← Chapters

အမှတ်တရတွေကို နှုတ်ဆက်ခြင်း

Vol. 50 Ch. 694

အမှတ်တရတွေကို နှုတ်ဆက်ခြင်း

Vol. 50 Ch. 694

“ငါ ဘယ်ကလာတာလဲ..”

စုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် ချက်ချင်းပျံ့လွင့်လာသည်။ ထိုနေရာ၌ မီးပင်လယ်တစ်ခု ပေါ်လာပြီး စတင်‌လောင်ကျွမ်းခဲ့သည်။ ထို့နောက် အရပ်ရပ်သို့ မီးကူးစက်လောင်ကျွမ်းသွားသည်။

“ငါ အဲဒီကိုရောက်သွားတဲ့အချိန်မှာ ဘာလို့သေပြီးသားဖြစ်နေတာလဲ...”

စုမင်၏ မျက်လုံးများက သွေးဆာလောင်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။သူ့ဘယ်လက်ကို မြှောက်ကာ ချိပ်တံဆိပ်တစ်ခုကိုဖန်တီးပြီး ပစ်ပေါက်လိုက်သည်။ထိုစဥ် သူ့ရှေ့ရှိ ဟင်းလင်းပြင်က ကွဲအက်သွားပြီး အက်ကြောင်းများ တဟုန်ထိုး ပျံ့နှံ့သွားသည် ။ အက်ကွဲကြောင်းများ ပျံ့နှံ့သွားရာရှိ အင်မော်တယ်များက တစ်စစီချေမွှခြင်းခံရလိမ့်မည်။

“ငါ့မျိုးနွယ်စုမှာ တခြားလူတွေကျန် သေးလား..”

စုမင်က ကောင်းကင်သို့ ခုန်တက်လာပြီး သူ့အမူအရာက ပျက်ယွင်းသွားလေသည်။ သူ့မျက်နှာမှာ သွေးကြောများ

ထောင်းထလာသည်။သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုများက သူ့ကို ပိုပြီး ရူးသွပ်သွားစေသည်။ သူ့ရင်ထဲမှာ နာကျင်မှုများ ပိုပြင်းထန်လာလေလေ၊ သူ့သတ်ဖြတ်မှုကို ပိုရူးသွပ်လာလေပင်ဖြစ်သည်။ပေါက်ကွဲထွက်ချင်သောခံစားချက်များကို တွန်းလှန်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့သည်။

နာကျင်မှုက လူကို ပြိုလဲသွားစေနိုင်သည်။

သို့ပေမယ့် နာကျင်မှုက လူတစ်ယောက်ကို ရူးသွပ်သွားစေတတ်သည်။

“ငါ့မှာ မိဘ တွေရှိ သေးလား”

စုမင်က ဟိန်းဟောက်သံနှင့်အတူ ရှေ့သို့ အရှိန်တင်လိုက်ပြီး အင်မော်တယ်အဘိုးအိုကို သူ့ခေါင်းဖြင့် ဝင်ဆောင့်လိုက်သည်။ အင်မော်တယ်ပြည်ပြည်၌ရှိစဉ် ဒုတိယအဆင့်ရှိကျင့်ကြံသူက စက္ကူကဲ့သို့ ဆတ်ဆတ်ထိမခံ မွကြေသွားလေသည်။ ထို့ပြင် စုမင်က အဘိုးအို၏နဖူးကို ထိလိုက်ရာ အဘိုးအို၏ခေါင်းပေါက်ကွဲသွားလေသည်။သူ၏ ခန္ဓာကိုယ်သည် မြေပေါ်သို့ လဲကျသွားပြီး သူ၏ အခြေတည်နတ်ဘုရားက ချက်ချင်း ပျက်စီးသွားသည်။

“ငါ့မှာအိမ်ရှိလား”

စုမင်က သူ့ရှေ့ရှိအင်မော်တယ်တစ်ယောက်ဖမ်းယူပြီး ထိုသူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။

“ဘာအကြောင်းကြောင့် ငါအသက်ရှင်နေတာလဲ”

စုမင် သွားလေရာ၌ သွေးများက မိုးရေစက်များအဖြစ် ပြောင်းလဲသွားသည်။ ထိုသဆွးပမာဏက မာန်ကျင့်ကြံသူများကို ထိတ်လန့်သွားစေလောက်အောင် အလျှံပယ်ဖြစ်နေခဲ့သည်။ ထို့နောက်စုမင်က အင်မော်တယ်များကို ရူးသွပ်စွာ သတ်ဖြတ်တော့သည်။

“မင်းငါ့ကို နာကျင်အောင်လုပ်ရင် မင်းရဲ့လူတွေဆီကအသက်တွေ အဆပေါင်းများစွာယူမယ်..”

စုမင် သူ့ညာလက်ကို မြှောက်လိုက် သော် မကောင်းဆိုးဝါးလှံက လေထဲတွင် ထင်ရှားလာသည်။ထို့နောက် စုမင်က လှံကို လွှဲယမ်းလိုက်ပြီးနောက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ နာကျင်စွာ အော်ဟစ်သံများက လေထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ကောင်းကင်၌ နေရာရွေ့ပြောင်းသည့်မှော်အစီအရင် လေးခုက စူးစူးရဲရဲ အလင်းတန်းတစ်ခုဖြင့် ထပ်မံထွန်းလင်းလာတော့သည်။ ထောင်နှင့်ချီသောအင်‌မော်တယ် များ ဆင်းသက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်က လျင်မြန်စွာ ခန္ဓာကိုယ် အသွင်သဏ္ဍာန် ရရှိလာသည်။အားကြီးသော အလင်းတန်းလေးခုက မှော်အစီအရင်အတွင်းမှ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးက မြေပြင်ဆီသို့ ဦးတည်ကာ စုမင်ချထားသော မမြင်နိုင်သော အတားအဆီးသို့ ရောက်ရှိသွားသည်။ အတားအဆီးက ချက်ချင်းကွဲအက်သွားပြီး မြေပြင်ပေါ်ရှိ အင်မော်တယ်များကို ပျံသန်းခွင့်ပြုလိုက်သည်။

အခြားအလင်းတန်းနှစ်ခုက စုမင်ဆီသို့ ဆီသို့ ဖြာကျလာပြီး သူ့အပေါ်သို့ တိုးဝင်လာသည်။ စုမင်က သူ့ခေါင်းကို ဆတ်ခနဲလှည့်လိုက်ပြီး ညာလက်ဖြင့် ပထမအလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။

ကျယ်လောင်သော အသံများက ကောင်းကင်သို့ ပျံ့လွင့်လာသည်။ ထိုအလင်းတန်းက ချက်ချင်းပင် ပုံပျက်နေပြီး ကွဲအက်သွားသည်။ သို့သော် ဒုတိယအလင်းတန်းက စုမင်၏ခန္ဓာကိုယ်ထဲသို့ ကျရောက်သွားသည်။

စုမင်က ခြေလှမ်းတစ်ရာလောက် နောက်သို့ ဒယီးဒယိုင်ဖြစ်သွားသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှာ သွေးများ စီးကျလာသော်လည်း သူ့မျက်လုံးထဲက ကြက်သွေးရောင် အလင်းတန်းများက ပို၍အားကောင်းလာသည်။ ခုနက ဆင်းသက်လာသောအင်‌မော်တယ်

ထောင်နဲ့ချီက စုမင်ဆီသို့ အရှိန်တင်ခဲ့ကြသည်။

အတားအဆီးများ ကွဲအက်သွားသောအခါ၊ မြေပြင်ပေါ်ရှိမာန်ကျင့်ကြံသူများကို တိုက်ခိုက်နေသောအင်မော်တယ်အားလုံးက ချက်ချင်း ပျံတက်လာပြီး စစ်မြေပြင်ကို လျင်မြန်စွာ ချဲ့ထွင်လာစေသည်။

စုမင်က ဆက်လက် သတ်ဖြတ်ခဲ့သည်။ မာန်ကျင့်ကြံသူအားလုံး သူတို့စွမ်းအားတိုးတက်လာမှုကိုပြသသည့်အနေဖြင့် ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။ ထိုအချိန်တွင် နှစ်ဖက်စလုံးမှ လက်ရည်တူဖြစ်နေသောကြောင့် တိုက်ပွဲမစဲသည့် အခြေအနေအထိ ကြီးထွားလာခဲ့သည်။

မာန်ကျင့်ကြံသူများ လုံးဝ သုတ်သင်ခံရခြင်း သို့မဟုတ် အင်မော်တယ်များ မာန်ပြည်ထောင်သို့ လုံးဝဆင်းသက်မလာတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချိန်မှစ၍ အင်မော်တယ်များက မာန်ပြည်ထောင်မှ ပျောက်ကွယ်သွားကာ တိတ်တဆိတ် ကျန်ရှိနေကြသူများအားလုံးက သူတို့၏သေဆုံးခြင်းကို စောင့်မျှော်နေပေလိမ့်မည်။

စုမင်က ဟင်းလင်းပြင်ကို လက်သီးတစ်ချက်ဖြင့်ထိုးခွဲခဲ့သည်။သူ့ပတ်ဝန်းကျင်မှ

ပျံ့နှံ့သွားသော လှိုင်းလုံးများက အင်မော်တယ်များကို တုန်လှုပ်ချောက်ချားစေသည်။ သူ့ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ သူ့လက်မှာ အင်မော်တယ်သုံးယောက်ပါလာလေသည်။ ထို့နောက် ၎င်းကတို့က စိတ်ပျက်အားငယ်သံများဖြင့် အော်ဟစ်လိုက်ပြီးတို့၏ ခန္ဓာကိုယ်များ ပြိုကျပျက်စီးသွားခဲ့သည်။

များပြားလှသော သွေးများက စစ်မြေပြင်၏ အရပ်ရပ်မှ မဟာယွီ ဧကရာဇ်မြို့တော်ဆီသို့ ဦးတည်စီးဆင်းသွား‌လေသည်။ မြို့တော်ရှိ ရေခဲများလည်း လျင်မြန်စွာ အရည်ပျော်လာသည်။ တကယ်တော့ မြို့ထဲရှိ တချို့နေရာများက လေနှင့် ထိတွေ့နေပြီဖြစ်သည်။

စုမင်က သူ့လက်ဖြင့်အင်မော်တယ်များကို ဆုပ်ကိုင်ထားစဉ် သူ့ဘေးမှ တိုက်ခတ်လာသော လေပြင်းတစ်ချက်ကို သတိထားမိသွားသည်။ စုမင်က သူ့ကို ခြုံခိုတိုက်ရန် ကြိုးစားနေသူကို တွေ့လိုက်ရသည်။

ထိုလူက ကျင်းနန့်ပင်ဖြစ်သည်။

စုမင်၏အမှတ်တရများရှိ ဖုံးကွယ်နဂါးဂိုဏ်းမှ ဂိုဏ်းချုပ်က လေပြေစီးကြောင်းမျိုးနွယ်စု၏အကြီးအကဲဖြစ်သည်။

“အခုချိန်ကစပြီး ခင်ဗျားနဲ့ကျုပ်ရဲ့အမှတ်တရတွေ ပျောက်ကွယ်သွားလိမ့်မယ်..”

စုမင်၏ မျက်လုံးများ နီရဲလာသည်။ သူ့အသံက ဆောင်းရာသီမှာ လေတိုက်သံကဲ့သို့ အေးစက်နေလေသည်။ ကျင်းနန်က ထိုစကားများကိုးကြားလိုက်ရစဉ် စုမင်က သူ့ညာလက်ညိုးနှင့် ထိုလူ၏မျက်ခုံးအလယ်ကို ဖိလိုက်သည်။

ကျယ်လောင်စွာပေါက်ကွဲသံနှင့်အတူ ကျင်းနန် လဲကျကာ သေဆုံးခဲ့သည်။

“စုမင်”

လူအုပ်ထံမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ထိုလူက သူ့အမှတ်တရထဲရှိ ချန်ချုံးပင်ဖြစ်သည်။

သူက လေ‌ပြေစီးကြောင်းမျိုးနွယ်စု၏ ပါရမီရှင်လူငယ်လေးဖြစ်သည်။ ထိုအချိန်တွင် စုမင်က ကျင်းနန်ကို သတ်လိုက်ကြောင်း သူ မြင်ခဲ့ရသ ည်။ သူ့စိတ်ထဲတွင် ဝမ်းနည်းမှု ပေါ်လာပြီး စုမင်ဆီသို့တင်လိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ လက်ထဲမှာ ကျောက်မျက်ရတနာနှင့် သန့်စင်ထားသော အိုးကြီး ပေါ်လာလေသည်။

“မင်းငါ့ကိုတိုက်ခိုက်ရင် မင်းကငါ့ရဲ့အမှတ်တရတွေကနေ ပျောက်ကွယ်သွားလိမ့်မယ်”

စုမင်က ပြတ်ပြတ်သားသားပြောခဲ့သလို ချန်ချုံးက သူ့နား တိုးကပ်လာလေသည်။ သူ့လက်ထဲက အိုးဝမှ အေးစက်သော လေပြင်းများ ထွက်လာသည်။ထိုလေပြင်းနှင့်အတူ အော်ဟစ်ညည်းညူသံများနှင့် စူးရှသော လေချွန်သံများက နေရာအနှံ့ ဖြတ်ကျော်လာကာ စုမင်ဆီသို့ရောက်ရှိလာခဲ့သည်။

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက တည်ငြိမ်စွာဖြင့် ဝင်လာသောလေပြင်းကို ခုခံလိုက်သ ည်။ ထို့နောက် သူက အိုးကို ဆုပ်ကိုင်မိသည်အထိ တည့်တည့် ရွေ့လျားသွားသည်။ အိုးက တုန်လှုပ်သွားပြီး အပိုင်းပိုင်းကွဲအက်သွားသည်။ သို့သော် မည်သည့်အရာမှ စုမင်၏ ညာလက်ထက် ပိုမြန်အောင် မလှုပ်ရှားနိုင်ပေ။ ထိ့နောက် ချန်ချုံး လည်ချောင်းကို ဖမ်းဆုပ်လိုက်သည်။

သူတို့၏ စွမ်းအားကွာဟချက်ကြီးမား

သောကြောင့် စုမင်ကို ချန်ချုံးကို အလွယ်တကူသတ်ပစ်နိုင်လေသည်။

“မင်း ကိုယ့်‌သေတွင်းကိုယ်တူးနေတာလား...”

စုမင်က ချန်ချုံးဧ။်လည်ပင်းကိုညှစ်ထားရင်း လေပြေစီးကြောင်းမျိုးနွယ်စု၏ပါရမီရှင်ကို ကြည့်မိလိုက်သည်။ ယခင်က ချန်ချုံးမှာ လူချစ်လူခင်ပေါသောပါရမီရှင်လူငယ်လေးဖြစ်ပြီး စုမင်က တစ်ယောက်တည်းဘေးမှထိုင်ကြည့်နေခဲ့ရသည်။

“ငါသေတော့ရော ဘာဖြစ်လဲ..မင်း အင်မော်တယ်တွေအများကြီးကို သတ်ပြီးပြီလေ..မင်း ငါ့ကိုသတ်လိုက်တော့ရော ဘာထူးမှာလဲ..စုမင်..မင်းပြောင်းလဲသွားပြီ.. နက်မှောင်တောင်မှာ ရှိတုန်းကလိုမျိုး မဟုတ်တော့ဘူး...”

စုမင်က သူ့လည်ပင်းအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်နောက် ချန်ချုံး သေဆုံးသွားခဲ့သည်။ စုမင်၏ ကြီးမားသော စွမ်းအားသည်လည်း သူ့အခြေတည် နတ်ဘုရားကို ဖျက်ဆီးပစ်လိုက်သည်။

“ငါ့ရှေ့မှာ နက်မှောင်တောင်အကြောင်းလာ မပြောနဲ့... မင်းနဲ့ မထိုက်တန်ဘူး...”

စုမင်က သူ့လက်ကို လွှတ်လိုက်ပြီးသူ့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အင်မော်တယ်များကြားတွင် သူ့အမှတ်တရများထဲမှ မျက်နှာများကို သူမြင်ရသည်။ ထိုအချိန်တွင် သူတို့အားလုံးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

၎င်းတို့၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုအပြင် အေးစက်သော အလင်းတန်းများဖြင့် ရောထွေးနေလေသည်။ထိူလူများမှာ ဝူလ၊ ချန်ရှင် ပေလင်းနှင့်နန့်စုန်တို့ ဖြစ်ကြသည်။

“မင်း ချန်ချူံးနဲ့ ကျင်းနန်ကို သတ်ပြီးပြီ... ပြီးတော့ ငါတို့ကိုလည်း သတ်ပစ်လိုက်..”

ထိုစကားများကို ပြောသူကတော့ လေ့စုပင်ဖြစ်သည်။ စုမင်၏အမှတ်တရများတွင် သူမသည် ပိုင်လင်း၏အဖွားဖြစ်သည်။

အဘွားအို,က တိုက်ပွဲလူအုပ်ထဲမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။သူမမျက်နှာတွင် မုန်းတီးမှုများပြည့်နှက်နေပြီး စုမင်ဆီသို့ အရှိန်တင်လိုက်သည်။

စုမင် ငြိမ်ကျသွားလေသည်။ လေ့စုက သူ့အနား နီးကပ်လာသော် သူ့ညာလက်ကိုမြှောက်ပြီး ချိန်ရွယ်လိုက်သည်။ ထို့နောက် အဘွားကြီးက အနားမကပ်နိုင်မီ တုန်တုန်ယင်ယင်နှင့် ဦးခေါင်းပေါက်ကွဲကာ ‌‌ သေဆုံးသွားလေသည်။

စုမင်၏အမှတ်တရများရှိလူများအားလုံး လေ့စုသေဆုံးသည်ကိုမြင်သောအခါ သူတို့က စုမင်ကဲ့သို့ သွေးများဖြင့်ပြည့်နေသော ဤစစ်ပွဲဇုန်တွင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

စုမင်က ခေါင်းကို မော့ကာ မြေပြင်ကို ခြုံကြည့်လိုက်သည်။ သူ့မျက်ခုံးက ဆတ်ခနဲတွန့်သွားပြီး အေးစက်သော အသံကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။ ၎င်းနှင့်အတူ သူ့နောက်မှ ရုတ်တရက်ပေါ်လာသော လူတစ်ဦးကို ချက်ချင်း တိုက်မိသွားသည်။

နာကျင်စွာအော်သံက လေထဲတွင် တဟုန်ထိုး ထွက်ပေါ်လာသည်။ ကောင်းကင်တာအိုမြူခိုးဂိုဏ်းဧ။်ဘိုး‌ ‌ ဘေးက စုမင်၏နောက်တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ကွဲကြေသွားခဲ့သည်။ ရှင်းနေသည်မှာ ဘိုးဘေးက ဝင်တိုက်ခံရစဉ် သူ့အသက်စွမ်းအားက လုံးလုံးလျားလျား ကွဲကြေသွားခဲ့သည်။

“ ကောင်းကင်တာအိုဂိုဏ်းရဲ့ ဘိုးဘေး”

စုမင်က သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး သေလုနီးပါးရှိသော အဘိုးအိုဆီသို့ ဆုတ်သွားကာ လေထုကို သိမ်းပိုက်လိုက်သည်။ ထိုအဘိုးအို၏ ခန္ဓာကိုယ်က လှုပ်ခါလာပြီး သွေးချောင်းဆိုးလာသည်။ ထို့နောက်သူက စုမင်၏ ဘယ်ဘက်လက်ဆီသို့ အရှိန်တင်လိုက်သည်။ စုမင် ဘိုးဘေး၏ ရင်ဘတ်ကို ဖမ်းဆုပ်လိုက်သည်။

“စုမင်..”

ထိုအချိန်တွင် စစ်မြေပြင်မှ ရှည်လျားသော မြားနှစ်စင်း ထွက်ပေါ်လာသည်။ သူတို့ကတော့ ... ထျန်းလန်မုန့်နှင့် ထျန်းလန်ယို့ပင်ဖြစ်သည်။ သူတို့ နှစ်ယောက်သား စုမင်ထံသို့ အမြန်နီးကပ်ကြသည်။ ထျန်းလန်မုန့်က “စုမင်” ဟုကျယ်လောင်စွာ ခေါ်လိုက်သည်။ထျန်းလန်ယို့ကတော့ မီးထဲသို့တိုးဝင်နေသော ပိုးဖလံတစ်ကောင်လို မျက်နှာထားဖြင့် စုမင်ဆီသို့ အရှိန်တင်လေသည်။

စုမင်က ထျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘယ်ဘက်လက်က ဘိုးဘေး ၏ရင်ဘတ်ကို ဆုပ်ချေလိုက်သည်။ တစ်ချိန်တည်းတွင် ဘိုးဘေး၏နှလုံးသားနှင့် သူ၏အခြေတည်နတ်ဘုရားက ကြေမွသွားခဲ့သည်။

ထျန်းလန်မုန့်၏ မျက်နှာက ဖျော့တော့သွားသည်။ သူမသည် တုန်လှုပ်ချောက်ချားသော ခြေလှမ်းအနည်းငယ်ကို နောက်ပြန်ဆုတ်လိုက်သည်။ ထိုအချိန်တွင် ထျန်းလန်ယို့က စုမင်နားသို့ နီးကပ်လာလေသည်။ သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် ချိပ်တံဆိပ်တစ်ခုကို ထုလုပ်ကာ ရှေ့ကို ချိန်ရွယ်လိုက်သည်။

စုမင်က သူ့မျက်နှာပေါ်တွင် အေးစက်သောအကြည့်ဖြင့် သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး ထျန်းလန်ယို့ဧ။်လက်ကို ဆုပ်ကိုင်လိုက်သည် ။ ထို့နောက် စုနင် တစ်ချက်တည်းဆွဲလိုက်ရုံဖြင့် ထျန်းလန်ယို့၏ညာလက်က ချက်ချင်း ကွဲအက်သွား လေသည်။

ထျန်းလန်ယို့ ၏နဖူးတွင် အေးစက်သော ချွေးစီးများ စီးကျလာသော်လည်း သူမ အံကြိတ်ကာ အသံတစ်သံမျှ ထွက်မလာခဲ့ပေ။

“အရင်က ဘိုးဘေးက ငါ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တာ... ဒါ့ကြောင့် ငါ သူ့ကိုသတ်ပစ်ချင်တယ်.. မင်းတို့နှစ်ယောက်ကိုတော့...”

စုမင်က ထျန်းလန်ယို့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို လွှတ်လိုက်သည်။ သူ့လက်မောင်းကို လွှဲယမ်းလိုက်သော် ထျန်းလန်ယို့က ပေရာနဲ့ချီပြီး နောက်ပြန်ဆုတ်သွားသည်။ သူမက ဖြူဖျော့သော မျက်နှာဖြင့် ထျန်းလန်မို့၏ နံဘေးသို့ ပြန်ကျသွားခဲ့သည်။

“အခု မင်းတို့အားလုံး ကိုယ့်ဘာသာကိုယ်နေကြ... “

“အားလုံးလည်း အတူတူပဲ…”

စုမင် သူ့အမှတ်တရများထဲမှ မျက်နှာများကို တစ်ယောက်ချင်းစီကြည့်လိုက်သည်။

“ဒီနေ့တော့ ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်.. အခုချိန်ကစပြီး ငါတို့က သူစိမ်းတွေပဲ...”

စုမင်က နတ်ဆိုးမြူမှုန်ဂိုဏ်းရှိ စစ်ခုံး၏ ရှေ့မှာ ပေါ်လာပြီး သူ့မျက်ခုံးလယ်ကို ပုတ်လိုက်သည်။

“ဒါပေမဲ့ ငါလွှတ်ပေးမဲ့ထဲ မင်းမပါဘူး...”

စုမင်က ရှေ့သို့နောက်တစ်လှမ်းတိုးလိုက်သည်။ ယခုတစ်ခါ သူက ပိုင်စု ရှေ့မှာပေါ်လာသည်။ ထိုအမျိုးသမီး၏ အမူအရာ ပြောင်းသွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။ စုမင်က သူ့လက်ကို ချိန်ရွယ်လိုက်သော် ပိုင်စုက နာကျင်စွာအော်သံကို ထုတ်လွှတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က ကွဲကြေသွားလေသည်။

“မင်းတို့လည်း မပါဘူး..”

စုမင်က လှည့်ကြည့်လိုက်ပြီး နတ်ဆိုးအင်မော်တယ်ဂိုဏ်းရှိ ပိုင်စု ၏အစ်ကို ကိုကြည့်လိုက်သည်။ ထိုလူ၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသော်လည်း ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ကိုယ်တိုင် ဖျက်ဆီးခြင်းကို ရွေးချယ်ခဲ့သည်။ စုမင်ကို ထိခိုက်နာကျင်အောင်လုပ်ရန် ထိုစွမ်းအားကို အသုံးပြုခဲ့သည်မှာ ထင်ရှားလေသည်။

သို့သော် သူ့ကိုယ်သူ ဖျက်ဆီးခြင်းပင် မပြီးသေးမီတွင် စုမင်က သူ့ခေါင်းကို ခန္ဓာကိုယ်နှင့် ပိုင်းဖြတ်ကာ သူ့ရှေ့မှ ဖြတ်သွားခဲ့သည်။

“မင်းရောပဲ...”

စုမင်က ပိထူ ရှေ့မှာ ပေါ်လာသည် ။ ဤလူက ယခင်က နက်မှောင်တောင်မျိုးနွယ်စု၏အကြီးအကဲဖြစ်ခဲ့ပြီး ယခု သွေးမြူမှုန်ဂိုဏ်း၏ဂိုဏ်းဆရာဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူက စုမင် ရှေ့မှာ အခွင့်အရေး မရခဲ့ပေ။

All Chapters