← Chapters

ဂုဏ်ကျက်သရေတိုးပွားမှု

Vol. 50 Ch. 688

ဂုဏ်ကျက်သရေတိုးပွားမှု

Vol. 50 Ch. 688

“မှန်ရဲ့မျက်နှာပြင်က အသက်ရှင်တာက နေသေဆုံးခြင်းကို လျှောက်လှမ်း‌တယ်.. မှန်ထဲက လောကကြီးကတော့ သဘာဝနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သေဆုံးခြင်းကနေ ရှင်သန်ခြင်းကို ဦးတည်နေတယ်‌...ဒါဆိုရင် ငါဖြတ်သန်းခဲ့ရတဲ့ လူဝင်စားခြင်း‌ဆိုတာက ဘာလဲ.. တိထျန်း...ခင်ဗျားပြောတဲ့ မေ့မြောပြီး ပျောက်ကွယ်တဲ့အခြေအနေလား...ဒါတွေက အရာအားလုံးကိုအစစ်အမှန်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကျင့်စဉ်ကြောင့်ပဲ....”

စုမင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူတိထျန်းကို ကြည့်လိုက်သော်လည်း ဘာမှ မမေးပေ။ သူသိချင်သော အဖြေကို ရပြီးသားဖြစ်သည်။

“နောက်ဆုံးတော့ ငါ နားလည်သွားပြီ.. မှန်ရဲ့မျက်နှာပြင်နဲ့ ကျောဘက်က လူဝင်စားခြင်းသံသရာကို ပြီးပြည့်စုံအောင် မဖန်တီးနိုင်ဘူး”

စုမင်က ခေါင်းတွင်တွင်ယမ်းလိုက်ပြီး သူ့ရင်ထဲမှာ ခံစားချက်မျိုးစုံက လှိုင်းထလာသည်။

“ယင်နဲ့ယန် တည်ရှိနေသလိုပေါ့.. လူတွေက ဒီမျက်နှာနှစ်ခုကို မြင်နေရပေမဲ့.. တခြားတစ်ဖက်မှာရှိနေတဲ့အရာကို မေ့သွားကြတယ်...”

“မှန်အပြင်ဘက်က လောကကြီးက အင်မော်တယ်တွေပိုင်တယ်...မှန်ထဲမှာရှိတဲ့လောကကြီးက မာန်ကျင့်ကြံသူ‌တွေပိုင်တယ်...ဒါပေမဲ့ တကယ်တော့ မှန်ထဲမှာ မှန်တစ်ချပ် ရှိ သေးတယ်... မှန်နှစ်ချပ်က တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် နေရာယူထားရင် အဆုံးမဲ့ အမှောင်ထုကြီး ဖြစ်သွားလိမ့်မယ်..ပြီး‌တော့ မှန်ထဲက မှန်လောကကြီးဖြစ်နေလိမ့်မယ်...”

“အဲဒါက မင်းငါ့ကို မေ့မြော နစ်မြုပ်စေခဲ့တဲ့ နေရာဖြစ်ပြီး ဒါဟာ လူဝင်စားရာနေရာလည်း ဖြစ်တယ်.. လူဝင်စားတဲ့ လောကကြီးလည်း ဖြစ်တယ်...”

“ဒါကြောင့် အကြီးအကဲက ငါ့ကို နေရာတစ်ခုအကြောင်းပြောပြခဲ့တယ်...အဲ့ဒါက ‌မာန်စိတ်ဝိညာဉ်တောင်တန်းပဲ...”

“ ငါက ဒီတောင်ပေါ်ကနေ ခုန်ချပြီး သေရမှာမဟုတ်ဘူး.. ဒါပေမဲ့ အဲဒီအမှတ်ကိုရှာဖို့ ငါက မှန်ထဲမှာ ရှိတဲ့ မှန်လောကကို ရောက်သွားခဲ့တယ်...”

“အခု ငါ မှန်ထဲမှာ တကယ်ရှိနေတယ်... ပြီးတော့ ငါ့ရဲ့ နောက်တစ်ဆင့်ကတော့ သေဆုံးခြင်းမှ ရှင်သန်ဖို့ပဲ.. မှန်ထဲမှာရှိတဲ့ လောကကနေ မှန်ရဲ့အပြင်လောကဆီကိုပဲ..ပြီးတော့ ယင်မရဏ နယ် မြေကနေ တောက်ပတဲ့ယန်နယ် မြေ...မာန်ပြည်

ထောင်ကနေ အင်မော်တယ်ပြည်ကို ရွေ့ပြောင်းဖို့ပဲ...”

စုမင်က ထိုစကားများကိုပြောပြီးနောက် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးမားသော ပြီးမြောက်မှုထက် ကျော်လွန်ရောက်ရှိနေသည့် အနေအထားက အဆမတန် တိုးပွားလာသည်။ ထိုအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး ဟိန်းဟောက်လာပြီး မဟာထပဝီမြေကြီးကို လှုပ်ခါသွားစေခဲ့သည်။

ကောင်းကင်ရှိ ကြယ်များဖြင့် ဖန်တီးထားသောမျက်နှာကြီးက တွန့်လိမ်ပုံပျက်လာသည်။ စုမင်က ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လွဲယမ်းပစ်လိုက်သည်။ ထို့နောက် မျကိနှာကြီးက ကွဲအက်သွားပြီး အပြာရောင် ကောင်းကင်ကြီးကို ဖော်ထုတ်လိုက်သည်။ ထိုကောင်းကင်ကြီးက သစ်သားပုလွေတီးမှုတ်သူ အဘိုးအိုမှ ဖန်ဆင်းထားပြီး ဆင်းသက်လာသော ကျင့်ကြံခြင်းဂြိုဟ်များကို တားဆီးပေးသောစွမ်းရည်ဖြစ်သည်။

စုမင်၏ ဆံပင်များက လေမတိုက်ဘဲ ဝဲလွင့်နေခဲ့သည်။

ထိုအချိန်တွင် သူ၏ကျင့်ကြံဆင့်က သိသိသာသာ ပြောင်းလဲသွားသည်။ ဤပြောင်းလဲမှုကြောင့်စုမင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့နေသော တည်ရှိမှုက အားကြီးသော ဖိအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ၎င်းသည် ချက်ချင်းပင် မြေပြင်နှင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မာန်ကျင့်ကြံသူများ၏ လောကတစ်ခုလုံးကို ပျံ့နှံ့သွားစေခဲ့သည်။

မာန်ကျင့်ကြံသူများ၏ ကောင်းကင်နှင့်လောကကြီးကိုတုန်လှုပ်သွားစေခဲ့သည်။ တောင်များအားလုံး ငလျင်လှုပ်ခတ်သွားစေသကဲ့သို့ တုန်လှုပ်သွားစေကာ မြစ်များအားလုံး လည်ပတ်မှု ရပ်တန့်သွားစေသည်။ ထို့ပြင် မြေပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲအပေါင်းတို့က ကောင်းကင်သို့ မာန်ဖီရန် တစ်ချိန်တည်း ခေါင်းမော့ကြသည်။

အချင်းချင်း ရန်ဖြစ်နေကြသော ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များပင်လျှင် ရန်မဖြစ်ကြတော့ဘဲ ခေါင်းကို မော့ကာ ဟစ်အော်ကြသည်။ သူတို့၏ အော်သံများက မာန်ပြည်ထောင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

မရဏပင်လယ်တွင် ကြီးမားသော လှိုင်းလုံးကြီးများက ကောင်းကင်သို့ တလိပ်လိပ် တက်လာသည်။ မရဏပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူလာသသည်။ လှိုင်းလုံးကြီးများ၏ ဟိနိးဟောက်သံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ မာန်ပြည်ထောင်တစ်ခုလုံးကို တိုက်စားတော့မည့်သယောင်ထင်ရသည်။

တောင်ပိုင်းအရုဏ်ဦးနယ်‌မြေ၊ အရှေ့မြေရိုင်းနယ်မြေ၊ အနောက်ပိုင်းနှင့်မြောက်ပိုင်းမဟာမိတ်နယ်မြေတို့မှ ပေါ်ထွက်လာသော ဟိန်းဟောက်သံများက ကွဲသွားသောတိုက်ကြီးများကို အတူတကွ စုစည်းနိုင်သည့် ဝိညာဉ်တစ်ခုကို ရရှိစေခဲ့သည်။

ဤသည်မှာ မာန်ပြည်ထောင်၏စိတ်ဝိညာဉ်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လွင်မျောတိမ်တိုက်မျိုးနွယ်စုဧ။်ရွှယ်ရှနှင့် စုမင်အနီးရှိ မျိုးနွယ်စုဝင် တစ်သောင်းနီးပါးတို့သည် ၎င်းတို့၏ သွေးများ ပွက်ပွက်ဆူလာနေသည်ကို တွေ့ခဲ့ရသည်။ သူတို့၏အသက်ရှုသံများက မြန်ဆန်လာပြီး သူတို့ခန္ဓာကိုယ်မှ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော တည်ရှိမှုတစ်ခုထွက်ပေါ်လာသည်။

သောင်းနှင့်ချီသောအင်မော်တယ်များက ဤဖိအားအောက်တွင် ၎င်းတို့၏ခန္ဓာကိုယ်များ တုန်လှုပ်နေသည်ကို တွေ့ရှိခဲ့ကြသည်၊၊ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဒူးညွတ်‌ခွေကျကာ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိကြတော့ပေ။ ဤသည်မှာ သူတို့၏ဆန္ဒမဟုတ်၊ လောက၌ တည်ရှိခဲ့သော ဆန္ဒသာဖြစ်သည်။ သူတို့က မြေကြီးပေါ်မှာ ကြာကြာ ရှိမနေနိုင်တော့ဘဲ တစစီဖျက်ဆီးခံရ‌တော့မည်။

ကျီအန်း၏ မျက်နှာသည်လည်း သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားလေသည်။ အရာအားလုံးက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ တကယ်တော့ အရှေ့မြေရိုင်းမျှော်စင်ထွက် ပေါ်ထွက်လာမှုကြောင့် ထိုကဲ့သို့ ကြုံတောင့်ကြုံခဲဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသည်။

စုမင်၏ စွမ်းအားက ရူးသွပ်စွာ ခုန်တက်လာသည်။ သူ၏ကနဦးကျင့်ကြံမှု ပြောင်းလဲမှုက သူ့ကို လောကကြီးထဲတွင် အတောက်ပဆုံး အလင်းရောင်အဖြစ် ပြောင်းလဲစေခဲ့သည်။

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းသည့် အလင်းတန်းများက စုမင်ရှေ့မှာ စုရုံးလာကာ အလွန်ကြီးမားသော ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည် ။

စုမင်က ဤရုပ်တုကို မှတ်မိသည်။ တကယ်တော့မာန်ကျင့်ကြံသူအချို့လည်း ထို ရုပ်တုကို မြင်ဖူးသည်။ ၎င်းက နိုးထခြင်းနယ်ပယ်၏ နတ်ဘုရားရုပ်တုပင်ဖြစ်သည်။

မာန်ကျင့်ကြံသူများ နိုးထခြင်းနယ်ပယ်သို့ ရောက်ရှိချိန်တွင် သွေးကြောများထင်းပေါ်လာပြီး ၎င်းတို့ရှေ့တွင် ပေါ်လာသော ဤနတ်ဘုရားရုပ်တုကို မြင်တွေ့ရမည်ဖြစ်သည်။ ဤရုပ်တုကို ပထမဆုံးဘုရားသခင်ကဖန်တီးခဲ့ပြီး ကျင့်ကြံသူအားလုံးကကိုးကွယ်ခဲ့ကြသည်။ ဤနတ်ဘုရားရုပ်တု ကြောင့် ၎င်းတို့က နိုးထခြင်းနယ်ပယ်၏ စွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားရုပ်တုက စုမင်၏အမှတ်တရများတွင် ပြုလုပ်ခဲ့သည့်အတိုင်း အတိအကျတူသည်။ထို့ပြင် ရုပ်တုမျက်လုံးထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပေါ်လာပြီး အသက်ဝင်လာသလို စုမင်အား စိုက်ကြည့်နေသည်။ ထို့နောက် ၎င်းက အရိုအသေပြုဟန်လုပ်ပြီး မြန်မြန် ဦးညွှတ်သည်။

ဤသည်မှာ နိုးထခြင်းနယ်ပယ်၏ ကိုးကွယ်မှုနတ်ဘုရားရုပ်တုဖြစ်သည်။ ၎င်းက နိုးထခြင်းနယ်ပယ်၏ လေးစားမှု သင်္ကေတဖြစ်သော နတ်ရုပ်တုဖြစ်သည်။

တခဏချင်းမှာပဲ နိုးထနေသော နတ်ဘုရားရုပ်တုက စုမင်ဘက်ကို ဦးညွှတ်လိုက်သော် ကောင်းကင်က တဟုန်ထိုး တုန်ခါသွား လေသည်။ နောက်ထပ် အလင်းတန်းများက လေထုထဲမှ ရူးသွပ်စွာ ထွက်ပေါ်လာသည်။ နိုးထခြင်းနယ်ပယ် နတ်ဘုရားရုပ်ထုနှင့် စုမင်ရှေ့တွင်… ကျန်အလင်းရောင်များက အခြားသော ဧရာမရုပ်ထုတစ်ခုအဖြစ်သို့ စုစည်းသွားပါသည်။

“အဲဒါက... ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုပဲ...”

ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုပေါ်ထွက်လာသည်ကိုကြည့်ခြင်းအားဖြင့်

ကျင့်ကြံသူများကြားထဲတွင် အလားအလာကောင်းရှိသောလူတစ်ယောက်ရှိနေသည်ဟာ ညွှန်းဆို‌နေလေသည်။ဆိုလိုတာက သူတို့ထဲက တစ်ယောက်ယောက်က မဟာယွီပြည်ထောင်၏အသိအမှတ်ပြုမှုကို ရရှိပြီး

ရိုးရေစတေးနယ်ပယ်၏မြင့်မြတ်သောတန်ခိုးရှင်ဟု ခန့်အပ်ခံရကြောင်း ဆိုလိုသည်။

ဤသည်မှာ မာန်ပြည်ထောင်ဂုဏ်ကျက်သရေတိုးပွားမှု၏ အမြင့်မြတ်ဆုံးပုံစံဖြစ်သည်။ ရိုးရေစတေးနယ်ပယ် နတ်ဘုရားရုပ်တုပေါ်လာပြီးနောက် မြင်သူအများစုက မြေပြင်မှာ ဝပ်တွားပြီး ကိုးကွယ်ကြသည်။ နိူးထခြင်းနယ်ပယ်ရုပ်တုနည်းတူ ထိုရုပ်တုကလည်း စုမင်ကို အရိုအသေပေး ဦးညွှတ်လိုက်သည်။

ထိုရုပ်တုများ ဦးညွှတ်လိုက်သည်နှင့် ကောင်းကင်ကြီးက တုန်လှုပ်သွားပြီး လောကကြီးတစ်ခုလုံး ပုခက်လွှဲယမ်းလိုက်သလို တုန်ခါ‌သွား‌တော့သည်။

ထို့နောက် အလင်းတန်းများက သူ့အထက်တွင် လျင်မြန်စွာ စုရုံးလာသည်။ တောက်ပနေသော အလင်းရောင်အလွှာတစ်ခုက ကောင်းကင်ကို ဖြတ်သန်းစီးဆင်းသွားကာ ပို၍ကြီးမား အားကောင်းသည့် နတ်ဘုရားရုပ်တုကြီးက ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။

“အဲဒါ…”

“ဒါက မာန်စိတ်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုပဲလား”

“ဒါဟာ မာန်စိတ်ဝိညာဉ်နယ်ပယ်ရုပ်တုပဲ

... ရှေးခေတ်ကတောင် ပေါ်ထွက်လာခြင်းမရှိဘူး..ဒါမျိုးတွေ့ရတာ ရှားပါးတယ်”

ထိုအချိန်တွင် ဟိန်းဟောက်သံကြီးတစ်ခု ပျံ့လွင့်လာသည်။ လူတိုင်းမျက်စိရှေ့မှာတင် ကောင်းကင်ရှိမာန်စိတ်ဝိညာဉ်နယ်ပယ် နတ်ဘုရားရုပ်တုက စုမင်ထံ ရိုသေစွာ ဦးညွှတ်လိုက်သည်။

နတ်ဘုရားရုပ်တုသုံးခု၏ အသွင်အပြင်နှင့် ၎င်းတို့၏ဦးညွတ်မှုကြောင့် စုမင်၏ချီစွမ်းအားများ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည် သူက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်

ကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော စွမ်းအားများကို ကျော်လွန်ကာ သူ၏ချီစွမ်းအားက အဆက်မပြတ် မြင့်တက်နေဆဲဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်သောဖိအားတစ်ခု သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားပြီး ယခင်က ပြိုကျပျက်စီးခဲ့သော မာန်နတ်ဘုရားရုပ်တုက သူ့နောက်တွင် တဖြည်းဖြည်း ထင်ရှားလာသည်။

ဤမြင်ကွင်းများအားလုံးကြောင့် တိထျန်း၏မျက်နှာပေါ်တွင် ဒေါသူပုန်ထ ရုန်းကန်နေသော အမူအရာ ပေါ်လာသည်။

“မာန်ကျင့်ကြံသူတွေရဲ့ နတ်ဘုရားသုံးပါးက သူ့ကို ဦးညွှတ်နေကြတယ်.. ...ဒါက အသက်လမ်းကျင့်စဉ်ရဲ့ဒဏ္ဍာရီဆန်ဆန်မြင်ကွင်းပဲ...ဒါက ရှေးတုန်းက မာန်ပြည်ထောင်မှာ ‌ပေါ်ထွက်လာခဲ့တဲ့ အသက်လမ်းကျင့်စဉ်လမ်းစပဲ...”

လွင့်မျှောတိမ်ကလန်၏ရွှယ်ရှက အရမ်း စိတ်လှုပ်ရှားနေလေသည်။ သူက စုမင်ကို

တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ကြည့်နေသည်။သူ့မျက်လုံးထဲမှာ လေးစားမှုက ချက်ချင်း ပေါ်လာပြီး ပြင်းထန်သည့်အတိုင်းအတာအထိ ရောက်ရှိသွားသည်။

“ဒီနေ့က မာန်စိတ်ဝိညာဉ်နိူးထလာတဲ့နေ့ပဲ.. ငါ ရွှယ်ရှက မာန်နတ်ဘုရားသခင်နောက်ကို လိုက်မယ်..ပြီးတော့ မာန်နတ်ဘုရားသခင်ကို အင်မော်တယ်ပြည်ကို ပို့ဆောင်မဲ့လမ်းကို အတူဖြတ်သန်းပြီး အသေခံဖို့ ဆန္ဒရှိပါတယ်...”

ရွှယ်ရှက စိတ်လှုပ်ရှားမှုကြောင့် ရူးသွပ်သွားခဲ့သည်။ သူက စုမင်ဘက်ကို ဒူးထောက်လိုက်ပြီး သစ္စာဆိုလိုက်သည်။

“အခုကစပြီး ငါ့စိတ်ဝိညာဉ်ကို မာန်နတ်ဘုရားထဲ ဆက်သလိုက်ပြီး.. ငါ့ခန္ဓာကိုယ်ကို လူတွေအတွက် ယဇ်ပူဇော်မယ်..ငါ့အသွေးသားနဲ့ မာန်မျိုးနွယ်စုအတွက် ကောင်းကင်တံခါးကို ဖွင့်ပေးမယ်...ငါ့မျိုးနွယ်စုရဲ့ ဂုဏ်သရေတိုးတက်အောင် ဘာမဆို လုပ်ဆောင်ပေးမယ်...”

ရွှယ်ရှ၏ အသံက စိတ်လှုပ်ရှားနှငိ့အတူ လေထဲတွင် တဟုန်ထိုး ပဲ့တင်ထပ်သွားသည်။ ယခင်ကလို သူ့နှလုံးသားတွင် ပြန်လည်ရှင်သန်လာသော စိတ်အားထက်သန်မှုကြောင့် ပီတိမျက်ရည်များ ကျဆင်းလာသည်။

သူက သူ့မာန်မျိုးနွယ်စုကို အမှန်တကယ်ပင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့သည်။ ယခု သူ့မျိုးချစ်စိတ်ကို အတင်းဖိနှိပ်ထားစရာမလိုတော့ပေ။ သူက စိတ်ပျက်အားငယ်နေရန် မလိုအပ်တော့ဘဲ သူ၏ခံစားချက်များကို ပြင်းထန်စွာ ပေါက်ကွဲထွက်နိုင်ခဲ့သည်။

လွင့်မျောတိမ်ကလန်၏မျိုးနွယ်စုဝင် တစ်သောင်းနီးပါးက ရွှယ်ရှ၏နောက်မှာ

ဒူးထောက်ထိုင်ပြီး သူရွတ်ဆိုခဲ့သည့်သစ္စာကို ကြွေးကြော်ခဲ့ပါသည်။

ထိုအချိန်တွင် အထင်ကရကလန်၏ထျန်းချီကလည်း ကျယ်လောင်စွာ ဟစ်ကြွေး

နေတော့သည်။သူသည် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့နောက်ရှိမျိုးနွယ်စုဆယ့်နှစ်ခုမှ လူတစ်သောင်းနီးပါးက အလားတူ သစ္စာဆိုခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် အခြားသောဦးတည်ရာ လမ်းကြောင်းများစွာမှ အဆုံးမဲ့ရှည်လျားသော အလင်းတန်းများက ရူးသွပ်သော အရှိန်ဖြင့်ရောက်ရှိလာခဲ့သည် ။ ဤအမြန်နှုန်းမျိုးက လူတစ်ဦးလုပ်ဆောင်နိုင်သည့် ကန့်သတ်ချက်များထက် ကျော်လွန်နေပြီဖြစ်သည်။ အလွန်အမင်းရူးသွပ်မှုကနေ ပေါက်ဖွားလာသော လုပ်ရပ်မျိုးပင်ဖြစ်သည်။

“ကျုပ် ချီလေ့ထျန်း ..မာန်နတ်ဘုရားသခင်ကို အရိုအသေပေးပါတယ်..

အခုကစပြီး ကျုပ်စိတ်ဝိညာဉ်ကို မာန်နတ်ဘုရားထဲ ဆက်သလိုက်ပြီး.. ကျုပ်ခန္ဓာကိုယ်ကို လူတွေအတွက် ယဇ်ပူဇော်မယ်..ကျုပ်အသွေးသားနဲ့ မာန်မျိုးနွယ်စုအတွက် ကောင်းကင်တံခါးကို ဖွင့်ပေးမယ်...ကျုပ်မျိုးနွယ်စုရဲ့ ဂုဏ်သရေတိုးတက်အောင် ဘာမဆို လုပ်ဆောင်ပေးမယ်...”

၎င်းက ချီလေ့ထျန်း၏အသံဖြစ်ပြီး လျှပ်စီးစွမ်းအားရှင် အဘိုးအို၏နောက်ရှိ လူဆယ်သိန်းကျော်က ကောင်းကင်ကို လှုပ်ခတ်သွားစေနိုင်သောဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်လေသည်။

“ဖန်းမျိုးနွယ်စုရဲ့ အကြီးအကဲ. ကျုပ် ယာမန်.. က မာန်နတ် ဘုရားသခင်ကို နှုတ်ဆက်ပါတယ်...အခုကစပြီး ကျုပ်စိတ်ဝိညာဉ်ကို မာန်နတ်ဘုရားထဲ ဆက်သလိုက်ပြီး.. ကျုပ်ခန္ဓာကိုယ်ကို လူတွေအတွက် ယဇ်ပူဇော်မယ်..ကျုပ်အသွေးသားနဲ့ မာန်မျိုးနွယ်စုအတွက် ကောင်းကင်တံခါးကို ဖွင့်ပေးမယ်...ကျုပ်မျိုးနွယ်စုရဲ့ ဂုဏ်သရေတိုးတက်အောင် ဘာမဆို လုပ်ဆောင်ပေးမယ်...ဒါမျိုးစတေးရတာအတွက် ကျုပ်ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး...”

ချီလေ့ထျန်း၏အသံထဲမှာ ရှေးခေတ်အရှိန်အဝါများ ပါရှိနေလေသည်။ထို့နောက် ဖန်း မျိုးနွယ်စုမှ လူတစ်သောင်းတို့သည် ၎င်းတို့တတ်နိုင်သမျှ အလျင်မြန်ဆုံးဆင်းသက်လာပြီး

ကြွေးကြော်ခဲ့ကြသည်။

“ရွှေရောင်မိုးတောင်တန်းမျိုးနွယ်စုရဲ့

အကြီးအကဲ ကျုပ်..ဝူရှောင် မာန်နတ်ဘုရားကို နူတ်ခွန်းဆက်သဖို့ လူတစ်သောင်း ခေါ်ဆောင်လာခဲ့ပါတယ်..ကျုပ်တို့က မျိုးနွယ်စုရဲ့ ဂုဏ်သရေတိုးတက်အောင် ဘာမဆို လုပ်ဆောင်ပေးပြီး အရှင်နဲ့အတူ အသေခံဖို့ ဆန္ဒရှိပါတယ်...”

ဖုံးကွယ်တောင်တန်းမျိုးနွယ်စုလည်း ပေါက်ကွဲသံနဲ့အတူ ဝုန်းခနဲ ရောက်ရှိလာသည်။ သူတို့ ပေါ်လာပြီး စုမင်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် စုမင်၏ချီစွမ်းအားက ပေါက်ကွဲထွက်လာပြီး တစ်လောကလုံးမှာ မတ်တပ်ရပ်နေသော တစ်ဦးတည်းသော သူဖြစ်သည်။

စုမင်၏ဆံပင်များက လေထဲတွင် ကခုန်ယိမ်းနွှဲ့နေပြီးနေပုံရသည်။ သူ့နားထဲတွင် ရင်းနှီးသောအသံများ ပဲ့တင်ထပ်လာသည်။

“ကံကြမ္မာမျိုးနွယ်စုမှ ကျင့်ကြံသူ .. ကျုပ်က လေးစားရတဲ့စီနီယာမိုကို နှုတ်ခွန်းဆက်သပါတယ်...”

“ ကံကြမ္မာမျိုးနွယ်စုမှ လေးစားရတဲ့စီနီယာမိုကို နှုတ်ခွန်းဆက်သပါတယ်...”

အုပ်စုလိုက်မလာကြသော လူများက အရပ်ရပ်မှ ပေါ်လာပြီး စိတ်အားထက်သန်မှုနှင့် ပြည့်နှက်နေသော ကျယ်လောင်သော အသံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ကံကြမ္မာမျိုးနွယ်စု ရောက်ရှိလာပြီ။

စုမင်က လေထဲ၌ မတ်တပ်ရပ်နေစဉ် ငြိမ်သက်စွာ ဒူးထောက်နေသော လူအားလုံးကို ကြည့်လိုက်သည်။ စုမင်က မီးတောက်ကြောင့်ခေါင်းပိုင်းသာ ကျန်တော့သော တိထျန်းကို ကြည့်လိုက်သော် သူ့မျက်နှာက ဖြူဖျော့နေတာကို တွေ့လိုက်ရသည်။။ သူ၏ရူးသွပ်မှုနှင့် ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိသည့်အပြင် နက်နဲသော စိတ်ရှုပ်ထွေးမှုကို စုမင်မြင်လိုက်ရသည်။

“လူပြန်ဝင်စားတာက အဓိကအမှတ်ပဲ... အဲ့ဒီအမှတ်က မာန်စိတ်ဝိညာဉ်တောင်တန်းပဲ...”

စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး မြေကြီးနှင့်လေထုကို သိမ်းပိုက်လိုက်သည်။ ၎င်းနှင့်အတူ မြေကြီးပြိုကျကာ မြေကြီး၏နက်နဲသောနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ မြှုပ်နှံထားသည့် သွေးသလင်း ကျောက်တုံးတစ်ခုက ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက စုမင်ဆီသို့ ရှေးကျ သောလေထုကို ယူဆောင်လာခဲ့သည်။

ထို့နောက် သွေးသလင်း ကျောက်တုံးများက ပေါက်ကွဲသံနဲ့အတူ မြေပြင်ကနေ ထွက် ပေါ်လာသည်။ ဤသွေးသလင်းကျောက်များက ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စုမင်၏ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ပေါင်းစပ်သွားသည်။ ပေါင်းစပ်မှုတစ်ခုစီတိုင်းတွင် စုမင်၏ကနဦးကျင့်ကြံမှုက ပြင်းထန်စွာပေါက်ကွဲသွားမည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်၏စွမ်းအားက ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် တိုးမြင့်လာသည်။

“အခုကစပြီး... အသက်လမ်းစဉ်ကို လျှောက်လှမ်းမယ်”

စုမင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ထိုအချိန်တွင် သူက အေးခဲနေသော မဟာယွီအင်ပါယာမြို့တော်ကြီးကို အုရုံခံမိသွားသည်။

All Chapters