသော အဘိုးအိုကို သတိထားမိလေသည်။ သူ့ခန္ဓာကိုယ်အနှံ့ မီးလောင်ကျွမ်းစေပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည် ။
“ကျုပ် ခင်ဗျားကိုဒီမှာမသတ်နိုင်ပေမဲ့ ချိပ်ပိတ်နိုင်တယ်...အင်မော်တယ်ဂြိုလ်ကြီးတွေ... ယင်မရဏနယ်မြေဆီ ဆင်းသက်လာစမ်း...”
တိထျန်းက လေထုကို သိမ်းပိုက်လိုက်ကာ သူ့ပါးစပ်မှ ရှုပ်ထွေးပြီး ခက်ခက်ခဲခဲ ရွတ်ဆိုသံများ ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များက ပိုပြင်းထန်လာပြီး သူ့ခြေထောက်များက ချက်ချင်း ပျောက်သွားလေသည်။
၎င်းတို့ ပျောက်ကွယ်သွားချိန်မှာတော့ ဝုန်းခနဲပေါက်ကွဲသံကြီးတစ်ခုက ကောင်းကင်ရှိ ဝဲဂယက်ဆီသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် အင်မော်တယ် နဂါးငွေ့တန်းရှိ ကျင့်ကြံခြင်းဂြိုလ်ကိုးလုံးအနက်မှ လေးလုံးက ၎င်းတို့၏လမ်းကြောင်းကို ပြောင်းလဲလိုက်စေခဲ့သည်။
ဧရာမကျင့်ကြံခြင်းဂြိုလ်လေးလုံးမှ အင်အားကြီးမားသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့၏ လမ်းကြောင်းပြောင်းသည်နှင့် ယင်မရဏဝဲဂယက်ဆီသို့ အရှိန်တင်လေသည်။
ဤသည်မှာ တိထျန်း၏ သူ၏ မှော်ဆန်သော ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခြင်းနှင့် ကျင့်ကြံခြင်းဂြိုလ်ကြီးများမှ စွမ်းအားများ ရောနှောနေခြင်းဖြစ်သည်။ ကျင့်ကြံခြင်းဂြိုလ်များ၏ ဆင်းသက်လာမှုနှင့်အတူ အဘိုးအိုကို ဖိနှိပ်ရန် လိုအပ်သော စွမ်းအားက ရှေ့သို့ ထွက်ပေါ်လာသည်။
ကျယ်လောင်သော အသံနှင့်အတူ ဂြိုလ်လေးလုံးအနက်မှ တစ်လုံးက ၎င်း၏ ကိုယ်ထည်ကို ယင်မရဏ မြူခိုးထဲသို့ နစ်မြုပ်သွားစေသည်။ စောင့်ကြည့်နေသူများအားလုံးကလည်း ဂြိုလ်ကြီး လျင်မြန်စွာ နစ်မြုပ်သွားသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ထို့ နောက် ၎င်းက ရေအနက်သို့ နစ်မြုပ်သွားသည့် ဧရာမကျောက်တုံးကြီးကဲ့သို့ပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
အခြားဂြိုလ်သုံးခုလည်း မြူခိုးများထဲသို့ တစ်ခုပြီးတစ်ခု နစ်မြုပ်သွားကာ ပထမဂြိုဟ်၏နောက်ရှိ နဂါးငွေ့တန်းအတွင်း ကျယ်လောင်စွာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မာန်ကျင့်ကြံသူအားလုံး ခေါင်းမော့ကာ အထက်သို့ မျှော်ကြည့်ကြသည်။ ကောင်းကင်တွင် မြူခိုးများက ပြင်းထန်စွာ တုန်ခါနေပြီး ယခင်အားပြင်းသော အလင်းတန်းများထက် စွမ်းအားပိုကြီးလေသည်။ ထိုအချိန်တွင် ကောင်းကင်၌ မြူခိုးများက တဟုန်းဟုန်းလှိုင်းထနေသော ပင်လယ်ကဲ့သို့ ဟိန်းဟောက်နေလေသည်။ ထိုခဏ၌ပင် ကောင်းကင်၌ မြူခိုးများကြားတွင် အလွန်ကြီးမားသော ကျင့်ကြံခြင်းဂြိုလ်ကြီးတစ်ခု ပေါ်လာသည်။
ထိုသို့ ပေါ်လာစဉ် မြူခိုးများက အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားတော့သည်။ အလွန်ကြီးမားသော ကျင့်ကြံခြင်းဂြိုလ်ကြီးက ကောင်းကင်တစ်ခုလုံးကို အစားထိုးသွားပြီး သူ့အရွယ်အစားကို စကားလုံးဖြင့် မဖော်ပြနိုင်ပေ။ ကွေးညွတ်သောအစွန်းတစ်ခုပေါ်လာပြီး ကျင့်ကြံသူအားလုံးက ၎င်းပေါ်ရှိ တောင်များနှင့်ပင်လယ်များကိုမြင်နိုင်သည့်အပြင် ၎င်းမှထွက်လာသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားများကို မြင်တွေ့နိုင်သည်။
ထိုအရာက မာန်ပြည်ထောင်သို့ဆင်းသက်လာသောဂြိုလ်ကြီးတစ်ခုပင်ဖြစ်သည်။
မာန်ပြည်ထောင်၏ဘယ်အရပ်မှာပဲဖြစ်ဖြစ် သူ့အလိုလို ကွေးညွတ်နေသော အစွန်းနှင့်အတူ ဂြိုလ်ကြီးကို မြင်ရမည်ဖြစ်သည်။
အရှေ့မြေရိုင်းနယ်မြေက ငလျင်လှုပ်သကဲ့သို့ တုန်ခွာသွားလေသည်။ ထို့နောက် မရဏပင်လယ် တဝုန်းဝုန်းဟိန်းဟောက်လေသည်။ မာန်ပြည်ထောင်တစ်ခွင်လုံး ပြိုပျက်မည့်လက္ခဏာများ စတင်ပြသလာသည်။ ထိုအချိန်တွင် ကျယ်လောင်သော အသံများ လေထဲသို့ ပျံ့လွင့်သွားကာ လူတိုင်း၏ မျက်စိရှေ့တွင်… အခြားကျင့်ကြံခြင်းဂြိုလ်သုံးလုံးနှင့် အစွန်းအစများ ထွက်ပေါ်လာသည် ။
ကျင့်ကြံခြင်းဂြိုလ်စုစုပေါင်းလေးလုံးရှိပြီး ၎င်းတို့က ကောင်းကင်ယံကို လုံး၀သိမ်းပိုက်နိုင်ခဲ့ပြီး မြင်သူတိုင်းကို ထိတ်လန့်စေခဲ့သည်။
အကယ်၍ ဤဂြိုလ်လေးလုံး ပေါက်ကွဲသွားခဲ့ပါက မာန်ပြည် ထောင်တစ်ခုလုံး ပျက်သုဉ်းသွားလိမ့်မည်။ မရဏပင်လယ်က လုံးဝခမ်းခြောက်သွားကာ ယင်မရဏနယ်မြေက အလွန်ကြီးမားသောတွင်းကြီးအဖြစ်သို့ပင် အဆုံးသတ်သွားနိုင်သည်။
“ငါသတ်ချင်နေတဲ့လူကို သတ်ပစ်ပြီး ငါဖျက်ဆီးချင်တဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်..အဲ့ဒီအချိန်မှာ မင်း ငါ့ကို ဘယ်လိုတားမလဲ ကြည့်ချင်တယ်..”
တိထျန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိတော့ပြီး ၎င်းကို ဆက်လက် လောင်ကျွမ်းစေခဲ့သည်။ သူက ရူးသွပ်စွာ ရယ်မောလိုက်ပြီး မာန်ပြည်ထောင်၏ ကောင်းကင်ယံ အများစုကို သိမ်းပိုက်ထားသည့် ဂြိုလ်လေးလုံးကို လှည့်ပတ်ကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
ဂြိုလ်လေးလုံးက တဟုန်ထိုး အသံများထွက်ကာ နစ်မြုပ်သွားသည်။သို့သော် ၎င်းတို့က မည်မျှပင် လျင်မြန်သည်ဖြစ်စေ ကြီးမားလွန်းသောကြောင့် တဖြည်းဖြည်း နစ်မြုပ်သွားသည်။
၎င်းတို့ ဆင်းသက်လာသည်နှင့်အမျှ အရှေ့မြေရိုင်းနယ်မြေက ပြိုပျက်သည့် လက္ခဏာများ ပြသခဲ့သည်။
ထိုအချိန်တွင် နယ်မြေထဲမှာ သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။ ထိုသက်ပြင်းကို ချလိုက်သူက အဘိုးအိုပင်ဖြစ်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် လူတိုင်း၏မျက်စိရှေ့တွင် အဆုံးမရှိသော ကြီးမားလာပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူက လောကကြီးကို ထိန်းချုပ်နိုင်သော ဧရာမရုပ်သွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုခန္ဓာကိုယ်က ထင်ယောင်ထင်မှားမျှသာဖြစ်ပြီး သူ့အတွင်းရှိ အရာအားလုံးသည် ထူထဲသောယင်မရဏရောင်ဝါဖြင့် ဖွဲ့စည်းထားသည်။ မြူခိုးများဖြင့်သာ သူ့ဖြစ်တည်မှုကို ဖွဲ့စည်းထားလေသည်။သူက လက်နှစ်ဖက်ဖြင့် ကောင်းကင်ကို မထားလိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်က ပေါက်ကွဲသံနှင့်အတူ တစ်ဖန် ပြောင်းလဲသွားသည်။
ထို့နောက် အနားကွပ်ထားခြင်းမရှိသော အဝတ်စအဖြစ်သို့ ပြောင်းလဲသွားသည် ။
ထိုအပြာရောင်အဝတ်စက ကောင်းကင်၏ အရောင်နှင့်တူတူပင်ဖြစ်သည်။ ၎င်းက ပြန့်ကားသွားပြီး မာန်ပြည်ထောင်၏ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။
အဘိုးအိုက ကောင်းကင်ရှိအဝတ်စအဖြစ်ပြောင်းလဲသွားသည့်တိုင် စုမင်က မျက်တောင်မခတ်သေးပေ။ ခတ်လိူက်လျှင် သူက ထိုရင်းနှီးသော မျက်နှာကို မမြင်နိုင်တော့ပေ။
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံတိထျန်းက စုမင်ကို လှည့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ် မီးလောင်သွားသလို သူ့လက်များတောင် ပျောက်ကွယ်သွားပြီးနောက်မှာ ဦးခေါင်းသာ ကျန်တော့သည်။
“စုမင်..မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး... မင်းအတွက် အထူးမြင့်မြတ်တဲ့ စွမ်းရည်တစ်ခုကို ငါပြင်ဆင်ထားပြီးပြီ.. မင်းအရမ်းကြိုက်လိမ့်မယ်.. မင်းတကယ်ကြိုက်လိမ့်မယ်... ပြီးတော့ ဒီစွမ်းရည်နဲ့ အရာအားလုံးကို အဆုံးသတ်ပစ်မယ်..”
တိထျန်း၏နှုတ်ခမ်းထောင့်မှာ အေးစက်သော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး သူ့မျက်လုံးထဲက ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အမှောင်အလင်းတန်းက ချက်ချင်း ပြန့်ကျဲသွား လေသည်။ အဘိုးအို၏ ကိုယ်ထည်ဖြင့် ဖွဲ့စည်းထားသည့် အပြာရောင်အဝတ်စက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားကာ ကောင်းကင်တစ်ခုလုံး မှောင်မိုက်သွားစေသည်။
သို့ပေမယ့် လုံးဝအမှောင်ထုအတိတော့ မဟုတ်ပေ။ ကောင်းကင်မှာ လင်းလက်တောက်ပနေ သောကြယ်လေးများ ရှိနေပြီး ထိုကြယ်တစ်ပွင့်စီက တိထျန်း၏ မျက်လုံးများကဲ့သို့ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုကြယ်များမှ တောက်ပနေသော အေးစက်သောအလင်းတန်းများက အသွင်သဏ္ဍာန်တစ်ခုဆီသို့ ချိတ်ဆက်နေပုံရသည်...
ဧရာမမျက်နှာကြီးပင်.....
စုမင်၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့ပတ်ဝန်းကျင်ကလူတိုင်း ပျောက်ကွယ်သွားသလို ခံစားရသည်။ ထိုလူများက မာန်ကျင့်ကြံသူဖြစ်ဖြစ် ၊ အင်မော်တယ်ဖြစ်ဖြစ် အရေးမကြီးပေ။ကောင်းကင်အောက်ရှိ လောကကြီးထဲတွင် စုမင်ကိုယ်တိုင်သာ ကျန် ရှိနေခဲ့သည်။
သူက ထိုနေရာတွင် ရပ်နေပြီး ကြယ်များဖြင့် ဖွဲ့စည်းထားသော လူ့မျက်နှာကို ကြည့်လိုက်သည်။ သူမြင်လိုက်ရသည့်ခဏတွင် စုမင်၏စိတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထိုကောင်းကင်ကြီးကို သူ ဘယ်လိုမှမေ့နိုင်မည်မဟုတ်ပေ။ ကြယ်များဖြင့်ဖွဲ့စည်းထားသော ဤရှေးမျက်နှာကို သူဘယ်လိုမေ့နိုင်မည်နည်း။
“စုမင်.. ဒီကောင်းကင်ကြီးကို သတိရပါ...”
လွန်ခဲ့သောနှစ်များက သူ့အကြီးအကဲက နက်မှောင်တောင်မှာ ချပြခဲ့သော နောက်ဆုံး စွမ်းရည်က စုမင်၏နားထဲမှာ ပဲ့တင်ထပ်နေလေသည်။ ကောင်းကင်တစ်ခုလုံးကို အဝတ်စတစ်ခု ဖုံးအုပ်စေသော မြင့်မြတ်သောစွမ်းရည်တစ်ခုဖြစ်သည်။
“တူညီတဲ့ ကောင်းကင်ကြီး ၊ တူညီတဲ့ မျက်နှာ ၊ သူ့အမှတ်တရတွေ အတိုင်းပဲ...”
ထိုမျက်နှာက စုမင်နှင့် အလွန်ဆင်တူသော်လည်း သူ့ထက် အသက်ကြီးသည်။ သို့သော် သူ့မျက်လုံးများတွင် နူးညံ့သိမ်မွေ့မှု မရှိခဲ့ပေ။ ရဲရင့်သောအကြည့်နှင့် သွေးဆာနေသော အငွေ့အသက်သာ ရှိတော့သည်။
သူက စုမင်ကိုကြည့်ပြီး စုမင်လည်း သူ့ကိုကြည့်နေမိသည်။
“မင်း... နက်မှောင်တောင်ကို ပြန်ချင်လား”
ကောင်းကင်မှ မျက်နှာက တဖြည်းဖြည်း ပါးစပ်ပွင့်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ထိုအသံက လေထဲတွင် ပဲ့တင်ထပ်ကာ စုမင်၏ နားထဲသို့ တိုးဝင်သွားပြီး သူ့စိတ်ဝိညာဉ်ကို တုန်ခါသွား စေသည်။
“အကြီးအကဲနဲ့တွေ့ချင်လား..”
“မင်း... ပိုင်လင်းကိုပေးထားတဲ့ မင်းရဲ့ကတိကို ဖြည့်ဆည်းပေးချင်လား..”
“မင်း... နက်မှောင်တောင်ရဲ့ ကောင်းကင်ကို နောက်တစ်ကြိမ် မြင်ချင်လား..”
မေးခွန်းတစ်ခုစီအတွက် အသံက ပိုကျယ်လာသည်။ နောက်ဆုံးတွင် ၎င်းက လောကကြီး၏အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး စုမင်၏စိတ်ဝိညာဉ်တွင် တုန်လှုပ်ချောက်ချားမှုပေါ်လာသည်။
“အတိတ်ကိုပြန်သွားချင်လား..”
“မင်း... အစကနေ ပြန်စချင်လား..”
ထိုမေးခွန်းကို မေးသောအခါတွင် ကောင်းကင်မှ အားကောင်းသော ကြယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက ပြန့်နှံ့သွားပြီး လောကတတစ်ခွင်ပျံ့နှံ့လည်ပတ်သွားလေသည်။
“အနှစ်တစ်ထောင် လူဝင်စားတယ်.. အနှစ်တစ်ထောင် ကံကြမ္မာ... အနှစ်တစ်ထောင်…”
ထိုအသံနှင့် ၎င်း၏ ပြင်းထန်သော ဖိအားများက တဖြည်းဖြည်း အားနည်းလာသည်။ နောက်ဆုံးတွင် သိသာထင်ရှားစွာ အားနည်းသွားနောက် စုမင်က မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ ...
ထို့နောက် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသော ကျယ်လောင်သောအသံကြီးက စုမင် နားဆီသို့ တိုးဝင်လာပြီး မျက်လုံးများကို အလိုလိုဖွင့်လိုက်သည်။ သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသော ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။
သို့သော် သူမျက်လုံးဖွင့်လိုက်သည်နှင့်ပင် အပြာရောင်ကောင်းကင်ကြီးတစ်ခုကို မြင်လိုက်ရသည်။ သူမြင်ရသောမြင်ကွင်းမှာ မပြည့်စုံသော နက်မှောင်တောင်ဖြစ်ပြီး တောင်ထိပ်လေးခုသာရှိတော့သည်။ထို့ပြင် အနက်ရောင်မီးတောင်တွင် တောင်ထိပ်မရှိတော့သည်ကို မြင်လိုက်ရသည်။
နက်မှောင်တောင်၏အကြီးအကဲကိုလည်း ပျောက်ပျက်သွားအောင် ဆွဲငင်ခံရတာကို သူတွေ့လိုက်ရသည်။
“ဒါ…အတိတ်ပဲ…”
စုမင်က တိုးတိုးလေးပြောသည်။ ထိုမြင်ကွင်းက သူမျက်လုံးမမှိတ်ခင် နောက်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းပင်...
ယခုတစ်ကြိမ် သူမျက်လုံးမှိတ်ပြီးနောက် အလွန်ရှည်လျားသော အိပ်မက်တစ်ခုရှိကြောင်း ခံစားလိုက်ရသည်။ အိပ်မက်ထဲမှာတော့ သူက တောင်ပိုင်းအရုဏ်ဦးနယ်မြေသို့သွားနေကြောင်း တွေ့လိုက်ရသည်။ ထိုနေရာ၌ သူ့အိမ်ဟုခေါ်သော နဝမမြောက် တောင်ထွဋ်သို့ ရောက်ခဲ့သည်။ သူ့မှာ စီနီယာအစ်ကို သုံးယောက်နှင့် သူ့အဝတ်အစား မကြာခဏ လဲဝတ်ရတာ ကြိုက်သည့် ထူးဆန်း သောဆရာကြီး တစ်ယောက် ရှိလေသည်။
ထို့နောက် သူက အရှေ့မြေရိုင်းနယ်မြေသို့ သွားခဲ့ပြီး မာန်နတ်ဘုရားသခင်ဖြစ်လာခဲ့သည်...
စုမင် မျက်လုံးဖွင့်ကြည့်လိုက်သော် အိပ်မက်ကနေ နိုးလာပြီး ကုတင်သေးသေးလေးပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်က အရာအားလုံးဟာ မယုံနိုင်လောက်အောင်ထူးဆန်းနေလေသည်။
“နိုးလာပြီလား…”
ရင်းနှီးသောအသံက စုမင်က နားထဲသို့ တိုးဝင်လာသည်။ ဖြူဖျော့ဖျော့ဖျော့ဆယ်ကျော်သက်အရွယ်မှ ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်မှာ ပိုင်လင်း ဖြစ်သည်။