မာန်ပြည်ထောင်ရဲ့တိုးတက်မှု
Vol. 50 Ch. 691
မရဏပင်လယ်သေ၏ နက်နဲရာမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် ဤမြို့ပျက်ကြီးက ပေါ်ထွက်လာလေသည်။ ထိုမြို့မှ အေးခဲနေသောလေထုက နယ်မြေအနှံ့ကို ချက်ချင်း ပျံ့နှံ့သွားလေသည်။
မရဏပင်လယ်နှင့်ဆက်စပ်သောနယ်မြေများက အေးခဲသွားလေသည်။ထို့ပြင်ကောင်းကင်ရှိ ဝဲဂယက်အတွင်း လှည့်ပတ်မှုများလည်း နှေးကွေးသွားသည်။
မာန်ပြည်ထောင်၏ရာသီဥတုက ပို၍ အေးလာသည်။
မဟာယွီဧကရာဇ်မြို့တော်က မယုံနိုင်လောက်အောင် ကြီးမားသည်။ မရဏ ပင်လယ်မှ ထွက်ပေါ်လာသည့်အခါ၊ မြို့ကျုံးများ၊ မြို့ရိုးများအပြင် အတွင်းဘုံဗိမာန်များစွာတို့သည် လူတိုင်း၏မျက်စိရှေ့တွင် ထင်ရှားလာခဲ့သည်။ ဤအဆောက်အအုံများက အံ့သြဖွယ်ကောင်းသောလေထုကို ပေးစွမ်းနိုင်သော်လည်း ၎င်းတို့အားလုံး အေးခဲသွားခဲ့သည်။ မြို့ကျုံးပဲဖြစ်ဖြစ် နန်းတော်ပဲဖြစ်ဖြစ် အားလုံးကို ရေခဲအလွှာများနှင့် ဖုံးအုပ်ထားခြင်း ခံရလေသည်။
မဟာယွီအင်ပါယာမြို့တော်က မြို့ပုံစံပေါက်နေသောဧရာမရေခဲတုံးကြီးပင်ဖြစ်သည်။
သူ့မှာ ကိုယ်ပိုင် အသိဥာဏ် ရှိပုံရသည်။စုမင်က ၎င်းကို ဆင့်ခေါ်လိုက်သော် ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် မြို့ပေါ်ရှိ ရေခဲများက တွန့်လိမ်ပုံပျက်သွားပြီး ပြုတ်ကျသွားသည်။
သို့သော် အေးခဲနေသောလေထုသည် ပျောက်ကွယ်မသွားပေ။ ယင်းအစား ပို၍တောင် အားကောင်းလာသည်။ ထို့နောက် စုမင်က စစ်ပွဲကြားထဲရပ်နေစဉ် လေထုက စတင်ပုံပျက် လာလေသည်။
ရုတ်တရက် မြင့်တက်လာသော မြို့ တော်မှပြင်းထန်သော ဖိအားတစ်ခုက ပျံ့နှံ့သွားသည်။ ထိုပြင်းထန်သောဖိအားက ရုပ်ခန္ဓာရှိသကဲ့သို့ခံစားရပြီး မည်သည့်နေရာသို့သွားသည်ဖြစ်စေ ချက်ချင်းငြိမ်သက်သွားမည်ဖြစ်သည်။အင်မော်တယ်များ၏အမူအရာများက ချက်ချင်းပြောင်းလဲသွားသည်။သူတို့၏ ခန္ဓာကိုယ်၊ အခြေတည်နတ်ဘုရားများနှင့် စိတ်ဝိညာဉ်များကို ရူးသွပ်သော စွမ်းအားဖြင့် ဖြိုခွဲခံရကြောင်း ခံစားလိုက်ရသည်။ သူတို့အားလုံးက ကောင်းကင်တွင် မနေနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ဒါ...ဒါက မဟာယွီအင်ပါယာမြို့တော်ကြီးပဲ...”
“ဒါဟာ သန့်စင်တဲ့မြို့ကြီးပဲ.. ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့တဲ့ မဟာယွီအင်ပါယာနန်းတော်ပဲ”
မာန်ကျင့်ကြံသူများက စိတ်ဆန္ဒပြင်းပြ နေခဲ့သည်။ မယုံကြည်နိုင်မှုများနှင့်အဆုံးမဲ့ စိတ်လှုပ်ရှားမှုကြားတွင် သူတို့က မယာယွီအင်ပါယာမြို့တော်ကို ကြည့်လိုက်ကြသည်။ သူတို့ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူတို့ခန္ဓာကိုယ်များ တုန်တုန်ယင်ယင်ဖြင့် မြို့ တော်ကို ရှိခိုးရန် ဒူးထောက်ထိုင်ကြသည်။
မာန်ကျင့်ကြံသူအားလုံး၏ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာသည်။ မဟာယွီအင်ပါယာမြို့တော်ကြီးက မာန်ကျင့်ကြံသူဟူသမျှကို ကိုယ်စားပြုသည်။ ထိုအချိန်တွင် ရေခဲဖြင့်ဖုံးလွှမ်းနေသောမြို့ကြီးကို မြင်လိုက်ရသောအခါ ဒေါသစိတ်မှ ပေါက်ဖွားလာသော မီးတောက်သည် သူတို့၏သွေးများကို လောင်ကျွမ်းလာစေသည်။
တစ်ဖက်တွင်မူ အင်မော်တယ်အားလုံးက ချက်ချင်းပင် အရောင်ဖျော့သွားကြသည်။ ကောင်းကင်ပေါ်ရှိ နေရာ ရွေ့ပြောင်းခြင်းအစီအရင်လေးခုပင် လည်ပတ်မှုရပ်တန့်သွားသည်။ အင်မော်တယ်များလည်း ဆင်းသက်တော့မည်မဟုတ်ပေ။
ထိုအရာက စုမင်၏ မှော်အစီအရင်လေးခုအ ပေါ်လက်တုံ့ပြန်မှုပင်ဖြစ်သည်။
ထိုအချိန်တွင် သူ၏ နှလုံးသားထဲတွင် အားနည်းသော ချိတ်ဆက်မှုက သူ့ကို မြို့နှင့် ချည်နှောင်ထားသလို အားကောင်းလာသည်။ အထူးသဖြင့် ထိုရေခဲများအောက်တွင် မြင့်မြတ်သော ယဇ်ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
သူက မဟာယွီပြည်ထောင်၏အချုပ်အခြာအာဏာပိုင် ဖြစ်သည်။
စုမင်က ဧကရာဇ်မြို့ရှိ အေးခဲနေသော ယဇ်ပလ္လင်အောက်တွင် ဒူးထောက်၍ လူသေအလောင်းအများအပြားကို တွေ့ခဲ့သည်။ ထိုလူအားလုံးက အတိတ်က သူရဲကောင်းများပင်ဖြစ်သည်။
လေထုက အလွန်အေးစက်နေသေးသည်။ မဟာယွီအင်ပါယာမြို့တော်ကြီးထွက်ပေါ်လာသောကြောင့် တိုက်ပွဲ အားလုံး ရပ်တန့်သွားသည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ဧကရာဇ် မြို့တော် ကြီးရှိ ဧရာမ ရေခဲတုံးကြီး ပေါ် တက်လှမ်း လိုက်သည် ။
သူ့ပတ်ဝန်းကျင်မှာ သောင်းနဲ့ချီသောမာန်ကျင့်ကြံသူများက ဒူးထောက်ကာ ငိုကြွေးနေကြသည်။ သူတို့ပိုင်ဆိုင်သောကျင့်ကြံဆင့် မည်မျှရှိစေကာမူ၊ ယခုအချိန်တွင်
သူတို့ ခေါင်းထဲမှာ အတွေးတစ်ခုသာ ရှိခဲ့သည်။ထိုအတွေးက သူတို့စိတ်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ထွက်ပေါ်လာသောမုန်တိုင်းနှင့်မီးကဲ့သို့ ဗလောင်ဆူနေလေသည်။
မဟာယွီအင်ပါယာမြို့တော်ကြီး..ဒါက သူတို့ရဲ့ သန့်စင်တဲ့မြေ...”
“ငါ့အတွေးတစ်ခုတည်းနဲ့ မဟာယွီ ဧကရာဇ်မြို့တော်ကို အဆုံးမဲ့ ပင်လယ်သေကနေ နိူးထစေခဲ့တာကွ...”
စုမင် ရေခဲပြင်ပေါ်တွင် ရပ်နေစဉ် သူ့အသံသည် လမ်းကြောင်းအရပ်ရပ်သို့ ပျံ့လွင့်နေသည်။
ယခုအချိန်တွင် မာန်ကျင့်ကြံသူအားလုံးက ဒူးထောက်ကာ မြို့ကိုကိုးကွယ်နေကြပြီး ထောင်သောင်းချီသောအင်မော်တယ်များက ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။
“မဟာယွီအင်ပါယာမြို့တော်မှာရှိတဲ့ရေခဲတွေကို မာန်ကျင့်ကြံသူရဲ့မျက်ရည်တွေနဲ့အရည်ဖျော်လိုက်.. ပြီးတော့ အင်မော်တယ်တွေရဲ့သွေးနဲ့ ရေခဲတွေကို လွင့်ပြယ်စေ...အင်ပါယာမြို့တော်ကြီးဟာ ငါတို့ပြည်ထောင်မှာ ဂုဏ်ယူဝင့်ကြွားစွာရပ်တည်လာနိုင်လိမ့်မယ်...”
“အခုကစပြီး ငါတို့ပြည်မှာ ဆင်းသက်လာတဲ့ အင်မော်တယ်တွေအားလုံးကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်...”
စုမင်ပြောသည့်အတိုင်း အင်မော်တယ်ကျင့်ကြံလမ်းစဉ်ဖြင့် ဖွဲ့စည်းထားသည့် သူ၏ အခြေတည် နတ်ဘုရားက သူ့အလိုဆန္ဒ၊ ဝိညာဉ်နှင့် ရောနှောကာ အရည်ပျော်သွားသည်။ ထို့နောက် ၎င်းက အသက်လမ်းကျင့်စဉ်နယ်ပယ်ရှိသူများအတွက်ထူးခြားသောဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး လှုပ်ယမ်းလိုက်သည်။ မြို့တော်ကို ရှိခိုးနေသောမာန်ကျင့်ကြံသူများ၏
မျက်ရည်က စုပေါင်းသွားပြီး စုမင်ဆီသို့အရှိန်တင်လေသည်။
တိတိကျကျပြောရလျှင် ၎င်းတို့က မဟာယွီအင်ပါယာမြို့တော်ကို ဖုံးကွယ်ထားသည့် ရေခဲပြင်ဆီသို့ ဦးတည်နေ လေသည်။ သူတို့၏ မျက်ရည်ပူများနှင့် ရေခဲများကို အရည်ပျော်စေပြီး မဟာယွီအင်ပါယာမြို့ကို မြင့်မားစွာ ရပ်တည်နိုင်စေခဲ့သည်။
အဆုံးမရှိသော မျက်ရည်ပမာဏက မာန်ကျင့်ကြံသူများ၏ နှလုံးသားနှင့် ဝိညာဉ်များအတွင်း အရာအားလုံးကို ယူဆောင်လာခဲ့သည်။ ထိုအချိန်တွင် မိုးရေကဲ့သို့ မျက်ရည်များ ရွာချလာပြီး မြို့တော်ကြီးကို ဖုံးကွယ်ထားသော ရေခဲပြင်ပေါ်သို့ ကျဆင်းသွားသည်။ ထိုစဉ် ရေခဲများက အရည်ပျော်သည့် လက္ခဏာများ စတင်ပေါ်ပေါက်လာပါတော့သည်။
“မလုံလောက် သေးဘူး... ငါ့ရဲ့ကျင့်ကြံသူတွေ.. ငါတို့ရဲ့သန့်စင်နဲ့မြေမှာရှိတဲ့ရေခဲတွေ အရည်ပျော်အောင် အင်မော််တယ်တွေရဲ့သွေးကို သုံးကြစို့...”
စုမင်က ခေါင်းကို အမြန်မော့လိုက်သည်။ သူ၏စကားများက မာန်ကျင့်ကြံသူ များဆီသို့ ပျံ့နှံ့သွားသည်။ ထိုစဉ် သူ့မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။
“ အင်မော်တယ်တွေရဲ့သွေးနဲ့ မြို့တော်ကြီးရဲ့ရေခဲတွေကို အရည်ဖျော်ပစ်ကြ...”
ဤစကားများက မာန်ကျင့်ကြံသူများ အားလုံး တပြိုင်နက်တည်း ကြွေးကြော်နေသည့် စကားလုံးများဖြစ်သည်။ စုမင်က မာန်နတ်ဘုရားဖြစ်လာပြီး ကျင့်ကြံသူများကို ဇာတိသွေး၊ ဇာတိမာန်ဟုန်းဟုန်းတောက်လာစေသည်။
နိုးထခြင်းနယ်ပယ်တွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့သောကျင့်ကြံသူက လေထဲတွင် ပေါက်ကွဲသံနှင့်အတူ သူ့ကနဦးကျင့်ကြံစွမ်းအားတိုးတက်လာသည်ကိုတွေ့လိုက်ရသည်။ သူက စုမင်ကိုအရိုအသေပေးလိုက်သော် နိူးထခြင်းနယ်ပယ်မှ ရိုးဆရစတေးကနဦးနယ်ပယ်သို့ ရောက်ရှိသွားလေသည်။
ထို့ပြင် သူကဲ့သို့ကျင့်ကြံသူများလည်း ကနဦးကျင့်ကြံစွမ်းအားများပေါက်ကွဲကာ ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိခဲ့ကြသည်။
အလားတူပင် မာန်စွမ်းအား၏ ကျောရိုးဖြစ်သည့် ရိုးရေစတေးနယ်ပယ်တွင် ကြီးစွာသော ပြီးမြောက်အောင်မြင်ခဲ့ကြသူများက မာန်စိတ်ဝိညာဉ်ကနဦးနယ်ပယ်သို့ရောက်ရှိသွားကြသည်။
ဤသည်မှာ လူတစ်ဦးတည်း၏ကျင့်ကြံစွမ်းအားတိုးတက်လာခြင်းမဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ထိုနေရာရှိကျင့်ကြံသူများအားလုံး ခံစားရသည့်အရာတစ်ခုဖြစ်သည်။ သူတို့၏သွေးများစတင်လောင်ကျွမ်းပြီး မဟာယွီအင်ပါယာနန်းတော်မြင့်တက်လာသည့်အခါ သူတို့၏ကျင့်ကြံစွမ်းအားများ မြင့်တက်လာသည်။
ကနဦးအဆင့်ရှိသူများက အလယ်လတ်အဆင့်သို့ရောက်ရှိကြပြီး အလယ်လတ်အဆင့်ရှိသူများသည် နှောင်းပိုင်းအဆင့်သို့ရောက်ရှိခဲ့ကြသည်။ နှောင်းပိုင်း အဆင့်ရှိသူကတော့ ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်မှုကို ရရှိပြီး ပြီးမြောက်သူများက… နယ်ပယ်သစ်ကို တက်လှမ်းခဲ့သည်။
ထို့ပြင်အရှေ့မြေရိုင်းနယ်မြေရှိ မူလက အင်အားကြီးမားသည့် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော ရွှယ်ရှနှင့်ထျန်းချီအတွက် အထူးပင်ဖြစ်သည်။ သူတို့က အသက်လမ်းကျင့်စဉ်သို့အမှန်တကယ် ခြေမလှမ်းနိုင်သော်လည်း သူတို့၏ကျင့်ကြံစွမ်းအားများ မြင့်တက်လာသည်။ အသက်လမ်းကျင့်စဉ်သို့ခြေတစ်ဝက်လှမ်းနေသောကျင့်ကြံသူများဖြစ်ခဲ့ကြသည်။ သူတို့က စုမင်၏စွမ်းအား
နှင့် နှိုင်းယှဉ်၍ မရသော်လည်း ၎င်းတို့၏ တည်ရှိမှုက မာန်ပြည် ထောင်၏ အလုံးစုံ စွမ်းအားကို ကြီးမားသော အပြောင်းအလဲ ဖြစ်စေခဲ့သည်။
မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိခဲ့သော လူမျိုးစုခေါင်းဆောင်များကြားတွင် အလားတူပြောင်းလဲမှုမျိုး ဖြစ်ပွားခဲ့သည်။သူတို့၏ကျင့်ကြံစွမ်းအားများတိုးပွားလာခြင်းက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော သူတို့၏ ဟိန်းဟောက်သံများကို ထွက်လာစေရုံသာမက မာန်ကျင့်ကြံသူမျိုးဆက်များထွန်းကားလာမှုကို ကိုယ်စားပြုသည်။
“သူတို့ကိုသတ်ကြ”
စုမင်က အော်ဟစ်လိုက်ပြီး ညာလက်ကို မြှောက်ကာ မြေပြင်ပေါ်ရှိအင်မော်တယ်ကိုညွှန်ပြလိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်တွင် မရဏအရှိန်အဝါက ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင် ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး အင်မော်တယ်များကြားထဲသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် စွမ်းအားမြင့်တက်လာခဲ့သောကျင့်ကြံသူများက အင်မော်တယ်များဆီသို့အရှိန်တင်ရန် ရှည်လျားသောအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ကျယ်လောင်သောအသံများက လေထဲတွင် အုန်းခနဲထွက်ပေါ်လာသည်။ အနက်ရောင်ရေနဂါးကြီးက အင်မော်တယ်များကို စတင်သတ်ဖြတ်ပါတော့သည်။ စုမင်ဖန်တီးထားသော အတားအဆီးထဲတွင်
ပိတ်မိနေသောထောင်သောင်းမကသောအင်မော်တယ်များက စိတ်ပျက်အားငယ်မှုကိုခံစားလာရသည်။ထိုအရာများကြားတွင် လူအများစု၏အလောင်းများ ပေါက်ကွဲထွက်သွားပြီး သွေးများ လေထဲသို့ ပန်းထွက်လာသည်။
လွန်စွာရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု စတင်လေပြီ။
စုမင်နှင့်မာန်ကျင့်ကြံသူများ စွမ်းအားရလာသည်ကို စောင့်ကြည့်ရင်း ကွယ်လွန်သွားသော အင်မော်တယ်တို့၏စိတ်ဝိညာဉ်များလည်း ကြေမွသွားခဲ့သည်။
စုမင်က သူတို့အတွက် အချိန်အကြာကြီး အသက်ရှင်ခွင့်ပေးမထားခဲ့ပေ။
ထိုအချိန်တွင် သူတို့၏တန်ဖိုးမှာ ၎င်းတို့၏သွေးဖြစ်ပြီး၊ မဟာယွီအင်ပါယာမြို့တော်ရှိ ရေခဲများကို အရည်ပျော်ရန် အသုံးပြုရမည်ဖြစ်သည်။
ဤသည်မှာ စုမင်၏ လက်တုံ့ပြန်မှုဖြစ်သည်။ မှော်အစီအရင်နှစ်ခုမှ တစ်ခု ပြိုကျပြီးနောက် အခြားအစီအရင်သုံးခု ဖန်တီးခဲ့သောအင်မော်တယ် များဆီသို့ လက်တုံ့ပြန်ခြင်းဖြစ်သည်။
“မင်းတို့ တစ်ခြားမှော်အစီအရင်သုံးခုကိုဖန်တီးလိုက်တာက မှားတယ်.. ငါက မြို့တော်ကြီးရဲ့ရေခဲတွေကိုအရည်ပျော်ဖို့အင်မော်တယ်အားလုံးကိုသတ်ပစ်မှာ..မှော်အစီအရင်များများဖန်တီးပြီး အင်မော်တယ်တွေကို ဒီနေရာပို့ရင် ဒီစစ်ပွဲက မင်းတို့တစ်ဖက်တည်းပျက်စီးသွားတဲ့အထိ ကြာရှည်နေလိမ့်မယ်..”
တိုက်ပွဲသံများက လောကတစ်ခွင်ပဲ့တင်ထပ်ကာ ကျီအန်း၏ မျက်နှာက ဖြူဖျော့နေ လေ၏။ အထူးသဖြင့် တိထျန်စး၏မှော်ခန္ဓာကိုယ် ကွယ်လွန်သွားသည့်အတွက် ယခုစွမ်းအားရလာသောကျင့်ကြံသူများကို သူ တွန်းလှန်နိုင်မှာ မဟုတ်ပေ။စုမင်ကို သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကပါ ထိတ်လန့်သွားပြီး မာန်ကျင့်ကြံသူများ၏အင်မော်တယ်များအပေါ်ဖိနှိပ်မှုက လျင်မြန်စွာ အားကောင်းလာသည်။
များမကြာမီပင်၊ ဤဖိနှိပ်မှု တိုးလာသည်နှင့်အမျှ၊ မသေနိုင်သောသူများ၏ စွမ်းအားများက ပို၍ပင် အကန့်အသတ်ရှိလာပေလိမ့်မည်။
ဥပဒေသအားလုံး မျှမျှတတဖြစ်ကြောင်း ကျီအန်းသိလေသည်။ပတ်၀န်းကျင်မှာ အားကောင်းသော ဥပဒေ ရှိလျှင် အားနည်းသော ဥပဒေလည်း ရှိမည်။ မာန်ကျင့်ကြံသူများ၏ သွေးတွင်း ဆင့်ကဲ ပြောင်းလဲလာမှု၊ ကျင့်ကြံအဆင့်များ တိုးပွားလာခြင်းနှင့်မာန်ပြည်ထောင်ဧ်။် ဥပဒေသများ ပိုအားကောင်းလာမည်။ ထိုသို့ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်များ မာန်ပြည်ထောင်သို့ယူဆောင်လာနိုင်သောစွမ်းအားများ ဖိနှိပ်ခံရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပထမဆုံးမာန်နတ်ဘုရားသခင်က သူ့လက်ထက်က မာန်ကျင့်ကြံသူများ အလွန်အားကောင်းနေသောကြောင့် ထိုဥပဒေသကိုထည့်သွင်းရန် မေ့လျော့ခဲ့သည်။ ထိုကဲ့သို့ ဥပဒေသ ထည့်သွင်းလိုက်ပါက အင်မော်တယ် စွမ်းအားကြီးနယ်ပယ်ရောက်ရှိသူများပင် မာန်ပြည်ထောင်၌ စွမ်းအားအနည်းငယ်ကိုသာအသုံးပြုနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် ကျီအန်းက မဆိုင်းမတွ ညာလက်ကို မြှောက်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် အဆုံးမဲ့ သင်္ကေတများပါသည့် ရိုးရှင်းသော ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
ထိုကျောက်စိမ်းပြားမှ ရှေးလေထုက ပျံ့လွင့်လာသည်။ ထင်ရှားသည်မှာ၊ ၎င်းသည် ရှေးဟောင်းပစ္စည်းဖြစ်ပြီး သာမန်မဟုတ်သည်မှာ သေချာသည်။ နဂါးငွေ့တန်းရှိ နိယာမများပါရှိသော ကျောက်စိမ်းပြားပေါ်တွင် မှော်သင်္ကေတများ တောက်ပနေသည်။
ထိုအချိန်တွင် ကျီအန်းက မတွန့်ဆုတ်ဘဲ ထိုကျောက်စိမ်းပြာကို ချေမှုန့်လိုက်သည်။ ထိုစဉ် ကျီအန်း၏ မှော်ကိုယ်ထည်မှ ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင် တောက်ပလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
စုမင်က ကျီအန်း ပျောက်ကွယ်သွားသည့်နေရာကို အေးစက်စွာကြည့်နေသည်။ ဂျီအန်း မာန်ပြည်ထောင်မှ ထွက်ခွာခြင်းကို ထိုနေရာရှိ မှော်အစီအရင်ရှိ လှိုင်းတံပိုးများမှ ခံစားသိရှိနိုင်သည်။ သူ့ကိုယ်ခန္ဓာက မှော်ကိုယ်ထည်ဖြစ်နိုင်သော်လည်း အရှင်သုံးပါးထဲမှတစ်ဦးအနေဖြင့်၊ သူက သာမာန်အင် မော်တယ်တစ် ယောက်မဟုတ်သည်မှာ သေချာသည်။ သူ့ကျောက်စိမ်းပြားက အာကာသခြားနားသော ကမ္ဘာတွေကို ဖြတ်ကျော်သွားနိုင်ပြီး သူ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားနိုင်လေသည်။