အဓိကအချက်တစ်ချက်
Vol. 50 Ch. 687
သစ်သားပုလွေနှင့် ထိုစကားသံက စုမင် မေ့မြောမသွားမီ နောက်ဆုံးကြားလိုက်ရသည့်အရာဖြစ်သည်။သူ့ကမ္ဘာက ပြိုပျက်သွားပြီး သူ့ခန္ဓာကိုယ်က ချက်ချင်း နစ်မြုပ်သွားပြီး အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက မီးလုံးကြီးတစ်လုံးက လေထုကိုဖြတ်သန်းပြီး အရာခပ်သိမ်းကို လောင်ကျွမ်းသွားစေသည့်မြင်ကွင်းမျိုးဖြစ်သည်။
ဤသည်မှာ အိပ်မက်မဟုတ်သော်လည်း လက်တွေ့ဘဝ၏ အခြားပုံစံဖြစ်နိုင်သည်။
တိထျန်း၏ကျင့်စဉ်အ ကောင်အထည်ဖော်ခြင်း ပန်းတိုင်မှာ စုမင်ကို မေ့မြောသွားစေရန်ဖြစ်သည်။ယခင်တုန်းက စုမင်မှာ ထိုဖြစ်ရပ်ကို များစွာကြုံတွေ့ဖူးခဲ့သည်။ သူက မေ့မြောကာ သေလုနီးပါးဖြစ်သွားပြီး လူဝင်စားသလိုမျိုး သူ့နောက်ဘဝ ဖြတ်သန်းသွားမည်ဖြစ်သည်။
တိထျန်း ကိုယ်တိုင်ကလွဲလျှင် သူ့အစီအစဥ်ကို မည်သူမှမသိကြပေ။ သူ့ အစီအစဥ်တွင် ပါဝင်ပြီး နှစ်ပေါင်းများစွာကြာအောင်လုပ်ဆောင်ခဲ့သော အင်မော်တယ် ဂိုဏ်းများစွာရှိခဲ့သော်လည်း သူတို့လည်း ခန့်မှန်းနိုင်ရုံမျှသာဖြစ်သည်။မည်သူကမှ တိထျန်း၏ အတွေးများကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်၍ မရပေ။
တိထျန်း ပြောပြခဲ့သည့် ပျက်စီးခြင်းက သူ့ဘဝအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ သူ့အမှတ်တရများအတွက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခုတစ်ကြိမ်တွင် စုမင်က တိထျန်း ၏ထိန်းချုပ်မှုမှလွတ်မြောက်ခဲ့သည်။
စုမင် မျက်လုံးဖွင့်လိုက်ချိန်မှာ ပထမဆုံးမြင်လိုက်ရတာက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော ဧရာမယင်မရဏဝဲကယက်ပင်ဖြစ်သည်။ သူမြင်လိုက်ရသည့် ဒုတိယမြင်ကွင်းမှာ ဂြိလ်ကြီးများ၏ခုံးနေသောအစွန်းများနှင့် အပြာရောင်အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကောင်းကင်ကြီးလည်း ဖြစ်သည်။
သူမြင်လိုက်ရသည့် တတိယအရာမှာ တိထျန်း၏ မြင့်မြတ်သောစွမ်းရည်ကြောင့် ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးဖြစ်သည်။ ကြယ်များဖြင့်ဖွဲ့စည်းထားသည့် ကြီးမားသောမျက်နှာမှာ မယုံနိုင်လောက်အောင် ထိတ်လန့်သွားပုံရပြီး ၎င်းက စုမင်နှင့်အကြည့်ချင်းဆုံသွားသည်။
စုမင် မြင်လိုက်ရသည့်စတုထ္ထမြောက်အရာမှာ အနက်ရောင်ဝတ်ရုံ တိထျန်းဖြစ်သည်။ ထိုအချိန်တွင် သူ၏ မှော်ဆန်သော ခန္ဓာကိုယ်က ခပ်လှမ်းလှမ်းတွင် ဆက်လက်လောင်ကျွမ်းနေသဖြင့် သူ့ဦးခေါင်းသာ ကျန်ရှိတော့သည်။တိထျန်း ၏ မှော်ဆန်သော ခန္ဓာကိုယ်က အံ့အားသင့်ပြီး အံ့သြထိတ်လန့်နေပုံကို စုမင် ပထမဆုံးတွေ့လိုက်ရခြင်းပင်ဖြစ်သည်။
သူ့၏ တုန်လှုပ်ချောက်ချားမှုက အမှန်ပင်ဖြစ်သည်။ ထို့နောက် အံ့ဩမင်သက်သွားသည်။ သူ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုကလည်း တကယ့်အစစ်အမှန်ပင်ဖြစ်သည်။
ထို့နောက် စုမင် နိုးထလာခဲ့သည်။
“ဒါ မဖြစ်နိုင်ဘူး...”
ယခု သူ့ဦးခေါင်းသာကျန်ရှိသောတိထျန်း သူ့ဂုဏ်သိက္ခာကို ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ရပြီး သတိလက်လွတ်ဖြစ်သွားသည်။ သူသည် ပထမဆုံးအကြိမ် မယုံနိုင်စွာ အော်ဟစ်ခဲ့သည်။
သူ့မျက်နှာပေါ်တွင် သွေးပြန်ကြောများ ထောင်းထလာသည်။ ရှင်းနေသည်မှာ သူ၏ တုန်လှုပ်မှုက ကြီးမားလွန်းသဖြင့် ကောင်းကင်သို့ ထွက်ပြေးချင်စိတ် ပေါက်သွားသည်။ သူမြင်သမျှကို မယုံနိုင်ဖြစ်မိသည်။ ထိုမြင်ကွင်း သူသိထားသမျှကို မှောက်လှန်ပြီး သူ့ယုံကြည်မှုကို ဖြိုခွဲပစ်လိုက်သည်။
“မင်း....ပြန်နိုးထလာဖို့ဆိုတာ မဖြစ်နိုင်ဘူး...ငါ့စွမ်းရည်က မင်းကို မေ့မြောသွားပြီး သေလုနီးပါးဖြစ်စေတာပဲ...ဒါက မင်းဘယ်လိုမှ ပြန်မခုခံနိုင်တဲ့ အင်အားကြီးသက်ရောက်မှုပဲ..မင်း အရင်ကလိုပဲ မေ့မြောပြီး သေလုနီးပါးဖြစ်သွားရမှာ.. ဒါဆိုရင် မင်းက မင်းရဲ့လူဝင်စားတဲ့သံသရာထဲကို ထပ်ခါထပ်ခါနစ်မြုပ်သွားပြီး ထာဝရပိတ်မိနေလိမ့်မယ်...”
“ဒါ မင်းရဲ့ ကံကြမ္မာပဲ၊ ဒါက မင်းကို ငါပေးခဲ့တဲ့ ကံတရားပဲ...
“မင်း ဘယ်လိုလုပ် မြန်မြန် နိုးထလာ နိုင်မှာလဲ .. မင်းဘဝကို ငါပိုင်တယ်...”
တိထျန်း ခဏတာ ရူးသွပ်သွားပြီး အံ့အားသင့်စွာအော်ဟစ်သံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် သူက ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ဒေါသူပုန်ထကာ ကောင်းကင်ဆီသို့ အရူးအမူး ဟိန်းဟောက်လိုက်သည်။
“မင်းပဲ...မင်းက ငါ့စွမ်းရည်ကို ကြားဖြတ်ဟန့်တားခဲ့တဲ့သူပဲ.. မင်းက မေ့မြောနေတဲ့အခြေအနေကနေ နိုးထလာခဲ့သူပဲ.. မင်းက ဘယ်သူလဲ.. မင်းဘယ်သူလဲ...”
တိထျန်း၏ အသံက လေထဲတွင် တဟုန်ထိုး မြည်လာသည်။ သူနှင့် နှိုင်းယှဥ်လိုက်လျှင် စုမင်မျက်လုံးမှာ အနည်းငယ်စိတ်ရှုပ်ထွေးသောအကြည့်ရှိသော်လည်း တည်ငြိမ်မှုမှာ သူ့မျက်နှာပေါ်တွင် လွှမ်းမိုးနေသောအမူအရာဖြစ်သည်။
“နောက်ဆုံးတော့ ငါအကုန်နားလည်သွားခဲ့ပြီ...”
စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူလည်း ခေါင်းငုံ့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ကြယ်များဖြင့်ဖွဲ့စည်းထားသော မျက်နှာက ဟိန်းဟောက်နေသကဲ့သို့ ပုံပျက်သွားသည်။
“ဟိုးရှေးရှေးတုန်းက..ထူးဆန်းတဲ့ တိုက်ပွဲသုံးမှော်စီးယာဉ်က မြင့်မြတ်တဲ့ယင်လောကထဲကို ပျံသန်းလာခဲ့တယ်.. အဲ့ဒီယာဉ်မှာ ဝိညာဥ်တွေပါ ပါလာတယ်.. မြင့်မြတ်တဲ့ယာဉ်ရဲ့ ဆန္ဒအရ လောကကြီးလေးခုအတွင်းမှာရှိတဲ့ နဂါးငွေ့တန်းထဲမှာတန်ခိုးရှင်တွေရဲ့ အလောင်းတွေကို ရှာဖွေခဲ့ကြတယ်...”
“တစ်နေ့မှာ ယင်ကိုးပါးဝိညာဉ်တွေက မွေးကင်းစကလေးအလောင်းကို ရှာတွေ့ခဲ့တယ်.. ဒီအလောင်းဟာ သူတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုယ်ညီလို့.. မှော်စီးယာဉ်ထဲမှာ ကလေးအလောင်းကို တံဆိပ်ခတ်ထားခဲ့ကြတယ်...”
“အဲဒီအချိန်ကစပြီး နှစ်ပေါင်းများစွာ ကုန်လွန်သွားတယ်... ယင်ကိုးပါးလောကရဲ့ ဝိညာဉ်တွေဟာ စစ်မှန်တဲ့တာအိုမနက်ခင်းလောကကို ဝင်ရောက်မိတဲ့အခါ ယင်မရဏနယ်မြေလို့ ခေါ်တဲ့ နေရာတစ်ခုထဲကို ပြုတ်ကျသွားတယ်.... အဲဒီနေရာဟာ မာန်ကျင့်ကြံသူတွေ ရှိနေတဲ့ နေရာပဲ...ပြီးတော့ ယင်ကိုးပါးလောကရဲ့ဝိညာဉ်တွေကြောင့် ယင်ကိုးပါးလောက ဖြစ်တည်လာခဲ့တယ်...”
“ပထမမာန်နတ်ဘုရားက အဲ့ဒီလောကကို သွားရောက်ခဲ့တယ်..ပြီးတော့ ဒုတိယနဲ့တတိယနတ်ဘုရားရောပဲ... ဒုတိယနတ်ဘုရား ယင်ကိုးပါးလောကကနေ ထွက်လာတဲ့အခါ ကလေးငယ်အလောင်းကို ယူလာခဲ့တယ်...”
“ဒါက ပထမနတ်ဘုရားရဲ့ ကလေးရှာဖို့အမိန့်ပေးခဲ့တာ ဖြစ်နိုင်တယ်.. ဘာပဲဖြစ်ဖြစ် ဒုတိယဘုရားသခင်က အဲဒီကလေးကို မဟာယွီပြည်ထောင်ရဲ့နန်းတော်ဆီ ပြန်ခေါ်ဆောင်သွားပြီး အဲဒီကလေးကို သူ့သမီးနဲ့မခွဲခြားဘဲ သားသမီးအရင်းလို ဆက်ဆံခဲ့တယ်...”
“ဒါက သေနေတဲ့ကလေးပဲ.. အစကတည်းက အလောင်းကောင်ဆိုတော့...”
စုမင် တိုးတိုးလေးပြောလိုက်သည်။ သူ့အသံမှာ နာကျင်မှုမရှိ၊ နားလည်မှုသာရှိတော့သည်။
“ ဒုတိယဘုရားသခင်က ကလေးအလောင်းကိုပြန်လည်ယူဆောင်ပြီး
သိပ်မကြာလိုက်ဘူး.. မာန်မျိုးနွယ်စုက အင်အားနည်းသွားတယ်...ပြီးတော့ အင်မော်တယ်တွေက ဒုတိယမာန်နတ်ဘုရားမရှိခင် စစ်ကြေညာပြီး တိုက်ခိုက်ခဲ့ကြတယ်...”
“သူတို့က အဲဒီစစ်ပွဲကို အနိုင်ရခဲ့တယ်.. ဒုတိယဘုရားသခင်ကို သတ်ပြီး သူ့အလောင်းကို အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ခဲ့ကြတယ်...”
“ဒီစစ်ပွဲကြောင့် မဟာယွီအင်ပါယာနန်းတော် အေးခဲသွားပြီး မာန်ပြည်ထောင်ကနေ ပျောက်ကွယ်သွားခဲ့တယ်...”
“စစ်ပွဲအပြီးမှာ တိထျန်းက ကလေးအလောင်းနှင့် ဒုတိယဘုရားသခင်ရဲ့သမီးတော်ကို အင်မော်တယ်ပြည်ကို ယူ ဆောင်သွားခဲ့တယ်...”
“ကလေးငယ်ရဲ့ ထူးခြားတဲ့အရည်အသွေးတွေကို သူတို့ရှာဖွေတွေ့ရှိခဲ့တယ်.. ဒုတိယဘုရားသခင်ရဲ့သမီးတော်က ကလေး အလောင်းနဲ့ ထိတွေ့မိတာကြောင့် ကလေးမလေးလည်း အဲဒီထူးခြားတဲ့အရည်အသွေးအချို့ကို ပိုင်ဆိုင်ခဲ့ပါတယ်...အဲဒီ့အချိန်ကစပြီး အဲ့ဒီမောင်နှမတွေက ရုပ်သေးရုပ်သာသာ အသုံးချခံခဲ့ရတယ်...”
“သေသွားတဲ့ကလေးငယ်ကို အင်မော်တယ်ပြည်ထောင်ရဲ့တစ်နေရာရာမှာ တံဆိပ်ခတ်ထားပြီး သူ့ညီမငယ်ကို တာအိုပညာရှင်ချန်က ခေါ်ဆောင်သွားခဲ့ပါတယ်... တိထျန်း...အဲတုန်းက ကလေးငယ်အလောင်းကို သုံးပြီး အတိုင်းအဆမရှိ သန်မာလာဖို့ နည်းလမ်းကို မင်းရှာတွေ့ခဲ့တာမလား...အဲဒီ့အချိန်ကစပြီး ကလေးအပေါ် နှစ်ပေါင်းများစွာသက်ရောက်မဲ့ မင်းရဲ့အစီအစဥ်ကို အကောင်အထည်ဖော်ခဲ့တယ်...”
“ကလေးက တကယ်မသေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ကလေးက တောက်ပတဲ့ ယန်နယ်မြေမှာ သေဆုံးပြီး ယင်မရဏနယ် မြေမှာ အသက်ရှင်နေနိုင်တယ်.. မင်းဘာတွေရှာတွေ့လဲဆိုတာ ငါမသိဘူး.. ဒါပေမဲ့ ဒီရှာဖွေတွေ့ရှိမှုက မင်းကို အစီအစဉ်တကျ အကောင်အထည်ဖော်စေခဲ့တယ်...ယင်မရဏနယ်မြေမှာ အဲ့ဒီကလေးကို အကြိမ်ကြိမ်မေ့မြောပြီး သေလုနီးပါးဖြစ်အောင်လုပ်ခဲ့တယ်...”
“သူ မေ့မြောသွားပြီးတဲ့အခါ အကြိမ်ကြိမ် တံဆိပ်ခတ်ထားတယ်.. မင်းက ကလေးအတွက် မှတ်ဉာဏ်တစ်ခုကို ဖန်တီးခဲ့တယ်.. အဲဒီမှတ်ဉာဏ်ကို နက်မှောင်တောင်လို့ ခေါ်တယ်… အဲဒီမှတ်ဉာဏ်ရဲ့ အရင်းမြစ်နဲ့ မင်း သူ့ကို ခဏခဏ မေ့မြောအောင် လုပ်ပစ်ခဲ့တယ်..”
“အမှတ်တရတွေက ပန်းချီကားတစ်ချပ်လိုပါပဲ..ပန်းချီဆွဲပြီးတာနဲ့ ဒီကလေးကို မေ့မြောသွားစေပြီး ဘယ်တော့မှ အပြင်မထွက်နိုင်တော့ဘူး...”
“ဘယ်နှစ်ခါလောက် မေ့ မြောသွားလဲမသိဘူး...ဒါပေမဲ့ ဒီတစ်ခါ ငါနိုးလာတဲ့အခါ.. နက်မှောင်တောင်မှာရှိတဲ့ ရှောင်ဟုန်က ငါ့လည်ပင်းမှာဆွဲထားတဲ့ ဒီကျောက်တုံးအပိုင်းအစကို ပေးခဲ့တယ်...အဲ့ဒီအချိန်မှာ ငါက အရင်တုန်းကနဲ့မတူတော့ဘူး...”
“ဒါက လူပြန်ဝင်စားတာပဲ.. ဒါက ကံကြမ္မာပဲ.. ဒါက ငါပဲ...”
စုမင်က ကောင်းကင်ပေါ်က ကြယ်အစု အဝေးများကို ရှောင်လိုက်ပြီး ဒေါသူပုန်ထနေ သောတိထျန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“လူတစ်ယောက်ရှိတယ်...သူက ဝိညာဉ် ဆိုပေမဲ့...မင်းရဲ့အစီအစဥ်တွေထဲကို ဝင်စွက်ဖက်ပြီး ငါ့ကိုနိုးထလာအောင်ကြိုးစားခဲ့တယ်.. ပြီးတော့ တိတ်ဆိတ်စွာနဲ့ အရာအားလုံးကိုပြောင်းလဲစေခဲ့တယ်..ဒီမှာ အပြင်လောကကိုကြည့်လိုက်...”
“အဲဒီလူက ဘယ်သူလဲဆိုတာ ငါ့စိတ်ထဲမှာ အဖြေတစ်ခုရှိတယ်”
စုမင်က တိုးတိုးလေးပြောလိုက်သည်။
တိထျန်း အသက်ရှူသံ မြန်လာသည်။ ယခု ဦးခေါင်းသာ ကျန်တော့သော သူက ပူလောင်နေသည်ကိုလည်း တွေ့လိုက်ရသည်။ နီရဲသော မျက်လုံးများ ပြည့်လျှံလာပြီး သူတို့အတွင်း၌ ရူးသွပ်မှုများ ထွန်းတောက်လာသည်။ သူစုမင် ကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲမှာ လောဘဇောက ပထမဆုံးအကြိမ် ပေါ်လာပြီး သူ့၏ စိတ်ခံစားချက်အမှန်ကို ထုတ်ဖော်လိုက်လေသည်။
ထိုလောဘကြီးမှုကြောင့် စုမင်ကို ဝါးမျိုချပြီး စုမင်၏အရာအားလုံးကို ရယူလိုသကဲ့သို့ ဖြစ်သွားစေသည်။
“မင်းက ကံကြမ္မာပဲ.. မင်းရဲ့ဘဝက စီစဉ်ပြီးသား.. မင်းအရာအားလုံးကို နားလည်လာရင်တောင် အရေးမကြီးဘူး.. မင်းက ယင်မရဏနယ်မြေမှာ ရှိနေတုန်းပဲ....မင်း နိုးထလာရင်တောင် ဒီအခြေအနေမှာပဲ ရှိသေးတယ်”
တစ်ချိန်တည်းမှာပင် တိထျန်း၏ မျက်လုံးများတွင် ရူးသွပ်မှု ပေါ်လာပြီး ကြယ်များက မျက်လုံးထဲတွင် လင်းလက်လာသည်။ အလင်းရောင်က တခဏအတွင်း စူးစူးရှရှ တိုးလာကာ ကောင်းကင်တွင်ရွေ့လျားနေသော ကြယ်ပွင့်များ၏ မျက်လုံးများမှ တောက်ပသော ကြယ်ရောင်များ ထွက်ပေါ်လာသည်။
“ဒါက မင်းရဲ့ အနှစ်တစ်ထောင်ကံကြမ္မာပဲ....မင်း အနှစ်တစ်ထောင်ကို မေ့မြောပြီး သေလုနီးပါဖြစ်သွားလိမ့်မယ်..အခုထပ်ပြီး မေ့မြောသွားရအုံးမှာကွ...ဟားးး”
တိထျန်းက ကောင်းကင်ဆီသို့ ဦးတည်ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် ကြယ်ရောင်များအားလုံးက စုမင်ထံ စုရုံးရောက်ရှိလာပြီး တိထျန်း၏ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိခြင်းကို ပြသ နေလေသည်။ သူက ကျင့်စဉ်ကို နောက်တစ်ကြိမ် အကောင်အထည်ဖော်ခဲ့သည်။
“အသုံးမဝင်ပါဘူး...”
စုမင်က သက်ပြင်းရှည်ကြီးချပြီး ခေါင်းယမ်းလိုက်သည်။ သူ့ညာလက်ကို မြှောက်ထားပြီး လက်ညိုးနဲ့ ရှေ့ကို ချိန်ရွယ်လိုက်သည်။
“ဒါ အဓိကအချက်ပဲ..”
စုမင် တိုးတိုးလေးပြောနေစဉ် သူ့လက်ညိုးညွှန်သည့်နေရာ၌ ပုံဆောင်ခဲအစက်တစ်ခု ပေါ်လာသည်။
“ငါဘယ်ဘက်ကိုဆွဲပြီး စက်ဝိုင်းပုံလုပ်မယ်ငါဆွဲတာရပ်လိုက်တဲ့အခါ... အဆုံးဟာအစနဲ့ တူညီနေတာကိုတွေ့လိမ့်မယ်..”
စုမင်၏ညာဘက်လက်ညိုးက ဘယ်ဘက်ဆီသို့ စတင်ရွေ့လာပြီး စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။ စက်ဝိုင်းဖြစ်ပေါ်သည့် ၎င်း၏အစနှင့် ၎င်း၏အဆုံးဖြစ်သည်။ အစနှင့် အဆုံး နှစ်ခုလုံးကို ပေါင်းစပ်ထားသည့် အချက်ဖြစ်သည်။
“ဒါက လူပြန်ဝင်စားတာပဲ..ပြန်မွေးဖွားလာတာပဲ.. ညာဘက်ကနေ ဆွဲပြီး အဆုံးကနေ လှည့်တဲ့ စက်ဝိုင်းတစ်ခုလုပ်ရင်...”
စုမင်ကပြောပြီး သူ့ညာဘက်လက်ညိုးကနေ ထိုစက်ဝိုင်းကို နောက်ပြန်ဆွဲပါတော့သည်။ စက်ဝိုင်းကို ပြီးပြည့်စုံစေတာက တူညီသောအချက်ပင် ဖြစ်သေးသည်။
“ဒါကလည်း လူဝင်စားတာပဲ...”
သူ့စကားဆုံးသောအခါ သူ့ခန္ဓာကိုယ်မှ အံ့ဩစရာကောင်းသော တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုတည်ရှိမှုက မာန်စိတ်ဝိညာဉ်နယ်ပယ် သာလွန်သော တည်ရှိမှုတစ်ခုဖြစ်သည်။
ထိုတည်ရှိမှုက ပိုထူထဲလာပြီး စုမင်၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်လိုက်သည်။ ထို့နောက် ကြယ်ရောင်ကောင်းကင်ကြီးဆီသို့ ပျံ့နှံ့သွားပြီး ပေါက်ကွဲသံများ ကျယ် လောင်စွာ ထွက်ပေါ်လာသည်။ စုမင် ရှိရာနယ်မြေက ကြယ်အလင်းရောင်အတွက် တားမြစ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့မျက်လုံးများက တည်ငြိမ်သက်နေပြီးဆံပင်များက တဖျပ်ဖျပ်လွင့်နေလေသည်။ သူ၏စကားများက အဆုံးမရှိသောဉာဏ်ပညာပါ၀င်ပြီး လောကကြီးထဲတွင် ပဲ့တင်ထပ်နေပါသည်။
“လူဝင်စားတာက အဓိကအချက်တစ်ခုဖြစ်ပြီး အဲ့ဒီအချက်က မာန်စိတ်ဝိညာဉ် တောင်တန်းပဲ..ပြီးတော့.. အစနဲ့အဆုံးလို့ပဲ ပြောရတယ်.. မင်းက အဲ့ဒီအမှတ်ကနေ အနာဂတ်ကို သွားနိုင်ပြီး အတိတ်ကိုလည်း ပြန်သွားနိုင်တယ်..”
“အဲ့ဒီအမှတ်က မှန်ရဲ့အမှတ်လည်းဖြစ်တယ်.. မှန်၏မျက်နှာပြင်က သာမန်လောကပဲ..ပြီးတော့ အတိတ်ကနေ
အနာဂတ်ဆီကို သွားလို့ရတဲ့နေရာဖြစ်တယ်.. ဒါပေမဲ့ မှန်ထဲကလောကနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်.. ရှင်သန်တာနဲ့သေဆုံးတာက ဆန့်ကျင်ဘက်ပဲ.. အတိတ်နဲ့အနာဂတ်ကလည်း ဆန့်ကျင်ဘက်ရှိနေတယ်...ဖုံးကွယ်နဂါးဂိုဏ်းက မှော်သက်ေတတွေလိုပဲ...ဆောင်းဦးကနေ နွေဦးကိုပြောင်းလဲသွားတဲ့ ဖြစ်စဉ်နဲ့ တူတယ်…ဘာလို့ဆို ကြေးမုံကမ္ဘာက လူတွေက အနာဂတ်ကနေ အတိတ်ကို ရွေ့သွားကြတယ်...”
“အင်မော်တယ်တွေက မှန်ရဲ့မျက်နှာပဲ..သူတို့က မှန်ရဲ့အပြင်ဘက်လောကတွင်နေထိုင်ကြပြီး သေခြင်းမှအသက်ရှင်ခြင်းကို ရွေ့သွားတယ်.. မာန်ကျင့်ကြံသူတွေရဲ့ ယင်မရဏနယ်မြေက မှန်အတွင်းမှာ လောကပဲ...သူတို့က သေခြင်းမှအသက်ရှင်ခြင်းကို ရွေ့လျားသွားကြတယ်...”
ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်မှ ပေါက်ထွက်ပြီး မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားသော ပြီးမြောက်မှု ကို ကျော်လွန်ကာ သူ့ကို နတ်ဘုရားကဲ့သို့ ဖြစ်စေသည်။
“မင်း…မင်း…”
တိထျန်း၏ မျက်နှာတွင် ပို၍ပင် တုန်လှုပ်ချောက်ချားမှုတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲတွင် စုမင်ကို အလွန်ကြောက်လန့်သွားပြီး သူ့နှလုံးသားလည်း အလွန်အမင်း တုန်လှုပ်သွားသည်။ ထိုကြောက်စရာကောင်းသော အသွင်အပြင်က စုမင်၏ တန်ခိုးကြောင့် မဟုတ်ဘဲ ... ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဖြစ်သည်။
“အရင်က တစ်ခုခုကို နားမလည်ခဲ့ပေမဲ့ အခုမှဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံက အရာအားလုံးကို နားလည်စေခဲ့တယ်”
စုမင်က တီးတိုးစွာ ပြောလိုက်သည်။