အသက်လမ်ကျင့်စဉ်ပေါ်သို့လျှောက်လှမ်းခြင်း
Vol. 50 Ch. 689
သွေးသလင်းကျောက်များက စုမင်နားသို့ နီးကပ်လာပြီး သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားလေသည်။ ၎င်းတို့ကြောင့် စုမင်၏ကျင့်ကြံမှုစွမ်းအားက အဆမတန် တိုးလာမည်ဖြစ်သည်။ ထို့ပြင် သူ၏ချီစွမ်းအားက လောကကြီးနှင့် စကြာဝဠာကြီးကို နိုးဆော်ခဲ့ပြီး သူ့မျက်လုံးထဲတွင် အလွန်အမင်း အံ့ဩစရာကောင်းလှသော လေထုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
ဤပြင်းထန်သောဖိအားက စကြဝဠာနှင့် လောကကြီး၏ သူမတူအောင်အားကောင်းသောတည်ရှိမှုဖြစ်သည်။ ထို့ပြင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်တွင် နေထိုင်ပြီးနောက် မာန်ကျင့်ကြံသူများ၏ အရူးအမူး ပေါက်ကွဲသံကိုလည်း သင်္ကေတပြုပါသည်။
စုမင်က သူရရှိသောသွေးသလင်း ကျောက်မည်မျှရှိသည်ကို မရေတွက်ခဲ့ပေ။ ထို့နည်းတူ အရေအတွက်ကိုလည်း တွက်ချက်ရန်မလိုအပ်တော့သောကြောင့် စိတ်မ၀င်စားတော့ပေ။
လူဝင်စားခြင်း အကြိမ်မည်မျှရှိခဲ့တာက အရေးမကြီးပေ။ ဆယ်ကြိမ်...အကြိမ် တစ်ရာ။ တစ်ထောင်၊ သို့မဟုတ် ထို့ထက်မက ရှိနိုင်သည်။ သူ့အတွက်က အရေးမကြီးတော့ဘူးပေ။အရေးကြီးသည်မှာ သူက မှန်ထဲမှ မှန်လောက၏ လူဝင်စားခြင်းသံသရာမှ လွတ်မြှောက်နိုင်ရန်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူက မှန်ထဲကမှန် လောကတွင် မရှိတော့သောကြောင့် ဖြစ်သည်။ သူက မာန်စိတ်ဝိညာဉ်တောင်ပေါ်မှ ခုန်ချပြီး ထိုနေရာမှ လုံးဝထွက်ခွာသွားခဲ့သည်။
သူက အစစ်အမှန်ဖြစ်ကြောင်းကို သိလေသည်။
ထို့ကြောင့် စုမင်အနေဖြင့် လူပြန်ဝင်စားခြင်း အကြိမ်မည်မျှ ဖြတ်သန်းခဲ့ရသည်မှာ အရေးမကြီးတော့ပေ။
ဤအရာအားလုံးကို နားလည်လာသူ စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် အောင်မြင်စွာ ပြီးမြောက်သွားပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအားက ဝုန်းခနဲပေါက်ကွဲသွားလေသည်။ ထို
ခဏ၌ပင် သူ၏အမှတ်တရများထဲရှိ ချိပ်တံဆိပ်က လုံးဝ အက်ကွဲသွားခဲ့သည်။ ပျက်စီးခြင်းနှင့်အတူ စုမင်၏နတ်ဘုရားအာရုံထဲသို့ မှတ်ဉာဏ်များက ဒီရေလှိုင်းကဲ့သို့ ဝုန်းခနဲ တိုးဝင်လာလေသည်။
ထို လောကကြီးက မည်းမှောင်ပြီး အထီးကျန်မှုတစ်မျိုးနှင့် ပြည့်နေလေသည်။ ဒုတိယမာန်နတ်ဘုရားသခင်၏သမီး တော်အသံကိုကြားရပြန်သည်။ သူမက သူ့ညီမငယ်ဖြစ်ပြီး သူမ သူ့ကို ခေါ်လိုက်တိုင်း စုမင်၏ နှလုံးသားက နာကျင်နေလေသည်။
သူ့အမှတ်တရများစွာကို ချက်ချင်းပြန်မရခဲ့ပေ။ မှတ်ဥာဏ်များက အချိန်တိုလေးအတွင်း အစီအရီပေါ်လာပြီး ပြန်ပျောက်ကွယ်သွားလေသည်။ သူ့စိတ်ထဲ၌ စွဲနေသောအမှတ်တရမှာ သူက ယင်မရဏနယ်မြေအပြင်ဘက်နှင့် အင်မော်တယ်နဂါးငွေ့တန်းများ၌ရှိနေသောမြင်ကွင်းဖြစ်သည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်က သူ့ကို အရေးတကြီးခေါ်နေလေသည်။၎င်းက ညီမငယ်၏အသံမဟုတ်သော်လည်း သူ့စိတ်ဝိညာဉ်မှ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု၏ဆင့်ခေါ်သံတစ်ခုမှ ဖြစ်သည်ဟု ခံစားရလေသည်။
ဤဆင့်ခေါ်မှုက အလွန်အမင်း အရေးတကြီးဖြစ်နိုင်သော်လည်း၊ အဆုံးမရှိသော အားပျော့သော ခေါ်ဆိုသံများ အများအပြားရှိနေသည်။ ၎င်းတို့အများစုက စုမင်ကို ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။
ယခင်က စုမင် အင်မော်တယ်ပြည်ထောင်ကို ပိုင်ဆိုင်ခဲ့ရဖူးသကဲ့သို့ပင် အင်မော်တယ်များ၏ဆင့်ခေါ်မှုကိုလည်း ခံစားနေရသည်။
ဤအသံများက သူ့ကိုဆင့်ခေါ်ချိန်၌
စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်
ကြီးမားသော ပြီးမြောက်အောင်မြင်ပြီး အရေးကြီးဆုံးခြေလှမ်းကို လှမ်းယူခဲ့သည်။ ထို့နောက် စုမင်က အသက်လမ်းကျင့်စဉ်ပေါ်သို့ လျှောက်လှမ်းခဲ့သည်။
မာန်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးသည့်နောက်မှာ အသက်လမ်းစဉ်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ် များကို ဖြတ်ကျော်ရမည်။
“အသက်လမ်းစဉ်ကံကြမ္မာဆိုတာက လောကကြီးမှာရှိတဲ့နိယာမသဘောတရားတွေကို နားလည်ရမယ်..ကောင်းကင်ဘုံရဲ့အလိုတော်နဲ့ပတ်သတ်ပြီး အလုံးစုံသိရမယ်...”
“ငါ့ရဲ့အသက်လမ်းစဉ်ကံကြမ္မာက သေဆုံးခြင်းကနေ ရှင်သန်ခြင်းကို ရွေ့လျားတာပဲ...ဒါ့အပြင် ဆောင်းရာသီမှ နွေဦးရာသီကို ဦးတည်သွားတာပဲ..ငါ့ရဲ့အသက်လမ်းစဉ်က ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဦးညွှတ်ပြီး အမိန့်ကို နာခံတာမျိုးမဟုတ်ဘူး...ဒါပေမဲ့ ကောင်းကင်ဘုံကတော့ ငါ့ကို ဦးညွတ်စေရမယ်..ငါ့ရဲ့သေမင်းရဲ့ဆန္ဒနဲ့ ငါ့တစ်ဘဝလုံးကို အရောင်ဆိုးထားမယ်...”
စုမင်က မာန်ပါပါပြောလိုက်သည်။
ထိုစဉ် ဖယောင်းနဂါး၏ကောင်းချီးအနေနှင့်ပေးခဲ့သော လောကတစ်ခု၏စွမ်းအားက စုမင်၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်မှာ ပျော်ဝင်ပေါင်းစပ်သွားလေသည်။
ထို့နောက် စုမင်၏ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေသည်။ ထိုအချိန်တွင် သူ၏တည်ရှိမှုက လုံးဝပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က ဝိညာဉ်ရေးအသွင်ကူးပြောင်းမှုတစ်ခု ဆင့်ကဲဖြစ်ပေါ်နေသကဲ့သို့ပင် ထင်ရသည်။
မာန်ပြည်ထောင်တစ်ခုလုံး သောင်းသောင်းသဲသဲ ဟစ်ကြွေးကြပြီး ယခင်က ပြိုကျပျက်စီးသွားခဲ့သော မာန်နတ်ဘုရားရုပ်တုက ရုပ်တုပေါ်လာသည်။
ပေတစ်သောင်း ရုပ်တုကြီးက လေထဲတွင် ရုပ်ပိုင်းဆိုင်ရာအသွင်ရလာသောအခါ ဤနေရာသို့ ရောက်ရှိလာသူများအားလုံးက ဒူးထောက်ကာ ရှိခိုးဦးချကြလေသည်။
ဤအသံများက အရပ်ရပ်သို့ ပျံ့နှံ့သွားကာ အင်မော်တယ်အားလုံးကို တုန်လှုပ်စေသည်၊၊ အကြောင်းမှာ ထိုအသံများအတွင်း၌ ရူးသွပ်မှု၊ ဖိနှိပ်မှုမှ မွေးဖွားလာသော သွေးရူးသွေးတန်းဖြစ်မှုနှင့် မာန်စိတ်ဝိညာဉ်များ ပါသောကြောင့်ဖြစ်သည်။
ထိုအသံများက အရပ်ရပ်သို့ ပဲ့တင်ထပ်လာသောအခါ မရဏပင်လယ်က ပို၍ပင် ပြင်းထန်စွာ တဝုန်းဝုန်းလှိုင်းခတ်နေလေသည်။ အဆုံးမဲ့ လှိုင်းလုံးကြီးများက ရူးသွပ်စွာ ဟိန်းဟောက်ကြပြီး ပင်လယ်တွင်းရှိ ပင်လယ်နေသတ္တဝါ အများအပြားကလျင်မြန်စွာ ပြေးထွက်သွားကြသည်။
မရဏပင်လယ်မှ အလွန်ပြင်းထန်သော ဟိန်းဟောက်သံထွက်လာသည့်အချိန်တွင် ပင်လယ်ရေက အရပ်ရပ်သို့ ပျံ့နှံ့သွားသည်... ပင်လယ်အနက်မှ ကြီးမားသောအရာတစ်ခု ထိုးတက်လာသကဲ့သို့ပင် ထင်ရသည်။
ပင်လယ်ရေက နောက်သို့ပြန်စီးဆင်းသွားပြီး ပင်လယ်ရေမျက်နှာပြင်လီထောင်ပေါင်းများစွာ၌ ရေဝဲဂယက်ကြီးတစ်ခုပေါ်လာလေသည်။ ထိုဝဲဂယက်ကြီးက ကျယ်လောင်သောအသံများဖြင့် ဝုန်းဝုန်းဒိုင်းဒိုင်းလည်ပတ်နေလေသည်။ ထို့ပြင် အေးစက်သောလေထုကပါ မာန်ပြည်ထောင်တစ်ခုလုံးကို ဝေ့ဝိုက်တိုက်ခတ်နေလေသည်။
မရဏပင်လယ်တွင် ပြင်းထန်သောပြောင်းလဲမှုကြီး ဖြစ်ပေါ်လာပြီးနောက် အပြာရောင်ကောင်းကင်နောက်ရှိ အင်မော်တယ်များဆင်းသက်ရာမှော်အစီအရင်မှ ထိတ်လန့်ဖွယ်ပေါက်ကွဲများ ထွက်ပေါ်လာသည်။ လျှပ်စီးများ ဖျတ်ခနဲလင်းလက်လာပြီး အင်မော်တယ်များ နောက်ထပ်ဆင်းသက်လာမည့်အရိပ်အယောင်ကိုပြသနေလေသည်။
ထိုမှော်အစီအရင်နှစ်ခုလည်ပတ်ပုံကိုကြည့်ခြင်းအားဖြင့် ဆင်းသက်လာသောအင်မော်တယ် အရေအတွက်က မယုံနိုင်လောက်အောင် များပြားနေပေလိမ့်မည်။
စုမင်က ဖြည်းညှင်းစွာလှည့်၍ သူ့အနောက်တွင် ထင်ရှားပေါ်လွင်နေသော သူ့ရုပ်တုကို ကြည့်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို မြှောက်ပြီး ရုပ်တုဆီ ချိန်ရွယ်လိုက်သည်။
“အခုကစပြီး ငါ့ရဲ့မာန်နတ်ဘုရားခင်ရုပ်တုက မာန်စိတ်ဝိညာဥ်နယ်ပယ်ကိုဖြတ်ကျော်ပြီးတဲ့ကျင့်ကြံသူတွေအတွက် အသက်လမ်းစဉ်နတ်ဘုရားရုပ်တုဖြစ်လာလိမ့်မယ်...ပြီးတော့ အခုကစပြီး မာန်ကျင့်ကြံသူတွေက အသက်လမ်းစဉ်အစဖြစ်တဲ့မာန်စိတ်ဝိညာဥ်နယ်ပယ်ရဲ့ကန့်သတ်ချက်ကိုဖြတ်ကျော်နိုင်လိမ့်မယ်...အသက်လမ်းကျင့်စဉ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်နိုင်လာလိမ့်မယ်...”
စုမင်၏ စကားများကို ဥပဒေအဖြစ် အတည်ပြုခဲ့ပြီး မာန်ပြည်ထောင်၏ကံကြမ္မာကို စေ့ဆော်ပေး နေလေသည်။သူ့အသံက လေထဲတွင် တဟုန်ထိုး တုန်ခါနေသကဲ့သို့ နတ်ဘုရားရုပ်တုဆီမှ ဖြာထွက်လာသော အလင်းတန်းများက ကောင်းကင်ဆီသို့ ဦးတည်နေလေသည်။ ထို့နောက် အသက်လမ်းကျင့်စဉ်၏တည်ရှိမှုများ ထွက်ပေါ်လာသည်။
မာန်ပြည်ထောင်၏ရှေးခေတ်ဒဏ္ဍာရီများတွင်ပြောထားသည့် မာန်နတ်ဘုရားအသစ်တစ်ယောက်ပေါ်ထွန်းလျှင် မာန်ကျင့်ကြံခြင်းလမ်းစဉ်၏စည်းမျဉ်းများကို ပြောင်းလဲပစ်နိုင်သည်။ ထို့ကြောင့် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကန့်သတ်ချက်များစွာ မရှိတော့ပေ။ မာန်နတ်ဘုရားအသစ်က မာန်စိတ်ဝိညာဉ်နယ်ပယ်အတွက် နတ်ဘုရားရုပ်တုကို ဖန်တီးခဲ့သောကြောင့် မာန်ကျင့်ကြံသူအားလုံး
အောင်မြင်မှုတစ်ခုရောက်ရှိလာလိမ့်မည်။
လက်ရှိမာန်ကျင့်ကြံသူ များအားလုံးက
၎င်းတို့၏ကနဦးကျင့်ကြံစွမ်းအားများ အဆမတန်ခုန်တက်လာသည်ကို တွေ့ရှိခဲ့သည်။ စစ်မြေပြင်မှာ မရှိသူများတောင်
သွေးများ လောင်ကျွမ်းပြီး စွမ်းအားများအဆမတန် တိုးလာတာကို သတိထားမိလေသည်။
အထူးသဖြင့် မာန်စိတ်ဝိညာ်နယ်ပယ်တွင် ကြီးမားစွာ ပြီးမြောက်အောင်မြင်ခဲ့ပြီး ထိုနေရာတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သော အစွမ်းထက်သောကျင့်ကြံသူများတွင် ပို၍ထူးခြားလေသည်။ထိုအခိုက်အတန့်တွင် ၎င်းတို့၏ကနဦးကျင့်ကြံစွမ်းအားများ ဆူပွက်လာပြီး အသက်လမ်းကျင့်စဉ်အငွေ့အသက်များကို စတင်အာရုံရလာသည်။
မကြာမီ... သူတို့ဧ။်သွေးများဆူပွက်ခြင်းနှင့် သူတို့ရခဲ့သော ကောင်းချီးများကြောင့် စုမင်ကဲ့သို့ပင် အသက်လမ်းကျင့်စဥ်နယ်ပယ်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခွင့်ရှိလိမ့်မည် ။
ဤသည်မှာ မာန်ကျင့်ကြံသူများ ၏ ဂုဏ်သရေ ထွန်းကားလာမှု၏ စစ်မှန်သော မျှော်လင့်ချက်နှင့် နိမိတ်ဖြစ်သည်။
“မာန်နတ်ဘုရားသခင်...”
“မာန်နတ်ဘုရားသခင်...”
“မာန်နတ်ဘုရားသခင်...”
မာန်ကျင့်ကြံသူများထံမှ ဟောက်သံများသက လေထုထဲတွင် ပို၍ပင် ကျယ်လောင်လာကာ နယ်မြေ၏ တစ်ခုတည်းသော အသံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအသံက လေထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စုမင်ကို ရိုသေစွာ ကိုးကွယ်ကြသည်။ ထို့နောက် စုမင်က ဦးခေါင်း၏ အနည်းငယ်သာ ကျန်ရှိသည့် တိထျန်းဆီသို့ လှမ်းကြည့်လိုက်သည်။
“ခင်ဗျားရဲ့ လူပြန်ဝင်စားခြင်းကျင့်စဉ်က ဖယောင်းနဂါးရဲ့ မသေနိုင်ပြီး မပျက်စီးလွယ်တဲ့လောကထက် အဆပေါင်းများစွာ
နိမ့်ကျတယ်...”
ပို၍တိကျစွာပြောရလျှင် တိထျန်းက စုမင်ကိုယ်ပေါ်တွင်ထားခဲ့သောမှန်ထဲမှ မှန်လောကမှာလူပြန်ဝင်စားခြင်းက ဖယောင်းနဂါး၏မသေနိုင်ပြီး မပျက်စီးနိုင်သော လောကနှင့် ဆင်တူလေသည်။
သို့သော်လည်း စုမင် မသေနိုင်ပြီး မပျက်စီးနိုင်သော လောကရှိ လူဝင်စားခြင်း သံသရာတစ်လျှောက်တွင် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ ထို့နောက် သူ၏ စိတ်ဆန္ဒကို ပြင်းပြင်းပြပြထားကာ ထိုလောကမှ ထွက်ခွာသွားခဲ့သည်။ ထိုလောကနှင့်ယှဥ်လျှင် တိထျန်း၏ကျင့်စဉ်က ရိုးရှင်းလေသည်။
စောစောက စုမင်မှာ မေ့မြော နစ်မြုပ်သွားပြီး လွန်ခဲ့သော နှစ်ရာပေါင်းများစွာက နက်မှောင်တောင်သို့ ပြန်သွားခဲ့သည်။ သို့သော် စုမင်မလိုလားပါက ပြန်သွားစရာလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ထိုအမှတ်(မာန်စိတ်ဝိညာဉ်တောင်တန်း)ကို ရှာဖွေလိုသောကြောင့် စောစောက မေ့မြောသွားခဲ့သည်။
စိတ်ရှုပ်ထွေးပြီး သုန်မှုန်နေသော
တိထျန်းမျက်နှာတွင် ထိတ်လန့်နေသည့်အမူအရာတစ်ခုရှိသည်။ အရာအားလုံးသည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပြီး မည်သည့်အရာကိုမျှ ပြောင်းလဲပစ်ရန် လုံးဝမဖြစ်နိုင်ပေ။ ထိုအချိန်တွင် စုမင်က သူ၏ထိန်းချုပ်မှုမှ တကယ်လွတ်မြောက်သွားကြောင်း သိလိုက်ရသည်။ ထိုအချိန်မှစ၍ စုမင်က သူနှင့် မည်သို့မျှ အဆက်အစပ်မရှိတော့ဘဲ သူ့ကို လူပြန်ဝင်စားဖြစ်အောင် မလုပ်နိုင်တော့ကြောင်း သူသိသည်။
ထို့အတွက်ကြောင့် သူ့ကို စောင့်ကြိုနေသည့်အရာက ဤအစီအစဥ်တွင် ပါဝင်နေသော အင်မော်တယ်ဂိုဏ်းဝင်များသာမကဘဲ စုမင်ကပါ သူရင်ဆိုင်ရမည့် အဖြစ်မှန်လည်း ဖြစ်ပေလိမ့်မည်..အကယ်၍.စုမင်က မာန်ပြည်ထောင်မှ လွတ်မြောက်ပြီးနောက်လည်း သူ့ကို လိုက်သတ်ရန်ကြိုးစားနေလိမ့်မည်။
စုမင်ကိုယ်တိုင်က အလွန်အမင်း အစွမ်းမထက်လွန်းသော်လည်း စုမင်၏ရင့်ကျက်လာမှုနှင့် ပြည့်စုံသောစွမ်းရည်များက တိထျန်းကို အသူရာဖန်ဆင်းရှင်၏အငွေ့အသက်များကို ပေးစွမ်းနေလေသည်။ သူက အင်မောတယ်ဒဏ္ဍာရီများတွင် ပြောခဲ့သော ဘေးကပ်ဆိုးကြီးနှင့် အင်မော်တယ်ပြည်သို့ယူဆောင်လာခဲ့သော အလောင်းကောင်ကြောင့် အကျိုးကျေးဇူးများစွာရရှိခဲ့ကြောင်းကို သတိရမိခဲ့သည်။ ဤအကျိုးကျေးဇူးကြောင့် နှစ်ပေါင်းများစွာတိုင်အောင် လူတိုင်းနီးပါး ကျင့်ကြံခြင်းလမ်းစဥ် အတိုင်း လျှောက်လှမ်းနိုင်ခဲ့သည်။ အကယ်၍ တစ်ခုခုမှားယွင်းခဲ့လျှင် အင်မော်တယ်များထံ ကပ်ဘေးအန္တရာယ်အသစ်တစ်ခု ကျရောက်လာမည်ဖြစ်သည်။
တိထျန်း ခေါင်းထဲတွင် ရူးသွပ်သော အတွေးတစ်ခုက ရုတ်ချည်း ပေါ်လာခဲ့သည်။
‘သူ့ကို မာန်ပြည် ထောင်လောကကနေ လုံးဝ ထွက်ခွာခွင့် မပြုနိုင်ဘူး’
ထိုစဉ် စုမင်၏မျက်လုံးများမှာ ထူးဆန်းတဲ့ အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူ အသက်လမ်းကျင့်စဉ်သို့ လျှောက်လှမ်းလာသည်နှင့်တစ်ပြိုင်နက် မရဏပင်လယ်၏နက်နဲရာတွင် တည်ရှိသည့် မဟာယွီအင်ပါယာနန်းတော်ကြားတွင် သေးငယ်သောချိတ်ဆက်မှုတစ်ခု မွေးဖွားလာကာ ပို၍အားကောင်းလာသည်။
စုမင်က တိထျန်း ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအချိန်တွင် တိထျန်း၏ မျက်လုံးများတွင် သွေးသွေးကြောမျှင်များ ပြည့်လာကာ ကျန်ဦးခေါင်းက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအားဖြင့် တိထျန်းက သူ့စွမ်းရည်များကို အားပိုကောင်းအောင် လုပ်ခဲ့သည်။
“ကံကြမ္မာရဲ့ ကောင်းကင်ဘုံ ပြစ်ဒဏ် - ကြယ်ကိုးပွင့်မှ အလင်းတန်း.. ကြယ်တွေရဲ့ တောက်ပမှုကို ချန်ထားခဲ့...”
တိထျန်း၏ ပေါက်ကွဲသံက သူ့ဟိန်းဟောက်သံနှင့်အတူ လေထဲတွင် တဟုန်ထိုးမြည်လာသည်။ သူ့ခေါင်း ပေါက်ကွဲသွားသည့် နေရာတွင် ပုံရိပ်ယောင်တစ်ခု ချက်ချင်းပေါ်လာသည်။ ထိုပုံရိပ်ယောင်က ရေမျက်နှာပြင်နှင့်တူပြီး ကျင့်ကြံခြင်းဂြိုလ်ကိုးလုံးက ၎င်း၏မျက်နှာပြင်တွင် ရောင်ပြန်ဟပ်နေသည်။ ထိုဂြိုလ်ကိုးလုံးမှ အားကောင်းသောအလင်းတန်းများကို ထုတ်လွှတ်နေပြီး စုမင်ဆီသို့ အမှန်တကယ်ဖြာကျသွားသည် ။
စုမင်က ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခိုက်တွင် အဆုံးမရှိ စွမ်းအားကြီးမားသော အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သွားသည်။ စုမင် ဘာမှမတတ်နိုင်ခဲ့ပေ။ သူခြေလှမ်းလှမ်းပြီးနောက် ဂြိလ်ကိုးလုံးပါသော မျက်နှာပြင်က ပေါ်လာသည်။
“ငါ့ရဲ့အသက်လမ်းကျင့်စဉ်နဲ့ ကျိန်စာတိုက်မယ်...”
စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး မျက်နှာပြင်ဆီသို့ တွန်းလိုက်သည်။
သူ့လက်ဖဝါးဖြန့လိုက်သည်နှင့် ရေထဲသို့ ချက်ချင်း မှင်သွန်းလောင်းသလို ဖြစ်သွားပြီး ထိုပုံရိပ်ယောင်က အနက်ရောင်ပြောင်းလဲသွားသည်။ ထိုနေရာမှ ဆွေးမြေ့မှုတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် မီးခိုးလုံးများ ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းတို့က စုမင်အနီးတစ်ဝိုက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ထိုအချိန်မှာပင် အခြားတစ်နေရာမှ တိုးတိုးတိတ်တိတ် ညည်းတွားသံထွက်လာသည်။
ထိုအရာက စုမင်၏ ကျိန်စာပင်ဖြစ်သည်။ တိထျန်း၏ မှော်ဆန်သော ခန္ဓာကိုယ်က ပြိုကွဲသွားရလျှင်တောင် ကျိန်စာက ထိုခန္ဓာကိုယ်နဲ့ ဆက်စပ်နေသော အရင်းပမြစ်ကို လိုက်ရှာပြီး ပုပ်ပွပျက်စီးသွားအောင် လုပ်မည်ဖြစ်သည်။
တိထျန်း၏ မှော်ခန္ဓာကိုယ် ပြိုကွဲသွားပြီး စုမင်၏ ကျိန်စာက သူ့နောက်ကို အရိပ်ပမာ လိုက်သွားခဲ့သည်။ ကောင်းကင်ရှိ အပြာရောင်အဝတ်စက ပြန့်ကျဲသွားပြီး အဘိုးအို၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သစ်သားပုလွေ၏သံစဉ်များက ဝေဝေဆာဆာပျံ့လွင့်လာသည်။
“စုမင် ငါမင်းကို မာန်စိတ်ဝိညာဉ်တောင်တန်းမှာ စောင့်နေခဲ့တာ....”
အပြာရောင်အဝတ်စများ ပျောက်ကွယ်သွားကာ ကောင်းကင်က ဝဲဂယက်အသွင်ပြောင်းလဲသွားသည်။ ယခင်က ဆင်းသက်လာခဲ့သည့် ကျင့်ကြံခြင်း ဂြိုလ်များသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသော်လည်း အင်မော်တယ်များဆင်းသက်ရာ မှော်အစီအရင်နှစ်ခုက တောက်ပနေပြီး လူများ၏ ပုံသဏ္ဍာန်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်နေပါသည်။
ဆယ်ယောက်..အယောက် တစ်ရာ၊ အယောက် တစ်ထောင်…ထိုစဉ် လူတစ်သောင်းနီးပါး ပေါက်ကွဲသံနှင့်အတူ ပေါ်လာသည်။