အသက်လမ်းကျင့်စဉ်ကိုလျှောက်လှမ်းနိုင်ပြီ..
Vol. 50 Ch. 686
“ဒါက တော်တော်ရှည်တဲ့ဇာတ်လမ်းပဲ ဒီဇာတ်လမ်းမှာ အင်မော်တယ်တွေ..ရှာမန်နဲ့ မာန်ကျင့်ကြံသူတွေပါတယ်.. ပြီးတော့ တောင်ပိုင်းအရုဏ်ဦးနယ်မြေ..အရှေ့မြေရိုင်းနယ်မြေနဲ့ မဟာယွီအင်ပါယာနန်းတော်ကြီးပါပါတယ်...”
“နဝမမြောက်တောင်ထွဋ် ..အင်မော်တယ်လောက.. မာန်နတ်ဘုရားသခင်လည်း ရှိတယ်...”
မျိုးနွယ်စုအတွင်း ဆောင်းဦးရာသီတစ်ခုတွင် သစ်ပင်ကြီးတစ်ပင်အောက်တွင် ဝိုင်းဖွဲ့ထိုင်နေသည့် ကလေးငယ်တစ်ဒါဇင်ခန့်ရှိလေသည်။ ၎င်းတို့ပတ်ဝန်းကျင်တွင် ဆောင်းဦးရွက်ဝါများ လွမ်းမောဖွယ် ကျဆင်းနေလေသည်။ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင်း အဖိုးအိုပြောနေ သောပုံပြင်ကို ဂရုတစိုက် နားထောင်ရင်း ကလေးအားလုံးက မျက်လုံးအပြူးသားဖြစ်နေလေသည်။
ထိုလူအိုကြီးသည် မယုံနိုင်လောက်အောင် ရှေးကျပုံရသည်။ သူ့အရေပြားမှာ အရေးအကြောင်းများ ပေါ်လာပြီး သူ့ဆံပင်မှာ အဖြူရောင်သန်းနေလေသည်။ သူ၏ အပြုံးက မယုံနိုင်လောက်အောင် စွဲမက်စရာကောင်းသည်။ ကလေးများ၏ အာရုံကို စွဲဆောင်နိုင်သော သူ့အသံတွင် ထူးဆန်းသော စွမ်းအားအချို့ ပါရှိနေပုံရပြီး ကလေးအားလုံးက သူ့ဇာတ်လမ်းထဲတွင် နှစ်မြုပ်သွားကြသည်။
ထိုလူအိုကြီးက စုမင်ပင်ဖြစ်သည်။
အချိန်အားဖြင့် ပိုင်လင်း ထွက်သွားကတည်းက အနှစ်ခြောက်ဆယ်ပြည့်ခဲ့လေပြီ။
လွန်ခဲ့သော အနှစ်ခြောက်ဆယ်က နက်တောင်တန်းမျိုးနွယ်စုတွင် ဖြစ်ပျက်ခဲ့သော ကသောင်းကနင်းအုံကြွမှုကို ဖြတ်ကျော်ခဲ့သော လူများက သေဆုံးသွားခဲ့လေသည် ။ ၎င်းတို့၏ မျိုးနွယ်ဝင် မျိုးဆက်သစ်များက ကြီးပြင်းလာကာ မျိုးနွယ်စုအတွက် ခွန်အားမဏ္ဍိုင်များ ဖြစ်လာခဲ့သည်။
နက်မှောင်တောင်မျိုးနွယ်စု ပိုမိုကြီးမားလာပြီး ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေသည်လည်း မယုံနိုင်လောက်အောင် ကြီးမားလာသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က စုမင်မှု ရိုး ရေစတေးနယ်ပယ်သို့ ရောက်ရှိပြီးနောက် လီတစ်သောင်းရှိသော နယ်မြေတွင် အသန်မာဆုံးလူ ဖြစ်လာခဲ့သည်။ လေပြေစီးကြောင်းမျိုးနွယ်စု တွင် ရိုး ရေစတေးနယ်ပယ်အင်အားကြီးကျင့်ကြံသူများ ရှိခဲ့သော်ငြားလည်း စုမင်၏ ပြိုင်ဘက်များ မဟုတ်ပေ။
သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သော ကောင်လေး မဟုတ်တော့ပေ။ အချိန်သည် ဉာဏ်ပညာနှင့် အသက်အရွယ်ကြီးရင့်မှုတို့ကို ခန္ဓာကိုယ်တွင် ကျန်ရစ်စေခဲ့သည်။ ယခု သူ အသက်ရနေပြီသော်လည်း လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က တိုက်ပွဲကို တဖြည်းဖြည်းမေ့သွားပြီး သူ့အတိတ်ကို လွမ်းဆွတ်စပြုလာပါတော့သည်။
“နောက်ဆုံးတော့ သူက မာန်နတ်ဘုရား ဖြစ်လာပြီး တိထျန်းကို တိုက်ခဲ့တယ်ကွဲ့...”
စုမင်က ပြုံးပြပြီး သူ့ပတ်ဝန်းကျင်က ကလေးများကို ပုံပြင်ပြောပြလေသည်။
“အဘိုး.. အဆုံးမှာ ဘယ်သူအနိုင်ရလဲ”
“အဆုံးမှာ ဘယ်သူအနိုင်ရလဲတော့ မသိဘူး... ဇာတ်လမ်းက ဒီအချိန်မှာ ပြီးသွားတယ်...ဒါပေမဲ့ မဟုတ်သေးဘူး”
စုမင်က မတ်တပ်ထရပ်ပြီး သူ့ဘေးမှာ ခုနစ်နှစ်ရှစ်နှစ်လောက်ရှိသော ကောင်လေးတစ်ယောက်၏ ခေါင်းကို ပုတ်လိုက်သည်။ ဤကလေးက ပေလင်း၏ အငယ်ဆုံးမြေးဖြစ်သည်။
ကလေးများ၏ တွန့်ဆုတ်မှုနှင့်စပ်စုလိုစိတ်များကြားတွင် စုမင်က ထွက်ခွာသွားခဲ့သည်။ သူ့ဇာတ်လမ်းက တကယ်ပဲ ပြီးသွားခဲ့ပါပြီ။ ဤအနှစ်ခြောက်ဆယ်အတွင်း သူ ယခင်က ပိုင်ဆိုင်ခဲ့ဖူးသည်ထက် နက်မှောင်တောင်တန်းကို တိုးချဲ့ခဲ့သည်။ သူက နက်မှောင်တောင်မျိုးနွယ်စု ကို ထိုဒေသတွင် အင်အားအကြီးဆုံး မျိုးနွယ် ဖြစ်လာစေခဲ့သည်။ သူ ထိုနေရာမှ ထွက်သွားလျှင်ပင် အန္တရာယ်က သူ့အိမ်သို့ မရောက်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် နိုးထခြင်းနယ်ပယ်တွင် အခြားသူများလည်း ရှိသေးသည်။
ထိုအရာက စုမင်၏ ဆေးဖက်ဝင်အမြု တေအကျိုးသက်ရောက်မှုပင်ဖြစ်သည်။
ယခုနှစ်အတွင်း ဆောင်းဦးတွင် ရွက်ဝါများ အများဆုံးကြွေကျသည့်နေ့တွင် စုမင်က ခရီးဆောင်အိတ်များကို ထုပ်ပိုးခဲ့သည်။ ယခု အင်အားကြီး နက်မှောင်တောင်မျိုးနွယ်စုမှ ထွက်ခွာရန် ကြံရွယ်ကာ သူ့အိမ်မှ ထွက်လာခဲ့သည်။
သို့သော် ရှောင်ဟုန်က သူ့နောက်မလိုက်ခဲ့ပေ။
ရှောင်ဟုန်က အသက်ကြီးနေပြီဖြစ်၍ သားသမီးများနှင့်အတူ နေရန် တောထဲသို့ ပြန်သွားခဲ့သည်...
အချိန်က နံနက်ခင်း ဝေလီဝေလင်းအချိန်ဖြစ်ခဲ့သည်။ ထိုအချိန်အခါမျိုးတွင် မိမိတို့၏အိမ်မှထွက်၍ မျိုးနွယ်စုအတွင်း သွားလာသူနည်းပါးလေသည်။ ထိုအချိန် စုမင်က သူ့အိမ်ထဲမှ ထွက်လာသော် အပြင်မှာ ရပ်နေသော သူ့မျိုးနွယ်စုတစ်ခုလုံးကို တွေ့လိုက်ကြပြီး အားလုံးက သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည် ။
“အရိုအသေပြုပါတယ် အကြီးအကဲ...”
ငယ်ရွယ်သူဖြစ်စေ အသက်ကြီးသူဖြစ်စေ သူ့မျိုးနွယ်စုဝင်အားလုံး စုမင်ရှေ့၌ ဒူးထောက်ထိုင်ကြသည်။ သူတို့၏ အသံများက လေထဲတွင် ပဲ့တင်ထပ်နေသဖြင့် စုမင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့လူများကို ကြည့်ပြီး တပြုံးပြုံးလုပ်နေလေသည်။
“မင်းတို့ အခုသွားလို့ရပြီ.. ငါပြန်လာခဲ့မယ်..”
စုမင်က သူ့လက်ကို ဝှေ့ယမ်းပြီး မျိုးနွယ်စု တံခါးဆီသို့ လျှောက်သွားသည်။ သူ့မျိုးနွယ်စုထဲက ထွက်သွားသော် တံခါးဘေးမှာ ရပ်နေ သောအဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။
ဤအဖိုးအိုက လှံကဲ့သို့ အရပ်ရှည်ပြီး ဖြောင့်ဖြောင့်ကြီး ရပ်နေ၏။ သူ့မျက်လုံးတွေက အတွင်းထဲမှာ လျှပ်စီးလက်နေသလို တောက်ပနေပြီး စုမင်ကို ကြည့်နေလေသည်။
ဤသည်မှာ ရိုး ရေစတေးနယ်ပယ်သို့ ရောက်ရှိသွားသောပေလင်း ဖြစ်သည်။
“တကယ်ထွက်သွား တော့မှာလား...”
ပေလင်းက လှုပ်လှုပ်ရွရွ မမေးမီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။
စုမင်က ခေါင်းလှည့်ပြီး သူ့မျိုးနွယ်စုဝင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီတိုက်ပွဲဖြစ်ပြီးနောက် အနှစ်ခြောက်ဆယ်ကြာခဲ့ပြီ... နက်မှောင်တောင်မျိုးနွယ်စုက အင်အားကြီးလာပြီ.. မင်းလည်း ငါ့ကို မလိုအပ်တော့ဘူး...”
“ဒါပေမဲ့ လေ့ချန်က ပြန်မလာသေးပါဘူး...”
လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း နက်မှောင်တောင်မျိုးနွယ်ကို ကြီးကျယ်ခမ်းနား ဂုဏ်ကျက်သ ရေတိုးပွားအောင် လေ့ချန်နှင့်စုမင်က အတူလက်တွဲလုပ်ဆောင်ခဲ့သည်။ ဤအနှစ်ခြောက်ဆယ်အတွင်း သူတို့သည် များစွာသောဖိအားများကို ရင်ဆိုင်ခဲ့ရသည်။
“ဒါ သူ့အိမ်ပဲ. သူ ပြန်လာလိမ့်မယ်... အခုတော့ ငါ ထွက်သွားတော့မယ်”
စုမင်က ပေလင်းကို ကျော်သွားကာ သူ့ပခုံးကို ပုတ်လိုက်သည်။ သူပြုံးလိုက်ရင်း ကောင်းကင်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်ကာ မိုးကုပ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
စုမင် ထွက်ခွာသွားလေသည်။ အနှစ်ခြောက်ဆယ်အကြာတွင် သူ ပထမဆုံးအိမ်မှထွက်ခွာခဲ့သည်။
ဆယ်နှစ်ကြာပြီးနောက် အနောက်ပိုင်းမဟာမိတ်နယ်မြေ၏အမြဲစိမ်းလန်းသောသစ်တောတစ်ခု၌ စုမင်က မာန်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အနှစ်နှစ်ဆယ်ကြာသောအခါ စုမင်က အနောက်ပိုင်းမဟာမိတ်နယ် မြေ၏ အရှေ့ဘက်ရှိ တိုက်ကြီးရှိ အမြင့်ဆုံးတောင်ပေါ်တွင် ရပ်ကာ ကောင်းကင်သို့ ဟစ်ကြွေးလိုက်သည်။ယခင်ကလည်း သူက ရိုး ရေစတေးနယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်မှုကို ရရှိခဲ့သည်။
ငါးနှစ်ကြာပြီးနောက် စုမင်က မရဏ ပင်လယ်နှင့်နီးသောကမ်းစပ်ရှိ လှေပေါ်တွင်ရပ်နေခဲ့သည်။ ထိုအချိန်တွင် သူက ရိုး ရေးစတေးနယ်ပယ်ရှိ ကျင့်ကြံသူ မဟုတ်တော့ပေ။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော လောကကြီးနှင့် ပေါင်းစပ်နိုင်သော စွမ်းအားလှိုင်းများက မာန်စိတ်ဝိညာဉ်နယ်ပယ် ရောက်ရှိနေပြီကြောင်း ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။
သူက အနောက်ပိုင်းမဟာမိတ်နယ် မြေတွင် သုံးဆယ့်ငါးနှစ်ကြာအောင် ရှာဖွေခဲ့ သော်လည်း ပိုင်လင်းကို ရှာမတွေ့ခဲ့ပေ။
ပိုင်လင်းနှင့် နှစ်တစ်ရာနီးပါး ခွဲခွာခဲ့ကြရပြီး ထိုခွဲခွာမှုသည် ထာဝရကာလအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ အတိတ်ကို သတိရတိုင်း ထိုမှတ်ဉာဏ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။
စုမင်က လှေပေါ်တွင် ရပ်ပြီး အနောက်ပိုင်း မဟာမိတ်နယ်မြေမှ ထွက်ခွာသွားသည်။ မရဏပင်လယ်တွင် လှိုင်းလုံးများဟောက်နေပြီး လှိုင်းတံပိုးများနှင့်အတူ တစ်ယောက်တည်း ရှေ့သို့ ခရီးဆက်သွားခဲ့သည်။
မရဏပင်လယ်က မျက်စိတစ်ဆုံးမမြင်နိုင်ရလောက်အောင် အလွန်ကြီးမားကျယ်ပြန့်လေသည်။ သူ့မျက်နှာသို့ အနံ့အသက်ဆိုးများ တိုးဝင်လာသဖြင့် ခုန်ပျံကျော်လွှားသွားလာနေရသည်။ စုမင်၏နောက်ထပ်ပစ်မှတ်က တောင်ပိုင်းအရုဏ်ဦးနယ်မြေ ဖြစ်သည်။
စုမင်က အနောက်ပိုင်းမဟာမိတ်နယ်မြေ၌ ရှိ နေသည့်နှစ်ပေါင်းသုံးဆယ်အတွင်း တောင်ပိုင်းအရုဏ်ဦးနယ်မြေ၊ အရှေ့မြေရိုင်းနယ်မြေနှင့် မြောက်ပိုင်းမဟာမိတ်နယ်မြေတို့ကို လေ့လာခဲ့သည်။ လောကကြီးပေါ်တွင် တောင်ပိုင်းအရုဏ်ဦးနယ် မြေနှင့် အရှေ့မြေရိုင်းနယ် မြေ များ အမှန်တကယ်ရှိနေကြောင်း သိလိုက်ရသောအခါ စုမင်က တောင်ပိုင်းအရုဏ်ဦးနယ် မြေသို့ သွားလိုစိတ်ရှိလာခဲ့သည်။ သူ့အိမ်မက်ထဲက အရာအားလုံးက အစစ်အမှန်လားဆိုတာ စူးစမ်းချင်နေခဲ့သည်။
ထို့နောက် စုမင်က မရဏပင်လယ်တွင် ဆယ်နှစ်နေထိုင်ခဲ့သည်။ ဆယ်နှစ်အကြာ တိုက်ပွဲများနှင့် သတ်ဖြတ်မှုများကြားတွင် သူက မာန်စိတ်ဝိညာ်နယ်ပယ်အလယ်လတ်အဆင့်သို့ ရောက်ရှိခဲ့သည်။ထို့ပြင် သူလည်း တောင်ပိုင်းအရုဏ်ဦးနယ် မြေဆီသို့ ခြေဆန့်ခဲ့သည်။
ထိုနေရာ၌ သူက ရှာမန်မြို့..ဆောင်းဦးပင်လယ်မျိုးနွယ်စု၊ လုံးဝ မဖွဲ့စည်းရသေးသော ကောင်းကင်မြူခိုးဂိုဏ်းနှင့် အင်မော်တယ်အချို့ကို တွေ့လိုက်ရသည်။
...................................
မနက်မိုးလင်းသော် သူဟန်တောင်တန်းမြို့ကို မြင်လိုက်ရသည်။ သို့သော် ထိုနေရာက မြို့အဂ်ါရပ်များဖြင့် မညီညွှတ်ပေ။ ပြောင်သလင်းခါနေသော တောင်ကုန်းတစ်ခုသာ ဖြစ်ခဲ့သည်။
အေးခဲကောင်းကင်ကလန် နှင့်နဝမမြောက်တောင်ထွဋ်ကို မြင်ခဲ့ရသော်လည်း ထိုနေရာတွင်နေထိုင်သောလူများက ဟူကျီ၊ ဒုတိယအစ်ကို၊ အကြီးဆုံးအစ်ကိုနှင့် သူ့ဆရာ မဟုတ်ခဲ့ပေ။
စုမင်က တောင်ပိုင်းအရုဏ်ဦးနယ်မြေတွင် နှစ်ပေါင်းတစ်ရာ နေထိုင်ခဲ့သည်။ သူ့အိပ်မက်ထဲမှာ သူအရင်သွားခဲ့ဖူးသော နေရာတိုင်းကို ဖြတ်လျှောက်ပြီး ထိုနေရာတွေမှာ ရင်းနှီးသော မြင်ကွင်းများကို ရှာကြည့်နေခဲ့သည်။ တစ်ချို့အရာများက သူနှင့် ရင်းနှီးသော်လည်း တစ်ချို့မှာ အစိမ်းသက်သက်ဖြစ်နေလေသည်။
စုမင်က တိုက်ကြီးမှထွက်ခွာရန်ရွေးချယ်လိုက်သောနှစ်တွင် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားသောအောင်မြင်မှုတစ်ခုကိုရခဲ့သည်။ ရှာမန်တို့၏မဟာဘိုး ဘေးကြီးကို တွေ့ခဲ့ပြီးရှာမန်နှင့်မာန်ကျင့်ကြံသူများကြားရှိကြီးမားသောတိုက်ပွဲတစ်ခုကိုလည်းတွေ့မြင်ခဲ့သည်။
မူလက ဤတိုက်ပွဲတွင် မပါဝင်ချင်သော်လည်း နောက်ပိုင်းတွင် စစ်မြေပြင်၌ လူနှစ်ဦးကို တွေ့ခဲ့သည်။ သူတို့ထဲက တစ်ယောက်က အနောက်ပင်လယ်မျိုးနွယ်စု၏လူအိုကြီးဖြစ်ပြီး နောက်တစ်ယောက်ကတော့ တိုက်ကြီးမှာ တစ်ခါမှ မတွေ့ဖူးသာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ စုမင်က ထိုလူ၏မျက်နှာကို မြင်လိုက်ရသည်နှင့် သူ့စိတ်ထဲတွင် တစ်မျိုးတစ်မည်ထူးဆန်းကာ သူ့နှလုံးသား အနည်းငယ် တုန်ခါသွားသည် ။
သက်လတ်ပိုင်းအရွယ်အမျိုးသားက
ထျန်းရှဲကျီနှင့် အလွန်ဆင်တူသည်။
သို့သော် စုမင်၏မျက်နှာက ရှေးကျသည့်အသွင်ရှိနေပြီး အချိန်ကာလ၏တိုက်စားမှု များဖြင့် ပြည့်နှက်နေသည်။ သူက ရှာမန်မဟာဘိုးဘေးကြီးအား တိုက်ထုတ်ရန် အနောက်ပင်လယ်မျိုးနွယ်၏ အကြီးအကဲလက်တွဲလုပ်ဆောင်နေသော သက်လတ်ပိုင်းအမျိုးသားကို ကြည့်ရှုခဲ့သည်။ ထိုဘိုးဘေးကြီးက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်အောင်မြင်သူများ၏ ခွန်အားထကိ သာလွန်နေပုံရသောကြောင့် စုမင်က တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
တိုက်ပွဲကြီး ပြီးဆုံးသွားလေသည်။ ကြီးမြတ်သောဘိုးဘေးကြီးက ပျောက်ကွယ်သွားကာ သူ၏ဝိညာဉ်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူသတိပြန်ရခဲ့လျှင်ပင် သူ၏ဝိညာဉ်က ပြင်းထန်စွာဒဏ်ရာရသွားသောကြောင့် လက်ရှိစွမ်းအား ပြန်မရနိုင်တော့ပေ။
ဤတိုက်ပွဲကြောင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေ မှ မာန်ကျင့်ကြံသူသုံးယောက်၏ ဂုဏ်သတင်း ပျံ့လွင့်လာသော်လည်း စုမင် ၏ နာမည်ကို မည်သူမျှ မသိသဖြင့် သူက မာန်ကျင့်ကြံသူ သုံးယောက်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံးသူ ဖြစ်လာခဲ့သည်။
ထို့နောက် စုမင် ထိုနယ်မြေမှ ထွက်ခွာသွားပြန်သည်။ သူလိုချင် သောအဖြေကို ရှာတွေ့ခဲ့သည်။ သူသည် အနောက်ပိုင်း နယ်မြေမှ ဤနေရာသို့ စီးမျောလာသော လှေပေါ်တက်လိုက်သည်။ထို့နောက် သူ့မျက်နှာတွင် ရှုပ်ထွေးမှုများအပြင် စိတ်ကူးယဉ်ဆန်သော ခံစားချက်များဖြင့် အရှေ့ မြေရိုင်းနယ်မြေများဆီသို့ ခြေဦးလှည့်ခဲ့သည်။
ထိုနယ် မြေကိုရောက်သည့်အခါ နှစ်နေရာသွားခဲ့သည်။ ၎င်းတို့ထဲမှ တစ် နေရာမှာ အရှေ့မြေရိုင်းနယ်မြေ၏ အတွင်းပိုင်းကျသောနေရာဖြစ်သည်။ထိုနေရာက တောင်အောက်ရှိ ဆိတ်ညံသောမြေကွက်ဖြစ်ပြီး သူ့အိပ်မက်ထဲရှိ ရုပ်ဆိုးလေးမိသားစုနေထိုင်ခဲ့သောနေရာပင်ဖြစ်သည်။
သူက အဆုံးမရှိသော တွင်းများနှင့် မျောနေသော ကျောက်တုံးများ ပြည့်နှက်နေသည့် အရှေ့မြေရိုင်းနယ်မြေ၏ အလယ်ဗဟိုသို့ သွားခဲ့သည် - သူ၏ အိပ်မက်ထဲတွင် အင်မော်တယ်များ သတ္တဝါများ ဆင်းသက်လာရာ နေရာဖြစ်သည်။
သူက အင်မော်တယ်များ ဆင်းသက်လာခဲ့သော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ အိပ်မက်ထဲရှိ အရာအားလုံးက သူ့ခေါင်းထဲတွင် ဆက်လက်ပေါ်နေသဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဆုံးမှာတော့ သူ ရယ် မောလိုက်တော့သည်။ နားလည်မှုနှင့်အတူ ရယ်မောခြင်းမှာလည်း ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့သည်။
ထိုအရာက သူ့ဘဝကို နားလည်လာခြင်းပင် ဖြစ်သည်။၎င်းက လူဝင်စားခြင်းဆီသို့ စေ့စေ့စပ်စပ် ထိုးထွင်းမြင်ရပြီး… ကံကြမ္မာကို ထိန်းချုပ်ထားသည်။
“တိထျန်း...”
စုမင် ရယ်မောလိုက်စဉ်တွင် အေးစက်သော အလင်းတန်းတစ်ခု သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ သူ ခေါင်းငုံ့ကြည့်ရင်း လျှာဖျားကို ကိုက်လိုက်ပြီး ပါးစပ်ထဲမှ သွေး ချောင်းဆိုးလိုက်သည် ။ ထိုသွေးများက သူ့ရှေ့တွင် လျင်မြန်စွာ စုဝေးလာပြီး နောက်ဆုံးတွင် သွေးသလင်းကျောက်အဖြစ် ပြောင်းလဲသွားသည်။
စုမင်က သွေးသလင်းကျောက်ကို သူ့နဖူးဆီသို့ ယူဆောင်လာပြီး သူ့စွမ်းအားနှင့် သူ့နားလည်မှုအားလုံးကို ထိုကျောက်ခဲထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ကျောက်တုံးကို မြေပြင်ပေါ် သို့ပစ်ချလိုက်သည်။ ထိုသွေးသလင်းကျောက်တုံးက ချက်ချင်း မြေကြီးထဲသို့ ဖောက်ထွင်းဝင်ရောက်ပြီး အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်သွားသည်...။
စုမင်က ထိုသို့လုပ်ပြီးသည်နှင့် တုံ့ဆိုင်းမနေဘဲ အဝေးမှ လောကကြီးဆီသို့ လျှောက်လှမ်းခဲ့သည်။
“လူဝင်စားခြင်းဆိုတာ အဓိကအချက်တစ်ခုပဲ…”
စုမင်၏ အသံက သူထွက်ခွာသွားသည့်တိုင် နေရာတိုင်းတွင် မှုန်မှုန်ဝါးဝါးနှင့် မသိမသာ ပဲ့တင်ထပ်နေပုံရသည်။
အချိန်တွေကုန်ပြီး နောက်ထပ်နှစ်တစ်ရာ ကုန်ဆုံးသွားပြန်သည်။
အချိန် မည်မျှကုန်ဆုံးသွားကြောင်း စုမင် မရေတွက်မိခဲ့ပေ။ စုမင်က လောကတစ်ခွင် လျှောက်သွားခဲ့သော်လည်း မာန်စိတ်ဝိညာဉ်တောင်တန်းကို မတွေ့သေးပေ။
နောက်ဆုံးတွင် သူ့စိတ်နှလုံး ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နှက်လာသောအခါ တိုက်ကြီးတစ်ခု၏တောင်ထိပ်၌ ထိုင်ကာ အဝေးက ကောင်းကင်ကို မျှော်ကြည့်လိုက်သည်။
“ မာန်စိတ်ဝိညာဉ်တောင်တန်း...”
ဟု သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။
‘အကြီးအကဲပြောတာတော့ ငါ့စိတ်ထဲမှာရှိတယ်တဲ့..’
စုမင်က မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်မှာ ရာသီလေးခု တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး အချိန် မည်မျှကုန်ဆုံးသွားမှန်း မသိတော့ပေ။
တစ်နေ့တွင် စုမင်က မျက်လုံးများပွင့်လာပြီး အသက်အရွယ်ကြီးရင့်သော မျက်နှာပေါ်တွင် နားလည်မှုအပြည့်ရှိသော အပြုံးတစ်ခုပေါ်လာသည်။ သူ့မျက်စိဖွင့်လိုက်သောအခါတွင် တောင်ကြီးတစ်ခုပေါ်လာ၏။၎င်းက တိမ်တွေထိ မိုးထိုးနေသော တောင်ကြီးဖြစ်ပြီး တောင်နံရံမှာ စာလုံးကြီးကြီးသုံးလုံး ထွင်းထုထားလေသည်။
“မာန်စိတ်ဝိညာဉ်တောင်တန်း....”
စုမင်က မတ်တပ်ထရပ်ပြီး ခြေတစ်လှမ်းဖြင့် တောင်ပေါ်သို့ ရောက်သွားသည်။ သူက တောင်ထိပ်မှ ပေတစ်ရာကျော်နက်နဲသော ချောက်ကြီးဆီသို့ လှမ်းကြည့်ကာ ပြုံးလျက် ထိုနေရာဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက သူ၏စွမ်းအားကို မသုံးဘဲ ချောက်နက်နက်ထဲသို့ လျင်မြန်စွာ ခုန်ချလိုက်သည်။
လေထုကိုထိုးခွင်းသွားသော စူးစူးဝါးဝါး သံများက သူ့နားထဲတွင် ကျယ်လောင်လာပြီး သူ့မျက်နှာက လျင်မြန်စွာ ပြောင်းလဲလာသည်။ နောက်ဆုံးတွင်… သူ၏ ရှေးမျက်နှာက ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် သူ၏လောကကြီး အစိတ်စိတ်အမွှာမွှာ ပြိုပျက်သွားပြီး နောက်ပြန်သွားနေသော အဆုံးမရှိသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသသည်။ ထိုစဉ် သူ့အိပ်မက်မှ ပုလွေ သံစဥ်ကို သူကြားလိုက်ရသည်။
“မင်းက အဖန်ဖန်လူဝင်စားခြင်းကို နားလည်ခဲ့ပြီး...အသစ်ပြန်လည်မွေးဖွားခြင်းကို ချောမွေ့စေပြီး စိတ်ဝိညာဉ်ကို နိုးထစေခဲ့တယ်..”
“မင်းက မာန်စိတ်ဝိညာဉ်တောင်တန်းမှာ မင်းဘဝကို စွန့်လွှတ်ခဲ့တယ်.. မင်းကံကြမ္မာရဲ့ ချုပ်နှောင်မှုကနေ ရုန်းထွက်ပြီး မှန်ရဲ့အခြားတစ်ဖက်ကို ဝင်သွားခဲ့တယ်...”
“အခုမှစ၍ အသက်လမ်းစဉ်ကျင့်ကြံခြင်းကို လျှောက်လှမ်းရမယ်...”
“ငါက ဘယ်သူလဲ..ဆိုတဲ့အဖြေကို မင်းရဲ့လက်တွေ့ဘဝမှာ မာန်စိတ်ဝိညာဉ်တောင်တန်းကို နောက်တစ်ခေါက်ရောက်တဲ့အခါ ငါအဖြေပေးမယ်...မင်းကိုစောင့်နေမယ်...”