ခန္ဓာကိုယ်
Vol. 50 Ch. 693
စုမင်ဧ။်စိတ်ဝိညာဥ်က အင်မော်တယ်တို့၏အဆုံးမဲ့နဂါးငွေ့တန်းကို မြင်နိုင်သည်။ ထိုနေရာတွင် လွင့်မျောနေသောတိုက်ကြီးများကို မြင်နိုင်ပြီး ထိုတိုက်ကြီးများရှိအင်မော်တယ်များအပြင် မှိတ်တုတ်မှိတ်တုတ်လင်းနေသောမှော်အစီအရင်များကို မြင်တွေ့နိုင်သည်။
သူ၏စိတ်ဝိညာဉ်က ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရပြီး မရဏအငွေ့အသက်များစွာက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုအချိန်တွင် စုမင်က ရှေ့သို့ အရှိန်တင်လိုက်ရာ ထိုအငွေ့အသက် အမြောက်အမြား လွင့်စင်သွားလေသည်။ သူ့တွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး သူ့ဝေဒနာ၏ အရင်းအမြစ်ကို သိချင်ခဲ့သည်။
သူ၏စိတ်ဝိညာဉ်က တိုက်ကြီးများကို ဖြတ်ကျော်ပစ်လိုက်သည်။ ထိုနေရာ၌ တိုက်ကြီးအသီးသီးရှိ ယဇ်ပလ္လင်များစွာကို တွေ့မြင်ရပြီး ထိုယဇ်ပလ္လင်တစ်ခုစီတွင် အလောင်းကောင်များရှိလေသည်။
မှော်အစီအရင် တစ်ဒါဇင်ကျော်ကိုလည်း တွေ့ခဲ့သည်။ ၎င်းတို့အားလုံးက နေရာရွှေ့ပြောင်းသည့်အငွေ့အသက်ကိုထုတ် လွှတ်လိုက်သော်လည်း စူးစူးရဲရဲ လင်းထိန်နေသော မှော်အစီအရင်လေးခုသာ ရှိသည်။
လူထောင်ပေါင်းများစွာက တောက်ပနေသောမှော်အစီအရင်လေးခုပေါ်တွင် ထိုင်ကာ အဆက်မပြတ် နေရာပြောင်း ရွေ့သွားသည်ကို သူမြင်လိုက်ရသည်။
သို့သော် ထိုအရာများက သူ့ဝေဒနာ၏ရင်းမြစ်မဟုတ်ပေ။စုမင်၏စိတ်ဝိညာဉ်က ထိုနေရာကို ဖြတ်ကျော်ပြီးသည်နှင့် နဂါးငွေ့တန်းရှိ မျောလွင့် တိုက်ကြီးများ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ အရှိန်တင်လိုက်သည်။
စုမင်သွားနေတာ အချိန်အကြာကြီးဟု
ထင်ရသော်လည်း မျက်စိတစ်မှိတ်သာကြာခဲ့သည်။ ထို့နောက် စုမင်က အကြီးဆုံးတိုက်ကြီးရှေ့မှာ ပေါ်လာလေသည်။ထိုတိုက်ကြီးသည် အခြားတိုက်များထက် သာလွန်ပြီး အံ့ဩစရာအကောင်းဆုံးဒေသဖြစ်သည်။ ထိုနေရာတွင် ဧရာမယဇ်ပလ္လင်တစ်ခုသာရှိသည်။
ထိုယဇ်ပလ္လင်တွင်လဲလျောင်းနေသော လူတစ်ယောက်ကို ဝိုးတဝါးမြင်နိုင်လေသည်။
စုမင် ဤနေရာကို ရောက်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ လွန်ခဲ့သော နှစ်များအတွင်း စစ်မာရှင်းကို သတ်ခဲ့စဉ်က ဤနေရာသို့ ရောက်ခဲ့သော်လည်း နယ်မြေကိုရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။ သို့ပေမဲ့ ယခု သူ ဤ နေရာကို ပြန်ရောက်လာပြီး ယခင်ကထက် အရာအားလုံးက ပိုရှင်းလင်းလာသည်။
မြင့်မြတ်သော ယဇ်ပလ္လင်မှ စကားလုံးများဖြင့် ဖော်ပြ၍မရသော ပြင်းထန်သောဖိအားကို သူမြင်သည်။ ထို့နောက် အဆုံးမဲ့ချိပ်တံဆိပ်များစွာကို မြင်ရလေသည်။ ချိပ်တံဆိပ်ထဲရှိလူက အင်မော်တယ်များအတွက်အရမ်းကြီးပုံပေါ်သည်။ သူတို့က ထိုလူကို အလွန်သတိကြီးကြီးထားနေရသည့်အတွက် နေရာပတ်လည်တွင် ချိပ်တံဆိပ်အထပ်ထပ်ကို ခတ်နှိပ်ထားခဲ့သည်။
တကယ်တော့ စုမင်က နဂါးငွေ့တန်းရှိ တိုက်ကြီးများကို ဧရာမနဂါးငွေ့တန်းမှော်အစီအရင်အဖြစ် စုဖွဲ့ထားသည်ကိုပင် မြင်နိုင်သည်။ မှော်အစီအရင်များ၏ အလယ်တွငတံဆိပ်ခတ်ထားသော အလွှာများပါရှိသော ယဇ်ပလ္လင်တစ်ခုသာရှိသည်။ ယဇ်ပလ္လင်ပေါ်မှာ လဲလျောင်းသောသူတစ်ယောက်ရှိလေသည်။
စုမင်က အဝေးကြီးမှာရှိနေသောကြောင့် ထိုလူဧ။်မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့ပေမဲ့ သူ့စိတ်ဝိညာဉ်က ထိုလူကိုတွေ့သော် သူ့နှလုံးသားထဲမှာ ရုတ်တရက် မုန်တိုင်းတစ်ခု ထန်လာသည်။
ဆင့်ခေါ်ခြင်း... ထိုအရာက မယုံနိုင်လောက်အောင် အစွမ်းထက်သော ဆင့်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ထိုခေါ်ဆိုမှု၏ စွမ်းအားက စုမင်၏ စိတ်ဝိညာဉ်ကို ကြေကွဲလုမတတ် ဖြစ်သွားစေသည်။ ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေသောသူက မိမိအသက်ထက်ပင် ပို၍အရေးကြီးနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ထိုပြင်းထန်သော ဆင့်ခေါ်မှုအောက်တွင်၊ သူ့နာကျင်မှု၏ အရင်းအမြစ်မှာ ထိုနေရာတွင် ရှိနေကြောင်း ချက်ချင်း ခံစားသိရှိလိုက်သည်။
သူ့စိတ်ဝိညာဉ်က ရှေ့သို့ အရှိန်တင်လိုက်ပြီး ယဇ်ပလ္လင်နှင့်နီးကပ်သွားသောအခါတွင် သူ့ကိုဆင့်ခေါ်သူက ထိုယဇ်ပလ္လင်ပေါ်တွင် လူတစ်ဦးတည်းမဟုတ်ကြောင်း သူမြင်လိုက်ရသည်။ လဲလျောင်းနေသူ၏ဘေးမှာ တခြားလူလတ်ပိုင်းအရွယ် သုံးယောက် ရပ်နေလေသည်။
ဤလူသုံးယောက်က ငြိမ်သက်စွာ ရပ်နေသော်လည်း ၎င်းတို့က ရှေးခေတ် ရက်စက်ကြမ်းကြုတ်သော သားရဲများကဲ့သို့ ခံစားချက်ကို ပေးစွမ်းလေသည်။ ၎င်းတို့ကြောင့် နဂါးငွေ့တန်းတစ်ခုလုံး တုန်လှုပ်သွားသလိုမျိုး ဖြစ်သွားစေသည်။ စုမင်က အသက်ရှုကျပ်စေသောဖိအားတစ်ခုကိုပေးစွမ်းနေလေသည်။
ဤလူသုံးဦးက အဖြူ၊ အနက်၊ အနီရောင်တို့ကို အသီးသီး ၀တ်ဆင်ထားသည်။ အဖြူဝတ်ရုံလူလတ်ပိုင်းအရွယ် အမျိုးသားက ၎င်း၏ညာဖက်လက်၌ အနက်ရောင်အပ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ၎င်း၏ဘယ်ဘက်တွင် ပုလင်းအကြည်တစ်လုံးပါရှိသည်။
ပုလင်းအတွင်း၌ အနီရောင်အရည်များ ပါရှိပြီး သွေးနှင့်တူသည်။
စုမင် နီးကပ်လာသည့်အခါ အဖြူဝတ်ရုံအမျိုးသားက အပ်ကို ပုလင်းထဲရှိအရည်သို့စိမ်နေလေသည်။ထို့နောက် အပ်ကိုထုတ်ပြီး ထိုလဲလျောင်းသူ၏မျက်ခုံးကြားကို ထိုးသွင်းလိုက်သည်။
စုမင်က သူ၏မျက်ခုံးအလယ်ဗဟိုတွင် စူးရှသောနာကျင်မှုကိုချက်ချင်း ခံစားလိုက်ရပြီး သူ့စိတ်ဝိညာဉ်က ပြိုကွဲတော့မည်ကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဝတ်ရုံဖြူက ချိပ်ပိတ်ခံသူကိုအပ်ဖြင့် ဓားဖြင့်ထိုးလိုက်သည့်အခိုက်တွင် စုမင်က ထိုလူ၏အသွင်အပြင်ကို တွေ့လိုက်ရသည်။
စုမင်၏ စိတ်နှလုံးကို ဖြိုခွဲနိုင်လောက်အောင် ပြင်းထန်သော ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ချိပ်ပိတ်ခံရသူမှာ အသက်ဆယ့်ရှစ်နှစ်မှ ဆယ့်ကိုးနှစ်ခန့်ရှိ ဆယ်ကျော်သက် လူငယ်လေးဖြစ်သည်။ သူက အဝတ်ကြမ်းကို ၀တ်ဆင်ထားပြီး သူ၏မျက်နှာက လူသေကဲ့သို့ ဖြူဖျော့နေလေသည်။ သို့မဟုတ် သူကို့ လူသေကောင်ဟု ဆိုရန် ပို၍ သင့်လျော်ပေမည်။
သူက မယုံနိုင်လောက်အောင် ပိန်ပါးပြီး အားနည်းသူဖြစ်သည်။ သူ့အသားအရေဖြူဖျော့ဖျော့နှင့်မှိတ်ထားသော မျက်လုံးများက နုံချာသော ကလေးတစ်ယောက်ကဲ့သို့ ခံစားလာရစေသည်။
သူ၏မျက်ခုံးအလယ်၊ ရင်ဘတ်၊ ခြေလက်အင်္ဂါများနှင့်ဒန်တန်ဒေသတို့တွင် အနက်ရောင်အပ်များ နက်ရှိုင်းစွာ မြှုပ်နှံထားသော်လည်း ယင်းမှာ အားလုံးမဟုတ်ပေ။ သူ့ခန္ဓာကိုယ်မှာ အနက်ရောင်ဆေးထိုးအပ်များအပြင် အဖြူရောင် ဆေးထိုးအပ်တစ်ရာလည်း ရှိနေသည်။
စုမင်က ထိုကောင်လေးကိုတွေ့သော် သူ့စိတ်ဝိညာဉ်က တုန်လှုပ်သွားလေသည်။ ဤတုန်လှုပ်ချောက်ချားမှုများက သူ၏စိတ်ဝိညာဉ်၏ နက်နဲရာအရပ်မှ တည့်တည့်ထွက်လာပြီး... သူက ဤအလောင်းနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ပင် ခံစားရသည်။ သူ့စိတ်ဝိညာဉ်ကို ထိုအလောင်းနှင့် ပေါင်းစပ်နိုင်လျှင် အလောင်းက မျက်လုံးဖွင့်နိုင်ပြီး ပြန်လည်ရှင်သန်လာလိမ့်မည် ။
ကောင်လေး၏အသွင်အပြင်က... စုမင်နှင့် အလွန်ဆင်တူသည်။
‘သူက ငါပဲ...’
ဤအတွေးက စုမင်၏ စိတ်ထဲတွင် လျင်မြန်စွာ ပေါ်လာသည်။
အနက်ရောင်အပ်ထဲရှိ သွေးများနှင့် ရင်းနှီးကျွမ်းဝင်မှု၏ အရိပ်အမြွက်ကိုလည်း ခံစားသိရှိနိုင်ပြီး ထိုရင်းနှီးကျွမ်းဝင်မှုက သူ့ကို အစ်ကိုကြီးအဖြစ် နှုတ်ခွန်းဆက်သော ငြီးငွေ့ဖွယ်အသံတစ်ခုကဲ့သို့ ထင်ရသည်။
ထိုအချိန်တွင် စုမင်က အရာအားလုံးကို မြင်လိုက်ရသောအခါ အလောင်းဘေးရှိလူသုံးဦးက စုမင်၏စိတ်ဝိညာဥ်ရှိရာနေရာသို့ အကြည့်ရောက်သွားလေသည်။
စုမင်က သူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်ရပေ၊ သုံးယောက်၏ ခန္ဓာကိုယ်မှ ပြန့်ကျဲနေသော တည်ရှိမှုမှာ အလွန်ကြီးမားသည်။ သို့သော် သူတို့ခေါင်းကို မော့ကြည့်လိုက်သောအခါ စုမင်က တစ်စုံတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရသည်... အဖြူရောင်ဝတ်ရုံလူ၏အကြည့်တွင် တိထျန်း၏ တည်ရှိမှုကို ခံစားလိုက်ရသည်။
သူ့မှာ သေချာကြည့်ရန် အချိန်မရှိပေ။ ထိုစဉ်ပေါက်ကွဲသံတစ်ခုက လေထဲမှာ ပဲ့တင်ထပ်ပြီး စုမင်၏စိတ်ဝိညာဉ်က ပြိုကွဲသွားသည်။ ထို့နောက် အင်မော်တယ်တို့၏နဂါးငွေ့တန်းကနေ ပျောက်ကွယ်သွားခဲ့သည်။
သူ၏စိတ်ဝိညာဉ် ပျောက်ကွယ်သွားချိန်တွင် မာန်ပြည်ထောင်ရှိအစစ်အမှန် စုမင်က သူ့မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူ့ရှေ့မှာ သူ့အကြီးဆုံးအစ်ကိုနှင့် ထောင်နှင့်ချီသောအင်မော်တယ်များက ရက်စက်ကြမ်းကြုတ်စွာ အရှိန်တင်လာခဲ့သည်။
စိတ်ဝိညာဉ်၏ သဲလွန်စ ပျောက်ဆုံးမှုသည် စုမင်ကို ထိခိုက်စေသော်လည်း အကျိုးသက်ရောက်မှုမှာ ကြီးမားခြင်းမရှိပေ။ သူ့ကိုယ်သူ ကျင့်ကြံရန် အချိန်နည်းနည်းယူလျှင် ပြန်ကောင်းလာနိုင်သည်။ သို့သော် သူ့စိတ်ဝိညာဉ်ကြောင့် အရာအားလုံးကို မြင်ခဲ့ရသည်။ သူမျက်လုံးဖွင့်လိုက်သောအခါတွင် သူ့မျက်နှာပေါ်တွင် အံ့ဩမင်တက်နေသော အမူအရာတစ်ခု ပေါ်လာသည်။
သူ့နှလုံးသားထဲရှိ နောက်ဆုံးမေးခွန်း၏ အဖြေကို ရရှိခဲ့သည်။
ယဇ်ပလ္လင်ပေါ်က ကောင်လေးက သူပင်ဖြစ်သည်။လွန်ခဲ့သည့် နှစ်များစွာကတည်းက သူက ကလေးအရွယ်သာသာဖြစ်သည်။ သို့သော် ထိုကလေးက သေပြီးသားဖြစ်နိုင်သော်လည်း အခြားရှုထောင့်မှကြည့်လျှင် လူသေမဟုတ်ပေ။
နှစ်များတစ်လျှောက် ဤသေဆုံးနေသောကလေးငယ်က ဆယ်ကျော်သက်အရွယ်သို့ တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ သူ့အတွင်း၌ အခြားသူများ အပြည့်အဝနားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြောင်း ပြသရန် လုံလောက်သော သက်သေဖြစ်သည်။
“ဒါပေမဲ့ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှာ မရှိတော့ရင် သေသွားတာပဲပေါ့...”
‘ယင်မရဏနယ်မြေ...”
စုမင်က တုန်လှုပ်သွားသည်။ သူ့မျက်လုံးထဲတွင် မင်တက်နေသောအကြည့်က ကြည်လင်ပြတ်သားပြီး ရူးသွပ်မှုဖြင့် အစားထိုးပျောက်ကွယ်သွားသည်။ ယခုမှ သူနားလည်သွားပြီ။ ထိုကောင်လေးက သူဖြစ်ပြီး စုမင်ကိုယ်တိုင်က လောလောဆယ်တော့ ဝိညာဉ်တစ်ခုသာသာဖြစ်သည်။
သူက ယင်မရဏ နယ်မြေသို့ ပို့ဆောင်ခံရသော ဝိညာဉ်ဖြစ်သည်။
သူပြန်ရယူခဲ့သော အမှတ်တရအားလုံးကို ပေါင်းစပ်လိုက်သည့်အခါ စုမင်၏ခေါင်းထဲမှာ ပြတ်သားသော ပုံရိပ်တစ်ခု ပေါ်လာသည်။
လွန်ခဲ့သော နှစ်များ တစ်လျှောက်လုံး တိထျန်းက မာန်ပြည်ထောင်မှ ကလေးနှစ်ဦးကို ယူဆောင်လာသောအခါ အင်မော်ပြည်တွင် ၎င်းတို့၏ ထူးခြားမှုကို မြင်တွေ့ခဲ့ရသည်။ တစ်ယောက်က အကိုကြီးဖြစ်ပြီး ကျန်တစ်ယောက်က ညီမငယ်ပင်ဖြစ်သည်။
သူ့ညီမငယ်က တဖြည်းဖြည်းကြီးပြင်းလာသောကြောင့် အဝေးတစ်နေရာသို့ပို့ပစ်ခြင်း ခံရလေသည်။ သူမ
ရှိနေသောနေရာ၏သဲလွန်စကို သိရှိနိုင်သူက တာအိုပညာရှင်ချန်ပင်ဖြစ်သည်။
အကိုကြီးက အဆုံးမဲ့အမှောင်ထုထဲတွင် ကျန်ရစ်ခဲ့ပြီး ရူးသွပ်မှုက သူ့ဒေါသကို ပိုတောက်လောင်စေခဲ့သည်။ သို့သော် ငြိမ်သက်စွာ အိပ် နေခဲ့ရသည်။ အဆုံးမဲ့အင်မော်တယ်များက သူတို့၏ကျင့်ကြံခြင်းအတွက် သူ့ခန္ဓာကိုယ်ကို အသုံးချခြင်းကို ရပ်နိုင်ခဲ့သည်။
နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်တစ်ခု ပေါ်လာသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုသို့ ပြောင်းလဲမှုများ ကြုံ တွေ့လာသည့်အခါ သူ့စိတ်ဝိညာဉ်ကို တဖြည်းဖြည်း ထုတ်ယူခြင်းခံခဲ့ရသည်။၎င်းတို့က သူ့စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ သူ၏ဝိညာဉ်သေဆုံးသွားပါက သူဧ။်စိတ်ဝင်စားဖွယ်ကောင်းသော အသွင်အပြင်ကို ထိန်းသိမ်းထားရန် မဖြစ်နိုင် တော့ပေ။
ထို့ကြောင့် သူ့ဝိညာဉ်ကို မသတ်နိုင်ဘဲ ယင်မရဏနယ်မြေမှာ ထဝရပိတ်ထားခဲ့သည်။
တိထျန်းက ထိုဝိညာဉ်၏ထူးခြားမှုကိုတွေ့မြင်ပြီး သူ၏ရေရှည်အစီအမံကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည် ။
ထိုအချိန်တွင် စုမင်က ဤအရာအားလုံးကို နားလည်ခဲ့သည်။
‘ငါ ယင်မရဏနယ်မြေကနေ ထွက်ခွာပြီး အင်မော်တယ်ပြည်ကို ပြန်သွားမယ်.. ငါ့ကိုယ်ခန္ဓာအစစ်နဲ့ ပေါင်းစပ်ပြီး မျက်လုံးဖွင့်ကြည့်မယ်...’
စုမင်၏ အမူအရာက ပျက်ယွင်းသွားလေသည်။သူ့မျက်နှာပေါ်ရှိ ရူးသွပ်မှုနှင့် ဝမ်းနည်းမှုဖြင့် အရာအားလုံးကို နားလည်လာသောအခါတွင် သူ ကြေကွဲစွာ ရယ်မောနေတော့သည်။
ထိုရယ်မောခြင်းတွင် အင်မော်တယ်များအပေါ် သူ၏မုန်းတီးမှု၊ သူ့ကံကြမ္မာကို တွန်းလှန်ရန် စိတ်ပိုင်းဖြတ်မှုနှင့် စကြဝဠာကြီးကို လွှမ်းမိုးလိုသောဆန္ဒတို့ ပါဝင်ပါသည်။
စုမင်၏ ပါးစပ်မှ ဒေါသတကြီး ဟိန်းဟောက်သံထွက်လာသည်။ စုမင် ထိုင်နေရာမှ ထရပ်လိုက်သည်။ နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေဆဲဖြစ်ပြီး သူ့ကို လုံးဝနစ်မြုပ်အောင်ကြိုးစားနေသောဒီရေလှိုင်းပမာ ထင်ရသည်။
“မင်းတို့..ငါ့ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ ငါ့ခန္ဓာကိုယ်ကို နှိပ်စက်နေကြတယ်.. ဒါဆိုရင်တောင်မှ ယင်မရဏနယ်မြေမှာရှိတဲ့ ငါ့ဝိညာဉ်ကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး..”
“ဘာလို့လဲဆိုတော့ ငါတို့တွေက မတူညီတဲ့ကမ္ဘာတွေမှာရှိနေလို့ပဲ.. မင်းကတောက်ပတဲ့ယန်နယ်မြေမှာရှိပြီး ငါကတော့ ယင်မရဏနယ်မြေမှာရှိတယ်...”
“ဒီနာကျင်မှုက ဘာမှမဟုတ်ဘူး..”
စုမင်က ခေါင်းကို မော့လိုက်ပြီး သူ့ခန္ဓာကိုယ် တုန်လှုပ်သွားအောင်ထိ ဟိန်းဟောက်လိုက်သည်။ နာကျင်မှုက သူ့နှလုံးသားကို ရူးသွပ်သွားစေသည် ။ သူ၏အကြီးဆုံးအစ်ကိုကြီးက အင်မော်တယ်ထောင်ပေါင်းများစွာကို တိုက်ခိုက်နေလေသည်။ ရဲရဲတောက်မျက်လုံးများ၊ ကြီးမားသောနာကျင်မှုများဖြင့် စုမင်က ရှေ့သို့ တစ်ဟုန်းပြေးထွက်သွား သည်။
“အင်မော်တယ်တွေကို သတ်ကြ...”
သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ကောင်းကင်သို့ ပျံ့လွင့်သွားစေပြီး သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုများကို ဖယ်ရှား စေည်။ အင်မော်တယ်များကိုသတ်ဖြတ်ခြင်းဖြင့်သာ စုမင်က သူခံစားခဲ့ရသော နာကျင်မှုကို ဖြေဖျောက်နိုင်မည်ဖြစ်သည်။
“သူတို့ကိုသတ်ကြ...”
စုမင်က အင်မော်တယ်တို့၏တပ်အတွင်းသို့ အရှိန်တင်လိုက်သည်။ သူသွားလေရာရာ အင်မော်တယ်တစ်ယောက်မှ သူ့ကို ပြန်မတိုက်နိုင်ပေ။
စုမင်က ဤနေရာသို့ ဆင်းသက်လာ သောအင်မော်တယ်အားလုံးကို သတ်ပစ်ခဲ့သည်။ကောင်းကင်မှ သွေးမိုးများ မြေပြင်ပေါ်သို့ ကျဆင်းလာကာ ဒေသတစ်ခုလုံး သွေးစွန်းနေသော ငရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စုမင်က သူ၏နာကျင်မှုကို အဆုံးမဲ့သတ်ခြင်းအဖြစ် ပြောင်းလဲလိုက်သည်။စုမင်က သူ့ခန္ဓာကိုယ်ကို အင်မော်တယ်တို့၏အသက်သွေးများဖြင့် ဆေးကြောပစ်လိုက်သည်။
စုမင်က ညာလက်ကို မြှောက်ကာ ရှေ့သို့ လက်သီးဖြင့် ပစ်လွှတ်လိုက်သည်။ သူ့ရှေ့ရှိ ကျင့်ကြံသူ အမျိုးသမီးကချက်ချင်းပင် မျက်လုံးပြူးသွားသည်။ စုမင်၏အသက်လမ်းစဉ် စွမ်းအားကို မခုခံနိုင်ဘဲ ပြိုလဲသွားသည်။ သူမ၏ သွေးများ လေထဲသို့ လွင့်စင်သွားသောအခါ စုမင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး မာန်နတ်ဘုရားသခင် ဟိန်းဟောက်သံကို ထုတ်လွှင့်လိုက်သည်။
ထိုဟိန်းဟောက်သံက လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ အာကာသဟင်းလင်းပြင်ပါ သူ့အလိုလို တုန်လှုပ်သွားသည်။
ထိုရှုးသွပ်စွာ ဟိန်းဟောက်သံက အင်မော်တယ်အားလုံး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေလေသည်။ထိုလှိုင်းလုံးများကြောင့် ဖြစ်လာသည့်တုန်ခါမှုများက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဆိုးရွားစွာ ပျက်စီးစေကာ ၎င်းတို့၏ မျက်လုံး၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးများ ထွက်ကျလာကာ မေ့မြောသွားကြသည်။