← Chapters

အင်မော်တယ်တွေရဲ့‌နောက်ဆုံးအားကိုးရာ

Vol. 50 Ch. 695

အင်မော်တယ်တွေရဲ့‌နောက်ဆုံးအားကိုးရာ

Vol. 50 Ch. 695

လောကကြီးမှ ဟိန်းဟောက်သံများက အဆက်မပြတ်ထွက်ပေါ်လာလေသည်။ ဝဲဂယက်အတွင်းရှိ မှော်အစီအရင်လေးခုက တစ်ဖန်ပြန်လည်လည်ပတ်လာပြီး ထောင်ပေါင်းများစွာသောအင်မော်တယ်များ ဆင်းသက်လာသည်။ မဟာယွီအင်ပါယာမြို့တော်၏ နေရာအများစုက ဖြင့် အရည်ပျော်သွားသည်။ ထိုကဲ့သို့ပင် အေးခဲသောလေထုက ပြန့်ကျဲလာသော ‌နယ် မြေအတွင်းရှိ အပူချိန်က ပြန်လည်ကျဆင်းသွားလေသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မာန်ကျင့်ကြံသူ အများအပြားလည်း သေဆုံးခဲ့သည်။ ယခုတိုက်ပွဲက နှစ်ဖက်စလုံးကို ရူးသွပ်သွားစေသော တိုက်ပွဲတစ်ခုပင်ဖြစ်သည်။ တကယ်တော့ အင်မော်တယ်တို့၏စွမ်းအားက မာန်ကျင့်ကြံသူများထက် အနည်းငယ် ပိုမြင့်လေသည်။ မာန်ပြည်ထောင်တွင် သတ်မှတ်ထားသော ကန့်သတ်ချက်များကြောင့်သာ မဟုတ်လျှင် ၊(သို့မဟုတ်) စုမင်၏တည်ရှိမှုကြောင့် မာန်ကျင့်ကြံသူများ စွမ်းအားတိုးတက်လာတာမဟုတ်လျှင်၊(သို့မဟုတ်) စုမင်၏အကြီးဆုံးအစ်ကိုက ရှာမန်ဝိညာဉ်များကို မလွှတ်ပေးလျှင် မာန်ကျင့်ကြံသူများအတွက် ဤတိုက်ပွဲကို အနိုင်ရရန် အလွန်ခက်ခဲပေလိမ့်မည်။

ကံကောင်းထောက်မစွာ၊ ၎င်းတို့၏သွေးများဆူပွက်မှုကြောင့် မာန်ကျင့်ကြံသူများ ထပ်မံရောက်ရှိလာပြီး တိုက်ပွဲတွင်ပါဝင်ခဲ့သည်။ ဤတိုက်ပွဲမှ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုက ပိုမိုမြင့်မားလာသည်။

စုမင်က မာန်ကျင့်ကြံသူများကြားတွင် နတ်ဘုရားကဲ့သို့ ယုံကြည်မှုဖြစ်သည်။ သူက အသက်လမ်းကျင့်စဉ်သို့ ရောက်ရှိခဲ့သူတစ်ဦးဖြစ်သောကြောင့် စွမ်းအားကြီးနယ်ပယ်တွင် ကန့်သတ်ထားသည့် မည်သည့်အင်မော်တယ်မှ သူ၏ပြိုင်ဘက်မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ မဟာယွီအင်ပါယာမြို့တော်ရှိ ရေခဲများ ဆက်လက် အရည်ပျော်လာသည်နှင့်အမျှ မာန်ပြည်ထောင်ရှိ ဥပဒေများသည် ပိုမိုအားကောင်းလာသည်။

ထို့အတွက်ကြောင့် အင်မော်တယ်ပြည်မှ လူများ အဆက်မပြတ် စေလွှတ်နေသော်လည်း၊ တစ်ကြိမ်တည်းတွင် အင်မော်တယ်တစ်သိန်းနီးပါးကို မပေးပို့နိုင်ပါက တိုက်ပွဲတွင်အနိုင်ရရန် လုံးဝခက်ခဲသည်။ သို့မှသာ ဤတိုက်ပွဲ၏

ရေစီးကြောင်းကို လှန်ပစ်ရန် သူတို့အတွက် ဖြစ်နိုင်ခြေရှိမည်ဖြစ်သည်။

သို့ပေမယ့် ထိုကိစ္စက မဖြစ်နိုင်ပေ။ တစ်ကြိမ်လျှင် အင်မော်တယ်တစ်ရာနီးပါးနှင့်တစ်ထောင်နီးပါး ပေးပို့ခြင်းတွင်တောင် ပေးဆပ်ရမည့်အဖိုးအခမှာ ကွာဟချက်ကြီးမားလှသည်။ ထိုအဖိုးအခက အင်မော်တယ်များ အလွယ်တကူ လက်ခံနိုင်သော အရာမဟုတ်ပေ။

ထောင်ပေါင်းများစွာသောအင်မော်တယ်များကို ပေးပို့ပြီးနောက်၊ ကောင်းကင်ရှိ မှော်အစီအရင်များ အချိန်အတော်ကြာ မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ရပ်တန့်သွားခဲ့သည်။ နောက်ဆုံးအကြိမ် ပို့ဆောင်သော အရေအတွက်မှာလည်း အင်မော်တယ် နှစ်ထောင်အောက်သာ ရှိခဲ့သည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားခဲ့သည်။ မာန်ကျင့်ကြံသူများ ၏ရူးသွပ်မှုနှင့် အင်မော်တယ်များ၏ စိတ်ပျက်အားငယ်မှုတို့ကြောင့် မာန်ကျင့်ကြံသူ များက တဖြည်းဖြည်းမျက်နှာသာရလာသည်။ သို့သော် အင်မော်တယ်များ၊ မာန်ကျင့်ကြံသူများနှင့်စုမင်... ၎င်းတို့အားလုံးက ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နှက် နေလေသည်။ မာန်ကျင့်ကြံသူများက အဆက်မပြတ်စစ်ကြောင်းထိုးပါက ၎င်းတို့က ပို၍ပင်ပန်းနွမ်းနယ်လာမည်ဖြစ်သည်။

ထိုအချိန်တွင် မဟာယွီအင်ပါယာမြို့တော်၏ သုံးပုံနှစ်ပုံက အရည်ပျော်သွားခဲ့ပြီဖြစ်သည်။ ရေခဲထဲတွင် ဖုံးကွယ်ထားဆဲ သေးငယ်သော အစိတ်အပိုင်းများအပြင် အခြားအစက်အပြောက်များစွာက ယခုအခါ လုံးဝ ကင်းစင်သွားပြီဖြစ်သည်။

စုမင်၏ တစ်ကိုယ်လုံး သွေးများ ရွှဲလျက်ရှိသည်။ အများစုမှာ အင်မော်တယ်များ၏သွေးဖြစ်သော်လည်း အချို့မှာ သူ့ သွေးဖြစ်သည်။ စုမင်က အင်မော်တယ်အရေအတွက် မည်မျှသတ်ခဲ့သည်ကို သူမသိတော့ပေ။ရေလည်း မရေတွက်နိုင်တော့ပေ။

သူ့အသက်ရှူသံများက အမျက်ဒေါသကြောင့် ပြင်းရှနေလေသည်။ သူ့မျက်လုံးများ နီရဲနေသည်မှာ ထင်ရှားသည်။ သို့သော်လည်း တိုက်ပွဲက ဆက်ဖြစ်နေတော့ စုမင် မရပ်တန့်နိုင်ပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုက မပျောက်သေးပေ။နာကျင်မှုကို သူ့စိတ်ဆန္ဒဖြင့် တောင့်ခံထားလေသည်။ ဤပင်ပန်းနွမ်းနယ်မှုအောက်တွင် စုမင်က နောက်မဆုတ်ဘဲ နာကျင်ကိုက်ခဲမှုဒဏ်ကို ခံရသည်။ ယင်းအစား သူက အရာအားလုံးကို ခံနိုင်ရည်ရှိပြီး အဆုံးမရှိဟုထင်ရသည့် ဤစစ်ပွဲတွင် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

မာန်ကျင့်ကြံသူ များက ကြီးမားစွာ အသာစီးရခဲ့သည်။ အင်မော်တယ်နှစ်သောင်းအောက်သာ ကျန်ရှိတော့ပြီး ၎င်းတို့အားလုံးကို တစ်စတစ်စ ဖယ်ထုတ်ပစ်ရန် ကြံရွယ်နေသောမာန်ကျင့်ကြံသူ များက ဝိုင်းရံထားကြသည်။ ထိုအချိန်တွင် အချိန်အကြာကြီး မတောက်ပခဲ့သောမှော်အစီအရင် များသည် စူးစူးရှရှ အလင်းရောင်ဖြင့် ရုတ်တရက် ထွက်ပေါ်လာသည်။

စုမင်က တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

မှော်အစီအရင်လေးခုထဲက တစ်ခု ကွဲအက်သွားပြီး တစ်ခုပြိုကျသွားလေသည်။ ထိုတစ်ခုမှ အလင်းတန်းများ ပြန့်ကျဲသွားပြီး အခြား မှော်အစီအရင်သုံးခုက စုပ်ယူသွားလေသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ်မှော်အစီအရင်နှစ်ခု ပေါက်ကွဲသွားပြီး နောက်ဆုံး ကျန်သည့်တစ်ခုက ၎င်းတို့၏ အလင်းရောင်ကို စုပ်ယူလိုက်သည်။ ‌နောက်ဆုံးကျန်ခဲ့သောမှော်အစီအရင်၏ အလင်းရောင်သည် ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။

ထိုအလင်းရောင်သည် ကောင်းကင်ရှိနေမင်းကြီးကဲ့သို့ ရုတ်တရက် မြင့်တက်လာလေသဘ်။ ကြောက်မက်ဖွယ်ကောင်းသည့်တည်ရှိမှုတစ်ခုက ကျန်ရှိနေသော မှော်အစီအရင်မှ ပျံ့နှံ့လာသည်ကို စုမင် တွေ့လိုက်ရသည်။

အင်မော်တယ်များက သူတို့၏မှော်အစီအရင်များကို ဖျက်စီးပစ်ခဲ့ပြီး အံ့ဩဖွယ်ကောင်းသောနေရာပြောင်းရွှေ့ခြင်း စွမ်းအားကို စုစည်းခဲ့သည်။ တစ်ကြိမ်တည်းတွင် အင်မောတယ်တစ်သိန်းလုံး မပို့ဆောင်နိုင်သည့်အတွက် ထိုကဲ့သို့ အပြင်းထန်ဆုံးသော စွမ်းအားကို ဖန်တီးလိုက်သည်။

အကယ်၍ တစ်စုံတစ်ဦးကို စေလွှတ်လိုက်မည်ဆိုလျှင် ဤလူက မာန်ပြည်ထောင်ရှိ ဥပဒေများဖြင့် ဖိနှိပ်မခံရမည့် အရာတစ်ခုကို သေချာပေါက် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ပြင် စုမင်ကို လုံးလုံးလျားလျား ချိုးနှိမ်နိုင်သည့် စွမ်းအားလည်း ပိုင်ဆိုင်ထားမည်ဖြစ်သည်။

အကယ်၍ လူတစ်ဦးကို မစေလွှတ်ဘဲ ရတနာတစ်ခု ပေးပို့ခဲ့မည်ဆိုလျှင် ထိုရတနာသည်လည်း အံ့ဩဖွယ်ရာ ထူးထူးခြားခြား အရာတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသောအင်မော်တယ်တို့၏ မျှော်လင့်ချက်ရောင်ခြည်များ ထွန်းလင်းလာသည်။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူတို့ ပြေးထွက်လာပြီး သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့်မှော်အစီအရင်ကို ကြည့်လိုက်သည်။

စုမင်က ရုတ်တရက် ခုန်လွှားလိုက်သည်။ အင်မော်တယ်နှင့်မာန်ကျင့်ကြံသူများရှေ့တွင် လေထဲသို့ ပျံသန်းသွားပြီး မဟာယွီအင်ပါယာနန်းတော်အထက်တွင် ရပ်ကာ ကောင်းကင်တွင် တစ်ခုတည်းသော မှော်အစီအရင်ကို ကြည့်နေလေသည်။

မှော်အစီအရင်မှအလင်းတန်းသည် ပိုမိုအားကောင်းလာပြီး မာန်ပြည်ထောင်တွင်အပြင်းထန်ဆုံးအလင်းရောင်ဖြစ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ကျဆင်းလာသည်။

ထို့နောက် ‌နောက်ထပ်တူညီသောတည်ရှိမှုနှစ်ခု ပေါ်လာသည်။

“အင်မော်တယ်ပြည်ထောင်ရဲ့အမိန့်အရ.. ကောင်းကင်၊ မြေကြီးနဲ့ လူသားတို့ရဲ့ ပြစ်ဒဏ်သုံးခုက ဆင်းသက်လာပြီး မာန်ကျင့်ကြံသူတွေကို ဖိနှိပ်လိမ့်မယ်...”

ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ ကျယ်လောင်သော အသံက မှော်အစီအရင်မှ ထွက်ပေါ်လာသည်။ သို့သော် ထိုအသံသည် ရှင်းရှင်းလင်းလင်းမဟုတ်ပေ။

ထိုအသံက လေထုထဲတွင် တဟုန်ထိုးမြည်လာကာ ချက်ချင်းဆိုသလိုပင် ပထမဆုံးတည်ရှိမှုက ပေါက်ကွဲထွက်လာသည်။ မီးခိုးရောင် အလင်းတန်းတစ်ခုက မှော်အစီအရင်ထဲမှ ထွက်ပေါ်လာသည်။

ထိုမီးခိုးရောင်အလင်းတန်းက ရှည်လျားသောစက်ဝန်းပြတ်ပုံစံမျိုးဖြစ်သည်။ အထဲမှာ ဦးခေါင်းအရွယ်လောက်ရှိသော ကျောက်တုံးကြီးတစ်ခုရှိတယ်။ ထိုကျောက်တုံးကြီးက လေထဲတွင် ဖြတ်သန်းစဉ် ကျယ်လောင်သောအသံလှိုင်းဒါဏ်ကို ခံရသောကြောင့် အပေါက်ပေါက် ဖြစ်နေသည်။

၎င်း၏ အရှိန်က လွန်စွာ မြန်ဆန်ပြီး ပြင်းထန်သော ဖိအားများနှင့်အတူ လောကကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ခု ယူဆောင်လာခဲ့သည်။၎င်းက စွမ်းအားကြီးနယ်ပယ်အဆင့်ထက် ကျော်လွန်သွားသောကြောင့် စုမင်ကို

ပင် ထိတ်လန့်စေခဲ့သည်။ ဒုတိယအဆင့်၏အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ထူးဆန်းသော ရတနာ သို့မဟုတ် တတိယအဆင့်၏ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်ဖြစ်သည်။

၎င်းက မာန်ပြည်ထောင်၏ဥပဒေသများဖြင့် ဖိနှိပ်ထားခြင်းမခံရသလို မာန်ပြည်ထောင်ရှိအဖိုးတန်ရတနာများက ၎င်းကိုရပ်တန့်ရန်ထွက်ပေါ်မလာပေ။

၏ ပြီးပြည့်စုံသော စွမ်းအားဖြင့် ဆင်းသက်နိုင်စေရန် အင်မော်တယ်နည်းလမ်းတစ်မျိုးကို အသုံးပြုခဲ့ကြောင်း သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည်။

ရှည်လျားသော မီးခိုးရောင် အလင်းတန်းရှိ ဦးခေါင်းအရွယ်ရှိ ကျောက်တုံးက ကောင်းကင်ယံတွင် ဖြတ်သွားသော်လည်း စုမင်ဆီသို့ ခရီးမပေါက်ခဲ့ပေ။

၎င်းက စုမင်အနားကို သွားမည့်အစား သူ့ခေါင်းသူဖြတ်ခဲ့သော အစ်ကိုကြီးရှင်းကန်ဆီသို့ ဦးတည်သွားနေလေသည်။

ထိုကျောက်တုံးက လျင်မြန်စွာ ရွေ့လျားသွားသဖြင့် စုမင်ပင် မတားနိုင်ပေ။ ပေါက်ကွဲသံနှင့်အတူ အစ်ကိုကြီး၏အထက်တွင် ကျောက်တုံးကြီးပေါ်လာသည်။ သူ့ရင်ဘတ်ပေါ်၌ရှိသော မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက တိုက်ပွဲပုဆိန်ကို လက်ထဲတွင်ကိုင်ကာ တိုးဝင်လာသောကျောက်တုံးဆီသို့ လှီးဖြတ်လိုက်သည်။

သူက ပုဆိန်ကို လွှဲယမ်းလိုက်ရာ မီးခိုးရောင် ကျောက်တုံးကြီးက ပေါက်ကွဲသွားလေသည်။ မီးခိုးရောင် အလင်းတန်းများ ဖြန့်ကျက်ပြီး ပေထောင်ပေါင်းများစွာကို လွှမ်းခြုံထားသည်။

ထိုအလင်းတန်းများ ပျံ့နှံ့သွားသောအခါတွင် အစ်ကိုကြီးက ထိုနေရာတွင် ပထမဆုံးဖုံးလွှမ်းခံရသည်။ သူ၏တိုက်ပွဲပုဆိန်ကို မီးခိုးရောင်အလင်းတန်းတွင် သွားပြီး‌နောက် သူက ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

ရှင်းကန်၏ခန္ဓာကိုယ်က လူတိုင်း၏မျက်စိရှေ့တွင် ကျောက်ရုပ်တစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

ဤအရာက သူ့တစ်ယောက်တည်းအတွက်မဟုတ်ခဲ့ဘဲ ထိုခြေလှမ်းထောင်ပေါင်းများစွာအတွင်းမှ အင်မော်တယ်များ၊ မာန်ကျင့်ကြံသူများကိုပါ ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားစေသည်။

လူပေါင်းထောင်ချီက မာန်ပြည်ထောင်တွင် ကျောက်ရုပ်များဖြစသွားသည်။၎င်းတို့က ယခင်ကိုယ်ဟန်အမူအရာများအတိုင်း ဆက်လက်ရှိပြီး ၎င်းတို့ကို မြင်သူတိုင်း ထိတ်လန့်စေမည့် တည်ရှိမှုများဖြစ်လာခဲ့ကြသည်။

ဤသည်မှာအင်မော်တယ်များမှ မာန်ပြည်ထောင်၏ဂုဏ်သရေတိုးတက်မှုကို ဖိနှိပ်ခြင်းဖြစ်သည်။

“ အစ်ကိုကြီး...”

စုမင် ၏ မျက်လုံးများတွင် ဒေါသမီးဟုန်းဟုန်းတောက်‌လောင်နေလေသည်။ သူက သူ့အစ်ကိုကြီး၏ ရုပ်ထုအနီးသို့ ရောက်ခါနီးတွင် လောကကြီးကိုဖျက်စီးနိုင်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည့်တည်ရှိမှုတစ်ခု ထပ်မံထွက်ပေါ်လာသည်။

“ထိုအရာက လူ့ဦးခေါင်းပင်ဖြစ်သည်။

၎င်းက ဧရာမဘီလူးကြီးဧ။် ဦးခေါင်းနှင့် တူလေသည်။ သူ့မျက်လုံးထဲက အနက်ရောင်သွေးများ စီးကျနေပြီး သူ့ဆံပင်တွေက ရှုပ်ပွနေလေသည်။ ထိုဦးခေါင်းမှာ ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်သော အငွေ့အသက်များ ရှိနေလေသည်။

စုမင်နှင့်မာန်ကျင့်ကြံသူတို့၏နှလုံးသားများ တုန်လှုပ်သွားအောင် ပြုလုပ်သည့် ရင်းနှီးကျွမ်းဝင်မှုတစ်ခုလည်း ရှိခဲ့သည်။ ထိုတည်ရှိမှုက မာန်နတ်ဘုရားသခင်၏ဦးခေါင်းပြတ်ပင်ဖြစ်သည်။

“ ဒုတိယ မာန်နတ်ဘုရားသခင်... ဒီဦးခေါင်းက ဒုတိယ ဘုရားသခင်ရဲ့ဦး ခေါင်းပဲ... ငါ့ရဲ့သွေးထဲမှာရှိတဲ့ လှုံ့ဆော်မှုက မမှားနိုင်ဘူး...”

မာန်ကျင့်ကြံသူများက ထိုဦးခေါင်းကိုမြင်လိုက်သည့်အခါ ရူးသွပ်မှုများ ချက်ချင်း ထွက်ပေါ်လာသည်။ ဝမ်းနည်းမှုနှင့်အမျက် ဒေါသတို့က သူတို့အားလုံး၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ မာန်ကျင့်ကြံသူတို့များကို အမျက်ခြောင်းခြောင်းထွက်စေသော အရာမှာ ဒုတိယမာန်နတ်ဘုရား၏ဦးခေါင်းပြတ်‌ကြောင့်ဖြစ်သည်။

စုမင် အလွန်အမင်းတုန်လှုပ်သွားသည်။ သူ့အစ်ကိုကြီး ရုပ်တုအဖြစ်ပြောင်းပြီး သေလား ရှင်လား မသိရသေးချိန်တွင် ဒုတိယမာန်နတ်ဘုရား၏ခေါင်းပြတ်ကို မြင်တွေ့လိုက်ရသည်။ သူ့အမှတ်တရများကို ပြန်လည်ရယူပြီးနောက်တွင်ပင် ထိုဦးခေါင်း၏တည်ရှိမှုက သူနှင့်အရမ်းရင်းနှီးနေလေသည်။

၎င်းက လွန်ခဲ့သောနှစ်များတစ်လျှောက် သူ့နားသို့ရောက်ရှိခဲ့သော နူးညံ့သိမ်မွေ့သောအသံဖြစ်သည်။ ၎င်းက မဟာယွီအင်ပါယာတွင် မာန်ကျင့်ကြံသူများအတွက် အနစ်နာခံပြီး အေးခဲသေဆုံးသွားသောမာန်နတ်ဘုရား၏ဦးခေါင်းဖြစ်သည်။

အတိတ်တွင် ဒုတိယဘုရားသခင်က ခြေလက်အင်္ဂါများ တစ်စစီပိုင်းဖြတ် သတ်ဖြတ်ခံခဲ့ရသည်။ သူ၏ရုပ်အလောင်းကို မာန်ပြည်ထောင်တွင် မြှုပ်နှံထားသော်လည်း အင်မော်တယ် နတ်ဆိုးများက သူ၏ ဦးခေါင်းကို လုယူသွားခဲ့သည်။ ထို့နောက် ထိုဦး ခေါင်းကို ရတနာ အပိုင်းအစအဖြစ် သန့်စင်ခြင်း ခံခဲ့ရသည်။

တခဏချင်းမှာပဲ ဦးခေါင်း၏မျက်လုံးများ ပွင့်လာသောအခါ မာန်ကျင့်ကြံသူများက ဒေါသမီးများနှင့် ရူးသွပ်လောင်ကျွမ်းနေကြလေသည်။

၎င်း၏မျက်လုံးများက မည်းနက်နေကြောင်း လူတိုင်းမြင်တွေ့ရသည်။ ပြင်းထန်သော တုန်ခါမှုစွမ်းအားက ဦးခေါင်းကို ပျက်စီးသွားစေခဲ့သည်။ ၎င်း မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင်

ရုတ်တရက် ပေါက်ကွဲသွားလေသည်။

ကြီးမားသော စွမ်းအားကြီးက ချက်ချင်း အပြင်သို့ ထွက်လာသည်။ ထိုစွမ်းအားက အင်မော်တယ်များကို အနည်းငယ်သာရိုက်ခတ်ခဲ့သော်လည်း မာန်ကျင့်ကြံသူများကိုမူ သူတို့၏သွေးကြောအထိပါ တုန်ခါရိုက်ခတ်စေခဲ့သည်။

All Chapters