← Chapters

မဟာယွီအင်ပါယာထွက်ပေါ်လာခြင်း

Vol. 50 Ch. 690

မဟာယွီအင်ပါယာထွက်ပေါ်လာခြင်း

Vol. 50 Ch. 690

ထိုပမာက လူတစ်သောင်းနီးပါးလောက်များပြားလေသည်။

တစ်ချိန်တည်းမှာ အင်မော်တယ်များ ထောင်သောင်းချီ၍ ဆင်းသက်လာသည်။ ယခင်က‌တောင် ထိုသို့ဆင်းသက်တာမျိုးက ရှားပါးလေသည်။ ဟိုးရှေးရှေးတုန်းက အင်မော်တယ်များ၏ကျူးကျော်တိုက်ခိုက်မှုကြီးဖြစ်သောမဟာယွီအင်ပါယာကို တိုက်ခိုက်ခဲ့တုန်းကသာ တစ်ခါဆင်းသက်လာခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော် အချိန်တိုတိုအတွင်း ဤမျှအတိုင်းအတာဖြင့် ဆင်းသက်ခြင်းက အင်‌မော်တယ်အရင်းအမြစ်အများအပြားကို ဖြုန်းတီးခြင်း ဖြစ်သည်။ တကယ်အရေးကြီးတာက မနက်ခင်းတာအို လောက၏စွမ်းအားများကို ထုတ်သုံးရန်ဖြစ်သည်။

မနက်ခင်းတာအိုလောက၏ စွမ်းအားသည် စစ်မှန်သောတာအိုလောကတွင် အပြင်းထန်ဆုံး စွမ်းအားဖြစ်ပြီး တာအိုပညာရှင်ချန်ကိုယ်တိုင်က ၎င်းတို့အပေါ် ပေးအပ်ထားသော စွမ်းအားဖြစ်သည်။ သို့ပေမယ့် ထိုစွမ်းအားက နည်းနည်းလေးသာ ကျန်ရှိတော့သည်။ ထို့အပြင်... တာအိုပညာရှင်ချန်က အံ့အားသင့်ဖွယ်ကိစ္စတစ်ခုခုကို ပြုလုပ်ပြီးကတည်းကဆိုလျှင် အချိန်အတော်ကြာခဲ့ပါပြီ။

မနက်ခင်းတာအိုလောက၏ စွမ်းအားကို အသုံးချခြင်းအပြင်၊ ကျင့်ကြံသူတိုင်းက ယင်မရဏနယ်မြေရှိဥပဒေများကို ချိုးနှိမ်နိုင်စေရန်အတွက် ၎င်းတို့၏ အသက်စွမ်းအားအချို့ကို စတေးရမည်ဖြစ်သည်။ သူတို့စတေးခဲ့ရ‌သော အသက်စွမ်းအားပမာဏက မယုံနိုင်လောက်အောင် များပြားနေခဲ့သည်။ ၎င်းက ထောင်သောင်းချီသော လူများ ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါပေ။ ထိုသို့လုပ်ဆောင်ရန် သူတို့၏အသက်စွမ်းအား၏တစ်စိတ်တစ်ပိုင်းကို စတေးရန်အတွက် အဆတစ်ရာနီးပါးမျှ ဆင်းသက်လာသော အင်မော်တယ်ပမာဏအထိ လိုအပ်မည်ဖြစ်သည်။ သို့သော် သူတို့က ဆုံးရှုံးခဲ့ရသော အသက်စွမ်းအားပမာဏကို ဘယ်တော့မှ ပြန်မရနိုင်ပေ။

လူအမြောက်အမြားကို ပို့ဆောင်နိုင်စေရန် ၎င်းတို့၏ မြင့်မြတ်ပြီး အဖိုးမဖြတ်နိုင်သော ရတနာအချို့ကိုပင် အသုံးပြုရန် လိုအပ်သည့် အခြေအနေအချို့လည်း ရှိသေးသည်။ ထို့ပြင် ၎င်းတို့က ယင်မရဏဒေသတွင် အင်မော်တယ်များကို အချိန်အကြာကြီး ထားနိုင်မည်မဟုတ်ပေ။

လွန်ခဲ့သောနှစ်များတစ်လျှောက် သန်းပေါင်းများစွာသောအင်မော်တယ်များ မာန်ပြည်ထောင်သို့ ဆင်းသက်လာချိန်ရှိခဲ့ဖူးသည်။ ထိုအင်‌မော်တယ်များက တိုက်ပွဲကို အနိုင်ယူနိုင်သော်လည်း ၎င်းတို့ပေးဆပ်ရသည့်တန်ဖိုးနှင့်‌ ယှဉ်လျှင် အဆမတန်ရင်းနှီး‌ပေးရသောအောင်ပွဲပင်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အင်မော်တယ်များက ပြန်လည်ကောင်းမွန်လာခဲ့သည်။

ယခုကတော့ ထိုကဲ့သို့ပေးဆပ်မှုမျိုး မလိုအပ်တော့ပေ။ သို့ပေမဲ့ ထောင်သောင်းချီသောအင်မော်တယ်များကို ပို့‌ဆောင်ရန် အဖိုးအခကြီးလေသည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ မရဏပင်လယ်ရှိ မဟာယွီအင်ပါယာမြို့တော်နှင့်သူ့အကြား ဆက်စပ်မှု ပိုမိုကြီးထွားလာကြောင်း သူ ခံစားရနိုင်သည်။ သူက ကျီအန်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ကုန်းမြေပေါ်ရှိ သောင်းနှင့်ချီသောအင်မော်တယ်များကို လှမ်းကြည့်လိုက်သည်။ အားလုံးက သူ့ကြောင့် ထိတ်လန့်တုန်လှုပ်သွားကြပြီး သူက အားလုံးကို စိုက်ကြည့်သည့်အခါ ခေါင်းငုံ့သွားကြသည်။

ထို့နောက် စုမင်၏အေးစက်သောအသံက လေထဲမှာပဲ့တင်ထပ်သွားလေသည်။

“မာန်ကျင့်ကြံသူတွေ အားလုံး.. နားထောင်ကြ..ငါတို့ကို ပြန်တိုက်ခိုက်တဲ့ အင်မော်တယ်တွေအားလုံးကို သတ်ပစ်...”

စုမင်က ထိုစကားများကိုပြောပြီးချိန်တွင် နယ်မြေရှိမာန်ကျင့်ကြံသူခြောက်သောင်းနီးပါး၏ “သတ်ပစ်ကြ..” ဟူသော ကြွေးကြော်သံများက ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း တုန်လှုပ်သွာစေသည်။ သောင်းနှင့်ချီသောမာန်ကျင့်ကြံသူများက အင်မော်တယ်သူများဆီသို့ ဦးတည်ရန် ကောင်းကင်ယံကို ဖြတ်သွားကြသည်။

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လူအုပ်ကြားတွင် ပေါ်လာသည် ။ သူက အင်မော်တယ်များဆင်းသက်လာရာမှော်အစီအရင်ကို ရိုက်ချိုးပစ်ရန် သူ့ညာလက်ကို မြှောက်လိုက်သည်။

သူက အင်မော်တယ်များကို မသတ်ဘဲ မှော်အစီအရင်ကိုဖျက်စီးခဲ့သည်။

ယခင်စွမ်းအားဖြင့်ဆိုလျှင် စုမင်က ထိုတိုက်ပွဲကိုစတင်ရန် အိပ်မက်ပင် မမက်နိုင်ခဲ့ပေ။ ယခု... သူက အသက်လမ်းကျင့်စဉ်သို့ ဝင်ရောက်လာသောအခါတွင် မယုံနိုင်လောက်အောင် ကြီးမားသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူဆန္ဒအတိုင်း လုပ်ပိုင်ခွင့်လည်းရှိသည်။

စုမင်က မှော်အစီအရင်ကိုတုန်လှုပ်သွားအောင် ရိုက်လိုက်သည်နှင့် ကျီအန်း၏အမူအရာပြောင်းလဲသွားလေသည်။သူ တုံ့ဆိုင်းမှုနှင့် ရုန်းကန်မှုများ ပြည့်နှက်နေချိန်တွင် စုမင်ဧ။်အကြီးဆုံးအစ်ကိုရှင်းကန်က ကြီးမားလှသော တိုက်ပွဲပုဆိန်ကို ကိုင်ဆောင်ကာ အေးစက်သောအကြည့်ဖြင့် ကြည့်နေ လေသည်။

တစ်ချိန်တည်းမှာပင် သောင်းနှင့်ချီသော လူများကြားမှ တိုက်ပွဲသံများ လေထဲသို့ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ဆင်းသက်လာသောအင်မော်တယ်များက

အသင့်အနေအထားပြင်ဆင်ထားခဲ့သည်။ သူတို့ဆင်းသက်လာပြီး ရုပ်ပိုင်းဆိုင်ရာအသွင်မရခင် သူတို့မမြင်နိုင်သော လက်များက တစ်ခုခုကိုဖိချေပြီး အသွင်သဏ္ဍာန် ချက်ချင်း ရရှိခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များက အပြည့်အ၀ ထင်ရှားလာပြီး မာန်ကျင့်ကြံသူများကို

စတင်တိုက်ခိုက်ကြသည်။

“အချုပ်အခြာအာဏာပိုင်သုံးဦးနဲ့ဧကရာဇ်ငါးပါးထံ သတင်းပို့ကြ...သူပုန်တွေ ပုန်ကန်ကြကုန်ပြီ..အရှေ့မြေရိုင်းနယ်မြေနဲ့တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာရှိတဲ့မာန်ကျင့်ကြံသူတွေကို အားလုံး စံနမူနာယူရအောင် ရက်ရက်စက်စက်သတ်ပစ်ကြ...”

ပြင်းထန်သောဖိအားများဖြင့် ပြည့်နေသော အသံက ဝဲဂယက်အတွင်းရှိမှော်အစီအရင်များထံမှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လူရာနှင့်ချီ ထွက်သွားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများက စွမ်းအားကြီးနယ်ပယ်၏ လှိုင်းလုံးများဖြစ်သည်။ ၎င်းတို့အားလုံးက ထိုနယ်ပယ်ရှိ မဟာစက်ဝန်းအဆင့်သို့ မရောက်ခဲ့ကြသော်လည်း ကြောက်မက်ဖွယ်အရှိန်အဝါကိုထုတ်လွှင့်ပေးနေလေသည်။

တစ်ချိန်တည်းမှာပင် ထိုအသံက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ စုမင်က ကောင်းကင်ယံရှိ မှော်အစီအရင်ကို လက်သီးဖြင့် ထိုးလိုက်ခြင်းဖြစ်သည်။ ထိုစဉ် လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားပြီး မှော်အစီအရင်က ချက်ချင်းပင် တုန်ခါလာသည်။

ထိုကျယ်လောင်သော ဆူညံသံက စစ်မြေပြင်၏ ကန့်လန့်ကာများကို ဖွင့်ချလိုက်သလိုဖြစ်ကာ တိုက်ပွဲသံများ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ သောင်းနှင့်ချီသောအင်မော်တယ်များနှင့်

မာန်ကျင့်ကြံသူများ တိုက်ခိုက်ကြရာ.. ကောင်းကင်ယံမှ သွေးမိုးများ ရွာချလာသည်ကို မြင်တွေ့ခဲ့ရသည်။ထိုသွေးများက မြေပြင်ကို စိုစွတ်သွားစေပြီး အလောင်းများစွာထွက်ပေါ်လာလေသည်။ စုတ်ပြဲနေသော အသားစများက အပေါ်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်ရှိအင်မော်တယ်များက ကောင်းကင်ကို ဆက်လက် စိုက်ကြည့်ရင်း တုန်လှုပ်သွားကြသည်။ ထို့နောက် စုမင်ကို စိုက်ကြည့်နေလေသည်။

စုမင် ကောင်းကင်သို့ပျံသန်းပြီး ပြင်းထန်သောအကြည့်ဖြင့် တိုက်ပွဲဝင်ရန် ကြံရွယ်လိုက်သည်။ ထို့နောက် အင်မော်တယ်တစ်ယောက်၏ခန္ဓာကိုယ်ကတစ်ခုခုဖြင့် ဝင်တိုက်မိသွားသကဲ့သို့ ထင်ရသည်။ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ဤရက်စက်ကြမ်းကြုတ်သောမြင်ကွင်းက ချက်ချင်းပင် အင်မော်တယ်အားလုံးကို ရပ်တန့်သွားစေသည်။ မမြင်နိုင်သော အတားအဆီးတစ်ခုက ၎င်းတို့၏ ဦးခေါင်းထက် ပေတစ်ရာကျော် လေထုထဲတွင် ရှိနေခဲ့သည်။ အပြင်ဘက်ကလူအားလုံးက အတားအဆီးထဲကို ဝင်နိုင်သော်လည်း အတွင်းကလူကတော့ အလျင်စလိုမထွက်နိုင်ကြပေ။ လှောင်အိမ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။

စုမင်က ဤအတားအဆီးကို ထားရှိခဲ့သူဖြစ်ပြီး မြေပြင်ပေါ် ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အင်မော်တယ်များကို မသတ်ရန် အဘယ်ကြောင့် ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် ရှိ လေသည်။

ကောင်းကင်ယံ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ စုမင်က ညာလက်ကို မြှောက်လိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ပျက်စီးခြင်းလှိုင်းလုံးများက သူ့ခန္ဓာကိုယ်မှ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပဲ ထိုလှိုင်းလုံးများက မှော်အစီအရင် ထဲကို ရောက်သွားသလို၊ သူနှင့် ပိုနီးစပ်ချင်သောအင်မော်တယ်အားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။။

“အင်မော်တယ်တွေရဲ့မှော်အစီအရင်..”

စုမင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာသည်။ ထိုအခိုက်အတန့်တွင် မရဏအငွေ့အသက် အများအပြားက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ ထို့အတွက်ကြောင့် စုမင်က အမျက်ဒေါသနှင့် ပြည့်နေပုံရသည်။

ထို့နောက် သူ့ညာလက်ကို မြှောက်လိုက်ပြီး နောက်ထပ် လက်သီးတစ်ချက် ပစ်လိုက်သည်။

ထို့နောက် နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ကျယ်လောင် သောပေါက်ကွဲသံတစ်ခုထွက်လာသည်။ ၎င်းနှင့်အတူ မှော်အစီအရင် တွင် အဆုံးမရှိသောအက်ကြောင်းများ ပေါ်လာပြီး မှော်အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဆက်လက်ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း ထိုအက်ကွဲကြောင်းများ ချက်ချင်းပေါ်လာပြီး ချက်ချင်းဆိုသလို တောက်ပသောယန်အရှိန်အဝါက ပျံ့နှံ့သွားသည်။ မှော်အစီအရင်ကို ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားပြီး စုမင်က မဖျက်ဆီးနိုင်ပုံရသည်။

ထိုစဉ်အင်မော်တယ်နဂါးငွေ့တန်းမှ အဆုံးမဲ့ တိုက်ကြီးများရှိရာ ဒေသဆီသို့ ရှည်လျားသော လှိုင်းတံပိုးများ ထွက်ပေါ်လာသည်။ ထိုနေရာတွင် အင်မော််တယ်များ သောင်းနှင့်ချီရှိခဲ့သည်။

မျောလွင့်တိုက်ကြီးတစ်ခုတွင် မယုံနိုင်လောက်အောင်ကြီးမားသော မှော်အစီအရင် တစ်ခုရှိသည်။ ထိုအချိန်တွင်လူထောင်ပေါင်းများစွာက တရားထိုင်နေရင်း ခုခံကာကွယ်ခဲ့ကြသည်။ ၎င်းတို့ထဲတွင် ကြီးမားသော စွမ်းအားရှိသော အဘိုးကြီး သုံးဦး ရှိပြီး ၎င်းတို့ကမှော်အစီအရင်၏ အလယ်ဗဟိုတွင် ထိုင်နေကြသည်။

နေရာရွှေ့ပြောင်းမှုတစ်ခုစီတိုင်းတွင် ဤထောင်ပေါင်းများစွာသောလူများက ချက်ချင်းအသက်ကြီးလာမည်ဖြစ်သည်။ ထိုနောက် ထိုလူများက ချက်ချင်းပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း လူသစ်များက ချက်ချင်းနေရာယူလိုက်သည်။ မှော်အစီအရင် လည်ပတ်နေစေရန် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ စစ်သည်များကို မာန်ပြည်ထောင်သို့ ဆက်လက်စေလွှတ်ခဲ့သည်။

စုမင်ကြောင့် မာန်ပြည်ထောင်တွင် ကျယ်လောင်သောအသံများ ပဲ့တင်ထပ်နေချိန်တွင် မှော်အစီအရင်က ဆက်လက် တောက်ပနေသည်။ အက်ကြောင်းများပေါ်လာသော်လည်း လူထောင်ပေါင်းများစွာက ဆက်လက်စွမ်းအားဖြည့်နေသဖြင့် မှော်အစီအရင်ကချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

မှော်အစီအရင်က ဆက်လက်လည်ပတ်နေချိန်တွင် အင်မော်တယ်များ အထဲသို့ဝင်ရောက်ကာ လျင်မြန်စွာ နေရာပြောင်းသွားခဲ့သည်။

“ကွဲအက်စမ်း...”

စုမင်၏ဟိန်းဟောက်သံက ဟင်းလင်းပြင်ကို တောင် ဖြိုခွဲပစ်နိုင်သည် ။ သူ၏ ခန္ဓာကိုယ်က အနက်ရောင် ကြယ်တစ်ပွင့်ကဲ့သို့ လေထဲသို့ ပစ်လွှတ်လိုက်သည်။ သူက မှော်အစီအရင်ကို ဝင်တိုက်မိသည်နှင့် တပြိုင်နက် ပြင်းထန်စွာ တုန်ခါလာသည်။

သို့ပေမဲ့ မပြိုကွဲခဲ့ပေ။

စုမင်က ခေါင်းငုံ့ပြီး ဟိန်းဟောက်လိုက်သည်။ သူက အင်မော်တယ်လူအုပ်ထဲသို့ပစ်ဝင်သွားသော် သူသွားလေရာရာရှိ အင်မော်တယ်များမှာ ခုခံနိုင်စွမ်းမရှိပေ။ စုမင်က သွေးနဂါးတစ်ကောင်နှင့်တူပြီး သွေးချောင်းစီးမှုများကို ပိုဖြစ်စေသည်။

စုမင်က စက်ဝိုင်းတစ်ခုလုပ်ပြီးနောက် သူသတ်ခဲ့သောလူများအားလုံး ဖိတ်စင်ခဲ့သောသွေးများကို ယူဆောင်လာပြီး သူ့ကိုယ်သူ ဝိုင်းရံထားသည်။ သွေးနဂါး ပေါ်ပေါက်လာချိန်တွင် ယင်မရဏနယ် မြေဆီသို့ အရှိန်တင်ခဲ့သည်။

“အင်မော်တယ်တွေရဲ့လတ်ဆတ်တဲ့သွေးနဲ့ ယင်မရဏမြူခိုးတွေကို ဆင့်ခေါ်မယ်.. ငါလက်လှမ်းမီသမျှတည်ရှိမှုအားလုံး..သင်တို့ရဲ့မရဏအရှိန်အဝါကို ချေးငှားဖို့ ဆန္ဒရှိလား... “

စုမင်က ယင်မရဏဝဲဂယက်ရှေ့မှာ ရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်က လတ်ဆတ်‌ သောသွေးများက ဝဲဂယက်ထဲသို့ တိုးဝင်သွားလေသည်။

စိတ်လှုပ်ရှားဖွယ်ဟိန်း ဟောက်သံများက ဝဲဂယက်ထဲမှ ချက်ချင်းထွက်လာသည်။ အနက်ရောင် ရေနဂါးများ ပေါ်လာပြီး ထိုသွေးများကို စုပ်ယူနေလေသည်။ ထို့နောက်တွင် ပို၍ထူးဆန်းသော သားရဲများက မြူခိုးများထဲတွင် ပေါ်လာပြီး ရူးသွပ်စွာ ဝါးမျိုလာကြသည်။

စုမင်က အသက်လမ်းစဉ်ပေါ်သို့ရောက်ရှိလာချိန်တွင် အင်မော်တယ်ပြည်မှ သူ့ကိုခေါ်ဝေါ်သည့် အဆုံးမရှိသော အသံများကို သူခံစားခဲ့ရရုံသာမက တည်ရှိနေသည့် ယင်မရဏဝဲဂယက်ရှိ အဆုံးမရှိ ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များကိုပါ ခံစားလိုက်ရသည် ။ ထိုရက်စက်ကြမ်းကြုတ်သောဝိညာဉ်များက မရဏအငွေ့အသက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်၊၊ ၎င်းက မာန်ပြည်ထောင်ရှိသေဆုံးမှုအားလုံး၏အရင်းအမြစ်ဖြစ်ခဲ့သည်။

ရက်စက်သော ဝိညာဉ်များက အင်မော်တယ်တို့၏သွေးများကို မျိုချလိုက်သောအခါ ၎င်းတို့၏မျက်လုံးတွင်အနက်ရောင် အလင်းတန်းများ ပေါ်လာသည်။ ထို့နောက် စုမင်ဆီသို့ တစ်ဟုန်ထိုးပြေးသွားကြလေသည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များကြားတွင် ရေနဂါးများအပြင် အခြားသော ထူးဆန်းသော သက်ရှိပုံစံများ အများအပြားရှိခဲ့သည်။ မည်သို့ပင်ပုံသဏ္ဍာန်ရှိစေကာမူ စုမင်ကို ဝိုင်းရံနေသော အနက်ရောင်မြူခိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ပေထောင်ပေါင်းများစွာအထိ ပျံ့နှံ့နေသော အနက်ရောင်မြူခိုးများက စုမင်ကို ဖုံးလွှမ်းထားကြသည်။

“အင်မော်တယ်တွေဆင်းသက်တဲ့မှော်အစီအရင်ကိုဖြိုခွဲပစ်...”

စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး မှော်အစီအရင်နားသို့ နီးကပ်လာသည်။ သူ၏ ညာလက်ကို မြှောက်ကာ ထိုမှော်အစီအရင်ဆီသို့ ပထမဆုံး ပစ်ချလိုက်သည်။

ထိုလက်သီးများ ကျရောက်ချိန်တွင် ပေတစ်သောင်း ဧရိယာကို လွှမ်းခြုံထားသည့် မရဏအရှိန်အဝါက လက်သီးဖြင့် ရှေ့သို့ တိုးထွက်လာသည်။မှော်အစီအရင်မှ ယခင်က တစ်ခါမှ မထွက်ဖူးသော ကျယ်လောင်သံကို လွှင့်ထုတ်လိုက်သည်။ အင်မော်တယ်တို့၏ တိုက်ကြီးရှိမှော်အစီအရင်ကို ခုခံကာကွယ်သည့် ထောင်ပေါင်းများစွာသော လူများ၏နာကျင်စွာ စူးစူးဝါးဝါးအော်သံကြီး ထွက်ပေါ်လာသည်။ အနက်ရောင် မြူခိုးများက သူတို့ကို ဝိုင်းရံထားပြီး ကျိန်စာက သူတို့၏ ခန္ဓာကိုယ်များကို ယိုယွင်းစေခဲ့သည်။ အလယ်ဗဟိုရှိ အဘိုးကြီး သုံးဦး တုန်လှုပ်ခြောက်ခြားသွားပြီး ၎င်းတို့၏ အရေပြားပေါ်တွင် အနက်ရောင်အကွက်အမြောက်အများ ပေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အောက်ရှိမှော်အစီအရင်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

တစ်ချိန်တည်းမှာပင် စုမင်လက်သီးက မှော်အစီအရင် ပေါ်သို့ ကျရောက်သွားပြီး အပိုင်းပိုင်းကွဲသွားခဲ့သည်။ ပြင်းထန်သော ရိုက်ခတ်မှု လှိုင်းလုံးကြီးက ဧရိယာတစ်ခုလုံးကို ချက်ချင်း ဖြတ်ကျော်သွားသည်။

မှော်အစီအရင်မှတဆင့်ဆင်းလာသူတစ်ထောင်နီးပါးက အပိုင်းပိုင်းပြိုကွဲသွားသည်။၎င်းတို့၏ ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်အပြည့်ဖြင့် နာကျင်စွာအော်သံများ ထွက်လာသည်။

မှော်အစီအရင်ကွဲသွားသည့်အခိုက်တွင်... နောက်ထပ်အစီအရင်သုံးခုက ကောင်းကင်တွင် ချက်ချင်းပေါ်လာသည်။ မပျက်စီးသေးသော မှော်အစီအရင်နှင့်အတူ ၎င်းတို့က တောက်ပသောအလင်းရောင်ဖြင့် စတင်ထွန်းလင်းလာကာ နောက်ထပ်အင်‌မော်တယ်များ ဆင်းသက်လာသည်။စုမင်က မှော်အစီအရင်ထဲမှတစ်ခုကို ဖျက်ဆီးလိုက်သည့်အတွက် စုမင်ကို တန်ပြန်တိုက်ခိုက်နေလေသည်။

ထိုအခိုက်အတန့်တွင် စုမင်က ထူးဆန်းသော တွန်းအားကို ခံစားလိုက်ရသည်။ ထိုတွန်းအားက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန် ရှိလာသကဲ့သို့ ခံစားလာရသည်။ သူ့နှင့် မဟာယွီအင်ပါယာနန်းတော်မှာ ချည်နှောင်ထားသလိုခံစားရသည်။ သူသာ ဆင့်ခေါ်လိုက်လျှင် မြို့ကြီးက ပေါ်လာပြီး သူ့ခေါ်သံကို တုံ့ပြန်လိမ့်မည်ဟု ခံစားနေရလေသည်။

“မဟာယွီအင်ပါယာမြို့တော်...”

ထိုစကားလေးလုံးက စုမင်ပါးစပ်မှထွက်ပေါ်လာသည်။စုမင်၏ နှလုံးသားနှင့်ဝိညာဉ်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

မာန်ပြည်ထောင်၏မရဏပင်လယ်တွင် ပေပေါင်းသောင်းနှင့်ချီ ပျံ့နှံ့ခဲ့သော အဆုံးမရှိ အေးခဲနေသော လေထုက ရူးသွပ်စွာ ထွက်ပေါ်လာသည်။ ထိုလေထုက စကြဝဠာကြီးကို အေးခဲသွားစေနိုင်ပြီး ပေါက်ကွဲထွက်လာလေသည်။ ထိုစဉ် မရဏပင်လယ်တစ်ခုလုံးရှိလှိုင်းပုတ်သံများ ချက်ချင်းရပ်တန့်သွားသည်။

ခေတ်အဆက်ဆက် မြှုပ်နှံထားခံရပြီးနောက် ကြီးမားခမ်းနားလွန်း၍ စကားလုံးများဖြင့် ဖော်ပြရခက်သော မြို့ကြီး ထွက်ပေါ်လာလေသည်။

“မဟာယွီအင်ပါယာနန်းတော်...”

“မာန်ပြည်ထောင်ရဲ့သန့်စင်တဲ့မြို့ကြီး..”

All Chapters