← Chapters

စုမင်ရဲ့စိတ်ဝိညာဉ်ပျံ့လွင့်ခြင်း

Vol. 50 Ch. 692

စုမင်ရဲ့စိတ်ဝိညာဉ်ပျံ့လွင့်ခြင်း

Vol. 50 Ch. 692

ကျီအန်းထွက်ခွာသွားချိန်တွင် အင်မော်တယ်တို့၏‌အဆုံးမဲ့သွေးစက်များက ကောင်းကင်ယံသို့ ပျံတက်သွားသည်။ထို့နောက် မဟာယွီအင်ပါယာမြို့တော်ကြီးဆီသို့ မိုးစက်ကဲ့သို့ ကျလာကာ ရေခဲ

တစ်စိတ်တစ်ပိုင်းကို အရည်ပျော်သွားခဲ့သည်။

ရေခဲအရည်ပျော်လေလေ၊ ၎င်းမှထွက်လာသော ပြင်းထန်သောဖိအားများထွက်လာလေလေပင်ဖြစ်သည်၊၊ ဖိအားများလေလေ ပြင်းထန်လေလေ မာန်ပြည်ထောင်၏ဥပဒေသများ ပိုမိုအားကောင်းလေလေဖြစ်သည်။ ဤသည်မှာ သံသရာတစ်ခုဖြစ်ပြီး အင်မော်တယ်များအပေါ်၌ တည်ဆောက်ထားသည့် စက်ဝန်းတစ်ခုဖြစ်သည်။ မာန်ပြည်ထောင်သို့ ဆင်းသက်လာသော အင် မော်တယ်အားလုံးကို စဉ်ဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အားနည်းစေခဲ့သည်။

ထို့အတွက်ကြောင့် မာန်ပြည်ထောင်၏ သတ်ဖြတ်မှုသည် ပို၍ပင် ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။

စုမင်က သတ်ဖြတ်မှုတွင် အလွန်အကျွံ မပါဝင်ခဲ့ပေ။ သူ့ခေါင်းကို မော့ကာ လည်ပတ်မှုရပ်တန့်သွားသောမှော်အစီ

အရင်လေးခုဆီသို့ ကြည့်လိုက်သည်။ဤသည်မှာ မြို့ တော်၏ဖိအားကြောင့်မဟုတ်ဘဲ၊ ၎င်းတို့၏ပြည်ထောင်ရှိ အင်မော်တယ်များ ချီတုံချတုံဖြစ်လာခြင်းကြောင့်ဖြစ်သည်။

အဆုံးမဲ့သတ်ဖြတ်ပွဲကြီးစတင်လာသောကြောင့် နာကျင်သောအော်သံများက လေထဲမှာ တဟုန်ထိုး ပျံ့လွင့်လာသည်။ လောကတစ်ခွင် မွှန်ထူနေသောသွေးနံ့များဖြင့် ပြည့်နှက်နေပြီး အင်မော်တယ်တို့၏သွေးများက ကောင်းကင်သို့ ပန်းထွက်လာသည်။ အင်မော်တယ်တို့၏သေဆုံးပျက်စီးမှုက မဟာယွီအင်ပါယာမြို့တော်ကို အရည်ပျော်စေမည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

ကြီးမားသော သွေးပမာဏက မဟာယွီအင်ပါယာမြို့တော်ရှိ ရေခဲများကို ကြက်သွေးရောင် အရောင်ဆိုးစေပြီး အရည်ပျော်သွားသည့် အရှိန်လည်း တိုးလာခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ်များကို ဤနေရာသို့ စေလွှတ်သည့် မှော်အစီအရင် လေးခုက ခဏတာတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် လင်းလက်လာသည်။ တခဏအတွင်းမှာပင် ထိုအလင်းသည် ပိုမိုအားကောင်းလာပြီး လူများ လျင်မြန်စွာ ဆင်းသက်လာသည်။

ဤလူများ ဆင်းသက်လာသည်နှင့် တပြိုင်နက် အင်မော်တယ်တစ်သောင်းနီးပါးသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော တည်ရှိမှုကို ထုတ်ပေးသည်။ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလိုက်သည့်အခါမှာ မမြင်နိုင် သောလက်တစ်စုံက သူတို့ကို တားဆီးလိုက်သလို သူတို့၏ အားကောင်းသော တည်ရှိမှုက ချက်ချင်း အေးခဲသွားသည်။။ ယင်းက ၎င်းတို့၏ တည်ရှိမှုကိုလျော့ကျသွားစေကာ ကုန်းမြေတွင် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် စွမ်းအားကို စွမ်းအားကြီးနယ်ပယ်ကနဦးအဆင့်တွင်သာ ကန့်သတ်ထားသည်။

ဤသည်မှာ မာန်ပြည်ထောင်၏ကောင်းချီးဖြစ်ပြီး ၎င်း၏ ဥပဒေသ၊ ဝိညာဉ်နှင့် မဟာယွီအင်ပါယာမြို့တော်ကြောင့် အင်မော်တယ်များ၏စွမ်းအားများ ဆင့်ကဲ ပြောင်းလဲ လာ သည် ။

တစ်ချိန်တည်းမှာပင် သေးငယ်သော မျိုးနွယ်စုများမှ မာန်ကျင့်ကြံသူများနှင့် ပြန့်ကျဲနေသော လူအုပ်စုများက အရပ်ရပ်ဆီသို့ အဆက်မပြတ် အရှိန်တင်ခဲ့ကြသည်။ သူတို့၏ သွေးကြောထဲ သွေးများ ပွက်ပွက်ဆူနေပြီး သူတို့၏ကနဦးကျင့်ကြံစွမ်းအားများ ပေါက်ကွဲနေကြောင်း ကောင်းစွာ ခံစားနိုင်လေသည်။ သူတို့က မဟာယွီအင်ပါယာမြို့တော်ကို မြင်ခဲ့ကြပြီး သူတို့၏သွေးလမ်းညွှန်မှုကို အခြေခံ၍ သူတို့အားလုံး တိုက်ပွဲထဲဝင်ရန် ရောက်ရှိလာခဲ့ကြသည်။

စုမင်ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင်မီးခိုးငွေ့တွေက ချပ်ဝတ်တန်ဆာအဖြစ်သို့ လျင်မြန်စွာ စုရုံးလာပြီး သူ့ညာလက်ဖြင့် လေထုကို သိမ်းပိုက်လိုက်သည်။ ခရမ်းရောင် မြူမှုန်များ ထွက်ပေါ်လာပြီး... သူ့လက်ထဲတွင် မကောင်းဆိုးဝါး၏ အစောင့်အရှောက်လှံ အဖြစ်သို့ ပြောင်းလဲသွားသည်။

သူက လှံကို ကိုင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုစိတ်များ တစ်ဟုန်ထိုးပေါက်ဖွားလာသည်။ထိုခဏက လောကကြီးကတုန်ခါသွားကာ မမြင်ရသော ခြေလှမ်းကြီးက လေထဲတွင် ပေါ်လာသည်။ ၎င်းက မာန်နတ်ဘုရား၏မြင့်မြတ်သောခြေလှမ်းခုနှစ်သွယ်ပင်ဖြစ်သည်။

သူက ခြေလှမ်းခုနစ်လှမ်း ဆက်တိုက်လျှောက်ခဲ့သည်။ထိုဧရာမခြေလှမ်း ခုနစ်လှမ်းတို့က ချက်ချင်းပင် ပေါင်းစပ်၍ ဧရာမဘီလူးကြီး လျှောက်သွားနေပုံရသည့် မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုခြေဖဝါးကြီးက ကောင်းကင်မှ ဆင်းသက်လာသော အင်မော်တယ်လူတစ်သောင်းနီးပါးကို နင်းမိသွားသည်။

ပြင်းထန်သော ဟိန်းဟောက်သံများ လေထဲတွင် တဟုန်ထိုး မြည်ဟည်းလာပြီး စုမင်က ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လူအုပ်ထဲသို့ အရှိန်တင်လိုက်သည်။ သူသွားလေရာလမ်းရှိ အင်မော်တယ်များက သူ့ကို ခေတ္တရပ်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ နှစ်ဘက်အကြား အာဏာကွာဟမှု ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။ အသက်လမ်းစဉ်ကိုလျှောက်လှမ်းခဲ့ပြီး အသက်လမ်းစဉ်ကံကြမ္မာကို စတင်ဝင်ရောက်ခဲ့သောစုမင်က မာန်ပြည်ထောင်တွင် ပြိုင်စံရှားသူရဲကောင်းဖြစ်ခဲ့သည်။

စုမင်တွင် အရည်အသွေးများစွာပိုင်ဆိုင်‌ထားသော်လည်း အထင်ရှားဆုံးကတော့ အင်မော်တယ်များ နှိမ်နှင်းသော ဥပဒေသပင် ဖြစ်သည်။

အင်မော်တယ်ပြည်ထောင်တွင် စုမင်ကို သြဇာအာဏာလွှမ်းမိုးထားနိုင်သူများရှိလျှင်တောင်မှ မာန်ပြည်ထောင်သို့ရောက်လာသောအခါ ၎င်းတို့ကို ဥပဒေဖြင့်ကန့်သတ်ထားမည်ဖြစ်သည်။ထို့ပြင် စုမင်၏ ရှောင်တခင် ထိုးနှက်ချက်ပင် ခုခံကာကွယ်ရန် ခက်ခဲပေလိမ့်မည်။

စုမင်က မကောင်းဆိုးဝါးလှံနှင့်အတူရှေ့သို့ ရွေ့လျားလာရင်း အင်မော်တယ်အဘိုးအို၏မျက်ခုံးအလယ်ကို ထိုးနှက်ခဲ့သည်။ ရှုံးနိမ့်မှုကို လက်ခံလိုစိတ်မရှိခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ကအဘိုးအို၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူသာ အင်မော်တယ်ပြည်၌ရှိလျှင် စုမင်က သူ့ကို သတ်နိုင်မည်မဟုတ်ဟု ယုံကြည်ထားသော်လည်း ဤနေရာ၌ သူ့အမုန်းများကိုသာ မျိုချခဲ့ပြီး သေပွဲဝင်ရသည်။

စုမင်ပ မကောင်းဆိုးဝါး၏ လှံကို ပစ်လွှတ်လိုက်ရာ အဘိုးအို၏ ခန္ဓာကိုယ်သည် ချက်ချင်း ကွဲအက်သွားသည်။ ထို့နောက် သူ၏သွေးများက နန်းတော်ကြီးကို ဖုံးလွှမ်းထားသော ရေခဲပြင်ဆီသို့ တွန်းပို့လိုက်သည်။ စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နောက်ပြန်လှည့်မကြည့်ဘဲ သူ့နောက်မှ လေထုကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူ့ကိုသတ်ရန် ကြိုးပမ်းနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့လည်ပင်းကနေ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။စုမင်က သူ့လည်ပင်းကိုဆုပ်ကိုင်ထားသောကြောင့် သူ အသက်မရှူနိုင်တော့ပေ။ တခဏမျှပင် မဆိုင်းမတွပင် စုမင်က ညှစ်ထုတ်လိုက်ရာ ပေါက်ကွဲသံနှင့်အတူ လူလတ်ပိုင်းအရွယ်၏ ခေါင်းက ပေါက်ကွဲသွားသည်။ စုမင်၏ ခန္ဓာကိုယ်မှ မရဏအငွေ့အသက်များက ထိုလူ၏ အလောင်းထဲသို့ တိုးဝင်လာပြီး သူ့အခြေတည် နတ်ဘုရား နှင့် သူ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

စုမင်က ဆက်ပြီး သတ်ဖြတ်လိုက်သည့်အခါ အင်မော်တယ်များက ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ကြသည်။ လောကတစ်ခွင် မွှန်ထူနေသောသွေးနံ့များ ထူပြောလာကာ အနိဌာရုံမြင်ကွင်းဖြစ်လာပြီး စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည်။ မြေပြင်က အနီရောင် ချင်းချင်းတောက်နေဘေသည်။ ကောင်းကင်ရှိဝဲဂယက်အပြင် လူ တွေမြင်နိုင်သည့် အရာအားလုံးက နီရဲနေလေသည်။

“သူတို့ကိုသတ်...”

စုမင်က မကောင်းဆိုးဝါးလှံကို သူ့ရှေ့သို့ လွှဲယမ်းလိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်စေလေသည်။ နေရာတိုင်းရှိ အင်မော်တယ် အလောင်းများ အများအပြား ပျက်စီးပြိုကွဲသွားလေသည်။

စုမင်၏ သတ်ဖြတ်မှု မြင်ကွင်းများက မာန်ကျင့်ကြံသူများကို အလွန် နှိုးဆွခဲ့သည်။ သူ၏အောင်မြင်နိုင်မှုက မာန်ကျင့်ကြံသူ အားလုံးကို စိတ်လှုပ်ရှားစွာ ဟိန်းဟောက်စေခဲ့သည်။

သူတို့က အင်မော်တယ်အားလုံးကိုသတ်ပြီး မာန်ပြည်ထောင်မှ လုံးလုံးလျားလျား မောင်းထုတ်ချင်ကြသည်။

“မာန်နတ်ဘုရားသခင်...”

“မာန်နတ်ဘုရားသခင်...”

ထိုကဲ့သို့ ဟိန်းဟောက်သံများက လေထဲတွင် တဟုန်ထိုးမြည်ကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။ စစ်မြေပြင်တစ်ခုလုံးက ငရဲအသွင်ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်တွင်၊ ကောင်းကင်ရှိ ဝဲဂယက်၌ရှိသောမှော်အစီအရင် လေးခုက အားကောင်းသော အလင်းတန်းတစ်ခု ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ဆင်းသက်လာသော အင်မော်တယ် အရေအတွက်မှာ ယခင်ကကဲ့သို့ မများပြားခဲ့ပေ။ ခုနစ်ထောင်လောက်သာ ရှိသည်။ ၎င်းတို့မာန်ပြည်ထောင်သို့ ရောက်ရှိလာသည့် အချိန်မှစ၍ ၎င်းတို့၏စွမ်းအားကို ချက်ချင်း ဖိနှိပ်ထားသောကြောင့် စွမ်းအားကြီးနယ်ပယ်အဆင့်တစ်ဝိုက်ရှိ စွမ်းအားလှိုင်းများကိုသာ ပြသနိုင်ခဲ့သည်။ တစ်နည်းဆိုရသော် ၎င်းတို့က စုမင်၏ ပြိုင်ဘက်မဟုတ်ပေ။

စုမင်က တုနှိုင်းမဲ့တည်ရှိမှုနှင့်အတူ စစ်မြေပြင်ကို ဖြတ်ကျော်ကာ မြို့တော်ကြီး အရည်ပျော်စေရန် အကန့်အသတ်မဲ့သွေးများကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။ ထိုအချိန်တွင်စုမင် ၏တည်ရှိမှုက တုနှိုင်းမဲ့ဖြစ်နေသည်။

သို့သော် မာန်ကျင့်ကြံသူတို့၏ရန်သူများသည် အင်မော်တယ်များဖြစ်သည်။ သူတို့စွမ်းအား အတိမ်အနက်က မာန်ကျင့်ကြံသူများ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။ အင်မော်တယ်များ တစ်လောကလုံးကို ဦးညွတ်အောင်မလုပ်နိုင်ခဲ့သော်လည်း ယနေ့အထိ တည်ရှိနေဆဲဖြစ်သည်။ မာန်ကျင့်ကြံသူများ အလွန်အမင်း အားနည်းသည့်အခြေအနေသို့ ရောက်ရှိနေချိန်တွင် ဆက်လက်အားကောင်းနေဆဲဖြစ်သည်။အကယ်၍ စုမင် မပေါ်ခဲ့လျှင် မာန်ပြည်ထောင်က လွတ်လပ်ခွင့်ပြန်ရလာမည် မဟုတ်ပေ။

သူတို့က တစ်သက်တွင်တစ်ကြိမ်သာ ပွင့်နိုင်သည့် သစ်ခွပင်လေးကဲ့သို့ပင် ၎င်းတို့၏ သွေးမျိုးဆက်များကို တဖြည်းဖြည်း ဆုံးရှုံးသွားနိုင်သည်။

ထို့နောက် စုမင်က မကောင်းဆိုးဝါးလှံကို ညာလက်ဖြင့်မြှောက်ကာ မှော်အစီအရင်မှ ဆင်းသက်လာသော အင်မော်တယ်ခုနစ်ထောင်ရှိရာသို့ လှံဖြင့်ပစ်ချလိုက်သည်။ ထိုလှံက ၎င်းတို့ဆီသို့ ရက်စက်ကြမ်းကြုတ်သော နဂါးအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် စုမင်က ထူးဆန်းသော ပုံစံဖြင့် ရုတ်တရက် အေးခဲရပ်တန့်သွားသည်။

အနက်ရောင်မီးခိုးများကနေ ဖြစ်ပေါ်လာ သော မကောင်းဆိုးဝါး ချပ်ဝတ်တန်ဆာက ချက်ချင်းပေါက်ကွဲသွားလေသည်။ စုမင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သည်းမခံနိုင်လုနီးပါး ပြင်းထန်သော ဝေဒနာတစ်ခု သူ့ရင်ဘတ်မှ ထွက်လာသည်။

ထိုနာကျင်မှုက မယုံနိုင်လောက်အောင် ရုတ်ချည်းပေါ်လာပြီး စုမင်က ထိုနာကျင်မှုအတွက် လုံးဝပြင်ဆင်ထားခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်ကို အပ်တစ်ချောင်း ထိုးဖောက်နေသလို ခံစားလိုက်ရပြီး ထိုအပ်က သူ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေလေသည်။

စုမင်၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်းထလာသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ဦးခေါင်းကို အလျင်အမြန် မြှောက်လိုက်ပြီး ယင်မရဏကို စိုက်ကြည့်နေသည်။ အနီးနားတွင် မည်သူမျှ သူ့ကို ခြုံခိုတိုက်ခိုက်ခြင်း မပြုကြောင်း သူ ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ဤထူးဆန်းသောဝေဒနာက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို အဖြေရှာမရပေ။

သူ့ရင်ဘတ်တွင် နာကျင်ကိုက်ခဲလာပြီး စုမင်က မျက်ခုံးအလယ်ဗဟိုတွင် ပို၍ပင်နာကျင်မှုကို ခံစားခဲ့ရသည်။ အပ်တစ်ချောင်းက သူ့မျက်ခုံးကြားကို ထိုးဖောက်ပြီး ဦးနှောက်ထဲသို့ ဝင်ရောက်လာသကဲ့သို့ပင်ဖြစ်သည်။

စုမင် တုန်လှုပ်သွားသော်လည်း နာကျင်မှုနှစ်ခုက မပျောက်ကွယ်သွားပေ။ သည်းမခံနိုင်လောက်အောင်ပြင်းထန်သောဝေဒနာက သူ့လက်များ၊ ခြေထောက်များအထိ ပျံ့နှံ့သွားသည်။ နာကျင်မှုက သူ့ကို နစ်မြုပ်သွားအောင်လုပ်ခဲ့သော လှိုင်းလုံးကြီးကဲ့သို့ဖြစ်ခဲ့ပြီး စုမင် ထောင်းခနဲ ဒေါသထွက်သွားသည်။

သူ့ပါးစပ်မှ သွေးတစ်လုတ်ကြီး ချောင်းဆိုးလိုက်ရပြီး နောက်သို့ ဆုတ်သွားခဲ့သည်။ သူ၏ရုတ်တရက်ပြောင်းလဲမှုက မာန်ကျင့်ကြံသူ အားလုံးကို အံ့အားသင့်သွားစေခဲ့ပသည်။ ရူးသွပ်သောပျော်ရွှင်မှုက အင်မော်တယ်လုံးအတွင်းတွင် မြင့်တက်နေခဲ့သည်။

ကောင်းကင်ရှိ မြောက်မြားစွာသော အင်မော်တယ်များက စုမင်ဆီသို့ မဆိုင်းမတွ ချီတက်လာကြသည်။ ကျယ်လောင်သောအသံများက လေထဲတွင် ပဲ့တင်ထပ်နေပြီး သူတို့၏မြင့်မြတ်သောစွမ်းရည်များက စုမင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး နောက်တစ်ကြိမ် သွေးချောင်းဆိုးပြန်သည်။ သူပြန်ဆုတ်သွားပြီး လက်တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။ထိုအချိန်တွင် သူကြုံတွေ့ခဲ့ရသော ပြင်းထန်သည့်ဝေဒနာက သူ့ဒန်တန်မှ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။

All Chapters